ရှန်နုံကိုမေ့လိုက်! ဆေးပင်ရာချီ? လျစ်လျူရှုခံရသော Bowens! ၃
Vol. 75 Ch. 1114
ရှောင်ချင်က ဝါသနာအရလေ့လာပြီး သူများထမင်းအိုးရိုက်ခွဲတဲ့နတ်ဆိုး။
ဒီတစ်ခါ ရှောင်ချင်ကပိုတောင်အံ့ဩစရာကောင်းနေသည်။
ပလိပ်ရောဂါပေါ်လာပြီး သက်ဆိုင်ရာသတင်းများကြည့်လျှင် ဘယ်လောက်ဆိုးမှန်းသိနိုင်သည်။ အရင်ကခဏခဏပေါ်ခဲ့ပြီး ကမ္ဘာ့ထိပ်တန်းဓာတ်ခွဲခန်းတွေ၊သိပ္ပံပညာရှင်တွေ မဖြေရှင်းနိုင်ခဲ့။
ဒီတစ်ခါ ကမ္ဘာ့ထိပ်တန်းဓာတ်ခွဲခန်းတွေ၊သိပ္ပံပညာရှင်တွေမဖြေရှင်းနိုင်တဲ့ပလိပ်ရောဂါကို ရှောင်ချင်ကဖြေရှင်းလိုက်နိုင်ပြီ။
ဘာ်လောက်အံ့ဩစရာကောင်းလဲ?
ပြီးတော့ သူကခရီးသွားမေဂျာတဲ့။
ထိုသတင်းထွက်လာသောပခါ အိမ်မွေးတိရစ္ဆာန်၊မွေးမြူရေးတိရစ္ဆာန်ပိုင်ရှင်များ အံ့ဩဝမ်းသာကြသည်။
အတော်များများက ရှောင်ချင်ကြောင့် အံ့အားသင့်ရ၏။
ထို့ကြောင့် ချင်လင်ကနတ်သားလိုရေပန်းစားလာပြန်သည်။
သူကျောင်းတက်ခဲ့သော မူလတန်း၊အလယ်တန်း၊အထက်တန်း၊တက္ကသိုလ်များတွင်လည်း အသည်းအသန်ပေါ်ပင်လိုက်ကြသည်။
အထူးသဖြင့် တက္ကသိုလ်စာကြည့်တိုက်က ရှောင်ချင်မှာခရီးသွားမေဂျာဖြစ်ပြီး သူဖတ်ခဲ့သော သိပ္ပံသုတေသနစာအုပ်များစွာရှိသည်ဟုဆိုသည်။
စာကြည့်တိုက်မှူးတချို့က သက်သေပြလာသည်။
ကျောင်းတွင် ရှောင်ချင်၏အားစိုက်ထုတ်မှုကိုကိုယ်တိုင်တွေ့ပြီး လမ်းညွှန်ပြသခဲ့သော နာမည်ကြီးပါမောက္ခနှစ်ဦးတောင်ရှိသည်တဲ့။ 'ရှောင်ချင်က ခရီးသွားမေဂျာဖြစ်သည့်အတွက် နှမြောပြီး မေဂျာပြောင်းပေးချင်ခဲ့သည်'တဲ့။
"သော*က်.. အဓိပ္ပါယ်မရှိတာတွေ''
ချင်လင်ကသတင်းဖတ်ပြီး အော်ပစ်လိုက်သည်။
သို့ရာတွင် 'ကျောင်းက ရှောင်ချင်လိုဉာဏ်ကြီးရှင်ထုတ်ပေးနိုင်တာ ပညာရေးအားကောင်းတဲ့သက်သေပဲ.. ဘာလို့ဒီကျောင်းကိုမလျှောက်ဘဲနေမလဲ'ဟူသောစာများကိုဖတ်ပြီး သူသဘောပေါက်လိုက်သည်။
ဟင်း... ဒီနေ့ခေတ်တက္ကသိုလ်တွေ ဒီလောက်ဆိုးလား? ကျောင်းသားတွေကိုဆွယ်ဖို့ နည်းမျိုးစုံသုံးနေတာပဲ။
ဒါကြောင့် တချို့တက္ကသိုလ်တွေမှာ ကော်ဖီ၊လက်ဖက်ရည်သောက်ခွင့်ပေးလိုပေး၊ စီနီယာချောချောတွေထားလိုထား...
…
အမေရိကတွင်နာမည်အကြီးဆုံးပလိပ်ရောဂါသုတေသနဓာတ်ခွဲခန်းမှာ Bowens ဓာတ်ခွဲခန်းဖြစ်သည်။
ဓာတ်ခွဲခန်းတွင်နာမည်အကြီးဆုံးသိပ္ပံပညာရှင်မှာ Bowens ဖြစ်ပြီး ကမ္ဘာ့ထိပ်တန်းပလိပ်ရောဂါသုတေသနပညာရှင်လည်းဖြစ်သည်။ ပလိပ်ရောဂါကိုအမြန်ဆုံးအဖြေရှာနိုင်မည့်သူကသူပဲဟုဖြစ်မည်ဟု အားလုံးကယုံကြည်ထားကြသည်။
နောက်ပြီး Bowens က ကမ္ဘာတလွှားမှအတော်ဆုံးပညာရှင်များကိုအတူတူလေ့လာရန်ဖိတ်ခေါ်ထားသောကြောင့် အားလုံးမျှော်လင့်စောင့်စားနေကြသည်။
Bowens တို့သာ ပလိပ်ရောဂါကိုမဖြေရှင်းနိုင်ရင် ဒီကမ္ဘာမှာမျှော်လင့်ချက်မရှိတော့။ အိမ်မွေးတိရစ္ဆာန်၊မွေးမြူရေးတိရစ္ဆာန်တွေ သေဖို့သာထိုင်စောင့်ရတော့မည်။
နိုင်ငံခြားတိုင်းပြည်များတွင် ဒီလိုသာသိထားကြသည်။
Bowens ကလည်း ဒီလိုပဲတွေးနေသည်။
ဘာပဲဖြစ်ဖြစ် သူ့မှာအထူးတာဝန်ရှိသည်။ အမြန်ဆုံးကုသရေးအစီအစဉ်ဆွဲပြီး အရှေ့တိုင်းနိုင်ငံများကိုဖြတ်ချခဲ့ရမည်။
Bowens ဓာတ်ခွဲခန်းထဲတွင် Bowens လည်း သူ့ရည်ရွယ်ချက်ကိုအကောင်အထည်ဖော်နေသည်။
တစ်ကမ္ဘာလုံးမှပညာရှင်များရောက်လာပြီးနောက် Bowens က သုတေသနဦးတည်ချက်ကိုအမြန်ဆုံးလမ်းကြောင်းပေး၍ သုတေသနအစပြုရန်တစ်ရက်သာအချိန်ယူရသည်။
လောလောဆယ် တိရစ္ဆာန်ပထမအသုတ်စမ်းသပ်ရန် Bowens က ဓာတ်ခွဲခန်းထဲစောင့်နေသည်။
ဒါလက်တွေ့စမ်းသပ်မည့်တိရစ္ဆာန်ပထမအသုတ်ပင်။ သုတေသနဦးတည်ချက်ကိုဆွေးနွေးပြီးနောက် ပလိပ်ရောဂါသုတေသနလုပ်ပြီး ဆေးဖော်ရန်ပူးပေါင်းလုပ်ကြသည်။
"မကြာခင် အဖြေထွက်ပါမယ်''
ပညာရှင်တစ်ဦးကဆိုသည်။
"ရလဒ်မကောင်းလည်း ရတယ်''
Bowens ပြုံးလိုက်သည်။ ဒီပလိပ်ရောဂါကို ဒီလောက်မြန်မြန်မဖြေရှင်းနိုင်။ ကျရှုံးလည်း သဘာဝပင်_
"ဘာပဲဖြစ်ဖြစ် ငါတို့အင်အားနဲ့ဆို ဒီပြဿနာကိုငါတို့အရင်ဆုံးဖြေရှင်းနိုင်မှာပါ''