← Chapters

နှစ်ထပ်ကွန်းပြဿနာများ

Vol. 42 Ch. 607

နှစ်ထပ်ကွန်းပြဿနာများ

Vol. 42 Ch. 607

...

“အင်း”

အယ်လီနာသည် လေလံပွဲ၏ နောက်ဆုံးပစ္စည်းကိုသာ အာရုံစိုက်နေသဖြင့် အာရန်အား သိပ်အာရုံမရှိတော့ပေ။

ထိုပစ္စည်းကို မကြာမီ ထုတ်ဖော်ပြသတော့မည် ဖြစ်၏။

ဤသည်မှာ မူလကြယ်များ ကိုယ်တိုင် ဤနေရာသို့ ရောက်လာစေခဲ့သည့် ပစ္စည်းတစ်ခုဖြစ်နေပြီး ငရဲဘုံတွင် အလွန်ရှားပါးစွာ နှစ်ပေါင်းများစွာကြာမှ တစ်ခါတစ်လေ ပေါ်ပေါက်လေ့ရှိသော ပစ္စည်းတစ်ခုလည်း ဖြစ်လေသည်။

ငရဲဘုံတွင် ထိုကဲ့သို့ပစ္စည်းမျိုး နောက်ဆုံးအကြိမ် ထွက်ပေါ်ခဲ့စဉ်က သွေးချောင်းစီးမှုများစွာ ဖြစ်ပေါ်ခဲ့ရသည်။

ဤသည်မှာ ထိုကဲ့သို့သော ပစ္စည်းတစ်ခု ဒုတိယအကြိမ် ထပ်မံ ပေါ်ပေါက်လာခြင်းမျိုးဖြစ်ပြီး ဤတစ်ကြိမ်တွင်မူ လေလံဌာနမှတစ်ဆင့် ပေါ်ပေါက်လာခြင်း ဖြစ်လေ၏။

အာရန်သည် အယ်လီနာ၏ အာရုံအခြားရောက်နေမှုကို အခွင့်ကောင်းယူကာ ထိုနေရာမှ ထွက်ခွာရန် ပြင်လိုက်သည်။

သူသည် တံခါးကို ဖွင့်လိုက်မိသော်လည်း အပြင်သို့ မထွက်နိုင်မီမှာပင် စနစ် ဖန်သားပြင်တစ်ခု ပေါ်လာပြီး သူ့အား နံရံကို ထထိုးချင်စိတ်ပင် ပေါက်သွားစေခဲ့၏။

[ရွေးချယ်မှု တစ်: ဤလေလံပွဲ မပြီးဆုံးခင် လေလံပွဲ၏ နောက်ဆုံးပစ္စည်းအား သင်ကိုယ်တိုင် ရယူပါ။

ဆုလာဘ်: မေးခွန်းဘောက်ချာ တစ်ခု]

[ရွေးချယ်မှု နှစ်: လေလံပွဲ၏ နောက်ဆုံးပစ္စည်းကို တခြားသူ တစ်ယောက်ယောက်မှ ယူဆောင်သွားပါစေ။

ဆုလာဘ်: ကံကောင်းခြင်း အနုတ် - ၅၀]

ဤတစ်ကြိမ်တွင် အာရန်၏ ရှေ့၌ ရွေးချယ်စရာ နှစ်ခုသာ ပေါ်လာခဲ့သည်။

ပုံမှန်အားဖြင့် သူ့ရှေ့တွင် ရွေးချယ်စရာ လေးခုပေါ်လာလေ့ရှိသဖြင့် ယခုတစ်ကြိမ်သည် ရှားပါးသော ဖြစ်ရပ်တစ်ခုလည်း ဖြစ်လေသည်။

ဤတစ်ကြိမ်တွင် သူ၏ ရွေးချယ်မှုများသည် ပြင်းထန်စွာ ကန့်သတ်ခံလိုက်ရသည့်ပုံပင်။

အာရန်သည် ထိုပစ္စည်းကို အတင်းအဓမ္မ ရယူမည်လော...။

သို့မဟုတ် တခြားသူ တစ်ယောက်ယောက်ကို ရယူခွင့်ပေးလိုက်မည်လော...။

ဤနေရာတွင်တစ်ခုရှိသည်မှာ မည်သူက ထိုပစ္စည်းကို ယူသွားသည်ဖြစ်စေ သူကိုယ်တိုင်ယူဆောင်ခြင်းမျိုးမဟုတ်ပါက ရှုံးနိမ့်မှုအဖြစ် သတ်မှတ်မည်ဖြစ်၏။

လေလံပွဲ မပြီးဆုံးမီ ထိုတာဝန်ကို ပြီးမြောက်ရမည်ဟူသော ဖော်ပြထားခြင်းမျိုးသာ ရှိမနေခဲ့ပါက အာရန်အနေဖြင့် အယ်လီနာကို ထိုပစ္စည်းအား အနိုင်ရစေရန် ကူညီပေးကာ သူမထံမှ ပြန်လည် ခိုးယူရန် ကျိုးစားကောင်းကျိုးစားမိပေလိမ့်မည်။

သို့သော် ထိုသို့ပြုလုပ်လိုက်လျှင်ပင် စနစ်၏ ကန့်သတ်ချက်အရ အရှုံးဟု မှတ်ယူသွားပေလိမ့်မည်။

အာရန်၏ ကံသည် ဤငရဲဘုံရောက်လာကတည်းက ဆိုးရွားလွန်းနေပြီဖြစ်ရကာ အကယ်၍ ထပ်မံ၍ လျော့နည်းသွားမည်ဆိုပါက သူ၏ ကံဆိုးခြင်းများသည် စိတ်ကူးပင်မယဥ်ဝံ့သည့် အဆင့်ထိလျော့ကျသွားပေလိမ့်မည်။

အာရန်သည် သူ၏ လျှို့ဝှက်ချက်များကို မပေါ်ပေါက်စေရန် လန်နီယဲလ်အား သတ်ရန် လိုအပ်နေရုံသာမက သူ၌ ဝိညာဥ်သလင်းကျောက်လေးတစ်လုံးမျှ ရှိမနေပါပဲနှင့် ထိုလေလံပွဲ၏ နောက်ဆုံးပစ္စည်းကို ယူရပေဦးမည်။

ရွေးချယ်စရာ နှစ်ခုစလုံးကို သူ့အနေနှင့် ကြိုက်နှစ်သက်ခြင်းမရှိသော်လည်း သူ့တွင် အခြားရွေးချယ်စရာလည်း ရှိမနေချေ။

“ဒီတာဝန်လုပ်ဆောင်နေရင်း တကယ်လို့ ငါ သေသွားရင်တော့ ငါမင်းကို သရဲအဖြစ်နဲ့ ထာဝရလိုက် ခြောက်လှန့်နေမှာနော် ငိုးမ စနစ်စုတ်” ဟု အာရန်သည် ပထမ ရွေးချယ်စရာအား ရွေးချယ်လိုက်ပြီးနောက် စနစ်ဖန်သားပြင်အား ကြည့်၍ ကြိမ်ဆဲလိုက်မိ၏။

သူသည် အစောပိုင်းကတည်းကပင် မူလကြယ်ဒီမွန်များဖြင့် ပြည့်နှက်နေသော ဤလေလံဌာနအတွင်း၌ တစ်စုံတစ်ဦးကို သတ်ရန်လိုအပ်နေခဲ့သည်။

ထို့ပြင် ယခုအခါတွင်မူ ထပ်မံ၍ လေလံပွဲ တင်ဆက်သူထံမှ တစ်စုံတစ်ရာကို အားလုံး၏ ရှေ့မှောက်တွင် ထပ်မံ၍ ခိုးယူရတော့မည်ဖြစ်ပြီး ၎င်းလုပ်ရပ်က လေလံပွဲတစ်ခုလုံး၏ အာရုံကို အဓိက ဆွဲဆောင်မိသလိုလည်း ကြိမ်းသေပေါက် ဖြစ်သွားပေလိမ့်မည်။

အာရန်သည် ဗီအိုင်ပီ အခန်းအတွင်းမှ မထွက်ခွာမီ အသက်ကို ခပ်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်သည်။

“ငါ ချွေတာနေခဲ့တဲ့ အသက်အပိုလေးတစ်ချောင်းကို နောက်ဆုံးတော့ ထုတ်သုံးရတော့မယ် ထင်ပါရဲ့” ဟု တံခါးကို ပြန်မပိတ်မီ အာရန်တစ်ယောက် တစ်ကိုယ်စာကြားနိုင်ရုံ ရေရွတ်မိလိုက်သည်။

ထို့နောက် အာရန်သည် သန့်စင်ခန်းရှိရာ ဘက်သို့ သွားရမည့်အစား လေလံဌာန၏ အတွင်းပိုင်းတစ်နေရာသို့ ဦးတည်လိုက်၏။

...

“ ကျုပ်တို့အနေနဲ့ ဒီနောက်ဆုံးလေလံတင်မဲ့ ပစ္စည်းဟာ စကြာဝဠာရဲ့ ရတနာလို့လည်း ခေါ်ဆိုလို့ရပါတယ်။ ဒီလို ပစ္စည်းမျိုးက ဒီငရဲဘုံသမိုင်းတစ်လျှောက်မှာတောင် တစ်ကြိမ်သာ ပေါ်ပေါက်ခဲ့ဖူးလို့ပါ။ အဲ့ဒီအတွင် ဒီပစ္စည်းရဲ့ တန်ဖိုးကို လူကြီးမင်းတို့ကို ပြောပြစရာတောင် မလိုဘူးလို့ ကျုပ် ယုံကြည်ပါတယ်”

ထို့နောက် လေလံပွဲ တင်ဆက်သူသည် လက်ခုပ်တစ်ချက် တီးလိုက်သည်။

ထိုအခါ လေလံဌာန၏ မန်နေဂျာ ကိုယ်တိုင် အနီရောင် အဝတ်ဖြင့် သေခြာစွာ ဖုံးအုပ်ထားသော ဗန်းလေးတစ်ခုကို ယူဆောင်ကာ စင်မြင့်ပေါ်သို့ တက်လာခဲ့သည်။

စင်မြင့်တစ်ခုလုံးအား လေလံဌာနရှိ အထူးအစောင့်များဖြင့် ဝိုင်းရံထားပြီး ထိုပစ္စည်းအား လွန်စွာသတိကြီးကြီး ထားနေကြသည့်ပုံပင်။

မန်နေဂျာသည် ကိုင်ထားသည့် ဗန်းအား ဖုံးအုပ်ထားသော အဝတ်ကို ဖယ်ရှားလိုက်သောအခါ လက်သီးဆုပ် အရွယ်ခန့်ရှိသော အနက်ရောင် သလင်းကျောက်တစ်ခုထွက်ပေါ်လာခဲ့သည်။

ထိုသလင်းကျောက်သည် သည်အတိုင်းကြည့်မည်ဆိုပါက သာမန်ဟု ယူဆ၍ ရ‌သော်လည်း သေချာ ဂရုတစိုက် ကြည့်မိပါက ထိုသလင်းကျောက်လေးအတွင်း၌ တစ်စုံတစ်ရာကို ပိတ်လှောင်ထားသည်ကို တွေ့မြင်နိုင်လေသည်။

“ကျုပ်တို့ရဲ့ ခုဒီ သလင်းကျောက်လေးကတော့ အခြားမဟုတ်ပါဘူး။ အထက်ကမ္ဘာတစ်ခုနဲ့ ဆက်သွယ်ထားတဲ့ ဂိတ်တံခါးပေါက်လေးတစ်ခုပဲ ဖြစ်ပါတယ်” ဟု လေလံပွဲ တင်ဆက်သူသည် ကျယ်လောင်စွာ ကြေငြာလိုက်လေသည်။

ဤနေရာရှိ လူတိုင်းသည် ထိုပစ္စည်းအကြောင်း ကြိုတင် သိထားပြီးဖြစ်နေသော်လည်း ထိုပစ္စည်းအား နောက်ဆုံးကိုယ်တိုင်မြင်တွေ့ရသောအခါတွင်မူ ၎င်းတို့၏ ပျက်ယွင်းသွားသော အမူအရာများကို ထိန်းချုပ်နိုင်ခြင်းမရှိခဲ့ကြချေ။

၎င်းသည် အလွန် အဖိုးတန်လွန်းသော ပစ္စည်းတစ်ခု ဖြစ်လေသည်။

၎င်း၏ တန်ဖိုးကို ငွေကြေးအရ တန်ဖိုးဖြတ်၍ပင် မရသလောက်ပင်။

ငရဲဘုံသည် ကမ္ဘာများစွာနှင့် ချိတ်ဆက်ထားသောနေရာတစ်ခု ဖြစ်နေသည်မှာ မှန်သော်လည်း ၎င်းကမ္ဘာအများစုသည် အဆင့်နိမ့်ကမ္ဘာများ သို့မဟုတ် အလယ်အလတ်တန်းစား ကမ္ဘာများသာ ဖြစ်ကြသည်။

သို့သော် အထက်ကမ္ဘာများသို့ ဆက်သွယ်ထားသော ဂိတ်တံခါးပေါက်ဟူ၍မူ တစ်ခုတစ်လေမျှပင် ရှိမနေခဲ့ပေ။

ထို့ကြောင့် ဤနေရာတွင် ဤသလင်းကျောက်လေး၏ တန်ဖိုးမှာ လွန်စွာမြင့်တက်သွားခဲ့ရခြင်း ဖြစ်လေသည်။

ထိုသလင်းကျောက်၏အစွမ်းသက်ရောက်မှုသည် ယာယီမျှသာ ဖြစ်သော်လည်း အထက်ဘုံနှင့် ချိတ်ဆက်ထားသော ဂိတ်တံခါးပေါက်တစ်ခုကို ငရဲဘုံတွင်ပင် ဖွင့်ပေးနိုင်စွမ်းရှိနေလေ၏။

၎င်းသည် မည်သည့် အထက်ကမ္ဘာနှင့် ချိတ်ဆက်ထားသည်ဖြစ်စေကာမူ အရေးမကြီးချေ။

အထက်ကမ္ဘာများအားလုံးသည် နတ်ဘုရားများ၏ နယ်မြေများဟု ခေါ်ဆိုနိုင်လေသည်။

လွန်ခဲ့သောအကြိမ် အထက်ကမ္ဘာ ဂိတ်တံခါးပေါက်ဖြစ်သော သလင်းကျောက်တစ်ခုအား ရှာဖွေတွေ့ရှိခဲ့စဉ်အချိန်က ကြီးမားသော သွေးချောင်းစီးမှုကြီးတစ်ခု ဖြစ်ပွားခဲ့ရသည်။

နောက်ဆုံးတွင် မူလကြယ်များစွာသည် ထိုသွေးချောင်းစီး တိုက်ပွဲအတွင်း သေဆုံးသွားခဲ့ကြရကာ ထိုသလင်းကျောက်အား နောက်ဆုံး ပိုင်ဆိုင်နိုင်ခဲ့သူသည်သာ ငရဲဘုံမှ ထွက်ခွာကာ အထက်ကမ္ဘာတစ်ခုဆီသို့ ဝင်ရောက်နိုင်ခဲ့သည်။

ဤသည်မှာ ထိုကဲ့သို့သော အရာတစ်ခု ဒုတိယအကြိမ် ထပ်မံပေါ်ပေါက်လာခြင်း ဖြစ်နေပြီး မည်သည့် မူလကြယ်ကမျှ ၎င်းအခွင့်အရေး လက်လွတ်မခံလိုကြပေ။

အမှန်အားဖြင့် ဆိုရလျှင် ၎င်းတို့ထဲမှ အများအပြားသည် လေလံပွဲရက်မတိုင်မီမှာပင် ထိုသလင်းကျောက်ကို လုယူရန် စီစဥ်ခဲ့ကြသော်လည်း ကိစ္စများမှာ ထိုမျှ ရိုးရှင်းခြင်း မရှိပေ။

လေလံဌာနအား မျက်လုံးများစွာမှ စောင့်ကြည့်နေခဲ့ကြလေသည်။

၎င်းတို့ထဲမှ တစ်ဦးဦးသာ ထိုသို့သော အရာမျိုးကို ကြိုးစားမည်ဆိုပါက အခြား မူလကြယ်များ ချက်ချင်းဝင်ပါလာကြပေလိမ့်မည်။

ထို့နောက် ယခင်အကြိမ်ကကဲ့သို့ ကပ်ဘေးတစ်ခုဆီသို့ ဦးတည်သွားမည်ဖြစ်ပြီး အားနည်းသော မူလကြယ်များစွာသည် ၎င်းကို ရယူရန် ကျိုးစားရင်းဖြင့် သေဆုံးသွားရပေလိမ့်မည်။

ထို့ကြောင့် မူလကြယ်များသည် စည်းမျဉ်းတစ်ခုကို ဘုံသဘောတူညီချက်အဖြစ် ထားရှိလိုက်ကြသည်။

အင်အားသုံး လုယူကြမည့်အစား အခြား နည်းလမ်းတစ်ခုကို အသုံးပြုရန်ဖြစ်လေသည်။

၎င်းနည်းလမ်းသည် အင်အားအကြီးဆုံးဖြစ်သော ပထမ မူလကြယ်အတွက် အားနည်းချက်တစ်ခု ဖြစ်သွားခဲ့ရသည်။

သို့သော် အခြား မူလကြယ်များအားလုံး သဘောတူလိုက်ကြပြီဖြစ်သဖြင့် ပထမ မူလကြယ်သည်လည်း နောက်ဆုံး၌ သဘောတူလိုက်ရသည်။

မူလကြယ်များ အားလုံးသည် ၎င်းတို့၏ ကြွယ်ဝမှုနှင့် ရတနာများအားလုံးနီးပါးကို ဤလေလံပွဲတစ်ခုတည်းအတွက် စုဆောင်းထားခဲ့ကြသည်။

မည်သူမျှ စည်းမျဉ်းများကို မချိုးဖောက်ဝံ့ကြပေ။

ထိုလေလံပွဲကို အနိုင်ရသူသည်သာ အထက်ကမ္ဘာဂိတ်တံခါးပေါက်ဖြစ်သော သလင်းကျောက်လေးကို ပိုင်ဆိုင်နိုင်ခွင့်ရမည်ဖြစ်၏။

၎င်းသည် မူလကြယ်များအားလုံးတညီတညွတ်တည်း ကြိမ်ဆို သဘောတူထားကြသော စည်းမျဥ်းတစ်ခုလည်း ဖြစ်သည်။

၎င်းက လေလံပွဲ ပြီးဆုံးသည်အထိ ထိုသလင်းကျောက်အား မည်သူမျှ ခိုးယူရန် မကြိုးစားရသည့် အဓိက အကြောင်းပြချက်လည်း ဖြစ်လေ၏။

အနည်းဆုံးတော့ မူလကြယ်များထဲမှ မည်သူမျှ မကြိုးစားစေရန် သေချာစေခဲ့သည်။ ၎င်းသည် အားအကြီးဆုံး မူလကြယ်များ ဤနေရာသို့ ကိုယ်တိုင် မလာရောက်ရခြင်း၏ အကြောင်းရင်းတစ်ခုလည်း ဖြစ်နေလေသည်။

အဘယ်ကြောင့်ဆိုသော် ၎င်းတို့အတွက် အမှားအယွင်း တစ်စုံတစ်ရာ ကျူးလွန်မိရန် အခွင့်အရေး မရှိသောကြောင့်လည်း ဖြစ်လေ၏။

“ဝိညာဥ်ကျောက်တုံး သန်း တစ်ရာ”

အယ်လီနာသည် ထိုလေလံပစ္စည်း၏ ပထမဆုံး ကြမ်းခင်းစျေး မသတ်မှတ်နိုင်ခင်မှာပင် အခြားသူများအား ရှင်းပြရန် သို့မဟုတ် ထိုရတနာပစ္စည်းကို ဆက်လက် ချီးမွမ်းခန်းဖွင့်ဆိုရန် အခွင့်အရေးအနည်းငယ်မျှ ထပ်မံမပေးတော့ချေ။

#Catfoot

All Chapters