← Chapters

ရွှေပေါ်မြတင်!

Vol. 75 Ch. 1121

ရွှေပေါ်မြတင်!

Vol. 75 Ch. 1121

Bowens ဓာတ်ခွဲခန်း_

သူဌေးကြီးအမိန့်ရပြီးနောက် Bowens ကချက်ချင်း အနောက်တိုင်းပညာရှင်များစုစည်းပြီး ဆေးရည်အာနိသင်ကိုပြန်စမ်းသပ်သည်။

ပညာရှင်များကိုလည်း သတင်းပြထားသည်။

ကမ္ဘာကြီးက သူတို့အပေါ်အမြင်စောင်းနေပြီဟု ပညာရှင်များခံစားနေရသည်။

သွေးခဲပလိပ်ရောဂါကိုကုနိုင်တဲ့ဆေးရည်က ပလိပ်ရောဂါအားလုံးကိုကုနိုင်သတဲ့လား?

ရှေ့လျှောက် ဒီဆေးရည်ရှိရင် တိရစ္ဆာန်ပလိပ်ရောဂါတွေအကုန်စိတ်မချရဘူးလား?

ဒါပေမဲ့ ဒီဆေးမျိုးက လက်တွေ့မှာပေါ်မလာသင့်။

တိရစ္ဆာန်ပလိပ်ရောဂါထိပ်တန်းဓာတ်ခွဲခန်းအနေနှင့် Bowens ဓာတ်ခွဲခန်းမှာ ပလိပ်ရောဂါမျိုးစုံရှိသည်။ အပြင်ကိုမကြေညာဘူးသောပလိပ်ရောဂါတောင်ရှိသည်။

အပြင်ကိုမကြေညာဖူးသော၊ ဒါမှမဟုတ် မပေါ်ဖူးသောရောဂါကို အသေးစိတ်လေ့လာရမည်။

Bowens နှင့်ပညာရှင်များက အမြန်ဆုံးသုတေသနစကြသည်။ တရုတ်ဆေးရုံမှလူများအတိုင်း တိရစ္ဆာန်များကိုအရင်ကူးစက်အောင်လုပ်ပြီးမှ ဆေးကုပေးသည်။

သို့ရာတွင် သုတေသနစသည်နှင့် Bowens နှင့်ပညာရှင်များမျက်နှာပျက်လာပြီး အံ့အားသင့်ကုန်သည်။

ဆေးရည်က အမှန်ပင်ပလိပ်ရောဂါတစ်မျိုးပြီးတစ်မျိုးကုနိုင်သည်။

ကိစ္စအတော်များများမှာ ဒီပလိပ်ရောဂါကပြဿနာကြီးဖြစ်ကြောင်းသိထားကြသည်။

ကုမ္ပဏီဆေးများကကုသနိုင်သော်လည်း အာနိသင်အကန့်အသတ်ရှိသည်။ ဒီဆေးကိုလုံးဝမယှဉ်နိုင်။

နောက်ပြီး စမ်းသပ်ချက်အရ ဒီဆေးရည်က ကမ္ဘာမှာမှတ်တမ်းတင်ဖူးသမျှပလိပ်ရောဂါများနှင့်အပြင်လူများမသိသောပလိပ်ရောဂါများပါကုနိုင်သည်။

တနည်းပြောရရင် အပြင်ကိုအသိမပေးတဲ့ပလိပ်ရောဂါက အခုအသုံးမဝင်။

အပြင်ကမသိသောပလိပ်ရောဂါကို သူတို့လေ့လာချင်သေးသည်။

ဒီပလိပ်ရောဂါပေါ်လာရင် တခါတည်းကမ္ဘာကြီးအံ့ဩသွားလိမ့်မည်။

နောက်ဆုံးပလိပ်ရောဂါကိုကုအပြီးတွင် Bowens တို့လုံးဝမှင်တက်သွားတော့သည်။

မယုံနိုင်စရာ။ တကယ်အာနိသင်ရှိနေသည်။

"အရှေ့တိုင်းက 'ချင်'က လူငယ်လေးပဲရှိသေးတာမလား? သူ့အနာဂတ်က ဘယ်လိုများနေမလဲ?''

"မတွေးတတ်အောင်ပဲ... မယုံချင်ဘူး''

ဒါပေမဲ့ တကယ်ဖြစ်နေသည်။

မယုံချင်လေ အဟုတ်ဖြစ်လေပင်။

ဒီတိရစ္ဆာန်ပလိပ်ရောဂါပိုင်းမှာ သူတို့ကအရှေ့တိုင်းကလူငယ်လောက်မတော်တဲ့သဘောလည်းဖြစ်နေသည်။

နောက်ဆုံး Bowens က သက်ပြင်းရှည်ကြီးချလိုက်သည်။ အခုတော့ ကမ္ဘာ့နံပါတ်တစ်ပလိပ်ရောဂါပညာရှင်ဆိုတဲ့သူက တဖက်လူနဲ့မယှဉ်နိုင်ကြောင်း သူလက်ခံလိုက်ပြီ။

ဒီပလိပ်ရောဂါအစုံကုဆေးက ဒီခေတ်မှာပေါ်မလာသင့်။

နောက်ဆုံး Bowens က ရင်တုန်တုန်နှင့် သူဌေးကြီးနှင့်တွေ့ပြန်သည်။

"ဘယ်လိုလဲ? အားလုံးစစ်ကြည့်လား?''

သူဌေးကြီးက တန်းမေးသည်။

Bowens က မျက်မှောင်ကြုတ်ပြီးအစီရင်ခံသည်_

"သူဌေးကြီး.. ဒီဆေးရည်က တိရစ္ဆာန်ပလိပ်ရောဂါမျိုးစုံကိုတကယ်ကုနိုင်ပါတယ်... အာနိသင်ကိုအတည်ပြုပြီးပါပြီ... ဒီဆေးရည်ကိုထုတ်တဲ့သူက တကယ်ဉာဏ်ကြီးရှင်ပါပဲ''

Bowens မချီးကျူးဘဲမနေနိုင်တော့။

မတတ်နိုင်။ သူမချီးကျူးချင်ရင်တောင် ဒီလိုအရာမျိုးဖန်တီးနိုင်သည့်အတွက် ချီးကျူးစကားပြောရမည်။

သူများကိုချီးကျူးရင်း သူကသိမ်ငယ်သွားသလိုပင်။

မဟုတ်ရင် ကိုယ့်လုပ်နိုင်စွမ်းကိုယ်မသိတဲ့သူဖြစ်မသွားဘူးလား?

ဒီကမ္ဘာမှာ လူအတော်များများက ကိုယ့်လုပ်နိုင်စွမ်းကိုယ် အတိုင်းအတာတစ်ခုအထိမသိဟုဆိုနိုင်သည်။

ဥပမာ စာမေးပွဲမှာ အမှတ် ၆၀ ရသူက သူများကို ၉၅ မှတ်ပဲရသည်ဟုအရှက်မရှိပြောသလို၊

ကိုယ်ပိုင်ကားတောင်မရှိသူက သူများကို BMW ပဲစီးနိုင်သည်ဟုအရှက်မရှိပြောတတ်သည်။

ဒီလို ကိုယ့်အတိုင်းအတာကိုယ်မသိသူက ဘဝအမြင်အားလုံးကိုတန်ပြန်တတ်သည်။

"နှမြောစရာပဲ''

သူဌေးကြီးက မနေနိုင်ဘဲသက်ပြင်းချပြီး_

"ဘာလို့ဒီလိုပညာရှင်မျိုးက အဲဒီအရှေ့တိုင်းမှာပေါ်ရတာလဲ?''

ထို့နောက် သူကမျက်မှောင်ကြုတ်ပြီး Bowens ကိုကြည့်ကာ_

"အဲဒီဉာဏ်ကြီးရှင်ကိုရဖို့ ငါတို့နည်းလမ်းရှာသင့်တယ်... မင်းသိတဲ့အတိုင်းပဲ.. ဒီဆေးရည်ကိုရဖို့အကူအညီသွားတောင်းရင် အများကြီးပေးရမှာ''

"ငါ့အရင်အစီအစဉ်က သူ့ကိုအနှောင့်အယှက်ပေးထားတော့ ငါမဖြေရှင်းနိုင်ဘူးဆိုရင် တခြားလူတွေက ငါ့ကိုပဲအကုန်အကျခံခိုင်းမှာ''

"သူဌေးကြီး.. အဲဒီချင်က ငယ်သေးတယ်.. အရမ်းငယ်တယ်''

Bowens က တန်းပြောသည်_

"သူ့အရွယ်နဲ့ ဒီလိုအောင်မြင်မှုမျိုးရဖို့ဆို တစ်နေကုန်ဓာတ်ခွဲခန်းထဲမှာနေ.. သုတေသနကိရိယာတွေနဲ့သိပ္ပံစာအုပ်တွေကြားခေါင်းမြှုပ်ထားပြီးတော့ သုတေသနအချက်အလက်တွေလုပ်ရမှာ''

Bowens က ဒီလိုထင်သော်လည်း အပန်းဖြေစံအိမ်ထဲကချင်လင်မှာမူ သူ့စိတ်ထဲမှဂိမ်းကိုအသည်းအသန်ကြည့်၊ သူ့အကြောင်းပြောနေသူများကိုအတွန့်တက်နေလေသည်။

Bowens စကားကို သူဌေးကြီးကခေါင်းညိမ့်ထောက်ခံသည်။

အိုင်စတိုင်းက အိုင်စတိုင်းခေတ်ကိုဘယ်လိုတီထွင်ခဲ့လဲ?

အရင်က သိပ္ပံလောကကိုအိုင်စတိုင်းလွှမ်းမိုးခဲ့သော်လည်း ဒီလိုဖြစ်လာဖို့ရက်ပေါင်း၊လပေါင်းများစွာအချိန်ယူခဲ့ရသည်။ တစ်နှစ်အတွင်း ဓာတ်ခွဲခန်းကိုအကြိမ်ပေါင်းများစွာသွားရသည်။

"သူဌေးကြီး''

Bowens ကပြောသည်_

"ငယ်သေးတာကောင်းတယ်.. လူငယ်တွေက ဖြစ်ချင်စိတ်များတယ်... ကျော်ကြားမှုတွေ ဂုဏ်တွေ ပိုစိတ်ဝင်စားမှာ!''

"ခင်ဗျားသိတဲ့အတိုင်း.. ကျုပ်တို့ဒီကြိုးနဲ့ အရှေ့တိုင်းကလူငယ်တွေကို ​ကျုပ်တို့နိုင်ငံထဲသွင်းခဲ့တာလေ... အဲဒီလူငယ်တွေက ကျုပ်တို့နာမည်ရဖို့ရှေ့တန်းဖြစ်လာတာပဲမလား?''

"ဟုတ်တယ်''

သူဌေးကြီးကခေါင်းညိမ့်လိုက်ပြီး_

"ဂုဏ်ဒြပ်တွေက ဒီလိုလူငယ်တွေကိုစိတ်လှုပ်ရှားစေတယ်... ဒါပေမဲ့ ဒီလူငယ်က တော်ရုံစျေးနဲ့အလုပ်မဖြစ်မှာစိုးရတယ်''

"သူဌေးကြီး''

Bowens ကပြုံးပြုံးနှင့်_

"လတ်တလော အခွင့်အရေးကြီးရှိပါတယ်... တော်ဝင်မျိုးနွယ်တွေက ဆုပေးတော့မှာမလား? ဒီနှစ်ပလိပ်ရောဂါဆုက ကျုပ်အတွက်လို့ယူဆထားပေမဲ့ မကြေညာရသေးပါဘူး''

All Chapters