← Chapters

ရှန်နုံကိုမေ့လိုက်! ဆေးပင်ရာချီ? လျစ်လျူရှုခံရသော Bowens!

Vol. 75 Ch. 1112

ရှန်နုံကိုမေ့လိုက်! ဆေးပင်ရာချီ? လျစ်လျူရှုခံရသော Bowens!

Vol. 75 Ch. 1112

ဝန်ကြီးလုနှင့်ကျွမ်းကျင်ပညာရှင်များအံ့ဩနေစဉ် အတွင်းရေးမှူးကအစီရင်ခံသည်_

"ချင်းလင်ဓာတ်ခွဲခန်းက အီးမေးလ်ပို့လိုက်ပါတယ်''

ဝန်ကြီးလုကနားထောင်ရင်း ကွန်ပျူတာချက်ချင်းဖွင့်ပြီး အီးမေးလ်အကောင့်ထဲဝင်လိုက်ရာ ချင်းလင်ဓာတ်ခွဲခန်းမှအီးမေးလ်ကိုတွေ့သည်။

ပလိပ်ရောဂါဆေးနည်းဟုခေါင်းစဉ်တပ်ပြီး ချင်းလင်ဓာတ်ခွဲခန်းအကောင့်မှပို့ထား၏။

သူအီးမေးလ်ဖွင့်ကြည့်ရာ ဆေးနည်းတွေ့ရသည်။ ဆေးပင်နာမည်များနှင့်အချိုးအစားပါသည်။

တော်ဝင်ပညာရှင်နှစ်ဦးနှင့်ကျွမ်းကျင်ပညာရှင်များအားလုံးလာရောက်စူးစမ်းကြ၏။

"ဆေးပင်အများစုကိုသိတယ်... ဒါပေမဲ့ ဟွေးယိမြက်နဲ့တံစဉ်မြက်ကဘာလဲ?''

"အဲဒီဆေးပင်နှစ်မျိုး မကြားဖူးဘူး!''

“……”

တော်ဝင်ပညာရှင်နှစ်ဦးနှင့်ကျွမ်းကျင်ပညာရှင်များမှာ ဆေးသုတေသနသမားများဖြစ်၍ ဆေးပင်များအကြောင်းသိသည်။

ဘာပဲဖြစ်ဖြစ် တရုတ်တိုင်းရင်းဆေးနှင့်အနောက်တိုင်းဆေးကြားမှာ ကွာခြားချက်မရှိ။

ဆေးပင်အတော်များများကိုပေါင်းသုံးနိုင်သည်။

ကွာခြားချက်က အချိန်နှင့်လုပ်နည်းလုပ်စဉ်ပင်။

သူတို့က ဟွေးယိမြက်နှင့်တံစဉ်မြက်ကိုတန်းရှာကြသည်။ သို့ရာတွင် အလေ့ကျပေါက်သောမြက်ပင်များဖြစ်နေ၍ အံ့ဩသွားသည်။

တောင်ပိုင်းတောင်တန်းတွေပေါ်မှာ အတွေ့များတဲ့ပေါင်းပင်ဖြစ်နေပါလား?

"နာမည်တူတာလား? မှားရေးတာလား?''

"ဒီနာမည်နဲ့တခြားဆေးပင်တော့မရှိဘူး''

“……”

တော်ဝင်ပညာရှင်နှစ်ဦးနှင့်ကျွမ်းကျင်ပညာရှင်များ ကြောင်သွားသည်။

ဝန်ကြီးလုလည်းဇဝေဇဝါဖြစ်ပြီး ဖုန်းထုတ်ကာ စပီကာဖွင့်၍ ချင်လင်ကိုဆက်ပြန်သည်။

ဖုန်းဝင်ဝင်ချင်း ချင်လင်အသံထွက်လာသည်_

"ဝန်ကြီးလု... ဆေးနည်းရလား?''

"ရတယ်.. ဒါပေမဲ့ ဟွေးယိမြက်နဲ့တံစဉ်မြက်က မသေချာလို့!''

ဝန်ကြီးလုက ချက်ချင်းပြန်ဖြေသည်။

ချင်လင်ကသဘောပေါက်ပြီး ပြုံးပြုံးနှင့်_

"ဝန်ကြီးလု.. အဲဒါ တောင်ပိုင်းကပေါင်းပင်တွေပါ... ပေါင်းပင်တွေကိုတခြားဆေးပင်တွေနဲ့ရောလိုက်ရင် ထူးခြားတဲ့အာနိသင်ထွက်ပါတယ်''

"တကယ်ပေါင်းပင်လား? မယုံနိုင်စရာပဲ''

ဝန်ကြီးလုက တအံ့တဩပြောသည်။

"ဝန်ကြီးလု.. ဒါပုံမှန်ပဲမလား?''

ချင်လင်က တည်တည်ငြိမ်ငြိမ်နှင့်_

"တရုတ်တိုင်းဆေးသမိုင်းမှာ ဆေးပင်တွေရဲ့အာနိသင်ကိုမသိကြသေးခင်က အကုန်ပေါင်းပင်တွေပဲမလား? မဟုတ်ရင် ရှန်နုံက ဆေးပင်ရာချီအရသာခံတဲ့ဒဏ္ဍာရီရှိပါ့မလား? ကျွန်တော်တို့ဇစ်မြစ်ကိုမမေ့သင့်ပါဘူး!''

ထိုစကားများမှာ သူကမှန်ကန်သူလို ကြီးကြီးကျယ်ကျယ်အသံနှင့်။

ဝန်ကြီးလုမှာ 'ကိုယ့်ဇစ်မြစ်ကိုယ်မမေ့သင့်'ဆိုသောစကားကြားပြီး ဘယ်လိုပြန်ဖြေရမှန်းမသိတော့။

တော်ဝင်ပညာရှင်နှစ်ဦးနှင့်ကျွမ်းကျင်ပညာရှင်များ နည်းနည်းရှက်သွားသည်။

သူတို့ဇဝေဇဝါဖြစ်နေတာ သူတို့ဇစ်မြစ်ကိုမေ့နေလို့လား?

ဒါပေမဲ့ ရှန်နုံက အပင်ပေါင်းရာချီအရသာခံထားတယ်ဆိုမှတော့ သူဘာပြောရဲမလဲ? သံသယရောဝင်လို့ရဦးမလား?

သူက ရန်ဟွမ်ဘိုးဘေးဖြစ်သည်။

ထို့ကြောင့် ဆေးကို ရှေးဟောင်းတရုတ်တိုင်းရင်းဆေးနည်းအဖြစ်အတည်ပြုထားသည်။

သူတို့က သက်ပြင်းသာကြိတ်ချလိုက်ကြသည်။ တရုတ်တိုင်းရင်းဆေးက တကယ်အမေ့ခံရတနာပဲ။

သူတို့ တရုတ်တိုင်းရင်းဆေးကိုတဖက်စောင်းနင်းဖြစ်ခဲ့တာလား?

အမှန်အတိုင်းပြောရရင် တရုတ်တိုင်းရင်းဆေးတိမ်ကောလာခြင်းမှာ အနောက်တိုင်းဆေးကြောင့်ဖြစ်သည်။

ဒီအတောအတွင်း နိုင်ငံရပ်ခြားသိပ္ပံပညာကိုလေ့လာပြီး အယူသီးမှုများကိုအဆုံးသတ်ခဲ့ကြ၏။

အနောက်တိုင်းဆရာဝန်များ၏ဝါဒဖြန့်မှုကြောင့် တရုတ်တိုင်းရင်းဆေးမှာ သိပ္ပံနည်းမကျသောအယူအဆတစ်ရပ်ဖြစ်လာသည်။ ထို့အပြင် ဆေးလိုင်စင်ထုတ်ပြန်ချက်ကြောင့် တရုတ်တိုင်းရင်းဆေးဆရာတဝက်ကျော်ကိုဖယ်ရှားပြီးသလောက်ဖြစ်သွား၏။

သို့ရာတွင် လွန်ခဲ့သော ၂ နှစ်အတွင်း တရုတ်တိုင်းရင်းဆေးအပြစ်ကင်းပုံကိုသက်သေပြလာနိုင်သည်။ 'ပတ္တမြားမှန်လျှင်နွံမနစ်'ဆိုသကဲ့သို့ ဘယ်လောက်ဖျက်ဆီးပြီးခြိမ်းခြောက်ခံရခံရ၊ အနှေးနှင့်အမြန် လူရှေ့သူရှေ့တွင်တောက်ပလာမည်။

လျှို့ဝှက်ဆေးနည်းတချို့က အားလုံးကိုသက်သေပြနိုင်ပြီ။ အားဖြည့်ဆေးရည်လိုအရာမျိုးကို အနောက်တိုင်းဆေးကမတတ်နိုင်။

ဒီတစ်ခါ ပလိပ်ရောဂါဆေးပင်။ ကမ္ဘာမှာ တစ်ခါနှစ်ခါမကဖြစ်ဖူးသည်။

ဒီရောဂါပေါ်လာတိုင်း စွမ်းပါသည်ဆိုသောဆေးဘက်ဆိုင်ရာဓာတ်ခွဲခန်းများ ဖြေရှင်းဖို့ခက်ကြသည်။ အကြိမ်တိုင်း ကူးစက်ခံရသောတိရစ္ဆာန်များ မျိုးတုံးလုနီးနီးဖြစ်ပြီး ပလိပ်ရောဂါပြန့်စရာနေရာမရှိသည်အထိဖြစ်သည်။

မဟုတ်ရင် ပလိပ်ရောဂါမျိုးကွဲပေါ်လာသည်နှင့်နိုင်ငံအသီးသီးကဓာတ်ခွဲခန်းတွေတိုးတက်မှုမရှိဘဲ ထိတ်လန့်နေမှာမဟုတ်။

သို့ရာတွင် ထိပ်တန်းအနောက်တိုင်းဆေးပညာရှင်များကိုဒုက္ခပေးပြီး ကမ္ဘာတလွှားရှိဓာတ်ခွဲခန်းများကိုခေါင်းခဲစေသောပလိပ်ရောဂါကို တရုတ်တိုင်းရင်းဆေးနည်းနှင့်ဖြေရှင်းလိုက်နိုင်ပြီ။

ဝန်ကြီးလုကအတည်ပြုပြီး ချက်ချင်းတည်တည်ငြိမ်ငြိမ်နှင့်_

"ပညာရှင်တို့... မြန်မြန်လေးဆေးရည်ဖော်စပ်ပြီး အာနိသင်စမ်းကြည့်ရအောင်... ပြီးတော့ ပလိပ်ရောဂါမပြီးခင်အထိ ဆေးနည်းကိုလျှို့ဝှက်ထားပါ''

တော်ဝင်ပညာရှင်နှစ်ဦးနှင့်ကျွမ်းကျင်ပညာရှင်များ ချက်ချင်းခေါင်းညိမ့်လိုက်ကြသည်။

ပလိပ်ရောဂါဘယ်လောက်ပြင်းထန်မှန်း သူတို့သိသည်။ ဒါကိုမထိန်းချုပ်နိုင်ရင် အိမ်မွေးတိရစ္ဆာန်တွေပါကူးစက်ခံရပြီး အနှေးနှင့်အမြန်သေသွားလိမ့်မည်။

နိုင်ငံအားလုံးအတွက်ကပ်ဘေးကြီးပင်။ အထူးသဖြင့် စိုက်ပျိုးမွေးမြူရေးအဓိကလုပ်ကိုင်သောနိုင်ငံများဖြစ်သည်။

ဒီတော့ ဒီဆေးရည်က အတော်လေးအရေးပါနေသည်။

ဝန်ကြီးလုတို့က ဆေးရည်ကိုအမြန်ဆုံးပြင်ဆင်ကြ၏။

ဟွေးယိမြက်နှင့်တံစဉ်မြက်က အချိန်ယူရသည်။ တောင်ပိုင်းတွင်အလေ့ကျပေါက်သောပေါင်းပင်များဖြစ်၍ မြို့တော်ရောက်ဖို့အချိန်ပေးရသည်။

ဆေးထုတ်ပြီးနောက် ကူးစက်ခံရသောတိရစ္ဆာန်များကိုအမြန်ဆုံးထိုးပေးသည်။

ထိုတိရစ္ဆာန်များမှာ မြန်မြန်ဆန်ဆန်နာလန်ထူလာကြ၏။

ဆေးအာနိသင်ကိုအတည်ပြုပြီးနောက် ဝန်ကြီးလုက သူ့ခေါင်းဆောင်ဆီချက်ချင်းတင်ပြသည်။

ခေါင်းဆောင်ကအချိန်မဆိုင်းဘဲ တရုတ်သိပ္ပံအကယ်ဒမီအတွက်ဆေးအမြောက်အများထုတ်ရန် အားချင်းစီစဉ်သည်။ တချိန်တည်းမှာ အားလုံးသိစေရန် တိရစ္ဆာန်စီမံရေးဌာနကိုအမြန်ဆုံးသတင်းလွှင့်ခိုင်းသည်။

ဟွေးယိမြက်နှင့်တံစဉ်မြက်ကိုလည်း တောင်ပိုင်းနေရာအသီးသီးမှလျင်မြန်စွာပို့ပေးကြသည်။

တောင်ပိုင်းအလေ့ကျပေါက်​သောပေါင်းပင်များမှာ ပေါက်ချင်တိုင်းပေါက်ခဲ့ပြီးမှ ဒီနေ့လိုအုံလိုက်ကျင်းလိုက်အရှင်းခံရတော့သည်။

All Chapters