← Chapters

ဆက်တိုက် အဆင့်တက်ခြင်း။ ထာဝရလေဟာနယ်ပင်လယ်။ မူလအစတာအိုသားရဲ။

Vol. 30 Ch. 445

ဆက်တိုက် အဆင့်တက်ခြင်း။ ထာဝရလေဟာနယ်ပင်လယ်။ မူလအစတာအိုသားရဲ။

Vol. 30 Ch. 445

ချီမင်က သူ့ခန္ဓာကိုယ်ထဲက ပြောင်းလဲမှုများကို သိသိသာသာ ခံစားလိုက်ရသည်။ မသိလိုက်စွာဖြင့် သူသည် ကောင်းကင်နှင့်မြေကြီးမဟာတာအို၏ အနှစ်သာရကို ထိတွေ့မိသွားခဲ့ပြီဖြစ်သည်။ သူ၏ ကမ္ဘာဦးမဟာတာအိုသည် ပိုပြီး သန်မာလာကာ ပိုပြီး ပြည့်စုံလာတော့လေသည်။

တစ်ချိန်တည်းမှာ ချီမင်၏ ကမ္ဘာဦးတာအိုကောင်းကင်သည် တဖြည်းဖြည်း ဆင့်ကဲပြောင်းလဲသွားကာ ပိုမိုကြီးမားလာသည့်အပြင် အရှိန်အဝါသည်လည်း လျင်မြန်စွာဖြင့် မြင့်တက်လာခဲ့သည်။ ထို့နောက် သူသည် အကန့်အသတ်ကို ချိုးဖြတ်ကာ အဆင့်တက်သွားတော့၏။

အချိန်ကုန်ဆုံးသွားသည်။

သိပ်မကြာခင်မှာ ချီမင်သည် စည်းမျဉ်းကောင်းကင်အရှင် တတိယအဆင့်သို့ ရောက်သွားတော့သည်။ ထိုအခိုက် ကမ္ဘာဦးမဟာတာအိုကျမ်းသည် အဆက်မပြတ် လည်ပတ်လာကာ ချီမင်၏ အင်အားသည် ရှင်းလင်းစွာ မြင့်တက်သွား၏။

"ငါ အဆင့်တက်သွားပြီ။"

ချီမင်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာသည်။" ငါ နှစ်ကိုးထောင်ကြာ သီးသန့်ကျင့်ပြီးမှပဲ ထပ်ပြီး အဆင့်တက်တော့တယ်။ အခုမှ စည်းမျဉ်းကောင်းကင်အရှင် တတိယအဆင့် ရောက်တယ်။ ဒီအဆင့်တက်နှုန်းအရဆို နတ်ဆိုးကမ္ဘာစုဝေးပွဲ ပြီးခါနီးဆို သေချာပေါက် စည်းမျဉ်းကောင်းကင်အရှင် နဝမအဆင့်ကို ရောက်လောက်တယ်။"

တင်း!

"ဂုဏ်ပြုပါတယ်လက်ခံသူ။ သင်၏ ကိုယ်ပိုင်တာအိုရတနာ:ဖရိုဖရဲမဟာတာအိုဓားကြာပွင့်ကို ထပ်မံသန့်စင်နိုင်ခဲ့ပါတယ်။ ၎င်းက ရတနာမျိုးစုံနှင့် ကမ္ဘာဦးမဟာတာအိုစစ်မှန်ရည်ရွယ်ချက်တို့ဖြင့် ပေါင်းစပ်သွားခဲ့ပါတယ်။ ကိုယ်ပိုင်ဥပဒေသတာအိုရတနာ အဆင့်ကိုးမှ ကိုယ်ပိုင်စည်းမျဉ်းတာအိုရတနာ အဆင့်တစ်သို့ တက်သွားပါပြီ။ ဖရိုဖရဲမဟာတာအိုဓားကြာပွင့်က ကမ္ဘာဦးမဟာတာအိုဓားကြာပန်းဖြစ်လာပါတယ်။"

…

တင်း!

"ဂုဏ်ပြုပါတယ်လက်ခံသူ။ သင်၏ ကိုယ်ပိုင်တာအိုရတနာ:ဖရိုဖရဲကမ္ဘာဖျက်ဓားကို ထပ်မံသန့်စင်နိုင်ခဲ့ပါတယ်။ ၎င်းက ရတနာမျိုးစုံနှင့် ကမ္ဘာဦးမဟာတာအိုစစ်မှန်ရည်ရွယ်ချက်တို့ဖြင့် ပေါင်းစပ်သွားခဲ့ပါတယ်။ ကိုယ်ပိုင်ဥပဒေသတာအိုရတနာ အဆင့်ကိုးမှ ကိုယ်ပိုင်စည်းမျဉ်းတာအိုရတနာ အဆင့်တစ်သို့ တက်သွားပါပြီ။ ဖရိုဖရဲကမ္ဘာဖျက်ဓားက ကမ္ဘာဦးလောကဖျက်ဓားဖြစ်သွားပါတယ်။"

…

တင်း!

"ဂုဏ်ပြုပါတယ်လက်ခံသူ။ သင့်ရဲ့ ကိုယ်ပိုင်တာအိုရတနာ:ဖရိုဖရဲပုကျုံးတောင်ကို ထပ်မံသန့်စင်နိုင်ခဲ့ပါတယ်။ ၎င်းက ရတနာမျိုးစုံနှင့် ကမ္ဘာဦးမဟာတာအိုစစ်မှန်ရည်ရွယ်ချက်တို့ဖြင့် ပေါင်းစပ်သွားခဲ့ပါတယ်။ ကိုယ်ပိုင်ဥပဒေသတာအိုရတနာ အဆင့်ကိုးမှ ကိုယ်ပိုင်စည်းမျဉ်းတာအိုရတနာ အဆင့်တစ်သို့ တက်သွားပါပြီ။ ဖရိုဖရဲပုကျုံးတောင်က ကမ္ဘာဦးပုကျုံးတောင် ဖြစ်သွားပါပြီ။"

…

ချီမင်သည် အသိပေးချက်သုံးခုကို ရလိုက်သည်။

"ကိုယ်ပိုင်တာအိုရတနာများကို အပြည့်အဝ သန့်စင်ပြီးသွားပါပြီ။"

ချီမင်သည် စိတ်ကျေနပ်စွာ ခေါင်းညိတ်၏။"မဆိုးဘူး။ မဆိုးဘူး။ အခု ငါ့ရဲ့ ကိုယ်ပိုင်တာအိုရတနာတွေ အားလုံးကို သန့်စင်ပြီးသွားပြီဆိုတော့ ငါ့ခွန်အားက ထပ်တိုးသွားပြီ။"

အတွေးတစ်ချက်ဖြင့် ချီမင်၏ကိုယ်ထဲမှ အလင်းစီးကြောင်းသုံးကြောင်း ထွက်လာတော့၏။ ကိုယ်ပိုင်တာအိုရတနာသုံးခုလုံးကို သန့်စင်ပြီးစီးသွားခဲ့သည့်အတွက် သူ၏ တစ်ကိုယ်လုံးကို သိပ်သည်းသည့် ကမ္ဘာဦးတာအိုအလင်းများဖြင့် ဖုံးအုပ်သွားတော့သည်။

"ပေါင်းစပ်"

ချီမင်သည် သူ၏ ညာဘက်လက်ကို ထုတ်ကာ ညွှန်ပြလိုက်သည့်အခါ ကိုယ်ပိုင်တာအိုရတနာသုံးခုသည် စုစည်းသွားတော့လေသည်။ ကမ္ဘာဦးမဟာတာအိုသည် လှုပ်ခါသွားကကာ ၎င်းတို့နှင့် ပေါင်းစပ်သွားတော့၏။ ကမ္ဘာဦးမဟာပုဆိန်ကြီး ပေါ်ပေါက်လာခဲ့ပြီး သူ၏ စွမ်းအားက သဘာဝအတိုင်း တိုးတက်သွားသည်။

"ကောင်းတယ်၊ကောင်းတယ်၊ကောင်းတယ်" ချီမင်သည် ပြုံးလိုက်၏။

သူသည် ကိုယ်ပိုင်တာအိုရတနာများကို ခန္ဓာကိုယ်ထဲသို့ ပြန်ထည့်လိုက်တော့၏။

နောက်ထပ်တစ်နှစ်ကြာသွားတော့သည်။

ချီမင်သည် သူ၏ အဆင့်ကို တည်ငြိမ်အောင် လုပ်ပြီးသွားခဲ့ပါ၏။

တင်း!

"ဂုဏ်ပြုပါတယ်လက်ခံသူ။ သင် စည်းမျဉ်းကောင်းကင်အရှင် တတိယအဆင် သို့ ရောက်သွားပါပြီ။ စည်းမျဉ်းကောင်းကင်အရှင် ဒုတိယအဆင့် ဂိမ်းမြေအောက်စခန်းကို ရှင်းလင်းရာမှ ရရှိမည့် ဆုလဒ်များ လျော့ကျသွားပါပြီ။ သင် အလယ်အလတ်အဆင့် တာအိုမူလအစ သန်းတစ်သိန်းထည့်ပြီး ဂိမ်းမြေအောက်စခန်းအသစ်ကို ဖွင့်နိုင်ပါတယ်။"

အသိပေးချက်တစ်ခု တက်လာသည်။

ချီမင်က ခေါင်းညိတ်လိုက်သည်။ " ငါ အလယ်အလတ်အဆင့် တာအိုမူလအစ သန်းတစ်သိန်းထည့်ပြီး ဂိမ်းမြေအောက်စခန်းအသစ်ကို အသက်သွင်းမယ်။"

တင်း!

"ဖြည့်သွင်းခြင်း အောင်မြင်ပါတယ်။"

" စည်းမျဉ်းကောင်းကင်အရှင် တတိယအဆင့် ဂိမ်းမြေအောက်စခန်း:ထာဝရလေဟာနယ်ပင်လယ်၏ ပထမထပ်မှ ကိုးထပ်ကို အောင်မြင်စွာ အသက်သွင်းနိုင်ခဲ့ပါတယ်။"

"သင် ဝင်ရောက်နိုင်ပါပြီ။"

အသိပေးချက်တစ်ခုပေါ်လာသည်။

"ထာဝရလေဟာနယ်ပင်လယ်။" ချီမင်သည် ခဏမျှ တွေးကာ ဆိုသည်။ "ဘယ်လို နေရာမျိုးလဲ မသိဘူး။ ဝင်ရောက်မယ်။"

ချီမင်သည် သူ၏ အသိစိတ်ကို ခွဲထုတ်လိုက်သည်။ အလိုအလျောက်ကျင့်ကြံခြင်းစနစ်၏ အကူအညီဖြင့် သူသည် အဆုံးမဲ့ အကွာအဝေးကို ဖြတ်ကျော်ကာ ထာဝရလေဟာနယ်ပင်လယ်ထဲသို့ ဝင်သွားတော့သည်။

ဂိမ်းမြင်ကွင်းပေါ်လာသည်။

တစ်ချိန်တည်းမှာ ထာဝရလေဟာနယ်ပင်လယ်နှင့်ပတ်သက်သော သတင်းအချက်အလက်များစွာသည် ချီမင်၏ စိတ်ထဲသို့ တိုးဝင်လာသောကြောင့် သူသည် အကြမ်းဖျဉ်းနားလည်သွားတော့သည်။

ထာဝရလေဟာနယ်ပင်လယ်သည် လေဟာနယ်ထဲတွင်တည်ရှိကာ ဖော်ပြန်ရန် မစွမ်းသာသည့် နေရာဖြစ်၏။ ထာဝရလေဟာနယ်ပင်လယ်မွေးဖွားလာသည့် အချိန်တည်းက ထာဝရလေဟာနယ်ပင်လယ် တည်ရှိလာတာဖြစ်သည်။

ထာဝရလေဟာနယ်ပင်လယ်သည် လေဟာနယ်စကြဝဠာပင်လယ်၏ အတွင်းဆုံး အနက်ရှိုင်းဆုံးအပိုင်းတွင် တည်ရှိ၏။ ထာဝရအထွတ်အထိပ်အရှင်နယ်ပယ်သို့ရောက်နေသော သူများသည်သာ အသိစိတ်ကို ခွဲထုတ်ပြီး အခွင့်အရေးများ ရှာဖွေရန် ဝင်ရောက်နိုင်သည်။

လေဟာနယ်သားရဲများသည် ထာဝရလေဟာနယ်ပင်လယ်ထဲတွင် မွေးဖွားလာသည်ဟူသော ဒဏ္ဍာရီများလည်း ရှိသည်။

ပိုပြီးအတိအကျဆိုသော် လောကကြီးမှ အရာအားလုံးသည် ယင်ယန် မျှခြေညီ၏။

ကြေးမုံတစ်ချပ်သဖွယ်ပေ။ အရှေ့ရှိသလို အနောက်လည်း ရှိသည်။ အစရှိသလို အဆုံးလည်း ရှိသည်။

ထာဝရလေဟာနယ်ပင်လယ်သည် တကယ်တော့ လေဟာနယ်စကြဝဠာပင်လယ်၏ ဆန့်ကျင်ဘက်ဖြစ်သည်။ ထာဝရလေဟာနယ်ပင်လယ်တွင် ကိုးဆယ့်ကိုးလွှာ ရှိသည်။ အလွှာတိုင်းတွင် ကြောက်မက်ဖွယ်ကောင်းသော လေဟာနယ်သားရဲများစွာ ရှိပါသည်။

အားအနည်းဆုံးသည်ပင် ဥပဒေသကောင်းကင်အရှင် ဖြစ်လေသည်။

ချီမင်သည် မတူညီသည့် ဂိမ်းဇာတ်ကောင်နှစ်မျိုးကို ရွေးချယ်နိုင်၏။ ပထမတစ်မျိုးသည် လေဟာနယ်သားရဲအမဲလိုက်သူဖြစ်သည်။ သူသည် လေဟာနယ်သားရဲများကို အမဲလိုက် သတ်ဖြတ်သူဖြစ်လေသည်။

ဒုတိယတစ်မျိုးသည် လေဟာနယ်သားရဲသခင်ဖြစ်သည်။ ၎င်းသည်တော့ လေဟာနယ်သားရဲများကို ထိန်းချုပ်ကျွန်ပြုသူဖြစ်၏။

ချီမင်သည် မတုံ့မဆိုင်းပင် ပထမတစ်မျိုး လေဟာနယ်သားရဲအမဲလိုက်သူကို ရွေးလိုက်သည်။

ထိုအခိုက် ချီမင်သည် လေဟာနယ်သားရဲဟိန်းဟောက်သံများကို ကြားလိုက်ရပါ၏။ အဆုံးမဲ့ အမှောင်ထုတွင် မယှဉ်သာလောက်အောင် ကြီးမားသော သားရဲများ ထွက်ပေါ်လာသည်။ ၎င်းတို့က ကြောက်မက်ဖွယ်ကောင်းကာ ဆိုးယုတ်သည့် မိစ္ဆာနွယ်ဖွားများပင်။

တစ်ချိန်တည်းမှာ လေဟာနယ်သားရဲတိုင်းသည် အတော်လေးကြီးမားလှသည်။ အသေးဆုံးပင် ကြယ်တာရာမျှ ရှိ၏။ ထို ကြီးမားသည့် လေဟာနယ်မိစ္ဆာများသည် နဂါးငွေ့တန်းများသဖွယ် ခမ်းနားထည်ဝါလှ၏။ ၎င်းတို့၏ ကြီးမားသော ပါးစပ်ကြီးများက ဂြိုဟ်များကိုပင် ဝါးမျိုနိုင်သည်။

ထိုမြင်ကွင်းသည် အတော်လေး ကြောက်မက်ဖွယ်ကောင်းပါသည်။

"တိုက်ကြ။"

ချီမင်၏ ဂိမ်းဇာတ်ကောင် မူလအစသားရဲအမဲလိုက်သူသည် ကြောက်မက်ဖွယ်ရာ ဟိန်းဟောက်သံများကို ကြားလိုက်ရပါ၏။ အံ့ဖွယ်စွမ်းအားတာအိုနည်းစနစ်တို့သည် ထွက်ပေါ်လာပြီး ပြင်းထန်သည့် တိုက်ပွဲ ဖြစ်ပေါ်လာ၏။

ချီမင်၏ အသိစိတ်တစ်မျှင်သည် ဂိမ်းဇာတ်ကောင်းထဲသို့ ဝင်သွားတော့၏။ သူသည် မူလအစသားရဲအမဲလိုက်သူဖြစ်သွားသည်။ ဖရိုဖရဲမဟာပုဆိန်ကို ကိုင်ဆွဲရင်း ကမ္ဘာဦးမဟာတာအိုကို ဝန်းရံကာ လေဟာနယ်သားရဲတို့ကို စီတန်း သတ်ဖြတ်တော့၏။

သူ ဂိမ်းမြေအောက်စခန်းကို ရှင်းလင်းချင်ပါက ထာဝရလေဟာနယ်ပင်လယ်၏ ပထမထပ်မှ ကိုးထပ်မြောက်ထိ ရှိသော မူလအစသားရဲများကို သတ်ဖြတ်ဖို့ လိုသည်။ သူသည် ၎င်းတို့အားလုံးကို သတ်ဖြတ်ပြီးမှသာ ဂိမ်းကို ရှင်းလင်းအပြီးသတ်နိုင်မှာ ဖြစ်သည်။

ချီမင်သည် အချိန်ခဏကြာ လေ့လာပြီးနောက် ဂိမ်းမျက်နှာပြင်ကို ပိတ်၏။ သူသည် အာရုံစိုက်မနေတော့ပေ။ ယခု သူ အလိုအလျောက်ကျင့်ကြံပြီး ဂိမ်းများကို ရှင်းလင်းရုံပင်။ အချိန်ကျလာရင် သူက ဂိမ်းဆုလဒ်ကို ယူလိုက်ရုံသာ ရှိ၏။ သူတွင် တကူးတက အာရုံစိုက်ထားနေစရာမလိုပေ။

ဆယ်နှစ်ကြာသွားသည်။

ဂိမ်းမြေအောက်စခန်းကို ဆယ်နှစ်ကြာ အလိုအလျောက်ကျင့်ကြံပြီးနောက် ချီမင်သည် သက်ဆိုင်ရာ အသိပေးချက်များ ရခဲ့ပါ၏။

တင်း!

"ဂုဏ်ပြုပါတယ်လက်ခံသူ။ သင် စည်းမျဉ်းကောင်းကင်အရှင်တတိယအဆင့် ဂိမ်းမြေအောက်စခန်း:ထာဝရလေဟာနယ်ပင်လယ်ပထမထပ်မှ နဝမထပ်ကို အောင်မြင်စွာ ရှင်းလင်းနိုင်ခဲ့ပါတယ်။ သင် အောင်မြင်စွာ ရှင်းလင်းခဲ့ပါတယ်။ သင် မူလအစသားရဲတွင်းနက်နှင့် အလယ်အလတ်အဆင့် တာအိုမူလအစ တစ်ရာထရီလီယန် ရရှိပါတယ်။"

အသိပေးချက်တစ်ခုပေါ်လာသည်။

"မူလအစသားရဲ။" ချီမင်သည် ခဏမျှ တွေးတောကာ အချက်အလက်များကို လျင်မြန်စွာ စစ်ဆေးလိုက်၏။

တာအိုသားရဲ:မူလအစသားရဲတွင်းနက်။

အမည်:မရှိ။

အဆင့်:ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်ပထမအဆင့်။

မူလအစတာအို:ဝါးမျိုခြင်း။

ဖော်ပြချက်: စည်းမျဉ်းကောင်းကင်အရှင် တတိယအဆင့် ဂိမ်းမြေအောက်စခန်းမှ ရရှိသော မူလအစတာအိုသားရဲဖြစ်သည်။ ၎င်း၏ အင်အားသည် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် ပထမအဆင့် ရှိသည်။ ထပ်မံ မတိုးတက်နိုင်ပါ။ ဝါးမျိုခြင်း မူလအစတာအိုကို နားလည်ထားပြီး လောကထဲက အရာအားလုံးကို ဝါးမျိုနိုင်သည်။ ကောင်းကင်တာအိုကိုပင် ဝါးမျိုနိုင်သည်။

ထာဝရလေဟာနယ်ပင်လယ်ထဲမှ အထူးမျိုးစိတ်ဖြစ်သည်။

"ဒါက.."

ချီမင်က ဆိုသည်။"ငါ ဒီလို တာအိုသားရဲတစ်ကောင် ရမယ် မထင်ထားဘူး။ ဒါက ထာဝရလေဟာနယ်ပင်လယ်ထဲက အထူးမျိုးစိတ်ဖြစ်တဲ့ မူလအစသားရဲပဲ။ အင်အားက ပုံသေဆိုပေမဲ့ မဆိုးပါဘူးလေ။ ဘာပဲဖြစ်ဖြစ် ထာဝရအထွတ်အထိပ်အရှင်နယ်ပယ်ပထမအဆင့်ပဲ။"

အချိန်ကုန်ဆုံးသွားသည်။

နွေဦးကုန်ဆုံးသွားပြီး ဆောင်းဦးရောက်ရှိလာခဲ့၏။

မသိလိုက်စွာဖြင့် နောက်ထပ် နှစ်ကိုးထောင် ကုန်လွန်သွားပြန်သည်။ ချီမင်သည် တံခါးပိတ်ကျင့်ကြံနေခဲ့၏။ သူသည် အပြင်ကမ္ဘာတွင် ဖြစ်ပျက်နေသည်များကို မသိသလို စိတ်လည်း မဝင်စားပေ။

ကိုးကမ္ဘာတွင် တိုက်ပွဲများသည် နှစ်ကိုးထောင်အတွင်း ဖြစ်ပွားခဲ့၏။ မရေမတွက်နိုင်သော နှစ်များကြာ တည်ရှိခဲ့သော ဆန်းကြယ်နယ်ပယ်ဖြစ်သည့် ထာဝရအထွတ်အထိပ်ဖုံးကွယ်ရတနာအိမ် ပွင့်လာခဲ့ပြီး လူအပေါင်း၏ အာရုံကို ဖမ်းစားသွားသည်။

ထာဝရအထွတ်အထိပ်ဖုံးကွယ်ရတနာအိမ်ကြောင့် မနှိုင်းယှဉ်နိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော စစ်ပွဲများ ဖြစ်ပွားခဲ့၏။ မရေမတွက်နိုင်သော သက်ရှိများ သေကြေပျက်စီးခဲ့ပြီး ကောင်းကင်အရှင်များစွာ သေဆုံးခဲ့လေသည်။

တစ်ချိန်တည်းမှာ ချီမင်မှလွဲ၍ အခြားသော မဟာတာအိုကျင့်ကြံသူ ရှစ်ဦးသည် နေရာအနှံ့တွင် တိုက်ခိုက်ခဲ့ကာ ထာဝရအထွတ်အထိပ်ဖုံးကွယ်ရတနာအိမ်ထဲသို့ အလျှိုလျှို ဝင်သွားခဲ့ကြသည်။ သူတို့သည် ရတနာများစွာ ရရှိခဲ့သည့်အတွက် သူတို့၏ ကျင့်ကြံခြင်းအဆင့်များ တိုးမြှင့်သွားခဲ့၏။

သူတို့သည်လည်း နတ်ဆိုးတိုကင်များ စုဆောင်းမိခဲ့သည်။

ယနေ့မှာတော့။

တင်း!

"ဂုဏ်ပြုပါတယ်လက်ခံသူ။ သင် အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်ကို အဆသန်းတစ်သောင်းမြှင့်တင်မှုအောက်တွင် နှစ်ကိုးထောင်ကြာ ကျင့်ကြံခဲ့ပါတယ်။ ၎င်းက နှစ်ပေါင်းကိုးဆယ်ထရီလီယန်နှင့်ညီမျှပါတယ်။"

…

တင်း!

"ဖရိုဖရဲမဟာတာအိုကျမ်း:ကောင်းကင်တာအိုကျမ်းကို အဆသန်းတစ်သောင်းမြှင့်တင်မှုအောက်တွင် နှစ်ကိုးထရီလီယန်ကြာ ကျင့်ကြံခဲ့ပါတယ်။ ၎င်းက ခေတ်ပေါင်းကိုးဆယ်ကြာဖြစ်ပါတယ်။ ကောင်းကင်နှင့်မြေကြီးမဟာတာအိုစစ်မှန်ရည်ရွယ်ချက်မူလအစတို့ကို နားလည်ကာ ကောင်းကင်နှင့်မြေကြီးမဟာတာအိုမူလအစစွမ်းအားနှင့်ပေါင်းစပ်ပြီး မဟာတာအိုမူလအစ အဆင့်လေးသို့ တက်သွားပါပြီ။"

…

တင်း!

"ကမ္ဘာဦးတာအိုကောင်းကင်သည် ထပ်မံ အဆင့်တက်သွားပါပြီ။၎င်းက အဆင့်လေးသို့ ရောက်သွားပါပြီ။ သင်သည် စည်းမျဉ်းကောင်းကင်အရှင် စတုတ္ထအဆင့်သို့ ရောက်ရှိသွားပါပြီ။"

…

တစ်ချိန်တည်းမှာ ချီမင်သည် သူ၏ ကိုယ်ပိုင်ရတနာသုံးခုကို ထပ်မံသန့်စင်ပြီးသွားခဲ့သည်။ ကမ္ဘာဦးမဟာတာအိုဓားကြာပန်း၊ ကမ္ဘာဦးလောကဖျက်ဓားနှင့် ကမ္ဘာဦးပုကျုံးတောင်တို့အားလုံးသည် ကိုယ်ပိုင်တာအိုရတနာအဆင့်နှစ်သို့ ရောက်သွားပါပြီ။

၎င်းတို့၏ အင်အားသည် ကြီးမားစွာ တိုးတက်သွား၏။

တစ်နှစ်ကြာပြီးနောက် ချီမင်သည် သူ၏ ကျင့်ကြံခြင်းကို အခြေခိုင်အောင် လုပ်လိုက်သည်။

ထို့နောက်တွင် သူသည် အလယ်အလတ်အဆင့် တာအိုမူလအစ တစ်ထရီလီယန်ကို ထည့်သွင်းခဲ့ပြီး စည်းမျဉ်းကောင်းကင်အရှင် စတုတ္ထအဆင့် ဂိမ်းမြေအောက်စခန်း:ထာဝရလေဟာနယ်ပင်လယ် ဆယ်ထပ်မြောက်မှ ဆယ့်ကိုးထပ်မြောက်ကို အသက်သွင်းခဲ့သည်။

ဆယ်နှစ်ကြာသွားခဲ့သည်။

ချီမင်သည် စည်းမျဉ်းကောင်းကင်အရှင် စတုတ္ထအဆင့် ဂိမ်းမြေအောက်စခန်းကို တစ်ကြိမ် ရှင်းလင်းခဲ့၏။ သူသည် မူလအစတာအိုသားရဲ: မူလအစဖျက်ဆီးခြင်းနှင့် အလယ်အလတ်အဆင့် တာအိုမူလအစ တစ်ထရီလီယန်ကို ရရှိခဲ့လေသည်။

မူလအစဖျက်ဆီးခြင်းသည် ဖျက်ဆီးခြင်းမူလအစကို နားလည်ထားခဲ့သည်။ ၎င်းသည် အင်မတန် စွမ်းအားကြီးသည့် တိုက်ပွဲဝင်စွမ်းအားကို ပိုင်ဆိုင်ထားပြီး အရာအားလုံးကို ဖျက်ဆီးပစ်ခဲ့၏။ ၎င်းက ကောင်းကင်တာအိုကိုပင် ဖျက်ဆီးနိုင်သည့်အပြင် ကျင့်ကြံခြင်းအဆင့်သည် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင် ဒုတိယအဆင့်ဖြစ်သည်။ သူသည်လည်း ထပ်မံ မတိုးတက်နိုင်ပေ။

မသိလိုက်စွာဖြင့် နောက်ထပ် နှစ်ကိုးထောင် ကုန်လွန်သွားပြန်သည်။

ချီမင်သည် ခန်းမတွင် သီးသန့်ကျင့်ကြံနေခဲ့သည်။ သူသည် မည်သည်ကိုမျှ ဂရုမစိုက်ဘဲ ကျင့်ကြံခြင်း၌ အပြည့်အဝ နစ်မြုပ်နေခဲ့သည်။ သူသည် အလိုအလျောက်ကျင့်ကြံခြင်းစနစ်မှ အသိပေးချက်ကို ရခဲ့ပြီး သူ၏ ကျင့်ကြံသည် ထပ်မံ ချိုးဖြတ်သွားတော့သည်။

အဆင့်တက်ပြီးနောက်တွင် သူသည် စည်းမျဉ်းကောင်းကင်အရှင် ပဉ္စမအဆင့်သို့ ရောက်သွားပါတော့သည်။

All Chapters