← Chapters

ချင်လင်ရဲ့သုတေသနတင်ပြချက်ကိုလေ့လာရမယ်? ၂

Vol. 75 Ch. 1118

ချင်လင်ရဲ့သုတေသနတင်ပြချက်ကိုလေ့လာရမယ်? ၂

Vol. 75 Ch. 1118

နောက် ၁၀ နှစ်ကျော်ကြာမှသာ ချင်ဖုန်းဆိုသောလူငယ်လေးကသိခဲ့သည်။

ဒီသုတေသနတင်ပြချက်က လျှောက်ရေးထားတာ။

…

Bowens ဓာတ်ခွဲခန်းတွင် အခြေအနေနည်းနည်းပြင်းထန်နေသည်။

Bowens နှင့်ပညာရှင်များက တိရစ္ဆာန်များသီးသန့်ထားသောနေရာရောက်လာသည်။

ထိုအချိန်တွင် တိရစ္ဆာန်များမှာ တက်ကြွဖျတ်လတ်နေကြ၏။ ဆေးထိုးပြီးနောက် ရောဂါသည်းသောတိရစ္ဆာန်များ မြန်မြန်ဆန်ဆန်ပြန်ကောင်းလာကြသည်။

ဒီတော့ အရှေ့တိုင်းရဲ့ဆေးက အာနိသင်ရှိရုံမက အစွမ်းလည်းထက်တယ်ပေါ့!

သူတို့လုံးဝအံ့အားသင့်သွားသည်။

ဒီလိုဆိုရင် သူတို့ဒီမှာစုပြီးဆွေးနွေးတဲ့သုတေသနကရော? အဲဒီလူထက်နိမ့်သွားပြီလား?

အနည်းနဲ့အများဆိုသလိုစိတ်ထိခိုက်ပြီး စိတ်ပျက်အားလျော့သွားကြသည်။

ဘာပဲဖြစ်ဖြစ် အရင်ကမာန်တက်ခဲ့သလောက် အခုအထိနာရသည်။

Bowens မျက်နှာပိုပျက်သွားသည်။ သူဌေးကြီးက သူ့ကိုအပြစ်တင်ပြီးပြီ။

သူတို့အစီအစဉ်က ကမ္ဘာ့ထိပ်တန်းပညာရှင်တွေကိုစုစည်းပြီး အရှေ့တိုင်းကိုဖယ်ကျဉ်ထားဖို့၊ ပလိပ်ရောဂါအတွက်အဖြေရှာတွေ့တာနဲ့ အရှေ့တိုင်းနဲ့ညှိနှိုင်းပြီး ချင်းလင်အားဖြည့်လက်ဖက်ရည်၊သန့်စင်မြက်တွေကိုရအောင် အခွင့်အရေးရှာဖို့ပင်။

အစက သူ့မှာယုံကြည်ချက်အပြည့်နှင့်။ သူကပလိပ်ရောဂါသုတေသနတွင် ထိပ်တန်းပညာရှင်တစ်ဦးဖြစ်ပြီး ကမ္ဘာတလွှားမှပညာရှင်များကိုလည်းစုစည်းထားသည်။

သို့ရာတွင် အစီအစဉ်စစချင်း ကျရှုံးရမည်ဟုမထင်မိ။

အရှေ့တိုင်းက မြန်မြန်ဆန်ဆန်ဆေးထုတ်နိုင်သော်လည်း သူတို့ကလုံးဝမတိုးတက်သေး။

ဒီထက်ကြန့်ကြာပြီး ပြည်သူသိသွားရင် တဖက်နဲ့သွားညှိနှိုင်းရမှာ သူတို့ဖြစ်သွားမည်။ အခြေအနေပြောင်းပြန်လှန်သွားမည်။

အဲဒီအချိန်ကျ သူတို့သွားတောင်းဆိုရင်တောင် တစ်ခုခုနဲ့အလဲအလှယ်လုပ်ရမည်။

ဒါဆို သူကံဆိုးပြီ။

ဘာပဲဖြစ်ဖြစ် ဒီအစီအစဉ်က သူ့အားကိုးနဲ့လုပ်ထားတာ။

အခု မြို့တော်သူဌေးကြီးက သူ့ကို'လူလိမ်'၊ 'အရည်အချင်းမရှိတဲ့သူ'လို့ထင်နေပြီ။

ဒီတော့ သူအမြန်ဆုံးအဖြေရှာရမည်။

သူ့မှာယုံကြည်ချက်နည်းနည်းရှိသေးသည်။

သူဆေးမထုတ်နိုင်ရင်တောင် ဓာတ်ခွဲနိုင်သည်။ ဒါဆိုရင် သူကကမ္ဘာ့နံပါတ်တစ်ဖြစ်ဦးမလား?

Bowens က အချိန်မဆွဲဘဲ နိုင်ငံအသီးသီးမှပညာရှင်များအား_

"အားလုံးပဲ စိတ်ဓာတ်မကျပါနဲ့... ဒီဆေးရည်ကစစ်မှန်တယ်ဆိုတာ သတင်းကောင်းပဲလေ''

"တခြားရှုထောင့်ကနေ တွေးကြည့်ရအောင်... ကျုပ်တို့ရဲ့ပူးပေါင်းသုတေသနအင်အားက သူတို့ထက်ပိုကောင်းတာသေချာတယ်... သူတို့လမ်းကြောင်းမှန်တွေ့သွားတာ သူတို့ကံကောင်းတဲ့သဘောပဲ''

"ပြီးတော့ ကျုပ်တို့ ဒီလမ်း​ကြောင်းကိုလျစ်လျူရှုထားလိုက်... အခုဆေးရည်ကိုသုတေသနလုပ်ပြီးဓာတ်ခွဲမယ်... မကြာခင်အဖြေထွက်မယ်လို့ယုံကြည်တယ်''

သူတို့ယုံကြည်ချက်ကိုပြန်လည်ရှင်သန်စေပြီး အသုံးချရန်ကြိုးစားလိုက်သည်။

ဒီလူတွေရဲ့လုပ်နိုင်စွမ်းက သူ့ကိုမမီသော်လည်း ပူးပေါင်းသုတေသနအင်အားက သေချာပေါက်အစွမ်းထက်သည်။

သို့ရာတွင် Bowens ပြောပြီးပြီးချင်း ပညာရှင်တစ်ဦး၏ဖုန်းမြည်လာသည်။ သူကနံပါတ်ကြည့်ပြီး ချက်ချင်းကောက်ကိုင်လိုက်၏။

ခဏအကြာ ထိုပညာရှင်က Bowens ကိုတောင်းပန်သောအကြည့်နှင့်ကြည့်ပြီး_

"မစ္စတာ Bowens.. အားနာလိုက်တာ... ပြည်တွင်းဓာတ်ခွဲခန်းမှာတစ်ခုခုဖြစ်လို့ အမြန်ပြန်လာဖို့ပြောတယ်''

ထိုပညာရှင်ပြောပြီးပြီးချင်း နောက်တစ်ယောက်ဖုန်းဝင်လာသည်။ ဖုန်းကိုင်ပြီးနောက် သူကထူးဆန်းသောအကြည့်နှင့်_

"မစ္စတာ Bowens.. ကျုပ်ဓာတ်ခွဲခန်းမှာလည်း ပြဿနာတက်နေတယ်... ချက်ချင်းပြန်မှဖြစ်မယ်''

ထို့နောက် တခြားပညာရှင်များလည်းဖုန်းလက်ခံရသည်။ ရှေ့လူများက ဆင်ခြေကောင်းကောင်းပေးသွားသောကြောင့် အခြေအနေကနည်းနည်းထူးဆန်းနေသည်။

သူတို့ဆင်ခြေက ဝတ်ကျေတန်းကျေနိုင်သောကြောင့် Bowens မျက်နှာပျက်လာ၏။

သူတို့က Bowens ဓာတ်ခွဲခန်းမှထွက်ပြီး ကိုယ့်နိုင်ငံကိုယ်ပြန်သွားကြသည်။

Bowens ဖိတ်ကြားချက်ရပြီးရောက်လာခြင်းမှာ ဆင်ဖြူတော်မှီပြီးကြံစုပ်ချင်၍ဖြစ်သည်။ နံပါတ်တစ်ပညာရှင် Bowens နှင့် တခြားပညာရှင်များပူးပေါင်းလိုက်ပါက ဒီပြဿနာကြီးကိုအရင်ဆုံးဖြေရှင်းနိုင်မည်ဟုထင်ခဲ့သည်။

နောက်ဆုံးကျ Bowens ဘက်ကတိုးတက်မှုမရှိဘဲ ပြဿနာကိုဖြေရှင်းလိုက်နိုင်ပြီး ကူးစက်ခံရသောတိရစ္ဆာန်များကိုကုသနိုင်သွားသည်။

သူများအားကိုးနေရမှတော့ နောက်ခံပိုကောင်းသူထွက်လာရင် ထပ်ရွေးချယ်ရမည်။

ဒါလူ့သဘာဝနဲ့စိတ်ဝင်စားမှုပင်။

ပြီးတော့ ဖြေဆေးကအလုပ်ဖြစ်မယ်လို့ဘယ်ထင်မလဲ?

ဒီလောက်လွယ်လွယ်ဖြေရှင်းနိုင်ရင် ပလိပ်ရောဂါကသိပ်မခက်ဘူးပေါ့။

မျက်စိတစ်မှိတ်အတွင်း Bowens နှင့် အကြံ​ပြုထားသောအနောက်တိုင်းပညာရှင်တချို့သာ ဓာတ်ခွဲခန်းထဲကျန်ခဲ့သည်။

တခြားလူတွေက သူ့ကိုမှီခိုကြပေမဲ့ လုံးဝအားထားလို့မရ။

ထို့ကြောင့် Bowens ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည်။

အခြေအနေက ဆိုးသည်ထက်ဆိုးလာတော့မည်။

ဒီလူတွေသစ္စာမရှိရကောင်းလားဟုသာ ကျိန်ဆဲပစ်လိုက်သည်။ ထို့နောက် တည်တည်ငြိမ်ငြိမ်နှင့် အနောက်တိုင်းပညာရှင်တချို့အား_

"အခုတော့ ကိုယ့်အားကိုယ်ကိုးရတော့မယ်... ငါတို့အဖြေရှာမတွေ့တဲ့အကြောင်းရင်းက လမ်းကြောင်းမမှန်လို့ ကံမကောင်းလို့''

"အခု သူတို့ဆေးကိုဓာတ်ခွဲကြည့်ရင် ရလဒ်တူသွားမယ်... ငါတို့အောင်မြင်နိုင်ပါသေးတယ်''

Bowens က သူ့လုပ်နိုင်စွမ်းသူယုံကြည်မှုရှိသောကြောင့် ချက်ချင်းသူ့လူများနှင့် ပလိပ်ရောဂါဆေးရည်ကိုဓာတ်ခွဲကြည့်သည်။

Bowens က အမှန်ပင်လုပ်နိုင်သည်။ သူ့လူများနှင့် ဆေးဖက်ဝင်ပစ္စည်းများ၏အမည်ကိုမြန်မြန်ဆန်ဆန်ဓာတ်ခွဲနိုင်သည်။

အမြန်နှုန်းက ချင်လင်နှင့်လီခိုင်ထက်သာသည်။

ကမ္ဘာ့နံပါတ်တစ်က ကမ္ဘာ့နံပါတ်တစ်ပဲ! ဖြတ်လမ်းနည်းလိုက်တဲ့လူတွေနဲ့မယှဉ်ရင်ပေါ့။

ထိုနည်းတူ Bowens တို့က ဒြပ်ပေါင်း ၇ ခုကိုမြန်မြန်ဓာတ်ခွဲကြသည်။

သို့သော် ဒြပ်ပေါင်း ၇ ခုကိုစတင်ဓာတ်ခွဲကြည့်သောအခါ ဘယ်ကစရမှန်းမသိ၍အံ့ဩရတော့သည်။

ဒြပ်ပေါင်း ၇ ခုရှုပ်ထွေးလိုက်ပုံမှာ အရင်ကလုံးဝမတွေ့ဖူး။

ဒေါက်တာ Dott ဖန်တီးပေးလိုက်သောဆေးထိုးအပ်နံပါတ် ၆ မှာ ဂိမ်းမူလဆေးလောက်အာနိသင်မကောင်းသော်လည်း ဂိမ်းထုတ်ကုန်ဖြစ်နေသေးသည်။

ဒီလောက်ဓာတ်ခွဲရလွယ်ပါ့မလား?

လူလုပ်နိုင်စွမ်းက အကန့်အသတ်မရှိဘူးလား?

Bowens နှင့်အနောက်တိုင်းပညာရှင်တစ်စုကို သုံးလေးနှစ်အချိန်ပေးရင် ဆေးနည်းရကောင်းရနိုင်သည်။

သူတို့ဓာတ်ခွဲရရင်တောင် ဆေးပင်နှစ်မျိုးက သူတို့နိုင်ငံမှာလုံးဝမရှိလို့ အံ့ဩရဦးမည်။ အဲဒီပေါင်းပင်နှစ်မျိုးက သူတို့နိုင်ငံမှာမပေါက်။

နောက်ပြီး အဲဒီအချိန်ကျရင် သူတို့ပြည်တွင်းတိရစ္ဆာန်တွေသေကုန်လောက်ပြီ။

"ဘာလို့ဒီလိုဖြစ်ရတာလဲ?''

ပညာရှင်တစ်ဦးက မျက်မှောင်ကြုတ်ပြီးပြောသည်။

နောက်တစ်ယောက်ကခေါင်းညိမ့်ပြီး_

"ဒီဒြပ်ပေါင်းက ရှုပ်လွန်းတယ်.. ရှိပြီးသားအချက်အလက်တွေနဲ့ လုံးဝမကိုက်ဘူး... ဒီပစ္စည်းအရင်ကမတွေ့ဖူးဘူးထင်တယ်''

Bowens က တစ်လုံးမှဝင်မပြော။

သူ့အစီအစဉ်အားလုံး သဲထဲရေသွန်ဖြစ်သလိုခံစားနေရသည်။

သူကကမ္ဘာ့နံပါတ်တစ်ပညာရှင်ဆိုပေမဲ့ ပလိပ်ရောဂါကိုသူဘာမှမတတ်နိုင်။

အခု အရှေ့တိုင်းကဘယ်သူထုတ်မှန်းမသိတဲ့ဆေးကိုတောင် လက်မှိုင်ချနေရပြီ။

ထိုအချိန်တွင်_

အတွင်းရေးမှူးဝင်လာပြီး အစီရင်ခံသည်_

"မစ္စတာ Bowens.. အရှေ့တိုင်းကဆေးထုတ်တဲ့သူရဲ့သုတေသနတင်ပြချက်ထွက်လာတယ်... သူ့နိုင်ငံလူတွေ အဲဒီသုတေသနတင်ပြချက်ကိုလေ့လာနေကြတာ... ကျွန်တော်တို့လူတွေကဆွဲယူပြီး ပို့လိုက်တယ်''

"မြန်မြန်ယူလာခဲ့!''

Bowens က အမြန်ပြောလိုက်သည်။

ဒါကလည်း သူ့အတွင်းရေးမှူးကိုအာရုံစိုက်ရန်ညွှန်ကြားထားသောကိစ္စပင်။

သုတေသနတင်ပြချက်ကို ချက်ကျလက်ကျမရေးထားရင်တောင် အကိုးအကားတော့ရမည်။

ဒီကနေ သဲလွန်စရကောင်းရနိုင်သည်။

အတွင်းရေးမှူးကခေါင်းညိမ့်ပြီး ချက်ချင်း USB ထုတ်လိုက်သည်။ သုတေသနတင်ပြချက်ကိုဖွင့်ပြီးနောက် လက်တော့ပ်ကို Bowens ဆီပေးလိုက်သည်။

ချင်လင်လုပ်ကြံထားသောတင်ပြချက်ပင်။

Bowens နှင့်အနောက်တိုင်းပညာရှင်များအားလုံးဝိုင်းကြည့်ကြသည်။

အားလုံးက အသည်းအသန်ဖတ်ကြ၏။

သုတေသနတင်ပြချက်ကို အကြမ်းဖျင်းနားလည်သည်။

ဒါကလည်း ချင်လင်လုပ်ကြံထားခြင်းသာ။

သို့ရာတွင် အင်မတန်မှနက်နဲပြီး နားလည်ရခက်သောနေရာများပါနေသည်။

"ဒီဟာတွေက နားလည်ရခက်လိုက်တာ''

ပညာရှင်တစ်ဦးကဆိုသည်။

"အဲတော့ အဲဒီဟာတွေက အဓိကပဲ''

Bowens က တန်းပြောသည်_

"အရင်ဆုံး အဲဒါတွေကိုသေချာသိအောင်လေ့လာရမယ်... ပြီးရင် သဲလွန်စရမှာပဲ''

ကျန်လူများက ထောက်ခံကြသည်။ တကယ်ဖြစ်နိုင်သည်။

ဒီတော့ ဒါတွေကိုချက်ချင်းဆွေးနွေးပြီးလေ့လာရမည်။

ချင်လင်မှာမူ သူလျှောက်ရေးထားသောသုတေသနတင်ပြချက်ကို ကမ္ဘာ့ထိပ်တန်းပညာရှင်များကတိတ်တိတ်လေးလေ့လာနေမည်ဟု တွေးတောင်မတွေးမိပါချေ။

All Chapters