ဆမ်ဆာရာဓားတောင်ကို ဖျက်ဆီးခြင်း။ ထပ်မံ သီးသန့်ကျင့်ကြံခြင်း။ ကြီးမားကြီးမား ရရှိခြင်း။
Vol. 30 Ch. 443
ချီမင်သည် ခေါင်းညိတ်ကာဆိုသည်။"ဒါဆို ဆမ်ဆာရာဓားတောင်ကို အရင် သွားရအောင်။ ငါတို့ အကျိုးအမြတ် လုံလုံလောက်လောက် မရမှ တခြားတစ်ခုကို သွားဖျက်ဆီးကြမယ်။"
"ဟုတ်ကဲ့ပါ။" အသင်္ချေတောင်နှင့် လေဟာနယ်သည် တစ်ပြိုင်နက် ဖြေလိုက်၏။
ချီမင်သည် သူ၏ လက်ကို ဝှေ့ယမ်းကာ အစေခံအားလုံးကို အစေခံစနစ်ထဲသို့ ထည့်လိုက်တော့လေသည်။ ထရီလီယန်ချီသော အစေခံများသည် လေထုထဲတွင် ပျောက်ကွယ်သွားတော့၏။
ချီမင်၊ လေဟာနယ်နှင့် အသင်္ချေတောင်တို့သည် အလင်းစီးကြောင်းများအဖြစ် ပြောင်းလဲကာ နေရာမှ ပျောက်ကွယ်သွားသည်။ သူတို့၏ အရှိန်က အတော်လေးမြန်ကာ နေရာလွတ်ထဲသို့ ဝင်သွား၏။
သိပ်မကြာခင်မှာ အဖွဲ့အစည်းများစွာ၏ သူလျှိုများသည် အလျှိုလျှို ရောက်လာသည်။ သူတို့သည် တိုက်ပွဲကွင်းပြင်သို့ ရောက်လာကြပြီးနောက် ကျန်ရစ်ခဲ့သော ကြောက်မက်ဖွယ်ရာ အရှိန်အဝါများကို အာရုံခံမိသွားသည်။ အတော်လေး ကြောက်မက်ဖွယ်ကောင်းသည်။
ဥပဒေသကောင်းကင်အရှင်အဆင့်သို့ မရောက်သေးသောသူများမှာ တိုက်ပွဲမြေပြင် ဗဟိုသို့ မကပ်နိုင်ပေ။ သူတို့၏ ကျင့်ကြံခြင်းအဆင့်သည် နိမ့်လွန်းလျှင် ထို ကျန်ရစ်ခဲ့သော ကြောက်မက်ဖွယ်ရာ အရှိန်အဝါကြောင့် သတ်ဖြတ်ခံရနိုင်သည်။
အချိန်အချို့ကြာပြီးနောက်တွင်။
တိုက်ပွဲမြေပြင်ပေါ်မှ အလောင်းများ၊ အသုံးအဆောင်ပစ္စည်းများသည် သတ်ဖြတ်လိုစိတ်များ၊ အကုသိုလ်များဖြင့် စွန်ထင်းသွားကာ နတ်ဆိုးပစ္စည်းများ ဖြစ်လာသည်။ ဤနေရာသည်လည်း တားမြစ်နေရာဖြစ်လာသည်။
သို့သော်လည်း ၎င်းသည် အနာဂတ်မှာ ဖြစ်ပျက်လာမှာဖြစ်သည်။
"အသင်္ချေနတ်ဆိုးဂူက ဖျက်ဆီးခံလိုက်ရပြီ။ ခုနစ်ရက်ပဲ ကြာသွားတာမလား။ အသင်္ချေနတ်ဆိုးဂူလို အဖွဲ့အစည်းကြီးတောင် မခုခံနိုင်တော့ဘူး။"
"အသင်္ချေနတ်ဆိုးဂူကို ဖျက်ဆီးသွားတဲ့သူက အရမ်းသန်မာတယ်ဆိုတဲ့ စကားပဲ ပြောနိုင်တော့တယ်။"
"ဟုတ်တယ်။"
"အသင်္ချေနတ်ဆိုးဂူကို ဖျက်ဆီးသွားတဲ့သူက သေချာပေါက် နတ်ဆိုးကမ္ဘာစုဝေးပွဲမှာ ပါနေတဲ့သူ ဖြစ်ရမယ်။ သူက ဆမ်ဆာရာကမ္ဘာရဲ့ ဒေသခံဖြစ်လောက်တယ်။"
"ဖြစ်နိုင်ချေ အရှိဆုံးပဲ။"
ဆမ်ဆာရာကမ္ဘာတွင် နတ်ဆိုးကမ္ဘာစုဝေးပွဲတွင် ပါဝင်သော ကောင်းကင်အရှင်များသည်လည်း ထိုသတင်းကို သိသွားကြ၏။
မြင်ကွင်းက ပြောင်းလဲသွားသည်။
အသင်္ချေတာအိုဂိုဏ်း။ အသင်္ချေတောင်။
"မင်းတို့ ကြာပြီးပြီလား။ အကြီးအကဲချီ ကျင့်ကြံရာကနေ ထွက်လာတော့ သူက ဒေါသတကြီးနဲ့ အသင်္ချေနတ်ဆိုးဂူတစ်ခုလုံးကို ခုနစ်ရက်အတွင်း မိုးကြိုးနည်းစနစ် သုံးပြီး ဖျက်ဆီးပစ်လိုက်တယ်တဲ့။"
"ငါလည်း ကြားလိုက်တာပေါ့ဟ။ အကြီးအကဲချီက အရမ်းသန်မာတာပဲ။"
"ငါတို့က အကြီးအကဲချီကို ဂုဏ်ထူးဆောင်အကြီးကဲဖြစ်ဖို့ အရည်အချင်းမရှိဘူး ထင်ခဲ့တာ။ ငါတို့အားလုံးက အမြင်ကျဉ်းလို့ အကြီးအကဲချီ ဘယ်လောက်စွမ်းအားကြီးလဲဆိုတာ မသိနိုင်ခဲ့တာပဲ။"
"ငါတို့ မှားသွားတာ။"
“…”
အကြီးအကဲများနှင့် အသင်္ချေတာအိုမဟာမိတ်၏ လက်ရွေးစင်အဖွဲ့ဝင်များသည် ထိုသည်ကို ဆွေးနွေးနေကြသည်။
သုံးရက်ကြာသွားသည်။
ဆမ်ဆာရာဓားတောင်တွင်။
ချီမင်က ရောက်လာသည်။
ချီမင်သည် တိမ်တိုက်များထိတိုင် ထိုးဖောက်ဝင်နေသော တောင်များကို မြင်လိုက်ရသည်။ ၎င်းတို့သည် ကောင်းကင်ကိုပင် ထိနေသော ဓားကြီးများအတိုင်းပင်။ ၎င်းတို့က အဆုံးမဲ့ကာ ဆမ်ဆာရာဓားတောင်တန်းကြီးအသွင် ဖြစ်တည်နေလေသည်။
"ဆင်းမယ်။"
ချီမင်၏ အကြည့်သည် သာမန်မျှသာ ဖြစ်နေသည်။ သူ၏ လက်ကို ဝှေ့ယမ်းကာ အစေခံစစ်တပ်ကို တိုက်ရိုက် ဆင့်ခေါ်လိုက်သည်။ သူ အသင်္ချေနတ်ဆိုးဂူတစ်ခုလုံးကို ဖျက်ဆီးတုန်းကလိုပင် သူသည် အစေခံစစ်တပ်ကို ဦးဆောင်ကာ ဆမ်ဆာရာဓားတောင်ကို တိုက်ခိုက်ဖျက်ဆီးခဲ့သည်။
"မင်းတို့က သေလမ်းရှာနေတာပဲ။"
"ခင်ဗျားက ဘယ်သူလဲ။"
" ဆမ်ဆာရာဓားတောင်ကို တိုက်ခိုက်ရဲတယ်ပေါ့။"
"သေကြစမ်း"
“…”
တောင်ကာကွယ်ရေးဓားအစီအရင်သည် ကောင်းကင်နှင့်မြေကြီးမဟာတာအိုအဆင့်ပင် ရောက်နေပြီဖြစ်သည်။ ၎င်းက ဆမ်ဆာရာဓားတောင်တစ်ခုလုံးကို ဖုံးအုပ်သွားပြီး ချီမင်၏ အစေခံစစ်တပ်ကို ပိတ်ဆို့ပေးထားသည်။
"ချိုးဖျက်စမ်း"
ချီမင်၏အကြည့်များသည် ထိုအစီအရင်ကို အားနည်ချက်ကို တွေ့သွားသောကြောင့် လင်းလက်သွားသည်။ သူ၏ ညာဘက်လက်ကို ဝှေ့ယမ်းလိုက်တော့ ဖရိုဖရဲကမ္ဘာဖျက်ဓားသည် လေထုကို ဖြတ်သန်းကာ တောင်ကာကွယ်ရေးဓားအစီအရင်ကို ဖျက်ဆီးပစ်လိုက်သည်။
ဘုန်း။
မြေပြင်ပင် အက်ကွဲသွားစေသော ပေါက်ကွဲသံကြီးသည် နေရာလွတ်ကို ဖြတ်တောက်သွား၏။ အရပ်လေးမျက်နှာသည် ပြင်းထန်စွာ လှုပ်ခါသွားခဲ့ကာ ကြောက်မက်ဖွယ်ကောင်းသော ဖြစ်ရပ်များ ပေါ်လာ၏။
"မဟုတ်ဘူး"
"အား"
"အား"
"တောင်ကာကွယ်ရေးဓားအစီအရင်က ပျက်စီးသွားပြီ။"
"တိုက်ပွဲအတွက် ပြင်ဆင်ထားတော့။"
“…”
ဆမ်ဆာရာဓားတောင်၏ အကြီးအကဲများနှင့် တပည့်များသည် အော်ဟစ်ကြုံးဝါးလိုက်ကြသည်။
"အစွမ်းကုန် တိုက်ခိုက်ကြ။" ချီမင်သည် သာမန်မျှ အမိန့်ပေးလိုက်၏။"ဆမ်ဆာရာဓားတောင်ကို ဖျက်ဆီးကြ။ တစ်ယောက်မှ အရှင်မထားနဲ့"
"ဟုတ်ကဲ့ပါ။" အသင်္ချေတောင်နှင့် လေဟာနယ်တို့သည် တစ်ပြိုင်တည်း ပြန်ဖြေလိုက်၏။
နောက်ထပ်တိုက်ပွဲ ဖြစ်လာသည်။
ဆမ်ဆာရာဓားတောင်သည် အသင်္ချေနတ်ဆိုးဂူထက်ပင် သန်မာပါ၏။ ဆမ်ဆာရာဓားတောင်၏ ဘိုးဘေးအပြင် စည်းမျဉ်းကောင်းကင်အရှင် နဝမအဆင့်သို့ ရောက်နေသော ကောင်းကင်အရှင်ဆမ်ဆာရာနှင့် မဟာဘိုးဘေး:ဓားကမ္ဘာကောင်းကင်အရှင်လည်း ရှိသည်။
"တိုက်ကြ။"
"တိုက်ကြ။"
လေဟာနယ်နှင့် အသင်္ချေတောင်တို့သည် ပူးပေါင်းကာ ကောင်းကင်အရှင်ဆမ်ဆာရာနှင့် ဓားကမ္ဘာကောင်းကင်အရှင်တို့ကို ခုခံလိုက်၏။ နှစ်ဖက်က ကောင်းကင်ယံ၌ တိုက်ခိုက်နေကြလေသည်။ မရေမတွက်နိုင်သော အံ့ဖွယ်စွမ်းအားများနှင့် တာအိုနည်းစနစ်များသည် အဆက်မပြတ် တိုက်ခိုက်နေကြသည်။
"ကမ္ဘာဦးအစီအရင်။"
ချီမင်သည် နောက်ပြန်မဆုတ်ပေ။ သူသည်လည်း တိုက်ပွဲထဲတွင် ဝင်ကာ ကမ္ဘာဦးအစီအရင်ကို အသုံးပြုလိုက်လေသည်။ သူသည် နောက်လိုက်များနှင့်ပူးပေါင်းကာ ဆမ်ဆာရာဓားတောင်၏ ကောင်းကင်အရှင်ဆမ်ဆာရာနှင့် ဓားကမ္ဘာကောင်းကင်အရှင်တို့ကို သတ်ဖြတ်လိုက်သည်။
တိုက်ပွဲသည် တစ်လကြာသွားခဲ့၏။
"မဟုတ်ဘူး"
ကောင်းကင်အရှင်ဆမ်ဆာရာသည် သွေးများ ရွဲနစ်သွားလေသည်။ သူ့နောက်က ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ခြောက်သွယ်မှာ လုံးဝကို ဖိနှိပ်ခံထားရသည်။ ထို့နောက် ပျက်စီးသွားတော့သည်။ သို့ဖြစ်၍ သူ၏ တစ်ကိုယ်လုံးတွင် အက်ကွဲကြောင်းများဖြင့် ဖုံးလွှမ်းသွားတော့သည်။
သူသည် သေတော့မှာ ဖြစ်၏။
"သေကြစမ်း"
ချီမင်သည် ညွှန်ပြလိုက်လေသည်။ ကမ္ဘာဦးအလင်းတန်းသည် လေထုကို ဖြတ်သန်းကာ ကောင်းကင်အရှင်ဆမ်ဆာရာ၏ ခေါင်းကို ဖြတ်တောက်သွားသည်။ ၎င်းက သူ၏ သက်စောင့်စွမ်းအင်အားလုံးနှင့် အသိစိတ်တို့ကို လုံးဝဥဿုဉ် ဖျက်ဆီးသွားတော့လေသည်။ သူ၏ ပြိုကွဲနေသည့် ခန္ဓာကိုယ်က လဲကျသွားတော့သည်။
ထိတ်လန့်ဖွယ်အော်သံတစ်ချက် ထွက်လာတော့သည်။
ဓားကမ္ဘာကောင်းကင်အရှင်သည် လေဟာနယ်နှင့် အသင်္ချေတောင်တို့ထံမှ သတ်ဖြတ်ခံလိုက်ရသည်။ သူ၏ အလောင်းက နှစ်ခြမ်းကွဲသွားတော့သည်။ သူ၏ စစ်မှန်ဝိညာဉ်နှင့် အသိစိတ်သည် လုံးဝကို ပျက်ဆီးသွားခဲ့သည်။
ဆမ်ဆာရာဓားတောင်သည်လည်း အသင်္ချေနတ်ဆိုးဂူ၏ လမ်းစဉ်အတိုင်း ချီမင်ကြောင့် ပျက်စီးသွားတော့သည်။ သူ၏ အစေခံစစ်တပ်သည် သုံးပုံတစ်ပုံ လျော့သွားပြန်သည်။
တစ်ဖက်တွင်တော့ ချီမင်နှင့်ပတ်သက်သော သတင်းများသည် ပျံ့နှံ့လာပြန်သည်။ ဆမ်ဆာရာကမ္ဘာတစ်ခုလုံးက အဖွဲ့အစည်းအားလုံးသည် အသင်္ချေတာအိုမဟာမိတ်၏ ဂုဏ်ထူးအောင်အကြီးအကဲအကြောင်းကို သိသွားတော့လေသည်။
ထိုအခြေအနေအောက်တွင် တခြားအဖွဲ့အစည်းသုံးခုသည်လည်း ပူးပေါင်းလိုက်ကြ၏။ နောက်ဆုံးမှာတော့ အဖွဲ့အစည်းကြီးငါးခုက ပူးပေါင်းကာ အသင်္ချေတာအိုမဟာမိတ်ကို ဝိုင်းရံတိုက်ခိုက်ခဲ့သော်လည်း ၎င်းတို့က မဟာမိတ်ခေါင်းဆောင်ကြောင့် နောက်ပြန်ဆုတ်ခဲ့ရလေသည်။
ယခု ချီမင်သည် အသင်္ချေနတ်ဆိုးဂူနှင့် ဆမ်ဆာရာဓားတောင်ကို ဆက်တိုက်ဖျက်ဆီးခဲ့သည်။ သူသည် ရှင်းလင်းစွာဖြင့် လက်စားချေလိုက်တာဖြစ်သည်။ ဆမ်ဆာရာဓားတောင်နှင့် အသင်္ချေနတ်ဆိုးဂူ၏ လမ်းစဉ်နောက်သို့ မလျှောက်လှမ်းရရန် ကျန်သော အဖွဲ့အစည်းသုံးခုသည် ပူးပေါင်းလိုက်ကြသည်။
ဆမ်ဆာရာဓားတောင်တိုက်ပွဲမြေပြင်တွင်။
လေဟာနယ်က မေးလိုက်သည်။ "ကျွန်တော်တို့ ဆက်သွားဦးမှာလား။"
"မလိုတော့ဘူး။" ချီမင်သည် လက်ဝေ့ယမ်းလိုက်သည်။ "ငါတို့ အဖွဲ့အစည်းနှစ်ခုကို ဖျက်ဆီးပြီးပြီ။ တခြားအဖွဲ့အစည်းသုံးခုက မတုံးအသရွေ့ သူတို့က ကြိုတင်ပြင်ဆင်ထားလိမ့်မယ်။"
"အဖွဲ့အစည်းသုံးခုက ပူးပေါင်းသွားပြီ။ ငါတို့ရဲ့ လက်ရှိအင်အားနဲ့ဆို မနိုင်တော့ဘူး။"
"ဒါ့အပြင်.."
"အသင်္ချေနတ်ဆိုးဂူနဲ့ ဆမ်ဆာရာဓားတောင်ရဲ့ အရင်းအမြစ်တွေနဲ့ဆို လုံလောက်နေပြီ။"
"ဟုတ်ကဲ့ပါ။" လေဟာနယ်နှင့် အသင်္ချေတောင်သည် ပြောလေသည်။
"တိုက်ပွဲမြေပြင်ကို ရှင်းလင်းပြီး အရင်းအမြစ်တွေကို သိမ်းတော့။" ချီမင်က ဆိုသည်။"အသင်္ချေတောင်ကို ပြန်ကြမယ်။"
ခုနစ်ရက်ကြာပြီးနောက်။
တိုက်ပွဲမြေပြင်သည် ရှင်းလင်းသွားခဲ့ကာ မြင်ကွင်းသည် ပြောင်းလဲသွားတော့သည်။
ချီမင်သည် အသင်္ချေတာအိုမဟာမိတ်၏ အသင်္ချေတောင်သို့ ပြန်သွား၏။
ဤတစ်ကြိမ်တော့ ချီမင်သည် နှစ်လတည်းဖြင့် အဖွဲ့အစည်းနှစ်ခုကို ဖြိုခွဲဖျက်ဆီးကာ အရင်းအမြစ်များကို လုယူခဲ့လေသည်။ အချိန်တိုလေးအတွင်းမှာ သူ၏ နာမည်သည် ဆမ်ဆာရာကမ္ဘာတစ်လျှောက် ပျံ့နှံ့သွားတော့သည်။
တကယ်တော့...
ထိုသတင်းသည် အခြားသော ကမ္ဘာများထိပါ ပျံ့နှံ့သွားခဲ့လေသည်။
"အကြီးအကဲချီကို ကြိုဆိုပါတယ်။"
"အကြီးအကဲချီကို ကြိုဆိုပါတယ်။"
“…”
အသင်္ချေတောင်ထိပ်တွင် အသင်္ချေတာအိုမဟာမိတ်၏ အကြီးအကဲများသည် စုဝေးလာ၏။ ချီမင်ပြန်ရောက်လာပြီးနောက် သူတို့သည် ဦးညွှတ်ကာ ပြိုင်တူအော်လိုက်သည်။
ချီမင်သည် တစ်ချက်ကြည့်ကာ မထူးမခြားနား ပြောလေသည်။ "ထွေထွေထူးထူး မရှိရင် ငါ့ကို မနှောက်ယှက်နဲ့။ ငါ ဆက်ပြီး တံခါးပိတ်ကျင့်ကြံမယ်။"
"အကြီးအကဲချီ မစိုးရိမ်ပါနဲ့။"
"အကြီးအကဲချီ ငြိမ်းငြိမ်းချမ်းချမ်း ကျင့်ကြံပါ။"
"အနာဂတ်မှာ ဘယ်သူမှ အကြီးအကဲချီကို မနှောင့်ယှက်စေရပါဘူး။"
“…”
အကြီးအကဲများက ပြောလိုက်သည်။
ချီမင်က စိတ်ကျေနပ်စွာခေါင်းညိတ်လိုက်သည်။
သူသည် ချီခန်းမသို့ ပြန်လာခဲ့သည်။ မဟာကောင်းကင်ကြယ်တာရာအစီအရင်သည် ထပ်မံ အသက်ဝင်လာခဲ့သည်။ မရေမတွက်နိုင်သော ကြယ်များလည် လင်းလက်တောက်ပလာပြီး ချီခန်းမတစ်ခုလုံးကို ဖုံးအုပ်သွားတော့သည်။
သီးသန့်အခန်းထဲတွင်။
ချီမင်သည် လှမ်းဝင်ကာ တင်ပျဉ်ခွေချိတ်ထိုင်လိုက်၏။ သူသည် ကျင့်ကြံခြင်းနည်းစနစ်ကို လည်ပတ်ကာ သူ၏ အခြေအနေကို စတင်ချိန်ညှိလိုက်သည်။ တစ်ချိန်တည်းမှာ သူသည် ပစ္စည်းစာရင်းကို ဖွင့်ကာ တိုက်ပွဲနှစ်ခုမှ အကျိုးကျေးဇူးများကို စစ်ဆေးလိုက်သည်။
ခန်းမအပြင်ဘက်တွင် လေဟာနယ်နှင့် အသင်္ချေတောင်သည် ချီမင်ကို ကာကွယ်ပေးနေကြသည်။
"အကြီးအကဲချီက သီးသန့်ကျင့်ကြံသွားပြန်ပြီ။"
"ဟုတ်တယ်။"
"အကြီးအကဲချီ နောက်ဆုံးတစ်ခေါက် တံခါးပိတ်ကျင့်ကြံတုန်းက နှစ်တစ်သောင်းကျော်ပဲကြာတယ်။ ပြီးတော့ စည်းမျဉ်းကောင်းကင်အရှင် ဖြစ်လာတယ်။ ဒီတစ်ခေါက်ရော အကြီးအကဲချီ ဘယ်လောက်ကြာ ကျင့်ကြံမယ် ထင်လဲ။ သူကျင့်ကြံပြီးရင်ရော ဘယ်အဆင့် ရောက်သွားမလဲမသိဘူး။"
"ဒါက.."
"ငါလည်း မသိဘူး။"
“…”
အကြီးအကဲများက ဆွေးနွေးနေကြသည်။
တစ်ချိန်တည်းမှာ အပြင်ကမ္ဘာတွင်။
"အံ့ဩဖို့ ကောင်းလိုက်တာ။ သူ ရက်နည်းနည်းလေးပဲ ကျင့်ကြံပြီးထွက်လာတယ်။ အစကနေ အဆုံးထိ နှစ်တစ်သောင်းပဲ ကြာတယ်။ ဟုတ်လား။ သူ ထပ်ပြီး ကျင့်ကြံနေပြန်ပြီလား။"
"ဒါက.."
"ငါတော့ ပြောစရာ စကားမဲ့သွားပြီ။"
" ငါ ချီမင်လို ကောင်းကင်အရှင်ကို တစ်ခါမှ မမြင်ဖူးဘူး။ သူက ရတနာတွေ အတွက် မတိုက်ခိုက်တော့ဘူးလား။ ကျင့်ပဲ ကျင့်ကြံနေတယ်။"
"ဒါပေမဲ့ ချီမင် နောက်ဆုံးတစ်ခေါက် သီးသန့်ကျင့်ကြံတာ နှစ်တစ်သောင်းကျော်ကြာတယ်။ ပြီးတော့ စည်းမျဉ်းကောင်းကင်အရှင် ဒုတိယအဆင့်ကို ရောက်သွားတယ်။ သူ နှစ်လလောက် အပြင်ထွက်လာပြီး ဆမ်ဆာရာကမ္ဘာက အဖွဲ့အစည်းနှစ်ခုကို ဖျက်ဆီးသွားတယ်။ သူက အတော်လေး စွမ်းအားကြီးတာပဲ။"
" တခြား မဟာတာအိုကျင့်ကြံသူ ရှစ်ယောက်က ထာဝရအထွတ်အထိပ်ဆန်းကြယ်လောကတွေ ပိုင်ဆိုင်ထားတယ်။ ရတနာတွေလည်း ရထားတယ်။ သူတို့လည်း အဆင့်တက်သွားတာပဲ။ ချီမင်က သူတို့နဲ့ ယှဉ်ရင် ညံ့နေသေးတယ်။"
"ဟုတ်တယ်။"
"ငါထင်တာသာ မှန်ရင် ယန်ဖေးယွီက မဟာတာအိုကျင့်ကြံသူတွေ ကိုးယောက်ထဲမှာ သူက နတ်ဆိုးတိုကင် ခုနစ်ခု ရထားတယ်။ နှစ်တစ်သောင်းအတွင်းမှာ သူက ထာဝရအထွတ်အထိပ်ဆန်းကြယ်လောက ကိုးခု ကို ကျော်လွန်သွားခဲ့တယ်။ သူက အခု စည်းမျဉ်းကောင်းကင်အရှင် အဋ္ဌမ အဆင့်ရောက်နေပြီ။"
"ပြီးတော့ ကျောက်လင်းယင်လည်း မဆိုးဘူးကွ။"
“…”
ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်တို့သည် ထပ်မံဆွေးနွေးနေကြသည်။
ချင်ယွီ၊ စီနီယာအစ်ကိုစုနှင့် ကျန်သောသူများသည်လည်း ချီမင်၏ အခြေအနေကို အထူးတလည် အာရုံစိုက်နေကြသည်။အထူးသဖြင့် ဝမ်ရှန်းပါပင်။ ချီမင် ထပ်မံ သီးသန့်ကျင့်ကြံတာကို မြင်တော့ သူက မျက်မှောင့်ကြုတ်လေသည်။
"သူ သီးသန့်ကျင့်ကြံပြန်ပြီ။" ဝမ်ရှန်းက ပြောသည်။
"သူ တံခါးပိတ်ကျင့်ကြံတာ ဘယ်လောက်ကြာမလဲ မသိဘူး။" ချင်ယွီသည် အနည်းငယ် သိချင်သွား၏။" သူ ဒီတစ်ခါရော ဘယ်အဆင့်ရောက်မယ်ထင်လဲ။"
ဆမ်ဆာရာကမ္ဘာတွင်။
အသင်္ချေတောင်ထိပ်တွင်။
ချီခန်းမ၏ သီးသန့်ခန်းမတွင်။
"ကောင်းတယ်၊ကောင်းတယ်၊ကောင်းတယ်"
ချီမင်၏ အကြည့်သည် မှေးကျဉ်းသွားကာ ပြုံးလိုက်လေသည်။" အခု အဆင့်တက်သွားပြီ။ အဲတော့ အလိုအလျောက်ကျင့်ကြံရင် ငါ အဆင့်နိမ့်တာအိုမူလအစတွေ သုံးလို့ မရတော့ဘူး။ ငါ အလယ်အလတ်အဆင့် တာအိုမူလအစပဲ သုံးလို့ရတော့တယ်။ ငါ အဆင့်မြင့်နဲ့ ထိပ်တန်းအဆင့် တာအိုမူလအစတွေကိုလည်း လောလောဆယ် သုံးလို့မရသေးဘူး။"
" ကုန်ကြမ်းတွေ၊ ရတနာတွေ၊ တာအိုရတနာတွေကိုလည်း ထည့်စဉ်းစားလို့ မရသေးဘူး။ အလယ်အလတ်အဆင့် တာအိုမူလအစတွေပဲ ထည့်တွက်ရင် နေရာနှစ်ခုလုံးကနေ ငါ (၁၈)ကွင်ဒရီလီယန်လောက် ရတယ်။"