← Chapters

ချင်လင်ရဲ့သုတေသနတင်ပြချက်ကိုလေ့လာရမယ်?

Vol. 75 Ch. 1117

ချင်လင်ရဲ့သုတေသနတင်ပြချက်ကိုလေ့လာရမယ်?

Vol. 75 Ch. 1117

တောင်ပိုင်းမြို့တော်_

အိမ်မွေးတိရစ္ဆာန်ဆေးရုံတစ်ရုံတွင် ပျော်ရွှင်ကြည်နူးသံများ အချိန်နှင့်အမျှကြားနေရသည်။

"အစ်မတု.. ရှင့်လမ်းပြခွေးပြန်ကောင်းသွားပြီ''

ချုနာက မျက်မမြင်မိန်းကလေးကိုပြောလိုက်သည်။

"တကယ်လား? ကောင်းလိုက်တာ... ပီပီကောင်းသွားပြီ''

မျက်မမြင်မိန်းကလေးဝမ်းသာသွားသည်။ သူမကငုတ်တုတ်ထိုင်ချပြီး ဖျတ်လတ်နေသောလမ်းပြခွေးကိုလက်နှင့်ပွတ်သပ်လိုက်သည်။

ချူနာက သူများပျော်နေပုံကြည့်ရင်း ကြည်နူးမိသည်။

ဆေးရုံတွင် အထက်လူများပို့ထားသောဆေးပထမအသုတ်ရောက်နေပြီဖြစ်ပြီး နှင်းကိတ်အပါအဝင် ရောဂါသည်းသောအိမ်မွေးတိရစ္ဆာန်များကိုကုသထား၍ အ​ခြေအနေပြန်ကောင်းနေသည်။

ချူနာလည်း အလုပ်ပြီးသည်နှင့် အရုပ်လေးနှင်းကိတ်ဆီသွားလိုက်သည်။

"မြောင် မြောင် မြောင်!''

နှင်းကိတ်က ချူနာကိုမြင်ပြီး အသံလှမ်းပေးသည်။

သူမကလက်လှမ်းလိုက်ရာ သူ့ခေါင်းနှင့်လာဝှေ့သည်။ နာလန်ထကြောင်များက ပိုပြီးတွယ်ကပ်တတ်သည်။

ချူနာအရမ်းဝမ်းသာသွားသည်။ နောက်ဆုံးတော့ စိတ်ဒုံးဒုံးချနိုင်ပြီ။

ကြောင်ကိုကြည့်ပြီး တခြားတိရစ္ဆာန်များလိုက်ကြည့်သည်။ ခဏနားချိန်တွင် ဖုန်းထုတ်ကာ တိရစ္ဆာန်များအခြေအနေတစ်ချက်ကြည့်သည်။

အိမ်မွေးတိရစ္ဆာန်များပြန်ကောင်းလာသောကြောင့် လူတိုင်းဝမ်းသာနေကြသည်။

သို့ရာတွင် အဖွဲ့အတော်များများ၊ အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်အတော်များများက ရှောင်ချင်ပုံတင်ထားကြသည်ကိုသတိပြုမိသည်။

သူ့ယောက်ျား၊ငါ့ယောက်ျားဟူ၍ ရန်ဖြစ်နေသူများတောင်ရှိသည်။

သူမက ခွန်းနှင့်ဦးနှောက်မရှိသောပရိသတ်များကိုသွားတွေးမိသည်။

ထိုပရိသတ်များက ခွန်းကိုသူတို့ယောက်ျားလိုသဘောထားပြီး ကောင်လေးရှိသူများပါ ခွန်းပုံကိုပရိုဖိုင်တင်ထားကြသည်။

ဒီအိမ်မွေးတိရစ္ဆာန်ပိုင်ရှင်တွေက ဘာလို့ခွန်းပရိသတ်လိုဖြစ်သွားတာလဲ?

ချူနာက မနေနိုင်ဘဲစာပို့လိုက်သည်:

"ရှောင်ချင်မှာ မိန်းမရှိတဲ့ပုံပဲ''

သို့သော် ဘယ်သူမှ သူမကိုအရေးမလုပ်ဘဲ_

"ရှောင်ချင်ဆိုပြီးရော... မယားငယ်ဖြစ်လည်းရတယ်!''

"ဟုတ်တယ်''

တခြားတစ်​ယောက်က_

"အသုံးမကျတဲ့ငါ့ကောင်လေးကိုလက်ထပ်မယ့်အစား ရှောင်ချင်မယားပဲလုပ်မယ်... ရှောင်ချင်သာဆန္ဒရှိရင်ပေါ့''

"ကိုယ်ကျင့်တရားတွေပျက်နေလိုက်ပုံများ''

သူမက ထိုအမျိုးသမီးနှစ်ယောက်အခိုက်အတန့်များထဲဝင်ပြီး မျက်နှာကြည့်ကာ ညည်းလိုက်သည်_

"ဒီပုံနဲ့ဆို နင်တို့မယားငယ်လုပ်ချင်ရင်တောင် ဟိုကဆန္ဒရှိမှာမဟုတ်ဘူး!''

သူမကတွေးတောရင်း ရှောင်ချင်ဓာတ်ပုံကိုသိမ်းလာကာ သူမပုံနေရာတွင်ပြောင်းလိုက်သည်။

သူမက ကောင်လေးမရှိသေးဘူးလေ။ နာမည်ကြီးစတားပုံတင်တာ ဘာဖြစ်လဲ? ခွန်းပရိသတ်တွေလိုလိုက်တာမှမဟုတ်တာ။

ချင်းလင်အပန်းဖြေစံအိမ်ရုံးခန်း_

ချင်လင်ကဖုန်းဖွင့်ပြီး လိုင်းပေါ်မှသတင်းများဖတ်ကြည့်သည်။ အရင်လိုဆိုးဆိုးရွားရွားအခြေအနေနဲ့စာရင် အခုပျော်ရွှင်ကြည်နူးစရာများပြည့်နေသည်။ ဆေးပထမအသုတ်သာထွက်ပြီး တိရစ္ဆာန်နည်းနည်းသာကုရသေးသော်လည်း မျှော်လင့်ချက်ရှိလာသောကြောင့် ပျော်ပြီးရင်းပျော်စရာပင်။

သို့ရာတွင် သတင်းကြည့်ရင်း ပုံမှန်မဟုတ်သောဗီဒီယိုတစ်ပုဒ်ကိုချင်လင်တွေ့ရသည်။

လူငယ်တစ်ယောက်က သူ့ကိုအခဲမကြေနိုင်ကြောင်းပြောပြီး ခြိမ်းခြောက်ထားသည်။ အထူးသဖြင့် ဗီဒီယိုမှတ်ချက်ထဲတွင် သူ့စကားကိုသံယောင်လိုက်သူများစွာရှိနေသညိ။

ချင်လင် နည်းနည်းကြောင်သွားသည်။

သူဒုက္ခပေးမိလို့လား?

ဗီဒီယိုအကြောင်းအရာကိုကြည့်ပြီး သူပိုကြောင်သွားသည်။

မဖြစ်သင့်တဲ့ဘေးအန္တရာယ်တဲ့။

"ငါ့ကောင်မလေးခွေးကိုကုပြီးတော့ သူကရှောင်ချင်ပုံပရိုဖိုင်ပြောင်းလိုက်တယ်... Wechat အခိုက်အတန့်များမှာ သူ့ယောက်ျားအသစ်လို့တောင်တင်ထားသေးတယ်... ငါ့ကိုတောင် အခုထိယောက်ျားလို့ခေါ်သေးတာမဟုတ်ဘူး... သော*က်ရမ်းလှိမ့်ခံရသလိုပဲ?''

"မ*င်းမေငလွှား!''

ချင်လင်က ဗီဒီယိုကြည့်ပြီးဆဲလိုက်သည်။

သူလည်းဘာမှမလုပ်ရ။ သိတောင်မသိ။

ထိုအချိန်တွင် ဖုန်းမြည်လာပြီး ဝန်ကြီးလုဖြစ်နေ၍ ချက်ချင်းဖုန်းကိုင်လိုက်သည်_

"ဝန်ကြီးလု.. ဖုန်းဆက်ချိန်ရသေးတယ်ပေါ့... ကြည့်ရတာ အခြေအနေကောင်းပုံပဲ''

ဝန်ကြီးလုကပြုံးပြီး_

"ဟုတ်ပါ့.. အထက်လူတွေလည်း စိတ်သက်သာရာရသွားပြီ... ဆေးထုတ်လုပ်ရေးလည်းတိုးထားတယ်... နိုင်ငံအတော်များများက ဆေးအတွက်လာဆက်သွယ်နေကြတာ... ဒါပေမဲ့ ဒီအကြောင်းက အထက်လူတွေသဘောပဲဆိုတော့ ငါတို့သိပ်မပြောဖြစ်ဘူး... သူဌေးချင်ကိုဆက်ရတာက ဆေးအတွက်သုတေသနတင်ပြချက်ရေးပေးဖို့ပါ... သိပ္ပံသုတေသနဝဘ်ဆိုဒ်မှာ သတင်းတင်ဖို့စီစဉ်နေတယ်''

ချင်လင် မထင်မိ။

ဒီလိုလုပ်ကြံဇာတ်လမ်းတွေက တကယ်ဦးနှောက်စားသည်။

ဒါပေမဲ့ ဒီလိုလုပ်ရတာ ပထမဆုံးအကြိမ်မဟုတ်။ လုပ်ကြံဇာတ်လမ်းတွေနဲ့သူအသားကျနေပြီ။

မဟုတ်တရုတ်လျှောက်ရေးပြီးနောက် ချင်လင်က လီခိုင်နှင့်တခြားသုတေသနသမားများ၏နာမည်ကိုထည့်လိုက်သည်။

ဘာပဲဖြစ်ဖြစ် သူတို့က ဓာတ်ခွဲစမ်းသပ်ဖို့ကူညီခဲ့သည်။ အဓိကမကျသော်လည်း အနည်းဆုံးတော့ အချက်အလက်များမှတ်တမ်းတင်ပြီး ဆေးရည်ပထမအသုတ်ထုတ်ရန်ကူညီပေးခဲ့သည်။

ထို့နောက် ချင်လင်လည်း လုပ်ကြံထားသောသုတေသနတင်ပြချက်ကို ဝန်ကြီးလုဆီပို့လိုက်သည်။

ဝန်ကြီးလုက သုတေသနတင်ပြချက်ကို တော်ဝင်ပညာရှင်နှစ်ဦးနှင့်ပညာရှင်များထံတန်းပေးလိုက်သည်။

သို့ရာတွင် တော်ဝင်ပညာရှင်နှစ်ဦးနှင့်ပညာရှင်များက သုတေသနတင်ပြချက်ကိုကြည့်ပြီး သူတို့နားမလည်နိုင်တာတွေအတော်များပါလားဟုတွေးမိသည်။ နက်နဲလွန်းသည်ဟုထင်သည်။ အထူးသဖြင့် တရုတ်တိုင်းရင်းဆေးနှင့်ဆက်စပ်နေသောကြောင့် ပိုစိတ်ရှုပ်ရသည်။

ဒါကြောင့် သူတို့ပလိပ်ရောဂါကိုမဖြေရှင်းနိုင်တာဖြစ်မည်။

ဒါတွေက နက်နဲတာမဟုတ်။ လုပ်ကြံထားမှန်း သူတို့မသိကြ။

ထို့နောက် ဝန်ကြီးလုက သုတေသနတင်ပြချက်ကို သိပ္ပံသုတေသနဝဘ်ဆိုဒ်တွင်တင်ပြီးဖြန့်ဝေလိုက်သည်။

ထိုလုပ်ကြံထားသောတင်ပြချက်ကို အတော်များများစိတ်ဝင်စားကြသည်။ ဝန်ထမ်းဖြစ်စေ၊ ဘာမှမသိသူဖြစ်စေ၊ အားလုံးကရှာကြည့်ကြသည်။

ပညာရှင်တွေတောင် နက်နဲတဲ့အပိုင်းကိုနားမလည်ရင် သူများတွေလည်းနားလည်မှာမဟုတ်။

နောက်ပိုင်း ထိုလျှောက်ရေးထားသောသုတေသနတင်ပြချက်ကို သက်ဆိုင်ရာသိပ္ပံသုတေသနစာအုပ်များထဲတောင်ထည့်သွင်းဖော်ပြကြသည်။ ဘွဲ့ရကျောင်းသားတွေ မဖြစ်မနေလေ့လာရ၏။ ငယ်ငယ်ရွယ်ရွယ်ပညာရှင်များတောင် ထိုတင်ပြချက်ကိုလေ့လာရသည်။

All Chapters