← Chapters

ဘယ်သူမှမသိဘဲ ဆုသွားယူရမယ်! ၂

Vol. 75 Ch. 1124

ဘယ်သူမှမသိဘဲ ဆုသွားယူရမယ်! ၂

Vol. 75 Ch. 1124

နောက်ပြီး မျိုးပြောင်းအာကာသနွယ်ကို တောင်ကြားထဲကျသောဥက္ကာခဲနှင့်ဖန်တီးထားသည်။ တော်ဝင်ပညာရှင်လီသက်သေရှိသောကြောင့် ပေါ်ပေါ်ထင်ထင်ထုတ်ပြနိုင်သည်။

ညဘုရင်မရော ထပ်မပေါ်လာနိုင်ဘူးလား?

ပြီးမှအတွေးရပြီး သူ့ခေါင်းသူရိုက်လိုက်၏။

'သော*က်'

မျိုးပြောင်းအာကာသနွယ်ရှိပြီးသားလေ!

မျိုးပြောင်းအာကာသနွယ်ကိုလေ့လာပြီး ညဘုရင်မပျိုးထောင်နိုင်တယ်လို့ပြောလိုက်ရုံပေါ့။

ဘာပဲဖြစ်ဖြစ် လူတွေက သူ့ကိုအပင်သုတေသနတော်တဲ့ဉာဏ်ကြီးရှင်လို့သိထားကြတာပဲ။ သူကကမ္ဘာကြီးကိုလှည့်စားပြီး နာမည်ကြီးနေမှန်းမသိကြ။

ဒီတော့ သူက မျိုးပြောင်းအာကာသနွယ်ပင်ကနေ တခြားအပင်ပျိုးထောင်နိုင်တာ ပုံမှန်ပဲမလား?

ရှေ့လျှောက် ဒီနည်းသုံးပြီး ဒါတွေလုပ်နိုင်ပြီ။

ဒါအကောင်းဆုံးဖြေရှင်းနည်းပင်။

ထိုသို့တွေးမိပြီး လိုင်းပေါ်တန်းတက်ကာ ညဘုရင်မမျိုးစေ့များမှာလိုက်သည်။ စမ်းသပ်မခံရအောင် ဒီညဘုရင်မမျိုးစေ့တွေကိုအတူတူစိုက်မည်။ အဲဒီနောက် ဖြစ်နိုင်ခြေနဲ့ကံကိုပုံချပြီး ရှောင်လွှဲနိုင်ပြီ။

ထို့အပြင်_

ချင်လင်က တခြားမျိုးစေ့များလည်းဝယ်လိုက်သည်။

အဲဒါမှ ဒီမျိုးစေ့တွေက ဘာရလဒ်မှမထွက်ဘဲ ညဘုရင်မမျိုးစေ့တစ်မျိုးတည်းအောင်မြင်ပြီး ဖြစ်နိုင်ခြေနဲ့ကံကိုပိုရှောင်လွှဲနိုင်မည်။

နောက်တစ်နေ့_

သူဝယ်ထားသောမျိုးစေ့များရောက်လာသည်။

ထိုမျိုးစေ့များနှင့် ဂိမ်းထဲမှထုတ်လာသောညဘုရင်မမျိုးစေ့များကိုရောလိုက်သည်။

ဂိမ်းထုတ်ကုန်မျိုးစေ့က အပြင်မျိုးစေ့နှင့်နည်းနည်းကွာသည်။ သို့ရာတွင် သူကမျိုးစေ့အများကြီးရောထားသောကြောင့် သေချာကြည့်ရင်တောင် ဘယ်သူမှသတိထားမိမည်မဟုတ်။

ထို့နောက် မျိုးပြောင်းအာကာသနွယ်အိုးတစ်အိုးကို ချင်းလင်ဓာတ်ခွဲခန်းထဲသယ်သွားသည်။

ဆက်တိုက်စစ်ဆေးခံရပြီးမှ ဓာတ်ခွဲခန်းထဲဝင်ရသည်။ အထဲတွင် စမ်းသပ်နေသောသုတေသနသမားများရှိသည်။

သုတေသနသမားတချို့မှာ သူတို့ကိုယ်ပိုင်သုတေသနပရောဂျက်အတွက်လျှောက်ထားသော PhD များဖြစ်သည်။

ထိုဒေါက်တာများက အရည်အချင်းမညံ့။ တချို့က သူတို့ကိုယ်ပိုင်သုတေသနအတွေးအခေါ်ရှိသည်။ လိုအပ်သည်က ရံပုံငွေပင်။

ချင်းလင်ဓာတ်ခွဲခန်းမှာ အရင်နည်းပညာကိုသာအားထားနေ၍မဖြစ်သောကြောင့် ဒီသုတေသနသမားများကိုလည်းခေါ်ထားရသည်။ သို့ရာတွင် သူတို့ပရောဂျက်လျှောက်ထားချက်ကိုရံပုံငွေချမပေးခင် ရနိုင်ခြေ၊ဖြစ်နိုင်ခြေကိုဆုံးဖြတ်ရန် သေချာစီစစ်ရသည်။

တခြားသုတေသနသမားများက သုတေသနတချို့၏နောက်ဆက်တွဲကိုလုပ်နေကြသည်။ နည်းပညာပိုင်းတိုးတက်အောင်မလုပ်နိုင်ရင်တောင် မျိုးကွဲများကိုကြံဆနိုင်သေးသည်။

ဒါနောက်ထပ်အောင်မြင်မှုတစ်ခုပင်။

ဥပမာ လီခိုင်က အပူချိန်နိမ့်သီးနှံသုတေသနကို သုံးရောင်စပ်ဖရဲသီးတွင်လုပ်ခဲ့သည်။ အခု မျိုးစေ့အလုံအလောက်ရပြီဖြစ်သောကြောင့် သုံးရောင်စပ်ဖရဲသီးအသစ်ကို ကျယ်ကျယ်ပြန့်ပြန့်ကြော်ငြာနိုင်တော့မည်။

ဓာတ်ခွဲခန်းထဲတွင် သုံးရောင်စပ်ဖရဲသီးကိုအထူးပြုလေ့လာသောသုတေသနသမားများလည်းရှိသည်။ သုံးရောင်စပ်ဖရဲသီးမထုတ်နိုင်သော်လည်း ထူးထူးခြားခြားဖရဲသီးတစ်မျိုးထုတ်ရန်လုပ်နိုင်သည်။

ဖရဲသီးအသားကနီရဲမနေဘဲ သာမန်ဖရဲသီးများနှင့်ကွာသည်။ အန္တရာယ်ကင်းသောအသီးအနှံလည်းဖြစ်သည်။

ဒါလည်း ချင်းလင်ဖရဲသီးတစ်မျိုးတိုးတဲ့ရလဒ်ပဲမလား?

ချင်လင်ကိုမြင်သောအခါ သုတေသနသမားများကလုပ်လက်စရပ်ပြီး နှုတ်ဆက်ကြသည်။

“ဥက္ကဌချင်!”

“ကောင်းသောနေ့ပါ ဥက္ကဌချင်!”

“……”

သုတေသနသမားများက အလွန်လေးစားကြခြင်းမှာ သူတို့သူဌေးဖြစ်ခြင်းကြောင့်မဟုတ်။ သူဌေး၏သုတေသနလုပ်နိုင်စွမ်းကြောင့်ပင်။

သူဌေးကခရီးသွားမေဂျာဖြစ်သော်လည်း သူတို့သုတေသနသမားများရှက်ရလောက်အောင်လုပ်နိုင်စွမ်းရှိမှန်း အားလုံးသိကြသည်။

အခု နိုဘယ်ဆုတောင်ရတော့မည်။

ချင်လင် ဓာတ်ခွဲခန်းကိုအရင်လာခြင်းက ဒီမှာသုတေသနသမားအလုံအလောက်ရှိသောကြောင့်ပင်။ ထို့နောက် သူကစစ်ဆေးဟန်ဆောင်သည်။

ဟန်ဆောင်ရုံတင်မဟုတ်၊ ဘာပဲဖြစ်ဖြစ် အံ့ဖွယ်ကျောက်စာနှစ်အုပ်မှ သူအများကြီးသိထားသည်။

ထို့ကြောင့် သူလုပ်နေသောသုတေသနကို စိတ်ပါလက်ပါရှိသည်။ အထူးသဖြင့် အာဟာရတွက်ချက်သောသုတေသနပင်။

ထိုအာဟာရတွက်ချက်မှုကို သီးနှံအသစ်ပျိုးထောင်ရာတွင်လည်းသုံးသည်။

သုတေသနသမားတိုင်းက အပင်အမျိုးမျိုးအပေါ်မူတည်ပြီး အာဟာရတွက်ချက်ရသည်။

အပင်အာနိသင်အမျိုးမျိုးအလိုက်တောင် ချိန်ညှိပေးရသည်။

ဒါသာမန်သုတေသနသမား လုပ်နိုင်တာမျိုးမဟုတ်။ အတွေ့အကြုံရှိ၊လုပ်နိုင်စွမ်းရှိသောပညာရှင်များသာလုပ်နိုင်သည်။

အံ့ဖွယ်ကျောက်စာကြောင့် ချင်လင်ကအလွယ်တကူလုပ်နိုင်၏။

နောက်ပြီး သုတေသနသမားများက ဘာဖြစ်နေမှန်းမသိကြ။

ချင်လင်ကလည်း သူမျိုးစေ့အသစ်ပျိုးထောင်နေကြောင်းသက်သေပြရန် သုတေသနသမားများကိုခေါ်ခိုင်းတတ်သည်။

နောက်ရက်များတွင်_

ချင်လင်က ဒီအတိုင်းဆက်လုပ်သည်။ အချိန်တန်ပြီဟုထင်ချိန်တွင် မျိုးစေ့များကို ချင်းလင်အပန်းဖြေစံအိမ်ပြန်ယူသွားသည်။

ထို့နောက် တော်ဝင်ပညာရှင်လီနှင့်ယွမ်ရှန်ကို ချင်းလင်အပန်းဖြေစံအိမ်မျှော်စင်တွင်လက်ဖက်ရည်သောက်ရန်ပြောသည်။ သူကပန်းအိုးတစ်အိုးတွင် မျိုးစေ့စိုက်ရန်အထူးမြေကြီးထည့်ထားသည်။

တော်ဝင်ပညာရှင်များက သူများကိုအာရုံမစိုက်တတ်သော်လည်း ချင်လင်ကိုတော့မတူ။ သူတစ်ခုခုစိုက်သည်နှင့် ချက်ချင်းစိတ်ဝင်စားကြသည်။

သူဌေးချင်က ဘာမှစိုက်လေ့မရှိ။ အသစ်တစ်ခုခုကိုသုတေသနလုပ်ပြီး ပျိုးထောင်နေတာဖြစ်မည်။

နောက်ပြီး သူဌေးချင်က အရင်တစ်ခါရှန်းရွှေလက်ဆောင်ဆန်၊ အခုတစ်ခါ ဆေးထုတ်ထားပြန်သည်။ သူပျိုးထောင်ရင် လုံးဝသာမန်မဖြစ်နိုင်။

ဘာပဲဖြစ်ဖြစ် နိုဘယ်ဆုရှင်ကတောင် သူဌေးချင်ကိုဆုပေးဖို့လောနေသည်။

နိုဘယ်ဆုကိုဂရုစိုက်၍မဟုတ်သော်လည်း သူတို့မှာဒီလိုအခွင့်အရေးမျိုးမရပေ။

"သူဌေးချင်... ဘာစိုက်နေတာလဲ?''

တော်ဝင်ပညာရှင်လီကမေးသည်။

ချင်လင်လည်း ငါးစာလာဟပ်ပြီဟုတွေးပြီးပြုံးလိုက်ကာ_

"မျိုးပြောင်းအာကာသနွယ်ကိုသုတေသနလုပ်ပြီး တခြားမျိုးစေ့ပျိုးထောင်ဖို့ မျိုးစိတ်ထုတ်နေတာ... ဘယ်လိုဖြစ်မလဲသိချင်လို့''

သူကပြင်ဆင်ထားသောမျိုးစေ့များကို တော်ဝင်ပညာရှင်နှစ်ဦးရှေ့ထုတ်ပြလိုက်သည်။

အားလုံးစီစဉ်ထားတဲ့အတိုင်းဖြစ်ရင် အဆင်ပြေပြီ။

တော်ဝင်ပညာရှင်နှစ်ဦးကလည်း သက်သေဖြစ်ပြီ။ ဘာမှအလွဲအချော်မရှိအောင် သူတို့ကိုကောင်းကောင်းအသုံးချရမည်။

တော်ဝင်ပညာရှင်လီနှင့်ယွမ်ရှန်က ဘာမှမသိဘဲ ချင်လင်ဆီသွားကာ_

"သူဌေးချင်.. ငါကူလုပ်ပေးမယ်''

တော်ဝင်ပညာရှင်လီကပြောသည်။

ယွမ်ရှန်လည်း ဝင်ပါ၏။

တောင်ကြားထဲကမျိုးပြောင်းအာကာသနွယ်အကြောင်း သူလည်းသိသောကြောင့် ချင်လင်အသစ်တွေ့လာမလား စပ်စုချင်သည်။

မျိုးပြောင်းအာကာသပင်များမျိုးပြောင်းခြင်းက အာကာသဓာတ်များအပေါ်မူတည်သည်။

မျိုးပြောင်းရန်အလွန်ခက်ပြီး ပြောင်းနိုင်ခြေနည်းသည်။ ဘယ်သူမှမစမ်းကြည့်ဖူးခြင်းမဟုတ်၊ ဒီသုတေသနကအလွန်ခက်သောကြောင့်ပင်။

အောင်မြင်သူနည်းပြီး အချိန်အတော်ခြားသည်။

ထို့ကြောင့် အာကာသအသီးအနှံများက အလွန်စျေးကြီးသည်။

သို့သော် သူဌေးချင်ကမတူ။ သူရကောင်းရနိုင်သည်။

ဘာပဲဖြစ်ဖြစ် သူဌေးချင်က ရှန်းရွှေလက်ဆောင်ဆန်ကိုတောင်လုပ်နိုင်ခဲ့သည်။

သုံးယောက်သား အပင်စိုက်နှုန်းကအလွန်မြန်၏။

မကြာမီ ချင်လင်ပြင်ထားသောမျိုးစေ့များကို ပန်းအိုးထဲစိုက်ပြီးသလောက်ဖြစ်သွားသည်။

တော်ဝင်ပညာရှင်နှစ်ဦးမှာ မောဟိုက်သွား၍ အနားယူပြီးလက်ဖက်ရည်သောက်ကြသည်။

ချင်လင်လည်းအခွင့်ကောင်းယူပြီး ဂိမ်းထဲမှထုတ်လာသောမျိုးစေ့ကို ဘယ်သူမှမသိခင်စိုက်လိုက်သည်။

မျိုးစေ့အားလုံးစိုက်ပြီးနောက် ချင်လင်ကတော်ဝင်ပညာရှင်များဆီသွားပြီး လက်ဖက်ရည်ဝိုင်းဖွဲ့သည်။

"သူဌေးချင်.. နိုဘယ်ဆုကိုဘယ်လိုမြင်လဲ?''

တော်ဝင်ပညာရှင်လီက ဒီအကြောင်းပြောလာသည်။

ဘာပဲဖြစ်ဖြစ် လိုင်းပေါ်မှာဒီအကြောင်းချည်း။ နောက်ပြီး သူဌေးချင်ကိုချီးကျူးသံများ၊ သူဌေးချင်ဆုယူဖို့မျှော်လင့်သံများက ကျယ်သထက်ကျယ်လာသည်။

ဒီနှစ်ရဲ့မျက်နှာဖုံးအင်တာဗျူးကိုတောင် သူဌေးချင်ကိုပေးမယ်ဆိုတော့ကာ ပိုက်ဆံဘယ်လောက်ထိုးထားလဲသိသာနေပြီ။

တစ်ခုခုမှားနေသလို သူတို့နှစ်ဦးခံစားရသည်။

သို့ရာတွင် သူဌေးချင်ကတုံ့ပြန်မှုမရှိသောကြောင့် သူတို့မစူးစမ်းဘဲမနေနိုင်။

သူတို့သုံးယောက်သားလက်ဖက်ရည်ဝိုင်းဖွဲ့နေစဉ် လက်ဆွဲသေတ္တာနှင့်သက်လတ်ပိုင်းလူတစ်ယောက်သည် ဆွစ်ဇာလန်လေယဉ်ပေါ်မှဆင်းနေသည်။

သူ့နောက်တွင် လူတချို့ပါ၏။

ထိုအုပ်စုမှာ နိုဘယ်ဆုအဖွဲ့မှဖြစ်ပြီး မျက်နှာဖုံးနိုဘယ်ဆုရှင်ကိုအင်တာဗျူးရမည်။

ချင်လင်ကိုအင်တာလာဗျူးခြင်းပင်။ အချိန်ကျရင် ဒီမျက်နှာဖုံးအင်တာဗျူးကို ဆုပေးပွဲအခမ်းအနားမှာလွှင့်ပြီး တစ်ကမ္ဘာလုံးမြင်ရမည်။

ဒါ ဘယ်သူ့အတွက်မဆို ဂုဏ်ယူစရာပင်။ အချိန်တိုအတွင်း ကမ္ဘာမှာနာမည်ကြီးနိုင်သည်။

အဖွဲ့ခေါင်းဆောင်မှာ Ellida ဖြစ်ပြီး နိုဘယ်ဆုကော်မတီအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။

ဒီတစ်ခါ တာဝန်အရလာခြင်းဖြစ်ပြီး ချင်ဆိုတဲ့လူဆုယူအောင်လုပ်ရမည်။ သူလုပ်နိုင်ရင် ရှေ့လျှောက် အကျိုးအမြတ်များများရမည်။

All Chapters