← Chapters

ဆမ်ဆာရာကမ္ဘာတိုကင်။

Vol. 30 Ch. 438

ဆမ်ဆာရာကမ္ဘာတိုကင်။

Vol. 30 Ch. 438

"ဆရာဦးလေးချီ"

ဝါနက်ကောင်းကင်အရှင်သည် ဟင်းလင်းပြင်လမ်းကြောင်းထဲသို့ ဝင်သွားသော သူများကို ကြည့်နေသည်။ ထို့နောက် သူသည် ချီမင်ကို လက်သီးဆုပ်၍ အရိုအသေပြုလိုက်သည်။" ကျွန်တော်တို့ သွားသင့်ပါပြီ။"

ချီမင်သည် ခေါင်းညိတ်လိုက်သည်။ " အတူသွားရအောင်။"

“…”

ချီမင်၊ ဝါနက်ကောင်းကင်အရှင်နှင့် ကျန်သောသူများသည်လည်း ကောင်းကင်ယံသို့ တက်သွားကြတော့၏။ သူတို့၏ ခန္ဓာကိုယ်များသည် အလင်းစီးကြောင်းများအဖြစ် ပြောင်းလဲသွားခဲ့ကာ နေရာမှ ပျောက်ကွယ်သွားတော့သည်။ သူတို့သည် ဟင်းလင်းပြင်လမ်းကြောင်းဆီသို့ ဦးတည် ပျံသန်းကာ ကမ္ဘာကိုးကမ္ဘာထဲသို့ ဝင်ရောက်သွားတော့၏။

“…”

ချီမင်သည် သူ မဝင်သေးခင်၌ ချင်ယွီတို့၏ အကြည့်ကို ရှင်းလင်းစွာ ခံစားလိုက်ရလေသည်။

"သူပဲ။" ဝမ်ရှန်းသည် သာမန်မျှ ကြည့်လိုက်၏။" ဆရာ့ရဲ့ အမည်ခံ တပည့်အသစ်ပဲ။"

"သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က..."

ချင်ယွီသည် ချီမင်၏ အရှိန်အဝါလှုပ်ခတ်မှုကို ခံစားမိသွားသည့်အတွက် သူမ၏ မျက်နှာလှလှလေးတွင် အံ့ဩသည့် အမူအရာလေး ပေါ်လာတော့၏။" ဥပဒေသကောင်းကင်အရှင် နဝမအဆင့်လား။ ငါ အမှတ်မမှားမိပါဘူး။ လွန်ခဲ့တဲ့သုံးနှစ်က ငါ သူ့ကို တွေ့တော့ သူက ဥပဒေသကောင်းကင်အရှင် စတုတ္ထအဆင့်ပဲ ရှိသေးတာ။"

"အခုတော့"

"သူက ဥပဒေသကောင်းကင်အရှင် နဝမအဆင့် ရောက်သွားတာလား။"

" ဒီသုံးနှစ်အတွင်းမှာ သူ ဥပဒေသကောင်းကင်အရှင် စတုတ္ထအဆင့်ကနေ နဝမအဆင့် ရောက်သွားတာလား။"

"ဒါကဘယ်လိုဖြစ်နိုင်မှာလဲ။”

ချင်ယွီသည် ထိတ်လန့်မှုကိုသာ ခံစားလိုက်ရတော့၏။

"ဘာဖြစ်သွားတာလဲ။" ဝမ်ရှန်းသည် ချင်ယွီ၏ ထူးဆန်းသည့် အမူအရာကို သတိထားမိကာ မေးလိုက်၏။

" ဆရာ့ရဲ့ အမည်ခံတပည့်အသစ်ကြောင့်ပေါ့။"

ချင်ယွီက ပြော၏။"လွန်ခဲ့တဲ့ သုံးနှစ်လောက်က ငါ သူ့ကို တွေ့တုန်းက သူက ဥပဒေသကောင်းကင်အရှင် စတုတ္ထအဆင့်ပဲ ရှိသေးတယ်။ အခုတော့ ဥပဒေသကောင်းကင်အရှင် နဝမအဆင့်ကို ရောက်သွားပြီ။"

"လွန်ခဲ့တဲ့သုံးနှစ်ကလား။ သူ သုံးနှစ်တည်းနဲ့ အဆင့်ငါးဆင့် တက်သွားတာပေါ့။"

ဝမ်ရှန်းသည်လည်း ထိတ်လန့်တကြား မေးလိုက်၏။" နင်သေချာလို့လား။"

ချင်ယွီက ခေါင်းညိတ်လိုက်၏။

"ဒါက.."

ဝမ်ရှန်းသည် သတိပြန်ဝင်လာသည်။ " ငါသူ့ကို လျှော့တွက်သွားမိတာပဲ။ သူ့ရဲ့ နာမည်က ဘာလဲ။ ထပ်ပြောဦး။"

"ချီမင်လေ။" ချင်ယွီသည် ပြောလိုက်၏။

ဝမ်ရှန်းက ခေါင်းညိတ်သည်။ " ငါ အခု မှတ်ထားလိုက်ပြီပြီ။"

"မဟုတ်ဘူး" နောက်ဆုံးတော့ အနက်ရောင်ဓားကို နောက်ကျောတွင် လွယ်ထားသော လူငယ်လေးက ပြောလာ၏။ "သုံးနှစ်မဟုတ်ဘူး။ နှစ်သန်းသုံးရာ။ ငါ သူ့အပေါ်ကနေ နှစ်သန်းသုံးရာ အရှိန်အဝါတစ်ခုကို ခံစားရတယ်။"

" နှစ်သန်းသုံးရာ"

ဝမ်ရှန်းနှင့် ချင်ယွီသည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ နားလည်သွားတော့၏။ " နားလည်ပြီ။ စီနီယာအစ်ကို စုက အဲဒီလို ပြောတယ်ဆိုတော့ ချီမင်မှာ အချိန်စီးဆင်းနှုန်းကို မြှင့်နိုင်တဲ့ တာအိုရတနာတစ်ခု ရှိရမယ်။"

"နှစ်သန်းသုံးရာဆိုတော့"

" အဆင့်ငါးဆင့်တက်လာတာ မဆိုးပါဘူး။"

ချင်ယွီ၊ ဝမ်ရှန်းနှင့် ကျန်သည့်သူများသည် စကားပြောနေလိုက်ကြသည်။

ချီမင်သည် ဟင်းလင်းပြင်လမ်းကြောင်းကို ဖြတ်သန်းကာ ကမ္ဘာကိုးကမ္ဘာထဲသို့ ဝင်သွားတော့၏။ သို့သော်လည်း သူ ဝင်သွားပြီးနောက်မှာတော့ ဝါနက်ကောင်းကင်အရှင်တို့နှင့် လူကွဲသွား၏။

ကမ္ဘာကိုးကမ္ဘာ၏ဝင်ပေါက်သည် တစ်ခုတည်းအဖြစ် ပေါင်းစပ်နေသည်။ ထိုဝင်ပေါက်ထဲသို့ ဝင်ပြီးနောက်မှာတော့ သူတို့သည် မတူညီသည့် ကမ္ဘာများထဲသို့ ကျပန်း ကျရောက်သွားမှာ ဖြစ်သည်။

"ဒါက..."

ချီမင်သည် ဟင်းလင်းပြင်လမ်းကြောင်းထဲသို့ ပျံသန်းဝင်ရောက်သွားပြီနောက်မှာ သူ၏ ပတ်ဝန်းကျင်သည် ပုံမှန်ပြန်ဖြစ်သွားတော့၏။ နေရာရွှေပြောင်းခြင်းလုပ်နေရသည့် ခံစားချက်သည် ပျောက်ကွယ်သွားတော့လေသည်။ ထိုအခိုက် သူသည် လေဟာနယ်ထဲတွင် ရပ်နေလေသည်။ သူ၏ ခြေထောက်အောက်တွင် အဆုံးမဲ့ ရှေးဦးတောအုပ်တစ်အုပ် ရှိနေသည်။

ရုတ်တရက် ချီမင်၏ ခြေထောက်အောက်က စိမ်းစိုနေသော သစ်တောထဲနေ ကြောက်မက်ဖွယ် ကျားနက်တစ်ကောင်သည် ကောင်းကင်သို့ ပျံသန်းလာသည်။ ကျားနက်၏ တစ်ကိုယ်လုံးသည် မည်းနက်နေလေသည်။ ၎င်း၏ နောက်ကျောဘက်တွင် အတောင်ပံတစ်စုံ ပါသည်။ ၎င်းက သွေးရောင်သန်းနေသည့် ပါးစပ်ကြီးကိုဟကာ အဆုံးအစမဲ့သော ချောက်နက်ကြီးတစ်ခုပမာ ချီမင်ကို ခုန်အုပ်လာသည်။

သူသည် မလှုပ်မယှက်ရပ်နေလျက် သူ၏ ခန္ဓာကိုယ်ပေါ်က အရှိန်အဝါတစ်ပိုင်းတစ်စကို ထုတ်ကာ အဆုံးအစမဲ့ ဓားမိုးအဖြစ် ပြောင်းလဲပြီး ကျားနက်ကြီးကို အပိုင်းပိုင်းအစစဖြစ်အောင် ဖြတ်တောက်ပစ်လိုက်တော့သည်။

ကျားနက်အလောင်းကြီးသည် သွေးမြူခိုးများအဖြစ် ပေါက်ကွဲသွားတော့လေသည်။ ပြာကျဖို့ အလောင်းတောင် မကျန်ခဲ့ပေ။

“!!!”

"ကောင်းကင်အရှင် ကျားနက်က ချက်ချင်း အသတ်ခံလိုက်ရတယ်။"

"ဒါ...ဒါ...ဒါက.."

"အရမ်းကြောက်ဖို့ကောင်းသွားပြီ။"

" ငါတို့ သူ့ကို ရန်သွားစလို့ မရဘူး။"

အဆုံးမဲ့ ရှေးဦးတောအုပ်ထဲတွင် နက်နဲသည့် ကျင့်ကြံခြင်းအဆင့်ရှိသော ကျွမ်းကျင်သူများစွာ ရှိပါ၏။ သူတို့ထဲက အများစုသည် ဤကမ္ဘာထဲက ဒေသခံများပေ။

သူတို့က ကောင်းကင်အရှင်ကျားနက် လွယ်ကူစွာ သတ်ဖြတ်ခံလိုက်ရတာကို တွေ့တော့ ချက်ချင်းကို ကြောင်အသွားတော့သည်။ အဆုံးမဲ့ရှေးဦးတောအုပ်ထဲတွင်နေသော ကောင်းကင်အရှင်ကျွမ်းကျင်သူများသည် ကြောက်လန့်သွားတော့သည်။

" ငါအခု ဘယ်ကမ္ဘာကို ရောက်သွားလဲဆိုတာ အရင်စုံစမ်းရမယ်။"

ချီမင်သည် ကောင်းကင်အရှင်ကျားနက်ကို လမ်းပေါ်က ပုရွက်ဆိတ်တစ်ကောင်ကို တက်နင်းလိုက်သလိုမျိုး သတ်ဖြတ်လိုက်ခြင်းဖြစ်သည်။ သူသည် အတွေးထဲတွင်ပင် မထည့်ထားပေ။ ထို့နောက် အံ့ဖွယ်စွမ်းအားကိုသုံးကာ စတင် တွက်ချက်တော့သည်။

ချီမင်၏ ဘေးတွင် ကမ္မများ ရောထွေးလာသည်။ ကံကြမ္မာ အရှိန်အဝါများသည် လည်ပတ်လာပြီး တာအိုအသိဉာဏ်များသည် စာလုံးများဖြင့် သိပ်သည်းသွားတော့သည်။

သိပ်မကြာခင်မှာပဲ ချီမင်သည် အဖြေကို ရလိုက်လေသည်။

"ဒါက လန်ယာ့ကမ္ဘာမဟုတ်ဘူး။"

ချီမင်သည် ပြောလိုက်၏။" ဒါက ဆမ်ဆာရာကမ္ဘာပဲ။"

သူက ခဏလောက်တွေးလိုက်သည်။ " ငါက ဥပဒေသကောင်းကင်အရှင် နဝမအဆင့်မှာ။ ပြီးတော့ ငါ ဖရိုဖရဲမဟာတာအိုကျမ်း:တာအိုကောင်းကင်အခန်းကို တွက်ချက်ပြီသွားပြီ။"

" အရေးကြီးဆုံးကတော့ နတ်ဆိုးကမ္ဘာစုဝေးပွဲက နှစ်တစ်သိန်းကြာ ကျင်းပမှာ။"

"ငါ အတွက် ကျင့်ကြံခြင်းအဆင့် တိုးမြှင့်ဖို့ အချိန်လုံလောက်တယ်။ နတ်ဆိုးတိုကင်ကို စုဆောင်းဖို့ လောနေစရာ မလိုပါဘူး။ ငါသာ သန်မာနေရင် အလွယ်လေး ပြန်လုယူလို့ ရတယ်။"

ချီမင်က ပြောလိုက်သည်။ " အခု လုပ်ကြစို့။ လုံခြုံ တိတ်ဆိတ်တဲ့ နေရာတစ်ခုကို ရှာပြီး သီးသန့်ကျင့်ကြံရမယ်။ ကမ္မဗုဒ္ဓနဲ့ နီဗားနားနတ်ဆိုးအရှင်က ငါ့ကို ကာကွယ်ပေးနေရင် လုံလုံခြုံခြုံ ကျင့်ကြံလို့ရပါတယ်။"

သူသည် ပျောက်ကွယ်သွားတော့သည်။

" သူ ထွက်သွားပြီ။"

"ကောင်းတယ်။"

"ကောင်းကင်အရှင်ကျားနက်က သေသွားတာ နှမြောဖို့ ကောင်းတယ်။ သူက စွမ်းအားကြီး ဥပဒေဿကောင်းကင်အရှင်တစ်ပါးပဲ။ ကောင်းကင်တောအုပ်အရှင်ကိုးပါးထဲက တစ်ပါးဆိုပေမဲ့ တစ်ဖက်ရဲ့ အရှိန်အဝါအမျှင်လေးကိုတောင် မခံနိုင်ဘူး။"

"တစ်ဖက်က အရမ်းစွမ်းအားကြီးလို့လည်း ပါပါတယ်ကွ။"

“…”

အဆုံးမဲ့ ရှေးဦးတောအုပ်နှင့် ကောင်းကင်အရှင်ကျွမ်းကျင်သူများသည် တက်ကြွစွာ ဆွေးနွေးနေကြသည်။ သူတို့က သက်ပြင်း အကြိမ်ကြိမ် ချနေရသည်။

တစ်ခြားတစ်ဖက် နန်းတော်ကိုးခုတွင်တော့ အဖွဲ့အစည်းအသီးသီး၏ ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်များသည် ကမ္ဘာကိုးကမ္ဘာထဲသို့ မဝင်ရောက်နိုင်သော်လည်း ထိုအထဲက အခြေအနေကို မြင်နိုင်ပါ၏။ ၎င်းက တိုက်ရိုက်ထုတ်လွှင်သည်နှင့်တောင် တူ၏။

ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်သည် ချီမင်၏ အခြေအနေကို အာရုံစိုက်လိုက်၏။ သူ အဆင်ပြေတာတွေ့တော့ အခြားသော တပည့်များ၏ အခြေအနေကို လေ့လာလိုက်သည်။

ခိုင်ယာ့သည်လည်း ချီမင်ကို သတိပြုလိုက်၏။ အတွေးတစ်ချက်ဖြင့် သူသည် ဆလိုင်ယွန်၏ အခြေအနေကို စစ်ဆေးလိုက်သည်။ " ဒါက နည်းနည်းတော့ ပြဿနာ များတယ်။ ဆလိုင်ယွန်က လန်ယာ့ကမ္ဘာမှာ။ ဒါပေမဲ့ ချီမင်ကတော့ ဆမ်ဆာရာကမ္ဘာမှာ။"

သူသည် တာအိုနည်းစနစ်အံ့ဖွယ်စွမ်းအားကို သုံးကာ ချီမင်၏ အချက်အလက်ကို ရတနာကိုးပါးဖန်သားစေတီမှတစ်ဆင့် လျှို့ဝှက်ပို့ရန် ကြိုးစားလိုက်သည်။

"ရဲတင်းလှချည်လား"

နောက်ကျောဘက်တွင် ဓားနက်တစ်ချောင်း လွယ်ထားသော ဆံပင်အနက်ရောင်နှင့် လူငယ်လေးက ခေါင်းမော့ကာ မျက်လုံးဖွင့်လာသည်။ သူ၏ အကြည့်သည် အနက်ရောင်ဓားအလင်းအဖြစ်ပြောင်းလဲကာ အချိန်နှင့် နေရာလွတ်ကို ဖြတ်တောက်သွားသည်။

ခိုင်ယာ့ ပို့လိုက်သည့် သတင်းသည်လည်း ဖျက်ဆီးခံလိုက်ရ၏။

“!!!”

ခိုင်ယာ့သည် ထိတ်လန့်သွားတော့၏။ သူသည် လျှို့ဝှက်သတင်းပို့တာကို ရှာတွေ့ခံရမည်ဟု မထင်ထားပေ။ သူသည် စီနီယာအစ်ကိုစု၏ အင်အားကြောင့် ထိတ်လန့်သွားတော့၏။ " ဒါက..."

"စီနီယာအစ်ကိုစု" ဝမ်ရှန်းသည် ထိုအရာကို သိသွားကာ သူ၏ အမူအရာသည် အနည်းငယ် အေးစက်သွားလေသည်။ သူသည် ခိုင်ယာ့ကို ကြည့်လိုက်၏။ " ဆရာရဲ့ အမိန့်ကို ဆန့်ကျင်ရဲတယ်ပေါ့။"

"ရဲတင်းလှချည်လား" ချင်ယွီက အော်လိုက်၏။

"သူပဲ။"

" ခိုင်ယာ့က ပထမအထက်ကမ္ဘာ နတ်ဆိုးကမ္ဘာရဲ့ နတ်ဆိုးဘုရားကျောင်းက ဒုခန်းမသခင်တွေထဲက တစ်ယောက်ပဲ။ နတ်ဆိုးကမ္ဘာအရှင်ရဲ့ အမိန့်ကို လွန်ဆန်လိုက်တာလား။သူက ဆန့်ကျင်ရဲတယ်ပေါ့။ လျှို့ဝှက်ပြီးတောင် တိုက်ခိုက်လိုက်တယ်။"

"အတင့် ရဲလှချည်လား။"

"ကျွတ်ကျွတ် ခိုင်ယာ့ကတော့ သွားပြီ။"

“…”

ပတ်ဝန်းကျင်တွင် အခြားသော ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်များသည် သူများ ဒုက္ခရောက်မှာကို ကျေနပ်နေကြသည်။

"ခိုင်ယာ့" ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်သည် ခိုင်ယာ့ကို သတိထားမိပြီးနောက် သူ၏ အကြည့်သည် အေးစက်သွားသည်။ သူသည် သက်ပြင်းချကာ ဆိုသည်။ "ဒါဆို သူက ဂျူနီယာလေးကို လျှို့ဝှက်တိုက်ခိုက်တဲ့သူပေါ့။"

"ခုတ်ပိုင်း"

စီနီယာအစ်ကိုစုသည် လက်မြှောက်ကာ သူ၏ ကျော်ပေါ်က အနက်ရောင်ဓားကို ကိုင်လိုက်သည်။ သူသည် ဓားကို ပင့်လျက် ခိုင်ယာ့အား ပစ်မှတ်ထားကာ ခုတ်ပိုင်းချလိုက်၏။

"အသက်... အသက်...ချမ်းသာပေးပါ။"

ခိုင်ယာ့သည် ထိတ်လန့်သွားတော့၏။ သူတို့နှစ်ယောက်လုံးက ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်ဖြစ်ပေမဲ့ ခိုင်ယာ့သည် ထိုစီနီယာအစ်ကိုစုနှင့်တော့ မယှဉ်ပြိုင်နိုင်ပေ။ သူတို့က မတူညီသည့် အဆင့်ကပင်။

ထိုအခိုက် ခိုင်ယာ့သည် မမြင်နိုင်သည့် အင်အားတစ်ခုက သူ၏ ပတ်ဝန်းကျင်က အရာအားလုံးကို ကန့်သတ်ထားသည်ကို ခံစားလိုက်ရသည်။ သူသည် တာအိုနည်းစနစ်ကိုတောင် မသုံးနိုင်တော့ပေ။ ဓားကျဆင်းလာတာကိုသာ စောင့်ကြည့်နေနိုင်သည်။

ဖျော့။

သွေးများ ဖြာထွက်လာသည်။

ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်၏ သွေးများသည် ပတ်ဝန်းကျင်တွင် ပျံ့နှံ့သွား၏။ ခိုင်ယာ့၏ ညာဘက်လက်သည် ချက်ချင်းပင် ဖြတ်ခံလိုက်ရလေသည်။ သူသည် ဖရိုဖရဲနတ်ဆိုးဘုရားတစ်ပါးဖြစ်သော်လည်း လူသားအဖြစ်လည်း ပြောင်းလဲနိုင်သည်။

"အော့။"

ခိုင်ယာ့သည် သွေးအန်လိုက်ရ၏။ သူ၏ မျက်နှာသည် သွေးဆုတ် ဖြူလျော်သွားကာ နောက်သို့ ယိုင်သွား၏။

"မင်းရဲ့ ပထမဆုံး အပြစ်ဆိုတော့ ငါ မင်းရဲ့အသက်ကို ချမ်းသာပေးလိုက်မယ်။"

စီနီယာအစ်ကိုစုသည် မထူးမခြားနား ပြောလိုက်လေသည်။ " မင်း သေတော့မသေဘူး။ ဒါပေမဲ့ အပြစ်ကနေတော့ မလွတ်ဘူး။ ငါမင်းရဲ့ လက်ကို လုံးဝဖြတ်လိုက်ပြီ။ မင်းကို အထက်ကမ္ဘာအရှင်တစ်ပါး မကုသပေးသရွေ့ အဲဒီလက်က ကောင်းမှာ မဟုတ်ဘူး။"

"ကျွန်တော်..ကျွန်တော် နောက်မလုပ်တော့ပါဘူး။"

ခိုင်ယာ့သည် ခေါင်းငုံ့ကာ ဒူးတစ်ဖက် ထောက်လိုက်သည်။ " အသက်ချမ်းသာပေးတဲ့ အတွက် အရှင့်ကို ကျေးဇူးတင်ပါတယ်။"

"နတ်ဆိုးကမ္ဘာအရှင်ရဲ့ ကိုယ်ပိုင်တပည့်ဆိုတဲ့ အတိုင်းပဲ။ အတော်လေး အင်အားကြီးတယ်။ ထာဝရအထွတ်အထိပ်အရှင်နယ်ပယ် တတိယအဆင့် ခိုင်ယာ့တောင် မခုခံနိုင်ဘူး။"

"ဟုတ်တယ်။"

"အရမ်းစွမ်းအားကြီးတယ်။"

"သူ ဘယ်အဆင့်လဲ သိချင်သွားပြီ။"

“…”

ပတ်ဝန်းကျင်တွင် ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်များသည် မလေးစားဘဲ မနေနိုင်တော့ပေ။

ဝမ်ရှန်းသည် အသံနိမ့်နိမ့်ဖြင့် ပြောလိုက်၏။ " ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်တွေက နတ်ဆိုးကမ္ဘာစုဝေးပွဲကို စောင့်ကြည့်လို့ပဲရမယ်။ ဝင်စွက်ဖက်လို့ မရဘူး။ တစ်ယောက်ယောက်ကသာ ဖောက်ဖျက်ရင် သေချာပေါက် အသတ်ခံရမယ်။"

"ဟုတ်ကဲ့ပါ။"

"အရှင် မစိုးရိမ်ပါနဲ့။"

" ကျွန်တော်တို့ စောင့်ပဲကြည့်ပါတယ်။ ဝင်မနှောင့်ယှက်ပါဘူး။"

"ဟုတ်တယ်။ဟုတ်တယ်။"

“…”

ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်သည် ဆိုလိုက်လေသည်။

"အဲလိုပဲ ဖြစ်ပါစေ။" ဝမ်ရှန်းသည် သာမန်မျှ ပြောလိုက်၏။

အချိန်ကုန်ဆုံးသွားသည်။

တစ်နှစ်အကြာတွင်။

ချီမင်သည် မူလက တိတ်ဆိတ်ကာ သီးခြားဆန်ပြီး လုံခြုံသည့် နေရာတစ်ခုကို ရှာကာ ကျင့်ကြံချင်သော်လည်း သူသည် ရန်သူများနှင့် အကြိမ်ကြိမ် ရင်ဆိုင်နေရသည်။ သူ အချိန် ကြာကြာ မကျင့်ကြံရသေးသော်လည်း အကြိမ်တိုင်း ရှာတွေ့ခံနေရသည့်အတွက် တိုက်ပွဲများ တစ်ခုပြီးတစ်ခု ဖြစ်လာတော့သည်။

သူသည် ရန်သူများကို သတ်ဖြတ်လိုက်သည်။

"ကောင်းကင်အောင်ပွဲခံခြင်းတိမ်တိုက်"

ချီမင်သည် သူ၏ ညာဘက်လက်ကို ဝှေ့ယမ်းလိုက်ကာ မဟာတာအိုအံ့ဖွယ်စွမ်းအားကို သုံးလိုက်သည်။ ၎င်းက ကောင်းကင်အောင်ပွဲခံခြင်းတိမ်တိုက်အဖြစ်ပြောင်းလဲသွားကာ လှောင်အိမ်တစ်ခုအဖြစ် စုဖွဲ့သွားပြီး အထဲတွင် ရန်သူကို ထွက်ပြေးလို့မရတော့အောင် ပိတ်လှောင်ပစ်လိုက်သည်။

"တိုက်ခိုက်စမ်း။"

ကောင်းကင်အောင်ပွဲခံခြင်းတိမ်တိုက်တွင်။

၎င်းက လက်သည်းကိုးခုဘိုးဘေးနဂါးတစ်ကောင်ဖြစ်ကာ သူ၏ စစ်မှန်ခန္ဓာကို ဖော်ထုတ်ပြလိုက်၏။ သူက ထပ်ခါတလဲ ဟိန်းဟောက်လိုက်ကာ ကောင်းကင်အောင်ပွဲခံခြင်းတိမ်တိုက်၏ အချုပ်အနှောင်များကို စွမ်းအားပြည့် တိုက်ခိုက်ပြီး ထွက်ပြေးတော့၏။

"ကမ္ဘာဦးတာအိုအလင်း"

အတွေးတစ်ချက်ဖြင့် ချီမင်၏ရင်ဘက်ပေါ်တွင် ကမ္ဘာဦးတာအိုသစ်သီးပေါ်လာသည်။ အလင်းရောင်စဉ်တန်းကြီးသည် ထွက်ပေါ်လာပြီး လက်သည်းကိုးခုဘိုးဘေးနဂါးကို ဖြတ်တောက်သွားတော့သည်။

ထိတ်လန့်ဖွယ်အော်သံတစ်ချက် ထွက်လာတော့သည်။

"သေလိုက်တော့"

ချီမင်သည် ညာဘက်လက်ကို ဝှေ့ယမ်းလိုက်တော့ ကိုယ်ပိုင်တာအိုရတနာသုံးခုသည် ကောင်းကင်သို့ ပျံတက်သွားကာ လက်သည်းကိုးခု ဘိုးဘေးနဂါးကို အပြည့်အဝ ဖျက်ဆီးပစ်လိုက်၏။

လက်သည်းကိုးခုဘိုးဘေးနဂါးသည် ဥပဒေသကောင်းကင်အရှင်နဝမအဆင့်ဖြစ်သော်လည်း ချီမင်၏လက်ထဲတွင်တော့ သူသည် တစ်ချက်ကလေးတောင် မခုခံနိုင်ပေ။

"အာ" ချီမင်သည် ဘယ်ဘက်လက်ကို ဝှေ့ယမ်းလိုက်တော့ သူ၏လက်ထဲတွင် အနက်ရောင်တိုကင်တစ်ခု ထွက်ပေါ်လာသည်။ "ဒါက နတ်ဆိုးတိုကင်တစ်ခုပဲ။ ငါ့ရဲ့ ကံက မဆိုးဘူး။ ဒီကောင့်မှာ နတ်ဆိုးတိုကင်တစ်ခု ရှိနေတာပဲ။"

All Chapters