သုံးနှစ်ကြာ။ ရူးသွပ်ဖွယ်တိုးတက်လာမှု။ ဥပဒေသကောင်းကင်အရှင် နဝမအဆင့်
Vol. 30 Ch. 436
"ဟုတ်ကဲ့ပါ ဆရာ။"
ချီမင်သည် ဘာမှလည်း မပြောသလို ဘာမှလည်း မမေးတော့ပေ။ နတ်ဆိုးကမ္ဘာအရှင်၏ စကားကို ကြားပြီးနောက် သူသည် လျင်မြန်စွာဖြင့် ပြန်ဖြေ၏။" ကျွန်တော် သေချာပေါက် အကောင်းဆုံး ကြိုးစားပါ့မယ်။"
"ဟဲဟဲ"
နတ်ဆိုးကမ္ဘာအရှင်သည် ရယ်မောလိုက်ပြီး များစွာ ဂရုမစိုက်ပေ။ သူသည် သာမန်မျှ ပြောလိုက်၏။"ကြိုးစားထား။"
နတ်ဆိုးကမ္ဘာအရှင်သည် ပျောက်ကွယ်သွားတော့၏။
ချီမင်သည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
နတ်ဆိုးကမ္ဘာအရှင်၏ ပုံရိပ်သည် တတိယမြောက် ကျောက်စိမ်းစလစ်ထဲတွင် ပေါ်လာခဲ့၏။ ၎င်းသည် ချီမင်၏ မျှော်လင့်ထားသည်ထက် ကျော်လွန်သွားခဲ့၏။ နတ်ဆိုးကမ္ဘာအရှင်နှင့် ရင်ဆိုင်နေရခြင်းက ချီမင်ကို ပြင်းထန်သည့် ဖိအားကို အင်မတန်ခံစားရစေ၏။
တကယ်တော့။
ဒုတိယမြောက် အတွေးကတော့ နတ်ဆိုးကမ္ဘာအရှင်သည် ပထမလေဟာနယ်ခေတ်ကာလမှ ယခုခေတ်ထိတိုင် ရှင်သန်လာခဲ့ခြင်းဖြစ်သည်။ သူသည် အချိန်ကြာမြင့်စွာ ရှင်သန်နေခဲ့သည့်အတွက် မည်မျှသော ကိစ္စရပ်များ ကြုံတွေ့ခဲ့ရမည်နည်း။ ရိုးရိုးလေး တွေးကြည့်၍ မရပေ။
သို့ဖြစ်၍ ချီမင်သည် နတ်ဆိုးကမ္ဘာအရှင်၏ အတွေးနှင့် ခံယူချက်များကို မခန့်မှန်းနိုင်ပေ။
"ဟုတ်တယ်။" ချီမင်သည် ပြောလိုက်လေ၏။" ငါက နတ်ဆိုးကမ္ဘာအရှင်ဆိုရင် ပထမလေဟာနယ်ခေတ်တည်းက အထွတ်အထိပ်မှာ ရပ်တည်လာတာဆိုတော့ မရေမတွက်နိုင်တဲ့ နှစ်တွေ နေခဲ့ပြီးပြီ။ နောက်ဆုံးမူလအစကမ္ဘာသတင်းအကြောင်းက လွဲရင် အခြား စိတ်ဝင်စားစရာ မရှိတော့ဘူးလို့ ဆိုနိုင်တယ်။"
"တပည့်လက်ခံတာ။"
"ဒါကတော့ နတ်ဆိုးကမ္ဘာအရှင် အရမ်းပျင်းလာတာကြောင့် ဖြစ်နိုင်တယ်။ သူက အပျင်းပြေအောင် တစ်ခုခု ရှာလုပ်နေတာဖြစ်မယ်။ နတ်ဆိုးကမ္ဘာစုဝေးပွဲလည်း ရှိသေးတယ်။ နတ်ဆိုးကမ္ဘာအရှင်က နတ်ဆိုးကမ္ဘာစုဝေးပွဲကို သူ အရင်းပျင်းနေလို့ ပျော်စရာဖြစ်အောင် လုပ်တဲ့ပုံပဲ။"
နေ့တစ်ဝက်ကြာပြီးနောက်မှာ ချီမင်သည် သူ၏အခြေအနေကို တည်ငြိမ်စေလိုက်ပြီး အထွတ်အထိပ်ထိ ရောက်အောင် ချိန်ညှိလိုက်၏။ အတွေးတစ်ချက်ဖြင့် အလိုအလျောက်ကျင့်ကြံခြင်းစနစ်ကို သုံးကာ စတင်ကျင့်ကြံတော့သည်။
ပထမဆုံး ချီမင်သည် သူတွင် ရှိသော အဆင့်နိမ့် တာအိုမူလအစအားလုံးကို ရှင်းထုတ်လိုက်သည်။
စုစုပေါင်း တစ်ကွာဒရီလီယန် ရှိသည်။
အလယ်အလတ်အဆင့် တာအိုမူလအစသည် တစ်ဆယ်ကွာဒရီလီယန် ရှိသည်။
အဆင့်မြင့်အဆင့် တာအိုမူလအစသည် တစ်ဆယ် ထရီလီယန် ရှိသည်။
ထိပ်တန်းအဆင့် တာအိုမူလအစသည် တစ်ထရီလီယန် ရှိသည်။
ချီမင်အတွက်တော့ အလယ်အလတ်အဆင့်၊ အဆင့်မြင့်အဆင့်နှင့် ထိပ်တန်းအဆင့် တာအိုမူလအစတို့သည် အသုံးမဝင်သေးပေ။ သူသည် အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်ကို အသက်သွင်းပြီး ကျင့်ကြံရန် အဆင့်နိမ့် တာအိုမူလအစများကိုသာ အသုံးပြုနိုင်ပါသေး၏။
"စလိုက်ရအောင်။” ချီမင်သည် ပြောလိုက်တော့သည်။" ငါ အဆင့်နိမ့်တာအိုမူလအစ သန်းတစ်သိန်းထည့်မယ်။ ဖရိုဖရဲမဟာတာအိုကျမ်း:တာအိုသစ်သီးအခန်းကို ကျင့်ကြံမယ်။"
တင်း!
"ဖရိုဖရဲမဟာတာအိုကျမ်း:တာအိုသစ်သီးခန်းကို အဆသန်းတစ်သိန်းမြှင့်တင်မှုအောက်တွင် ကျင့်ကြံနေပါတယ်..."
အသိပေးချက်တစ်ခုပေါ်လာသည်။
…
တင်း!
"လက်ခံသူက ဥပဒေသကောင်းကင်အရှင်အဆင့်မှာ ရှိသောကြောင့် အလိုအလျောက်ကျင့်ကြံခြင်း၏ အမြင့်ဆုံး အခြေအနေသည် သန်းတစ်သိန်း ဖြစ်ပါတယ်။"
နောက်ထပ် အသိပေးချက်တစ်ခုပေါ်လာတော့သည်။
"ငါ အဆသန်းတစ်သိန်း မြှင့်တင်မှုအောက်မှာ ကျင့်ကြံမယ်။"
"ဆက်တွက်မယ်။" ချီမင်သည် ပြောလိုက်၏။" ငါ အဆင့်နိမ့်တာအိုမူလအစ သန်းတစ်သိန်းထည့်ပြီး တာအိုအသွင်ပြောင်းခြင်းလွတ်လပ်မှုနည်းစနစ်၊ ကောင်းကင်အောင်ပွဲခံခြင်းတိမ်တိုက်နဲ့ မိုးမြေစစ်မှန်နဂါးနည်းစနစ်တို့ကို ကျင့်ကြံမယ်။"
…
တင်း!
" တာအိုအသွင်ပြောင်းခြင်းလွတ်လပ်မှုနည်းစနစ်ကို အဆသန်းတစ်သိန်း မြှင့်တင်မှုအောက်တွင် ကျင့်ကြံနေပါတယ်။"
…
တင်း!
"ကောင်းကင်အောင်ပွဲခံခြင်းတိမ်တိုက်ကို အဆသန်းတစ်သိန်းမြှင့်တင်မှုအောက်တွင် ကျင့်ကြံနေပါတယ်။"
…
တင်း!
"မိုးမြေစစ်မှန်နဂါးနည်းစနစ်ကို အဆသန်းတစ်သိန်းမြှင့်တင်မှုအောက်တွင် ကျင့်ကြံနေပါတယ်။"
…
အသိပေးချက် အနည်းငယ် ပေါ်လာတော့၏။
"ငါ အဆင့်နိမ့် တာအိုမူလအစ သန်းတစ်သိန်း ထည့်မယ်။"
ချီမင်သည် ဆက်ပြောလေသည်။" ကမ္ဘာဦးကျမ်း၊ မဟာတာအိုစစ်မှန်ကျမ်းကို နားလည်ဆင်ခြင်မယ်။ ဖရိုဖရဲမဟာတာအိုကျမ်းကို ကျင့်ကြံမယ်။"
…
တင်း!
"ကမ္ဘာဦးတာအိုကျမ်းကို အဆသန်းတစ်သိန်းမြှင့်တင်မှုအောက်တွင် ကျင့်ကြံနေပါတယ်။"
…
တင်း!
" မဟာတာအိုစစ်မှန်ကျမ်းကို အဆသန်းတစ်သိန်းမြှင့်တင်မှုအောက်တွင် နားလည်ဆင်ခြင်နေပါတယ်။"
…
တင်း!
"ဖရိုဖရဲမဟာတာအိုကျမ်းကို အဆသန်းတစ်သိန်းမြှင့်တင်မှုအောက်တွင် တွက်ချက်နေပါတယ်။"
…
အသိပေးချက်သုံးခုကျော် ပေါ်လာခဲ့သည်။
"ငါ အဆင့်နိမ့်တာအိုမူလအစသန်းတစ်ရာ ထည့်မယ်။"
ချီမင်ကဆိုသည်။"အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်ကို အသက်သွင်းမယ်။"
သူ၏ပုံရိပ်သည် လေထုထဲ၌ ပျောက်ကွယ်သွားသည့်အလား ပျက်ယွင်းသွားခဲ့၏။ သူသည် အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်ကို ဝင်ကာ အဆသန်းတစ်ရာ အမြန်နှုန်းဖြင့် စတင် ကျင့်ကြံနေတော့၏။
ချီမင်သည် နတ်ဆိုးဘုရားမူလဇာစ်မြစ်သုံးခုကို ထုတ်ယူလိုက်တော့သည်။ နတ်ဆိုးဘုရားမူလဇာစ်မြစ်သုံးခုသည် ဥပဒေသကောင်းကင်အရှင် ဆဋ္ဌမအဆင့် ဖရိုဖရဲနတ်ဆိုးဘုရားထံမှ ဖြစ်သော်လည်း ၎င်းတွင် သိပ်သည်းသည့် တာအိုစာလုံးများနှင့် စွမ်းအင်များ ပါဝင်သည်။
"စုပ်ယူသန့်စင်မယ်။"
ချီမင်သည် သူ၏ပါးစပ်ကို ဖွင့်ကာ ထိုနတ်ဆိုးဘုရားမူလဇာစ်မြစ်သုံးခုကို စုပ်ယူလိုက်တော့လေသည်။ ၎င်းတို့တွင် ဖရိုဖရဲမဟာတာအိုကျမ်းတို့ ပါဝင်သည်။ ကမ္ဘာဦးတာအိုသစ်သီးသည် နတ်ဆိုးဘုရားမူလဇာစ်မြစ်၏စွမ်းအင်ကို စုပ်ယူလိုက်ပြီးနောက်တွင် ချီမင်သည် ထိုအထဲမှ တာအိုစာလုံးများကို နားလည်ဆင်ခြင်လိုက်၏။
"ငါ အဆင့်နိမ့်တာအိုမူလအစ သန်းတစ်သိန်းထည့်မယ်။နတ်ဆိုးဘုရားမူလဇာစ်မြစ်ကို သန့်စင်မယ်။"
တင်း!
"နတ်ဆိုးဘုရားမူလဇာစ်မြစ်ကို အဆသန်းတစ်သိန်းမြှင့်တင်မှုအောက်တွင် သန့်စင်ပေါင်းစပ်နေပါတယ်။"
…
အသိပေးချက်တစ်ခု ပေါ်လာသည်။
တစ်ရက်အတွင်းမှာ ချီမင်သည် အဆင့်နိမ့် တာအိုမူလအစ သန်းကိုးထောင်ကို သုံးစွဲရန် လိုအပ်သည်။
ချီမင်တွင် အဆင့်နိမ့် တာအိုမူလအစ တစ်ကွင်ဒရီလီယန် ရှိလေသည်။ သူသည် တစ်ရက် အဆင့်နိမ့် တာအိုမူလအစ သန်းကိုးထောင် သုံးစွဲလျှင်ပင် ရက်(၁၀၀၀၀၀)ကျော်ကြာ အသုံးခံသေးသည်။
တစ်နည်းပြောရလျှင်။
၎င်းသည် နှစ်ပေါင်း သုံးရာကျော် အသုံးခံပါသေး၏။
ချီမင်သည် လက်တလော ကာလအတွက် အဆင့်နိမ့်တာအိုမူလအစ မလုံလောက်မှုကို စိုးရိမ်နေရန် မလိုအပ်ပေ။
ပမာဏအတော်များများတောင် ကျန်ခဲ့နိုင်၏။
မျက်စိတစ်မှိတ်အတွင်းမှာ သုံးရက်ကြာသွားသည်။
ချီမင်သည် ထိုနတ်ဆိုးဘုရားမူလဇာစ်မြစ်သုံးခုလုံးကို စုပ်ယူပြီးသွားတော့၏။ သူသည် အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်တွင် သုံးရက်တာကျင့်ကြံခဲ့ခြင်းသည် အပြင်ကမ္ဘာတွင် နှစ်တစ်သန်းရှိသော ရက်သန်းသုံးရာကျင့်ကြံခြင်းနှင့် ညီမျှသည်။
တစ်ချိန်တည်းမှာ သူသည် အဆသန်းတစ်ရာ မြှင့်တင်မှုအောက်တွင် ကျင့်ကြံခဲ့ခြင်းဖြစ်သည်။
သုံးရက် ကြာသွားခဲ့သည်။
ချီမင်သည် နတ်ဆိုးဘုရားမူလဇာစ်မြစ်သုံးခုကို သုံးရက်အတွင်း စုပ်ယူခဲ့ပြီးနောက်မှာ သူသည် ထပ်မံအဆင့် ချိုးဖြတ်သွားတော့ပြန်ကာ ဥပဒေသကောင်းကင်အရှင် ပဉ္စမ အဆင့်သို့ ရောက်ရှိသွားတော့လေသည်။
တင်း!
"ဂုဏ်ပြုပါတယ်လက်ခံသူ။ သင် နတ်ဆိုးဘုရားမူလဇာစ်မြစ်သုံးခုကို စုပ်ယူခဲ့ပါတယ်။ သင် အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်တွင် အဆသန်းတစ်ရာ မြှင့်တင်မှုနှင့် သုံးရက်တာ ကျင့်ကြံခဲ့ပါတယ်။ ထိုအရာက ရက်ပေါင်းသန်းသုံးရာ နှစ်ပေါင်းတစ်သန်းနှင့် ညီမျှပါတယ်။ ထို့အပြင် ၎င်းက သင် အဆသန်းတစ်ရာ မြှင့်တင်မှုအောက်တွင် ကျင့်ကြံခဲ့ခြင်းဖြစ်ပါတယ်။"
"သင် မိုးမြေမဟာတာအိုကို ထပ်မံနားလည်သဘောပေါက်ခဲ့ပါတယ်။ သင့်ရဲ့ မဟာတာအိုနှလုံးသားသည် အဆင့်ငါးသို့ ရောက်ရှိသွားပါပြီ။ ကမ္ဘာဦးတာအိုသစ်သီးသည် အဆင့်ငါးသို့ အောင်မြင်စွာ ရောက်ရှိသွားခဲ့ပါတယ်။ သင် ဥပဒေသကောင်းကင်အရှင် ပဉ္စမအဆင့်သို့ ရောက်ရှိသွားပါပြီ။"
အသိပေးချက်တစ်ခုပေါ်လာသည်။
ချီမင်က အပျော်လွန်သွားသည်။
ချက်ချင်းဆိုသလိုပင် ချီမင်သည် အဆင့်ချိုးဖြတ်ပြီးနောက် သူသည် ကျင့်ကြံခြင်းကို အခြေခိုင်အောင် လုပ်လိုက်တော့၏။
သူသည် အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်တွင် ကျင့်ကြံခြင်းကို အခြေခိုင်အောင် လုပ်နေခြင်းကြောင့် သဘာဝအတိုင်း လျင်မြန်စွာ အခြေခိုင်သွားတော့သည်။
ချီမင်သည် နတ်ဆိုးဘုရားမူလဇာစ်မြစ်သုံးခုကို စုပ်ယူပြီးနောက်မှာ ထပ်မံစုပ်ယူသန့်စင်ရန် မလိုတော့ပေ။ ယခုမှစပြီး သူသည် တစ်နေ့တွင် အဆင့်နိမ့် တာအိုမူလအစ သန်းရှစ်သိန်း သုံးရန်သာ လိုတော့လေသည်။
အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်သည် ချီမင်ကို အဆသန်းတစ်ရာ အမြန်နှုန်းနှင့် ကျင့်ကြံခွင့်ပေးသော်လည်း ၎င်းက ဂိမ်းမြေအောက်စခန်းများအပေါ် မသက်ရောက်ပေ။ ဂိမ်းမြေအောက်စခန်းသည် ပြင်ပကမ္ဘာ အချိန်အတိုင်းသာ ဆက်လက်စီးဆင်းသည်။
ထိုအခြေအနေဖြင့်ပင် ချီမင်သည် ရူးသွပ်စွာ စတင်ကျင့်ကြံတော့သည်။ သူသည် အခြေခံအားဖြင့် အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်တွင် နေပြီး ကျင့်ကြံနေခဲ့သည်။
ထို့ကြောင့် ချီမင်တွင် နေ့တိုင်း တိုးတက်မှုအသစ်များ ရှိလာခဲ့လေသည်။
အချိန်ကုန်ဆုံးသွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာ သုံးနှစ် ကြာသွားခဲ့သည်။
ချီမင်သည် အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်တွင် သုံးနှစ်တိတိ နေခဲ့သည့်အတွက်ကြောင့် သူသည် အမှန်တကယ်တော့ နှစ်သန်းသုံးရာ ကျင့်ကြံခဲ့ခြင်းဖြစ်သည်။
အပြည့်အစုံဆိုရလျှင် သူသည် အဆသန်းတစ်ရာမြှင့်တင်မှုအောက်တွင် နှစ်သန်းသုံးရာ ကျင့်ကြံခဲ့ခြင်းဖြစ်ပါ၏။
တင်း!
"ဂုဏ်ပြုပါတယ်လက်ခံသူ။ သင် မိုးမြေမဟာတာအိုကို နားလည်ခဲ့ပါတယ်။ သင်၏တာအိုနှလုံးသားသည် အဆင့်ကိုးသို့ ရောက်ရှိသွားပါပြီ။ ကမ္ဘာဦးတာအိုသစ်သီးသည် အဆင့်ကိုးလည်ပတ်ခြင်းကို ပြီးမြောက်သွားခဲ့ပြီး ဥပဒေသကောင်းကင်အရှင် နဝမအဆင့်သို့ ရောက်ရှိလာခဲ့ပါတယ်။"
…
တင်း!
"ဂုဏ်ပြုပါတယ်လက်ခံသူ။ တာအိုအသွင်ပြောင်းခြင်းလွတ်လပ်မှုနည်းစနစ်သည် နောက်ဆုံးအဆင့် နက်နဲခြင်းအဆင့်သို့ ရောက်ရှိသွားပါပြီ။"
…
တင်း!
"ဂုဏ်ပြုပါတယ်လက်ခံသူ။ ကောင်းကင်အောင်ပွဲခံခြင်းတိမ်တိုက်သည် နောက်ဆုံးအဆင့် နက်နဲခြင်းအဆင့်သို့ ရောက်ရှိသွားခဲ့ပါတယ်။"
…
တင်း!
"ဂုဏ်ပြုပါတယ်လက်ခံသူ။ မိုးမြေစစ်မှန်နဂါးနည်းစနစ်ကို နောက်ဆုံးအဆင့် နက်နဲခြင်းအဆင့်ထိ ကျင့်ကြံခဲ့ပါတယ်။"
…
သုံးနှစ်ကြာသွားခဲ့၏။
ချီမင်၏ တိုးတက်လာမှုများသည် အတော်လေး များပြားလာခဲ့သည်။
တစ်ချိန်တည်းမှာ ချီမင်သည် ကမ္ဘာဦးတာအိုကျမ်းကို အပြည့်အဝ နားလည်သဘောပေါက်ခဲ့ပြီး မဟာတာအိုစစ်မှန်ကျမ်းကို တစ်ဝက်ကျော် နားလည်ခဲ့သည်။ တွက်ချက်ခြင်းစနစ်၏ အကူအညီဖြင့် သူသည် နောက်ထပ် မဟာတာအိုကျမ်းကို တွက်ချက်နိုင်ခဲ့သည်။
တင်း!
"ဂုဏ်ပြုပါတယ်လက်ခံသူ။ ဖရိုဖရဲမဟာတာအိုကျမ်းသည် မဟာတာအိုစစ်မှန်ကျမ်းနှင့် ကမ္ဘာဦးကျမ်း၏ နက်နဲမှုများကို စုပ်ယူခဲ့ပါတယ်။ ၎င်းက သင်၏ မိုးမြေမဟာတာအိုနားလည်မှုတို့နှင့် ပေါင်းစပ်သွားခဲ့ပြီး ဖရိုဖရဲမဟာတာအိုကျမ်း:ကောင်းကင်တာအိုကျမ်းကို တွက်ချက်ခဲ့ပါတယ်။"
အသိပေးချက်တစ်ခုပေါ်လာသည်။
"အရမ်းကောင်းတယ်။” ချီမင်၏ မျက်နှာသည် ပျော်ရွှင်မှုများဖြင့် ပြည့်နေလေသည်။"ငါ တာအိုကောင်းကင်အခန်းကို တွက်ချက်ပြီးသွားပြီ။ ဒီလိုဆို ငါ နောက်တစ်လှမ်းထပ်တိုးပြီး စည်းမျဉ်းကောင်းကင်အရှင်အဆင့်အဖြစ် အဆင့်တက်လို့ရပြီ။"
ထို့ပြင် ချီမင်သည် သက်ဆိုင်ရာ ဂိမ်းမြေအောက်စခန်းများကိုလည်း အသက်သွင်းခဲ့ပါသေး၏။
ချီမင်သည် အဆင့်နိမ့်တာအိုမူလအစ သန်းတစ်ထောင်သုံးပြီး ဥပဒေသကောင်းကင်အရှင် ပဉ္စမအဆင့် ဂိမ်းမြေအောက်စခန်း:ဖရိုဖရဲမျှော်စင် သုံးဆယ်ထပ်မှ သုံးဆယ့်ကိုးထပ်ကို ဖွင့်ခဲ့သည်။
နောက်ထပ် အဆင့်နိမ့် တာအိုမူလအစ သန်းတစ်သောင်းသုံးပြီး ဥပဒေသကောင်းကင်အရှင် ဆဋ္ဌမအဆင့် ဂိမ်းမြေအောက်စခန်း:ဖရိုဖရဲမျှော်စင် လေးဆယ်ထပ်မှ လေးဆယ်ကိုးထပ်ကို ဖွင့်လှစ်ခဲ့၏။
အဆင့်နိမ့် တာအိုမူလအစ သန်းတစ်သိန်းသုံးပြီးနောက်မှာ သူသည် ဥပဒေသကောင်းကင်အရှင် သတ္တမအဆင့် ဂိမ်းမြေအောက်စခန်း : ဖရိုဖရဲမျှောစင် ငါးဆယ်ထပ်မှ ငါးဆယ့်ကိုးထပ်ကို အသက်သွင်းခဲ့လေသည်။
သူသည် အဆင့်နိမ့်တာအိုမူလအစ တစ်ထရီလီယန်သုံးပြီး ဥပဒေသကောင်းကင်အရှင် အဋ္ဌမအဆင့် ဂိမ်းမြေအောက်စခန်း: ဖရိုဖရဲမျှော်စင် ခြောက်ဆယ်ထပ်မှ ခြောက်ဆယ့်ကိုးထပ်ကို ဖွင့်လှစ်ခဲ့၏။
အဆင့်နိမ့် တာအိုမူလအစ တစ်ဆယ်ထရီလီယန် သုံးပြီး ဥပဒေသကောင်းကင်အရှင် နဝမအဆင့် ဂိမ်းမြေအောက်စခန်း:ဖရိုဖရဲမျှော်စင် ခုနစ်ဆယ်ထပ်မှ ခုနစ်ဆယ့်ကိုးထပ်မြောက်ကို အသက်သွင်းခဲ့ပါ၏။
နောက်ဆုံးမှာတော့ သုံးနှစ်အတွင်းမှာ ချီမင်သည် ဂိမ်းမြေအောက်စခန်း သုံးခုကို ရှင်းလင်းပြီးခဲ့သည်။ ဥပဒေသကောင်းကင်အရှင် စတုတ္ထအဆင့်ဂိမ်းမြေအောက်စခန်း ဖရိုဖရဲမျှော်စင် နှစ်ဆယ်ထပ်မှ နှစ်ဆယ့်ကိုးထပ်၊ ဥပဒေသကောင်းကင်အရှင် ဆဋ္ဌမအဆင့် ဂိမ်းမြေအောက်စခန်း ဖရိုဖရဲမျှော်စင် လေးဆယ်ထပ်မှ လေးဆယ့်ကိုးထပ်နှင့် ဥပဒေသကောင်းကင်အရှင် အဋ္ဌမအဆင့် ဂိမ်းမြေအောက်စခန်း ခြောက်ဆယ်ထပ်မှ ခြောက်ဆယ့်ကိုးထပ်တို့ကို ရှင်းလင်းခဲ့သည်။
ချီမင်၏ဂိမ်းဇာတ်ကောင်သည် ဥပဒေသကောင်းကင်အရှင်နဝမအဆင့် ဂိမ်းမြေအောက်စခန်း:ဖရိုဖရဲမျှော်စင် ခုနစ်ဆယ်ထပ်မှ ခုနစ်ဆယ့်ကိုးထပ်အထိကို ရှင်းလင်းနေသည်။
ပထမဆုံးသူသည် ဥပဒေသကောင်းကင်အရှင် စတုတ္ထအဆင့် ဂိမ်းမြေအောက်စခန်း:ဖရိုဖရဲမျှော်စင်နှစ်ဆယ်ထပ်မှ နှစ်ဆယ့်ကိုးထပ်ကို ရှင်းလင်းခဲ့သည်။ သူက ထိုမှ နီဗားနားနတ်ဆိုးအရှင်နှင့် အဆင့်နိမ့်တာအိုမူလအစ သန်းတစ်သောင်းရခဲ့လေသည်။
သူ ဒုတိယအကြိမ်မြောက် ရှင်းလင်းသော ဂိမ်းမြေအောက်စခန်းသည် ဥပဒေသကောင်းကင်အရှင် ဆဋ္ဌအဆင့် ဂိမ်းမြေအောက်စခန်း:ဖရိုဖရဲမျှော်စင်လေးဆယ်ထပ်မှ လေးဆယ့်ကိုးထပ်မြောက်ဖြစ်သည်။ သူသည် ၎င်းမှ ကမ္မဗုဒ္ဓတစ်ပါးနှင့် အဆင့်နိမ့်တာအိုမူလအစ တစ်ဆယ်ထရီလီယန် ရရှိခဲ့သည်။
သူ တတိယအကြိမ်မြောက် ရှင်းလင်းသော ဂိမ်းမြေအောက်စခန်းသည် ဥပဒေသကောင်းကင်အရှင် အဋ္ဌမအဆင့် ဂိမ်းမြေအောက်စခန်း:ဖရိုဖရဲမျှော်စင်ခြောက်ဆယ်ထပ်မှ ခြောက်ဆယ့်ကိုးထပ်မြောက်ဖြစ်သည်။ သူသည် ၎င်းမှ ဖရိုဖရဲကောင်းကင်တာအိုအထွတ်အထိပ် ရတနာ၊ ထာဝရတာအိုပုလဲ နှင့် အဆင့်နိမ့် တာအိုမူလအစ တစ်ထရီလီယန် ရရှိခဲ့သည်။
တာအိုသားရဲနှစ်ကောင်၊ ဖရိုဖရဲကောင်းကင်တာအိုရတနာနှင့် တာအိုမူလအစများစွာ ရရှိခဲ့သည်။
သူ၏ အကျိုးရလဒ်များသည် ကြီးမားပေသည်။