ဘယ်သူ့ကိုခြိမ်းခြောက်နေတာ?
Vol. 75 Ch. 1125
Ellida လေယာဉ်ပေါ်မှဆင်းသောအခါ တရုတ်မှအဆက်အသွယ်လုပ်ထားသူနှင့်တွေ့ပြီး ရုံချန်းကိုလိုက်ပို့ခိုင်းသည်။
Ellida တရုတ်ပြည်လာပြီး ချင်လင်ကိုအင်တာဗျူးမည့်သတင်းက လိုင်းပေါ်တန်းပြန့်သွား၏။
Ellida က ချင်လင်ကိုအလွန်အမင်းချီးကျူးထားသောဗီဒီယိုတစ်ပုဒ်တွင်ဝင်ပါပြီး လိုင်းပေါ်တောင်တင်ထားသည်။
ဗီဒီယိုထဲတွင် သူက Bowens အတိုင်း၊ ချင်လင်ကို နှစ် ၁၀၀ မှတစ်ခါပေါ်နိုင်သောဉာဏ်ကြီးရှင်၊ နိုဘယ်ဆုသမိုင်းမှာ နောက်ထပ်မှတ်တိုင်တစ်ခုဟုဆိုထားသည်။
ထို့ကြောင့် အင်တာနက်မှာပိုကြွလာသည်။
အရင်ကမ္ဘာ့နံပါတ်တစ်ပလိပ်ရောဂါပညာရှင် Bowens က သူ့ကိုဒီလိုချီးကျူးခဲ့သည်။ အခု နိုဘယ်ကော်မတီအဖွဲ့ဝင် Ellida ကလည်း ချင်လင်ကိုကမ္ဘာ့နံပါတ်တစ်ဟုချီးကျူးပြန်သည်။
လိုင်းပေါ်တွင် ချင်လင်နှင့်ဘာမှမပတ်သက်သောပြည်သူများမှာ ထိန်းမနိုင်သိမ်းမရဖြစ်လာ၏။
ဘာပဲဖြစ်ဖြစ် သူတို့နှင့်ရှောင်ချင်ဆိုတာ တစ်နိုင်ငံတည်းသား၊ ဂုဏ်ချင်းတူသည်။
တကယ်တော့ တချို့က ရှောင်ချင်ကိုနိုဘယ်ဆုယူဖို့တောင်ခေါ်ပြီး အားပေးသူများလာသည်။
ဒါအခုခေတ်ပြည်သူများ၏အခြေအနေဖြစ်မည်။ မြင်းကမလှုပ် ခုံကလှုပ်၊ လမ်းကြောင်းပေးဖို့လွယ်နေသည်။
မကြာမီ Ellida ရုံချန်းရောက်လာ၏။
ရုံချန်းပတ်ဝန်းကျင်ကြောင့် သူကသက်ပြင်းချလိုက်ပြီး_
"ဒီနိုင်ငံက ဒီလောက်ပတ်ဝန်းကျင်ကောင်းမယ်မထင်မိဘူး... ဒီကလေက အထက်ရောက်သွားသလိုပဲ''
"မစ္စတာ Ellida.. ကျွန်တော်တို့စုံစမ်းထားတဲ့အတိုင်းဆို အဲဒါသန့်စင်မြက်ကြောင့်ပဲ''
ဘေးမှလက်ထောက်ကပြောသည်_
"ဒီကမြို့တော်ကို သန့်စင်မြက်နဲ့လုံးဝပြောင်းလဲပစ်လိုက်တာ''
"ပြီးတော့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က အဲဒီမြို့တော်ကိုအထူးစမ်းသပ်ကြည့်တာ... သန့်စင်မြက်စိုက်ပြီးနောက်ပိုင်း လေအရည်အသွေးပိုကောင်းလာတာတွေ့ရတယ်... ၅၀ အောက်တောင်လျော့သွားပြီ... အရင်ကဆို အဲဒီမြို့မှာမှုန်မှိုင်းနေတာ''
"ဒီနည်းပညာက လူသားအားလုံးအတွက်အကျိုးရှိတာ''
Ellida က မျက်မှောင်ကြုတ်ပြီးပြောသည်_
"သူတို့နည်းပညာမျှဝေသင့်တာပေါ့''
သို့ရာတွင် လက်ထောက်ကတန်းရှုတ်ချလိုက်သည်_
"ဖြစ်ချင်တော့ သူတို့ကနည်းပညာကန့်သတ်ထားတာ.. တခြားနိုင်ငံကိုမရောင်းဘူး... သန့်စင်မြက်ကိုထုတ်တာ ချင်းလင်ဓာတ်ခွဲခန်းတဲ့... အဲဒီချင်က ချင်းလင်ဓာတ်ခွဲခန်းမှာသုတေသနသမားဖြစ်မယ်''
ထိုအချိန်တွင် မြို့တော်သူဌေးကြီးကဘာလို့ ချင်ကိုအသည်းအသန်လိုချင်ကြောင်း Ellida သဘောပေါက်လိုက်သည်။
ကြည့်ရတာ ဆေးရည်တင်မဟုတ်။
ကျုံးမင်ဟိုတယ်ရောက်ပြီးနောက် လက်ထောက်က Ellida ကိုအစီရင်ခံသည်_
"မစ္စတာ Ellida.. ခင်ဗျားတင်လိုက်တဲ့ဗီဒီယိုက ဒီမှာနာမည်ကြီးနေပြန်ပြီ... အခု ဒီကပြည်သူတွေက ချင်ကိုနိုဘယ်ဆုသွားယူဖို့တိုက်တွန်းနေတယ်''
“အင်း!”
Ellida ကပြုံးပြီး ခေါင်းညိမ့်လိုက်သည်။
ဒါသူ့အလုပ်ကိုအထောက်အကူဖြစ်သည်။ သူတို့လုပ်သမျှကိစ္စတိုင်းလိုလို ပြည်သူ့အမြင်ကို အပြင်လောကအမြင်လိုထည့်သွင်းစဉ်းစားရသည်။
အခု ချင်ကိုဆုယူစေချင်နေကြပြီ။ ဒါသူ့သက်ရောက်မှုတစ်ခုဖြစ်မည်။
ဘယ်နိုင်ငံမှာဖြစ်ဖြစ် အွန်လိုင်းပြည်သူများက လမ်းကြောင်းရလွယ်သည်။
ဒါက ပြင်ပအကူအညီသာ။
တဖက်လူဆုယူမယူက သူ့အင်တာဗျူးအပေါ် ၁၀၀% မူတည်နေမှန်း သူသေချာသိသည်။
ဒီအတွက် ဘယ်လိုနည်းသုံးရမလဲ သူတောက်လျှောက်စဉ်းစားလာသည်။
"ဟိုတယ်အင်တာဗျူးခန်းငှားပြီး ချက်ချင်းဆင်ထားလိုက်... ပြီးတော့ ချင်းလင်ဓာတ်ခွဲခန်းကိုလည်းစာပို့မယ်.. အဲဒီချင်ကို ငါတို့အင်တာဗျူးမယ့်အကြောင်း... ဒီကိုလာဖို့အသိပေးလိုက်ပါ''
Ellida လည်း သူ့လက်ထောက်ကိုညွှန်ကြားလိုက်သည်။
ဒါကလည်း လုပ်နေကျအတိုင်းပင်။
နှစ်တိုင်း နိုဘယ်ဆုမျက်နှာဖုံးအင်တာဗျူးအတွက် နိုဘယ်ဆုရှင်ရှိရာကို နိုဘယ်ဆုအဖွဲ့ကအရောက်သွားသည်။ ထို့နောက် အင်တာဗျူးနေရာပြင်ဆင်ပြီး တဖက်ကိုအသိပေးလိုက်လျှင် တဖက်ကအပြေးရောက်လာပြီးပူးပေါင်းသည်။
တစ်ကမ္ဘာလုံးသို့ပဲ့တင်ရိုက်မည့်ဂုဏ်ဖြစ်သောကြောင့် ဘယ်သူမှအချိန်ဆိုင်းမနေ။
အင်တာဗျူးသူက အာဏာ၊ဥစ္စာရှိသောအချိန်များတောင်ရှိသည်။ လေယာဉ်ဆင်းဆင်းချင်းလာကြိုပြီး အခမ်းအနားပါကူညီပြင်ဆင်ပေးကြသည်။
"ကောင်းပါပြီ မစ္စတာ Ellida''
လက်ထောက်ကခေါင်းညိမ့်ပြီး ချက်ချင်းသွားလုပ်သည်။
တဖက်တွင်_
ပေကျင်း၌_
ဟွားဆေးရုံတွင်_
ဝန်ကြီးလုလည်း ပြည်တွင်းမှာ Ellida ရောက်နေသောသတင်းရသည်။
"နိုဘယ်အဖွဲ့ကလူတွေ ရုံချန်းရောက်နေပါပြီ''
အတွင်းရေးမှူးက ချက်ချင်းပြောသည်_
"သူဌေးချင်ကိုဆက်သွယ်ပြီးလောက်ပြီ''
"သိပြီ''
ဝန်ကြီးလုကခေါင်းညိမ့်ပြီးဖုန်းထုတ်ကာ ချင်လင်ကိုတန်းဆက်လိုက်သည်။
နိုဘယ်ဆုနှင့်သူဌေးချင်သတင်းက လိုင်းပေါ်မှာရေပန်းစားနေသည်။ သူတို့အာရုံမစိုက်ဘဲမနေနိုင်။ အထက်လူတွေကလည်း လှည့်ကွက်မြင်၍ စူးစမ်းနေကြသည်။
ဒါမျက်နှာရအောင်လုပ်နေတာမလား? သူဌေးချင်ကိုအကွက်ဆင်တာဖြစ်ရမည်။
ခေါင်းဆောင်စိတ်ပူသလို သူလည်းပူသည်။
နိုင်ငံမှာ သူဌေးချင်လိုကျက်သရေဆောင်ပေါ်ဖို့မလွယ်၊ နှစ် ၁၀၀ မှာတစ်ခါပေါ်ခဲသည်။ အထူးသဖြင့် သူ့အမြင်က သာမန်မဟုတ်။ ငယ်ရွယ်ပြီး ရှေ့လျှောက်အလားအလာကောင်းသည်။ တိုင်းပြည်အတွက်အကျိုးအမြတ်ကြီးသည်။
သူဌေးချင်ရဲ့အမြင်ကျယ်ပုံ၊ဉာဏ်ထက်ပုံကြောင့် အကွက်မြင်ရင်တောင် သူတို့စိတ်ပူသေးသည်။
သူဌေးချင်ကငယ်ရွယ်ပြီး ချက်ချင်းကမ္ဘာ့နာမည်ကြီးဖြစ်လာမယ့်အခွင့်အရေးဖြစ်နေတော့ သူဌေးချင်အလျင်စလိုဆုံးဖြတ်ချက်ချမှာ စိတ်မပူဘဲနေမလား?
ဒီမက်လုံးကိုခံနိုင်ရည်ရှိသူနည်းမည်။
လိုင်းပေါ်လူတွေက ပွဲကြည့်ပရိသတ်တွေမလား? သူတို့ခေါင်းပူရသောအခြေအနေရောက်နေသည်။
ဒီတော့ သူဌေးချင်သဘောကိုသိရအောင် ဖုန်းဆက်ကြည့်ရမည်။
သူစိတ်ပူသလို ခေါင်းဆောင်လည်းစိတ်ပူနေသည်။
ချင်းလင်အပန်းဖြေစံအိမ်_
ချင်လင်က သူ့ရုံးခန်းထဲပြန်လာသည်။ ဂိမ်းဖန်သားပြင်ကြည့်မည်အပြုတွင် ဝန်ကြီးလုဖုန်းဝင်လာသည်။