← Chapters

ရွှေပေါ်မြတင်!၂

Vol. 75 Ch. 1122

ရွှေပေါ်မြတင်!၂

Vol. 75 Ch. 1122

"အဲဒီချင်ကို ဒီဆုပေးနိုင်ပါတယ်... အမြင့်ဆုံးဂုဏ်ရှိတဲ့မက်လုံးကြောင့် သူလက်ခံလိမ့်မယ်''

"အဲဒီအချိန်ကျ သူဒီရောက်လာရင် အခွင့်အရေးရပြီမလား? အရှေ့တိုင်းမှာမဟုတ်ရင် လုပ်ရကိုင်ရပိုအဆင်ပြေသွားပြီ... သူဌေးကြီးကိုင်တွယ်ဖို့ပဲလိုတော့တယ်''

သူဌေးကြီးကနားထောင်ရင်း မျက်လုံးအရောင်တောက်လာသည်။

နိုဘယ်ဆုမှာ စက်တင်ဘာလမှနောက်နှစ်ဇန်နဝါရီအထိ ဆုအသီးသီးအတွက်ထိုက်တန်သူများကိုပေးသည်။

နှစ်တိုင်း ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အကဲဖြတ်ကော်မတီအသီးသီးမှစစ်ဆေးပြီး ဆုပေးသင့်သူကိုထောက်ခံပေးသည်။ သူတို့အလုပ်ကို အထူးလျှို့ဝှက်ထား၏။

နှစ်တိုင်း အောက်တိုဘာလလယ်တွင် နိုဘယ်ဆုရှင်များစာရင်းကိုကြေညာသည်။

နိုဘယ်ကွန်လွန်သည့်နှစ်ပတ်လည်နေ့တွင် ဆုရှင်များကိုဆုပေးသည်။

သတ်မှတ်ထားသောအစီအစဉ်က ဒီအတိုင်းဖြစ်သော်လည်း ထင်မှတ်မထားသောအခြေအနေများကြောင့် နောက်ကျတတ်သည်။

ဒီနှစ်နောက်ကျခြင်းမှာ **** ဖြစ်ရပ်ကြောင့်ပင်။

ထို့ကြောင့် ဆုရှင်စာရင်းနောက်ကျပြီးမကြေညာရသေးဘဲ သူ့အတွက်အခွင့်အရေးဖြစ်လာသည်။

သို့ရာတွင် Bowens နေရာမှာ ချင်ကိုရုတ်တရက်အစားထိုးပါက အများကြီးပေးကမ်းရမည်။

အရင်က ခက်ခဲသည်။ ဘာပဲဖြစ်ဖြစ် နိုဘယ်ဆုကိုဆွစ်ဇာလန်မှာကျင်းပပြီး ထိုနိုင်ငံကဘက်မလိုက်တတ်။

သို့သော် လွန်ခဲ့သောနှစ်များအတွင်း ဆွစ်ဇာလန်နိုင်ငံက သူတို့နှင့်ပိုရင်းနှီးလာသည်။ မြောက်ပိုင်းမဟာမိတ်အဖွဲ့အစည်းကိုလျှောက်ထားပြီး အဖွဲ့ဝင်နိုင်ငံလည်းဖြစ်လာသည်။

ထို့ကြောင့် လုပ်ကွက်အများကြီးရှိလာသည်။

"Bowens.. မင်းအကြံအရမ်းကောင်းတယ်''

သူဌေးကြီးကပြုံးပြုံးနှင့်ပြောသည်။

ချင်လင် နိုဘယ်ဆုရရင် သူတို့လုပ်ကွက်အများကြီးရမည်။ သူတို့မရနိုင်တာကို ဖျက်ဆီးပစ်ရမယ်ဆိုရင်တောင်ပေါ့။

…

ချင်းလင်အပန်းဖြေစံအိမ်မြောက်ဘက်ထောင့်ပန်းအိမ်တစ်အိမ်၌_

ချင်လင်က သူ့လက်ထဲမှချင်ဖုန်းကို မတတ်သာပုံနှင့်ကြည့်နေသည်။ သူ့ဘေးတွင် ကျောက်မိုချင်းကကွန်ပျူတာရှေ့ထိုင်ပြီး ချင်းလင်ကုမ္ပဏီအသီးသီး၏ဘဏ္ဍာရေးအခြေအနေကိုစစ်ဆေးနေသည်။

အခု ချင်းလင်စံအိမ်စီမံရေးအပိုင်းကို လင်းလန်ဇီထံလွှဲထားပြီးဖြစ်သည်။ ကုမ္ပဏီတစ်ချင်းစီ၏ဘဏ္ဍာရေးအခြေအနေကိုသာ သူမကစီမံရသည်။

ချင်လင်မှာ ရုတ်ချည်းအိမ်ကပ်နေရသော ကလေးအဖေဘဝကိုအသားမကျနိုင်။ ပြီးတော့ ချင်ဖုန်းကိုချီထားရသေးသည်။ ကောင်လေးက သူ့ကိုအမေလိုသဘောထားနေ၏။ ခဏခဏဗိုက်ဆာပြီး ဆာလျှင်သူ့ပါးစပ်နှင့်လိုက်ဟပ်တတ်သည်။

ဒီကောင်!

ချင်ဖုန်းအိပ်ပျော်သွားချိန်တွင် ချင်လင်ကပျင်းပျင်းနှင့်သူ့စိတ်ထဲမှဂိမ်းကိုကြည့်ပြီး ဂိမ်းဇာတ်ကောင်အား နေ့စဉ်တာဝန်များလုပ်စေသည်။

ငါးမျှားသောအခါ အထွေအထူးမရှိ။

ဖမ်းမိသောငါးအားလုံးလိုလို ငါးပြတိုက်မှာရှိသည်။

ထို့နောက် သစ်ပင်ခုတ်သည်။

သစ်ပင်ခုတ်ရာတွင် ကံကောင်းပြီး တရုတ်ထင်းရှူးထပ်ရသည်။

ဒီအပင်တွေ့တာ ပထမဆုံးမဟုတ်။ ခုတ်ရင် ကြောက်စရာကောင်းသည်။ ဘာပဲဖြစ်ဖြစ် ဒီအပင်ခုတ်ရင် တစ်သက်လုံးထောင်နန်းစံရနိုင်သည်။

ဂိမ်းထဲမှာ တစ်ခါ၊နှစ်ခါလည်းမခုတ်။ အပြင်မှာဆိုရင် ထောင်နန်းစံရုံတင်မက အပ်ချုပ်စက်အဆင့်လည်းဖြတ်ရနိုင်သည်။

သူဒီနေ့ ကံနည်းနည်းကောင်းနေသည်။ တောင်တန်းထုတ်ကုန်အသစ်မှာ အရည်အသွေး ၂ သဘာဝအူလုံလက်ဖက်ခြောက်ဖြစ်သည်။

နေ့စဉ်တာဝန်များအပြီးသတ်ပြီးနောက် ချင်လင်ကသူ့ဂိမ်းဇာတ်ကောင်အား စိုက်ပျိုးရေးခြံသွားစေသည်။

ထို့နောက် သူ့ကံပိုတက်လာပြန်သည်။

မျိုးစေ့ဆိုင်တွင် အာကာသမျိုးစေ့စာရင်း၌ မျိုးစေ့အသစ်ပေါ်နေသည်ကိုမြင်ပြီး သူအံ့သွားသည်။

(မျိုးပြောင်းအာကာသဘုရင်မ: အထူး!)

(အာကာသထဲမျိုးပြောင်းသော ညဘုရင်မပန်းမျိုးစေ့ဖြစ်သည်။ စိုက်ပျိုးပြီးလျှင် ညဘုရင်မပန်းပင်ဖြစ်လာမည်!)

အံ့ဩဝမ်းသာစရာပင်။

ချင်လင် မျိုးစေ့ဆိုင်သွားသွားကြည့်သော်လည်း ဘာမျိုးစေ့အသစ်မှမတွေ့ရ။ ဒီနေ့တွေ့မည်ဟုမထင်မိပေ။

ညဘုရင်မပန်းအကြောင်း သူသိသည်။ အလွန်လှသည်။

အထူးသဖြင့် ညပိုင်းတွင် ပန်းပွင့်နှင့်အစေ့မှအလင်းရောင်လှလှထွက်ပြီး အလွန်လှသည်။ နတ်သမီးပုံပြင်တောင်မှာ အာကာသမျိုးပြောင်းနွယ်နှင့်အတူစိုက်နိုင်သည်။

နောက်ပြီး ညဘုရင်မက အာကာသမျိုးစေ့! သာမန်ညဘုရင်မထက် ဂိမ်းအရည်အသွေးတွေပါလာမယ်မလား?

ချင်လင်ကချက်ချင်း 'ဝယ်မည်'ကိုရွေးလိုက်သည်။ ဒီမျိုးစေ့နဲ့ဆို နတ်သမီးပုံပြင်တောင်က ရွှေပေါ်မြတင်သလိုလှပြီး ထပ်ဖြည့်တဲ့ပန်းအာနိသင်ကအလွန်ကောင်းမည်။

မျိုးစေ့ဝယ်ပြီး သူ့ဂိမ်းဇာတ်ကောင်အား စိုက်ပျိုးရေးခြံတန်းပြန်စေသည်။ ထို့နောက် အာကာသမြေတွင် မျိုးစေ့စိုက်လိုက်သည်။

စိုက်ပြီးသောအခါ ရုတ်တရက်ရင်ဘတ်နားတွင်လှုပ်လှုပ်လှုပ်ခံစားရသောကြောင့် အသိပြန်ဝင်လာ၏။ သူငုံ့ကြည့်လိုက်ရာ ချင်ဖုန်းကနိုးနေပြီး သူ့အမေအမှတ်နှင့် သူ့***ကိုကိုက်နေသည်။

"မိုချင်း.. လုပ်ပါဦး!''

ချင်လင်က အကူအညီလှမ်းတောင်းသည်။

ကျောက်မိုချင်းက သူ့ယောက်ျားနှင့်သားဖြစ်နေပုံကိုကြည့်ပြီး မရယ်ဘဲမနေနိုင်။ လုပ်လက်စများပစ်ထားပြီး ချင်ဖုန်းကိုချီလိုက်သည်။

ထိုအချိန် ဖုန်းဝင်လာ၏။ လင်းလန်ဇီပင်။

သူကဖုန်းကိုင်ပြီးမေးလိုက်သည်_

"မန်နေဂျာလင်း.. ဘာဖြစ်လို့လဲ? စံအိမ်မှာဘယ်လိုလဲ?''

လင်းလန်ဇီကတန်းပြောသည်_

"ဥက္ကဌချင်.. စံအိမ်က သိပ်ကိစ္စမရှိပါဘူး... ရှင့်အကြောင်းပါ... ရှင်နိုဘယ်ဆုရမယ်ထင်တယ်''

"နိုဘယ်ဆု? ဘာလဲဟ?''

ချင်လင်ကြောင်သွားသည်။

လင်းလန်ဇီကအမြန်ပြောပြသည်_

"ဥက္ကဌချင်.. လိုင်းပေါ်အမြန်တက်ကြည့်လိုက်... လိုင်းပေါ်မှာရေပန်းစားနေတာ''

ချင်လင် ဇဝေဇဝါဖြစ်ပြီးဖုန်းချကာ လိုင်းပေါ်တက်ကြည့်လိုက်သည်။ Tiktok ဖွင့်ဖွင့်ချင်း ပထမဆုံးမြင်ရတဲ့ဗီဒီယိုက သူ့အကြောင်းဖြစ်နေသည်။

"ဂုဏ်ယူပါတယ် ရှောင်ချင်... နိုဘယ်ဆုရပြီး ပြည်တွင်းမှာ ၄ ယောက်မြောက်နိုဘယ်ဆုရှင်ဖြစ်လာတဲ့အတွက်ပေါ့''

“???”

ချင်လင်က ဗီဒီယိုသုံးလေးပုဒ်ဆက်ကြည့်ပြီး အကြောင်းရင်းသိသွားသည်။

သွေးခဲပလိပ်ရောဂါကြောင့်ပဲ။

သူထုတ်တဲ့ပလိပ်ဆေးရည်ကြောင့် ဒီဆုရတာကိုး။

နောက်ပြီး အနားကပ်မှနိုဘယ်ဆုရခြင်းပင်။ အရင်အတိုင်းဆို ဒီဆုကိုနောက်နှစ်မှပေးလိမ့်မည်။

ပထမနှစ်ယောက်က သိပ္ပံလောကမှဆရာကြီးနှစ်ပါးဖြစ်သည်။

ဒါကလည်း နိုဘယ်ဆုတန်ဖိုးဖြစ်ပြီး နိုဘယ်ဆုတရားဝင်ဝဘ်ဆိုဒ်တွင်ဒီအကြောင်းဖော်ပြထားသည်။

ဗီဒီယိုတစ်ပုဒ်တွင် ကမ္ဘာ့ထိပ်တန်းပလိပ်ရောဂါပညာရှင် Bowens က သူ့ကိုချီးကျူးပြီး ရှားရှားပါးပါးဉာဏ်ကြီးရှင်ဟုဆိုထားသည်။

ထိုဗီဒီယိုက အနောက်တိုင်းနိုင်ငံအားလုံးမှာပြန့်ပြီး တရုတ်တွင်ပေါက်နေသည်။

တချို့မျိုးချစ်စိတ်ပြင်းထန်သူများက သူ့ကိုချီးကျူးနေကြပြီ။ ဒီအပိုင်းမှာ တရုတ်သုတေသနက ကမ္ဘာကြီးကိုအနိုင်ပိုင်းလိုက်သလိုတောင်ထင်နေကြ၏။

ချင်လင်မျက်မှောင်ကြုတ်လိုက်သည်။ Bowens သူ့ကိုချီးကျူးတာ နည်းနည်းမိုင်ပိုနေသည်။

ဘာပဲဖြစ်ဖြစ် ပုံမှန်အတိုင်းဆို ဒီလိုဖြစ်လာရင်တောင် တဖက်ကထုတ်မပြောဘဲ တိတ်တိတ်သာနေလိမ့်မည်။

နိုဘယ်ဆုအကြောင်း ချင်လင်ကောင်းကောင်းသိသည်။

ဒီဆုပေးတာ ရည်ရွယ်ချက်ကောင်းသည်။ သို့ရာတွင် နိုဘယ်ဆုက ဘက်လိုက်လာသည်ဟု လိုင်းပေါ်တွင်ပြောနေကြသည်။

ထို့ကြောင့် ဆုရဖူးသူတရုတ်နိုင်ငံသား ၃ ယောက်သာရှိသည်။

'ရန်'နှင့်'သု'စီနီယာကြီးနှစ်ဦးမှာ လူတိုင်းငြင်းမရအောင်လုပ်နိုင်စွမ်းရှိသည်။

သို့ရာတွင် တတိယမြောက်ပညာရှင်ကိုမူ အငြင်းပွားကြသည်။

တကယ်တော့ တရုတ်လူမျိုးအတော်များများက နိုဘယ်ဆုကိုဂုဏ်ယူပြီး သူ့ကြောင့်ရှက်ရသည်။

ချင်လင်က အဲဒီတစ်ယောက်ကိုစိတ်မဝင်စား။ အဲဒီတစ်ယောက်က ဝေဖန်လေကန်ရေးတွေများပြီး အနောက်တိုင်းက ဒီလိုလူမျိုးကိုသဘောကျမှန်းသာ သူသိသည်။

တရုတ်ပြည်သေတ္တာရုံးတွင် ဆိုးဆိုးဝါးဝါးလုပ်ခဲ့သောရုပ်ရှင်ဒါရိုက်တာတစ်ယောက်လို အပြင်းအထန်အပြောခံရသော်လည်း အနောက်တိုင်းမှာအမြဲတမ်းဆုရသည်။

အကြောင်းမှာ သူ့ရုပ်ရှင်များက ပြည်တွင်းကိစ္စအတော်များများကိုသိက္ခာချထားသောကြောင့်ပင်။ ဒါလူတွေမြင်ချင်သောအရာဖြစ်သည်။ လူတွေကလည်း ဒီလိုသိက္ခာချရုပ်ရှင်များကို ကမ္ဘာကသိအောင်ချပြချင်ကြသည်။

တကယ်တော့ တရုတ်ပြည်မှာ လှပသောအရာများစွာရှိသည်။ ဒါကြောင့်လည်း ပြည်သူတွေအငြင်းပွားရခြင်းပင်။

ဘာလို့ကောင်းတာတွေမမြင်ဘဲ အဆိုးတွေပဲမြင်ရတာလဲ?

တကယ်တော့ ပထမနိုဘယ်ဆုရှင်မှာ လွန်ခဲ့သောဆယ်စုနှစ်များက ကျိုးလုဆိုသောစီနီယာကြီးဖြစ်သည်။

ထိုစီနီယာကြီး၏စာကို ပြဌာန်းစာအုပ်ထဲတွင် လူတိုင်းဖတ်ဖူးကြသည်။ အနောက်တိုင်းအလှနှင့်ကိုက်ညီသော ရှေးခေတ်ကနေထိုင်မှုပုံစံအကြောင်းဖြစ်သည်။

ထိုစီနီယာကြီးက နိုဘယ်ဆုကိုပယ်ချခဲ့၏။

လိုင်းပေါ်ပွက်လောရိုက်နေစဉ် Bowens နှင့်သူဌေးကြီးက ဒီကိစ္စကိုအာရုံစိုက်နေကြသည်။

နာမည်ကြီးနေသောကြောင့် နှစ်ယောက်သားကျေနပ်နေသည်။

"မင်းလုပ်တာကောင်းတယ် Bowens''

သူဌေးကြီးကချီးကျူးသည်_

"ငါတို့တမင်သက်သက်လမ်းကြောင်းပေးထားတာတွေနဲ့ဆိုရင် ဟိုလူငယ်တော့ ဘဝင်လေဟပ်နေလောက်ပြီ''

"အခုကျုပ်တို့က သူဆွစ်ဇာလန်ကိုဆုလာယူတာ စောင့်ရုံပဲ''

Bowens က ပြုံးပြုံးနှင့်_

"သူ့အရွယ်လေးနဲ့ ဒီဂုဏ်ကိုမမက်ဘဲနေမှာမဟုတ်ဘူး''

All Chapters