အသင်္ချေတာအို မဟာမိတ်။နှစ်တစ်သောင်းကြာ ကျင့်ကြံခြင်း။ ထပ်မံ အဆင့်ချိုးဖြတ်ခြင်း။
Vol. 30 Ch. 439
ချီမင်၏ ပုံရိပ်သည် လေထုကို ဖြတ်သန်းကာ လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။
သူ မိုးမြေဝါနက်ထူးခြားစေတီထဲသို့ ဝင်ချင်လျှင် နတ်ဆိုးတိုကင် ကိုးခု စုဖို့ လိုလေသည်။ ချီမင်၏ကံသည် သိပ်တော့မဆိုးပေ။ သူ ဆမ်ဆာရာကမ္ဘာသို့ ရောက်ပြီး တစ်နှစ်အကြာတွင် နတ်ဆိုးတိုကင်တစ်ခု ရလိုက်၏။
သူ နောက်ထပ်ရှစ်ခု စုပြီးရင် မိုးမြေဝါနက်ထူးခြားစေတီထဲသို့ ဝင်နိုင်တော့မှာ ဖြစ်သည်။
ထို့ပြင် လက်သည်းကိုးခု ဘိုးဘေးနဂါးဘုရင်သည် နတ်ဆိုးကမ္ဘာစုဝေးပွဲတွင် ပါသော ကောင်းကင်အရှင် တစ်ပါးမဟုတ်ပေ။ ထိုသူက ဆမ်ဆာရာကမ္ဘာ၏ ဒေသခံဖြစ်ပေသည်။ သို့သော် သူက ချီမင်ကို တိုက်ခိုက်ပြီးနောက်မှာ အသတ်ခံလိုက်ရခြင်းဖြစ်၏။
"ဒါက နတ်ဆိုးတိုကင်ပဲ။"
ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာပြီး ချီးမွန်းလိုက်တော့လေသည်။ " ဂျူနီယာညီလေးချီဆိုတဲ့ အတိုင်းပဲ။ သူ့ရဲ့ ကံက တကယ့်ကို ကောင်းတယ်။ မိုးမြေမဟာတာအိုရဲ့ ကောင်းချီးကို ရထားတယ်။"
"သူ ဆမ်ဆာရာကမ္ဘာကို ရောက်တာ တစ်နှစ်ပဲ ရှိသေးတယ်။ နတ်ဆိုးတိုကင်တစ်ခု ရနေပြီ။ သူသာ နတ်ဆိုးတိုကင်ကိုးခုကို စုပြီးရင် မိုးမြေဝါနက်ထူးခြားစေတီကို ဝင်ဖို့ အရည်အချင်းပြည့်မီသွားလိမ့်မယ်။"
"ကောင်းတယ်၊ကောင်းတယ်၊ကောင်းတယ်" ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်သည် ထပ်ခါတလဲ ခေါင်းညိတ်၏။
"ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်က ချီမင်ကို ဂျူနီယာညီလေးလို့ ခေါ်လိုက်တာလား။"
ခိုင်ယာ့သည် ထိတ်လန့်သွားတော့၏။ သူသည် ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်ပြောသည်ကို ကြားလိုက်ပါ၏။ " ချီမင်က နတ်ဆိုးကမ္ဘာအရှင်ရဲ့ အမည်ခံတပည့်ဖြစ်သွားပြီလား။"
"ဒါက.."
ခိုင်ယာ့၏ အမူအရာသည် လေးနက်သွားသည်။ "ဆလိုင်ယွန်က ချီမင်ကို ဒီပွဲမှာ သတ်လို့ရပါစေလို့ပဲ မျှော်လင့်ရတော့မယ်။ မဟုတ်ရင်တော့ နတ်ဆိုးကမ္ဘာစုဝေးပွဲပြီးရင် သူ့ကို သတ်ဖို့က အရမ်းခက်သွားပြီ။"
"မဆိုးဘူး။" ချင်ယွီသည်လည်း ချီမင်ကို အာရုံစိုက်နေ၏။
"မဆိုးဘူး။" ဝမ်ရှန်းက ပြောလိုက်သည်။ " လက်သည်းကိုးခုဘိုးဘေးနဂါးက ဥပဒေသကောင်းကင်အရှင် နဝမအဆင့်ပဲ။ ချီမင်က မိုးမြေမဟာတာအိုကို နားလည်ထားတော့ လွယ်လွယ်ကူကူလေး သတ်လိုက်နိုင်တယ်။"
“ဒီတစ်ကြိမ် နတ်ဆိုးကမ္ဘာစုဝေးပွဲမှာ မဟာတာအိုကျင့်ကြံသူ စုစုပေါင်း ကိုးယောက်ပါတယ်။"
ထိုအခိုက် စီနီယာအစ်ကိုစုက ပြောလိုက်သည်။" ချီမင်အပြင် ရှစ်ယောက်ကျန်သေးတယ်။ ဒါပေမဲ့ ချီမင်ကတော့ ကျင့်ကြံခြင်းအဆင့် အနိမ့်ဆုံးပဲ။ တခြား ရှစ်ယောက်က စည်းမျဉ်းကောင်းကင်အရှင် အဆင့်မှာ။"
" ရှစ်ယောက်တောင် ရှိနေတာပဲ။"
ဝမ်ရှန်းနှင့် ချင်ယွီသည် ထိတ်လန့်သွားတော့၏။ "ဒီတစ်ခေါက်ကတော့ အတော်များတယ်နော်။ ဒီတစ်ကြိမ် နတ်ဆိုးကမ္ဘာစုဝေးပွဲက မဟာတာအိုကျင့်ကြံသူ အများဆုံးပါတဲ့ ပွဲပဲ။"
" ဒီတစ်ခေါက်တော့ အရမ်း စည်ကားတော့မှာပဲ။"
ကမ္ဘာကိုးကမ္ဘာတွင်။
ချီမင်သည် ဆမ်ဆာရာကမ္ဘာတွင် ဖြစ်ပါ၏။ ကျန်သည့် မဟာတာအိုကျင့်ကြံသူ ရှစ်ယောက်သည် မတူညီသည့် ကမ္ဘာများတွင် ရောက်နေလေသည်။ သူတို့အားလုံး လူကွဲနေကြသော်လည်း စွမ်းအားကြီး အံ့ဖွယ်စွမ်းအားများနှင့် တာအိုနည်းစနစ်တို့ကို အလျှိုလျှို ထုတ်ဖော်ပြသာလာ၏။ ကောင်းကင်နှင့်မြေကြီးမဟာတာအို၏ ကာကွယ်ပေးမှုအောက်တွင် သူတို့လုပ်သမျှ အောင်မြင်နေ၏။
အချိန် ကုန်လွန်သွားသည်။
ဆယ်နှစ်ကြာသွားခဲ့သည်။
ဆမ်ဆာရာကမ္ဘာ၏ အရှေ့အစွန်ဖျားတွင် အသင်္ချေတောင်ဟူသော နတ်ဘုရားတောင်တစ်တောင် ရှိသည်။ အသင်္ချေတောင်ကိုဗဟိုပြုကာ ပတ်ဝန်းကျင် မိုင်သန်းတစ်ရာသည်တော့ အသင်္ချေတာအို မဟာမိတ်၏ နယ်မြေဖြစ်သည်။
အသင်္ချေတာအိုမဟာမိတ်သည် ဆမ်ဆာရာကမ္ဘာ၏ အဖွဲ့အစည်းကိုးခုထဲက တစ်ခုဖြစ်ပြီး တတိယအဆင့်တွင် ရှိသည်။ မျိုးနွယ်စုပေါင်းများစွာ အဖွဲ့အစည်းပေါင်းများစွာနှင့် ဖွဲ့စည်းထားကာ အတော်လေး သန်မာလှသည်။
ဆယ်နှစ်ကြာသွားခဲ့ပါ၏။
ချီမင်သည် အသင်္ချေတာအိုမဟာမိတ်သို့ ဝင်ရောက်ကာ အဖွဲ့ဝင်တစ်ဦးဖြစ်လာသည်။ ကြီးမားသည့် စွမ်းအားကို ထုတ်ဖော်ပြပြီးနောက်မှာ အသင်္ချေတာအိုမဟာမိတ်သည် သူ့ကို အပြည့်အဝလက်ခံခဲ့သည်။
သူသည် အသင်္ချေတာအိုမဟာမိတ်၏ ဂုဏ်ထူးဆောင်အကြီးအကဲတစ်ဦးဖြစ်လာကာ အကြီးအကဲခန်းမသို့ ဝင်ရောက်ခဲ့၏။
အကြီးအကဲခန်းမ၏ အဖွဲ့ဝင်များသည် စည်းမျဉ်းကောင်းကင်အရှင်များဖြစ်ကြသည်။ စည်းမျဉ်းကောင်းကင်အရှင် နဝမအဆင့် များစွာ ရှိပြီး အသင်္ချေတာအိုမဟာမိတ်၏ ခေါင်းဆောင်သည် ထာဝရအထွတ်အထိပ်အရှင်နယ်ပယ်သို့ ရောက်နေပြီဖြစ်လေသည်။
ချီမင်သည် သူ၏ ကိုယ်ပိုင်ခွန်အားကြောင့်ပဲ ဂုဏ်ထူးဆောင်အကြီးအကဲ တစ်ဦးဖြစ်လာရခြင်း မဟုတ်ပေ။ သူ၏ သားရဲ စည်းမျဉ်းကောင်းကင်အရှင် နဝမအဆင့် နှစ်ကောင်ကြောင့်လည်း ပါသည်။
နီဗားနားနတ်ဆိုးအရှင်နှင့် ကမ္မဗုဒ္ဓတို့ဖြစ်သည်။
ချီမင်၏ရာထူးသည် အသင်္ချေတာအိုမဟာမိတ်တွင် အင်မတန် မြင့်မားသည်။ သူ၏ အထက်တွင် အသင်္ချေတာအိုမဟာမိတ်ခေါင်းဆောင်ရှိကာ အောက်တွင်တော့ အကြီးအကဲများစွာ ရှိသည်။
အသင်္ချေတောင်ထိပ်တွင်။
အနီးကပ်ကြည့်ရင် ရွှေရောင်ဝင်းကာ တောက်ပသော ခမ်းနားသည့် နန်းတော်များကို တွေ့နိုင်သည်။ ဌကောင်းကင်နှင့်မြေကြီးမဟာတာအိုအစီအရင်ကို တပ်ဆင်ထားကာ နန်းတော်တစ်ခုလုံးကို ဖုံးအုပ်နေသည်။
၎င်းက ချီမင်၏ နန်းဆောင်ဖြစ်သည်။ ချီနန်းတော်ဟု ခေါ်သည်။
ထို့အပြင် နန်းတော်တစ်ခုလုံးကို ဖုံးအုပ်နေသော အစီအရင်ကြီးကို ကောင်းကင်သံသရာကြယ်တာရာအစီအရင်ဟုခေါ်၏။ တွက်ချက်ခြင်းစနစ်အောက်တွင် ၎င်းက အတော်လေးပြည့်စုံသည့် အဆင့်သို့ ရောက်နေပြီဖြစ်သည်။
နီဗားနားနတ်ဆိုးအရှင်နှင့် ကမ္မဗုဒ္ဓသည်လည်း နန်းတော်ကို စောင့်ကြပ်ပေးနေ၏။
ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်သာ မဟုတ်ရင် မည်သူမျှ ကောင်းကင်သံသရာကြယ်တာရာအစီအရင်ကို ချိုးဖြတ်နိုင်မည် မဟုတ်ပေ။
သီးသန့်ခန်းထဲတွင်။
ချီမင်သည် တင်ပျဉ်ခွေချိတ်ထိုင်နေကာ သူ၏ အခြေအနေကို အထွတ်အထိပ်ထိ ရောက်အောင် ချိန်ညှိလိုက်၏။ " အချိန်ကျပြီ။ ငါ လိုအပ်တာတွေ အကုန်လုံး လုပ်ပြီးပြီ။ အသင်္ချေတာအိုမဟာမိတ်ရဲ့ ကိစ္စတွေကိုလည်း ဖြေရှင်းထားပြီးပြီ။"
" အခု သီးသန့်ကျင့်ကြံရမဲ့ အချိန်ရောက်ပြီ။"
"အသင်္ချေတောင်၊ လေဟာနယ်"
ချီမင်သည် ညွှန်ကြားလိုက်လေသည်။ "ဒီနေ့ကစပြီး ငါသီးသန့်ကျင့်ကြံတော့မယ်။ ငါ့ ခွင့်ပြုချက်မရထားတဲ့ ဘယ်သူ့ကိုမဆို အစီအရင်ထဲ ဝင်ခွင့်မပြုနဲ့။"
"ကျူးကျော်လာသူရှိရင်။"
"အကုန်လုံးကို သတ်ပစ်။"
နီဗားနားနတ်ဆိုးအရှင်က ပြော၏။" သခင် မစိုးရိမ်ပါနဲ့။"
"ဟုတ်ကဲ့ပါ။" ကမ္မဗုဒ္ဓကလည်း ပြောလေသည်။
ချီမင်က စိတ်ကျေနပ်စွာခေါင်းညိတ်လိုက်သည်။
စည်းမျဉ်းသကောင်းကင်အရှင် နဝမအဆင့်သို့ ရောက်နေသော တာအိုသားရဲနှစ်ကောင်၏ အစောင့်အရှောက်နှင့် အစီအရင်၏ ကာကွယ်ပေးမှုဖြင့်ဆိုလျှင် ချီမင်သည် မည်သည့်မတော်တဆမှုမှ ကြုံရမည်မဟုတ်ဟု ယုံကြည်ပါ၏။ သူသည် အေးချမ်းစွာ သီးသန့်ကျင့်ကြံနိုင်ပါပေသည်။
ထို့အပြင် ဤနေရာသည်လည်း အသင်္ချေတာအိုမဟာမိတ်၏ အသင်္ချေတောင်ဖြစ်သည်။
ချီမင်သည် လုံးဝကို စိတ်လျှော့ထားလိုက်၏။
"အစီအရင်ကို အသက်သွင်း"
ချီမင်သည် လက်ချိတ်စည်းကို ဖွဲ့စည်းကာ အသက်သွင်းလိုက်၏။ ကောင်းကင်နှင့်မြေကြီးမဟာတာအိုအစီအရင်သည် လည်ပတ်လာခဲ့ပြီး မဟာတာအိုကောင်းကင်လျှို့ဝှက်ချက်ကို ဖုံးကွယ်ကာ အရာအားလုံးကို တားဆီးပေးလိုက်သည်။
"ဒါက.."
"ချီမင်"
"မြင်ကွင်းက ပျောက်ကွယ်သွားပြီ။"
"ပျောက်သွားပြီ။"
“…”
ကမ္ဘာကိုးကမ္ဘာအပြင်ဘက်တွင်။
နန်းတော်ကိုးခုတွင်။
တကယ်တော့ များစွာသော ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်တို့သည် ချီမင်ကို စောင့်ကြည့်နေတာ ဖြစ်သည်။ သို့ပေမဲ့ အစီအရင်အသက်ဝင်သွားတော့ သူ၏ပုံရိပ်သည် ပျောက်ကွယ်သွားတော့သည်။
ကမ္ဘာဦးအထွတ်အထိပ်ကောင်းကင်အရှင်သည် ခဏမျှ စဉ်းစားကာဆိုသည်။ “ဆမ်ဆာရာကမ္ဘာကိုဝင်တာ ဆယ့်တစ်နှစ်ရှိပြီ။ ပထမဆုံးနှစ်မှာ ချီမင်က နတ်ဆိုးတိုကင်တစ်ခု ရခဲ့တယ်။ ကျန်တဲ့ နှစ်တွေမှာတော့ သူက အခြေခံအားဖြင့် အသင်္ချေတာအိုမဟာမိတ်မှာပဲ အချိန်ဖြုန်းနေခဲ့တယ်။"
"သူက သီးသန့်ကျင့်ကြံချင်တာလား။"
"ငါ ဒီလိုဖြစ်မယ် မထင်ထားဘူး။"
"ချီမင်မှာ စည်းမျဉ်းကောင်းကင်အရှင် နဝမအဆင့် နှစ်ယောက်ရှိတာပဲ။ မယုံနိုင်စရာ ကောင်းတယ်။"
"ချီမင်က ကျင့်ကြံနေတာပဲ။"
"ဒါက.."
“…”
ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်တို့သည် ဆွေးနွေးနေကြ၏။
အမှန်တကယ်တော့။
စွမ်းအားကြီးထာဝရအထွတ်အထိပ်ကောင်းကင်အရှင်များသည် ချီမင်နှင့် မဟာတာအိုကို ကျင့်ကြံသော တခြား စည်းမျဉ်းကောင်းကင်အရှင်များကိုလည်း အာရုံခံမိသွားသည်။
"ချီမင်က သီးသန့်ကျင့်ကြံတော့မှာပဲ။"
ချင်ယွီသည် ပြောလိုက်၏။ "သူက သူ့ခွန်အားကို အမြန်တိုးချင်နေတာလား။ ဒီ နှစ်တစ်သိန်းအတွင်းမှာ သူ ဘယ်နှစ်ဆင့်လောက် တက်နိုင်မှာ မလို့လဲ။"
"ဟဟ"
ဝမ်ရှန်းသည် မထီမဲ့မြင် ရယ်မောလိုက်လေသည်။ "ငါသူ့ကို အရမ်းကို အထင်ကြီးလိုက်မိပုံရတယ်။ ကမ္ဘာကိုးကမ္ဘာမှာ မိုးမြေဝါနက်ထူးခြားစေတီအပြင် တခြား အခွင့်အရေးတွေလည်း ရှိသေးတယ်။"
"သူသာ အထဲက အခွင့်အလမ်းတွေ ရနေသရွေ့ အချိန်တိုလေးအတွင်း ကျင့်ကြံခြင်းအဆင့် တိုးတက်နိုင်တယ်။ သူက ဥပဒေသကောင်းကင်အရှင် နဝမအဆင့်ဆိုတော့ ကျန်တဲ့ မဟာတာအိုကျင့်ကြံတဲ့ တခြား စည်းမျဉ်းကောင်းကင်အရှင်တွေကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ အဲဒီတော့ သူက အခွင့်အလမ်းတွေကို ရှာဖွေနေရမှာ ။ သီးသန့်ကျင့်ကြံနေရမှာ မဟုတ်ဘူး။"
"တံခါးပိတ်ပြီး ကျင့်ကြံနေရုံနဲ့တော့ ကျင့်ကြံခြင်းအဆင့်ကို တိုးမြှင့်နိုင်မှာ မဟုတ်ဘူး။ သူ့မှာ အချိန်စီးဆင်းနှုန်းကို မြှင့်တင်နိုင်တဲ့ တာအိုရတနာရှိရင်တောင် အသုံးမဝင်ဘူး။ ခေတ်(၁၀၀၀၀)အချိန်ရှိရင်တောင် သူက သီးသန့်ကျင့်ကြံနေရုံနဲ့ မိုးမြေမဟာတာအိုကို နားလည်လာမှာ မဟုတ်ဘူး။"
"သူက အတွေ့အကြုံရှာပြီး ရုန်းကန် တိုက်ခိုက်နေရမှာ"
"မဟုတ်လို့ရှိရင်..."
"အခုလုပ်နေတာတွေ အားလုံးက အဓိပ္ပာယ်မရှိဘူး။"
"ဖြစ်နိုင်ပါတယ်။" စီနီယာအစ်ကိုစုသည် သာမန်မျှ တုံ့ပြန်ကာ ဘာမှ ဆက်မပြောတော့ပေ။
ဆမ်ဆာရာကမ္ဘာတွင်တော့ ချီမင်သည် သီးသန့်ကျင့်ကြံနေခဲ့သည့်အတွက် သူသည် အပြင်ဘက်တွင်ရှိသော ထာဝရအထွတ်အထိပ်ကောင်းကင်အရှင်များ၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့မှန်း မသိပေ။
သိုသော်လည်း ချီမင်သိသွားရင်တောင် သူက ဂရုမစိုက်ပေ။
"ငါ အဆင့်နိမ့်တာအိုမူလအစ သန်းတစ်ထောင်ထည့်ပြီး အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်ကို အသက်သွင်းမယ်။"
တင်း!
"အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်ကို အောင်မြင်စွာ အသက်သွင်းနိုင်ခဲ့ပါတယ်။"
ချီမင်၏ ပုံရိပ်သည် ပျောက်ကွယ်သွားခဲ့ပြီး အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်ထဲသို့ ဝင်သွားတော့၏။ သူသည် အချိန်မြှင့်တင်မှုအောက်တွင် စတင်ကျင့်ကြံတော့သည်။
"ငါ အဆင့်နိမ့်တာအိုမူလအစ သန်းတစ်ထောင်ထည့်ပြီး ဖရိုဖရဲမဟာတာအိုကျမ်း:တာအိုကောင်းကင်အခန်းကို ကျင့်ကြံမယ်။"
တင်း!
" ဖရိုဖရဲမဟာတာအိုကျမ်း:ကောင်းကင်တာအိုခန်းကို အဆသန်းတစ်သိန်းမြှင့်တင်မှုအောက်တွင် ကျင့်ကြံနေပါတယ်။"
အသိပေးချက်တစ်ခုပေါ်လာသည်။
ချီမင်သည် အဆင့်နိမ့်တာအိုမူလအစများစွာကို ထည့်သွင်းကာ မဟာတာအိုစစ်မှန်ကျမ်းကို နားလည်ဆင်ခြင်တော့သည်။ သူသည် ဖရိုဖရဲမဟာတာအိုကျမ်းကို တွက်ချက်ကာ တိတ်တဆိတ် ကျင့်ကြံတော့လေသည်။
ချီမင်နားလည်တတ်ကျွမ်းထားသည့် မဟာတာအိုအံ့ဖွယ်စွမ်းအားအားလုံးသည် နက်နဲခြင်းအဆင့်သို့ ရောက်နေပြီဖြစ်သည်။ သူ၏ ကိုယ်ပိုင်တာအိုရတနာနှင့် ကျန်သော ရတနာတို့ကိုလည်း အကန့်အသတ်ထိ သန့်စင်ထားပြီပေပြီ။
ချီမင်သည် ကျင့်ကြံဖို့သာ ကျန်ပါတော့၏။
သူသည် တစ်နေ့ကို အဆင့်နိမ့်တာအိုမူလအစ သန်းလေးထောင် သုံးသည်။
ထိုသို့သာ ဆက်သွားနေခဲ့လေ၏။
ချီမင်သည် စည်းမျဉ်းကောင်းကင်အရှင်အဆင့်သို့ တက်လှမ်းချင်ပါက သူသည် ကောင်းကင်နှင့်မြေကြီးမဟာတာအိုကို နားလည်ဆင်ခြင်ရမှာ ဖြစ်သည်။ သူ၏ မဟာတာအိုနှလုံးသားသည် ပိုမြင့်သော အဆင့်သို့ ဝင်ရောက်ရန် လို၏။
ထိုအဆင့်ကို မဟာတာအိုမူလအစ ဟုခေါ်သည်။
ပြီးပြည့်စုံခြင်းအဆင့်ကိုး မဟာတာအိုနှလုံးသားသည် ကောင်းကင်နှင့်မြေကြီးမဟာတာအို၏ စစ်မှန်ရည်ရွယ်ချက်များစွာတို့ကို နားလည်ဆင်ခြင်ထားသော အဆင့်ဖြစ်သည်။ သူသာ နောက်တစ်ဆင့်တက်ချင်ပါက ကောင်းကင်နှင့်မြေကြီးမဟာတာအို မူလအစစွမ်းအားကို နားလည်ဆင်ခြင်ရမည်ဖြစ်သည်။
သူ အောင်မြင်သွားလျှင် စည်းမျဉ်းကောင်းကင်အရှင် အဆင့်သို့ တက်လှမ်းသွားမည်ဖြစ်သည်။
တစ်ချိန်တည်းမှာ ကမ္ဘာဦးတာအိုကမ္ဘာသည် ကမ္ဘာဦးတာအိုကောင်းကင်အဖြစ်သို့ ပြောင်းလဲသွားမှာ ဖြစ်သည်။ ထို့အပြင် ၎င်းက အလုံးစုံ ကောင်းကင်နှင့်မြေကြီးမဟာတာအိုနှင့်ပေါင်းစပ်သွားကာ တစ်သားတည်းဖြစ်သွားမည် ဖြစ်သည်။
ထိုအချိန်ကျရင် သူသည် ကောင်းကင်နှင့်မြေကြီးမဟာတာအို၏ စွမ်းအားကို အလွယ်တကူ ထိန်းချုပ်နိုင်လာမှာဖြစ်၏။
အချိန် ကုန်လွန်သွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာ နှစ်တစ်သောင်းကြာသွားခဲ့သည်။
ယနေ့မှာတော့။
ချီမင်က မျက်လုံးဖွင့်လာသည်။ မရေမတွက်နိုင်သော ဉာဏ်အလင်းတို့သည် အဆုံးအစမဲ့ မဟာတာအိုမူလအစ အဆောင်များအဖြစ် သိပ်သည်းသွားတော့၏။ သူ၏ တစ်ကိုယ်လုံးသည် စွမ်းအားများ ပြည့်နှက်သွားတော့သည်။
တင်း!
"ဂုဏ်ပြုပါတယ်လက်ခံသူ။ သင် အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်တွင် နှစ်သန်းတစ်ရာကြာ အချိန်မြှင့်တင်မှုအောက်တွင် ဆယ်နှစ်ကြာ ကျင့်ကြံခဲ့ပါတယ်။ ၎င်းက နှစ်တစ်ထရီလီယန်ကြာ ကျင့်ကြံခြင်းနှင့် ညီမျှပါတယ်။"
"ဖရိုဖရဲမဟာတာအိုကျမ်း:ကောင်းကင်တာအိုကျမ်းကို အဆတစ်ဘီလီယန်မြှင့်တင်မှုအောက်တွင် နှစ်တစ်ထရီလီယန်ကြာ ကျင့်ကြံခဲ့ပါတယ်။ ၎င်းက ကောင်းကင်နှင့်မြေကြီးမဟာတာအို မူလအစဆန်းကြယ်မှုများကို နားလည်သွားခဲ့ကာ ၎င်းတို့ကို မဟာတာအိုနှလုံးသားထဲသို့ ပေါင်းစပ်နိုင်သွားပါတယ်။ သင်၏ ကောင်းကင်နှင့်မြေကြီးမဟာတာအိုနားလည်မှုတို့သည် တိုးတက်သွားခဲ့ကာ မဟာတာအိုမူလအစ အဆင့်တစ်သို့ ရောက်ရှိသွားပါပြီ။"
…
တင်း!
"ဂုဏ်ပြုပါတယ်လက်ခံသူ။ သင်၏ ကောင်းကင်နှင့်မြေကြီးမဟာတာအိုနားလည်မှုများသည် မဟာတာအိုမူလအစ အဆင့်တစ်သို့ ချိုးဖြတ်ရောက်ရှိသွားသောကြောင့် သင်သည် စည်းမျဉ်းကောင်းကင်အရှင် ပထမအဆင့်သို့ ရောက်ရှိသွားပါပြီ။"
…
အသိပေးချက်တစ်ခုပေါ်လာသည်။
ချီမင်တွင် အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်သွားတော့သည်။ သူ၏ ခန္ဓာကိုယ်ထဲမှ ဟိန်းဟောက်သံများ ထွက်လာခဲ့ပြီး ကောင်းကင်နှင့်မြေကြီးမဟာတာအိုစွမ်းအားနှင့် ပေါင်းစပ်သွားတော့၏။