← Chapters

ဆေးရည်ရဲ့တကယ့်အာနိသင်?

Vol. 75 Ch. 1119

ဆေးရည်ရဲ့တကယ့်အာနိသင်?

Vol. 75 Ch. 1119

ချင်းလင်မွေးမြူရေးခြံမှတိရစ္ဆာန်များ လုံးဝပြန်ကောင်းသွားသည်။

ရုံချန်းက စီရင်စုအသီးသီးမှဟွေးယိမြက်နှင့်တံစဉ်မြက်ဝယ်ယူပြီး ချင်းလင်ဆေးရည်ထုတ်ကူသောကြောင့် တိရစ္ဆာန်အားလုံးကုပြီးသလောက်ဖြစ်သွားသည်။

ရုံချန်းက ပလိပ်ရောဂါကိုအမြန်ဆုံးဖယ်ရှားနိုင်သည်ဟုဆိုနိုင်သည်။

ထို့ကြောင့် ရုံချန်းကိုဂုဏ်တက်စေသည်။

သူတို့မှာချင်းလင်ဓာတ်ခွဲခန်းရှိသောကြောင့် အကျိုးအမြတ်ကိုအရင်ဆုံးရလေ့ရှိသည်။

နောက်ပြီး အထက်လူများထုတ်လုပ်သောဆေးရည်ကအကန့်အသတ်ရှိသောကြောင့် မင်မြို့တော်နှင့်မင်စီရင်စုပြည်နယ်မြို့များက ရုံချန်းကိုအကူအညီတောင်းကြသည်။

သို့ဖြစ်၍ ချင်းလင်ဆေးဝါးက မဖြစ်မနေအချိန်ပိုဆင်းရသည်။

ထို့ကြောင့် ရုံချန်းမှဟွေးဟိမြက်နှင့်တံစဉ်မြက်များမှာ ငုတ်ပါမကျန်အောင်အရှင်းခံရလေသည်။

တဖက်တွင် ချင်လင်က လိုင်းပေါ်မှပလိပ်ရောဂါသတင်းများကိုအာရုံစိုက်နေသည်။

'ဒီဆေးရည်ရဲ့အာနိသင်အမှန်ကိုရှာတွေ့သူရှိမလား' သူသိချင်သည်။

သွေးခဲပလိပ်ရောဂါဆေးရည်ဟုနာမည်ပေးထားခြင်းမှာ နာမည်ပေးမတတ်ခြင်းကြောင့်မဟုတ်။ တမင်ပေးထားခြင်းပင်။

ဘာပဲဖြစ်ဖြစ် ဆေးထိုးအပ်နံပါတ် ၆ ရဲ့တကယ့်အာနိသင်က အိမ်မွေးတိရစ္ဆာန်ကူးစက်ရောဂါမျိုးစုံကိုကုနိုင်သည်။

တစ်မျိုးတည်းမဟုတ်။

တစ်မျိုးတည်းတောင် အံ့ဩစရာကောင်းလှပြီ။ အမျိုးစုံဆိုရင် လန့်စရာတောင်ကောင်းမည်။

အဲဒီကျရင် သူဘာမှမသိသလိုဟန်ဆောင်နေလိုက်မည်။

သွေးခဲပလိပ်ရောဂါဆေးရည်လို့ပဲနာမည်ပေးထားတာ သူမသိတဲ့သဘောမလား?

ဒီတော့ ကူးစက်ရောဂါမျိုးစုံကိုကုနိုင်ရင် အံ့ဩစရာဖြစ်ပြီ။ ဒါတွေအားလုံးက အံ့ဖွယ်တရုတ်တိုင်းရင်းဆေးနည်းကြောင့်ပင်။

အံ့ဖွယ်ကတော့ တရုတ်တိုင်းရင်းဆေးကိုချန်ထားခဲ့တဲ့နောက်ကွယ်ကလူပေါ့။ သူဘယ်သူလဲ ဘယ်သူမှမသိ။ ဘာပဲဖြစ်ဖြစ် ရှိလည်းမရှိပေ။

ဟွားဆေးရုံ_

ဝန်ကြီးလုမှာ သုတေသနဓာတ်ခွဲခန်းမှပြန်လာပြီးစိတ်ကြည်နေသည်။

သူဌေးချင်ရဲ့သွေးခဲပလိပ်ရောဂါဆေးရည်ကြောင့် နိုင်ငံအတော်များများက အကူအညီလာတောင်းကြသည်။ သူတို့တောင်းဆိုချက်ကိုမြှင့်တင်နိုင်သည့်အချိန်ဖြစ်သည်။

ဒါအထက်လူများ၏ကိစ္စဖြစ်သောကြောင့် သူသိပ်စူးစမ်းမနေ။

အထူးအဖွဲ့မှပညာရှင်များကိုမြင်သောအခါ အားလုံးစိတ်လှုပ်နေမှန်းသိပြီး_

"အားလုံးဝမ်းသာနေတဲ့ပုံပဲ... ကြည်ရတာ သုတေသနတိုးတက်တယ်ထင်တယ်''

သူ့မှာဆေးရည်ရှိသော်လည်း သုတေသနဆက်လုပ်ရဦးမည်။

အဖွဲ့၏အချက်အလက်ခိုင်မာစေရန် ရောဂါဖြစ်ကြောင်းနှင့်ဖွဲ့စည်းပုံကို အသေးစိတ်လေ့လာရဦးမည်။

ဒါကို ပညာရှင်အဖွဲ့ကဆက်လုပ်ရသည်။

သူဌေးချင်က ဆေးရည်နဲ့ဆေးနည်းဒီအတိုင်းပေးလိုက်ပြီး နောက်ဆက်တွဲမေးခွန်းတွေမမေးဘဲမနေဘူးမလား?

တော်ဝင်ပညာရှင်နှစ်ဦးနှင့်ပညာရှင်များမှာ မဖုံးနိုင်မဖိနိုင်အောင် စိတ်လှုပ်ရှားနေကြသည်။

ကြီးကြီးမားမားအံ့ဩစရာကိုတွေ့ထားသောကြောင့်ပင်။

တော်ဝင်ပညာရှင်တစ်ဦးက_

"အသေးစိတ်အချက်အလက်နဲ့ သုတေသနကတိုးတက်တာမြန်တယ်... ပြီးတော့ လေ့လာလေလေ သူဌေးချင်ကိုလေးစားလေလေပဲ... တကယ့်ဉာဏ်ကြီးရှင်''

"နောက်ပြီး ဒီဆေးရည်က သွေးခဲပလိပ်ရောဂါကိုကုနိုင်တာထက်ပိုတယ်''

"ဘယ်လိုအဓိပ္ပါယ်လဲ?''

ဝန်ကြီးလုက ဇဝေဇဝါနှင့်မေးသည်။

"ကျုပ်တို့လေ့လာနေတုန်း...''

နောက်တစ်ယောက်ကရှင်းပြသည်_

"တခြားကူးစက်ရောဂါတွေကိုစမ်းကြည့်ခဲ့တယ်''

"ဘာပဲဖြစ်ဖြစ် တိရစ္ဆာန်ဆေးသုတေသနက လူသုတေသနလောက်အားမကောင်းတော့ တိရစ္ဆာန်ဆေးရည်တွေက ရောဂါတစ်မျိုးကုနိုင်ပေမဲ့ တခြားရောဂါကိုလှုံ့ဆော်ပြီးရောဂါဖြစ်တတ်တယ်''

"ဒါပေမဲ့ တခြားကူးစက်ရောဂါနဲ့တိရစ္ဆာန်တွေကိုစမ်းသပ်ကြည့်တာ ဒီဆေးက တခြားရောဂါတွေပါကုနိုင်လို့ အံ့ဩမိတယ်''

"ဘယ်လိုဖြစ်နိုင်မှာလဲ?''

ဝန်ကြီးလုကနားထောင်ရင်း အံ့ဩသွားသည်။

သူဌေးချင်ရဲ့ဆေးက သွေးခဲပလိပ်ရောဂါအပြင် တခြားကူးစက်ရောဂါတွေလည်း ကုနိုင်သတဲ့။

စပြောသောတော်ဝင်ပညာရှင်က ခေါင်းညိမ့်လိုက်ပြီး_

"အမှန်ပဲ.. ကျုပ်တို့သုတေသနအများကြီးလုပ်ပြီးပြီ... ဆေးရုံကရှိတဲ့ရောဂါတွေကို တိရစ္ဆာန်တွေကူးစက်အောင်လုပ်တယ်''

"ဒီဆေးက ခွာနာလျှာနာ ဝက်နားရွက်ပြာ သိုးဆိတ်ကျောက် ကြက်ငှက်တုပ်ကွေး စတဲ့တိရစ္ဆာန်ရောဂါတွေကိုကုနိုင်တယ်... အခု တခြားပလိပ်ရောဂါကူးစက်ခံရတဲ့တိရစ္ဆာန်တွေကိုလည်း ဒီဆေးနဲ့စမ်းသပ်ထားတယ်''

"မယုံနိုင်စရာပဲ''

ထိုသတင်းကြောင့် ဝန်ကြီးလုအံ့ဩသွားသည်။

သူဌေးချင်က သွေးခဲပလိပ်ရောဂါအတွက်ဒီလောက်မြန်မြန်ဆေးထုတ်နိုင်တာပဲ အံ့ဩစရာကောင်းလှပြီ။ အခု တခြားကူးစက်ရောဂါတွေပါကုနိုင်တယ်တဲ့လား?

ဒါဆို ဒါဘာလဲ?

ပလိပ်ရောဂါအစုံပျောက်ဆေးလား?

ပလိပ်ရောဂါပြီးသွားတာတောင် ဒီလောက်ကူးစက်ရောဂါအများကြီးကိုဘာလို့ဆက်လေ့လာနေတာလဲ?

အကြောင်းရင်းကရှင်းသည်။ သေစေနိုင်သောလူ့ရောဂါအတော်များများကို ဒီပလိပ်ရောဂါကဖြစ်စေနိုင်သောကြောင့်ပင်။

လူသားမျိုးတုံးစေသော ကြောက်စရာရောဂါတချို့တောင်ရှိသည်။ အစက တိရစ္ဆာန်ကိုကူးစက်ပြီး သူတို့သင့်လျော်သောနည်းနှင့်မဖြေရှင်းနိုင်ခဲ့သောကြောင့် ပလိပ်ရောဂါကမျိုးထပ်ကွဲကာ နောက်ဆုံး လူ့အသက်အန္တရာယ်ကိုခြိမ်းခြောက်နိုင်သောရောဂါဖြစ်လာသည်။

တိရစ္ဆာန်ရောဂါမျိုးစုံကိုကုနိုင်တဲ့ဆေးရှိရင် ဒါဘာအဓိပ္ပါယ်လဲ အားလုံးထက်သူပိုသိသည်။

ဒါဘုရားပေးတဲ့ဆေးဖြစ်ပြီ။

ဝန်ကြီးလုကတွေးတောရင်း လောလောနှင့်_

"သုတေသနရလဒ် ဘယ်တော့ထွက်မလဲ?''

"၃ ရက်ဆိုရပြီ''

တော်ဝင်ပညာရှင်ကဖြေသည်_

"ပလိပ်ရောဂါမျိုးစုံ ရောဂါမျိုးစုံနဲ့တိရစ္ဆာန်တွေကိုစမ်းသပ်ပြီးပြီ... နောက်ကျ ဆေးထိုးလိုက်ရုံပဲ''

“အင်း”

ဝန်ကြီးလုခေါင်းညိမ့်လိုက်သည်။

ထိုသတင်းကြားပြီး နောက် ၃ ရက်တွင် သူ့မှာမျှော်လင့်ချက်နှင့်စိတ်လှုပ်ရှားစရာများပြည့်နေသည်။

၃ ရက်အကြာ ဝန်ကြီးလုက သုတေသနခန်းထဲအလောတကြီးရောက်လာသည်။

တော်ဝင်ပညာရှင်နှစ်ဦးနှင့်ပညာရှင်များကိုမြင်သောအခါ သူကလောလောနှင့်_

"အားလုံးပဲ.. ရလဒ်ကဘယ်လိုလဲ?''

All Chapters