ပထမဆုံးလေလံပစ္စည်း
Vol. 42 Ch. 604
…
ဂျီနီယာတစ်ယောက် ပြန်ရောက်လာသောအခါ သူမကိုကြည့်ရသည်မှာ စိတ်ခံစားချက်များ အနည်းငယ်ပိုကောင်းလာပုံရလေသည်။
သူမ၏ ပုံစံမှာ သူမ၏ အစောပိုင်း ဒေါသများကို တစ်စုံတစ်ခုအပေါ်သို့ ဖွင့်ထုတ်ပစ်လိုက်မိသည့် အလားပင်။
သူမသည် အယ်လီနာ၏ တစ်ဖက်တွင် နေရာယူလိုက်ပြီးနောက် “လေလံပွဲ စနေပြီလား” ဟု မေးလိုက်သည်။
“စတော့မယ်ထင်တယ်” ဟု အယ်လီနာမှ ပြန်ဖြေလိုက်ပြီးနောက် ပတ်ဝန်းကျင်သည် ပြန်လည်၍ တိတ်ဆိတ်သွားခဲ့သည်။
အယ်လီနာသည် မိမိကိုယ် မိမိပင် မည်သို့ ခံစားနေရကြောင်း ကောင်းစွာ နားမလည်နိုင်တော့ချေ။
သူမ သိထားသော ဂျီနီယာသည် ၎င်း၏ အစစ်အမှန်ဘက်ချမ်းမှ ဟုတ်ပါ၏လော...။
ဤအခြေအနေတွင် အယ်လီနာအနေနှင့် သံသယအချို့ စတင်ဝင်လာမိခဲ့သည်။
ထို့နောက် အယ်လီနာသည် မိမိစိတ်ကို ပြန်လည်ကြည်လင်အောင် ကျိုးစားလိုက်နိုင်သော်လည်း သူမ၏ ဂျီနီယာအပေါ် နှစ်သက်မှုများသည် သူမကိုယ်တိုင်ပင် သတိမထားမိလိုက်ပါပဲ အလိုလို လျော့ကျသွားခဲ့ပြီဖြစ်သည်။
သူမ၏ ဖခင်သည် သူမအား ဂျီနီယာမှာ ကောင်းသောလူတစ်ဦး မဟုတ်ကြောင်း အဆက်မပြတ် သတိပေးနေခဲ့သော်လည်း သူမသည် ထိုစကားများအား နားမထောင်ခဲ့ချေ။
သို့သော် ယခုမှရောက်လာသည့် အာရန်သည်ပင် ထိုစကားမျိုးကို ပြောလာသော အခါတွင်မူ သူမအနေနှင့် အနည်းငယ်တွေဝေသွားခဲ့ရသည်။
‘သူမက လူကောင်းတစ်ယောက် မဟုတ်ဘူးဆိုရင်ကော ဘာဖြစ်လဲ။ သူမက ငါ့သူငယ်ချင်းဖြစ်တယ်ဆိုတဲ့ အချက်က ပြောင်းလဲသွားမှာမှ မဟုတ်တာ။ ငါတို့ တစ်ယောက်နဲ့ တစ်ယောက် သိလာတာဖြင့် ကြာလှနေပြီ။ ဘာလို့ ရုတ်တရက်ကြီး သူမကို သံသယ စဝင်သွားရတာလဲ’
အယ်လီနာသည် ထိုအကြောင်းကို အလွန်အကျွံ မတွေးမိစေရန် သူမ၏ ဦးခေါင်းကို အလျင်အမြန် ခါယမ်းလိုက်မိသည်။
သူမသည် အာရန်၏ စကားများကို အဘယ်ကြောင့် ဤမျှ အလေးအနက် ထားမိနေသည်ကို သူမကိုယ်တိုင်ပင် မနားလည်နိုင်တော့ချေ။
သူမကိုယ်တိုင်သည်ပင် တစ်စုံတစ်ရာ မှားယွင်းနေသကဲ့သို့ ခံစားမိလိုက်၏။ အာရန်နှင့်အတူ ရှိခဲ့သည့်အချိန်မှစ၍ သူမသည် တစ်စုံတစ်ခု မှားယွင်းနေသည်ဟုလည်း ရုတ်တရက် သံသယဝင်လာမိခဲ့သည်။
ထို့နောက် အယ်လီနာသည် အာရန်အား တစ်ချက်စိုက်ကြည့်လိုက်ပြီးနောက် ထိုလူငယ်မှ သူမအား တစ်စုံတစ်ရာ ပြုလုပ်ထားခြင်းများလားဟု တွေးမိလိုက်သည်။
သို့သော် အပြင်လူတစ်ဦးက သူမအား မည်သည့်အရာများ လုပ်ဆောင်နိုင်ပါမည်နည်း။
အကယ်၍ အာရန်သာ တစ်ခုခု ပြုလုပ်ထားခဲ့ခြင်းဆိုပါက သူမအနေနှင့် ချက်ချင်းသတိထားမိပေလိမ့်မည်။
...
ထိုစဥ်မှာပင် အယ်လီနာသည် သူမ၏ အတွေးများကို ချက်ချင်း ရပ်တန့်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် လေလံပွဲ တင်ဆက်သူသည် သူ၏ လက်ထဲတွင် သံကြိုးတစ်ဖက်ကို ကိုင်ဆောင်ကာ စင်မြင့်ပေါ်သို့ တက်လာနေပြီဖြစ်သောကြောင့်ပင် ဖြစ်၏။
သူ၏ နောက်တွင် ခန္ဓာကိုယ်ထွားကြိုင်းသော ပုဂ္ဂိုလ်နှစ်ဦးသည် သေတ္တာကဲ့သို့သော အရာကြီးတစ်ခုကို သယ်ဆောင်လာနေကြသည်။
ထိုသံကြိုး၏ အခြားအစွန်းတစ်ဖက်သည် သေတ္တာအတွင်းသို့ ဦးတည်ထားလေသည်။
ထိုသေတ္တာကြီးသည် အတွင်း၌ မည်သည့်အရာများ ရှိနေသည်အား အပြင်လူများ မမြင်နိုင်အောင် အထူးဖန်တီးထားသည့် အနက်ရောင် ပိတ်စတစ်ခုဖြင့် ဖုံးအုပ်ထား၏။
ထို့နောက် လူသန်ကြီး နှစ်ဦးသည် သေတ္တာအား လေလံပွဲ တင်ဆက်သူ၏ ဘေးတွင် ချထားလိုက်ပြီး အရိုအသေပေးလိုက်ကာ နောက်သို့ ပြန်ဆုတ်သွားကြသည်။
“ဒီနေ့ ကျုပ်တို့ရဲ့ လေလံဌာနကိုရောက်ရှိလာကြတဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်များ အားလုံးကို ရိုသေစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီနေ့မှာ လူကြီးမင်းတို့ တကယ် ကျေနပ်စေမယ့် အထူးပစ္စည်းတချို့ ကျုပ်တို့မှာ ရှိနေပါတယ်။ ဒါကြောင့် လူကြီးမင်းတို့ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို မဖြုန်းတီးမိစေဖို့ ပထမဆုံး ပစ္စည်းလေးတစ်ခုနဲ့ ခုပဲလေလံပွဲကို စတင်ပါတော့မယ်”
လေလံပွဲ တင်ဆက်သူသည် ထိုသေတ္တာကို ဖုံးအုပ်ထားသည့် အနက်ရောင်အဝတ်ကို ဆွဲယူလိုက်ပြီး အတွင်းရှိ အရာကို စတင်ဖော်ပြလိုက်သည်။
ထိုဖော်ထုတ်ပြသမှုကပင် လူအများ၏ အာရုံစိုက်မှုကို ဖမ်းစားလိုက်နိုင်ခဲ့သည်။ ထိုအတွင်း၌ သေတ္တာတစ်ခုအစား လှောင်အိမ်တစ်လုံးကို မြင်တွေ့လိုက်ရလေသည်။
ထိုလှောင်အိမ်အတွင်းတွင် ခွေးတစ်ကောင်ကဲ့သို့သော လည်ပတ်တစ်ခုကို ဝတ်ဆင်ထားသည့် လူသားတစ်ဦး ရှိနေခဲ့၏။
ထိုလည်ပတ်ကို သံကြိုးတစ်ခုနှင့်တွဲချည်ထားခြင်းဖြစ်ပြီး ထိုသံကြိုး၏ အခြားတစ်ဖက်မှာ လေလံပွဲ တင်ဆက်သူ၏ လက်ထဲတွင် ရှိနေခဲ့သည်။
“ကျုပ်တို့အနေနဲ့ ပထမဆုံး တင်ဆက်ပေးမဲ့ ပစ္စည်းကတော့ စောစောလေးကမှ ကျုပ်တို့ရဲ့ လေလံပွဲထဲကို ထည့်သွင်းလိုက်တဲ့အထူးပစ္စည်းတစ်ခုပါ။ ဒါကလည်း အထူးဧည့်သည်တော် တစ်ဦးရဲ့ ကျေးဇူးကြောင့် ရရှိနိုင်ခဲ့တာပါ” ဟု လေလံပွဲ တင်ဆက်သူသည် သတ္တမ မူလကြယ် တည်ရှိရာ အခန်းသို့ တစ်ချက်ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။
အာရန်သည် ထိုလှောင်အိမ်အတွင်းရှိ ပုဂ္ဂိုလ်အား မြင်တွေ့လိုက်သောအခါ သူ၏ မျက်လုံးများကိုပင် သူမယုံကြည်နိုင်ဖြစ်သွားရကာ ရုတ်တရက် မတ်တပ်ထရပ်လိုက်မိလေသည်။
သတ္တမ မူလကြယ်သည် မည်သည့်အရာများ လုပ်ဆောင်ရန် ကြိုးစားနေသည်ကို သူ့အနေနှင့်ပင် နားမလည်နိုင်တော့ချေ။
ထိုလှောင်အိမ်အတွင်းရှိ ပုဂ္ဂိုလ်မှာ အခြားမဟုတ် နစ်ခရိုမန်ဆာမျှော်စင်၏ ညာလက်ရုံးအစောင့်အရှောက်ဖြစ်သူ လန်နီယဲလ်ပင် ဖြစ်လေတော့၏။
ထိုနစ်ခရိုမန်ဆာသည် သတ္တမ မူလကြယ်၏ ဖမ်းဆီး ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံရကာ သေဆုံးသွားလောက်ပြီဟုပင် အာရန်တစ်ယောက် ထင်မှတ်ထားခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် အစောပိုင်း နဂါးမင်းသမီးမှ သူ၏ အတိတ်အကြောင်း စုံစမ်းလိုနေခြင်းများအား သူ့အနေနှင့် စိုးရိမ်ရန် မလိုဟု ယူဆထားမိခဲ့ခြင်း ဖြစ်လေသည်။
သို့သော် မယုံကြည်နိုင်စရာကောင်းလောက်အောင်ပင် ပထမဆုံး လေလံပွဲတင်ဆက်သည့် ပစ္စည်းသည် ဤနေရာတွင် ဘယ်သောအခါမျှ ရှိမနေသင့်သော နစ်ခရိုမန်ဆာတစ်ဦး ဖြစ်နေခဲ့သည်။
အာရန်အတွက်မူ ၎င်းသည် အပြင်လူတစ်ဦးအား လေလံတင်ခြင်းမျိုး မဟုတ်ဘဲ သူ၏ အတိတ်လျှို့ဝှက်ချက်များအား လေလံတင်ရောင်းချခြင်းနှင့်ပင် ပို၍ တူညီနေခဲ့၏။
သတ္တမ မူလကြယ်မှ ၎င်းကို တမင်တကာ လုပ်ခဲ့ခြင်းလား သို့မဟုတ် တိုက်ဆိုင်မှုသက်သက်လား ဆိုသည်ကိုမူ အာရန်တစ်ယောက် သေခြာ မသိနိုင်ချေ။
မည်သို့ပင်ဖြစ်စေ အထူးသဖြင့် နဂါးမင်းသမီးကသာ ထိုနစ်ခရိုမန်ဆာအား ဝယ်ယူနိုင်ခဲ့မည်ဆိုပါက ၎င်းသည် သူ့အတွက် ကပ်ဘေးတစ်ခု ဖြစ်သွားပေလိမ့်မည်။
“ရှင် သူ့ကို သိလို့လား”
ရုတ်တရက် အယ်လီနာသည်လည်း ပထမဆုံး ပစ္စည်းကို ဖော်ပြလိုက်သောအခါ အာရန်၏ ပြင်းထန်သော တုံ့ပြန်မှုကြောင့် မျက်မှောင်ကြုတ်မိသွားကာ မေးလိုက်မိခြင်းဖြစ်လေသည်။
“မသိပါဘူး ကိုယ့်အနေနဲ့ ဒီလို သက်ရှိလူသားတွေ လေလံတင် ရောင်းချနေတဲ့ မြင်ကွင်းမျိုး အရင်က တစ်ခါမှ မမြင်ခဲ့ဘူးလို့ ရုတ်တရက် အံ့အားသင့်သွားရုံပါ” ဟု အာရန်သည် သူ၏ အမူအရာများကို ပြန်လည်ထိန်းချုပ်ပြီးပြန်ပြောလိုက်ပြီးနောက် နဂိုနေရာတွင် ပြန်ထိုင်နေလိုက်သည်။
အာရန်သည် သူ့အား ကမ္ဘာမြေ မဟုတ်သော အခြားကမ္ဘာတစ်ခုမှ လာသည်ဆိုသည့်အချက်ကို အယ်လီနာအား သိစေလိုခြင်း မရှိပေ။
အကယ်၍ အယ်လီနာသည်သာ ထိုအကြောင်းကို သိသွားမည်ဆိုပါက အာရန်အနေနှင့် မည်မျှပင် ထိုကိစ္စအား ရှင်းပြစေကာမူ ပထမ မူလကြယ်၏ ယုံကြည်မှုကို ထာဝရ ဆုံးရှုံးသွားရပေလိမ့်မည်။
ထို့ကြောင့် အာရန်သည် သူ၏ သရုပ်ဆောင်ကျွမ်းကျင်မှုစကေးကို အပြည့်အဝ အသုံးချရန် ကျိုးစားလိုက်သည်။
သို့သော် အယ်လီနာသည် အာရန်၏ စကားများအား ထပ်မံ၍ မယုံကြည်တော့ပေ။
အပြင်လူများကို ဤငရဲဘုံတွင် ကျွန်များကဲ့သို့ ပြုမူဆက်ဆံနေသည်ဆိုသည့် အချက်ကို သိနှင့်ပြီးဖြစ်သည့်အာရန်အနေဖြင့် သူ၏ အစောပိုင်း တုံ့ပြန်မှုသည် ထိုမျှ လောက်အထိ ပြင်းထန်သွားစရာ အကြောင်းမရှိပေ။
“လေလံပွဲရဲ့ ပထမဆုံး ပစ္စည်းကတော့ သတ္တမ မူလကြယ်ကိုယ်တိုင် ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီး သူကိုယ်တိုင် ကျုပ်တို့ကို လေလံတင်ဖို့ ခွင့်ပြုပေးခဲ့တဲ့ အလွန်ထူးခြားတဲ့ အပြင်လူတစ်ဦး ဖြစ်ပါတယ်”
လေလံပွဲ တင်ဆက်သူသည် နစ်ခခရိုမန်ဆာမျှော်စင်မှ ညာလက်ရုံးအစောင့်အရှောက်ဖြစ်သူ လန်နီယဲလ်အား ဂုဏ်ယူစွာဖြင့် မိတ်ဆက်ပေးလိုက်သည်။
ကျွန်ပြုခြင်း အမှတ်အသားသည် သူ၏ ခန္ဓာကိုယ်ပေါ်တွင် ထင်ရှားစွာ တောက်ပနေသောကြောင့် သူသည် ခံစားချက်များကင်းမဲ့သွားပုံရလေသည်။
“ငရဲခွေးမြို့မှာ ရှုပ်ထွေးမှုတွေ ဖြစ်စေခဲ့တဲ့ နစ်ခရိုမန်ဆာတစ်ယောက်အကြောင်း လူကြီးမင်းတို့ ကြားဖူးလိုက်မှာပါ။ အံ့ဩစရာကောင်းတဲ့ အပိုင်းကတော့ ထိုသူဟာ ငရဲခွေး မျိုးနွယ်စုခေါင်းဆောင်နဲ့ တိုက်ခိုက်ပြီးနောက်မှာတောင် အသက်ရှင်လျက် ထွက်ပြေးလွတ်မြောက်နိုင်ခဲ့တာပါပဲ”
“ကျုပ်တို့ ဒီနေ့ လေလံတင်မယ့် သူကတော့ အဲဒီလူရဲ့ နောက်လိုက်တစ်ဦးဖြစ်ပြီး အဲဒီ နစ်ခရိုမန်ဆာအဖွဲ့အစည်းမှာ ဒုတိယခေါင်းဆောင်လည်း ဖြစ်တယ်လို့ သိထားပါတယ်။ သူကိုယ်တိုင်လည်း နစ်ခရိုမန်ဆာတစ်ဦးဖြစ်ပြီး သူဟာ လူကြီးမင်းတို့အတွက် အလွန် အသုံးဝင်တဲ့ ကျွန်တစ်ဦး ဖြစ်လာနိုင်ပါတယ်”
“သူ့ဆီက ရရှိနိုင်မယ့် သူ လာခဲ့တဲ့ ကမ္ဘာအကြောင်း အချက်အလက်တန်ဖိုး တစ်ခုတည်းကတင် လူကြီးမင်းတို့အတွက် အတော်လေး အကျိုးများနိုင်ချေ ရှိနေပါတယ်။ အထူးသဖြင့် အဲဒီ ကမ္ဘာရဲ့ ဝင်ပေါက်က အခုထိ ပွင့်နေတုန်း ဖြစ်တဲ့ အချိန်မှာပေါ့”
လေလံပွဲ တင်ဆက်သူသည် လန်နီယဲလ်၏ တန်ဖိုးအား မြှင့်တင်ရန် အကြောင်းအရာ တစ်ခုခု ထုတ်ပြောလိုက်တိုင်းတွင် ဧည့်သည်တော်များသည် လန်နီယဲလ်အား အနည်းငယ် ပိုမို၍ စိတ်ဝင်စားလာခဲ့ကြသည်။
ထို့နောက် ထိုလူသည် ဂိတ်တံခါးပေါက် ပွင့်လျက်ရှိနေသေးသော ကမ္ဘာတစ်ခုမှ ရောက်ရှိလာသည်ဆိုသည့် အချက်ကို ကြားလိုက်ရသောအခါတွင်မူ ၎င်းတို့၏ အမှန်တကယ် စိတ်ဝင်စားမှုများကို စတင်နှိုးဆွနိုင်ခဲ့တော့၏။
၎င်းကမ္ဘာသည် ဤနေရာရှိလူများ မစူးစမ်းရသေးသော နေရာတစ်ခု ဖြစ်နေသောကြောင်းလည်း ၎င်း၏တန်ဖိုးသည် ပို၍ပင် မြင့်တက်သွားခဲ့သည်။
၎င်းသည် ငရဲခွေးမျိုးနွယ်၏ မျိုးနွယ်ခေါင်းဆောင်နှင့်ပင် ယှဥ်ပြိုင်နိုင်သည့် နစ်ခရိုမန်ဆာများ တည်ရှိရာ ကမ္ဘာတစ်ခုဖြစ်နေလေသည်။
ထိုကမ္ဘာ၏ တန်ဖိုးနှင့်အတူ ထိုနေရာတွင် ကျွန်ပြု၍ ရယူနိုင်မည့်မျိုနွယ်ဝင်များသည် အလွန်တန်ဖိုးရှိနေလေသည်။
“သူက ရီဇီခီယဲလ်ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတယ်ဆိုတော့ ညတောင်ပံ မျိုးနွယ် နယ်မြေမှာ ရှိနေခဲ့တယ်လို့ ဆိုလိုတာလား။ သူက ဟိုအာရန်အကြောင်း သိတဲ့ အဖွဲ့ထဲက အဖွဲ့ဝင်တစ်ယောက်ပဲ မဟုတ်လား”
နဂါးမင်းသမီးသည်လည်း ထိုကျွန်အား စတင် အာရုံစိုက်မိလာခဲ့လေသည်။
ထို့နောက် မည်သည့် တန်ဖိုးပေးချေရပါစေ ထိုကျွန်အား ရအောင် ဝယ်ယူမည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။
#Catfoot