← Chapters

မဟာတာအိုမူလအစ။ ကမ္ဘာဦးတာအိုကောင်းကင်။ ကမ္ဘာဦးမဟာတာအိုကျမ်း။

Vol. 30 Ch. 440

မဟာတာအိုမူလအစ။ ကမ္ဘာဦးတာအိုကောင်းကင်။ ကမ္ဘာဦးမဟာတာအိုကျမ်း။

Vol. 30 Ch. 440

ချီမင်၏ ဤတစ်ကြိမ်အဆင့်တက်မှုသည် အဓိကအဆင့်ကြီးတစ်ဆင့် တက်သွားခြင်းဖြစ်သောကြောင့် အတော်လေးကြီးမားသွား၏။ ကောင်းကင်နှင့်မြေကြီးမဟာတာအိုသည် ၎င်းကို အာရုံခံမိသွားကာ ထူးခြားဖြစ်စဉ်တို့သည် သူ့ကို ဂုဏ်ပြုရန် ကောင်းကင်မှ သက်ဆင်းလာကြသည်။

နီဗားနားနတ်ဆိုးအရှင်နှင်ကမ္မဗုဒ္ဓသည် ထိုသည်ကို မြင်တော့ ချီမင်၏ အမိန့်အတိုင်း မဟာကောင်းကင်ကြယ်တာရာအစီအရင်ကို အစွမ်းကုန် အားထုတ်ကာ အသက်သွင်းလိုက်ပြီး မဟာတာအို ထူးခြားဖြစ်စဉ်များကို ဖုံးကွယ်လိုက်၏။

ထို့ကြောင့် ကြီးကြီးမားမားတော့ ဖြစ်မလာပေ။

သီးသန့်အခန်းထဲတွင်။

ချီမင်၏ စိတ်ထဲတွင် သူ၏ မဟာတာအိုသည် တောက်ပလာ၏။ ကောင်းကင်နှင့်မြေကြီးမဟာတာအို၏ မူလအစစွမ်းအားတို့နှင့် ပေါင်းစပ်ပြီးနောက်မှာ ၎င်းက ထပ်မံ ပြောင်းလဲသွားခဲ့သည်။

မဟာတာအိုနှလုံးသားသည် မဟာတာအိုမူလအစအဖြစ် ပြောင်းလဲသွားခဲ့သည့်အပြင် ထာဝရအလင်းတို့ ထွန်းတောက်လာခဲ့၏။ ထို့နောက် ၎င်းက ချီမင်၏ အသိစိတ်၊ စစ်မှန်ဝိညာဉ်နှင့် ဝိညာဉ်တို့ဖြင့် ပေါင်းစပ်သွားခဲ့သည်။

ထိုအခိုက် ချီမင်၏ ဝိညာဉ်၊ စစ်မှန်ဝိညာဉ်နှင့် အသိစိတ်တို့သည် တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားတော့လေသည်။ ၎င်းတို့သည် မဟာတာအိုမူလအစနှင့် ပေါင်းစပ်ကာ မဟာာတာအိုစိတ်ဝိညာဉ်ဖြစ်လာသည်။

တင်း!

"ဂုဏ်ပြုပါတယ်လက်ခံသူ။ သင်၏ ဝိညာဉ်၊စစ်မှန်ဝိညာဉ်နှင့် အသိစိတ်တို့သည် မိုးမြေမဟာတာအို မူလအစတို့ကို စုပ်ယူပေါင်းစပ်သွားခဲ့ကာ မဟာတာအိုစိတ်ဝိညာဉ်ဖြစ်လာပါတယ်။”

ချီမင်၏ ခန္ဓာကိုယ်သည် မဟာတာအိုခန္ဓာဖြစ်လာကာ စစ်မှန်ဝိညာဉ်သည်တော့ မဟာတာအိုစိတ်ဝိညာဉ်ဖြစ်လာ၏။

ထိုနှစ်ခုက ပေါင်းစပ်သွားခဲ့သည်။

ချီမင်သည် ကောင်းကင်နှင့်မြေကြီးမဟာတာအို၏ သရုပ်သဏ္ဍာန်ဖြစ်လာသည်။

သူသည် ကောင်းကင်နှင့်မြေကြီးမဟာတာအိုစွမ်းအားကို အလွယ်လေး စုစည်းလိုက်သည်။ အတွေးတစ်ချက်ဖြင့် သူသည် အထက်ကမ္ဘာကိုးကမ္ဘာ၊ အဆုံးမဲ့ကမ္ဘာတို့၏ ကောင်းကင်တာအိုတို့ကို အာရုံခံစားနိုင်သွားတော့သည်။

သူ၏ အာရုံထဲတွင် ကောင်းကင်နှင့်မြေကြီးမဟာတာအိုသည် အရာအားလုံး၏ ရင်းမြစ်ဖြစ်လာသည်။ အစမှ အဆုံးတိုင် အရာအားလုံး၏ မြင့်မားသည့် မဏ္ဍိုင်ကြီးတစ်ခုအလားပင်။ အထက်ကမ္ဘာကိုးကမ္ဘာ၏ ကောင်းကင်တာအိုသည် မဟာတာအို၏ အဓိကကိုင်းခွဲဖြစ်သည်။

၎င်းမှ ကောင်းကင်တာအိုကမ္ဘာများစွာ ဆင့်ကဲပြောင်းလဲလာခဲ့ခြင်းဖြစ်သည်။

လေဟာနယ်စကြာဝဠာပင်လယ်ထဲတွင် မိုးမြေမဟာတာအိုသည် အခြေခံဖြစ်ကာ အထက်ကမ္ဘာကိုးကမ္ဘာ၏ ကောင်းကင်တာအိုသည် အဓိကိုင်းခွဲဖြစ်သည်။ထို့နောက် ၎င်းထံမှ မရေမတွက်နိုင်လောက်သော ကောင်းကင်တာအိုများ ဆင့်ပွားလာခဲ့ခြင်းဖြစ်၏။

ချီမင်က သူ၏ပစ္စည်းစာရင်းကိုဖွင့်လိုက်သည်။ အဆင့်နိမ့် တာအိုမူလအစများသည် ချီမင်၏ ခန္ဓာကိုယ်ထဲသို့ ရေစီးကြောင်း တစ်ခုပမာ စီးဝင်လာကာ သန့်စင်စုပ်ယူခံလိုက်ရတော့၏။

စွမ်းအင်များသည် ကမ္ဘာဦဂတာအိုသစ်သီးထဲသို့ စီးဝင်လာသည်။

ချီမင်၏ ခန္ဓာကိုယ်ထဲမှ ကောင်းကင်နှင့်မြေပြင်ကိုပင် လှုပ်ခါသွားသော ပေါက်ကွဲသံများ ထွက်လာ၏။ ပဲ့တင်ထပ်သံများ ထွက်လာကာ ကောင်းကင်နှင့်မြေကြီးကိုပင် နှစ်ခြမ်းကွဲသွားမည့် ဖြစ်စဉ်ပေါ်လာသည်။

"ကမ္ဘာဦးတာအိုကောင်းကင်။ ပွင့်စမ်း"

ချီမင်သည် ဟိန်းဟောက်ကာ အဆင့်နိမ့် တာအိုမူလအစများကို စုပ်ယူတော့၏။ အဆင့်နိမ့် တာအိုမူလအစသည် ထိုအချိန်၌ စုဝေးလာခဲ့သည်။ သူက ၎င်းတို့အားလုံးကို စုပ်ယူလိုက်တော့၏။

ချီမင်သည် ဥပဒေသကောင်းကင်အရှင် နဝမအဆင့်: ဖရိုဖရဲမျှော်စင်ခုနစ်ဆယ်ထပ်မှ ခုနစ်ဆယ့်ကိုးထပ်ကို နှစ်တိုင်း ရှင်းလင်းခဲ့သည်။ သူသည် အဆင့်နိမ့် တာအိုမူလအစ တစ်ကွာဒရီလီယန် ရရှိပါသည်။

နှစ်တစ်သောင်းအတွင်းတွင် သူသည် အကြိမ်တစ်သောင်း ရှင်းလင်းခဲ့သည်။

စုစုပေါင်း အဆင့်နိမ့်တာအိုမူလအစ တစ်ဆယ်ကွင်ဒရီလီယန် ရရှိသည်။

ထိုအဆင့်နိမ့် တာအိုမူလအစအားလုံးကို ချီမင်သည် စုပ်ယူသွားတော့၏။ ကမ္ဘာဦးတာအိုသစ်သီးထဲမှ အဆုံးမဲ့စွမ်းအင်တို့ ထွက်ပေါ်လာကာ စုစည်းသွားလေသည်။

ကမ္ဘာဦးတာအိုသစ်သီးသည် ပြီးပြည့်စုံခြင်းအဆင့်ကိုးသို့ ရောက်ရှိသွားသည်။ ၎င်းက အထွတ်အထိပ်စွမ်းအားကိုသုံးကာ ကောင်းကင်နှင့်မြေကြီးမဟာတာအိုမူလအစစွမ်းအားနှင့် ပေါင်းစပ်သွားခဲ့သည်။ ထို့နောက် ကမ္ဘာဦးတာအိုကောင်းကင်အဖြစ် ပြောင်းလဲသွားတော့သည်။

ထူးခြားဖြစ်စဉ်မျိုးစုံ ပေါ်လာတော့၏။

ရေ မီး လေနှင့် မြေတို့ ဖြစ်ပေါ်လာပြီးနောက်မှာ သန့်စင်ချီသည် ကောင်းကင်သို့ မြင့်တက်သွားခဲ့ပြီး နောက်ကျိချီသည် မြေပြင်သို့ သက်ဆင်းသွားလေသည်။ ကောင်းကင်နှင့်မြေကြီးသည် နှစ်ခြမ်းကွဲသွားကာ ချီမင်၏ အတွေးထဲမှ တာအိုကောင်းကင်တစ်ခု ဖြစ်တည်လာ၏။

ကမ္ဘာဦးတာအိုကောင်းကင်သည် အောင်မြင်စွာ ဆင့်ကဲပြောင်းလဲသွားပြီး ချီမင်၏ ခန္ဓာကိုယ်ထဲမှ ထွက်သွားသည်။ ၎င်းက မမြင်နိုင်သည့် ကောင်းကင်နှင့်မြေကြီးမဟာတာအိုနှင့် ပေါင်းစပ်သွား၏။

ချီမင်၏ ကမ္ဘာဦးတာအိုကောင်းကင်နှင့် ကောင်းကင်နှင့်မြေကြီးမဟာတာအိုသည် ပေါင်းစပ်သွားတော့လေသည်။ ၎င်းက တကယ့်ကမ္ဘာကြီးထဲတွင် မတည်ရှိတော့ဘဲ မိုးမြေမဟာတာအိုထဲသို့ ရောက်ရှိသွားတော့လေသည်။

"ကမ္ဘာဦးတာအိုကောင်းကင်"

ချီမင်၏အရှိန်အဝါက မြင့်တက်သွားသည်။ ကမ္ဘာဦးတာအိုကောင်းကင်နှင့် ကောင်းကင်နှင့်မြေကြီးမဟာတာအို ပေါင်းစပ်သွားပြီးနောက်မှာ ချီမင်သည် ကောင်းကင်နှင့်မြေကြီးမဟာတာအိုကို အခြေခံအဖြစ်ထားပြီး ကမ္ဘာဦးမဟာတာအိုအဖြစ် ဆင့်ကဲပြောင်းလဲကာ သူ၏ လမ်းစဉ်ကို လျှောက်လှမ်းသွားတော့၏။

တင်း!

"ဂုဏ်ပြုပါတယ်လက်ခံသူ။ သင် ကောင်းကင်နှင့်မြေကြီးမဟာတာအိုကို အခြေခံအဖြစ်ထားကာ ကမ္ဘာဦးမဟာာတာအိုအဖြစ် အောင်မြင်စွာ အဆင့်တက်နိုင်ခဲ့ပါတယ်။ သင်၏ လမ်းစဉ်ကို လျှောက်လှမ်းနိုင်ခဲ့ပါပြီ။ သို့ဖြစ်၍ ဖရိုဖရဲမဟာတာအိုကျမ်းသည် ကမ္ဘာဦးမဟာတာအိုကျမ်း ဖြစ်သွားပါပြီ။"

နောက်ထပ် အသိပေးချက်တစ်ခုပေါ်လာသည်။

"ဟားဟား..."ချီမင်က ကျယ်လောင်စွာရယ်မောလိုက်သည်။" ချိုးဖြတ်"

နောက်ထပ် မြည်ဟိန်းလာသည်။ ချီမင်၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါသည် အဆက်မပြတ် မြင့်တက်လာနေသည်။ သူသည် သူ၏ အကန့်အသတ်ကို ချိုးဖြတ်သွားတော့သည်။

ချီမင်သည် စည်းမျဉ်းကောင်းကင်အရှင် ပထမအဆင့်သို့ အောင်မြင်စွာ ရောက်ရှိသွားတော့လေသည်။

"အောင်မြင်သွားပြီ။"

ချီမင်သည် သူ၏ ခန္ဓာကိုယ်ထဲက အပြောင်းအလဲများကို အာရုံလိုက်သည်။" မဟာတာအိုမူလအစ အဖြစ် ပြောင်းသွားပြီ။ ကမ္ဘာဦးတာအိုကလည်း ပြောင်းသွားပြီ။ မဟာတာအိုခန္ဓာနဲ့ မဟာတာအိုစိတ်ဝိညာဉ် အကုန်လုံးက အဆင့်တက်သွားပြီ။"

"ငါ စည်းမျဉ်းကောင်းကင်အရှင် ပထမအဆင့် ရောက်သွားပြီ။"

"ဟားဟား..."ချီမင်သည် စိတ်အခြေအနေ ကောင်းသွားတော့သည်။

အချိန်ကုန်ဆုံးသွားသည်။

တစ်နှစ်အကြာတွင်။

ချီမင်သည် သူ၏ ကျင့်ကြံခြင်းအဆင့်ကို အခြေခိုင်အောင် လုပ်လိုက်သည်။

တင်း!

"ဂုဏ်ပြုပါတယ်လက်ခံသူ။ သင်သည် စည်းမျဉ်းကောင်းကင်အရှင် ပထမအဆင့်သို့ ရောက်ရှိသွားပါပြီ။ ဥပဒေသကောင်းကင်အရှင် နဝမအဆင့် ဂိမ်းမြေအောက်စခန်းကို ရှင်းလင်းရာမှ ရရှိမည့် ဆုလဒ်များ လျော့ကျသွားပါပြီ။ သင် အလယ်အလတ်အဆင့် တာအိုမူလ သန်းတစ်ထောင်သုံးပြီး ဂိမ်းမြေအောက်စခန်းအသစ်ကို ဖွင့်လှစ်နိုင်ပါတယ်။"

…

တင်း!

"ဂုဏ်ပြုပါတယ်လက်ခံသူ။ သင် စည်းမျဉ်းကောင်းကင်အရှင် ပထမအဆင့်သို့ ရောက်ရှိသွားသောကြောင့် အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်ကို အဆသန်းတစ်သောင်းအထိ မြှင့်တင်နိုင်သွားပါပြီ။"

…

တင်း!

"ဂုဏ်ပြုပါတယ်လက်ခံသူ။ သင် စည်းမျဉ်းကောင်းကင်အရှင် ပထမအဆင့်သို့ ရောက်ရှိသွားသောကြောင့် အလိုအလျောက်ကျင့်ကြံခြင်းစနစ်ကို အဆသန်းတစ်သောင်းအထိ မြှင့်တင်နိုင်သွားပါပြီ။"

…

တင်း!

"ဂုဏ်ပြုပါတယ်လက်ခံသူ။ သင် စည်းမျဉ်းကောင်းကင်အရှင် ပထမအဆင့်သို့ ရောက်ရှိသွားသောကြောင့် အလိုအလျောက်တွက်ချက်ခြင်းစနစ်ကို အဆသန်းတစ်သောင်းအထိ မြှင့်တင်နိုင်သွားပါပြီ။"

…

တင်း!

" သင် စည်းမျဉ်းကောင်းကင်အရှင် ပထမအဆင့်သို့ ရောက်ရှိသွားသောကြောင့် သင် အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်၊ အလိုအလျောက်ကျင့်ကြံခြင်းနှင့် အလိုအလျောက်တွက်ချက်ခြင်းစနစ်တို့ကို အသက်သွင်းပါက အဆင့်နိမ့် တာအိုမူလအစကို သုံး၍မရတော့ပါ။ အလယ်အလတ်အဆင့်သာ အသုံးပြု၍ ရပါတော့မည်။"

…

ချီမင်၏ရှေ့တွင် အသိပေးချက်များ တစ်ခုပြီးတစ်ခု ပေါ်လာတော့သည်။ အဓိကအဆင့်ကြီးတစ်ဆင့် တက်သွားသောကြောင့် အလိုအလျောက်ကျင့်ကြံခြင်းစနစ်သည် များစွာ ပြောင်းလဲသွား၏။

ချီမင်က ဆိုသည်။" ငါ အလယ်အလတ်အဆင့် တာအိုမူလအစ သန်းတစ်ထောင်ထည့်ပြီး ဂိမ်းမြေအောက်စခန်းအသစ်ကို အသက်သွင်းမယ်။"

တင်း!

"ဖြည့်သွင်းခြင်း အောင်မြင်ပါတယ်။"

" စည်းမျဉ်းကောင်းကင်အရှင် ပထမအဆင့် ဂိမ်းမြေအောက်စခန်း:ဖရိုဖရဲမျှော်စင်ရှစ်ဆယ်ထပ်မှ ရှစ်ဆယ့်ကိုးထပ်ကို အောင်မြင်စွာ အသက်သွင်းနိုင်ခဲ့ပါပြီ။"

"သင် ဝင်ရောက်နိုင်ပါပြီ။"

အသိပေးချက်တစ်ခုပေါ်လာသည်။

"ဝင်မယ်။"

အတွေးတစ်ချက်ဖြင့် ချီမင်သည် သူ၏ မဟာတာအိုစိတ်ဝိညာဉ်မှ အသိစိတ်တစ်မျှင်ကို ထုတ်ကာ ဂိမ်းမြေအောက်စခန်းထဲသို့ ထည့်လိုက်၏။ သူ၏ ဂိမ်းဇာတ်ကောင်သည် ဖရိုဖရဲရှစ်ဆယ်ထပ်သို့ ဝင်ရောက်သွားတော့သည်။

သူရှေ့တွင် ရန်သူအလှလေးတစ်ဦးပေါ်လာသည်။ သူမသည် စွမ်းအားကြီး စည်းမျဉ်းကောင်းကင်အရှင် တတိယအဆင့်ဖြစ်ပါသည်။ မဟာတာအိုအံ့ဖွယ်စွမ်းအားများစွာကိုလည်း နားလည်ထားသည်။

တိုက်ပွဲက စတင်လာ၏။

"တိုက်ခိုက်ကြ။"

ချီမင်၏ ဂိမ်းဇာတ်ကောင်သည် ဦးစွာ တိုက်ခိုက်လိုက်သည်။ သူသည် စည်းမျဉ်းကောင်းကင်အရှင် ပထမအဆင့်ဖြစ်သော်လည်း ကမ္ဘာဦးမဟာတာအိုသည် ရန်သူကို ဖိနှိပ်နိုင်၏။ တိုက်ကွက်အနည်းငယ် ဖလှယ်သွားပြီးနောက်မှာ သူသည် ရန်သူကို သတ်လိုက်နိုင်၏။

ချီမင်သည် ဂိမ်းမျက်နှာပြင်ကို ပိတ်ဆို့ကာ အာရုံမစိုက်ထားတော့ပေ။

" ငါ အလယ်အလတ်အဆင့် တာအိုမူလအစ သန်းတစ်သိန်းထည့်ပြီး အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်ကို အသက်သွင်းမယ်။"

တင်း!

" အလိုအလျောက်စိုက်ပျိုးခြင်းနေရာလွတ်ကို အောင်မြင်စွာ အသက်သွင်းလိုက်နိုင်ပါတယ်။ အချိန်စီးဆင်းနှုန်းသည် အဆသန်းတစ်သောင်း မြန်သွားပါပြီ။"

အသိပေးချက်တစ်ခုပေါ်လာသည်။

"ငါ အလယ်အလတ်အဆင့် တာအိုမူလအစတစ်ခုနဲ့ တာအိုမူလအစ သန်းတစ်သောင်းထည့်ပြီး ကမ္ဘာဦးမဟာတာအိုကျမ်း:တာအိုကောင်းကင်အခန်းကို ကျင့်ကြံမယ်။"

တင်း!

" ဖရိုဖရဲမဟာတာအိုကျမ်း:ကောင်းကင်တာအိုအခန်းကို အဆသန်းတစ်သိန်းမြှင့်တင်မှုအောက်တွင် ကျင့်ကြံနေပါတယ်။"

အသိပေးချက်တစ်ခုပေါ်လာသည်။

"ဆက်တွက်မယ်။"

ချီမင်သည် ပြော၏။" ငါ အလယ်အလတ်အဆင့် တာအိုမူလအစ သန်းသုံးသောင်းထည့်ပြီး ကိုယ်ပိုင်တာအိုရတနာသုံးခုကို သန့်စင်မယ်။"

တင်း!

"ဖရိုဖရဲမဟာတာအိုဓားကြာပွင့်ကို အဆ သန်းတစ်သောင်း မြှင့်တင်မှုအောက်တွင် သန့်စင်နေပါတယ်။"

…

တင်း!

"ဖရိုဖရဲကမ္ဘာဖျက်ဓားကို အဆသန်းတစ်သောင်းမြှင့်တင်မှုတွင် သန့်စင်နေပါတယ်။"

…

တင်း!

"ဖရိုဖရဲပုကျုံးတောင်ကို အဆသန်းတစ်သောင်းမြှင့်တင်မှုအောက်တွင် သန့်စင်နေပါတယ်။"

…

အသိပေးချက်များ ဆက်တိုက်ဆိုသလို ပေါ်လာခဲ့၏။

ချီမင်က ခေါင်းအသာညိတ်လိုက်သည်။ "ငါ အလယ်အလတ်အဆင့် တာအိုမူလအစ သန်းနှစ်သောင်းထည့်ပြီး မဟာတာအိုစစ်မှန်ကျမ်းကို ကျင့်ကြံမယ်။"

တင်း!

"မဟာတာအိုစစ်မှန်ကျမ်းကို အဆသန်းတစ်သောင်းမြှင့်တင်မှုအောက်တွင် နားလည်ဆင်ခြင်နေပါတယ်။"

…

တင်း!

" ကမ္ဘာဦးမဟာတာအိုကျမ်းကို အဆသန်းတစ်သောင်းမြှင့်တင်မှုအောက်တွင် တွက်ချက်နေပါတယ်။"

…

အသိပေးချက် နှစ်ခုကျော် ပေါ်လာသည်။

အလိုအလျောက်ကျင့်ကြံဖို့ တစ်နေ့ကို အလယ်အလတ်အဆင့် တာအိုမူလအစ သန်းတစ်သိန်းသောင်းခြောက်ထောင် လိုအပ်ပါသည်။ ချီမင်၏ ပစ္စည်းစာရင်းထဲတွင် အဆင့်နိမ့်တာအိုမူလအစအားလုံးသည် ကုန်ဆုံးသွားပြီဖြစ်ပေသည်။ စုစုပေါင်း အလယ်အလတ်အဆင့် တာအိုမူလအစ တစ်ကွာဒီရီလီယန် သာ ကျန်တော့သည်။

ထို အလယ်အလယ်အဆင့် တာအိုမူလအစများသည် ချီမင်ကို အလိုအလျောက်ကျင့်ကြံဖို့ ရက်ပေါင်း(၆၀၀)ကျော်လောက် လောက်ငှပါ၏။

မျက်စိတစ်မှိတ်အတွင်းမှာ တစ်နှစ်ကြာသွားသည်။

တင်း!

"ဂုဏ်ပြုပါတယ်လက်ခံသူ။ သင် မိုးမြေမဟာတာအိုကို နားလည်ခဲ့ပြီး ကမ္ဘာဦးမဟာတာအိုကျမ်းကို ကျင့်ကြံခဲ့ပါတယ်။ ကမ္ဘာဦးမဟာတာအိုကျမ်းကို အခြေခံအဖြစ်ထားကာ သင် မဟာတာအိုအံ့ဖွယ်စွမ်းအား ကမ္ဘာဦးအဆောင်ကို ဖန်တီးခဲ့ပါတယ်။"

…

တင်း!

"ဂုဏ်ပြုပါတယ်လက်ခံသူ။ သင် စည်းမျဉ်းကောင်းကင်အရှင် ပထမအဆင့် ဂိမ်းမြေအောက်စခန်း: ဖရိုဖရဲမျှော်စင် ရှစ်ဆယ်ထပ်မှ ရှစ်ဆယ့်ကိုးထပ်ကို အလိုအလျောက် ရှင်းလင်းခဲ့ပါတယ်။ သင် ဂိမ်းမြေအောက်စခန်းကို တစ်ကြိမ်ရှင်းလင်းခဲ့ပါတယ်။ သင် မိုးမြေမဟာတာအိုမူလအစ သစ်သီးတစ်လုံးနှင့် အလယ်အလတ်အဆင့် တာအိုမူလအစ တစ်ထရီလီယန် ရရှိခဲ့ပါတယ်။"

…

ထိုအခိုက် ချီမင်သည် အသိပေးချက်နှစ်ခုကို ရလိုက်၏။

"ကမ္ဘာဦးအဆောင်"

အတွေးတစ်ချက်ဖြင့် ချီမင်သည် ထို မဟာတာအိုအံ့ဖွယ်စွမ်းအားကို လျင်မြန်စွာ လက်ခံရရှိသွားတော့သည်။ ၎င်း၏ စွမ်းအားသည် ကမ္ဘာဦးတာအိုအလင်းထက် များစွာ ကျော်လွန်သွားသည်။

ထို့အပြင် ကမ္ဘာဦးအဆောင်သည် ပြီးပြည့်စုံသည့် အဆောင် တစ်ခုဖြစ်သည်။ ကမ္ဘာဦးမဟာတာအိုကို အခြေခံအဖြစ်ထားကာ မှော်စာလုံး (၁၂၉၆၀၀)ထရီလီယန်တို့ကို ထည့်သွင်းထားသည်။

ထို့နောက် ကမ္ဘာဦးစာလုံးအားလုံးကို ပေါင်းစပ်ကာ ကမ္ဘာဦးအစီအရင်တစ်ခုကို တပ်ဆင်နိုင်သည်။ မြေရေလေမီးတို့ကို ဖန်တီးသည်။ ၎င်းတွင် အဆုံးမဲ့စွမ်းအားများ ပါဝင်ကာ ရန်သူကို အပြည့်အဝ ဖျက်ဆီးပစ်နိုင်သည်။

All Chapters