မျက်နှာနာတယ်!
Vol. 75 Ch. 1115
Bowens ဓာတ်ခွဲခန်း_
Bowens နှင့်အဖွဲ့မှ နောက်ဆုံးသတင်းထွက်လာသည်။
သုတေသနသမားတစ်ယောက်ကအမြန်ဝင်လာပြီး အစီရင်ခံ၏_
"မစ္စတာ Bowens... သုတေသနရလဒ်ထွက်ပြီ... ကူးစက်ခံရတဲ့တိရစ္ဆာန်တွေ ထိုးဆေးနဲ့မတည့်လို့အကုန်သေကုန်ပြီ''
ဒီကျရှုံးမှုကြောင့် ကမ္ဘာတလွှားပညာရှင်များအဖွဲ့ သက်ပြင်းချလိုက်ကြသည်။
ထင်တဲ့အတိုင်း ဒီလောက်မလွယ်!
Bowens ကကြည့်ပြီး ပြုံးလိုက်ကာ_
"အားလုံး စိတ်ဓာတ်မကျပါနဲ့... ဒါသုတေသနအစပဲရှိသေးတာ... အနည်းဆုံးတော့ ဒီကျရှူံးမှုက အတွေ့အကြုံရတာပေါ့''
"ပလိပ်ရောဂါပေါ်လာတာ ဒါပထမဆုံးမဟုတ်ဘူး... ဒီလောက်ဖြေရှင်းရလွယ်ရင် ငါတို့စမ်းသပ်ခွင့်ရလာပါ့မလား?''
ကမ္ဘာတလွှားပညာရှင်များက သဘောတူခေါင်းညိမ့်ကြသည်။
အမှန်ပင်။ ပလိပ်ရောဂါကို ဒီလောက်မြန်မြန်ဖြေရှင်းနိုင်ရင် သူတို့အတူတူပေါင်းပြီးလေ့လာရမှာမဟုတ်။
သူတို့ကျရှုံးသောကြောင့် သက်ပြင်းချခြင်းမဟုတ်၊ သူတို့နိုင်ငံမှာအခြေအနေပြင်းထန်ပြီး အလျင်လိုနေသောကြောင့်ပင်။
"သုတေသနအစီအစဉ်အသစ်ကို ဆက်ဆွေးနွေးရအောင်!''
Bowens က အကြံပြုပြန်သည်။ သူမရပ်ရဲ။ သူ့အဖို့တော့ ပလိပ်ရောဂါကိုမြန်မြန်ဖြေရှင်းနိုင်လေလေ၊ အရှေ့နိုင်ငံနဲ့အပေးအယူလုပ်ဖို့လွယ်လေလေပင်။
သူလည်း ကမ္ဘာအနှံ့က ဒီပညာရှင်တွေနဲ့စွန့်စားရမည်။
ဒီအပိုင်းမှာ ကမ္ဘာ့ထိပ်တန်းပညာရှင်များအနေနှင့် Bowens ကိုထောက်ခံကြသောကြောင့် မျက်နှာစုံညီခန်းထဲအတူတူသွားကြသည်။
သို့ရာတွင် Bowens တို့စပြီးဆွေးနွေးနေစဉ် သူ့အတွင်းရေးမှူးအပြေးအလွှားရောက်လာပြီး_
"မစ္စတာ Bowens.. အရှေ့တိုင်းက နောက်ဆုံးသတင်းတက်လာတယ်... ပလိပ်ရောဂါဆေးဖော်ပြီးပြီတဲ့!''
ထိုသတင်းကြောင့် အစည်းအဝေးခန်းထဲမှအားလုံးအံ့ဩသွားပြီး တခဏချင်းငြိမ်ကျသွားသည်။
"မဖြစ်နိုင်တာ!''
Bowens က အမှတ်တမဲ့ပြောလိုက်သည်။
တခြားပညာရှင်များလည်း မယုံနိုင်ကြ။ အားလုံး ရုတ်ရုတ်သဲသဲဖြစ်လာသည်။
"မဖြစ်နိုင်ဘူး... သူတို့ဘယ်လိုလုပ်လဲ?''
"ဟုတ်တယ်.. ငါတို့အများကြီးဒီမှာစုနေတာတောင် ရလဒ်မထွက်သေးဘူး''
"သူတို့ရဲ့သိပ္ပံသုတေသနအင်အားက ငါတို့ပူးပေါင်းအားကို ဘယ်ယှဉ်နိုင်မှာလဲ?''
"မစ္စတာ Bowens ကို ဦးဆောင်ခိုင်းတုန်းရှိသေး!''
“…”
အစည်းအဝေးခန်းထဲကလူများ မယုံနိုင်ကြ။ အားလုံးပညာရှင်များစုဝေးနေခြင်းဖြစ်၍ သူတို့သုတေသနအင်အားက အကောင်းဆုံးပင်။
ဒါကြောင့်ပဲ ပလိပ်ရောဂါကဘယ်လောက်ဖြေရှင်းရခက်မှန်း သူတို့သေချာသိသည်။
နိုင်ငံတကာပညာရှင်တွေအင်အားပေါင်းထားပေမဲ့ အဖြေမထွက်ဘဲ အရှေ့တိုင်းကလူတွေက ဖြေရှင်းလိုက်ပြီတဲ့။
အထူးသဖြင့် သူတို့ပူးပေါင်းမှုမှာ တဖက်ကိုဖယ်ကျဉ်ထားတာ၊ ဒါအကြီးအကျယ်လှောင်ပြောင်ခံရတာဖြစ်သလို သူတို့မျက်နှာကိုဖြတ်ရိုက်ခံရတာနဲ့လည်းတူသည်။
မျက်နှာအနာဆုံးကတော့ Bowens ပေါ့။
သူကမှုန်မှိုင်းနေသောမျက်နှာထားနှင့် သူ့အတွင်းရေးမှူးကိုမေးသည်_
"ဒီသတင်း သေချာလား?''
"သူတို့က တရားဝင်သတင်းလွှင့်ထားတာ... ချင်ဆိုတဲ့လူက ပလိပ်ရောဂါဆေးဖော်ပြီးထုတ်ထားတာတဲ့... အခုထုတ်လုပ်ရေးစပြီး အကြီးအကျယ်ဖြန့်တော့မှာ... ကျွန်တော် သတင်းဗီဒီယိုဆွဲထားတယ်''
အတွင်းရေးမှူးကပြောပြောဆိုဆို ကွန်ပျူတာဆီလျှောက်သွားပြီး USB ထည့်လိုက်သည်။ ခဏအကြာ သတင်းဗီဒီယိုတစ်ပုဒ်ဖွင့်ပြ၏။
Bowens နှင့်ကမ္ဘာတလွှားပညာရှင်များက သတင်းကိုအသည်းအသန်ကြည့်ကြသည်။ အကြောင်းအရာကိုဘာသာပြန်ထားသူများတောင်ရှိသည်။
ဘာပဲဖြစ်ဖြစ် ပညာရှင်များက တရုတ်လိုနားမလည်ကြ။
သတင်းကြည့်ပြီး အစည်းအဝေးခန်းထဲကလူများ အသံတိတ်သွားပြန်သည်။
သတင်းအရ သူတို့ကအမှန်ပင်ဆေးထုတ်ထားသည်။
"ခင်ဗျားတို့ ဒီသတင်းယုံလား?''
Bowens က အဓိပ္ပါယ်နှင့်မေးသည်။
ထိုအမေးကြောင့် တခြားပညာရှင်များကြောင်သွားသည်။
Bowens အသံမှာ အဓိပ္ပါယ်တစ်မျိုးပါနေသည်။
"မစ္စတာ Bowens.. သတင်းကအတုလို့ပြောချင်တာလား?''
တစ်ယောက်ကမေးသည်။
Bowens ကလည်း ပြန်မေးသည်_
"အတုမဟုတ်ဘူးဆိုရင် ခင်ဗျားတို့ယုံလား? ကျုပ်တို့ပူးပေါင်းအားက သူတို့ကိုဘယ်လိုလုပ်ရှုံးမှာလဲ? ဒီလောက်အချိန်တိုအတွင်းမှာ သူတို့ပလိပ်ရောဂါကိုတကယ်ဖြေရှင်းနိုင်တာလား?''
ထိုစကားကြောင့် ပညာရှင်များတီးတိုးတီးတိုးပြောကြပြန်သည်။
"အမှန်ပဲ... ငါတို့ပူးပေါင်းတာတောင် ဘာမှမရဘူး!''
"သူတို့ဆိုမဖြစ်နိုင်ဘူး!''
"ငါတို့သုတေသနအင်အားက အဲဒီနိုင်ငံကလူတွေထက်သာတယ်!''
"အဲဒီရှောင်ချင်ဆိုတာ မကြားဖူးဘူး!''
"တနည်းပြောရရင် သတင်းအတုဖြစ်နေမလား?''
ဒီလူအားလုံးက ဒီနယ်ပယ်မှာထိပ်တန်းများဖြစ်၍ မာန်ရှိကြသည်။ ကမ္ဘာ့အတော်ဆုံးပညာရှင်ဟုအသိအမှတ်ပြုထားသော Bowens မှလွဲ၍ တခြားဘယ်သူ့ကိုမှအယုံအကြည်မရှိ။
နောက်ပြီး ဒီအပိုင်းမှာအရှေ့တိုင်းမှပညာရှင်ဆို၍ တော်ဝင်ပညာရှင်နှစ်ဦးသာ သူတို့သိသည်။
အဲဒီတော်ဝင်ပညာရှင်နှစ်ဦးထက် သူတို့တစ်ယောက်မှမညံ့။
အခု သူတို့အင်အားပေါင်းထားတာတောင် အဖြေရှာမတွေ့တာ တဖက်ကဘယ်လိုဖြေရှင်းနိုင်မှာတဲ့လဲ?
ဒါသူတို့ကိုနိုင်မယ့်ကိစ္စမဟုတ်။
ဟုတ်ခဲ့ရင် လိမ်တာပဲမလား?
ထိုအချိန်တွင် Bowens က_
"ဒီတော့ ဘယ်သူမှမယုံဘူးမလား? ဒါမှန်ပါ့မလား? အဲဒီနိုင်ငံအကြောင်း ငါသိတယ်... သူတို့က နိုင်ငံရေးနည်းဗျူဟာတွေသုံးတာ... သူများကိုသက်သက်လှည့်စားတာ''
"ဒီလိုပဲဖြစ်မယ်... ငါတို့က သူတို့ကိုကျဉ်ထားတာ... ဒီရောဂါကိုဖြေရှင်းနိုင်တာ ငါတို့ပဲရှိမှန်း သူတို့သိမှာပဲ... အဲဒါကြောင့် လာပူးပေါင်းချင်တာ''
"ဒါပေမဲ့ ဘာတတ်နိုင်မလဲ? ဒီနည်းလမ်းသုံးပြီး ကြေညာမယ်... ပြီးတော့ ငါတို့စိတ်ပူလာတဲ့အခါ တဖက်ကိုမျှဝေပေးစေချင်မယ်... ငါတို့စိတ်ပူတာက တဖက်ကိုလာပူးပေါင်းပါလို့ဖိတ်ခေါ်သလိုမဖြစ်ဘူးလား?''