ရှန်နုံကိုမေ့လိုက်! ဆေးပင်ရာချီ? လျစ်လျူရှုခံရသော Bowens! ၂
Vol. 75 Ch. 1113
သူ့တန်ဖိုးကြောင့်လည်းဖြစ်သည်။
သို့ဖြစ်၍ တစ်ခါတလေ တန်ဖိုးကြောင့်ဖျက်ဆီးခံရလေသည်!
…
တောင်ပိုင်းမြို့_
အိမ်မွေးတိရစ္ဆာန်ဆေးရုံတစ်ရုံတွင် တိမွေးကုဆရာဝန်ချူနာမှာ စိတ်မကြည်မလင်ဖြစ်နေသည်။
ဆေးရုံထဲတွင် သီးသန့်ခွဲထားသောတိရစ္ဆာန်များစွာရှိသော်လည်း ဆေးမကုရသေး။ နေ့တိုင်း အရေးပေါ်အခြေအနေကြုံနေသည်။
ထို့အပြင် သူမက အိမ်မွေးတိရစ္ဆာန်ဆိုင်ရှင်လည်းဖြစ်သည်။ သူမ၏အရုပ်လေးရွှယ်ကောင်းလည်း ဆေးရုံမှာသီးသန့်ထားရပြီး အခြေအနေဆိုးနေသည်။
"ဒေါက်တာရန်... ရွှယ်ကောင်းအခြေအနေမကောင်းဘူး''
သူနာပြုတစ်ယောက်က အလောတကြီးရောက်လာသည်။
သတင်းကြားပြီး ချူနာချက်ချင်းမျက်နှာပျက်သွားသည်။ သီးသန့်ဌာနထဲအပြေးသွားပြီး အရုပ်လေးရှေ့အရောက်တွင်ရပ်လိုက်သည်။
အရုပ်လေးက အခြေအနေမကောင်း။ နည်းနည်းတုန်ရီနေပြီ။
ကူးစက်ခံရသောတိရစ္ဆာန်များ ဒီအခြေအနေရောက်လျှင် သွေးစခဲနေသည့်သဘောပင်။ ရက်ပိုင်းအတွင်း ဆေးကုသမှုမရပါက သေနိုင်သည်။
ချူနာကကြည့်ပြီး ရင်နာနာနှင့်_
"ရွှယ်ကောင်း.. ဘာမှမဖြစ်ဘူး... နည်းလမ်းရှိမှာပါ!''
သူမကပြောရင်းဆိုရင်း အရုပ်လေးမေးကိုပွတ်သပ်လိုက်သည်။
ကြောင်တွေက မေးစေ့ကိုင်ရင်သဘောကျသည်။ သူတို့သက်သောင့်သက်သာရှိသောကြောင့် ပိုင်ရှင်ထိရင် သဘောကျတတ်သည်။
"မြောင် မြောင် မြောင်!''
ချူနာကမေးစေ့ကိုထိသည်နှင့် ရွှယ်ကောင်းကအားမရှိစွာအသံပေးသည်။
ဒီလိုအခြေအနေမှာ ရွှယ်ကောင်း၏မအီမသာပုံစံကြောင့် သူမစိတ်မချမ်းမသာဖြစ်ရသည်။ လျှာတစ်လစ်နှင့် သူမလက်ခုံကိုသနားစဖွယ်လာလျက်၏။
ချူနာပိုပြီးစိတ်ပူသွားသည်။
ရွှယ်ကောင်းကို ကွန်လွန်သွားသောအဖေဖြစ်သူကပေးခဲ့ခြင်းဖြစ်သည်။ သူမအဖေ၏နောက်ဆုံးလက်ဆောင်ဖြစ်ပြီး အဖေ့အမှတ်တရများရှိသောနောက်ဆုံးအရာလည်းဖြစ်သည်။
သို့ရာတွင် ရွှယ်ကောင်းကိုကြည့်ပြီး သူမဘာမှမတတ်နိုင်။
"ဘေဘီ ဘေဘီ.. မသေပါနဲ့''
တသိမ့်သိမ့်ငိုသံထွက်လာသည်။
ရွှေရောင်အမွေးနှင့်အကောင်လေးဘေးတွင် ဝှီးချဲနှင့်လူကြီးတစ်ယောက်ငိုနေသည်။
သူမကလှမ်းကြည့်ပြီး ရင်ထဲဆစ်ခနဲဖြစ်သွားသည်။
ထိုလူကြီးသားက စ*စ်သားဖြစ်ပြီး တစ်နှစ်ပတ်လုံး တပ်ထဲမှာနေရသည်။ သူ့မိန်းမကကွယ်လွန်သွားပြီဖြစ်ပြီး သားကလက်မထပ်ရသေးသောကြောင့် သူ့မှာအဖော်မရှိပေ။ ရွှေရောင်လေးကိုအဖော်ပြုပြီးနေရသည်။
ရွှေရောင်လေးကို သူ့သားအဖြစ်မွေးမြူထား၏။
သူဘယ်လောက်နာကျင်ရမလဲ သူသာသိမည်။
ဘေးနားတွင် ကြံရိုးကိုင်ထားသောတစ်ယောက်ကလည်းတင်းတင်းဆုပ်ပြီး မျက်လုံးထောင့်မှမျက်ရည်များစီးကျနေသည်။
သူမလမ်းပြခွေးလည်း ကူးစက်ခံထားရသည်။ ငိုသံကြားပြီး လမ်းပြခွေး၏အဆုံးသတ်ကိုမြင်ယောင်နေသည်။
လမ်းပြခွေးက သူမအဖို့အရာရာပင်။
မတော်တဆဖြစ်၍မျက်စိအမြင်ဆုံးရှုံးခဲ့ရပြီးနောက် လေးငါးနှစ်ကြာလက်တွဲခဲ့သောကောင်လေးကပစ်ထားခဲ့၏။ မိဘများကလည်း အထင်သေးပြီး အစ်ကိုနှင့်ယောင်းမဖြစ်သူက ဝန်ထုပ်ဝန်ပိုးလိုသဘောထားကြသည်။
သူမလမ်းပြခွေးကသာ တစ်ကမ္ဘာဖြစ်နေသည်။ နေ့တိုင်း မပင်မပန်းနှင့်လိုရာခရီးရောက်နိုင်သည်။ သူမကမ္ဘာမှာတန်ဖိုးထားရသော၊တစ်ခုတည်းသောအရာလည်းဖြစ်သည်။
သူ့ကိုဘာမှမဖြစ်စေချင်။
ဒါပေမဲ့ မတတ်နိုင်။
ပတ်ဝန်းကျင်အငွေ့အသက်က ပူဆွေးနေ၍ တခဏချင်းဝမ်းနည်းစရာအပြည့်ဖြစ်သွားသည်။
ထိုအချိန်တွင် အရုပ်လေးကိုကြည့်ပြီး သူမပိုစိတ်ဓာတ်ကျသွားသည်။
ထိုအခိုက် ရုတ်တရက် ဝမ်းသာအားရအသံထွက်လာသည်_
"အားလုံး သတင်းကြည့်ကြဦး... တိရစ္ဆာန်ထိန်းသိမ်းရေးဌာနက တရားဝင်သတင်းလွှင့်ထားတယ်... သူတို့မှာဆေးရည်ရှိတယ်.. အမြန်ဆုံးထုတ်မယ်တဲ့''
သတင်းကြားပြီး ပူဆွေးနေသောပတ်ဝန်းကျင်မှာ ရောင်ခြည်သမ်းလာသည်။ လူတိုင်း ဖုန်းထုတ်ကြည့်ကြ၏။
မျက်စိမမြင်သောအမျိုးသမီးက မနေနိုင်ဘဲ ဘေးလူကိုမေးသည်_
"တကယ်လား? တကယ်လား?''
ထိုနားတဝိုက်လူများက အမှတ်တမဲ့ထအော်ကြ၏_
"ဟုတ်တယ်... သတင်းမှာ အဲလိုပြောထားတယ်''
အတည်ပြုချက်ရပြီးနောက် မျက်စိမမြင်သောအမျိုးသမီးမှာ တခဏချင်းဝမ်းသာပြုံးရွှင်သွားသည်။ သူမအဖို့ ဒီထက်ပျော်စရာမရှိပြီ။
ချူနာလည်း လိုင်းပေါ်တက်ကြည့်ရာ တိရစ္ဆာန်ထိန်းသိမ်းရေးဌာနကတင်ထားသောသတင်းကိုတွေ့သည်။
"အားလုံးကို သတင်းကောင်းပြောပါရစေ... ချင်းလင်ဓာတ်ခွဲခန်းက ဂျူနီယာပါမောက္ခချင်က တရုတ်တိုင်းရင်းဆေးနဲ့သိပ္ပံသုတေသနလုပ်ပြီး ပလိပ်ရောဂါအတွက်ဆေးဖော်ထားပါတယ်... ဆေးကိုစမ်းသပ်ပြီးတော့ ပလိပ်ရောဂါကိုကုသနိုင်ကြောင်း အတည်ပြုထားပါတယ်''
"အခု ဆေးကိုအင်တိုက်အားတိုက်ထုတ်ဖို့ အမြန်ဆုံးဖြန့်ဝေဖို့ သက်ဆိုင်ရာဌာနတွေနဲ့ပူးပေါင်းထားပါတယ်... အိမ်မွေးတိရစ္ဆာန်နဲ့မွေးမြူရေးတိရစ္ဆာန်ပိုင်ရှင်တွေ တက်တက်ကြွကြွပူးပေါင်းပေးဖို့မျှော်လင့်ပါတယ်!''
ထိုသတင်းကြောင့် ချူနာမဖုံးမဖိနိုင်အောင်ပျော်သွားသည်။ အားလုံးနည်းတူ သူမအရမ်းဝမ်းသာနေသည်။
"ရှောင်ချင်...''
သူမက တိုးတိုးရေရွတ်လိုက်သည်။
ရှောင်ချင်ကို သူမသိသည်။
ပထမဆုံးပေါ်လာတုန်းက မြင်းထိန်းသမားလေးအဖြစ် အင်တာနက်မှာနာမည်ကြီးတာမှတ်မိသေးသည်။
သူမြင်းစီးတဲ့ဗီဒီယိုကိုကြည့်ဖူးသည်။ တကယ်ကျွမ်းကျင်ပြီး လှံကစားပုံကပိုခန့်သည်။
နောက်ပြီး ဘယ်သူမှလိုက်မလုပ်နိုင်။
တချို့က လိုင်းပေါ်မှာနာမည်ကြီးချင်ရင် ငွေချပ်ဝတ်တန်ဆာ၊ ငွေလှံတံနဲ့ မြင်းဖြူစီးဟုတောင်ပြောကြသည်။ ကျောက်ကျစ်လုံနဲ့တောင်နှိုင်းကြ၏။
သူက ကျန်းဖေး၊ ကျူးကဲ့လျန်၊ မာချောင်၊ ကျောက်ကျစ်လုံ၊ လီမိုချူးတို့လိုဝတ်စားတဲ့ အင်တာနက်ဆယ်လီတွေထက်ပိုပြီး နာမည်မကြီးဘူးလား?
ရှောင်ချင်က အင်တာနက်ဆယ်လီစာရင်းဝင်ဖြစ်နိုင်ခြေရှိသည်ဟု တချို့ကဆိုသည်။
ရှောင်ချင်က အင်တာနက်ဆယ်လီအသိုင်းအဝိုင်းကမဟုတ်တာ နှမြောစရာဟု UP ဆရာများကထင်ကြ၏။
ရှောင်ချင်ရဲ့သုတေသနနဲ့ရှန်းရွှေလက်ဆောင်ဆန်သတင်း၊ တရုတ်သိပ္ပံအကယ်ဒမီကတောင် ဂျူနီယာပါမောက္ခဘွဲ့ပေးတဲ့သတင်းထွက်လာမှ သူတို့မျက်နှာသူတို့ဖြတ်ရိုက်ချင်သွားသည်။
အင်တာနက်ဆယ်လီဆိုတာကို ဟိုကမှဂရုမစိုက်ဘဲ။
အထူးသဖြင့် ရှောင်ချင်မှာအရင်ကခရီးသွားမေဂျာဖြစ်ပြီး အလုပ်တဖက်နှင့်သိပ္ပံပညာရှင်ဖြစ်လာကြောင်းသိရလျှင် လူတိုင်းမယုံနိုင်အောင်ဖြစ်သွားကြသည်။