← Chapters

အဖွဲ့အစည်းသစ်တစ်ခု

Vol. 42 Ch. 610

အဖွဲ့အစည်းသစ်တစ်ခု

Vol. 42 Ch. 610

….

“ကိုယ့် အနေနဲ့ ကိုယ့်ရဲ့ ချစ်လှစွာသော တူမလေးကို တကယ်ပဲ ကူညီပေးချင်ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ကိုယ့်မှာလည်း လက်ရှိငွေကြေးအခြေအနေက အခက်အခဲနဲနဲ ရှိနေတယ်။ ဒါကြောင့်လည်း အဖိုးတန် ကျွန်တစ်ယောက်ကို ရောင်းချဖို့ ‌တောင် ခက်ခက်ခဲခဲ ဆုံးဖြတ်ချက် ချခဲ့ရတယ်။ ဒါ့ကြောင့် လောလောဆယ်တော့ သူမကို ကူညီနိုင်မယ် မထင်ဘူး” ဟု သတ္တမ မူလကြယ်မှ အယ်လီနာနှင့် သွားရောက်တွေ့ဆုံရန် ဂျီနီယာ၏ ဖိတ်ခေါ်ချက်ကို ချက်ချင်းပင် ငြင်းပယ်လိုက်၏။

သူ၏ စကားလုံးများအရ သူသည် အယ်လီနာအား ကူညီရန် အနည်းငယ်ပင် စိတ်ဝင်စားမှု ရှိဟန်မရပေ။

“ရှင်... ကောင်းပြီလေ ။ ကျွန်မ ဒီသတင်းစကားကို အယ်လီနာဆီ သေခြာ အကြောင်းပြန်ပေးလိုက်ပါ့မယ်”

ဂျီနီယာသည် လက်သီးကို တင်းနေအောင် ဆုပ်ထားလိုက်ပြီးနောက် ထိုနေရာမှ ထွက်သွားရန် လှည့်လိုက်သည်။

သူမသည် တာဝန်အရ ပြောစရာရှိသည်ကို ပြောပြီးပြီဖြစ်ကာ ငြင်းပယ်ခြင်းကို လည်း ခံလိုက်ရပြီဖြစ်လေသည်။

သူမအနေနှင့် ဤနေရာတွင် ဆက်လက်ရှိနေစရာ အကြောင်းမရှိတော့ချေ။

“သူမကို ကူညီဖို့ နည်းလမ်းတစ်ခုတော့ ရှိကောင်း ရှိနိုင်ပါတယ်။ ဒါပေမဲ့ ဒါကလည်း မင်းရဲ့ ဆန္ဒပေါ် မူတည်နေတယ်”

ဂျီနီယာတစ်ယောက် အခန်းထဲမှ ထွက်ခွာတော့မည့် ဆဲဆဲအချိန်မှာပင် သတ္တမ မူလကြယ်၏ စကားသံအချို့ကို ထပ်မံ၍ ကြားလိုက်ရ၏။

ဂျီနီယာသည် ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားပြီး နောက်သို့ ပြန်လှည့်ကြည့်လိုက်သည်။

“ရှင်ဆိုလိုတာ ဘာလဲ”

“မင်း သိတဲ့အတိုင်းပဲ ကိုယ့်အခြေအနေက ကျွန်တစ်ယောက်ကို ရောင်းချပြီး သန်းတစ်ရာလောက်တော့ ရှာနိုင်ခဲ့တယ်လေ။ ဒါပေမဲ့ ကိုယ့်အနေနဲ့ နဲနဲမိုက်မဲတဲ့ အရာတစ်ခုကို ပြုလုပ်မိခဲ့တယ်”

“မူလကြယ်တစ်ပါးဟာ သူတို့ရဲ့ ကတိကို ဘယ်တော့မှ မဖောက်ဖျက်သင့်ဘူးမလား။ ဒါကြောင့် မင်းသာ ကိုယ့်ကို အဲ့ဒီကတိ ထိန်းသိမ်းဖို့ ကူညီနိုင်မယ်ဆိုရင် ကိုယ့်ရဲ့ ချစ်လှစွာသော တူမလေး အယ်လီနာကိုလည်း အလိုလို ကူညီရာ ရောက်သွားလိမ့်မယ်”

သတ္တမ မူလကြယ်သည် လက်နောက်ပစ်လိုက်ပြီး သက်တောင့်သက်သာ အနေအထားဖြင့် ပြန်ထိုင်နေလိုက်သည်။

“ဘယ်လို ကတိမျိုးမို့လဲ”

“ဒီမှာလေ ကိုယ့်ကို အကောင်းဆုံး ပြုစုပေးနိုင်မဲ့ သူကို သန်းတစ်ရာ ပေးမယ်လို့ ကိုယ် ကတိထားခဲ့မိတယ်။ ဒါကြောင့် ဒီမိန်းကလေး နှစ်ယောက်ဟာ အဲဒီအတွက် အသဲအသန် ယှဉ်ပြိုင်နေကြတာပေါ့”

သတ္တမ မူလကြယ်က ပြန်ဖြေလိုက်ပြီး သူ၏ မျက်လုံးများက ဂျီနီယာအား ရမ္မက်ခိုးဝေနေသော အကြည့်ဖြင့် အထက်အောက် စုံဆန် ကြည့်လိုက်သည်။

“တကယ်လို့ မင်းလေးသာ ဒီနေရာမှာ ကိုယ်တိုင်ပါဝင်လာမယ်ဆိုရင် ကိုယ့်နှလုံးသားကို တကယ်ပဲ အနိုင်ရနိုင်ချေ မြင့်မြင့်မားမား ရှိနေတယ်။ ဒါဆိုရင် မင်းအနေနဲ့ ကိုယ့်ကို အကူအညီတောင်းနေစရတောင် မလိုတော့ဘူး။ ကိုယ့်ရဲ့ ချစ်လှစွာသော တူမလေးကို မင်းကိုယ်တိုင်ပဲ ကူညီပေးနိုင်သွားလိမ့်မယ်လေ”

သတ္တမူလကြယ်သည် အစောပိုင်း လေလံပွဲမှ ရရှိငွေများကို တစ်နေရာရာတွင် အသုံးပြုရန် ကတိပေးထားပြီးဖြစ်သောကြောင့် အမှန်တကယ်ပင် စိတ်ရှုပ်ထွေးနေသည့်အလား ပြောဆိုလိုက်ခြင်းဖြစ်လေ၏။

သူသည် သူ၏ တူမဖြစ်သူ အယ်လီနာကို ကူညီ‌ပေးလိုသော်လည်း ထိုကတိကို မချိုးဖျက်နိုင်သဖြင့် အတော်လေးစိတ်မကောင်းဖြစ်နေဟန်ပင်။

ဂျီနီယာသည် ဤလူယုတ်မာလိမ်နေသည်အား သေခြာသိနေသော သူမတွင် ပြန်လည် သက်သေပြရန် နည်းလမ်းမရှိပေ။

သူမသည် ထိုမူလကြယ်ထံမှ ငွေကြေးအချို့အမှန်တကယ် ရယူလိုပါက သူ၏ စည်းမျဉ်းများအတိုင်း အလိုက်သင့် ကစားပေးရုံသာ ရှိတော့သည်။

“အဲဒီ ‌ငွေတွေကို ဟိုနှစ်ယောက်အတွက်ပဲ ထားလိုက်ပါ။ ကျွန်မတော့ မလိုချင်ဘူး” သူမသည် ထိုမူလကြယ်အား မကျိန်ဆဲမိစေရင်းမှ မိမိကိုယ်ကိုယ် အစွမ်းကုန် ကြိုးစားလိုက်ရသည်။

သူမသည် အယ်လီနာကို ကူညီလိုသော်လည်း ထိုလူ လိုချင်သည့်အရာကိုတော့ လုပ်ခွင့်ပေးမည် မဟုတ်ပေ။

သူမ အလျင်အမြန်ပင် ထိုကျက်သရေမရှိသည့် အခန်းမှ ထွက်ခွာသွားတော့သည်။

သတ္တမ မူလကြယ်သည် မျက်မှောင်ကြုတ်လျက် ကျန်ရစ်ခဲ့သည်။

“သူမအနေနဲ့ တကယ်ပဲ ကမ်းလှမ်းချက်ကို လက်ခံလိမ့်မယ်လို့ ငါမျှော်လင့်ထားခဲ့တာ။ ဘယ်လောက် စိတ်ပျက်စရာကောင်းလိုက်လဲ”

သတ္တမူလကြယ်သည် ခေါင်းကို အသာအယာ ခါယမ်းလိုက်ပြီး လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။

ထို့နောက် သူ၏ အခန်း တံခါး ပြန်ပိတ်သွားခဲ့ကာ ထိုအချိန်တစ်လျှောက်လုံး အနည်းငယ်မျှပင် အချောင်မခိုပဲ သူကျေနပ်အောင် အလုပ်ကြိုးစားနေခဲ့သော အမျိုးသမီးနှစ်ဦးအပေါ် သူ၏ အာရုံများကို ပြန်လည် ပြောင်းလဲထားလိုက်၏။

...

‘ဘာဖြစ်သွားတာလဲ’

နေရာတစ်ခုတွင်မူ အာရန်တစ်ယောက် အတော်လေး မယုံကြည်နိုင်စရာ ဖြစ်ရပ်တစ်ခုနှင့် ကြုံတွေ့နေရလေသည်။

သူသည် လေလံဌာန အစောင့်တစ်ဦး၏ အရိပ်အတွင်း၌ ပုန်းအောင်းနေခဲ့ခြင်းဖြစ်ပြီး ၎င်းအစောင့်သည် စင်မြင့်ဆီသို့ ဦးတည်သွားနေခဲ့လေသည်။

အာရန်သည် အစောပိုင်းက ထိုအစောင့်ကို ရိုးရိုး သာမန်အစောင့်တစ်ဦးဟုသာ ထင်မှတ်ထားခဲ့မိသော်လည်း အချိန်ကြာလာသည်နှင့်အမျှ အခြေအနေသည် သူ ထင်ထားသည့်အတိုင်း မဟုတ်ကြောင်း သဘောပေါက်လာခဲ့သည်။

ထိုအစောင့်အား အခြား အစောင့်များက တားဆီးလိုက်ကြပြီး ဘာကြောင့်ဤနေရာသို့ လာရကြောင်း မေးမြန်းနေကြသည်။

ထိုမေးခွန်းများအား ပြန်လည်ဖြေရှင်းရမည့်အစား အာရန်အရိပ်အဖြစ် လိုက်ပါလာသည့် အစောင့်သည် အခြား အစောင့်များအား ရုတ်တရက် သတ်ပစ်လိုက်လေ၏။

ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် အာရန်သည် သူလိုက်ပါလာခဲ့မိသည့် အစောင့်မှာ လေလံဌာနမှ သာမန် အစောင့်တစ်ဦး မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း သိလိုက်သည်။

ထိုအစောင့်သည် စင်မြင့်အနားသို့ ချဉ်းကပ်ရန်ပင် ခွင့်ပြုချက် ရှိထားသူတစ်ဦး မဟုတ်ခဲ့ပေ။

ထိုအစောင့်ဟုထင်မှတ်ထားသူသည် သူ့ကဲ့သို့ပင် တစ်စုံတစ်ရာ ရည်ရွယ်ချက်ရှိသူ တစ်ဦးဖြစ်ဟန်ရနေပြီး သူ၏ ကိုယ်ပိုင် ရည်ရွယ်ချက်အတွက် ထိုစင်မြင့်အနီးသို့ ချဉ်းကပ်ရန်ကျိုးစားနေသူတစ်ဦး ဖြစ်နေသည့်ပုံပင်။

“ငါ လေလံစင်မြင့်အနားရောက်နေပြီ ။ မင်း နေရာယူထားပြီပြီမလား” ထိုသံသယဖြစ်ဖွယ် အစောင့်သည် သူ၏ လက်ကောက်ဝတ်နေရာအား နှုတ်ခမ်းကို ကပ်လိုက်ကာ တစ်စုံတစ်ရာအား မေးမြန်းလိုက်ပုံရသည်။

“ကျွန်မ နေရာယူထားပြီးပြီအဆင့်သင့်ပဲ။ တစ်ကနေ သုံး အထိ ရေတွက်ပြီးတာနဲ့ ကျွန်မ စတော့မယ်။ ဒါကြောင့် ရှင်လည်း အဆင်သင့် ပြင်ထားတော့”

ထိုလူ၏ လက်ကောက်ဝတ်ပေါ်ရှိ နာရီကဲ့သို့အရာတစ်ခုဆီမှ အမျိုးသမီးတစ်ဦး၏ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

“ဒါပေမဲ့ အဲ့ဒီအစွမ်းရဲ့ အာနိသင်သက်ရောက်မှုက သိပ်ကြာကြာခံမှာ မဟုတ်ဘူး။ ရှင် အဲဒီကနေ ထွက်ဖို့ ငါးမိနစ်ပဲ အချိန်ရလိမ့်မယ်”

“ကောင်းပြီ။ နားလည်ပြီ”

ထိုလူသည် သူ၏ လက်ကို ပြန်ချလိုက်ပြီး သူ၏ လမ်းကြောင်းတွင် ချန်ထားခဲ့သော အလောင်းများကိုပင် ရှင်းလင်းခြင်းမပြုတော့ဘဲ ရှေ့သို့သာ ဆက်သွားခဲ့သည်။

အာရန်သည် သူ့အနေနှင့် မည်သည့်ကိစ္စတွင် ပါဝင်ပတ်သက်နေမိသည်ကိုပင် မသိနိုင်ခဲ့ချေ။

အာရန်သည် ဂိတ်တံခါးပေါက် ကျောက်တုံးအား ခိုးယူရန် ကြိုးစားနေခြင်းသာ ဖြစ်သော်လည်း ထိုမျှ ကြီးမားသော တစ်စုံတစ်ယောက်၏ အစီအစဉ်တစ်ခုအတွင်းသို့ အလိုလို ပူးပေါင်း ပါဝင်မိပြီးသား ဖြစ်သွားခဲ့ရခြင်းဖြစ်လေသည်။

ထိုအစောင့်သည် တစ်ဦးတစ်ယောက်တည်း ဖြစ်ဟန်မရဘဲ မူလကြယ် ဒီမွန်များ ရှိနေခြင်းကိုပင် စိုးရိမ်ခြင်း မရှိသည့် အဖွဲ့အစည်းတစ်ခု၏ အဖွဲ့ဝင်တစ်ဦး ဖြစ်ပုံရလေ၏။

အာရန်သည် ဤဖြစ်ရပ်အား မည်သို့ယူဆရမည်ကိုပင် မသိတော့ချေ။

တစ်စုံတစ်ရာက သူ့အား ကူညီနေသည့်အတွက် သူ့အနေနှင့် ဝမ်းသာသင့်သလား..။ သို့တည်းမဟုတ် အခြေအနေများသည် ဤမျှအထိ ရှုပ်ထွေးကုန်သည့်အတွက် သူ့အနေနှင့် ဒေါသထွက်သင့်သလား....။

အစောင့်သည် သတ်မှတ် နေရာဆီသို့ ရောက်ရှိပြီးနောက် သူ၏ လက်ဆစ်များကို ပြန်ချိုးလိုက်သည်။

ထိုနေရာသည် အစောင့်များဝိုင်းရံထားသော စင်မြင့်မှ ပေ နှစ်ဆယ်ခန့်သာ ကွာဝေးလေသည်။

ထိုနေရာတွင် သုံးစက္ကန့် ကုန်လွန်ခဲ့ပြီးဖြစ်သော်လည်း သူသည် စင်မြင့်ဆီသို့ အလျင်အမြန် မသွားခဲ့ချေ။

ယင်းအစား သူသည် တစ်စုံတစ်ရာကို စတင်ရေတွက်နေခဲ့၏။

“တစ်...”

“နှစ်...”

“သုံး....”

လေလံတင်စျေးနှုန်းများ တိုးတက်လာမှုသည် တဖြည်းဖြည်း ပိုမို၍ နှေးကွေးလာခဲ့သည်။

ဤအခြေအနေတွင် အာရန်သည်ပင် ၎င်းဆီမှ ဖိအားအား လှမ်း၍ ခံစားမိလိုက်သည်။

လေလံပွဲသည် ရုတ်တရက်တစ်စုံတစ်ရာဖြစ်ပွားခြင်းမျိုးမရှိမှီ သည်အတိုင်းသာ ပြီးဆုံးသွားမည်ဆိုပါက သူအတွက်လည်း အရာအားလုံး အချည်းနှီး ဖြစ်သွားပေလိမ့်မည်။

ထိုသံသယဖြစ်ဖွယ် အစောင့်သည်သာ ၎င်းတို့၏ အစီအစဥ်များ ဆက်လက်‌နှေးကွေးနေမည်ဆိုပါက အာရန်သည် သူကိုယ်တိုင် ရှေ့ထွက်လှုပ်ရှားရန် ဆုံးဖြတ်ချက်ချလိုက်ရသည်။

နောက်ဆုံး လေလံစျေးနှုန်းကို မြင့်တင်လိုက်ခြင်းသည် အယ်လီနာဆီမှ ဖြစ်ပြီး အခြား အခန်းများမှ ထပ်မံ တိုးမြှင့်ခြင်းမျိုး မရှိတော့ပေ။

လေလံပွဲ တင်ဆက်သူသည် လေလံပြိုင်ခြင်း အဆုံးသတ်ခါနီး နောက်ဆုံး အခွင့်အရေးပေးသည့် အနေဖြင့် တစ်ခေါက်ထပ်မံ၍ ကြေငြာလိုက်လေသည်။

အာရန်သည် တစ်စုံတစ်ရာဖြစ်လာတော့မည်လား သို့မဟုတ် ဤသည်မှာ အမှန်တကယ် အဆုံးသတ်ဖြစ်သွားပြီလား သိရှိရန် အခြား အခန်းများ၏ အခြေအနေကို သူ၏ ကောင်းချီးစွမ်းအင်မျာ ဖြန့်ကျက်၍ စစ်ဆေးကြည့်လိုက်၏။

သို့သော် သူ ထိုသို့ လုပ်ဆောင်လိုက်မိသောခဏမှာပင် လုံးဝ ထိတ်လန့်စရာ အခြေအနေတစ်ခုကို သတိထားမိလိုက်သည်။

ဒုတိယ အခန်းအတွင်း၌ မူလကြယ် ဒီမွန်များစွာ စုဝေးရောက်ရှိနေကြလေသည်။

ဒုတိယ မူလကြယ်ပင်လျှင် ၎င်းတို့နှင့် အတူတကွ ပူးပေါင်း ဆောင်ရွက်နေသည့်အလား ထိုနေရာတွင် ရှိနေခဲ့၏။

သို့သော် အာရန်အား အမှန်တကယ် ထိတ်လန့်စေခဲ့သည်မှာ ၎င်းတို့ထဲမှ မည်သူမျှ လှုပ်ရှားနိုင်ခြင်း မရှိကြခြင်းပင်။

သူတို့၏ မျက်ဝန်းများသည် မယုံကြည်နိုင်စွာ တုန်ယင်နေကြပြီး အမည်မသိ အင်အားတစ်ခုမှ ၎င်းတို့၏ လှုပ်ရှားနိုင်စွမ်းများကို ကန့်သတ်ထားသည့်အလား ထင်မှတ်ရလေသည်။

၎င်းသည် ဒုတိယ အခန်းတစ်ခုတည်း အတွက်သာမက အခြားအခန်းများရှီ မူလကြယ် ဒီမွန်များအားလုံးသည်လည်း ထိုအင်အား၏ သက်ရောက်ခြင်းကို ခံနေကြရသည်။

အစောပိုင်း အမျိုးသမီးမှ ငါးမိနစ် အချိန်ရသည်ဟု ပြောသောစကားသည် ဘာကို ဆိုလိုခြင်းဖြစ်သည်ကို အာရန်တစ်ယောက် နောက်ဆုံးတွင် နားလည်သွားခဲ့သည်။

မူလကြယ်များကို ကန့်သတ်ရန် ပြင်ပအကူအညီတစ်ခုခု အသုံးပြုခဲ့ခြင်း ဖြစ်ဟန်ရသော်လည်း ဤငရဲဘုံတွင် ၎င်းတို့အား ထာဝရ ကန့်သတ်ထားနိုင်သည့် အရာမျိုးတော့ ရှိနေဟန်မရပေ။

#Catfoot

All Chapters