← Chapters

အထွတ်အထိပ်တာအိုသားရဲ:ဖရိုဖရဲနတ်ဘုရားအရှင်။ တာအိုသစ်သီးအဆင့်။ ထပ်မံ အဆင့်တက်ခြင်း။

Vol. 30 Ch. 444

အထွတ်အထိပ်တာအိုသားရဲ:ဖရိုဖရဲနတ်ဘုရားအရှင်။ တာအိုသစ်သီးအဆင့်။ ထပ်မံ အဆင့်တက်ခြင်း။

Vol. 30 Ch. 444

" စုစုပေါင်း အလယ်အလတ်အဆင့် တာအိုမူလအစ (၁၈)ကွင်ဒရီလီယန်လောက်ရှိတော့ ငါတော်တော်ကြာကြာ ကျင့်ကြံဖို့ လုံလောက်ပါတယ်။ ဆမ်ဆာရာဓားတောင်နဲ့ အသင်္ချေနတ်ဆိုးဂူကို ဖျက်ဆီးလိုက်လို့ ပြဿနာနည်းနည်းတော့ ရှိတယ်။ ဒါပေမဲ့ စိုးရိမ်နေလောက်တဲ့ အထိတော့ မဟုတ်ဘူး။"

ချီမင်က ပြောလိုက်သည်။ "ပြီးတော့ ငါက အခု အသင်္ချေတာအိုမဟာမိတ်ရဲ့ ဂုဏ်ထူးဆောင်အကြီးအကဲပဲ။ အသင်္ချေတာအိုမဟာမိတ်ကို ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်တစ်ပါးက စောင့်ကြပ်နေတယ်။အဲတော့ ငါက အဆင်ပြေနေသေးတယ်။"

"ငါ သီးသန့်ကျင့်ကြံတော့မယ်။"

" အလယ်အလတ်အဆင့် တာအိုမူလအစ သန်းတစ်သိန်း ထည့်မယ်။" ချီမင်ကဆိုသည်။"အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်ကိုအသက်သွင်းမယ်။"

တင်း!

" အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်ကို အောင်မြင်စွာ အသက်သွင်းလိုက်နိုင်ပါတယ်။ အချိန်စီးဆင်းနှုန်းသည် အဆသန်းတစ်သောင်း မြန်သွားပါပြီ။"

အသိပေးချက်တစ်ခုပေါ်လာသည်။

ချီမင်၏ ပုံရိပ်သည် မရှိမှုအဖြစ် ပြောင်းလဲသွားကာ အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်ထဲသို့ ဝင်သွားတော့၏။

"အရမ်းကောင်းတယ်။”

ချီမင်က စိတ်ကျေနပ်စွာခေါင်းညိတ်လိုက်သည်။ သူသည် ယခုတွင် အချိန်သန်းတစ်သောင်းစီးဆင်းနှုန်းကို သုံးနိုင်နေပြီဖြစ်သည်။ သို့သော် ထိုအရာက ကန့်သတ်ချက်ဖြစ်၏။

အချိန်စီးဆင်းနှုန်းသာ ထိုထပ်ပိုမြန်နေခဲ့လျှင် ချီမင်သည် ခုခံနိုင်မည်မဟုတ်တော့ပေ။ ၎င်းက သူ၏ ကျင့်ကြံခြင်းကို ပိုမိုဆိုးရွာ လာစေလိမ့်ပေမည်။ ၎င်းက သူ၏ ကျင့်ကြံခြင်းကို ထိခိုက်စေမည်ဖြစ်သည့်အပြင် မဟာတာအိုနားလည်အပေါ်ကိုလည်း ထိခိုက်လာစေနိုင်သည်။

အဆ သန်းတစ်သောင်းသည် အကောင်းဆုံး ဖြစ်ပါ၏။

"ဆက်တွက်မယ်။"

ချီမင်သည် ပြောလိုက်၏။"ငါ အလယ်အလတ်အဆင့် တာအိုမူလအစ သန်းတစ်သောင်းထည့်ပြီး ကမ္ဘာဦးမဟာတာအိုကျမ်း:တာအိုကောင်းကင်အခန်းကို ကျင့်ကြံမယ်။"

တင်း!

"ကမ္ဘာဦးမဟာတာအိုကျမ်း:တာအိုကောင်းကင်အခန်းကို အဆသန်းတစ်သောင်း မြှင့်တင်မှုအောက်တွင် ကျင့်ကြံနေပါတယ်။"

သိပ်မကြာခင်မှာပဲ အသိပေးချက်တစ်ခု ပေါ်လာသည်။

"ဆက်တွက်မယ်။" ချီမင်က ပြောလိုက်၏။"ငါ အလယ်အလတ်အဆင့် တာအိူမူလအစ သန်းသုံးသောင်းထည့်မယ်။ ကိုယ်ပိုင်တာအိုရတနာ ဖရိုဖရဲမဟာတာအိုဓားကြာပွင့်၊ဖရိုဖရဲကမ္ဘာဖျက်ဓားနဲ့ ဖရိုဖရဲပုကျုံးတောင်ကို သန့်စင်မယ်။"

တင်း!

"ဖရိုဖရဲမဟာတာအိုဓားကြာပွင့်ကို အဆ သန်းတစ်သောင်း မြှင့်တင်မှုအောက်တွင် သန့်စင်နေပါတယ်။"

…

တင်း!

"ဖရိုဖရဲကမ္ဘာဖျက်ဓားကို အဆသန်းတစ်သောင်းမြှင့်တင်မှုတွင် သန့်စင်နေပါတယ်။"

…

တင်း!

"ဖရိုဖရဲပုကျုံးတောင်ကို အဆသန်းတစ်သောင်းမြှင့်တင်မှုအောက်တွင် သန့်စင်နေပါတယ်။"

…

အသိပေးချက်သုံးခု ဆက်တိုက်ပေါ်လာခဲ့ပါ၏။

ချီမင်က ခေါင်းအသာညိတ်လိုက်သည်။ "ငါ အလယ်အလတ်အဆင့်တာအိုမူလအစ သန်းနှစ်သောင်းထည့်ပြီး မဟာတာအိုစစ်မှန်ကျမ်းကို ကျင့်ကြံမယ်။ ဖရိုဖရဲမဟာတာအိုကျမ်းကို တွက်ချက်မယ်။"

တင်း!

"မဟာတာအိုစစ်မှန်ကျမ်းကို အဆသန်းတစ်သောင်းမြှင့်တင်မှုအောက်တွင် နားလည်ဆင်ခြင်နေပါတယ်။"

…

တင်း!

" ကမ္ဘာဦးမဟာတာအိုကျမ်းကို အဆသန်းတစ်သောင်းမြှင့်တင်မှုအောက်တွင် တွက်ချက်နေပါတယ်။"

…

အသိပေးချက်နှစ်ခုပေါ်လာသည်။

ချီမင်သည် နေ့တိုင်း အလိုအလျောက် ကျင့်ကြံသည်။ သူသည် အလယ်အလတ်အဆင့် တာအိုမူလအစ သန်းတစ်သိန်းခြောက်သောင်း သုံးရန် လိုပါသည်။သူ့တွင်ရှိသော အလယ်အလတ်အဆင့် တာအိုမူလအစ(၁၈)ကွင်ဒရီလီယန်သည် ရက်ပေါင်း သန်းတစ်ထောင်လောက် အသုံးခံ၏။

ထိုသည်က အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်အတွင်းက ရက်ကို ပြောခြင်းမဟုတ်ပေ။ လက်တွေ့ကမ္ဘာက ရက်ကို ပြောခြင်းဖြစ်ပါ၏။

"ဒီအလယ်အလတ်အဆင့် တာအိုမူလအစတွေနဲ့ဆို ငါကျင့်ကြံဖို့ လုံလောက်ပါတယ်။"

တစ်နှစ်အကြာတွင်။

တင်း!

"ဂုဏ်ပြုပါတယ်လက်ခံသူ။ သင် စည်းမျဉ်းကောင်းကင်အရှင် ဒုတိယအဆင့်:ဖရိုဖရဲမျှော်စင် ကိုးဆယ်ထပ်မှ ကိုးဆယ့်ကိုးထပ်ကို အလိုအလျောက် ရှင်းလင်းခဲ့ပါတယ်။ သင် အောင်မြင်စွာ ရှင်းလင်းခဲ့ပါတယ်။ သင် ဖရိုဖရဲနတ်ဘုရားအရှင်တစ်ပါးနှင့် အလယ်အလတ်အဆင့် တာအိုမူလအစ တစ်ဆယ်ထရီလီယန် ရရှိပါတယ်။"

အသိပေးချက်တစ်ခုပေါ်လာသည်။

ချီမင်က ခေါင်းညိတ်လိုက်သည်။

တာအိုသားရဲ:ဖရိုဖရဲနတ်ဘုရားအရှင်

အမည်ရင်း:မာရ

အဆင့်: စည်းမျဉ်းကောင်းကင်အရှင် နဝမအဆင့်။

တာအိုကောင်းကင်:ဖရိုဖရဲတာအိုကောင်းကင်။

ဖော်ပြချက်:စည်းမျဉ်းကောင်းကင်အရှင်ဒုတိယအဆင့်ဂိမ်းမြေအောက်စခန်း:ဖရိုဖရဲမျှော်စင်ကိုးဆယ်ထပ်မှကိုးဆယ့်ကိုးထပ်မှရရှိသော အထွတ်အထိပ်တာအိုသားရဲတစ်ကောင်ဖြစ်သည်။ စည်းမျဉ်းကောင်းကင်အရှင် နဝမအဆင့် စွမ်းအားကို ပိုင်ဆိုင်ထားပြီး ကောင်းကင်နှင့်မြေကြီးမဟာတာအို၏ စစ်မှန်ရည်ရွယ်ချက်တို့ကို နားလည်ထားပါသည်။ ၎င်းက အထက်ကမ္ဘာကောင်းကင်တာအိုနှင့် ပေါင်းစပ်ကာ မဟာတာအိုအံ့ဖွယ်စွမ်းအား:ဖရိုဖရဲကို ဖန်တီးခဲ့သည်။ထို့နောက် ဖရိုဖရဲတာအိုသစ်သီးကို သိပ်သည်းခဲ့ပြီး ဖရိုဖရဲတာအိုကောင်းကင်ကို တည်ဆောက်ခဲ့ပါ၏။ ဖရိုဖရဲကောင်းကင်တာအိုကိုပင် ဖန်တီးနိုင်ခဲ့ပြီး ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် နဝမအဆင့်ထိ ကြီးထွားနိုင်ပါသည်။

ဖရိုဖရဲနတ်ဘုရားအရှင်သည် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်အဆင့်၌ ဖရိုဖရဲမျှော်စင် ကိုးဆယ့်ကိုးထပ်တွင် ဖမ်းချုပ်ခံခဲ့ရခြင်းဖြစ်၏၊။ သူသည် တတိယလေဟာနယ်တိုက်ပွဲတွင် သေဆုံးခဲ့ခြင်းဖြစ်လေသည်။ သူသေသွားချိန်၌ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်နဝမအဆင့် ဖြစ်နေပြီဖြစ်ကာ အသေးစားဖရိုဖရဲမဟာတာအိုကို တည်ဆောက်ထားနိုင်ပြီဖြစ်သည်။

"ဖရိုဖရဲနတ်ဘုရားအရှင်"

ချီမင်၏ မျက်လုံးများသည် တောက်ပလာသည်။ သူ၏ မျက်နှာက ပျောက်ရွှင်မှုများဖြင့် ပြည့်နှက်နေ၏။ သူသည် စိတ်အခြေအနေ ပိုမိုကောင်းမွန်လာသည်။" ကောင်းတယ်။ ငါ အထွတ်အထိပ်တာအိုသားရဲတစ်ကောင် ရလိုက်တာပဲ။"

"တာအိုသားရဲတွေကို သာမန်တာအိုသားရဲ၊ ရှားပါးတာအိုသားရဲ၊ အထွတ်အထိပ်တာအိုသားရဲဆိုပြီး ခွဲခြားထားတယ်။ အထွတ်အထိပ်တာအိုသားရဲတွေက တာအိုသားရဲတွေကြားထဲမှာ အဆင့်မြင့်ဆုံးပဲ။ သူတို့ရဲ့ကြီးထွားနိုင်စွမ်းက ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်နဝမအဆင့်အထိပဲ။"

"တကယ်တော့ အဆင့်သုံးဆင့်ကြားထဲမှာ လက်ရွေးစင်တာအိုသားရဲဆိုပြီး ရှိသေးတယ်။ သူ့ရဲ့ကြီးထွားနှုန်းကလည်း အရမ်းကောင်းတယ်။ စည်းမျဉ်းကောင်းကင်အရှင် နဝမအဆင့်ထိ ကြီးထွားနိုင်တယ်။"

"သာမန်တာအိုသားရဲကတော့ အနိမ့်ဆုံးပဲ။ ဥပဒေသကောင်းကင်အရှင် နဝမအဆင့်ထိပဲ ကြီးထွားနိုင်တယ်။"

"ရှားပါးတာအိုသားရဲကတော့ ပိုပြီး ထူးခြားတယ်။ သူတို့ရဲ့ ကြီးထွားနှုန်းက အထွတ်အထိပ်တာအိုသားရဲ ထက် ပိုနိမ့်ပေမဲ့ လက်ရွေးစင်တာအိုသားရဲထက် မြင့်တယ်။ သူတို့က စည်းမျဉ်းကောင်းကင်အရှင် နဝမအဆင့်ထိ ကြီးထွားနိုင်တယ်။ မိုးမြေမဟာတာအိုရဲ့ စစ်မှန်ရည်ရွယ်ချက်တစ်စွန်းတစ်စကိုလည်း နားလည်ထားပြီး မဟာတာအိုအံ့ဖွယ်စွမ်းအားကိုလည်း ဖန်တီးနိုင်တယ်။"

"ဒါ့အပြင်.."

"အခွင့်အရေးသာရရင် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်တစ်ပါး ဖြစ်လာနိုင်တယ်။"

ချီမင်သည် အသက်ပြင်းပြင်းရှုကာ တည်ငြိမ်အောင်လုပ်လိုက်၏။ သူသည် လေးနက်သည့် အသံဖြင့် ပြော၏။" ဖရိုဖရဲနတ်ဘုရားအရှင်ရဲ့ ပုံပန်းသွင်ပြင်က ငါရဲ့ မျှော်လင့်ချက်ထက် ကျော်သွားတာပဲ။"

"ငါသာ ဖရိုဖရဲနတ်ဘုရားအရှင်ကို အပြည့်အဝကြီးထွားခွင့်ပေးလိုက်ရင် ငါတို့က အသင်္ချေကမ္ဘာများရဲ့ ထိပ်မှာ ရပ်တည်နိုင်လိမ့်မယ်။"

ပြောရမည်ဆိုလျှင်။

ကြီးထွားနိုင်စွမ်းသည် တာအိုသစ်သီးနှင့် ဆက်ဆိုင်နေ၏။

ချီမင်သည် မဟာတာအိုသစ်သီးကို စုပ်ယူခဲ့ပြီး ဖရိုဖရဲမိုးမြေမဟာတာအိုစာလုံးနှင့် ပေါင်းစပ်ထားခဲ့သည်။ သူသည် သူ၏ နားလည်မှုအားလုံးနှင့် အခွင့်အရေးများဖြင့် ပေါင်းစပ်ထားခြင်းဖြစ်သည်။

နောက်ဆုံးမှာတော့ သူသည် ကိုယ်ပိုင်တာအိုလမ်းစဉ်ကို လျှောက်လှမ်းခဲ့ပြီး ကမ္ဘာဦးတာအိုသစ်သီးကို သိပ်သည်းခဲ့ပါ၏။

ချီမင်၏ ကမ္ဘာဦးတာအိုသစ်သီးသည် အထွတ်အထိပ်တာအိုသစ်သီးဖြစ်ကာ အမြင့်ဆုံးအဆင့် ဖြစ်၏။

ပထမဆုံး တာအိုသစ်သီးများ၏ အဆင့်အကြောင်း ပြောရမည်။

တာအိုသစ်သီးများကို အဆင့်နိမ့်၊ အလယ်အလတ်အဆင့်၊ အဆင့်မြင့်၊ ကောင်းကင်တာအို၊ မဟာတာအိုနှင့် အထွတ်အထိပ်တာအိုသစ်သီး(မူလအစအဆင့်) ဟူ၍ ခွဲခြားထားသည်။

ကောင်းကင်တာအိုအဆင့်အောက်သည်တော့ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်ဖြစ်ရန် အခွင့်အရေး မရှိပေ။ သူတို့၏ အလားအလာက မလုံလောက်ပေ။ အဆင့်နိမ့်အဆင့် တာအိုသစ်သီးများသည် တာအိုကောင်းကင်ဖြစ်ရန် အရည်အချင်း မပြည့်မီပေ။

ကောင်းကင်တာအိုသစ်သီး။

အခွင့်အရေးသာရှိလျှင် သူသည် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်တစ်ပါး ဖြစ်လာနိုင်၏။ သို့သော်လည်း ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် နဝမအဆင့်ဖြစ်ဖို့ အင်မတန် ခက်ခဲပါသည်။

မဟာတာအိုသစ်သီး။

မဟာတာအိုသစ်သီးကိုတော့ မဟာတာအိုကျင့်ကြံသူများသာ သိပ်သည်းနိုင်ပါ၏။ ကောင်းကင်နှင့်မြေကြီးမဟာတာအို၏ ကာကွယ်ပေးမှုကြောင့် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်တစ်ပါးဖြစ်လာရန် မည်သည့် တစ်ဆို့မှုကိုမျှ ကြုံရမည် မဟုတ်ပေ။

တစ်ချိန်တည်းမှာ ဆက်တိုက်ကျင့်ကြံနေသရွေ ကိုယ်ပိုင်တာအိုကို တည်ဆောက်နိုင်ပြီး မိုးမြေကို နားလည်ဆင်ခြင်နေသရွေ့ သူသည် သေချာပေါက်ကို ထာဝရအထွတ်အထိပ်အရှင်နယ်ပယ်နဝမအဆင့် ဖြစ်လာပါမည်။

အထွတ်အထိပ်တာအိုသစ်သီး။

၎င်းက ချီမင် သိပ်သည်းထားသည့် ကမ္ဘာဦးတာအိုသစ်သီးအဆင့်ဖြစ်သည်။ ထို အဆင့်ကို မူလအစတာအိုသစ်သီးဟုလည်း ခေါ်သည်။ ၎င်းက အနာဂတ်တွင် မူလအစကမ္ဘာသို့ ဝင်နိုင်မည့် အခွင့်အရေး ရှိသည်။

သိသာစွာဖြင့် အထက်ကမ္ဘာကိုးကမ္ဘာအရှင်များ၏ တာအိုသစ်သီးများသည် အထွတ်အထိပ်တာအိုသစ်သီးများဖြစ်ပါသည်။

ပထမလေဟာနယ်ခေတ်ကာလမှ ယခုခေတ်ထိ အသင်္ချေကမ္ဘာများတွင် မရေမတွက်နိုင်သော ပါရမီရှင်များ မွေးဖွားလာကြသည်။ အချိန်မြစ်ရေစီးကြောင်းထဲတွင် မရေမတွက်နိုင်သော မျိုးနွယ်စုများ မွေးဖွားလာသည်။ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် မည်မျှ မွေးဖွားလာခဲ့ပြီး မည်မျှ သေဆုံးခဲ့သည်လည်းဆိုတာ မသိခဲ့ရပေ။

အဆုံးမဲ့နှစ်များတွင် အထက်ကမ္ဘာကိုးကမ္ဘာ၏ အရှင်များသည် အထွတ်အထိပ်တာအိုသစ်သီးကို သိပ်သည်းခဲ့ကြသည်။ ချီမင်သည် အထွတ်အထိပ်တာအိုသစ်သီးကို သိပ်သည်းနိုင်ခဲ့သည့် ဆယ်ယောက်မြောက် တည်ရှိမှုဖြစ်လာသည်။

ချီမင်၏ ဖြစ်တည်မှုသည် ဆယ်ကျော့မြောက် လေဟာနယ်ခေတ်ကာလ၏ မျှခြေကို ချိုးဖြတ်လိုက်ပြီဖြစ်သည်။

ဖရိုဖရဲမြူခိုးများ ပျံ့နှံ့လာသည်။

ဖရိုဖရဲနတ်ဘုရားအရှင်သည် ချီမင်၏ ရှေ့တွင် ရပ်လာသည်။ မြူခိုးများ လွင့်ပျံပြီးနောက်မှာ ထိုသူ၏ ပုံစံသည် ချီမင်၏ရှေ့တွင် ပေါ်လာ၏။

၎င်းက သာမန်ပုံစံဖြင့် လူငယ်လေးတစ်ဦးဖြစ်သည်။

သူ၏ မျက်ခုံးကြားတွင် ကြာပန်းစိမ်းပုံစံအမှတ်အသားတစ်ခု ရှိ၏။ ထိုအမှတ်အသားသည် ဖရိုဖရဲအရောင်ဖြစ်ကာ ပွင့်လွှာ သုံးဆယ့်ခြောက်ချပ်ရှိသည်။

"မာရက သခင့်ကို နှုတ်ဆက်ပါတယ်။" ဖရိုဖရဲနတ်ဘုရားအရှင်သည် ချီမင်ကို ဦးညွှတ်၏။

ချီမင်က ခေါင်းညိတ်သည်။" တာအိုသစ်သီးမူလအစ အမျှင်ကို လွှဲပေး။"

ဖရိုဖရဲနတ်ဘုရားအရှင်သည် မငြင်းပယ်ပေ။ အတွေးတစ်ချက်ဖြင့် ဖရိုဖရဲအလင်းမြူခိုးသည် ချီမင်၏လက်ထဲသို့ ကျရောက်လာသည်။

"အရမ်းကောင်းတယ်။”

တာအိုသစ်သီးအမူလအစသည် ချီမင်၏ ကမ္ဘာဦးတာအိုကောင်းကင်နှင့်ပေါင်းစပ်သွားတော့သည်။"မာရ မင်းရဲ့အလားအလာက အရမ်းမြင့်တယ်။ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်နဝမအဆင့်ထိ ရောက်နိုင်တယ်။ ဒီမတိုင်ခင်တော့ တာအိုသားရဲနေရာလွတ်ထဲမှာ ကျင့်ကြံနေ။ အချိန်တိုလေးအတွင်းမှာ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်ကို ပြန်ရအောင်လုပ်။"

ဖရိုဖရဲနတ်ဘုရားအရှင်သည် တည်ငြိမ်နေ၏။"သခင် အခု ဘယ်ခေတ်ရောက်နေလဲ။"

ချီမင်က ပြောလိုက်၏။" ခင်ဗျားက တတိယမြောက် လေဟာနယ်ခေတ်ကာလရဲ့ လေဟာနယ်တိုက်ပွဲထဲမှာ သေသွားခဲ့တာ။ အခုက ဆယ်ကျော့မြောက် လေဟာနယ်ခေတ်ကာလကို ရောက်နေပြီ။"

"ပြန်ဖြေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်။" မာရက ဦးညွှတ်လိုက်၏။

ဆယ်ကျော့မြောက် လေဟာနယ်ခေတ်ကာလအတွင်းမှာ လေဟာနယ်စကြာဝဠာအတွင်းပိုင်းကနေ လေဟာနယ်သားရဲတစ်ကောင် မွေးဖွားလာလိမ့်မည်။ သူက လေဟာနယ်ပင်လယ်ထဲက ထွက်လာပြီး အသင်္ချေကမ္ဘာများထဲသို့ ဝင်လာချိန်တွင် ကပ်ဘေးက ကျရောက်လာပေလိမ့်မည်။

မာရသည် ယခင်တုန်းက လေဟာနယ်သားရဲများကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့သည့် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်များထဲမှ တစ်ပါးဖြစ်သည်။

မာရသည် လေဟာနယ်သားရဲ၏ လက်ထဲတွင် သေသွားခဲ့ခြင်းဖြစ်သည်။

လေဟာနယ်သားရဲ။

လေဟာနယ်စကြဝဠာပင်လယ်၏ ကပ်ဘေးဒုက္ခဖြစ်ကာ အသင်္ချေကမ္ဘာတို့၏ ကပ်ဘေးဒုက္ခလည်းဖြစ်သည်။ မရေမတွက်နိုင်သော ခေတ်ကာလများ ကြာတိုင်း လေဟာနယ်သားရဲတစ်ကောင်မွေးဖွားလာပြီး အဆုံးမဲ့ ကပ်ဘေးနှင့် ပျက်စီးခြင်းတို့ကို ယူဆောင်လာခဲ့၏။

လေဟာနယ်သားရဲမွေးဖွားလာခြင်းသည် ပျက်စီးခြင်းကပ်ဖြစ်ပေါ်လာခြင်းပင်။

"သွားတော့"

"ငါ အလယ်အလတ်အဆင့် တာအိုမူလအစ သန်းတစ်သောင်းထည့်မယ်။" ချီမင်က ဆိုသည်။"ဖရိုဖရဲနတ်ဘုရားအရှင်:မာရကို အလိုအလျောက်ကျင့်ကြံမယ်။"

တင်း!

"ဖရိုဖရဲနတ်ဘုရားအရှင်:မာရကို အဆသန်းတစ်သောင်းမြှင့်တင်မှုအောက်တွင် ကျင့်ကြံနေပါတယ်။"

အသိပေးချက်တစ်ခုပေါ်လာသည်။

မာရ၏ ပုံရိပ်သည် ပျောက်ကွယ်သွားခဲ့ပြီး တာအိုသားရဲနေရာလွတ်ထဲသို့ ဝင်သွားတော့၏။

နောက်တော့ ချီမင်သည် သီးသန့်ကျင့်ကြံခြင်းထဲသို့ ဝင်သွား၏။

နှစ်(၉၀၀၀)ကြာသွား၏။

ချီမင်သည် စည်းမျဉ်းကောင်းကင်အရှင် ဒုတိယအဆင့် ဂိမ်းမြေအောက်စခန်းကို အကြိမ်ပေါင်းကိုးထောင် ရှင်းလင်းခဲ့ပြီး ဆုလဒ်များစွာ ရရှိထားသည်။ အဖိုးတန်ဆုံးကတော့ ဖရိုဖရဲကောင်းကင်တာအိုရတနာများဖြစ်သည်။

တင်း!

"ဂုဏ်ပြုပါတယ်လက်ခံသူ။ သင် အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်ကို အဆသန်းတစ်သောင်းမြှင့်တင်မှုအောက်တွင် နှစ်ကိုးထောင်ကြာ ကျင့်ကြံခဲ့ပါတယ်။ ၎င်းက နှစ်ပေါင်းကိုးဆယ်ထရီလီယန်နှင့်ညီမျှပါတယ်။"

…

တင်း!

"ဖရိုဖရဲမဟာတာအိုကျမ်း:ကောင်းကင်တာအိုကျမ်းကို အဆသန်းတစ်သောင်းမြှင့်တင်မှုအောက်တွင် နှစ်ကိုးဆယ်ထရီလီယန်ကြာ ကျင့်ကြံခဲ့ပါတယ်။၎င်းက ခေတ်ပေါင်းကိုးဆယ်ကြာဖြစ်ပါတယ်။ ကောင်းကင်နှင့်မြေကြီးမဟာတာအိုစစ်မှန်ရည်ရွယ်ချက်မူလအစတို့ကို နားလည်ကာ ကောင်းကင်နှင့်မြေကြီးမဟာတာအိုမူလအစစွမ်းအားနှင့်ပေါင်းစပ်ပြီး မဟာတာအိုမူလအစ အဆင့်သုံးသို့ တက်သွားပါပြီ။"

…

တင်း!

"ကမ္ဘာဦးတာအိုကောင်းကင်သည် ထပ်မံ အဆင့်တက်သွားပါပြီ။၎င်းက အဆင့်သုံးသို့ ရောက်သွားပါပြီ။ သင်သည် စည်းမျဉ်းကောင်းကင်အရှင် တတိယအဆင့်သို့ ရောက်ရှိသွားပါပြီ။"

All Chapters