← Chapters

ဘယ်သူမှမသိဘဲ ဆုသွားယူရမယ်!

Vol. 75 Ch. 1123

ဘယ်သူမှမသိဘဲ ဆုသွားယူရမယ်!

Vol. 75 Ch. 1123

ချင်လင်အားနိုဘယ်ဆုပေးမည့်သတင်းက လိုင်းပေါ်ပိုပြီးနာမည်ကြီးလာသည်။

တချို့စကားလမ်းကြောင်းမှုကြောင့် တစ်ယောက်ပြီးတစ်ယောက် မျိုးစုံချီးကျူးကြ၏။ ချင်လင် နိုဘယ်ဆုသွားယူရင် ဘယ်လောက်အကျိုးရှိမည့်အကြောင်း၊ဘယ်လောက်ဂုဏ်ရှိမည့်အကြောင်းတင်ထားသော စာများ၊ဗီဒီယိုများလည်းရှိသည်။

တနည်းပြောရရင် ချင်လင်ဆုပေးပွဲမတက်ပါက အကြီးအကျယ်ဆုံးရှုံးရမလိုပင်။

နိုဘယ်ဆုတရားဝင်ဝဘ်ဆိုက်ကတောင်အကြိမ်ကြိမ်ချီးကျူးစကားဆိုထားပြီး ဒီနှစ် ချင်လင်ကိုအင်တာဗျူးရန်စောင့်မျှော်နေကြောင်းပြောထားသည်။

နိုဘယ်ဆုရှင်များတောင် အားကျလောက်သည်။

နှစ်တိုင်း ဒီလိုအင်တာဗျူးတစ်ခုသာရှိပြီး အင်တာဗျုးခံရသူမှာ နှစ်တစ်နှစ်၏ဂုဏ်အရှိဆုံးဖြစ်သည့်သဘောပင်။

ဒီလိုချီးကျူးသံတွေအောက်မှာ လူငယ်လေးတစ်ယောက် ပကာသနတွေကိုလွန်ဆန်နိုင်မည်မဟုတ်ချေ။

သို့ရာတွင် ချင်လင်က သတင်းကြည့်ရင်းစိတ်ရှုပ်လာသည်။ သူ့ကိုဒုက္ခပေးမည့်လူယုတ်မာလိုလိုထင်မိသည်။

ဂိမ်းအကြောင်းသိသွားမှာ စိုးရိမ်နေ၏။

ပြီးတော့ အနောက်နိုင်ငံတွေကို နည်းပညာနဲ့ပတ်သက်ပြီး သူအကြိမ်ကြိမ်တားမြစ်ခဲ့တာ၊ ဆုသွားယူရင် ရူးနေလို့ပေါ့။

နောက်ပြီး နိုဘယ်ဆုကိုသူလုံးဝဂရုမစိုက်။

လိုင်းပေါ်မှာ ဒီဆုအကြောင်း အတော်များများကပြောထားကြသည်။ သူတို့မသိဟန်မတူ။

ဥပမာ စီနီယာဝမ်ကိုတိုင်းပြည်မပြန်နိုင်အောင် နိုဘယ်ဆုနဲ့ခြိမ်းခြောက်ခဲ့ဖူးသည်။

စီနီယာဝမ်က နိုဘယ်ဆုယူခွင့်ရခဲ့သောကြောင့်ပင်။

ဒါပေမဲ့ စီနီယာဝမ် ဘာပြောခဲ့လဲ?

'နိုဘယ်ဆုယူပြီး တရုတ်ပြည်မပြန်နိုင်မှတော့ ဘာလုပ်ရမလဲ?'တဲ့။

ဒီလိုစီနီယာတွေအများကြီးရှိသည်။

နိုဘယ်ဆုရတရုတ်နိုင်ငံသားနည်းပါးရသော တခြားအကြောင်းရင်းလည်းရှိသေးသည်။

ဒါက သူ့ခန့်မှန်းချက်သာ။ မှန်သလား၊မှားသလားတော့မသိ။ ဘာပဲဖြစ်ဖြစ် အဆက်အစပ်လည်းမရှိဖူးပေ။

ဒီလိုစီနီယာမျိုးကဒီလောက်တော်ရင် နိုဘယ်ဆုကိုဘာလို့အရေးစိုက်နေမလဲ?

ဘာပဲဖြစ်ဖြစ် သူကစာသင်သားလည်းမဟုတ်၊ စာရေးဆရာလည်းမဟုတ်ချေ။

လိုင်ပေါ်မှာ ဟာသရှိသေးတယ်မလား?

နိုင်ငံတစ်နိုင်ငံရဲ့သမ္မတက စ*စ်ပွဲ ၁၀ ပွဲနွှဲပြီး လူသန်း ၆၀ ကျော်သေဆုံးစေခဲ့ပေမဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုရသတဲ့။

ချင်လင်ကဖုန်းချပြီး လိုင်းပေါ်မှသတင်းများကိုလျစ်လျူရှုလိုက်သည်။ ထိုအချိန် ဂိမ်းမှအသိပေးစာတက်လာ၏။

အာကာသမြေတွင် ညဘုရင်မအပင်ကြီးလာတဲ့အကြောင်းအသိပေးစာဖြစ်သည်။

လူပုလေးများက ညဘုရင်မကိုရိတ်သိမ်းနေကြ၏။

ချင်လင်ကရုံးခန်းတံခါးလော့ချပြီး ဂိမ်းထဲဝင်လိုက်သည်။

ဂိမ်းစိုက်ပျိုးရေးခြံရောက်သောအခါ လူပုလေးများက ရိတ်သိမ်းပြီးနေပြီ။

သူပျိုးပင်များထားရာခြံဝင်းထဲတွင် ညဘုရင်မကိုနေရာချထားသည်။

ညဘုရင်မမှာ လီလီမျိုးနွယ်၊ကျူးလစ်မျိုးနွယ်ပန်းဖြစ်သည်။ အရောင်နုပြီး ပိုးသားလိုအဆင်းရှိသည်။

နောက်ပြီး ပန်းကတော်ဝင်ခရမ်းရင့်ရောင်ဖြစ်သည်။ ညပိုင်းတွင် ပိုးစုန်းကြူးလိုအလင်းထွက်ခြင်းမှာ အပွင့်ဝတ်ဆံမှာမီးစုန်းဓာတ်ပါသောကြောင့်ပင်။

ထိုမီးစုန်းဓာတ်များက ညပိုင်းလေထုနှင့်ထိတွေ့သောအခါ ဓာတ်ပြုပြီးအလင်းထွက်လာသည်။

ဒီလိုကျူးလစ်ပန်းမျိုးက နာမည်လည်းကြီးသည်။ ထို့အပြင် ပျိုးထောင်စိုက်ပျိုးနိုင်သောကြောင့် ဝယ်ဖို့မခက်၊ စျေးလည်းမကြီးပေ။

ရိတ်သိမ်းထားသောညဘုရင်မပင်အားလုံးမှာ လက်ရာသေသပ်သောအိုးကိုယ်စီနှင့်ဖြစ်သည်။

ချင်လင်ကအနားကပ်သွားပြီး အိုးတစ်လုံးကိုထိ၍ မှတ်ချက်ဖတ်လိုက်သည်:

(မျိုးပြောင်းအာကာသညဘုရင်မ: အထူး)

(အာကာသထဲမျိုးပြောင်းသောအပင်ဖြစ်သည်။ အထူးလုပ်ဆောင်ချက်ရှိသည်။ နေ့အချိန် အလင်းစုပ်ယူပြီး အပင်ဆဲလ်များအပေါ်အထူးအာနိသင်ရှိသည်။ ညပိုင်းတွင် အလင်းဖျော့ဖျော့ထုတ်လွှတ်နိုင်သည်။ အချိန်အချိုး: အလင်းတစ်နာရီစုပ်ယူထားလျှင် အလင်းဖျော့ဖျော့ ၁၀ နာရီထုတ်လွှတ်နိုင်သည်။ အန္တရာယ်မရှိ၊ အချိန်ရာသီကန့်သတ်ချက်မရှိ။

နူးညံ့ခြင်း +၁၊ စိတ်ငြိမ်ခြင်း +၁၊ အလင်း +၁၊ ဓာတ်ပုံစားခြင်း +၁၊ အဆင်း +၁၊ ကြီးထွားနှုန်း +၁!)

(ကန့်သတ်ချက်များ: အာကာသမျိုးပြောင်းခြင်းကြောင့် ပတ်ဝန်းကျင်လိုအပ်ချက်မြင့်မားသည်။ တစ်ကြိမ်သာ ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေဖြစ်နိုင်ပြီး ပတ်ဝန်းကျင်နည်းနည်းပြောင်းရုံနှင့်ရှင်သန်ရန်ခက်ခဲသည်!)

မှတ်ချက်ကြောင့် ချင်လင်နည်းနည်းအံ့ဩသွားသည်။

မှတ်ချက်က မျိုးပြောင်းအာကာသနွယ်နှင့်တူသောကြောင့်ပင်။ ပတ်ဝန်းကျင်ကန့်သတ်ချက်တောင်တူနေသည်။

ကြည့်ရတာ အာကာသပင်များ၏တမူထူးခြားသောအရည်အသွေးဖြစ်မည်။

ချင်လင်က မိုးပေါ်မော့ကြည့်လိုက်၏။ ဂိမ်းထဲတွင်နေသာနေသည်။

သူကချက်ချင်းဂိမ်းထဲမှထွက်လိုက်သည်။ ဂိမ်းအချိန်အရ ဂိမ်းထဲမှာအချိန်မြန်မြန်ကုန်သွားမည်။

မိုးမှောင်လာမှ သူကအတွေးနှင့်ဂိမ်းထဲပြန်ဝင်လိုက်သည်။

ထိုအချိန်တွင် ပျိုးပင်များထားသောခြံဝင်းက လုံးဝပြောင်းလဲသွားသည်။

ညပိုင်းတွင် ခရမ်းပြာရောင်အလင်းက ခြံဝင်းတစ်ခုလုံးကိုလွှမ်းခြုံထားသည်။

အရမ်းထူးခြားပြီး အရမ်းလှ!

ဒါ ညဘုရင်မအလင်းပင်။ အလင်း +၁ အရည်အသွေးကြောင့် ညဘုရင်မမှထုတ်လွှတ်သောအလင်းက ပိုတောက်၊ပိုလှသည်။ မျိုးပြောင်းအာကာသနွယ်ထက်မလျော့ပေ။

စိတ်တည်ငြိမ်သောအာနိသင်လည်းရှိသောကြောင့် အလင်းကြည့်ရင်း စိတ်သက်သာလာသည်။

အဆင်း +၁ အရည်အသွေးကြောင့်လည်း ညဘုရင်မက မျိုးပြောင်းအာကာသနွယ်လိုမျက်စိဖမ်းစားနိုင်စွမ်းရှိသည်။

ချင်လင်က ရုတ်တရက်တစ်ခုခုတွေးမိသည်။

အာကာသမျိုးစေ့ထပ်ပေါ်လာရင် ရှေ့လျှောက်နတ်သမီးပုံပြင်တောင်မှာ အဲဒီမျိုးစေ့တွေစိုက်မည်။ အဲလိုဆို ဘယ်လိုများနေမလဲ?

နောက်ပြီး အထူးပတ်ဝန်းကျင်ကန့်သတ်ချက်ကြောင့် အခိုးခံရရင်တောင် မစိုက်ပျိုးနိုင်။ ရှန်းရွှေလက်ဆောင်ဆန်ထက်ပိုခက်သည်။ ဘာပဲဖြစ်ဖြစ် တခြားသူများအဖို့ထူးခြားမှုမရှိနိုင်ပေ။

ချင်လင်ကတွေးတောပြီး ဂိမ်းထဲမှထွက်ကာ သူ့ဂိမ်းဇာတ်ကောင်အား သတ္တုမြို့တော်သွားစေသည်။ ဂိမ်းမျိုးစေ့ဆိုင်မှညဘုရင်မမျိုးစေ့အများကြီးဝယ်ကာ ဂိမ်းထဲပြန်ဝင်ပြီး မျိုးစေ့များထုတ်ယူလာသည်။

သို့ရာတွင် ညဘုရင်မကိုဘယ်လိုကြေညာပြီး စိုက်ရမလဲစဉ်းစားရဦးမည်။

မျိုးပြောင်းအာကာသနွယ်ပင်အများကြီးစိုက်ထားပြီး မျိုးစေ့သိမ်းရတော့မည်။ ခေါင်းဆောင်ထန်တို့အဖွဲ့ နတ်သမီးပုံပြင်တောင်မှာ နောက်ဆုံးဥက္ကာခဲရှာတွေ့ပြီးရင် သူစိုက်နိုင်ပြီ။

All Chapters