အပြီးတိုင်သုတ်သင်ခြင်း။ ဆမ်ဆာရာဓားတောင်
Vol. 30 Ch. 442
"ကမ္မကြိတ်ဆုံ"
ချက်ချင်းပင် ကမ္မဗုဒ္ဓ၏ ခပ်တိုးတိုး အော်သံ ထွက်လာသည်။ ထို့နောက် အဆုံးအစမဲ့ မိုးမြေတာအိုစွမ်းအားများ ထွက်လာကာ သူ၏ လက်ဖဝါးထဲသို့ ကျရောက်လာပြီး ကမ္မစာလုံးများ သိပ်သည်းလာခဲ့ကာ ကောင်းကင်ကိုပင် ဖုံးအုပ်သွားတော့မည့် လက်ဝါးကြီးတစ်ခု ကျရောက်လာခဲ့၏။ မျက်စိကျိန်းဖွယ် ရွှေရောင်လက်ဖဝါးရာကြီးထဲတွင် အဆုံးအစမဲ့ ဗုဒ္ဓနိုင်ငံတော်များ မျောလွင်နေသည့်အလားပင်။
"ဒါ...ဒါ...ဒါက.."
အသင်္ချေနတ်ဆိုးဂူထဲက ကောင်းကင်နတ်ဆိုးငှက်ကြီးသည် ထိတ်လန့်သွားတော့၏။ ၎င်းက သူ၏ အင်မတန်ကြီးမားသည့် ခေါင်းကြီးကို မော့ကြည့်လိုက်တော့ ကမ္မကြိတ်ဆုံးကြီး၏ စွမ်းအားကို ရှင်းလင်းစွာ ခံစားလိုက်ရလေသည်။ ၎င်း၏ ခန္ဓာကိုယ်ကြီးသည် ထိုစွမ်းအင်၏ ကန့်သတ်မှုကို ခံထားရသည့်အလား တုန်ယင်လာရ၏။
ကောင်းကင်နတ်ဆိုးငှက်သည် ပါးမွှားလေး မဟုတ်ပေ။ သူသည် အသင်္ချေနတ်ဆိုးဂူ၏ ကိုးပါးမြောက် အကြီးအကဲဖြစ်သည်။ သူသည် ကောင်းကင်တက်လှမ်းခြင်းနတ်ဆိုးအရှင်ဖြစ်ပြီး အမည်ရင်းသည် ရွှေနက်ငှက်မွှေးဖြစ်သည်။ သူသည် စည်းမျဉ်းကောင်းကင်အရှင် တတိယအဆင့်ဖြစ်လေသည်။ သူ၏ ခွန်အားသည် အတော်လေး ကြောက်မက်ဖွယ် ကောင်းမည်ဟု ဆိုရမည်။ အတိတ်တွင် စည်းမျဉ်းကောင်းကင်အရှင် အဆင့်တက်ဖို့ သူသည် ဆမ်ဆာရာကမ္ဘာမှ အသက်ပေါင်းများစွာကို သတ်ဖြတ်ခဲ့၏။ နောက်ဆုံးတွင်တော့ သူသည် အသင်္ချေနတ်ဆိုးဂူထဲသို့ ပူးပေါင်းပြီး သူ့ကိုယ်သူ ထိန်းချုပ်ခဲ့လေသည်။
"ဗုဒ္ဓကမ္ဘာ မြင့်မြတ်သူ"
ကောင်းကင်တက်လှမ်းခြင်း နတ်ဆိုးအရှင်၏ မျက်နှာသည် ထိတ်လန့်တကြား ဖြစ်သွားတော့၏။" ဘယ်လိုဖြစ်နိုင်မှာလဲ။ ဆမ်ဆာရာကမ္ဘာထဲမှာ ဗုဒ္ဓကမ္ဘာမြင့်မြတ်သူက ဘယ်လို ပေါ်လာတာလဲ။ ဒါက...ဒါကဘယ်လို လုပ်ပြီး"
"ကောင်းကင်အရှင်နတ်ဆိုးစေတီ"
"တိုက်ခိုက်ကြ။"
ကောင်းကင်တက်လှမ်းခြင်းနတ်ဆိုးအရှင်သည် ဟိန်းဟောက်ကာ သွေးအန်လိုက်ရသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ နက်မှောင်သည့် နတ်ဆိုးစေတီတစ်ဆူ ထွက်လာသည်။ ၎င်းက (၉၉၉)ထပ်မြှင့်ကာ လျင်မြန်စွာ ကြီးထွားသွားတော့သည်။ ၎င်းတွင် မိုးမြေကိုပင် ထိတွေ့နိုင်သော အဆုံးမဲ့ စွမ်းအားတို့ ပါဝင်သည်။
"ဖိနှိပ်စမ်း" လေဟာနယ်သည် အေးစက်စွာ နှာခေါင်းရှုပ်လေသည်။
ကမ္မကြိတ်ဆုံသည် ပြင်းထန်သည့် အဟုန်ဖြင့် ဆင်းသက်လာ၏။ အထက်ကမ္ဘာကောင်းကင်တာအိုမူလအစ၏ စွမ်းအားသည် ကမ္မကောင်းကင်တာအိုအဖြစ် ပြောင်းလဲသွားကာ အဆုံးမဲ့ ကမ္ဘာများကို ဖိနှိပ်လာသည်။
ကောင်းကင်တက်လှမ်းခြင်းနတ်ဆိုးအရှင်၏ ကောင်းကင်တက်လှမ်းခြင်းနတ်ဆိုးစေတီသည် အပြည့်အဝ ဖိနှိပ်ခံလိုက်ရတော့၏။ စေတီကြီးပေါ်တွင် အက်ကွဲရာကြီးတစ်ခု ပေါ်လာတော့လေသည်။ ရွှေရောင်ဗုဒ္ဓအလင်းတန်းတို့သည် ကမ္ဘာပေါ်တွင် တောက်ပလာခဲ့ပြီး ပတ်ဝန်းကျင်က နတ်ဆိုးချီတို့သည် လျင်မြန်စွာ ပျောက်ကွယ်သွားတော့၏။ ပန်းပေါင်းများစွာပွင့်လန်းလာကာ ရွှေကြာပန်းများသည် မြေပြင်ပေါ်သို့တိုးထွက်လာသည်။ ပတ်ဝန်းကျင်သည် စစ်မှန်သည့် ဗုဒ္ဓတိုင်းပြည်မြင့်မြတ်မြေတစ်ခု ဖြစ်သွားသည့် အတိုင်းပင်။
"သေလိုက်တော့"
လေဟာနယ်၏အကြည့်သည် မထူးမခြားနားဖြစ်နေကာ သူသည် ညာဘက်လက်ကို ထပ်မံ မြှောက်ချလိုက်၏။ ကမ္မကြိတ်ဆုံ၏ စွမ်းအားသည် အဆင့်တစ်ဆင့် မြင့်တက်လာခဲ့လေသည်။ လူတိုင်း၏ အကြည့်အောက်မှာပဲ အသံကျယ်ကြီးနှင့်အတူ ကောင်းကင်တက်လှမ်းခြင်းနတ်ဆိုးမျှော်စင်တစ်ခုလုံးသည် ပေါက်ကွဲထွက်သွားတော့သည်။
ကောင်းကင်တက်လှမ်းခြင်းနတ်ဆိုးအရှင်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ သူ၏ ကိုယ်ပိုင်တာအိုရတနာသည် ပျက်စီးသွားခဲ့ကာ ကြောက်မက်ဖွယ်ကောင်းသည့် တန်ပြန်မှုကို ခံစားလိုက်ရ၏။ သူသည် သွေးအန်လိုက်သော်လည်း ခန္ဓာကိုယ်တွင် အက်ကွဲကြောင်းများ ထလာပြီး သွေးများယိုစီးလာသည်။ အတော်လေး သနားစဖွယ်ကောင်းပါ၏။
"အကြီးအကဲကိုး.."
"အကြီးအကဲ ကောင်းကင်တက်လှမ်းခြင်းနတ်ဆိုးအရှင်"
"ဘုရားရေ။"
"တစ်ချက်တည်းပဲ တကယ့်ကို တစ်ချက်တည်းပဲ။ အကြီးအကဲ ကိုး...ကိုးရဲ့ ကိုယ်ပိုင်တာအိုရတနာက ဖျက်ဆီးခံလိုက်ရပြီ။ လက်နက်က ကြေမွသွားပြီ။"
"ဟူး"
"ကြောက်ဖို့ကောင်းလိုက်တာကွာ။ ဒီအင်အားက အတော်လေးကို ပြင်းထန်တယ်။"
"ငါတို့ အသင်္ချေနတ်ဆိုးဂူက ဒီလို ရန်သူမျိုးကို ဘယ်တုန်းက စော်ကားမိလိုက်တာလဲ။"
“…”
အသးင်္ချေနတ်ဆိုးဂူထဲမှ နတ်ဆိုးများ၏ အော်ဟစ်သံများ ထွက်လာခဲ့လေသည်။
"ပြေးကြတော့ဟေ့”
တုံ့ဆိုင်းမနေတော့ဘဲ ကောင်းကင်တက်လှမ်းခြင်းနတ်ဆိုးအရှင်သည် သူ၏ တာအိုကောင်းကင်ကို ထုတ်ကာ ကမ္မဗုဒ္ဓ၏ အချုပ်အနှောင်များမှ ချိုးဖြတ်လျက် ထွက်ပြေးလိုက်၏။ သူသည် အံ့ဖွယ်စွမ်းအားတာအိုနည်းစနစ်တစ်ခုကို သုံးပြီး အတောင်များကို ဖြန့်ကာ ထွက်ပြေးရန် အချိန်နှင့် နေရာလွတ်ထဲသို့ လျင်မြန်စွာ ပျံဝင်သွားသည်။
"ကမ္မဗုဒ္ဓနိုင်ငံ"
လေဟာနယ်သည် တိုက်ခိုက်ကတည်းက ပတ်ဝန်းကျင်ကို ချိတ်ပိတ်ထားလေသည်။ ကမ္မဗုဒ္ဓနိုင်ငံသည် မိုးမြေကို ဖုံးအုပ်သွားကာ ကောင်းကင်နှင့် မြေပြင်သည် ကမ္မဗုဒ္ဓနိုင်ငံအဖြစ် ပြောင်းလဲသွားခဲ့၏။
ကောင်းကင်တက်လှမ်းခြင်းနတ်ဆိုးအရှင်သည် နောက်ဆုံးတော့ ကမ္မဗုဒ္ဓနိုင်ငံထဲသို့ ကျရောက်သွားတော့လေသည်။ သူ ထွက်ပြေးရန် ကြိုးစားသည့်အခိုက် ကမ္မဗုဒ္ဓနိုင်ငံ ပေါ်လာခဲ့သည်။ ထို့ကြောင့် မထွက်ပြေးနိုင်တော့ပေ။
"မဟုတ်ဘူး။ မဟုတ်ဘူး။ မဟုတ်ဘူး။"
ကောင်းကင်တက်လှမ်းခြင်းနတ်ဆိုးအရှင်သည် ကြောက်လန့်သွားတော့လေသည်။
"ဗုဒ္ဓတစ်သောင်းနိုင်ငံ"
လေဟာနယ်သည် ကောင်းကင်၌ ရပ်ကာ သူ၏ လက်ဖဝါးများကို ဖိချလိုက်၏။ ရွှေရောင်ကုသိုလ်အလင်းများသည် သူ၏ ကိုယ်ပေါ်တွင် တောက်ပလာသည်။ သူ့ကို ဗဟိုပြုကာ ရွှေရောင်ဗုဒ္ဓဓမ္မရုပ်တုများ ပေါ်လာတော့၏။
ဓမ္မရုပ်တုပေါင်း(၁၂၉၆၀၀)ပေါင်း ပေါ်လာခဲ့သည်။
ကောင်းကင်တက်လှမ်းခြင်းနတ်ဆိုးအရှင်သည် အော်ဟစ်ကာ တာအိုကောင်းကင်၏ စွမ်းအားကို အပြည့်အဝ ဖောက်ခွဲလိုက်သည်။ နတ်ဆိုးချီများသည် ကောင်းကင်သို့ မြင့်တက်သွားပြီး တာအိုစွမ်းအားများ ပျံ့နှံ့လာလေသည်။ သို့သော် သူသည် ဗုဒ္ဓနိုင်ငံတစ်သောင်းထံမှ ဖိနှိပ်ခံလိုက်ရ၏။
နောက်ဆုံးတော့ အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာခဲ့သည်။
ကောင်းကင်တက်လှမ်းခြင်းနတ်ဆိုးအရှင်သည် လေဟာနယ်ကြောင့် ပျက်စီးသွားတော့သည်။ ကမ္မဗုဒ္ဓနိုင်ငံတော်သည် ပျောက်ကွယ်သွားခဲ့ကာ အလင်းများလည်း မှေးမှိန်သွားခဲ့လေသည်။ လေဟာနယ်သည် သူ၏ လက်ထဲတွင် ဧရာမအလောင်းကြီးကို သယ်ဆောင်လျက် လျှောက်လာခဲ့၏။
လေဟာနယ်က ပြောသည်။"ရန်သူက သတ်ခံလိုက်ရပါပြီ။"
ချီမင်သည် ခေါင်းညိတ်၏။" လေဟာနယ် မင်းက အချိန်တော်တော် သုံးလိုက်ရတာပဲ။ ရန်သူက စည်းမျဉ်းကောင်းကင်အရှင် တတိယအဆင့် ဆိုပေမဲ့ မင်းကတော့ စည်းမျဉ်းကောင်းကင်အရှင် နဝမအဆင့်လေ။ ဒါတောင် မင်းအချိန်တွေ တော်တော်ဖြုန်းလိုက်တယ်။"
"သခင် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။" လေဟာနယ်သည် ခေါင်းငုံ့လိုက်၏။
"နောက်တစ်ကြိမ် သတိထား။ အသင်္ချေတောင်နဲ့ လေဟာနယ်" ချီမင်က အမိန့်ပေးလိုက်လေသည်။
" မင်းတို့ နှစ်ယောက် အစွမ်းကုန် တိုက်ကြ။ အသင်္ချေနတ်ဆိုးဂူထဲကနေ ဘယ်ကောင်းကင်အရှင်မှ မလွတ်စေနဲ့။ သူတို့ အကုန်လုံးကို သတ်။ တစ်ယောက်မှ မလွတ်သွားစေနဲ့။ အသင်္ချေနတ်ဆိုးဂူကို မျိုးတုန်းသာ သတ်"
"ဟုတ်ကဲ့ပါ။" အသင်္ချေတောင်နှင့် လေဟာနယ်သည် တစ်ပြိုင်နက် ဖြေလိုက်၏။
"တိုက်ခိုက်ကြ။"
နောက်တစ်ခဏ ပြင်းထန်သည့် တိုက်ပွဲသည် ဖြစ်ပေါ်လာ၏။ စည်းမျဉ်းကောင်းကင်အရှင်အကြီးအကဲများ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသော်လည်း ထိုသူတို့သည် အသင်္ချေတောင်နှင့် လေဟာနယ်တို့၏ ပြိုင်ဘက်မဟုတ်ပေ။
တိုက်ပွဲသည် သုံးရက်ကြာသွားခဲ့သည်။
အသင်္ချေနတ်ဆိုးမျိုးနွယ်တစ်ခုလုံးသည် ဖျက်ဆီးခံလိုက်ရသောကြောင့် ပျက်ဆီးဆိုးရွားဖွယ် တိုက်ပွဲမြေပြင်တစ်ခု ဖြစ်သွား၏။ ထို့ကြောင့် မြေပြင်အနေအထားများလည်း ပျက်စီးကာ တောင်တန်းများသည်လည်း ဖျက်ဆီးခံလိုက်ရသည်။ အလောာင်းများဖြင့် ဖုံးလွှမ်းသွားကာ ဟင်းလင်းပြင်ပင် အက်ကွဲကြောင်းများ ထလာခဲ့၏။ သေချာသာ သတိမထားမိလျှင် သူတို့သည် ဟင်းလင်းပြင်အုံကြွမှုထဲသို့ လွင့်စင်သွားနိုင်လေသည်။
တိုက်ပွဲမြေပြင်အထက်တွင် စည်းမျဉ်းကောင်းကင်အရှင် နဝမအဆင့် ရှိသော အသင်္ချေနတ်ဆိုးဂူ၏ ကျွမ်းကျင်သူဖြစ်သည့် အသင်္ချေနတ်ဆိုးဘိုးဘေး:ကောင်းကင်အရှင်အသင်္ချေနတ်ဆိုးသာ ကျန်တော့သည်။ လေဟာနယ်နှင့် အသင်္ချေတောင်တို့က သူ့ကို ဝန်းရံထားလေသည်။ ချီမင် မတိုက်ခင်တည်းက သူသည် မျှော်လင့်ချက်မဲ့ အခြေအနေထဲသို့ ကျသွားတော့၏။
ဤသုံးရက်အတွင်းတွင် ချီမင်သည် သေချာပေါက် စည်းမျဉ်းကောင်းကင်အရှင်များကို အကြိမ်များစွာ သတ်ဖြတ်ခဲ့၏။ သူသည် ၎င်းတို့၏ မူလအစများနှင့် တာအိုကောင်းကင်တို့ကို လုယူဝါးမျို ခဲ့လေသည်။ သို့သော် ၎င်းသည် ချီမင်၏ အင်အားကို များစွာ မတိုးမြှင့်နိုင်ပေ။
ထို့အချင်းအရာအပြင် ချီမင်သည် တိုက်ပွဲဆုလဒ်များ ရရှိခဲ့၏။ သူသည် သေချာမတွက်ချက်တော့ဘဲ ပစ္စည်းစာရင်းထဲသို့ အကုန် ပစ်ထည့်လိုက်တော့သည်။ သူသည် တိုက်ပွဲပြီးမှပဲ ရေတွက်ရတော့ပေမည်။
၎င်းက သုံးရက်သာ ကြာပါ၏။
အသင်္ချေနတ်ဆိုးဂူသည် အခြေခံအားဖြင့် ချီမင်နှင့် သူ၏ အစေခံစစ်တပ်ထံမှ ဖျက်ဆီးခံလိုက်ရတော့သည်။ အသင်္ချေနတ်ဆိုးဂူ၏ စည်းမျဉ်းကောင်းကင်အရှင်များထဲတွင် ကောင်းကင်အရှင် အသင်္ချေနတ်ဆိုးတစ်ပါးနှင့် စည်းမျဉ်းကောင်းကင်အရှင် မဟာအကြီးအကဲနှစ်ပါးသာ ကျန်ခဲသည်။ မဟာအကြီးအကဲနှစ်ယောက်က မိစ္ဆာနတ်ဆိုးကောင်းကင်အရှင်နှင့် ထူးခြားမိစ္ဆာကောင်းကင်အရှင်တို့ ဖြစ်သည်။
သုံးရက်။
ကောင်းကင်အရှင်များအတွက် သုံးရက်သည် တစ်ခဏပင်။
"အဟွတ် ဟွတ်"
မိစ္ဆာနတ်ဆိုးကောင်းကင်အရှင်သည် သွေးအန်ထွက်သွားသည်။ သူ၏ မျက်နှာသည် ဖျော့တော့နေကာ ခန္ဓာကိုယ်ပတ်လည်တွင် မိစ္ဆာချီများ မြင့်တက် ထွက်ပေါ်နေ၏။ တာအိုစွမ်းအားများ မြင့်တက်လာပြီး ပတ်ဝန်းကျင်သည် ဆိုးယုတ်ဖွယ် နတ်ဆိုးလောကတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့လေသည်။ သူ၏ ဒဏ်ရာများသည် အတော်လေး ဆိုးရွာကာ ရင်ဘက်သည် သွေးများ ရွှဲစိုနေသည်။ သူသည် ချီမင်ကို အေးစက်စွာ ကြည့်နေ၏။" မင်း...မင်းက ဘယ်သူလဲ။ ဘာလို့ အသင်္ချေနတ်ဆိုးဂူကို တိုက်ခိုက်တာလဲ။"
"ငါ မင်းတို့ကို တစ်ခါမှ မမြင်ဖူးဘူး။ ငါတို့ကြားမှာ ဘယ်လိုရန်ကြွေး ရှိလို့လဲ။ မင်းက အကုန်ပေးဆပ်ဖို့ ဆန္ဒရှိတာလား။"
ထူးခြားမိစ္ဆာကောင်းကင်အရှင်သည် နူးနူးညံ့ညံ့ မိန်းကလေးတစ်ဦးဖြစ်လေသည်။ သူမသည် သွေးနီးရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ ကျောက်စိမ်းသဖွယ် ခြေတံလေးများသည် ထွက်ပေါ်နေ၏။
ကောင်းကင်အရှင်အသင်္ချေနတ်ဆိုးသည်တော့ ဘာမှမပြောပေ။ သူ၏ အကြည့်သည် လေဟာနယ်နှင့် အသင်္ချေတောင်ကို ဖြတ်ကျော်သွားကာ ချီမင်ပေါ်သို့ ကျရောက်လာခဲ့သည်။ သူသည် ထွက်ပြေးဖို့ အခွင့်အရေး ရှာနေလေသည်။
"ဟီးဟီး" ချီမင်သည် လက်နှစ်ဖက်ကို နောက်ပို့ထားသည်။ ကမ္ဘာဦးခရမ်းရောင်ချီသည် ပျံ့နှံ့လာပြီး မိုးမြေမဟာတာအိုမူလအစစွမ်းအားသည် သူ့ကို ထောက်ပံ့ပေးထားလေသည်။ ကိုယ်ပိုင်တာအိုရတနာသုံးခုသည် သူ့ကို ဝန်းရံလာပြီး မထူးမခြားနား ဆိုလာသည်။"ငါက အသင်္ချေတာအိုမဟာမိတ်ရဲ့ ဂုဏ်ထူးဆောင်အကြီးအကဲပဲ။ မင်းတို့ အသင်္ချေနတ်းဆိုးဂူနဲ့ တခြားအဖွဲ့အစည်းတွေက အသင်္ချေတာအိုမဟာမိတ်တို့ကို ဝိုင်းတိုက်ခိုက်ခဲ့တယ်။ ငါက အဲဒီတုန်းက မအားခဲ့ဘူး။"
"အခုတော့ ငါက ကမ္မကို ဖြေရှင်းဖို့အတွက် မင်းတို့ အသင်္ချေနတ်ဆိုးဂူကို ဖျက်ဆီးဖို့ လာတာ။"
"ဘာ"
"အသင်္ချေ..အသင်္ချေတာအိုမဟာမိတ်"
"သိပြီ။"
အသင်္ချေနတ်ဆိုးဘိုးဘေးတို့သည် သတိဝင်လာကြသည်။
"တိုက်ခိုက်ကြ။"
"ဟုတ်ကဲ့ပါ။"
လေဟာနယ်နှင့် အသင်္ချေတောင်သည်တစ်ပြိုင်နက် တိုက်ခိုက်၏။
"ကမ္ဘာဦးအဆောင်"
ချီမင်သည် သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။ အဆုံးမဲ့ တာအိုစွမ်းအားများ ထွက်ပေါ်လာပြီး ကမ္ဘာဦးစာလုံးတို့ကို ဖုံးအုပ်သွားတော့သည်။ သူတို့သည် ကောင်းကင်ယံသို့ အဆက်မပြတ် ပျံတက်သွားပြီး ကောင်းကင်နှင့်မြေကြီးဖြင့် ပေါင်းစပ်သွားကာ ကမ္ဘာဦးအစီအရင်နှင့် ပေါင်းစပ်သွားတော့၏။
ချက်ချင်းပင် ကမ္ဘာဦးအစီအရင်သည် အသင်္ချေနတ်ဆိုးဘိုးဘေးတို့ကို ဖုံးအုပ်သွားတော့သည်။
အစီအရင်ထဲတွင် အသင်္ချေနတ်ဆိုးဘိုးဘေးတို့၏ ခွန်အားသည် အပြည့်အဝ ဖိနှိပ်ခံထားရသည်။ အသင်္ချေတောင်နှင့် လေဟာနယ်တို့သည်တော့ အင်အားများ တိုးမြှင့်ပေးခံထားရ၏။ မရေမတွက်နိုင်သော ကမ္ဘာဦးနတ်ဘုရားမိုးကြိုးများသည် ကမ္ဘာဦးအစီအရင်ထဲတွင် ဖြစ်တည်လာသည်။
"မဟာတာအိုအံ့ဖွယ်စွမ်းအား:မဟာနီဗားနားနည်းစနစ်"
အသင်္ချေတောင်သည် ဟိန်းဟောက်လိုက်သည်။ နီဗားနားတာအိုကောင်းကင်သည် ဆင်းသက်လာ၏။ အဆုံးမဲ့ နီဗားနားစွမ်းအားသည် သိပ်သည်းလာခဲ့လာခဲ့ပြီး နီဗားနားကောင်းကင်တာအို ဖြစ်ပေါ်လာသည်။ ယင်းက အဆုံးမဲ့ မီးခိုးရောင်မုန်တိုင်းတစ်ခုပမာ အသင်္ချေနတ်ဆိုးဘိုးဘေးတို့ထံ ဆင်းသက်လာသည်။
"မဟာတာအိုအံ့ဖွယ်စွမ်းအား:အလုံးစုံသက်ရှိကမ္မနည်းစနစ်" လေဟာနယ်သည် အော်ဟစ်လိုက်၏။
သူသည်လည်း အသန်မာဆုံး မဟာတာအိုအံ့ဖွယ်စွမ်းအားကို သုံးလိုက်လေသည်။ ကမ္မတာအိုကောင်းကင်သည် သူ၏ ခန္ဓာကိုယ်ကို ကောင်းချီးပေးလေသည်။ ကမ္မစွမ်းအားများသည် မြင့်တက်ဖြစ်ပေါ်လာခဲ့ပြီး အထက်ကမ္ဘာကောင်းကင်တာအိုနှင့်ပေါင်းစပ်ကာ ကမ္မကောင်းကင်တာအိုဖြစ်တည်သွားတော့သည်။ ၎င်းတွင် ကောင်းကင်နှင့်မြေကြီးမဟာတာအိုတစ်ပိုင်းတစ်စ လည်း ပါဝင်ပေသည်။
ထိုအခိုက် လေဟာနယ်အနားတွင် အဆုံးမဲ့ကမ္ဘာများ ပေါ်လာတော့သည်။ ကမ္မစွမ်းအားများသည် ကမ္မချည်မျှင်ပေါင်း ထရီလီယန်ပမာဏမျှ ပေါ်လာကာ ကမ္မမြစ်တစ်စင်းအဖြစ် ဖွဲ့တည်သွားခဲ့ပြီး အသင်္ချေနတ်ဆိုးဘိုးဘေးတို့ကို ဖိနှိပ်လိုက်၏။
"မဟာ...မဟာတာအိုအံ့ဖွယ်စွမ်းအား"
"ဘုရားရေ။"
"ဒါက မဟာတာအိုအံ့ဖွယ်စွမ်းအားပဲ။"
“…”
အသင်္ချေနတ်ဆိုးဘိုးဘေး၊ မိစ္ဆာနတ်ဆိုးကောင်းကင်အရှင်နှင့် ထူးခြားမိစ္ဆာကောင်းကင်အရှင်တို့သည် အကောင်းဆုံးကြိုးစားလိုက်၏။ သို့သော်လည်း နောက်ဆုံးအခိုက်တွင် သူတို့သည် မဟာတာအိုအံ့ဖွယ်စွမ်းအား၏ ကြောက်မက်ဖွယ်ကောင်းမှုကို မျက်မြင်တွေ့လိုက်ရသည်။ ထို့နောက်မှာ ကြိတ်ချေခံလိုက်ရတော့၏။
သူတို့သည် ချီမင်၊လေဟာနယ်နှင့် အသင်္ချေတောင်တို့၏ ပူးပေါင်းတိုက်ကွက်ကြောင့် ဖျက်ဆီးခံလိုက်ရတော့လေသည်။ နည်းစနစ်အားလုံးကို သုံးသော်လည်း အဆုံးတွင် ချီမင်တို့ထံမှ သတ်ဖြတ်ခံလိုက်ရတော့၏။ အရိုးတောင် မကျန်ခဲ့ကြပေ။
နောက်ထပ် ဆယ်ရက်ကြာ သွားသည်။
ယခုတွင်တော့ အသင်္ချေနတ်ဆိုးဂူသည် ချီမင်ကြောင့် ဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။ ကောင်းကင်အရှင်တစ်ယောက်မှ လွတ်မသွားခဲ့ပေ။ တိုက်ပွဲအတွင်းမှာ နတ်ဆိုးအငယ်လေးများသာ လွတ်မြောက်သွားသည့်အတွက် ကြီးကြီးမားမားတော့ မဟုတ်ပေ။
အခြေခံအားဖြင့် အသင်္ချေနတ်ဆိုးဂူသည် ဆမ်ဆာရာကမ္ဘာမှ ပျောက်ကွယ်သွားတော့၏။
"တိုက်ပွဲမြေပြင်ကို ရှင်းလင်းပါ" ချီမင်သည် အမိန့်ပေးလိုက်၏။" အသင်္ချေနတ်ဆိုးဂူထဲက အရင်းအမြစ်တွေအားလုံး သွားယူလိုက်။"
"ဟုတ်ကဲ့ပါ။"
"ဟုတ်ကဲ့ပါ။သခင်။"
“…”
ချီမင်၏ အစေခံစစ်တပ်သည် တစ်ပြိုင်နက် ပြန်ဖြေ၏။
သူက စိတ်ကျေနပ်သွား၏။
တိုက်ပွဲအတွင်းတွင် ချီမင်၏ အစေခံစစ်တပ်သည် များစွာ ဆုံးရှုံးသွားသော်လည်း သုံးပုံတစ်ပုံသာဖြစ်သည်။ ပြင်းထန်သည့် တိုက်ပွဲကြောင့် အစေခံစစ်တပ်သည် တိုက်ပွဲအတွင်းတွင် တိုးပင်တိုးတက်လာသည်။
" မဆိုးဘူး။"
မြင်ကွင်းကပြောင်းလဲသွားသည်။
အပြင်ဘက်ကမ္ဘာတွင်။
ချီမင်၏ သီးသန့်ကျင့်ကြံရာမှ ထွက်လာသော သတင်းသည် တဖြည်းဖြည်း ပျံ့နှံ့သွား၏။ ခန်းမကိုးခုထဲတွင် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်များသည် သူ့ကို ထပ်မံ အာရုံစိုက်လာပြန်၏။
ဥပမာအနေဖြင့် ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်ခိုင်ယာ့တို့ ဖြစ်သည်။
"ဂျူနီယာညီလေးချီ ထွက်လာပြီ။"
ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်သည် ချီမင်ကို သတိထားမိသွားသည့်အချိန်၌ အသင်္ချေနတ်ဆိုးဂူစစ်ပွဲ ပြီးဆုံးတာ သိပ်မကြာသေးပေ။ သူသည် ခဏမျှ ဂရုတစိုက်လေ့လာလိုက်ပြီးနောက် သူ၏ မျက်နှာပေါ်၌ ထိတ်လန့်သည့် အမူအရာ ပေါ်လာသည်။"ဂျူနီယာညီလေးချီ သူ...သူ.. စည်းမျဉ်းကောင်းကင်အရှင်အဆင့်ရောက်သွားပြီ။ ဆယ်နှစ်ပဲ ကြာသေးတယ်။ တကယ့်ကို ဆယ်နှစ်ပဲ ကြာသေးတယ်။ သူ အောင်မြင်သွားပြီ။"
"ဘာ" ခိုင်ယာ့၏ မျက်လုံးများသည် ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားကာ ပင့်သက်ရှိုက်လိုက်ရ၏။ "စည်းမျဉ်းကောင်းကင်အရှင်။ ချီမင်က စည်းမျဉ်းကောင်းကင်အရှင်တစ်ပါး ဖြစ်လာတာပဲ။"
"ကြည့်ကြစမ်း"
"ချီမင်ပဲ။ သူက ချီမင်ပဲ။"
"ဟို ကျင့်ကြံခြင်းအနိမ့်ဆုံး တစ်ယောက်လား။"
"နေဦး။ သူအဆင့် တက်သွားပြီ။ သူတကယ်ကြီး အဆင့်တက်သွားပြီပဲ။"
"အံ့ဩစရာပဲဟေ။"
"စည်းမျဉ်းကောင်းကင်အရှင်"
“…”
ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်သည် ထိတ်လန့်သွားခဲ့လေသည်။
တစ်ချိန်တည်းမှာ ချင်ယွီ၊ ဝမ်ရှန်းနှင့် စီနီယာအစ်ကိုစုတို့သည်လည်း ချီမင်ပြောင်းလဲသွားကြောင်း သိရှိသွားကြတော့သည်။
"မယုံနိုင်စရာပဲ။"
ချင်ယွီ၏ မျက်နှာလှလှလေးတွင် ထိတ်လန့်သည့်အမူအရာ ပေါ်လာတော့သည်။ သူမသည် မပြောဘဲ မနေနိုင်တော့ပေ။"ချီမင်က အဆင့်တက်သွားပြီ။ သူ နှစ်တစ်သောင်းကျော်လောက် သီးသန့်ကျင့်ကြံလိုက်တာ စည်းမျဉ်းကောင်းကင်အရှင်တစ်ပါး ဖြစ်လာတာပဲ။ ပြီးတော့ သူက အခု စည်းမျဉ်းကောင်းကင်အရှင် ဒုတိယအဆင့်တောင် ရောက်နေပြီ။"
"ဒါဘယ်လိုဖြစ်နိုင်မှာလဲ။"
ဝမ်ရှန်းသည် ပိုပြိးတောင် ထိတ်လန့်သွားတော့လေသည်။ သူသည် မူလကတော့ ချီမင်အဆင့်ချိုးဖြတ်ရန် မဖြစ်နိုင်ဟု ထင်ခဲ့ခြင်းဖြစ်သည်။ စည်းမျဉ်းကောင်းကင်အရှင်အဆင့်ဆိုသည်က သီးသန့်တံခါးပိတ်ကျင့်ကြံနိုင်ရုံဖြင့် အောင်မြင်နိုင်သည့် အရာမျိုး မဟုတ်ပေ။
မမျှော်လင့်ထားစွာဖြင့် ချီမင်သည် အမှန်တကယ် အောင်မြင်သွားခဲ့သည်။
သူသည် စည်းမျဉ်းကောင်းကင်အရှင်အဆင့်သို့ ရောက်သွားသည့်အပြင် ဒုတိယအဆင့်မှာ ဖြစ်လေသည်။
"မဖြစ်နိုင်ဘူး။"
ဝမ်ရှန်းသည် ထိတ်လန့်သွားတော့၏။" ဘယ်လိုဖြစ်နိုင်မှာလဲ။ သူက နှစ်တစ်သောင်းကျော်ပဲ ကျင့်ကြံရသေးတာလေ။ အခုက စည်းမျဉ်းကောင်းကင်အရှင်အဆင့်တင်မဟုတ်ဘူး။ ဒုတိယအဆင့်ပါ ရောက်သွားတယ်။"
"စီနီယာအစ်ကိုစု ဘယ်လိုထင်လဲ။" ဝမ်ရှန်းက မေးလိုက်၏။
" နှစ်တစ်သောင်း မဟုတ်ဘူး။" စီနီယာအစ်ကိုစုသည် တစ်ချက်ကြည့်ကာ သာမန်မျှ ပြော၏။"နှစ်တစ်ထရီလီယန်ပဲ။ ချီမင်ရဲ့ ကိုယ်ပေါ်မှာ ခေတ်တစ်ခေတ်စာ အချိန်ကာလကို ခံစားရတယ်။"
"ဒါက.."
ဝမ်ရှန်းနှင့် ချင်ယွီသည် တစ်ယောက်ကို တစ်ယောာက်ကြည့်ကာ သက်ပြင်းချ၏။
ချီမင်သည် သူ၏ အစေခံစစ်တပ်ကို ဦးဆောင်ကာ အသင်္ချေနတ်ဆိုးဂူကို ဖျက်ဆီးခဲ့သည်။ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်များသည် ထိုသည်ကို မြင်ခဲ့ပါ၏။
"ချီမင်က နှစ်တစ်သောင်းလောက် ကျင့်ကြံရုံနဲ့ ဒီလောက်ထိ အင်အားကြီးလာမယ် မထင်ထားဘူး။"
"မဆိုးဘူး၊မဆိုးဘူး။"
"ဒီလိုဆို ချီမင်က မဟာတာအိုကျင့်ကြံသူရှစ်ယောက်ကို နည်းနည်းလောက် ခုခံလို့ရပြီ။ ဒါပေမဲ့ သူက ခုခံနိုင်ရုံပဲ ရှိဦးမှာ။"
"ဟုတ်တယ်။"
"နောက်ဆုံးတော့လည်း မဟာတာအိုကျင့်ကြံသူတွေဆိုတာ တာအိုကောင်းကင်ကို ပြီးပြည့်စုံအောင် ဆင့်ကဲပြောင်းလဲပြီးရင် ထိပ်တန်းအဆင့်ဝင်မှာပဲ။"
"ချီမင်က မဟာတာအိုကျင့်ကြံသူကိုးယောက်ထဲမှာတော့ အောက်ခြေမှာ ရှိနေတုန်းပဲ။"
“…”
ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်တို့သည် ဆွေးနွေးနေကြလေသည်။
ခုနစ်ရက်ကြာပြီးနောက်။
ဆမ်ဆာရာကမ္ဘာတွင်။
ချီမင်သည် သူ၏ အစေခံစစ်တပ်ကို ဦးဆောင်ကာ တိုက်ပွဲဆုလဒ်များကို ရှင်းလင်းခဲ့လေသည်။ သူသည် အသင်္ချေနတ်ဆိုးဂူထဲက အရင်းအမြစ်အားလုံးကို လုယူလိုက်သော်လည်း ဝင်တော့ မစစ်ဆေးပေ။
အသင်္ချေနတ်ဆိုးဂူ၏ သတင်းများသည် အချိန်တိုလေးအတွင်း ဆမ်ဆာရာကမ္ဘာထဲတွင် ပျံ့နှံ့သွားသည်။ နောက်ဆုံးမှာတော့ တိုက်ပွဲသည် အတော်လေး ကြီးမားပါသည်။ ဆမ်ဆာရာကမ္ဘာတစ်ခုလုံးရှိ အဖွဲ့အစည်းများ မသိရန်ပင် မဖြစ်နိုင်တော့ပေ။
အသင်္ချေနတ်ဆိုးဂူသည် မသေးငယ်ပေ။ ချီမင်သည် အသင်္ချေနတ်ဆိုးဂူတစ်ခုလုံးကို သတ်ဖြတ်ခဲ့လေသည်။ ထိုကိစ္စသည် မပျံ့နှံ့မှသာ ထူးဆန်းပါလိမ့်မည်။ ချီမင်သည်လည်း ဖုန်းကွယ်ထားရန်လည်း မစီစဉ်ထားပေ။
"လေဟာနယ်" ချီမင်က မေးလိုက်သည်။" တခြား အဖွဲ့အစည်းလေးခုကရော။ ဘယ်တစ်ခုက ငါတို့နဲ့ အနီးဆုံးလဲ။"
လေဟာနယ်သည် ဦးညွှတ်ကာ ပြန်ဖြေ၏။" ဆမ်ဆာရာဓားတောင်ပါ သခင်။"