← Chapters

နတ်ဆိုးကမ္ဘာစုဝေးပွဲကို စတင်ခြင်း

Vol. 30 Ch. 437

နတ်ဆိုးကမ္ဘာစုဝေးပွဲကို စတင်ခြင်း

Vol. 30 Ch. 437

ချီမင်သည် ဖြည်းညှင်းစွာဖြင့် ညာဘက်လက်ကို ဖြန့်လိုက်၏။ ခရမ်းစိမ်းရောင်အလင်းတန်းများသည် သူ၏လက်ဖဝါးပေါ်တွင် စုစည်းလာသည်။ ၎င်းက သလင်းကျောက်ပမာ ကြည့်လင်လှသည့် အစိမ်းရောင်ပုလဲတစ်လုံးပင်။

၎င်းက ထာဝရတာအိုပုလဲပင်။

ထာဝရတာအိုပုလဲကို သေချာကြည့်လိုက်လျှင် ၎င်းအထဲတွင် အဆုံးမဲ့ကမ္ဘာပေါင်းများစွာ ဖျက်ဆီးခံထားရသည့် မြင်ကွင်းများ ပုံဖော်နေသည့်အလားပင်။ သို့သော်လည်း ၎င်းတို့တွင် ထာဝရစစ်မှန်ရည်ရွယ်ချက်များလည်း ပါဝင်နေသည်။ စည်းမျဉ်းတို့သည်လည်း ရောယှက်နေလေသည်။ ချီမင်သည် ထာဝရတာအိုပုလဲကို အပြည့်အဝ သန့်စင်ပြီးသွားတော့သည်။

"ဒီ ထာဝရတာအိုပုလဲရယ် ငါ ဥပဒေသကောင်းကင်အရှင် နဝမအဆင့်ကို ရောက်နေတာရယ် မဟာတာအိုအံ့ဖွယ်စွမ်းအားတော်တော်များများကို အဆင့်မြင့်ဆုံးအဆင့် နက်နဲခြင်းအဆင့် ထိလည်း ကျင့်ကြံထားတယ်။"

ချီမင်သည် ခဏမျှ စဉ်းစားကာ ဆိုသည်။" ဒါတွေနဲ့ဆိုရင် ငါစည်းမျဉ်းကောင်းကင်အရှင်အဆင့်နဲ့ ရင်ဆိုင်ရရင်တောင် အနိုင်ယူနိုင်တယ်။ သတ်တောင်သတ်နိုင်ဦးမှာ။"

သူက ထာဝရတာအိုပုလဲကို ခန္ဓာကိုယ်ထဲသို့ မထည့်ခင် ခဏမျှ ရပ်တန့်သွားပြီး အသက်ပြင်းပြင်းရှုလိုက်သည်။" ဒီလိုဆို ငါ နတ်ဆိုးကမ္ဘာစုဝေးပွဲမှာ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ပြီ။"

"ပြီးတော့ ငါ့မှာ တာအိုသားရဲ နှစ်ကောင်လည်း ရှိသေးတယ်။"

"သခင်"

"သခင့်ကို အရိုအသေပြုပါတယ်။"

နီဗားနားနတ်ဆိုးအရှင်နှင့် ကမ္မဗုဒ္ဓတို့သည် ချီမင်ရှေ့တွင် ပေါ်လာတော့သည်။ သူတို့က ဦးညွှတ်လိုက်တော့လေသည်။ ထိုတာအိုသားရဲ နှစ်ကောင်လုံးသည် စည်းမျဉ်းကောင်းကင်အရှင် နဝမအဆင့်သို့ ရောက်နေပြီ ဖြစ်သည်။

တာအိုသားရဲ:နီဗားနားနတ်ဆိုးအရှင်။

အမည်ရင်း:အသင်္ချေတောင်။

အဆင့်: စည်းမျဉ်းကောင်းကင်အရှင် နဝမအဆင့်။

တာအိုကောင်းကင်: နီဗားနားတာအိုကောင်းကင်။

ဖော်ပြချက်:ဥပဒေသကောင်းကင်အရှင်စတုတ္ထအဆင့်ဂိမ်းမြေအောက်စခန်း:ဖရိုဖရဲမျှော်စင်နှစ်ဆယ်ထပ်မှနှစ်ဆယ့်ကိုးထပ်မှရရှိသော ရှားပါးတာအိုသားရဲတစ်ကောင်ဖြစ်သည်။ စည်းမျဉ်းကောင်းကင်အရှင် အဆင့်ကိုးသာ ဖြစ်သော်လည်း ကောင်းကင်နှင့်မြေကြီးမဟာတာအို၏ စစ်မှန်ရည်ရွယ်ချက် အနည်းငယ်ကို ထိတွေ့မိသွားခဲ့ပြီဖြစ်သည့်အပြင် အထက်ကမ္ဘာကောင်းကင်တာအိုကို နားလည်ဆင်ခြင်ထားပြီး နီဗားနားတာအိုသစ်သီးကို သိပ်သည်းထား၏။ နီဗားနားကောင်းကင်တာအိုအဖြစ် ဆင့်ကဲပြောင်းလဲထားကာ မဟာတာအိုအံ့ဖွယ်စွမ်းအား: မဟာနီဗားနားနည်းစနစ်ကို ဖန်တီးထားသည်။ထို့အပြင် တာအိုကောင်းကင်အဖြစ် ဆင့်ကဲတိုးတက်ဖို့ အလားအလာရှိပြီး စည်းမျဉ်းကောင်းကင်အရှင်နဝမအဆင့်ထိကြီးထွားနိုင်သည်။

နီဗားနားနတ်ဆိုးအရှင်သည် ဖရိုဖရဲနတ်ဆိုးမျှော်စင် နှစ်ဆယ့်ကိုးထပ်တွင် ချုပ်နှောင်ခံထားရသော ကောင်းကင်အရှင်ဖြစ်ပြီး နတ်ဆိုးကမ္ဘာစစ်ပွဲတွင် သေဆုံးခဲ့ခြင်းဖြစ်လေသည်။ သူသေသွားသည့်အခါ၌ သူ့တွင် စည်းမျဉ်းကောင်းကင်အရှင်နဝမအဆင့်၏ ခွန်အားမျိုးရှိနေခဲ့ပြီဖြစ်သည်။

နီဗားနားနတ်ဆိုးအရှင်သည် အားမနည်းသလို သူ၏ အဆင့်သည်လည်း မနိမ့်ပေ။ ချီမင်သည် သူ့ကို ကျွန်ပြုပြီးနောက်၌ သူ၏ တာအိုသားရဲဖြစ်လာခဲ့သည်။ ထိုအချိန်တွင် သူက ဥပဒေသကောင်းကင်အရှင် သတ္တမအဆင့်သာ ရှိတော့သည်။

ယခုတော့ နီဗားနားနတ်ဆိုးအရှင်သည် အဆသန်းတစ်သိန်းမြှင့်တင်မှုအောက်တွင် ကြီးထွားလာခဲ့ပြီဖြစ်သည်။ ချီမင်သည် အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်တွင် သုံးနှစ်တာ ကျင့်ကြံခဲ့၏။ ထို့ကြောင့် နီဗားနားနတ်ဆိုးအရှင်သည် စည်းမျဉ်းကောင်းကင်အရှင် နဝမအဆင့်ထိ ကျင့်ကြံခဲ့ပြီး သူ၏ အလားအလာ ကန့်သတ်ချက်ထိ ရောက်သွားပြီဖြစ်သည်။

တာအိုသားရဲ:ကမ္မဗုဒ္ဓ။

အမည်ရင်း:လေဟာနယ်။

အဆင့်: စည်းမျဉ်းကောင်းကင်အရှင် နဝမအဆင့်။

တာအိုကောင်းကင်: ကမ္မတာအိုကောင်းကင်။

ဖော်ပြချက်:ဥပဒေသကောင်းကင်အရှင် ဆဋ္ဌမအဆင့် ဂိမ်းမြေအောက်စခန်း:ဖရိုဖရဲမျှော်စင်လေးဆယ်ထပ်မှလေးဆယ့်ကိုးထပ် မှရရှိသော ရှားပါးတာအိုသားရဲ တစ်ကောင်ဖြစ်သည်။ ထိုသူသည် စည်းမျဉ်းကောင်းကင်အရှင် နဝမအဆင့်သို့ ရောက်သွားပြီဖြစ်သည်။ ထို့ပြင် ကောင်းကင်နှင့်မြေကြီးမဟာတာအို၏ စစ်မှန်ရည်ရွယ်ချက် အနည်းငယ်ကို ထိတွေ့မိခဲ့ပြီဖြစ်လေသည်။ ဗုဒ္ဓတာအိုသစ်သီးကို သိပ်သည်းကာ ကမ္မတာအိုကောင်းကင်ကို တည်ထောင်နိုင်ခဲ့၏။ မဟာတာအိုအံ့ဖွယ်စွမ်းအား:အလုံးစုံသက်ရှိကမ္မနည်းစနစ်ကို ဖန်တီးထားသည်။ စည်းမျဉ်းကောင်းကင်အရှင် နဝမအဆင့်ထိ အများဆုံးကြီးထွားနိုင်သည်။

ကမ္မဗုဒ္ဓသည် ဖရိုဖရဲမျှော်စင်လေးဆယ့်ကိုးထပ်တွင် ချုပ်နှောင်ခံရခြင်းဖြစ်ပြီး ဗုဒ္ဓကမ္ဘာစစ်ပွဲတွင် သေဆုံးခဲ့ခြင်းဖြစ်သည်။ သူသေသွားသည့်အခါ၌ သူ့တွင် စည်းမျဉ်းကောင်းကင်အရှင်နဝမအဆင့်၏ခွန်အားမျိုးရှိနေခဲ့ပြီဖြစ်သည်။

ချီမင်သည် နီဗားနားနတ်ဆိုးအရှင်နှင့် ကမ္မဗုဒ္ဓကို အကြိမ်အနည်းငယ် ကြည့်လိုက်ပြီး စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။" မဆိုးဘူး။ မင်းတို့နှစ်ယောက်လုံး လောလောဆယ်တော့ တာအိုသားရဲနေရာလွတ်ကို ပြန်လိုက်ဦး။ ငါမင်းတို့ကို လိုအပ်လာရင် ဆင့်ခေါ်လိုက်မယ်။"

"ဟုတ်ကဲ့”

နီဗားနားနတ်ဆိုးအရှင်နှင့် ကမ္မဗုဒ္ဓတို့က တစ်ပြိုင်တည်း ပြန်ဖြေလိုက်၏။

အလင်းတစ်ချက် လက်သွားသည်။

တာအိုသားရဲနှစ်ကောင်လုံးသည် လေထုထဲ၌ ပျောက်ကွယ်သွားတော့၏။

ဘုန်း!! ဘုန်း!! ဘုန်း!!

ထိုအခိုက် အပြင်ကမ္ဘာတွင်။

ရုတ်တရက် ခေါင်းလောင်းသံကိုးချက် ထွက်လာသည်။ မဟာတာအိုခေါင်းလောင်းသံအလား အရပ်မျက်နှာအနှံ့ ပဲ့တင်ထပ်သွားကာ လန်ယာ့အင်မော်တယ်မြို့ထဲရှိ ကောင်းကင်အရှင်အားလုံး၏ နားထဲသို့ ဝင်သွားတော့သည်။ ၎င်းက သူတို့၏စိတ်ထဲက မြည်ဟိန်းနေသည့်အလားပင်။

"ဒါက..."

ချီမင်သည် ထိတ်လန့်သွားကာ အသံနိမ့်နိမ့်ဖြင့် မေးသည်။ " နတ်ဆိုးကမ္ဘာစုဝေးပွဲက စတော့မှာလား။ အချိန်ကျပြီထင်တယ်။"

ချီမင်သည် တုံ့ဆိုင်းမနေတော့ဘဲ ချက်ချင်းပင် အခန်းထဲမှ လျှောက်ထွက်လာသည်။

တစ်ချိန်တည်းမှာပင် ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်၊ဝါနက်ကောင်းကင်အရှင်၊ ကောင်းကင်အရှင်ယွီလင်းနှင့် ကျန်သောသူများသည် အခန်းထဲက ထွက်လာသည်။ ချီမင်ကို မြင်ကြတော့ သူတို့က လေးစားစွာ ဦးညွှတ်လိုက်ကြသည်။

စီနီယာဝါစဉ်အရ ချီမင်သည် သူတို့၏ ဆရာဦးလေးဖြစ်ပေသည်။

"နတ်ဆိုးကမ္ဘာစုဝေးပွဲက စတော့မယ်။"

ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်သည် အသံနိမ့်နိမ့်ဖြင့် ပြောသည်။

ကောင်းကင်၌ သူ၏မျက်လုံးများနှင့် ပထမဆုံးမြင်လိုက်ရသည်က မယှဉ်နိုင်လောက်အောင် ကြီးမားသည့် မဟာတာအိုခေါင်းလောင်းကြီး ဖြစ်လေသည်။ ရှေးကျသည့် အသံသည် အရပ်မျက်နှာအနှံ့ ပဲ့တင်ထပ်လာခဲ့၏။ မမြင်နိုင်သော ခေါင်းလောင်းသံလှိုင်းများ ပျံ့နှံ့လာသည်။

တစ်ချိန်တည်းမှာ မဟာတာအိုခေါင်းလောင်းအထက်တွင် အဆုံးမဲ့ခမ်းနားသည့် အထွတ်အထွတ်ခန်းမကြီး ပေါ်လာသည်။ ခန်းမပတ်လည်တွင် ကြယ်တာရာသန်းချီမှာ တောက်ပနေပြီး မဖော်ပြနိုင်လောက်သော အရှိန်အဝါတစ်ခု ထွက်လာသည်။

ကမ္ဘာမြေအက်ကွဲသွားစေမည့် အလင်းတန်းသည် ပတ်ဝန်းကျင်ကို ဖုံးအုပ်သွားတော့သည်။

"ငါက နတ်ဆိုးကမ္ဘာအရှင်ပဲ။"

ချက်ချင်းဆိုသလိုပင် ပုံရိပ်တစ်ခုသည် အထွတ်အထိပ်ခန်းမအထက်တွင် ပေါ်ပေါက်လာသည်။ ထိုပုံရိပ်သည် လက်နှစ်ဖက်ကို နောက်ပစ်လျက် ရပ်နေသည်။ မရေမတွက်နိုင်သော ကမ္ဘာများသည် ထိုသူ့အနားတွင် မွေးဖွားလာလိုက် ပျက်စီးသွားလိုက် သကဲ့ဖြစ်နေသည်မှာ ၎င်းတို့သည် ကမ္ဘာကြီး၏ အမှန်တရားကို ချပြနေသည့်အလားပင်။

ထိုအခိုက် အသက်ရှိအားလုံးသည် ထိုပုံရိပ်ကို မဟာတာအို၏ အဆုံးသတ်အလား မြင်လိုက်ရသည်။ တာအိုအဆုံးသတ်တွင် ရပ်နေသည့် ထိုသူက မရေမတွက်နိုင်သော သက်ရှိတို့အား ရပ်တန့်သွားစေသည်။

အတော်လေး ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။ အင်မော်တယ်မြို့တော်ကိုးမြို့သာမဟုတ်ပေ။ တတိယအထက်ကမ္ဘာဖြစ်သည့် နတ်ဆိုးကမ္ဘာတစ်ခုလုံး သက်ရောက်ခံလိုက်ရပါ၏။

" နတ်ဆိုးကမ္ဘာစုဝေးပွဲက စတော့မယ်။"

နတ်ဆိုးကမ္ဘာအရှင်၏ အရှိန်အဝါသည် ပြိုင်ဘက်ကင်းလှကာ ကောင်းကင်ကိုပင် ဖိနှိပ်နိုင်သည်။

" ဒီစုဝေးပွဲမှာ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်အောက်က ဘယ်သူမဆို ပါနိုင်တယ်။ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်တွေကတော့ နတ်ဆိုးကမ္ဘာခန်းမ ကိုးခုကို သွားပြီး လေ့လာနိုင်တယ်။"

" ဝင်စွက်ဖက်လို့တော့ မရဘူး။"

"ဟုတ်ကဲ့”

" ကျွန်တော်တို့ အမိန့်ကို လိုက်နာပါ့မယ်။"

" ကျွန်တော်တို့ အမိန့်ကို လိုက်နာပါ့မယ်။"

“…”

အင်မော်တယ်မြို့တော်ကိုးမြို့တွင် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်များ ပေါ်လာသည်။ သူတို့သည် နတ်ဆိုးကမ္ဘာအရှင်ကို ဦးညွှတ်ကာ အလင်းတန်းများအဖြစ် ပြောင်းလဲပြီး ကောင်းကင်ယံသို့ တက်သွားကြကာ အင်မော်တယ်မြို့တော်များထဲမှ ထွက်ခွာသွားတော့သည်။

တစ်ချိန်တည်းမှာ နတ်ဆိုးကမ္ဘာအရှင်သည် သူ၏ ညာဘက်လက်ကို ဝှေ့ယမ်းလိုက်တော့ လေထုထဲသို့ အလင်းစီးကြောင်းများ ဖြတ်သန်းသွား၏။ ထို့နောက် လေဟာနယ်ထဲတွင် ခမ်းနားသည့် နန်းတော်များ ပေါ်လာသည်။

နတ်ဆိုးကမ္ဘာစုဝေးပွဲတွင် ပါဝင်သော အဖွဲ့အစည်းများ၏ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်များသည် နန်းတော်ကိုးခုထဲသို့ ဝင်သွားကြတော့သည်။ သို့ပေမဲ့ ထိုသူတို့သည် ထိုနေရာမှ နတ်ဆိုးကမ္ဘာစုဝေးပွဲကို မနှောင့်ယှက်နိုင်ပေ။

" မင်းတို့ ဂရုစိုက်ရမယ်။"

ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်သည် အသက်ပြင်းပြင်း ရှုကာ ညွှန်ကြားလိုက်၏၊။ သူ၏ခန္ဓာကိုယ်သည် အလင်းစီးကြောင်း အဖြစ်ပြောင်းလဲသွားကာ နန်းတော်ထဲသို့ ဝင်ရောက်သွားတော့လေသည်။

"ဆရာ မစိုးရိမ်ပါနဲ့။" ဝါနက်ကောင်းကင်အရှင်နှင့် ကျန်သောသူများသည် ညီညာစွာ ပြော၏။

.....

နတ်ဆိုးကမ္ဘာအရှင် စိတ်ကျေနပ်စွာ ခေါင်းညိတ်၏။ " ဒီနတ်ဆိုးကမ္ဘာစုဝေးပွဲမှာ ငါ့ရဲ့ ကိုယ်ပိုင်တပည့်သုံးယောက်ကို စောင့်ကြပ်ကြီးကြပ်နေလိမ့်မယ်။ အထက်ကမ္ဘာကိုးကမ္ဘာက အဖွဲ့အစည်းတွေနဲ့ မရေမတွက်နိုင်တဲ့ ကောင်းကင်အရှင်တွေ ငါ အခမ်းအနားတစ်ခု ကျင်းပပေးမယ်။"

“ဟားဟား..."

နတ်ဆိုးကမ္ဘာအရှင်သည် ရယ်မောလျက် ပျောက်ကွယ်သွားတော့သည်။

ထို့နောက် အထွတ်အထိပ်ခန်းမထဲမှ လူရိပ်သုံးခု ထွက်လာ၏။ ပထမဆုံးကြည့်လျှင် ပုံရိပ်ယောင်အလား ထင်ရသော်လည်း တဖြည်းဖြည်းနှင့် အစစ်မှန်ဆန်လာသည်။

ထိုသူတို့သည် နတ်ဆိုးကမ္ဘာအရှင်၏ ကိုယ်ပိုင်တပည့်သုံးယောက်ဖြစ်သည်။

ချီမင်သည် သူတို့ထဲက တစ်ယောက်ကို သိပါ၏။

ထိုသူက ချင်ယွီပေ။

"ကျွန်မ နာမည်က ချင်ယွီ။" ချင်ယွီသည် မထူးမခြားနားပြောသည်။" အခု လမ်းကြောင်းကို ဖွင့်ပေးမယ်။ ရှင်တို့အားလုံး ကမ္ဘာကိုးကမ္ဘာကို ဝင်နိုင်တယ်။ နတ်ဆိုးကမ္ဘာစုဝေးပွဲကို နှစ်(၁၀၀၀၀၀၀)ကြာ ကျင်းပမယ်။"

"နှစ်တစ်သိန်းကြာသွားရင်"

"ဟင်းလင်းပြင်လမ်းကြောင်းက ထပ်ပွင့်လာလိမ့်မယ်။ ရှင်တို့ သတ်မှတ်ချိန်အတွင်း ပြန်မထွက်လာနိုင်ရင် နောက်ထပ် နတ်ဆိုးကမ္ဘာစုဝေးပွဲစတဲ့အချိန်ထိ အထဲမှာ ပိတ်မိနေလိမ့်မယ်။"

"နောက်တစ်ကြိမ် နတ်ဆိုးကမ္ဘာစုဝေးပွဲစမဲ့ အချိန်ဆိုတာကတော့ ဆရာ့ရဲ့ စိတ်အခြေအနေပေါ် မူတည်တယ်။"

" ကျွန်တော်နာမည်က ဝမ်ရှန်းပဲ။"

နတ်ဆိုးကမ္ဘာအရှင်၏ ယပ်တောင်ကိုင်ထားလျက် ကျောင်းတော်သား အစိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားသော အခြားကိုယ်ပိုင်တပည့်က ပြောလိုက်လေသည်။ ထိုသူတွင် ချောမောသည့် ရုပ်သွင်မျိုးရှိသည်။ " နတ်ဆိုးကမ္ဘာစုဝေးပွဲရဲ့ စည်းမျဉ်းတွေကတော့ ပါဝင်သူတွေအားလုံးက ဘယ်နည်းလမ်းမဆို ဘာကန့်သတ်ချက်မှမရှိဘဲ သုံးလို့ရတယ်။ နတ်ဆိုးတိုကင် ကိုးခုစုမိရင် ပါဝင်သူတွေက မိုးမြေဝါနက်ထူးခြားစေတီထဲကို ဝင်နိုင်တယ်။"

" မိုးမြေဝါနက်ထူးခြားစေတီအပြင် အထဲမှာ ရတနာတွေ အခွင့်အလမ်းတွေ အများကြီး သေချာပေါက် ရှိသေးတာပေါ့။ ကမ္ဘာကိုးကမ္ဘာထဲမှာ ပုန်းကွယ်နေတဲ့ အမွေအနှစ်တွေလည်း အများကြီးရှိတယ်။"

"တစ်ချိန်တည်းမှာ မရေမတွက်နိုင်လောက်တဲ့ အန္တရာယ်တွေနဲ့ ပြည့်နှက်နေတယ်။"

“…”

နတ်ဆိုးကမ္ဘာအရှင်၏ ကိုယ်ပိုင်တပည့်တစ်ယောက်သည် ဘာမှဝင်မပြောရသေးပေ။ ထိုတပည့်သည် လေဟာနယ်ထဲတွင် တင်ပျဉ်ခွေချိတ်ထိုင်လျက် မျက်လုံးမှိတ်ကာ အနားယူနေလေသည်။ ထိုသူသည် ဘာမှကို မပြောပေ။အနက်ရောင်ဓားတစ်လက်ကိုသာ ကိုင်ထား၏။

ထို့အပြင် သူတို့သည် မည်သည့်ထူးခြားမှုကိုမျှ မမြင်နိုင်ပေ။

"ဖွင့်စမ်း"

ခရက်! ခရက်!!

ချင်ယွီတို့သည် အင်အားများ ပူးပေါင်းကာ လက်ချိတ်စည်းများ ဖွဲ့စည်းလိုက်ကြသည်။ မရေမတွက်နိုင်သော စာလုံးများသည် အရောင်းကိုးရောင် လင်းလက်လာသည်။

အလင်းတိုင်ကြီးများသည် အင်မော်တယ်မြို့တော်ကိုးမြို့ကနေ တဟုန်ထိုး တိုးထွက်လာပြီး မရေမတွက်နိုင်သော စာလုံးများနှင့် ပေါင်းစပ်သွားတော့သည်။ ၎င်းတို့က ကောင်းကင်ယံ၌ အတူတကွ စုပေါင်းသွားတော့သည်။

အလင်းရောင်ကိုးရောင်သည် တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားသည်။

ချက်ချင်းပင် အလယ်ဗဟိုမှ ကြီးမားသည့် ဝဲဂယက်ကြီးတစ်ခုသည် ပျံ့နှံ့လာသည်။နောက်ဆုံးမှာ အဆက်မပြတ် ကြီးမားကျယ်ပြန့်လာကာ တည်ငြိမ်သည့် ဟင်းလင်းပြင်လမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။

" လမ်းကြောင်းက ပွင့်လာပြီ။ နတ်ဆိုးကမ္ဘာစုဝေးပွဲမှာ ပါဝင်မဲ့ ကောင်းကင်အရှင်တွေအားလုံး ဝင်လို့ရပါပြီ။"

ချင်ယွီသည် ကြေညာ မောင်းခတ်လိုက်သည်။" အချိန်လွန်သွားရင် မဝင်နိုင်တော့ပါဘူး။"

"လမ်းကြောင်းက ပွင့်သွားပြီ။"

“သွား!”

"မြန်မြန်။"

"အရင်ဝင်ကြ။"

"ဝင်ကြမယ်။"

“…”

လူရိပ်များသည် မဆိုင်းမတွပင် ကြယ်ကြွေလာသကဲ့သို့ အင်မော်တယ်မြို့တော်ကိုးမြို့မှ ထွက်လာကြသည်။ များစွာသော သူတို့သည် ဟင်းလင်းပြင်လမ်းကြောင်းထဲသို့ အလောတကြီး ဝင်သွားကြတော့၏။

"ဒါက..."

" ငါမှတ်မိတာသာ မှန်ရင် နောက်ဆုံး နတ်ဆိုးကမ္ဘာစုဝေးပွဲတုန်းက အင်မော်တယ်မြို့တော်ကိုးမြို့မှာ လမ်းကြောင်းကိုးခု ရှိတယ်။ ဒီတစ်ကြိမ်က လမ်းကြောင်းကိုးခုကို တစ်ခုတည်းအဖြစ် ပေါင်းစပ်လိုက်တာပဲ။"

"ဟုတ်တယ်။"

"ဒီလိုသာဆိုရင် ကောင်းကင်အရှင်တွေအားလုံး အလောတကြီး ဝင်နေကြတော့ ဘယ်သူက ဘယ်ကမ္ဘာကို ရောက်သွားမလဲဆိုတာ မသိရတော့ဘူး။"

“…”

လေဟာနယ်ထဲမှ နန်းတော်ရှိ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်များသည် ထိုမြင်ကွင်းကို တွေ့သော် ဆွေးနွေးနေကြသည်။

တစ်ဖက်တွင်တော့ နတ်ဆိုးကမ္ဘာစုဝေးပွဲသည် အတော်လေးရုတ်ရုတ်သဲသဲ ဖြစ်သွားစေလေသည်။ ထို့အပြင် နတ်ဆိုးကမ္ဘာအရှင် ဦးဆောင်ကျင်းပသော ကြီးမားသည့် စုဝေးပွဲသည် အထက်ကမ္ဘာကိုးကမ္ဘာမှ များစွာသော အဖွဲ့အစည်းများကို ပါဝင်လာစေရန် ဆွဲဆောင်သွားသည်။

ထို့ကြောင့် အထက်ကမ္ဘာ၏ တခြားသော အရှင်များသည် သဘာဝအတိုင်း ကြည့်နေကြ၏။

"နတ်ဆိုးကမ္ဘာစုဝေးပွဲ။ ခေတ်(၂၀၀၀၀၀၀)ကြာတိုင်း နတ်ဆိုးကမ္ဘာအရှင်က နတ်ဆိုးကမ္ဘာစုဝေးပွဲကို ကျင်းပတယ်။ ငါ ထင်တာသာ မှန်ရင် နောက်ဆုံးနတ်ဆိုးကမ္ဘာစုဝေးပွဲတုန်းက အတော်လေး ရုတ်ရုတ်သဲသဲဖြစ်ခဲ့တယ်။"

"ဟုတ်တယ်။"

" ဒီတစ်ခေါက် နတ်ဆိုးကမ္ဘာစုဝေးပွဲက ဘာဖြစ်သွားမလဲမသိဘူး။"

"စိတ်ဝင်စားလာပြီ။ စိတ်ဝင်စားဖို့ ကောင်းလာပြီ။"

“…”

အထက်ကမ္ဘာ၏ အခြားသော အရှင်ရှစ်ပါးသည် သူတို့၏ အသိစိတ်အပိုင်းအစများကို ခွဲထုတ်လျက် ကြည့်လိုက်ကြ၏။ သူတို့သည် ထိုနတ်ဆိုးကမ္ဘာစုဝေးပွဲကို အာရုံစိုက်လာသည်။ ထို့ကြောင့် နတ်ဆိုးကမ္ဘာအရှင်သည်လည်း ၎င်းကို သဘာဝအတိုင်း အာရုံခံမိသွား၏။

" ဒီမြေခွေးအိုကြီး ရှစ်ကောင်ကတော့..." နတ်ဆိုးကမ္ဘာအရှင်သည် မထူးမခြားနား ပြောလေသည်။

All Chapters