← Chapters

အကွက်ချခြင်း

Vol. 42 Ch. 601

အကွက်ချခြင်း

Vol. 42 Ch. 601

...

ဂျီနီယာသည် ထိုလူ၏ ထိတွေ့မှုကို ရွံမုန်းနေခဲ့ပြီး အဆိပ်ရှိသော အင်းဆက်ပိုးမွှား ထောင်ပေါင်းများစွာ သူမ၏ ခန္ဓာကိုယ်အနှံ့ လျှောက်သွားနေသကဲ့သို့ ခံစားလိုက်ရသည်။

သို့သော် သူမသည် မျက်နှာပေါ်တွင် မည်သည့် တုံ့ပြန်မှုကိုမျှ မပြသခဲ့ချေ။

“ကျွန်မ မှတ်ထားလိုက်ပါ့မယ်” ဟု သူမ ပါးစပ်မှ ထုတ်ပြောလိုက်သော်လည်း စိတ်ထဲတွင်မူ သတ္တမမူလကြယ်အား အကြိမ်ပေါင်းများစွာ အဆက်မပြတ် ကျိန်ဆဲနေခဲ့မိ၏။

ထိုလူသာ မူလကြယ်တစ်ပါး မဟုတ်ခဲ့ပါက ထိုအပြုအမူအတွက် သူမသည် သူ့အား သေချာပေါက် သတ်ပစ်မိပေလိမ့်မည်။

တစ်ချိန်တည်းမှာပင် အယ်လီနာသာ ဤနေရာတွင် ရှိမနေပါက ကိစ္စများမှာ ဤမျှဖြင့် လွယ်လွယ်ကူကူ အဆုံးသတ်မည် မဟုတ်သည်ကိုလည်း သူမအနေနနှင့်ကောင်းစွာ သိရှိထားသည်။

သတ္တမ မူလကြယ် အဝေးသို့ ပျောက်ကွယ်သွားပြီးနောက်တွင်တော့ ဂျီနီယာသည် အာရန်အား အကြည့်ရဲရဲတစ်ချက်ပို့လွှတ်လိုက်ပြီး မေးခွန်းများစတင်မေးတော့သည်။

“ရှင် တမင်တကာ လုပ်တာဟုတ်တယ်မလား။ သူ ကျွန်မနောက်မှာ ရှိနေတာကို ရှင် သိနေလို့မလား”

“သူ မင်းနောက်မှာ ရှိတာမရှိတာက တကယ် အရေးကြီးလို့လား။ မင်းပဲစောစောက ပြော‌တော့ သူ့ကို နဲနဲမှ မကြောက်ဘူးဆို။ မင်းပြောသလို စကားမျိုး ကျုပ်ကိုတောင် အသံကျယ်ကျယ် မပြောရဲခဲ့ဘူးဆိုပြီး လှောင်ပြောင်နေခဲ့သေးတာပဲ မဟုတ်ဘူးလား”

အာရန်သည် သူမ၏ စကားများကို သိပ်ဂရုမစိုက်ဟန်ဖြင် ပျင်းရိပျင်းတွဲလေသံဖြင့် ပခုံး၍ ပြန်ပြောလိုက်သည်။

အာရန်သည် ဂျီနီယာ အား ထိုအခြေအနေအတွင်းသို့ ကျရောက်စေခဲ့သော်လည်း သတ္တမ မူလကြယ်သည် အယ်လီနာ၏ ရှေ့တွင် သူမအား မည်သို့မျှ လုပ်ဝံ့မည် မဟုတ်သည်ကို သူ သိထားလေသည်။

သတ္တမ မူလကြယ်နှင့် ပထမ မူလကြယ်တို့ကြားမှ ဆက်ဆံရေးကို သူ့အနေနှင့် ကြိုတင်၍ သိထားပြီး ဖြစ်၏။

သတ္တမ မူလကြယ်သည် အယ်လီနာ၏ ရှေ့တွင် ထိုသို့သော အပြုအမူမျိုးကိုသာ လုပ်ဆောင်မည်ဆိုပါက ရူးနေမှသာ ဖြစ်ပေလိမ့်မည်။

ထို့ပြင် အာရန်တွင် ဂျီနီယာအား ထိုသို့ ပြုမူစေမိရန်တွန်အားပေးမိခဲ့သည့် နောက်ထပ် အကြောင်းပြချက်တစ်ခုလည်း ရှိသေး၏။

သတ္တမ မူလကြယ်သည် အန္တရာယ်ရှိသော တည်ရှိမှု တစ်ခုဖြစ်လေသည်။

ထိုလူသည် အပြင်ဘက်တွင် မထုတ်ဖော်သော်လည်း သူ့အား မြင်လိုက်ရသည့် ခဏမှာပင် ထိုလူ၏ မျက်လုံးများအတွင်း၌ သတ်ဖြတ်လိုသည့် အရိပ်အယောင်များ လင်းလက်သွားသည်ကို အာရန်တစ်ယောက် မြင်တွေ့လိုက်ရသည်။

သူ အလိုရှိသော အမျိုးသမီးအား ပြန်ပေးဆွဲခဲ့သူသည် အာရန်ဖြစ်ကြောင်း သူ့အနေနှင့် ကြိုတင်သိနှင့်နေသည့်အလားပင်။

အာရန်သည် သူ၏ နောက်ကျောကို အချိန်မရွေး ကိုက်ခဲနိုင်သည့် အဆိပ်ပြင်းသော မြွေတစ်ကောင်ကို အဆက်မပြတ် စိုးရိမ်နေရမည့်အစား ထိုမြွေကို ကြိုတင် ဖယ်ရှားပစ်ရမည် ဟု ဆုံးဖြတ်ချက်လျလိုက်မိသည်။

ထိုအတွက် သူ၏ အကြီးမားဆုံး လက်နက်မှာ ပထမ မူလကြယ်ပင် ဖြစ်လေသည်။

ပထမ မူလကြယ်သည် အယ်လီနာကို ဂျီနီယာထံမှ ခွဲထုတ်ရန်အတွက် သူ့အား တာဝန်ပေးခဲ့သည်။

အာရန်သည် မူရင်းတာဝန်ထမ်းဆောင်နေစဥ်အတွင်းမှာပင် ထပ်ဆောင်း တာဝန်တစ်ခုကို သူ့ကိုယ်သူ ထပ်မံပေးလိုက်သည်။

၎င်းမှာ ထိုမူလကြယ်နှစ်ပါးကြားတွင် ပဋိပက္ခတစ်ခု ဖန်တီးပေးရန်ပင် ဖြစ်လေ၏။

သတ္တမ မူလကြယ်အား သူ၏ သံသယဖြစ်ဖွယ် ရည်ရွယ်ချက်များကို ထုတ်ဖော်စေခြင်းသည် ထိုအစီအစဉ်၏ အစမျှသာ ရှိသေး၏။

နောက်ထပ် အစီအစဥ်များ မကြာမှီ ထပ်မံ လာဦးမည်ဖြစ်သည်။

အကယ်၍ အရာအားလုံးသာ သူ၏ အစီအစဉ်အတိုင်း ဖြစ်မြောက်လာမည်ဆိုပါက သတ္တမ မူလကြယ်၏ ခြိမ်းခြောက်မှုသည် ပြီးဆုံးသွားလိမ့်မည်ဟု အာရန်တစ်ယောက် ယုံကြည်ထားလေ၏။

၎င်းတို့ကို လိုက်ပို့ရန် တာဝန်ကျသည့် အစေခံလေးသည် အဝေးတွင်သာ ရပ်လျက်ကျန်နေခဲ့ပြီး ဖြစ်နိုင်ပါက သူကိုယ်သူ ဤနေရာမှ အမြန်ဆုံး ပျောက်ကွယ်သွားလိုနေခဲ့၏။

သူသည် အစောပိုင်း မြင်ခဲ့ရသည့် အရာများကို ယခုထက်တိုင် မယုံကြည်နိုင်သေးပေ။

အပြင်လူတစ်ဦးသည် ဂျီနီယာအား ထိုမျှအထိ ပြောဆိုနေခဲ့သော်လည်း သူမသည် သူ့အား မည်သို့မျှ မတုံ့ပြန်ခဲ့ချေ။

၎င်းသည် မှားယွင်းသော အချိုပွဲတစ်ခုကို ချပေးခဲ့မိခြင်းအတွက်ကြောင့် နှင့် လေလံရုံမှ အစေခံတစ်ဦးအား သတ်ပစ်ခဲ့သည့် လွန်ခဲ့သောအခေါက်မှ ဂျီနီယာမှ ဟုတ်သေးရဲ့လားဟုပင် တွေးမိလိုက်သည်။

သူမသည် ကိုယ်တိုင်အပစ်ပေးခြင်း မပြုဘဲ အယ်လီနာအား တိုင်ကြားခြင်းမျိုးကိုသာ ပြုမူသော သူမ၏ အပြုအမူသည် လုံးဝအခြားတစ်ဦးနှင့်ပင် တူညီနေခဲ့၏။

သူသည် ရုတ်တရက် မမြင်တွေ့သင့်သော အရာတစ်ခုကို မြင်ခဲ့မိခြင်း ဟုတ် မဟုတ် ပြန်လည်ချိန်ဆတွေးမိလိုက်သည်။

ဂျီနီယာကို ဤသို့သော အခြေအနေတွင် မြင်ခဲ့မိခြင်းအတွက် သူသည် အသတ်ခံရတော့မည်လား။

သူသည် အမှန်တကယ် ကြောက်လန့်နေခဲ့ပြီး ဤနေရာတွင် သူသည် ဘယ်တုံးကမှ မရှိခဲ့သည့်အလား ဂျီနီယာတစ်ယောက် သတိမထားမိစေရန် ဆက်လက် ဟန်ဆောင်နေရန် ကြိုးစားလိုက်သည်။

“ရှင် အရမ်းလွန်သွားပြီ။ သူ ဒီမှာ ရှိနေတယ်ဆိုရင် ကျွန်မတို့ကို သတိပေးခဲ့သင့်တယ်လေ” ဟု အယ်လီနာသည်လည်း သူ့အား ဆက်တိုက် မေးငေ့ါ၍ တိုင်ကြားနေသော ဂျီနီယာ၏ ရှေ့တွင် ဆိတ်ဆိတ်နေ၍ မရတော့ဘဲ အာရန်အား ပြောလိုက်လေသည်။

“သူ ဒီလို ရောက်လာလိမ့်မယ်ဆိုတာ ကိုယ် မသိခဲ့ဘူးလို့ ပြောရင် မင်း ယုံမလားတော့မသိဘူး။ ဒီနေရာမှ ကိုယ်က အပြင်လူတစ်ယောက်ပါ။ မူလကြယ်တစ်ပါးရဲ့ တည်ရှိမှုကို ဘယ်လိုလုပ်ပြီး အာရုံ ခံနိုင်မှာလဲ။ ကိုယ်က သူမကို စနောက်နေတာပဲ ရှိတာ သူအဲ့လိုပြောပြီးတာနဲ့တစ်ပြိုက်နက် ဟိုမူလကြယ်က သရဲတစ်ကောင်လို ရုတ်တရက်ကြီး ပေါ်ချလာတာလေ” ဟု အာရန်သည် အစောပိုင်းက စနောက်ရုံသက်သက်သာ ဖြစ်ကြောင်း ရှင်းပြရင်း သူ့တွင် အပြစ်ကင်းကြောင်း ပြန်လည် ချေပနေလိုက်သည်။

အယ်လီနာမှာ အာရန်၏ စကားများအတွင်းရှိ ကျိုးကြောင်းမဆီလျော်မှုများအား သေခြာမစဉ်းစားနိုင်ခင်မှာပင် အာရန်သည် သူမ၏ လက်အား ရုတ်တရက် ဆွဲကိုင်လိုက်သည်။

“လာ သွားကြရအောင်။ ကိုယ်တို့ နောက်ကျရင် လေလံပွဲ လွတ်သွားလိမ့်မယ်။ ဒါက ကိုယ့်ရဲ့ ပထမဆုံး လေလံပွဲဖြစ်လို့ လက်လွတ်မခံချင်ဘူး” ဟု အာရန်သည် အယ်လီနာ၏ အဖြေကိုပင် မစောင့်တော့ဘဲ သူမအား သီးသန့်ခန်းများ ရှိရာဘက်သို့ ဆွဲခေါ်သွားတော့သည်။

သူမက သူ့အား အစောပိုင်းက ဆောင့်ဆွဲခေါ်ခဲ့သည့်အတိုင်းပင် အာရန်မှ ပြန်လည် ဆွဲခေါ်လိုက်ခြင်း ဖြစ်လေသည်။

ဘေးနားရှိ အစေခံသည်လည်း လျင်မြန်စွာ တုံ့ပြန်လိုက်ရကာ သူတို့အား အနီးရှိ အခန်းတစ်ခုဆီသို့ ဦးဆောင် လမ်းညွှန်‌ပေးလိုက်ရသည်။

ဂျီနီယာ ဆိုသည့် အမျိုးသမီး၏ ဒေါသများအားလုံးသည် သူ့အား မမြင်သင့်သည့် အရာများကို မြင်ခဲ့မိခြင်းအတွက် ပစ်မှတ်ထားခြင်း မရှိဘဲ အာရန်အား ပစ်မှတ်ထားနေပုံ ရသောကြောင့် အစေခံလေးသည် အနည်းငယ်မျှ စိတ်သက်သာရာ ရသွားခဲ့သည်။

အယ်လီနာသည် အာရန်မှ ရုတ်တရက် ဆောင့်ဆွဲ၍ ခေါ်သွားခြင်း ခံလိုက်ရပြီး သူမသည် ထိုအပြုအမူအတွက် သူ့အား မယုံကြည်နိုင်စွာဖြင့် ငေးကြည့်နေမိခဲ့သည်။

အကယ်၍ အစောပိုင်းက ဆိုပါလျှင် သူမသည် အာရန်၏ ထိုကဲ့သို့ အပြုအမူအတွက် ချက်ချင်း ပြန်လည်၍ တိုက်ခိုက်မိပေလိမ့်မည်။

သို့သော် အာရန်သည် သူမဖခင်၏ ဧည့်သည်တစ်ဦး ဖြစ်ကြောင်း ပြန်လည် အမှတ်ရလိုက်သည်။

ထို့အပြင် အကြောင်း တစ်စုံတစ်ရာကြောင့် သူမသည် ဤတစ်ကြိမ်တွင်မူ ထိုထိတွေ့မှုကို မမုန်းမိခဲ့ချေ။

သူမသည် အာရန် ခေါ်ဆောင်သွားရာနောက်သို့သာ အသာတကြည် လိုက်ပါသွားခဲ့ရာ ဂျီနီယာသည်လည်း သူတို့၏ နောက်မှ လိုက်ပါဝင်သွားခဲ့ရကာ သူမ၏ အာရန်အပေါ် အပြစ်တင်နေမှုများမှာမူ ရပ်တန့်မသွားခဲ့ချေ။

ကံမကောင်းစွာဖြင့် အယ်လီနာသည် အာရန်ကိုသာ စိုက်ကြည့်နေသောကြောင့် သူမ၏ စကားများကို နားထောင်နေပုံ မပေါ်တော့ချေ။

မကြာမီ ၎င်းတို့ သုံးဦးလုံးကို လေလံရုံရှိ ဗီအိုင်ပီ သီးသန့် အခန်းတစ်ခုအတွင်းသို့ ရောက်ရှိသွားခဲ့ကြသည်။

ထိုအခန်း၏ အခန်းတံခါးဝတွင် နံပါတ် “တစ်” ဆိုသည့် ဂဏန်းတစ်ခုကို ထွင်းထုထား၏။

၎င်းသည် ပထမ မူလကြယ်အတွက် ကြိုတင်မှာယူထားသည့် အခန်းတစ်ခန်းဖြစ်ပြီး သူသည် ဤနေရာသို့ ဘယ်တုံးကမျှ ရောက်မလာခဲ့သော်လည်း ဤနေရာတွင် ထိုသို့ သတ်မှတ်ပေးထားခြင်းမျိုး ရှိထားလေသည်။

ပထမ မူလကြယ် သို့မဟုတ် သူ၏ လူတစ်ဦးသာ ဤနေရာသို့ ရောက်မလာပါက ထိုအခန်းသည် သည်အတိုင်း ပိတ်ထားရန်သာ တတ်နိုင်ပေလိမ့်မည်။

လိုက်ပို့‌ပေးရသော အစေခံလေးသည် ထိုအခန်းတံခါးအား ကူညီ၍ ဆွဲဖွင့်ပေးလိုက်ကာ လေလံစင်မြင့်အား အကောင်းဆုံး မြင်တွေ့နိုင်သည့် အခန်းတစ်ခု၏ အတွင်းပိုင်းအား အာရန်တစ်ယောက် မြင်တွေ့ခွင့်ရလိုက်သည်။

ဧရာမ ဖန်နံရံတစ်ခုက အပြင်ဘက်ရှိ အရာအားလုံးကို မြင်နိုင်စေသည်။

သို့သော် အပြင်ဘက်ရှိ မည်သူတစ်ဦးတစ်ယောက်ကမျှ ထိုပြတင်းပေါက်မှ တစ်ဆင့် အတွင်းဘက်သို့ ဖြတ်၍ မြင်နိုင်မည်မဟုတ်ပေ။

အခန်းအတွင်း၌ သက်တောင့်သက်သာရှိသော ထိုင်ခုံများသည် ဖန်နံရံဘက်သို့ မျက်နှာမူရန် စီစဉ်ပေးထားသည်။

ထိုင်ခုံတစ်ခုစီ၏ ရှေ့တွင် သောက်စရာများနှင့် အဆာပြေစားစရာများကို လည်း အဆင်သင့် ကြိုတင်ပြင်ဆင်ထား‌ပေးသည်။

“ကျွန်တော် ဒီနားမှာပဲ ရှိနေပါ့မယ်။ တစ်ခုခု လိုအပ်ရင် ခေါ်လိုက်ပါ။” အစေခံလေးသည် ဗီအိုင်ပီ အခန်းထဲသို့ ဝင်သွားသော ဧည့်သည်တော် သုံးဦးအား ခေါင်းငုံ့၍ အရိုအသေပေးလိုက်ကာ အခန်းအပြင်ဘက်တွင် ရပ်စောင့်နေလိုက်သည်။ ထို့နောက် သူသည် တံခါးကို ဖြည်းဖြည်းချင်း ပြန်ပိတ်ထားလိုက်သည်။

ထိုနောက်မှသာ သူသည် သက်ပြင်းရှည်တစ်ချက် ချလိုက်နိုင်တော့၏။

သူသည် မမြင်သင့်သော အရာတစ်ခုကို မြင်ခဲ့မိသော်လည်း ယနေ့ အသက်ရှင်ခွင့်ရခဲ့လေသည်။

သို့သော် သူ စိတ်သက်သာရာ ရနေစဉ်မှာပင် အခန်းအတွင်းမှ အသံတစ်သံကို ကြားလိုက်ရသည်။

“ကျွန်မ အပေါ့ခဏသွားလိုက်ဦးမယ်။ ချက်ချင်း ပြန်လာခဲ့ပါမယ်” ထိုအသံသည် အခန်းထဲမှ ထွက်လာသည့် ဂျီနီယာ၏ အသံဖြစ်လေသည်။

ထို့နောက် တံခါးသည် ရုတ်တရက်ပြန်ပွင့်လာခဲ့ကာ ထိုအစေခံသည် တုန်လှုပ်သွားခဲ့သော်လည်း မသိချင်ယောင်ဆောင်ကာ ရှေ့သို့သာစိုက်ကြည့်နေခဲ့၏။

ကံမကောင်းစွာဖြင့် သူ၏ ဟန်ဆောင်ခြင်းသည် အလုပ်မဖြစ်ခဲ့ချေ။

သူ အစောပိုင်း စိုးရိမ်နေခဲ့သည့်အရာသည် အမှန်တကယ် ဖြစ်ပျက်လာခဲ့ကာ လက်သည်းခွံတစ်ခုသည် သူ၏ နောက်ကျောဘက်မှတစ်ဆင့် ထိုးဖောက်ဝင်ရောက်သွားခဲ့ကာ သူ၏ နှလုံးသားအား ထွင်းဖောက်သွားခဲ့သည်။

ထိုအချိန်တွင် သူသည် အသံအနည်းငယ်ပင် မပြုနိုင်ခဲ့ချေ။

#Catfoot

All Chapters