← Chapters

ဆေးရည်ရဲ့တကယ့်အာနိသင်? ၂

Vol. 75 Ch. 1120

ဆေးရည်ရဲ့တကယ့်အာနိသင်? ၂

Vol. 75 Ch. 1120

တော်ဝင်ပညာရှင်နှစ်ဦးနှင့်ပညာရှင်များက ပိုပြီးစိတ်လှုပ်ရှားနေသည်။

တော်ဝင်ပညာရှင်တစ်ဦးက_

"ဝန်ကြီးလု.. ရလဒ်တွေထွက်ပြီ... တိရစ္ဆာန်ရောဂါအမျိုးအစား ၁၇ ၇၇ နဲ့ ၆၃ ... တိရစ္ဆာန်ကူးစက်ရောဂါမှန်သမျှ အားလုံးလိုလို ဒီဆေးကအမြန်သက်သာစေတယ်... တချို့ရောဂါတွေမှာ ပြန်ကောင်းတဲ့အရှိန်နှေးပေမဲ့ ထိန်းချုပ်နိုင်တယ်''

ထိုစကားကြောင့် ဝန်ကြီးလုပါးစပ်အဟောင်းသားဖြစ်သွားသည်။

တိရစ္ဆာန်ကူးစက်ရောဂါမှန်သမျှ ကုနိုင်တယ်တဲ့လား?

တနည်းပြောရရင် ဒီဆေးရည်နဲ့ ကြီးကြီးမားမားခြိမ်းခြောက်မှုတွေကိုဖယ်ရှားနိုင်ပြီပေါ့။

တိရစ္ဆာန်ကူးစက်ရောဂါဆိုရင် ဒီဆေးရည်နဲ့ဖြေရှင်းနိုင်ပြီ။

ဒီဆေးတန်ဖိုးက သူတို့ထင်ထားတာထက်အများကြီးသာနေသည်။ သူတို့ သူဌေးချင်အပေါ်အမြတ်ထုတ်မိပြန်ပြီ။

"သူဌေးချင် သိမယ်ထင်လား?''

ဝန်ကြီးလုက မနေနိုင်ဘဲမေးလိုက်သည်။

သူ့အမေးကြောင့် အားလုံးကြောင်သွားပြီးမှ_

"သိမယ်မထင်ဘူး... သိရင် သူဌေးချင်က 'သွေးခဲပလိပ်ရောဂါဆေး'လို့နာမည်ပေးမှာမဟုတ်ဘူး''

"ဟုတ်တယ်.. သူဌေးချင်က ဒီအချိန်တိုအတွင်း တရုတ်တိုင်းရင်းဆေးနည်းနဲ့ဖြေရှင်းလိုက်တာ... သူ့မှာစမ်းသပ်ချိန်မရှိဘူး''

"အမှန်ပဲ... သူဌေးချင်က ဒီဆေးရည်ကို သွေးခဲပလိပ်ရောဂါအတွက်အာနိသင်ရှိမှန်းသိသွားလို့ ကုချင်ရုံပဲဖြစ်မယ်... တခြားမတွေးမိလောက်ဘူး''

တစ်ယောက်ပြီးတစ်ယောက် အတည်ပြုကြသည်။

"အကျိုးအမြတ်ကြီးပဲ''

ဝန်ကြီးလုကပြောသည်။ ထို့ကြောင့် သူဌေးချင်ကို နောက်နှစ်တော်ဝင်ပညာရှင်လောင်းဘွဲ့ပေးရန်လျှောက်လွှာတင်ရမည်ဟု သူဆုံးဖြတ်လိုက်သည်။

တော်ဝင်ပညာရှင်ဖြစ်ဖို့ တော်ဝင်ပညာရှင်လောင်းအရင်ဖြစ်ရမည်။ ပြီးမှ တော်ဝင်ပညာရှင်လောင်းကို တော်ဝင်ပညာရှင်ဘွဲ့အပ်နှင်းသည်။

ဒါသူ့နည်းစဉ်ဖြစ်ပြီး လူတိုင်းလိုက်နာရသည်။ စစ်ဆေးမှုအမျိုးမျိုးကိုလည်းဖြတ်ရသည်။ အထက်လူများအောင်ပေးသောလူမှလွဲ၍ ဘယ်သူမှအဆင့်ကျော်မရပေ။

ဒါပေမဲ့ သူဌေးချင်ကမတူ။ အဆင့်ကျော်မပေးရင် မကောင်းသလိုခံစားရသည်။

ဆေးအာနိသင်အသစ်ကိုအစီရင်ခံပြီးရင် သူဌေးချင်ကသေချာပေါက်ခြွင်းချက်ဖြစ်လာနိုင်သည်။

ဝန်ကြီးလုကစိတ်ဆုံးဖြတ်ပြီးနောက် သူ့ရုံးခန်းထဲအမြန်ပြန်လာသည်။ ဒီသတင်းကိုအစီရင်ခံပြီး သတင်းလွှင့်ခိုင်းရမည်။

ဒါလုံးဝစိတ်လှုပ်ရှားစရာသတင်း!

အနောက်တိုင်းသားတွေက ခွဲခြားခွဲခြားလုပ်ချင်တယ်တဲ့လား? အခု သွေးခဲပလိပ်ရောဂါကိုဖြေရှင်းနိုင်တဲ့အပြင် တခြားကူးစက်ရောဂါတွေလည်းကုနိုင်ပြီ။

ချင်းလင်စံအိမ်_

ပန်းအိမ်တစ်ခုချင်းကိုအလှဆင်ထားသည်။

ဖော်မယ်ဒီဟိုက်ပါသောဆေးများ၊ပရိဘောဂများမပါဘဲ အပြင်အဆင်အားလုံးလိုလို သဘာဝဆန်သည်။ သန့်စင်မြက်ကြောင့် အိမ်ကနေထိုင်ရန်သင့်တော်သည်။

ထို့ကြောင့် ကျောက်မိုချင်းက ချင်ဖုန်းကိုပန်းအိမ်ထဲခေါ်သွားလေ့ရှိသည်။

သူတို့သားအမိကိုအဖော်ပြုရန် ချင်လင်ကလိုက်တတ်သည်။

တံခါးပိတ်ပြီးနောက် သူ့သားအားရပါးရစားနေသည်ကိုကြည့်လိုက်၏။ သူသွားပြီး တစ်ကိုက်စားရမလားစဉ်းစားနေသည်။

ဒါပေမဲ့ အဖေဖြစ်ပြီး ကိုယ့်သားအစားအစာကိုလုစားတာမကောင်း။

ဘာပဲဖြစ်ဖြစ် အခွင့်အရေးတွေအများကြီးကြုံလာဦးမည်။

သူလည်းအသာလေးဘေးနားသွားပြီး သတင်းဖတ်နေလိုက်သည်။ မကြာမီ တရားဝင်သတင်းတစ်ပုဒ်တက်လာသည်ကိုတွေ့ရသည်။

ထိုသတင်းကထွက်ထွက်ချင်း ရေပန်းစားလာ၏။

"ရှောင်ချင် ပလိပ်ရောဂါအတွက်ဖော်ထားတဲ့ဆေးရဲ့တွေ့ရှိချက်အသစ်.. ဒီဆေးက တိရစ္ဆာန်ကူးစက်ရောဂါအမျိုးမျိုးကိုကုနိုင်...''

သတင်းက လုံးဝလန့်စရာ။

သွေးခဲပလိပ်ရောဂါကုနိုင်တာပဲ အံ့ဩစရာကောင်းလှပြီ။

ဘာပဲဖြစ်ဖြစ် သွေးခဲပလိပ်ရောဂါကို ဆေးရည်နဲ့ပထမဆုံးအကြိမ်ကုနိုင်ခြင်းဖြစ်သည်။

အခု ဒီဆေးရည်က သွေးခဲပလိပ်ရောဂါကိုကုနိုင်တဲ့အပြင် ကူးစက်ရောဂါအမျိုးမျိုးကိုကုနိုင်တယ်ဆိုပါလား? နတ်ဆေးလား?

အရင်က ဒီလိုအစုံသုံးဆေးမျိုးကို ဂိမ်းထဲမှာသာရှိသည်ဟုထင်ခဲ့သည်။ အပြင်မှာရှိလာမည်ဟုလုံးဝမထင်မိ။

ရှောင်ချင် ဘယ်လိုနည်းသုံးထားပါလိမ့်?

ချင်လင်ကသတင်းဖတ်ပြီး ရယ်လိုက်သည်။

ဆေးထိုးအပ်နံပါတ် ၆ ရဲ့အာနိသင်တွေကိုတွေ့သွားကြပြီ။

တရုတ်သိပ္ပံအကယ်ဒမီရဲ့သုတေသနအင်အားနဲ့ ဒီအာနိသင်ကိုအနှေးနဲ့အမြန်သိသွားမည်မှန်း သူသိသည်။

သူတွေးတောနေစဉ် ဝန်ကြီးလုဖုန်းဝင်လာ၏။

ဖုန်းကိုင်ကိုင်ချင်း ဝန်ကြီးလုရယ်သံကိုကြားရသည်_

"သူဌေးချင်.. ဒီနေ့သတင်းတွေ့လား?''

ချင်လင်ကဆက်ပြီးသရုပ်ဆောင်သည်_

"ဝန်ကြီးလု.. အဲဒီဆေးက တကယ်အဲလိုအာနိသင်ရှိလား? မယုံနိုင်စရာပဲ.. ကျွန်တော်သတိမထားမိဘူး''

တဖက်တွင် ဝန်ကြီးလုကနားထောင်ရင်း 'သူဌေးချင်တောင် ဆေးအာနိသင်ကိုမသိဘူးပဲ'ဟုတွေးနေသည်။

"ဒီတော့ သူဌေးချင်.. မင်းရဲ့ဆေးကိုနာမည်ပြောင်းရမယ်''

သူကတန်းပြောလိုက်သည်_

"အရင်နာမည်နဲ့အဆင်မပြေဘူး... ဒီဆေးအာနိသင်ကို မခြုံငုံမိဘူး''

ချင်လင်ကပြုံးပြီး_

"ဝန်ကြီးလုဆုံးဖြတ်လိုက်ပါ... အမှန်အတိုင်းပြောရရင် ကျွန်တော်က နာမည်ပေးမတော်ဘူး''

……

တဖက်တွင်_

Bowens က ဓာတ်ခွဲခန်းထဲတွင် ဝတ်စုံပြည့်ဝတ်ထားသောလူတစ်ယောက်နှင့်တွေ့နေသည်။

ထိုလူနောက်တွင် သန်သန်မာမာလူတစ်စုပါသည်။ အားလုံးကမျက်နှာထားတင်းမာပြီး လ*က်နက်ပါပုံရသည်။

Bowens မှာ ထိုလူ​ရှေ့တွင်စိတ်ချုပ်တည်းထားပြီး တုန်ယင်နေ၏။

ထိုလူက သူ့နောက်ကွယ်မှသူဌေးကြီးဖြစ်သောကြောင့်ပင်။

သူတို့နိုင်ငံမှာ အရင်းရှင်သိပ်မရှိ။ ဒီလူကထိပ်တန်းလူနည်းစုတချို့ထဲပါသည်။

အရင်းရှင်နိုင်ငံတွေမှာ ဒါဘာကိုကိုယ်စားပြုလဲသိကြသည်။

ဒီတစ်ခါ နိုင်ငံအသီးသီးမှပညာရှင်များကိုစုစည်းပြီး အရှေ့တိုင်းကိုဖယ်ကျဉ်ထားခြင်းက သူ့အစီအစဉ်ဖြစ်သည်။ နိုင်ငံအတော်များများမှအရင်းရှင်များမှာ သန့်စင်မြက်နှင့်အားဖြည့်လက်ဖက်ရည်နည်းပညာကိုမျက်စိကျနေကြသည်။

အနောက်တိုင်းနိုင်ငံကဆိုရင် ဒီလောက်ဒုက္ခမရောက်။ သူတို့အရင်းရှင်နည်းနဲ့ ဒီနည်းပညာတွေကိုရတာကြာပြီ။ ဒါပေမဲ့ တဖက်က အရှေ့တိုင်းနိုင်ငံဖြစ်နေသည်။

ဒီတော့ ဒီလိုအစီအစဉ်ဖြစ်လာသည်။ သူတို့အင်အားနဲ့ သူများကိုဖိနှိပ်ဖို့ကြိုးစားသည်။ အရင်းရှင်နိုင်ငံများတွင် ဒီလိုအင်အားကို အရေးပါအရာရောက်သူဆီကငှားနိုင်တာ ယုံရခက်ခက်ပင်။

သို့ရာတွင် အစီအစဉ်ကလုံးဝကျရှုံးသွားသည်။

"Bowens.. ငါမင်းကိုအထင်ကြီးမိသွားတယ်''

သူဌေးကြီးက စိတ်ပျက်လက်ပျက်အသံနှင့်_

"မင်းက ကမ္ဘာ့အတော်ဆုံး.. တခြားနိုင်ငံကပညာရှင်တွေရဲ့အကူအညီနဲ့ဆိုပြဿနာမရှိလောက်ဘူးလို့ထင်ခဲ့တာ''

"ဒါပေမဲ့ မင်းတို့အတူတူပေါင်းလုပ်တာတောင် အရှေ့တိုင်းကလူက အရင်ရသွားမယ်လို့ဘယ်ထင်မလဲ? ပြီးတော့ မင်းတို့က အခုထိဘာရလဒ်မှမထွက်သေးဘူးမလား?''

"ငါတို့မှာဆေးနည်းမရှိရင် အရှေ့တိုင်းကဘာတောင်းဆိုမလဲ မင်းသိလား? ငါတို့လုပ်ရပ်ကြောင့် ဟိုကအမြင်စောင်းနေလောက်ပြီ''

"သူဌေးကြီး.. ကျွန်တော်တို့မှာဆေးရှိမှတော့ အမြန်ဆုံးဓာတ်ခွဲနိုင်မှာပါ''

Bowens က ရှက်သံနှင့်ပြောသည်။ ဒြပ်ပေါင်း ၇ ခုကိုဓာတ်မခွဲနိုင်သေးသော်လည်း အံကြိတ်ပြောလိုက်၏။

သို့ရာတွင် သူဌေးကြီးကသိနေပုံနှင့်_

"အိုး.. တကယ်လား? ငါသတင်းရပြီးပြီ.. မင်းမရသေးဘူး''

ထိုစကားကြောင့် Bowens မျက်မှောင်ကြုတ်လိုက်သည်။

သူ့ဓာတ်ခွဲခန်းထဲမှာ လူလွှတ်ထားမှန်း သူသိလိုက်သည်။

ထိုအချိန်တွင် သူဌေးကြီးက ဖုန်းလှမ်းပေးခိုင်းပြီး_

"အဲဒီနိုင်ငံက နောက်ဆုံးသတင်းကိုကြည့်လိုက်... မင်းရဲ့'ပလိပ်ရောဂါကမ္ဘာ့ထိပ်တန်းပညာရှင်'ဆိုတဲ့ဘွဲ့က သူများဆီရောက်သွားပြီ''

Bowens က ချက်ချင်းဖုန်းယူပြီးသတင်းဗီဒီယိုကြည့်လိုက်သည်။ ထို့နောက် သူ့မျက်နှာတဖြည်းဖြည်းပြောင်းသွားပြီး အံ့အားသင့်သွားသည်။

"ဒီဆေးရည်မှာ ဘယ်လိုလုပ်အဲလိုအာနိသင်မျိုးရှိတာလဲ?''

Bowens လန့်သွားသည်။ တိရစ္ဆာန်ပလိပ်ရောဂါကိုသုတေသနအများကြီးလုပ်ထားသော်လည်း တစ်နေ့ဒီလိုဆေးရည်မျိုးရှိလာမည်ဟုလုံးဝမထင်မိပေ။

အရှေ့တိုင်းကထုတ်တဲ့ဆေးက သွေးခဲပလိပ်ရောဂါတင်မဟုတ်၊ ပလိပ်ရောဂါမျိုးစုံကိုကုနိုင်သတဲ့။

ဒါမျိုး ဘယ်လိုလုပ်ရှိတာလဲ?

တိရစ္ဆာန်ပလိပ်ရောဂါလက္ခဏာချင်းမတူသောကြောင့် ကွဲပြားမှုများရှိသည်။ ဒီဆေးရည်က ပလိပ်ရောဂါအစုံကုနိုင်မည်ဟုတွေးတောင်မတွေးဝံ့။

သူဌေးကြီးကမျက်မှောင်ကြုတ်ပြီး_

"Bowens.. ဒီဆေးရည်အာနိသင်သတင်းတက်လာတော့ မင်းအပြစ်မဟုတ်ဘူးဆိုတာ ငါသိလိုက်တယ်... ဒီဆေးရည်ကိုက အံ့ဩစရာကောင်းလို့ပဲ... ငါအဲဒီ'ချင်'ဆိုတဲ့လူကိုစုံစမ်းခိုင်းမယ်''

"Bowens.. ဒီဆေးရည်ရဲ့အာနိသင်ကို မင်းအခုချက်ချင်းဓာတ်ခွဲစေချင််တယ်!''

ဆေးရည်မှာ ဒီလိုအာနိသင်မျိုးရှိရင် Bowens မတတ်နိုင်ရုံသာမက ဆေးရည်တစ်ခေတ်ဖြစ်သွားမည်မှန်း သူသိသည်။ ဒီလိုဆိုရင် ဆေးနည်းထက် အဲဒီဉာဏ်ကြီးရှင်ကိုတန်းရအောင်လုပ်တာပိုမကောင်းဘူးလား?

All Chapters