← Chapters

ပြင်ပအကူအညီများ

Vol. 42 Ch. 609

ပြင်ပအကူအညီများ

Vol. 42 Ch. 609

...

“အဲဒီလိုဆိုရင် ငါတို့ ရှုံးတော့မှာ မဟုတ်ဘူးလား”

ဂျီနီယာ၏ စကားများသည် အယ်လီနာတစ်ယောက် ပို၍ စဉ်းစားလေ ပို၍ ယုတ္တိရှိသည်ဟု ထင်ရလေ ဖြစ်လာသည်။

သတ္တမ မူလကြယ်တစ်ဦးတည်းသာ သူမ၏ ဖခင်နှင့် ပတ်သက်နေခြင်းဖြစ်သည်။

အခြား မူလကြယ်များသည် သူမဖခင်အား ရန်လိုခြင်းမျိုး မရှိသော်လည်း သစ္စာခံထားခြင်းမျိုးလည်း မရှိပေ။

၎င်းတို့သည် ဒုတိယ မူလကြယ်နှင့် အပေးအယူတစ်ခုခုပြုလုပ်ထားခြင်းဆိုပါက သူမအနေနှင့် အနိုင်ရရန် မဖြစ်နိုင်သော စစ်ပွဲကဲ့သို့ ဖြစ်သွားနိုင်သည်ဟု ခံစားလာရ၏။

အခြား မူလကြယ်များသည် လေလံပြိုင်ဆွဲရာတွင် သန်း နှစ်ရာကျော်ဝန်းကျင်လောက်နှင့် လေလံပွဲကို အနိုင်ရမည် မဟုတ်ကြောင်း သိနှင့်ပြီးသားဖြစ်ကြပေလိမ့်မည်။

သို့သော်ငြား ၎င်းတို့သည် သူတို့၏ ငွေကြေးများကို ဝေမျှကာ ဒုတိယမူလကြယ်အား အနိုင်ရရန် ကူညီပေးခြင်းသည် တွေးကြည့်ပါက ယုတ္တိမရှိချေ။

ဒုတိယ မူလကြယ်သည် ထိုအကူအညီအတွက် မည်သည့်အရာများဖြင့် ဆွဲဆောင်ခဲ့သည်ကို အယ်လီနာတစ်ယောက် သိနိုင်ခြင်းမရှိချေ။

သို့တည်းမဟုတ် သူမ၏ ဖခင်အား အနိုင်မရစေလိုသောကြောင့် သည်အတိုင်းပူးပေါင်း၍ ကူညီနေကြခြင်းများလား....။

“သန်း လေးရာ”

လေလံပွဲ တင်ဆက်သူမှ ဒုတိယ မူလကြယ်အား အနိုင်ရသူအဖြစ် ကြေညာတော့မည့် ဆဲဆဲအချိန်တွင် အယ်လီနာသည် စျေးနှုန်းကို ထပ်မံ၍ တိုးမြှင့်လိုက်လေ၏။

၎င်းသည် အခြေအနေအရ ခက်ခဲသော တိုက်ပွဲတစ်ခု ဖြစ်လာပြီးဖြစ်သော်လည်း သူမလက်ထဲရှိ ငွေကြေးများ တစ်ပြားမကျန်မကုန်မချင်း သူမအနေဖြင့် လုံးဝ လက်လျှော့မည်မဟုတ်ပေ။

ဤတစ်လျှောက်လုံးတွင် သူမသည် ဖခင်ဖြစ်သူအား ဆက်သွယ်ကာ အကြံဉာဏ် တောင်းရန် အကြိမ်ကြိမ် ကြိုးစားကြည့်ခဲ့သည်။

“ဟင် သူ့ဆီကို မဆက်သွယ်မိဘူး”

အံ့အားသင့်စရာကောင်းလောက်အောင်ပင် သူမ၏ ဖခင်ဖြစ်သူအား ဆက်သွယ်ရန် ကြိုးစားမှုတိုင်းသည် မအောင်မြင်ခဲ့ချေ။

လေလံဌာနသည် ပြင်ပဆက်သွယ်မှုအားလုံးကို ဖြတ်တောက်ထားရန် အကာအကွယ် တစ်စုံတစ်ရာ ပြုလုပ်ထားဟန်ရလေသည်။

၎င်းသည် လေလံဌာနမှ အထူးပြုလုပ်ထားသည့် လုံခြုံရေး တစ်မျိုးများဖြစ်နေမလားဟု အယ်လီနာတစ်ယောက် တွေးမိလိုက်သည်။

ထိုကဲ့သို့သော အရာမျိုးကို သူမအနေနှင့် ပထမဆုံးအကြိမ် ကြုံဘူးခြင်းဖြစ်သော်လည်း သိပ်များများစားစားမတွေးမိခဲ့ချေ။

ယနေ့ လေလံပွဲသည်ပင် ဆယ်စုနှစ်များစွာအတွင်း အထူးခြားဆုံးပွဲတစ်ပွဲ ဖြစ်နေသည် မဟုတ်ပါလော....။

၎င်းအား ပုံမှန် ဖြစ်စဉ်တစ်ခုသာဖြစ်မည်ဟု သူမအနေဖြင့် ထင်မြင်မိခဲ့ခြင်းသည် အမှားကြီးတစ်ခု ပြုလုပ်မိခဲ့ခြင်းဖြစ်မည်ဟု ထိုအချိန်က သူမအနေနှင့် သဘောမပေါက်မိခဲ့ချေ။

အမှန်မှာမူ ထိုပြင်ပ ဆက်သွယ်မှုများအား ပိတ်ဆို့ထားခြင်းသည် လေလံဌာနမှ ပြုလုပ်ခြင်း မဟုတ်ပေ။

ထိုအချိန်အတွင်း၌ အခြားမည်သူမျှလည်း လေလံပွဲချိန်အတွင်း ပြင်ပရှိလူများနှင့် ဆက်သွယ်ရန် မကြိုးစားခဲ့ကြချေ။

အယ်လီနာသည်လည်း အနည်းငယ် သတိထားမိခဲ့သော်လည်း ထိုကိစ္စကို လျစ်လျူရှုထားရန်သာ ဆုံးဖြတ်လိုက်သည်။

“သန်း လေးရာ့ ငါးဆယ်”

ဒုတိယ မူလကြယ်သည် လေလံစျေးကို ထပ်မံ၍ တိုးမြှင့်လိုက်ပြီး ထိုမျှကြေးမြင့်လာသည့်တိုင်အောင် ထိုသူ၏ လေသံသည် အနည်းငယ်မျှပင် ပြောင်းလဲမသွားခဲ့ချေ။

“သန်း လေးရာ့ ခြောက်ဆယ်”

အယ်လီနာတစ်ယောက် ဆက်လက်၍ တိုးမြှင့်ပေးလိုက်ပြီးနောက် ဂျီနီယာဘက်သို့ လှည့်လိုက်သည်။

“င့ါ လက်ထဲကငွေတွေ မကြာခင် ကုန်တော့မယ်။ င့ါအတွက်လည်း လေလံပွဲအတွက် အရေးပေါ် ထပ်လိုက်ဖို့လိုနေတယ်။ ဒီအချိန်မှာ ငါတို့ကို ကူညီနိုင်တာ သတ္တမ မူလကြယ် တစ်ဦးတည်းပဲ ကျန်တော့တယ်။ ဒ့ါကြောင့် သူ့ကို ဒီ အမြန်လာဖို့ နင် မြန်မြန် သွားပြောပေးနိုင်မလား။ သူသာ င့ါကို လာကူညီပေးမယ်ဆိုရင် ငါတို့အနေနဲ့ အနိုင်ရနိုင်ချေ ပိုများလာလိမ်မယ်”

“နင်က င့ါကို အဲဒီ တနှာရူးဆီ သွားခိုင်းစေချင်နေတာလား”

ဂျီနီယာသည် ထိုကဲ့သို့သော ရွံစရာလူမျိုးနှင့် ပေတစ်ထောင်ခန့်အကွာတွင်ပင် နေထိုင်လိုခြင်း မရှိသောကြောင့် အယ်လီနာအား ထူးဆန်းစွာ ပြန်ကြည့်လိုက်သည်။

“နင့်အနေနဲ့ သူ့ကို ငါ ခေါ်နေတယ်ဆိုတာလေး ပြောပေးလိုက်ရုံပါပဲဟာ သူ နင့်ကို ဘာမှ လုပ်မှာ မဟုတ်ပါဘူး ဒါက င့ါအတွက်လည်း အရေးပေါ် ကိစ္စဖြစ်နေလို့ပါ ကူညီပါနော်”

ဒုတိယ မူလကြယ်မှ လေလံစျေးကို ထပ်မံ၍ တိုးမြှင့်လိုက်သောကြောင့် အယ်လီနာတစ်ယောက် သူမ၏ ထိတ်လန့်နေမှုအား မဖုံးကွယ်နိုင်တော့ဘဲ ထုတ်ပြောလိုက်မိလေသည်။

“သန်း လေးရာ့ ရှစ်ဆယ်” အယ်လီနာသည် ထပ်မံ ၍ လေလံစျေးကို တိုးမြှင့်ပေးလိုက်ရသည်။

“သန်း လေးရာ့ ကိုးဆယ်” ဒုတိယ မူလကြယ်သည်လည်း အယ်လီနာအား အနည်းငယ်မျှပင် အသက်ရှူခွင့်မပေးပဲ စင်မြင့်ပေါ်ရှိ ပစ္စည်းကိုသာ အာရုံစိုက်ကြည့်နေရင်း ဆက်တိုက်ပြောလိုက်၏။

သူသည် အယ်လီနာအား လှောင်ပြောင်ရန်ပင် စိတ်ဝင်စားဟန်မပြပဲ လေလံပစ္စည်းကိုသာ တစ်ချိန်လုံး အာရုံစိုက်ကြည့်နေခဲ့၏။

သို့သော် သူ၏ ညီမမှာမူ ဆက်လက်တည်ငြိမ်နေနိုင်ခြင်း မရှိတော့ချေ။

“နင့် ငွေတွေက ကုန်တော့မယ်ထင်တယ်။ ဒ့ါကြောင့် ဒီလောက် ပမာဏ နည်းနည်းလေးတွေ ထပ်တိုးနေတာမဟုတ်လား။ ငါနင့်ကို အစောပိုင်းက အတော်လေး ချမ်းသာတယ်လို့ ထင်ထားခဲ့တာ”

နဂါးမင်းသမီးသည် အစောပိုင်း သူမအား စော်ကားခဲ့သည့် အယ်လီနာအား အခွင့်အရေး‌ရသဖြင့် ပြန်လည် ကလဲ့စားချေရန် ကြိုးစားလိုက်သည်။

“နင့်အနေနဲ့ င့ါ အတွက် စိတ်ပူပေးစရာ မလိုပါဘူး”

အယ်လီနာမှ အေးစက်စက်လေသံဖြင့် ပြန်ဖြေလိုက်ပြီးနောက် ဂျီနီယာဘက်သို့ သူမ၏ အာရုံကို ပြန်ပြောင်းလိုက်သည်။

“နင် မြန်မြန် သွားတော့လေ ဘာလုပ်နေတာလဲ င့ါမှာ အချိန်မရှိတော့ဘူး”

ဂျီနီယာသည် သူမအစား အာရန်အား အဘယ့်ကြောင့် မသွားခိုင်းရသနည်းဟု မေးချင်နေခဲ့သော်လည်း သူမသည် အဖြေကို သိနှင့်ပြီးသားဖြစ်သဖြင့် ငြိမ်နေလိုက်မိသည်။

၎င်းသည် လက်ရှိတွင် အလွန်အရေးကြီးသော ကိစ္စတစ်ခု ဖြစ်နေခဲ့ပြီး အာရန်သည် အားနည်းသူတစ်ဦးဖြစ်ကာ ဤနေရာတွင် ဧည့်သည်တစ်ဦးလည်း ဖြစ်နေလေသည်။ ထို့ကြောင့် အာရန်အား ထိုနေရာသို့ လွှတ်မည်ဆိုပါက ကိစ္စများ ပိုမိုအချိန်ဆွဲသလို ဖြစ်သွားနိုင်ချေသာ ရှိနေလေသည်။

ထို့ကြောင့် သူမအနေနှင့် မသွားချင်သော်လည်း ရွေးချယ်စရာ မရှိတော့ပေ။

“နင်မိုလို့သာ ငါ ဒီလိုလုပ်ပေးတာနော်”

ထိုသို့ပြောပြီးနောက် ဂျီနီယာတစ်ယောက် မတ်တပ်ထရပ်လိုက်ပြီး အခန်းထဲမှ ထွက်သွားခဲ့သည်။

သူမသည် သတ္တမ မူလကြယ်၏ အခန်းဆီသို့ အလျင်အမြန် ပြေးသွားခဲ့သည်။

ထို့နောက် အခန်းရှေ့သို့ ရောက်သောအခါ တံခါးကို တစ်ချက်ခေါက်လိုက်သည်။

“တံခါး ဖွင့်ထားတယ်။ ဝင်ခဲ့ပါ”

အတွင်းမှ စကားသံအချို့ ထွက်ပေါ်လာသည်။

ဂျီနီယာသည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီးနောက် တံခါးအား တွန်းဖွင့်လိုက်၏။

သူမသည် သတ္တမ မူလကြယ်ထံသို့ အယ်လီနာထံမှ သတင်းစကား ပေးပို့ပြီးနောက် အလျင်အမြန် ပြန်ထွက်ရန် အဆင်သင့်ပြင်ဆင်ထားပြီးဖြစ်သည်။

သို့သော် တံခါးပွင့်သောအခါတွင်မူ မြင်လိုက်ရသောမြင်ကွင်းကြောင့် သူမ၏ မျက်နှာတစ်ခုလုံး နီရဲတက်သွားခဲ့ကာ ပါးစပ် အဟောင်းသား ဖြစ်သွားခဲ့ရသည်။

သတ္တမ မူလကြယ်သည် ဇိမ်ခံ ထိုင်ခုံတစ်ခုပေါ်တွင် ထိုင်လျက်ရှိနေခဲ့ပြီး လေလံပွဲအား သက်တောင့်သက်သာဖြစ်နေဟန်ဖြင့် စိုက်ကြည့်နေသည်ကို မြင်တွေ့လိုက်ရသည်။

သို့သော် သူ၏ ခန္ဓာကိုယ် အောက်ပိုင်းတွင် မည်သည့်အဝတ်မှ ဝတ်ဆင်ထားခြင်း မရှိချေ။

ထို့အပြင် အမျိုးသမီးနှစ်ဦးသည် ထိုသတ္တမ မူလကြယ်ရှေ့တွင် ဒူးထောက်လျက် ထိုင်နေကြပြီး သူ့အား ကျေနပ်မှုများရရှိစေရန် အစွမ်းကုန် လုပ်ဆောင်ပေးနေကြသည်။

ထိုင်ခုံ၏ နေရာချထားမှုကြောင့်လည်း ဂျီနီယာတစ်ယောက် ထိုမြင်ကွင်းအား လုံးဝကို ပွင့်လင်းမြင်သာစွာ မြင်တွေ့ခွင့်ရလိုက်၏။

အမျိုးသမီးနှစ်ဦးသည် ၎င်းတို့၏ လျှာများကို မြွေများကဲ့သို့ မည်သို့ လှုပ်ရှားနေကြသည်က အစ လုံးဝကို အသေးစိတ်မြင်တွေ့နေရလေသည်။

“မင်း ကိုယ့်ကို စိတ်ဝင်စားလွန်းလို့ ဒီအထိ ကိုယ်တိုင်ကိုယ်ကျ ရောက်လာလိမ့်မယ်လို့ တကယ့်ကို မထင်ထားခဲ့ဘူး။ ဒါပေမဲ့ ကိုယ်ကပဲသဘောထားကြီးစွာနဲ့ မင်းရဲ့ ခံစားချက်တွေကို ကျေကျေနပ်နပ်ကြီး လက်ခံပေးပါ့မယ်” သတ္တမ မူလကြယ်သည် သူ၏ လက်ကို မြှောက်လိုက်ကာ ဂျီနီယာအား လှမ်း၍ခေါ်လိုက်သည်။

ထိုအချိန်တွင် အမည်မသိ အင်အားစု တစ်ခုက ဂျီနီယာ၏ သွယ်လျသော ခါးလေးအား ဖမ်းဆွဲလိုက်ကာ သူမသည် သတ္တမ မူလကြယ်၏ ဘေးသို့ ရောက်ရှိသွားစေခဲ့သည်။

သတ္တမ မူလကြယ်သည် ဂျီနီယာ၏ ခန္ဓာကိုယ်လေးအား ထိတွေ့ရန်မကျိုးစား ခင်မှာပင် အခန်းတံခါးအား လှမ်းပိတ်လိုက်သည်။

ဂျီနီယာသည် ကြောက်လန့်နေသော ယုန်သူငယ်မလေးတစ်ကောင်ကဲ့သို့ လန့်ဖျပ်သွားခဲ့ကာ သူ၏ အထိအတွေ့အား အလျှင်အမြန်ပင် ငြင်းဆန်လိုက်သည်။

သူမသည် အလျင်အမြန်နောက်သို့ ဆုတ်လိုက်ရကာ “ကျေးဇူးပြုပြီး ယဉ်ကျေးပေးပါ” ဟု အလျှင်အမြန်ပင် ပြန်ပြောလိုက်သည်။

“ကျွန်မ ဒီကိုလာတာ ရှင်နဲ့ တစ်ခုခု လုပ်ဖို့ ရောက်လာတာ မဟုတ်ဘူး။ အယ်လီနာဆီက သတင်းစကားပါးဖို့ ရောက်လာခဲ့တာ။ သူမက ရှင်နဲ့ အရေးတကြီး တွေ့ဆုံဖို့ တောင်းဆိုထားတယ်” ဟု ပြောပြီးနောက် ထိုအခန်းထဲမှ လှည့်ထွက်ရန် ပြင်ဆင်လိုက်သည်။

“သူမက ငါ့ဆီကနေ ရန်ပုံငွေအချို့ လိုအပ်နေတာမဟုတ်လား။ သိပ်တော့ ခန့်မှန်းရ မခက်ပါဘူးလေ”

သတ္တမ မူလကြယ်သည် ဘေးနားရှိ ဝိုင်ခွက်တစ်ခွက်အား ကောက်ယူလိုက်ပြီး ပျင်းရိစွာ တစ်ငုံသောက်လိုက်သည်။

ထို့နောက် သူ့အား ကျေနပ်အောင် ပြုစုပေးနေသော အမျိုးသမီးများ၏ လျှာလေးများပေါ်သို့ ကျန်ဝိုင်များကို လောင်းချလိုက်၏။

“ဟုတ်တယ်။ အခြား မူလကြယ်တွေက လက်ရှိမှာ အတူတကွ ပူးပေါင်းလုပ်ဆောင်နေကြတယ်။ ဒ့ါကြောင့် သူမက ရှင့်ကိုလည်း ပူးပေါင်း ကူညီစေချင်နေတယ်”

ဂျီနီယာသည် သတ္တမ မူလကြယ်၏ ရွံရှာဖွယ် လုပ်ရပ်များအပေါ် သူမ၏ ဒေါသများ မထုတ်ဖော်မိစေရန် စိတ်ကို အသဲအသန် ချုပ်တည်းရင်း ပြန်ပြောလိုက်ခြင်းဖြစ်လေသည်။

#Catfoot

All Chapters