ထပ်မံအဆင့်တက်ခြင်း။ စည်းမျဉ်းကောင်းကင်အရှင် ဒုတိယအဆင့်။ အသင်္ချေနတ်ဆိုးဂူကို သတ်ဖြတ်ခြင်း။
Vol. 30 Ch. 441
“ငါ အလယ်အလတ်အဆင့် တာအိုမူလအစ သန်းတစ်သောင်းထည့်ပြီး ကမ္ဘာဦးအဆောင်ကို ကျင့်ကြံမယ်။"
တင်း!
"မဟာတာအိုအံ့ဖွယ်စွမ်းအား : အံ့ဖွယ်စွမ်းအားကို အဆသန်းတစ်သောင်း မြှင့်တင်မှုအောက်တွင် ကျင့်ကြံနေပါတယ်။"
အသိပေးချက်တစ်ခု ပေါ်လာသည်။
မဟာတာအိုအံ့ဖွယ်စွမ်းအား: ကမ္ဘာဦးအဆောင်သည် ချီမင် မဟာတာအိုအံ့ဖွယ်စွမ်းအားကို နားလည်ကာ ကိုယ့်လမ်းစဉ်ကိုယ်လျှောက်လှမ်းရာ၌ ဖန်တီးခဲ့သော စွမ်းအား ဖြစ်သည်။
ချီမင်သည် မဟာတာအိုအံ့ဖွယ်စွမ်းအား : ကမ္ဘာဦးအဆောင်ကို နက်ရှိုင်းစွာ နားလည်ပြီးထားပင်။ သူ၏ ကျင့်ကြံခြင်းက ချောမွေ့လေသည်။ သူသည် လျင်မြန်စွာဖြင့် မဟာတာအိုအံ့ဖွယ်စွမ်းအား၏ နက်နဲမှုများကို နားလည်ဆုပ်ကိုင်နိုင်သွားတော့သည်။
ပစ္စည်း:မိုးမြေမဟာတာအိုသစ်သီး။
ဖော်ပြချက်: စည်းမျဉ်းကောင်းကင်အရှင် ပထမအဆင့် ဂိမ်းမြေအောက်စခန်း:ဖရိုဖရဲမျှော်စင် ရှစ်ဆယ်ထပ်မှ ရှစ်ဆယ့်ကိုးထပ်မှ ရရှိသော မိုးမြေမဟာတာအိုရတနာဖြစ်သည်။ ၎င်းတွင် မိုးမြေမဟာတာအိုစစ်မှန်ရည်ရွယ်ချက်မူလအစများ ပါဝင်သည်။ ထိုနားလည်မှုများကို စုပ်ယူဝါးမျိုပြီး သင်၏ မိုးမြေမဟာတာအိုအပေါ်နားလည်မှုများကို မြှင်တင်နိုင်သည့်အပြင် ကျင့်ကြံမှုကိုလည်း တိုးမြှင့်နိုင်၏။
"မဆိုးဘူးဟ"
ချီမင်၏ မျက်လုံးများ လင်းလက်သွားကာ အံ့ဩတကြီး ပြောလေသည်။ " တကယ့်ကို ရတနာပဲ။ ဒီ မိုးမြေမဟာတာအိုမူလအစသစ်သီးကို စုပ်ယူပြီးသွားရင် ငါ စည်းမျဉ်းကောင်းကင်အရှင် ဒုတိယအဆင့်ကို တိုက်ရိုက်တက်လို့ရတယ်။"
ပစ္စည်းစာရင်းကို ဖွင့်လိုက်သည်။
ချီမင်သည် မိုးမြေမဟာတာအိုမူလအစသစ်သီးကို ထုတ်ယူပြီးနောက် ၎င်းက ပုံရိပ်ယောင်မှ အစစ်မှန်ထိ ဖြစ်တည်လာ၏။ ၎င်းက ခရမ်းရွှေရောင်ဖန်သားအလင်းများ တောက်ပကာ ပန်သီးတစ်လုံးနှင့်တူပြီး အလင်းလှိုင်းများသည် စုဝေးလာကာ မြူခိုးပါးပါးတို့ ထွက်ပေါ်နေ၏။
"စလိုက်ရအောင်။”
အတွေးတစ်ချက်ဖြင့် ချီမင်က ဆိုသည်။ " ငါ အလယ်အလတ်အဆင့် တာအိုမူလအစ သန်းတစ်သိန်းထည့်ပြီး အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်ကို အသက်သွင်းမယ်။"
ချီမင်၏ ပုံရိပ်သည် ပျောက်ကွယ်သွားခဲ့ပြီး အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်ထဲသို့ ဝင်သွားတော့၏။
"ကမ္ဘာဦးမဟာတာအိုကျမ်း"
ချီမင်သည် သူ၏ ကျင့်ကြံခြင်းနည်းစနစ်ကို လည်ပတ်လိုက်၏။ များပြားသည့် တာအိုစွမ်းအားများ ထွက်ပေါ်လာခဲ့ပြီး မိုးမြေမဟာတာအိုမူလအစသစ်သီးနားသို့ ရစ်ပတ်လာ၏။ ထို့နောက် ၎င်းကို စတင်စုပ်ယူတော့ပါသည်။ များပြားသည့် စွမ်းအားများသည် ချီမင်၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည်။
တဖြည်းဖြည်းနှင့် ချီမင်သည် ဉာဏ်အလင်းပွင့်သွားတော့သည်။
ထိုအခိုက် ချီမင်သည် မိုးမြေမဟာတာအို၏ စစ်မှန်ရည်ရွယ်ချက်မူလအစများကို အပြည့်အဝ သိမြင်လာဟန်ရသည်။ သူသည် လုံးဝ နစ်မြုပ်သွားကာ မလွတ်မြောက်နိုင်တော့ပေ။ ထို့နောက် စစ်မှန်ရည်ရွယ်ချက်များကို ဆက်တိုက်ဆိုသလို စုပ်ယူနေခဲ့၏။
တစ်ရက်ကြာသွားသည်။
တင်း!
"ဂုဏ်ပြုပါတယ်လက်ခံသူ။ သင် မဟာတာအိုအံ့ဖွယ်စွမ်းအား:ကမ္ဘာဦးအဆောင်ကို နားလည်သွားခဲ့ပါပြီ။ သင် အစပြုသူအဆင့်မှ နက်နဲခြင်းအဆင့်သို့ ရောက်ရှိသွားပါပြီ။"
…
တင်း!
"ဂုဏ်ပြုပါတယ်လက်ခံသူ။ သင် မိုးမြေမဟာတာအို မူလအစသစ်သီးကို စုပ်ယူသန့်စင်ပြီး ဉာဏ်အလင်းဝင်ခဲ့ပါတယ်။ သင် ကောင်းကင်နှင့်မြေကြီးမဟာတာအိုစစ်မှန်ရည်ရွယ်ချက်မူလအစကို နားလည်ခဲ့ပြီး မဟာတာအိုမူလအစ အဆင့်နှစ်သို့ ရောက်ရှိသွားခဲ့ပါတယ်။"
"ကမ္ဘာဦးတာအိုကောင်းကင်သည် ထပ်မံ အဆင့်တက်သွားပါပြီ။ သင် စည်းမျဉ်းကောင်းကင်အရှင် ဒုတိယအဆင့်သို့ ချိုးဖြတ်သွားပါပြီ။"
…
အသိပေးချက်များစွာ ပေါ်လာခဲ့သည်။
တကယ့်လောကတွင် တစ်ရက်သာ ကြာသွားသော်လည်း အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်တွင်တော့ ရက်ပေါင်း သန်းတစ်သောင်း ကုန်လွန်သွားပြီဖြစ်ကာ ၎င်းက နှစ်ပေါင်းသန်းသုံးဆယ်နှင့် ညီမျှသည်။
မဟာတာအိုအံ့ဖွယ်စွမ်းအား:ကမ္ဘာဦးအဆောင်ကို ချီမင်ကိုယ်တိုင် ဖန်တီးခဲ့ခြင်းဖြစ်၏။ သူသည် အဆသန်းတစ်သောင်းမြှင့်တင်မှုအောက်တွင် ကျင့်ကြံပြီးနောက်မှာ နက်နဲခြင်းအဆင့်သို့ ရောက်ရှိသွားခဲ့၏။
ချီမင်သည် နှစ်ပေါင်းသန်းသုံးဆယ်ကျော် ကျင့်ကြံခဲ့ပြီး မိုးမြေမဟာတာအိုမူလအစသစ်သီးကို စုပ်ယူခဲ့သည်။ သူ မိုးမြေမဟာတာအို စစ်မှန်ရည်ရွယ်ချက်မူလအစတို့ကို နားလည်ခဲ့ပြီး စည်းမျဉ်းကောင်းကင်အရှင် ဒုတိယအဆင့်သို့ အောင်မြင်စွာ ရောက်ရှိသွားခဲ့၏။
ဘုန်း!!
ချီမင်၏ တစ်ကိုယ်လုံးသည် အနည်းငယ် လှုပ်ခါသွားသည်။ သူ၏ ခန္ဓာကိုယ်တွင် အပြောင်းအလဲကြီး ဖြစ်ပေါ်လာသည်။ ကမ္ဘာဦးတာအိုကောင်းကင်သည် ထပ်မံ သိပ်သည်းလာသည်။ ထို့နောက် သူ၏ အရှိန်အဝါသည် လျင်မြန်စွာ မြင့်တက်လာသည်။ အကန့်အသတ်သို့ ရောက်ပြီးနောက်မှာ သူသည် အဆင့်သစ်တစ်ခုသို့ ချိုးဖြတ်သွားပါတော့၏။
သိပ်မကြာခင်မှာပဲ ချီမင်၏ ကျင့်ကြံခြင်းအဆင့်သည် စည်းမျဉ်းကောင်းကင်အရှင် ဒုတိယအဆင့်၌ တည်ငြိမ်သွားတော့လေသည်။
"စည်းမျဉ်းကောင်းကင်အရှင် ဒုတိယအဆင့်"
ချီမင်သည် သူ၏ ခန္ဓာကိုယ်ထဲမှ အပြောင်းအလဲများကို ခံစားမိသွားသည်။ သူ၏ အင်အားသည် ကြီးမားစွာ တိုးတက်လာခဲ့လေသည်။ သို့ပေမဲ့ ကိုယ်ပိုင်တာအိုရတနာများကိုတော့ အောင်မြင်စွာ မသန့်စင်ရသေးပေ။ သူသည် ထိုသည်တို့ကို ဆက်လက်သန့်စင်ဖို့ လိုပါ၏။" လောလောဆယ်တော့ ဒီခွန်အားက လုံလောက်ပါတယ။ ဒါပေမဲ့ ယာယီပဲ"
"အရေးကြီးဆုံးကတော့။" ချီမင်သည် သူ၏ ပစ္စည်းစာရင်းကို ဖွင့်ကာ အလယ်အလတ်အဆင့် တာအိုမူလအစ အရေအတွက်ကို ကြည့်လိုက်၏။ သူ့အတွက် ကြာရှည်စွာ ကျင့်ကြံဖို့ မလုံလောက်ပေ။ " ငါမှာ တာအိုမူလအစတွေ မလုံလောက်တော့ဘူး။ ငါ ဂိမ်းမြေအောက်စခန်းကို နေ့တိုင်း ရှင်းလင်းရင်တောင် အလယ်အလတ်အဆင့် တာအိုမူလအစ တစ်ထရီလီယန်ပဲရတယ်။ ငါ အချိန်တော်တော်ကြာ သီးသန့်ကျင့်ကြံဖို့ လုံလောက်မှာ မဟုတ်တော့ဘူး။"
ချီမင်က ဆက်ပြောသည်။ "ငါ အလယ်အလတ်အဆင့် တာအိုမူလအစတွေ ပိုရဖို့ နည်းလမ်းကို စဉ်းစားရတော့မယ်။"
တင်း!
"ဂုဏ်ပြုပါတယ်လက်ခံသူ။ သင် စည်းမျဉ်းကောင်းကင်အရှင် ဒုတိယအဆင့်သို့ ရောက်ရှိသွားသောကြောင့် ပထမအဆင့် ဂိမ်းမြေအောက်စခန်းကို ရှင်းလင်းရာမှ ရရှိမည့် ဆုလဒ်များ လျော့ကျသွားပါပြီ။ သင် အလယ်အလတ်အဆင့် တာအိုမူလအစ သန်းတစ်သောင်းထည့်ပြီး ဂိမ်းမြေအောက်စခန်းအသစ်ကို ဖွင့်နိုင်ပါတယ်။"
အသိပေးချက်တစ်ခု ပေါ်လာသည်။
ချီမင်က ခေါင်းအသာညိတ်လိုက်သည်။ "ငါ အလယ်အလတ်အဆင့် တာအိုမူလအစ သန်းတစ်သောင်းထည့်ပြီး ဂိမ်းမြေအောက်စခန်းအသစ်ကို အသက်သွင်းမယ်။"
တင်း!
"ဖြည့်သွင်းခြင်း အောင်မြင်ပါတယ်။"
"စည်းမျဉ်းကောင်းကင်အရှင် ဒုတိယအဆင့် ဂိမ်းမြေအောက်စခန်း:ဖရိုဖရဲမျှော်စင် ကိုးဆယ်ထပ်မှ ကိုးဆယ့်ကိုးထပ်ကို အောင်မြင်စွာ အသက်သွင်းနိုင်ခဲ့ပါတယ်။"
"သင် ဝင်ရောက်နိုင်ပါပြီ။"
အတွေးတစ်ချက်ဖြင့် ချီမင်က ဆိုသည်။ " ဂိမ်းမြေအောက်စခန်းကို အသက်သွင်းမယ်။"
ချီမင်သည် သူ၏အသိစိတ် တစ်စိတ်တစ်ပိုင်းကို ခွဲထုတ်ကာ ဂိမ်းမြေအောက်စခန်းထဲသို့ ထည့်လိုက်၏။ ထို့နောက် ဂိမ်းဇာတ်ကောင်နှင့်ပေါင်းစပ်ကာ ဖရိုဖရဲမျှော်စင် ကိုးဆယ်ထပ်သို့ ဝင်သွားတော့လေသည်။
ဖရိုဖရဲမျှော်စင်တွင် ကိုးဆယ့်ကိုးထပ်ရှိပါသည်။
သူ ဤဂိမ်းမြေအောက်စခန်းကို ရှင်းလင်းနိုင်သရွေ့ ဖရိုဖရဲမျှော်စင်တစ်ခုလုံးကို ချီမင် ရှင်းလင်းပြီးတော့မှာဖြစ်သည်။
"တိုက်ခိုက်ကြ။"
ဂိမ်းမြင်ကွင်းထဲတွင် တိုက်ပွဲက ဖြစ်ပေါ်လာသည်။
ဖရိုဖရဲမျှော်စင် ကိုးဆယ်ထပ်တွင် ချီမင်ကြုံတွေ့ရသည့် ရန်သူက အတော်လေး စွမ်းအားကြီးသည်။ ၎င်းက ဘီလူးကမ္ဘာ၏ ဖရိုဖရဲဘီလူးမျိုးနွယ်ဝင်ဖြစ်သည်။
ပေါက်ကွဲသံမျိုးစုံထွက်လာသည်။
ချီမင်၏ အမြင်တွင် ပြင်းထန်သည့် တိုက်ပွဲများ ဖြစ်ပေါ်လာသည်။
နောက်ဆုံးတော့ ချီမင်၏ ဂိမ်းဇာတ်ကောင်သည် ကမ္ဘာဦးအဆောင်ကို သုံးလျက် ကမ္ဘာဦးမဟာတာအိုအစီအရင်အဖြစ် ပြောင်းလဲကာ ထို ဖရိုဖရဲဘီလူးမျိုးနွယ်ကို ကြိတ်ချေ သတ်ဖြတ်လိုက်၏။
" မဆိုးဘူး။"
ချီမင်က ခေါင်းညိတ်လိုက်သည်။ သူသည် ကမ္ဘာဦးအဆောင်၏ စွမ်းအားကြောင့် အတော်လေး စိတ်ကျေနပ်သွားလေသည်။၎င်းက အတော်လေး စွမ်းအားကြီးသည်။ သူသည် ဂိမ်းမျက်နှာပြင်ကို ပိတ်လိုက်ကာ ထပ်မံ အာရုံစိုက်မနေတော့ပေ။
လတစ်ဝက် ကြာသွားခဲ့၏။
ချီမင်သည် အပြည့်အဝ ပြင်ဆင်ပြီးနောက်မှာ သူသည် သီးသန့်ကျင့်ကြံရာမှ ထွက်လာခဲ့တော့သည်။
ဘုန်း။
သီးသန့်ကျင့်ကြံရာအခန်း၏ တံခါးသည် ပွင့်လာပြီး အသံကျယ်ကြီး ထွက်လာ၏။ ရှေးဟောင်းခန်းမကြီး ပွင့်လာသည့်အတိုင်းပင်။ နန်းတော်တစ်ခုလုံးသည် အနည်းငယ် တုန်ယင်သွားလေသည်။ မဟာကောင်းကင်ကြယ်တာရာအစီအရင်သည် လည်ပတ်လာပြီး ကောင်းကင်တွင် အင်မတန်တောက်ပသော ကြယ်ရောင်တို့ ထွက်ပေါ်လာ၏။
"သခင့်ကို အရိုအသေပြုပါတယ်။"
"ကျင့်ကြံခြင်းကနေ ထွက်လာနိုင်တဲ့အတွက် သခင့်ကို ဂုဏ်ပြုပါတယ် ။ သခင့်ရဲ့ ကျင့်ကြံခြင်းအဆင့်က အတော်လေးတိုးတက်လာတာပဲ။”
နီဗားနားနတ်ဆိုးအရှင်နှင့် ကမ္မဗုဒ္ဓတို့သည် တစ်ပြိုင်နက် ရောက်လာ၏။ နှစ်ယောက်လုံးက ချီမင်၏ ရှေ့တွင် ရပ်ကာ လေးစားစွာ ဦးညွှတ်လိုက်၏။
ချီမင်က ခေါင်းအသာညိတ်လိုက်သည်။ " ငါ ကျင့်ကြံနေတုန်း ဘာတွေ ဖြစ်သွားသေးလဲ ပြောဦး။"
နီဗားနားနတ်ဆိုးအရှင်နှင့် ကမ္မဗုဒ္ဓတို့သည် တစ်ယောက်ကို တစ်ယောက်ကြည့်နေ၏။ ထို့နောက် ကမ္မဗုဒ္ဓသည် ရှေ့တစ်လှမ်းတက်ကာ ချီမင်ကို တင်ပြလိုက်၏။ " သခင် ကျင့်ကြံနေတဲ့ ဒီနှစ်တစ်သောင်းအတွင်းမှာ ဆမ်ဆာရာကမ္ဘာမှာတော့ တိုက်ပွဲတွေ အတော်လေး ဖြစ်သွားသေးတယ်။ အသင်္ချေတာအိုမဟာမိတ်ကို အဖွဲ့အစည်းကြီးငါးခုက ဝိုင်းရံခဲ့တယ်။ အသင်္ချေတောင်ခြေမှာတောင် တိုက်ပွဲဖြစ်သွားလုနီးပါးပါပဲ။"
"အဲဒီလို အခြေအနေတွေအောက်မှာ အသင်္ချေတာအိုမဟာမိတ်က ဆရာ့ကို အကူအညီတောင်းပါသေးတယ်။ ဒါပေမဲ့ ဆရာက ကျင့်ကြံနေတော့ ထွက်လာလို့မရဘူးပြောပြီး အကုန်လုံးကို ငြင်းဆန်ခဲ့ပါတယ်။"
"ကံကောင်းချင်တော့ အရေးကြီးဆုံးအချိန်ရောက်မှ အသင်္ချေတာအိုမိတ်ရဲ့ မဟာမိတ်ခေါင်းဆောင် ချူးဝမ်တောက်က ပေါ်လာခဲ့တယ်။ သူက ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်ရဲ့ ခွန်အားကို ထုတ်ဖော်ပြီး လူတိုင်းကို ဖိနှိပ်ခဲ့ပါတယ်။ ဒီလိုနဲ့ အသင်္ချေတာအိုမဟာမိတ်ကို ကယ်တင်နိုင်လိုက်ပါတယ်။"
ချီမင်က ခေါင်းထပ်ညိတ်သည်။ "ငါကျင့်ကြံနေတုန်း အသင်္ချေတာအိုမဟာမိတ်က အန္တရာယ်ထဲကျရောက်သွားမယ်လို့ မထင်ထားခဲ့ဘူး။"
"သွားကြစို့"
ချီမင်သည် လက်နှစ်ဖက်ကို နောက်ပစ်ထားလျက် ထွက်လာသည်။ သူ၏ မျက်လုံးများသည် သတ်ဖြတ်လိုစိတ်များကို ဖော်ပြနေ၏။ "ငါတို့ အမဲလိုက်ဖို့ ထွက်ကြတာပေါ့"
"ဟုတ်ကဲ့ပါ။"
နီဗားနားနတ်ဆိုးအရှင်နှင့် ကမ္မဗုဒ္ဓတို့သည် တစ်ဦးကိုတစ်ဦးကြည့်ကာ ချီမင်နောက်သို့ လိုက်သွားသည်။
အလင်းစီးကြောင်းသုံးခုသည် လေထုကို ဖြတ်သန်းလျက် ကောင်းကင်သို့ တက်သွားတော့၏။ သူတို့ အသင်္ချေတောင်မှ ထွက်ခွာလာခြင်းသည် အသင်္ချေတာအိုမဟာမိတ်၏ များစွာသော ကောင်းကင်အရှင်များကို သတိထားမိသွားစေသည်။
"ဒါက.."
"အကြီးအကဲချီ။ အကြီးအကဲချီပဲ"
"သူ ကျင့်ကြံနေရာကနေ ထွက်လာပြီလား။"
" ဂုဏ်ထူးဆောင်အကြီးအကဲချီမင်က ဘာလုပ်မလို့လဲ။ အသင်္ချေတာအိုမဟာမိတ် အန္တရာယ်ရောက်နေတုန်းက သူက သီးသန့်ကျင့်ကြံနေလို့ လာမကူညီလိုက်နိုင်ဘူး။ အခုတော့ သူ ကျင့်ကြံနေရာကနေ ထွက်လာတော့ အန္တရာယ်က ကျော်သွားပြီဆိုတာ သိသွားပြီထင်တယ်။"
"မင်းတို့ ခံစားမိလား။ အကြီးအကဲချီ အဆင့်တက်သွားပြီ။"
"ဒါက.."
"အကြီးအကဲချီက စည်းမျဉ်းကောင်းကင်အရှင် အဆင့်ကို တက်သွားပြီလား။"
"သူ ဘာလုပ်မလို့လဲ။"
ပတ်ဝန်းကျင်တွင် အသင်္ချေမဟာမိတ်မျိုးနွယ်၏ ကောင်းကင်အရှင်အကြီးအကဲများ ပေါ်လာသည်။ သူတို့အားလုံးသည် ချီမင်၏ အခြေအနေကို သတိပြုမိသွား၍ တက်ကြွစွာ ဆွေးနွေးနေကြလေသည်။
ဆမ်ဆာရာကမ္ဘာတွင်။
ချီမင်သည် လက်နှစ်ဖက်ကို နောက်ပစ်ထားလျက် အလင်းတန်းအဖြစ် ပြောင်းလဲပစ်လိုက်သည်။ သူသည် လေဟာနယ်ကို ဖြတ်ကျော်လိုက်ကာ အချိန်တိုလေးအတွင်းမှာ အသင်္ချေတာအိုမဟာမိတ်၏ နယ်နိမိတ်ကနေ ထွက်သွားတော့သည်။
"သခင်" ကမ္မဗုဒ္ဓက ပြောသည်။ " ကျွန်တော်တို့ ဘယ်ကို အမဲလိုက်ထွက်မှာလဲ။"
"...." နီဗားနားနတ်ဆိုးအရှင်သည် တိတ်ဆိတ်နေလေသည်။
"ငါ့ကိုပြော" ချီမင်က ပြောလိုက်သည်။ " အသင်္ချေမဟာမိတ်ကို ဝိုင်းတိုက်ခိုက်တဲ့ အထဲမှာ ဘယ်အဖွဲ့အစည်းတွေ ပါလဲ။ ဘာပဲဖြစ်ဖြစ် ငါက အသင်္ချေတာအိုမဟာမိတ်ရဲ့ ဂုဏ်ထူးဆောင် အကြီးအကဲပဲ။ ပြီးတော့ ငါ့ကို အသင်္ချေတာအိုမဟာမိတ်က ကာကွယ်ပေးထားလို့ ငါတို့ကြားမှာ ကမ္မနှောင်ဖွဲ့မှုရှိတယ်။"
"အခုက အချိန်ကောင်းပဲ။"
"ငါ ကမ္မကြွေးတွေကို ပြန်ဆပ်ရမယ်။"
ကမ္မဗုဒ္ဓက ဆိုသည်။ " အသင်္ချေတာအိုမဟာမိတ်ဂိုဏ်းကို တိုက်ခိုက်တဲ့ အဖွဲ့အစည်း ငါးခုရှိပါတယ်။ အနီးဆုံးကတော့ အရှေ့တောင်အရပ်က အသင်္ချေနတ်ဆိုးဂူပါ။"
ချီမင်၏ မျက်လုံးများ တောက်ပသွားလေသည်။"ဒါဆို အသင်္ချေနတ်ဆိုးဂူကိုသွားပြီး ဖျက်ဆီးကြတာ့ပေါ့။ ငါတို့ အရင်းအမြစ်တွေအားလုံးကို လုယူကြမယ်။"
"ဟုတ်ကဲ့ပါ။" ကမ္မဗုဒ္ဓနှင့် နီဗားနားနတ်ဆိုးအရှင်တို့သည် တစ်ပြိုင်နက် ပြန်ဖြေသည်။
ရှင်းလင်းနေသည်က ချီမင် ဤတစ်ကြိမ် ကျင့်ကြံနေရာမှ ထွက်လာခြင်းသည် သူ့လက်ထဲတွင် တာအိုမူလအစများ မလုံလောက်တော့သောကြောင့်ပင်။ ဂိမ်းမြေအောက်စခန်းများကို ရှင်းလင်းရာမှ ရရှိသည့် တာအိုမူလအစများသည်လည်း သူ၏ ကျင့်ကြံခြင်းကို ဆက်လုပ်ဖို့ မထောက်ပံ့ပေးနိုင်တော့ပေ။ သူသည် ကာလရှည်ကြာ ဆက်လက်ကျင့်ကြံလိုပါက လုယက်ရုံသာ ရှိတော့၏။
နေ့တစ်ဝက်ကြာပြီးနောက်မှာ။
အသင်္ချေနတ်ဆိုးဒေသတွင်။
ချီမင်တို့သည် အသင်္ချေနတ်ဆိုးဒေသသို့ ရောက်လာ၏။ သူတို့သည် လေထုအလယ်တွင် ရပ်နေကာ အသင်္ချေနတ်ဆိုးဒေသကို ငုံ့ကြည့်လိုက်၏။ ၎င်းနေရာတွင် အဆုံးမဲ့ ခရမ်းနက်ရောင်မြူခိုးတို့သည် ဝန်းရံနေလေသည်။
တစ်ချိန်တည်းမှာ အဆုံးမဲ့တောင်တန်းတို့ကို တွေ့နေရ၏။ ထိုအဆုံးမဲ့တောင်တန်းတွင် ဂူများ ရှိလေသည်။ ထိုလှိုဏ်ဂူများသည် မြေအောက်ကမ္ဘာကြီးတစ်ခုသဖွယ် ဆက်သွယ်တည်ဆောက်ထားသည့်အလား အတော်လေးကြီးမား၏။
ထို့အပြင် နတ်ဆိုးမိစ္ဆာတို့သည် ရူးသွပ်စွာ လှုပ်ရှား ကခုန်နေကြကာ ဆိုးယုတ်ဖွယ် အရှိန်အဝါတို့ဖြင့် ပြည့်နှက်နေ၏။
"အစေခံစစ်တပ်။"
ချီမင်၏ အကြည့်သည် သာမန်မျှသာ ဖြစ်နေသည်။ သူ၏ ညာဘက်လက်ကို ဝှေ့ယမ်းကာ အစေခံစနစ်ကို ဖွင့်လိုက်၏။ ဤနှစ်များတစ်လျှောက် သူသည် ဂိမ်းမြေအောက်စခန်းကို အကြိမ်ကြိမ်ရှင်းလင်းခဲ့ပါ၏။
အစေခံများက ပိုပိုပြီး အရေအတွက်များလာကြသည်။ သူသည် သေချာမတွက်ချက်ထားပေ။ သို့သော် အင်မော်တယ်အဆင့်အစေခံများလည်း ပါသလို ကောင်းကင်အရှင် အစေခံများလည်း ပါဝင်၏။ ထိုနှစ်ဖွဲ့ဖြင့် အစေခံစစ်တပ်များကို ဖွဲ့စည်းထားလေသည်။
ပထမဆုံး အင်မော်တယ်နယ်ပယ် အစေခံစစ်တပ်ဖြစ်သည်။
အရေအတွက်က သန်းတစ်ထောင်လောက်ရှိသည်။
ကောင်းကင်အရှင်စစ်တပ်အတွက်တော့ ကောင်းကင်အရှင်အဆင် တစ်သိန်းနှစ်သောင်းကျော် ရှိသည်။ သို့ပေမဲ့ စည်းမျဉ်းကောင်းကင်အရှင် သုံးယောက်သည်သာ ထိုစစ်တပ်ကို ဦးဆောင်လေသည်။
ထိုအခိုက် ချီမင်၏ အစေခံစစ်တပ်သည် ဆင်းသက်လာတော့၏။ ၎င်းက မိုးနှင့်မြေကိုပင် ဖုံးအုပ်သွားခဲ့ကာ အဆုံးမဲ့ ခမ်းနားသည့် အလင်းတို့ တောက်ပလာခဲ့၏။ အလင်းတန်းတို့အောက်တွင် ပတ်ဝန်းကျင်သည် ထိန်ထိန်လင်းလာ၏။
တစ်ကမ္ဘာလုံး တုန်လှုပ်သွားရသည်။
ချီမင်၏ အကြည့်ဘယ်နေရာကို ရောက်ရောက် အသင်္ချေနတ်ဆိုးဒေသတစ်ဝက်ကျော်သည် အစေခံစစ်တပ်များနှင့် ပြည့်နေလေသည်။
"သခင့်ကို အရိုအသေပြုပါတယ်။"
"ပထမ အင်မော်တယ်နယ်ပယ် စစ်တပ်က အထွတ်အထိပ်အရှင်ကို အရိုအသေပြုပါတယ်။"
"ပထမ ကောင်းကင်အရှင် နယ်ပယ် စစ်တပ်က အထွတ်အထိပ်အရှင်ကို ဂါဝရပြုပါတယ်။"
နောက်တစ်ခဏမှာ ချီမင်သည် ကမ္ဘာကြီးထဲကနေ အော်ဟစ်သံတစ်သံ ကြားလိုက်ပါတော့သည်။ မိုးခြိမ်းသံအလား အသံကြီးသည် မိုးမြေတစ်ခွင် ပဲ့တင်ထပ်သွားတော့လေသည်။ ထူးခြားဖြစ်စဉ်မျိုးစုံ ပေါ်လာတော့သည်။
"ဟားဟား"
ချီမင်က ကျယ်လောင်စွာ ရယ်မောလိုက်၏။ သူသည် ညာဘက်လက်ကို ဝှေ့ယမ်းကာ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ " ငါ့ရဲ့ အစေခံစစ်တပ် အမိန့်နာခံ။ သတ်ဖြတ်ကြ။ အသင်္ချေနတ်ဆိုးဒေသကို ဖျက်ဆီး။ အသင်္ချေနတ်ဆိုးဂူက နတ်ဆိုးတွေကို သတ်ဖြတ်"
"တိုက်ခိုက်ကြ။"
"ဟုတ်ကဲ့ပါ။"
"ဟုတ်ကဲ့ပါ အရှင်မင်းမြတ်"
"ဟုတ်ကဲ့ပါ အရှင်"
"သတ်"
"အသင်္ချေနတ်ဆိုးဂူကို ဖျက်ဆီး"
"နတ်ဆိုးတွေကို သတ်ဖြတ်"
“…”
မရေမတွက်နိုင်သော အော်ဟစ်ကြုံးဝါးသံများ ထွက်လာခဲ့သည်။ အစေခံစစ်တပ်သည် အသင်္ချေနတ်ဆိုးစစ်တပ်တို့ထံ တဟုန်ထိုး ပြေးတက်လာသည်နှင့်အမျှ သတ်ဖြတ်လိုစိတ်များသည် ကောင်းကင်ကိုးထပ်ကိုပင် ချိုးဖြတ်တော့မည်ဟန် ရ၏။
"ရန်သူတွေ တိုက်ခိုက်နေပြီ။"
"တစ်ခုခု ဖြစ်တော့မယ်။"
"ဘုရားရေ။"
"ဘာဖြစ်ကုန်တာလဲ။”
“ဘာတွေဖြစ်လာတာလဲဟ"
"ဒါ...ဒါ...ဒါက.."
" ဘာဖြစ်နေတာလဲ။ ဘာဖြစ်..."
"မဟုတ်ဘူး"
"တိုက်ပွဲအတွက် ပြင်ဆင်ထားကြ"
"တိုက် တိုက်စမ်း။ တိုက်ကြစမ်းဟေ့"
"သတ်"
“…”
အချိန်တိုလေးအတွင်းမျာ အသင်္ချေနတ်ဆိုးဂူမှ မိစ္ဆာနတ်ဆိုးများသည် သတိပြန်ဝင်လာကြပြီး လျင်မြန်စွာဖြင့် စစ်တပ်ကို စုစည်းလိုက်၏။
ပြင်းထန်သည့် တိုက်ပွဲသည် အသင်္ချေနတ်ဆိုးဒေသတစ်ခုလုံးကို သက်ရောက်လာသည်။
" မဆိုးဘူး။"
ချီမင်သည် လျင်မြန်စွာ တိုက်ခိုက်လိုက်သည်။ သူသည် အစေခံစစ်တပ်အနောက်တွင် ရပ်လျက် တိုက်ပွဲမြေပြင်တစ်ခုလုံးကို ကြည့်နေ၏။ မရေမတွက်နိုင်သော ပေါက်ကွဲသံများထွက်လာခဲ့ပြီး တာအိုနည်းစနစ်များသည် တစ်ခုနှင့်တစ်ခု ထိပ်တိုက်တွေ့လာခဲ့၏။
အတော်လေးကို ပြင်းထန်လေသည်။
ထိုတိုက်ပွဲတွင် ကောင်းကင်နှင့် မြေပြင် ပြိုလဲကာ မရေမတွက်နိုင်သော သက်ရှိများလည်း သေကြေပျက်စီးသွားတော့သည်။ သွေးချောင်းစီးကာ အလောင်းများသည် ကောင်းကင်မှ တစ်လောင်းပြီးတစ်လောင်းကျဆင်းလာကာ မြေပြင်တွင် ပြည့်နှက်သွားသည်။ သို့သော်လည်း သူတို့သည် ထိုတိုက်ပွဲအဟုန်ကြောင့် ပျက်စီးကုန်ကာ အရိုးတောင် မကျန်ခဲ့ပေ။
"ခွေးမသားတွေ။"
ထိုအခိုက် အသင်္ချေနတ်ဆိုးဒေသအတွင်းပိုင်းမှ ကမ္ဘာမြေတုန်ဟီးသွားစေမည့် အသံကြီးထွက်ပေါ်လာခဲ့လေသည်။ ပြင်းထန်သည့် နတ်ဆိုးချီများ ထွက်ပေါ်လာသည်။ ၎င်းက မိုင်တစ်သိန်းကျော်လောက် မြင့်မားသည့် ကောင်းကင်နတ်ဆိုးငှက်ကြီးတစ်ကောင်ပေ။ ဂဠုန်ငှက်ကြီးတစ်ကောင်နှင့်တူကာ တစ်ကိုယ်လုံးက နက်မှောင်နေလေသည်။
"ဘယ်သူလဲ။ ဘယ်သူက အသင်္ချေနတ်ဆိုးဒေသကို တိုက်ခိုက်ရဲတာလဲ။ အခုချက်ချင်း ထွက်လာခဲ့ပြီး အသေခံစမ်း။" ကောင်းကင်နတ်ဆိုးစစ်တပ်သည် ဟိန်းဟောက်လိုက်သည်။
"လေဟာနယ် သူနဲ့ သွားပြီးရင်ဆိုင်လိုက်" ချီမင်သည် ၎င်းကို တစ်ချက်ကြည့်ကာ သာမန်မျှ ညွှန်ကြားလိုက်၏။
လေဟာနယ်သည် ရှေ့တစ်လှမ်းတိုးကာ ဆိုသည်။"ဟုတ်ကဲ့။"
လေဟာနယ်သည် ရှေ့တစ်လှမ်းတိုးလျက် တိုက်ပွဲကွင်းပြင်တစ်ခုလုံးကို ဖြတ်ကျော်ကာ အသင်္ချေနတ်ဆိုးဂူထဲသို့ တိုက်ရိုက် ဝင်ရောက်သွားတော့သည်။ သူသည် ညာဘက်လက်ကို မြှောက်ကာ ကောင်းကင်နတ်ဆိုးငှက်ကို ပါးရိုက်ချလိုက်၏။