အကူအညီပေးခြင်း သို့မဟုတ် လှည့်စားခြင်း
Vol. 42 Ch. 615
…
“သူ နောက်ဆုံးတော့ ရောက်လာပြီပေ့ါ”
ထိုလူဝကြီးသည် ခြေသံအချို့ကို ကြားလိုက်ပြီးနောက် မတ်တပ်ရပ်လိုက်သည်။
အမျိုးသမီးသည်လည်း သူမ၏ ဦးခေါင်းကို မော့လိုက်သော်လည်း သူမအနေနှင့် အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားမိလိုက်သည်။
သူမ ထိုလူအကြောင်းကို ကောင်းစွာ သိထားလေသည်။
သူသာ ပြန်ရောက်လာခြင်းဆိုပါက လူကိုယ်တိုင်ရောက်မလာခင်မှာပင် သူ၏ အောင်မြင်မှုများကို ကြွားလုံးထုတ်သော အသံကို အရင်ကြားရလိမ့်မည်ဖြစ်၏။
သို့သော် ယခုမူ အဘယ်ကြောင့် တိတ်ဆိတ်စွာ ရောက်ရှိလာရသနည်း။
ပို၍ ထူးဆန်းသည်မှာ ခြေသံများသည် သူမ၏ ခြေသံများထက် ပို၍ လေးလံနေပုံရလေသည်။
ဤသို့ဖြင့် မကြာမီမှာပင် ရောက်ရှိလာသူအား သဲသဲကွဲကွဲ မြင်လိုက်ကြရသည်။
သူတို့ စောင့်ဆိုင်းနေသော ပုဂ္ဂိုလ်အား ထိုနေရာတွင် အမှန်တကယ်မြင်တွေ့လိုက်ရသည်။
သို့သော် ထိုသူသည် သူ့ကိုယ်ပိုင် ခြေထောက်များဖြင့် ပုံမှန်အတိုင်း လမ်းလျှောက်လာခြင်းမျိုးတော့ မဟုတ်ပေ။
ယင်းအစား သူ၏ လှုပ်ရှားမှုကင်းမဲ့နေသော ခန္ဓာကိုယ်ကို တစ်စုံတစ်ဦးက သယ်ဆောင်လာခြင်းမျိုး ဖြစ်လေသည်။
ထိုမြင်ကွင်းက သူတို့နှစ်ဦးစလုံး၏ အမူအရာအား လုံးဝ မည်းမှောင်သွားစေခဲ့သည်။
“ကောင်းကွာ”
လူဝကြီးသည် စိတ်ပျက်စွာဖြင် သူ၏နှာဖူးကို ပြန်ရိုက်လိုက်မိသည်။
သူ၏ အဖော်သည် နာရီကဲ့သို့ အရာအပါအဝင် သူ ကိုင်ဆောင်ထားသည့် အရာအားလုံးနီးပါး လုယူခံလိုက်ရသည့်ပုံပင်။
၎င်းတို့ ဤနေရာသို့ ရေရွယ်ရောက်ရှိလာသည့် ဂိတ်တံခါးပေါက် ကျောက်တုံးအားပင် မမြင်ရတော့ပေ။
“မင်းတို့ သူ့ကို စောင့်နေတာမလား” ဟု အာရန်က မေးလိုက်သည်။
“စိတ်မပူပါနဲ့။ သူ အသက်ရှင်နေတုံးပဲ”
အာရန်သည် ထိုကျူးကျော်သူ သူခိုးအား အချိန်မရွေး သတ်နိုင်ပုံရနေသော်လည်း ၎င်းအား အမျိုးသမီးဘက်သို့သာ ပစ်ပေးလိုက်သည်။
အမျိုးသမီးသည် လျင်မြန်စွာဖြင့် သူမအဖော်အား ဖမ်းယူထားလိုက်သည်။
သူမကိုယ်တိုင် စစ်ဆေးကြည့်လိုက်သောအခါ ထိုသူသည် အမှန်တကယ် အသက်ရှင်နေဆဲဖြစ်ကြောင်း အတည်ပြုနိုင်လိုက်သဖြင့် နောက်ဆုံး၌ သက်ပြင်းချနိုင်သွားခဲ့၏။
သူမအနေနှင့် အာရန်မှ ထိုသူအား အသက်ရှင်လျှက် ဤနေရာသို့ ခေါ်ဆောင်လာခဲ့သည့် အချက်အား နားမလည်နိူင် ဖြစ်သွားခဲ့ရသည်။
“မင်းတို့ ဒီနေရာကနေ အမြန်ထွက်သွားသင့်တယ်။ ကျုပ် မူလကြယ်များကို အကြောင်းကြားသွားပြီး။ စက္ကန့်အနည်းငယ်အတွင်း သူတို့ ဒီကို ရောက်လာကြလိမ့်မယ်”
အာရန်သည် ထိုကျူးကျော်သူ၏ အသက်ကို အနည်းငယ်မျှပင် ဂရုစိုက်ပုံရသော ခပ်ဝဝလူအား ပြောလိုက်ခြင်းဖြစ်၏။
“ဂိတ်တံခါးပေါက် ကျောက်တုံးကို ပြန်ပေးပါ။ အဲဒါက ငါတို့ အိမ်ပြန်နိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းပဲ”
ထိုလူဝကြီးသည် အာရန်မှ ထိုကျောက်တုံးအား ယူဆောင်ထားခြင်းဖြစ်ကြောင်း လုံးဝ သေချာနေသဖြင့် လှမ်း၍တောင်းလိုက်သည်။
အာရန်တစ်ယောက် ၎င်းအဖော်ကို အသက်ရှင်လျက် ပြန်ပို့ရသည့် အကြောင်းရင်းအား သူ့အနေနှင့် ဂရုစိုက်ပုံမရချေ။
ထိုလူငယ်သည် ၎င်းတို့အကြောင်း သိရှိသွားပြီဖြစ်ကာ ဖြစ်နိုင်ပါက ၎င်းတို့အနေဖြင့် ဂိတ်တံခါးပေါက် ကျောက်တုံးကို ပြန်လည်ရယူနိုင်လျှင်အကောင်းဆုံးဖြစ်ပေလိမ့်မည်။
“ခင်ဗျားတို့ အိမ်ပြန်နိုင်ဖို့အတွက်က အဲဒီ ဂိတ်တံခါးပေါက် ကျောက်တုံးကို မရှိမဖြစ် လိုအပ်တာမျိုးမဟုတ်ဘူးဆိုတာ ကျုပ်သိထားပြီးပြီ” ဟု အာရန်က ပြန်ဖြေလိုက်သည်။
“ကျုပ်အနေနဲ့ ခင်ဗျားတို့ ဘယ်ကလာတယ်ဆိုတာ ရိပ်မိပြီးပြီး ပြီးတော့ ခင်ဗျားတို့ အဖော်ကို အသက်ရှင်လျက် ပြန်ပို့ပေးလိုက်တာကပဲ ကျုပ်ရဲ့ သဘောထား ကြီးမှုကို ပြသခဲ့ပြီးပြီမဟုတ်လား။ ဒါပေမဲ့ ခင်ဗျားတို့က ခုနေ ထွက်မသွားချင်သေးဘူး ဆိုရင်တော့ မူလကြယ်တွေ ရောက်လာတဲ့အထိ ဒီမှာ ထပ်ပြီးစောင့်နေနိုင်တယ်။ အဲဒီအခါကျရင် ခင်ဗျားတို့တစ်တွေ ခုလိုအခြေအနေကောင်းနေနိုင်တော့မယ်လို့ ကျုပ်အနေနဲ့ ထပ်ပြီးအာမခံနိုင်မှာ မဟုတ်ဘူး”
“မင်းကို ငါတို့ စက္ကန့်အနည်းငယ်အချိန်အတွင်း သတ်ဖို့ လုံလောက်တယ်ဆိုတာ မင်း သဘောပေါက်တယ် မဟုတ်လား”
လူဝကြီးသည် အလျော့မပေးသေးပဲ သူ၏ မျက်လုံးများကို ကျဉ်းမြောင်းရင်း မေးလိုက်သည်။
“မင်းရဲ့ သူငယ်ချင်း ကြိုးစားခဲ့ပြီးပြီ။ မင်းလည်း ကြိုးစားကြည့်နိုင်ပါတယ်။ ဒါပေမဲ့ ရှင် စက္ကန့်အနည်းငယ်အတွင်း ငါ့ကို မသတ်နိုင်ရင်တော့ ..... “
အာရန်၏ မျက်နှာတွင် ကြောက်ရွံ့မှုအနည်းငယ်မျှ ရှိမနေခဲ့ချေ။
သူသည် အပြစ်ကင်းစွာ ပခုံးတွန့်ပြလိုက်ပြီး မည်သည့် အခြေအနေမျိုးတွင်မဆို သူ့တွင် ဆုံးရှုံးစရာ ဘာမှ မရှိတော့သည့်အလားပင်။
အာရန်၏ စကားသံဆုံးသည်နှင့်တစ်ပြိုင်နက် ကျောက်ဆောင်များ ပြိုကျလာသကဲ့သို့ သိပ်မဝေးသော နေရာတစ်ခုမှ အသံအချို့ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။
“ကျွန်တို့ သွားဖို့သင့်ပြီ ကျွန်မတို့မှာ ဒီအတွက် အချိန် မရှိတော့ဘူး”
အမျိုးသမီးသည် ထိုအသံကို ကြားသောအခါ ပထမဆုံး တုံ့ပြန်ခဲ့သူဖြစ်သည်။
သူမသည် သူမ၏ ရတနာပစ္စည်းကို တစ်ကြိမ် အသက်သွင်းခဲ့ပြီးဖြစ်၏။
ယခုအကြိမ်တွင် မူလကြယ်များ ဤနေရာသို့ ရောက်ရှိလာမည်ဆိုပါက သူမအနေနှင့် ၎င်းတို့အား တားဆီးနိုင်စွမ်းမရှိတော့ချေ။
လူဝကြီးသည် သူမ၏ စကားများကို တုံ့ပြန်မှုမပြသောအခါ သူမသည် မေ့မျောနေသော သူမ၏အဖော်အားပွေ့ကာ ယဇ်ပလ္လင်ဆီသို့ ထွက်သွားခဲ့သည်။
“တစ်ခါတစ်လေမှာ အရှုံးကိုလက်ခံလိုက်တာက အသက်ကိုစတေးလိုက်ရမှာနဲ့စာရင် ပိုပြီးကောင်းမွန်ပါသေးတယ်”
သူမ၏ အဖော်သည်ပင် ထိုလူငယ်နှင့် ရင်ဆိုင်ပြီးနောက် ထိုသို့သော အခြေအနေမျိုး ကျရောက်သွားခဲ့သည်ဆိုပါက သူတို့နှစ်ဦးအနေဖြင့် ထိုလူငယ်အား စက္ကန့်အနည်းငယ်အတွင်း အနိုင်ယူနိုင်မည် မဟုတ်ကြောင်း သူမကောင်းစွာနားလည်ထား၏။
ထိုသို့ပြုလုပ်မည်ဆိုပါက ၎င်းတို့အတွက် အခြေအနေမကောင်းနိုင်ပေ။
ထိုလူငယ်သည် ၎င်းတို့ နောက်ခံအား အနည်းငယ်ရိပ်မိသွားသောကြောင့်သာ ပြသနာအရှည်မတက်လိုသောကြောင့် ၎င်းတို့အား လွတ်မြောက်ရန် ကူညီပေးခဲ့ပုံရလေသည်။
မူလကြယ်များမှာမူ ထိုသို့ပြုမူမည် မဟုတ်ပေ။
“မင်းကို ငါ မှတ်ထားတယ်”
လူဝကြီးသည် အသံများပိုမိုနီးကပ်လာသဖြင့် မနေသာတော့ပဲ ယဇ်ပလ္လင်အား ပြင်ဆင်လိုက်ရသည်။
“ခင်ဗျား မှတ်မိနေပါစေလို့ ကျုပ်ကလဲ မျှော်လင့်ပါတယ်”
အာရန်သည် သူ၏ လက်ကို ဝှေ့ယမ်း၍ နှုတ်ဆက်ပြလိုက်ကာ ယဇ်ပလ္လင်မှ အလင်းရောင်များ ထွက်ပေါ်လာနေသည်ကို စိုက်ကြည့်နေခဲ့သည်။
ထို့နောက် အာရန်၏ မျက်စိရှေ့မှာပင် ထိုအထက်ကမ္ဘာမှ ဧည့်သည်နှစ်ဦးသည် ရုတ်တရက် ပျောက်ကွယ်သွားခဲ့လေသည်။
အာရန်သည် ဂိတ်တံခါးပေါက် ကျောက်တုံးကို ထုတ်ယူလိုက်ပြီးနောက်် လေထဲသို့ ပစ်တင်၍ ဆော့ကစား နေလိုက်၏။
“ငါ ဒီလောက် ကြိုးစားပမ်းစား ရယူထားရတာလေးကို ဘယ်လိုကြောင့်များ ဟိုမူလကြယ်တွေကို လှမ်းအသိပေးရမှာလဲ။ တကယ်ပဲမင်းတို့ အဲ့ဒါကို ယုံသွားခဲ့ကြတာပဲနော်။ မိုက်မဲလိုက်ကြတာ...”
အာရန်သည် အထက်ကမ္ဘာသို့ သွားရောက်နိုင်သည့် ထိုဂိတ်တံခါးပေါက် ကျောက်တုံးအား သူ၏ စနစ်သိုလှောင်ခန်းထဲသို့ ပြန်သိမ်းထားလိုက်ပြီး ဂူအတွင်းရှိ အခြေအနေများကို အနည်းငယ် အကဲခပ်ကြည့်လိုက်သည်။
ထိုအချိန်မှာပင် အာရန်၏ သွေး ကိုယ်ပွားတစ်ဦးသည် လှိုင်ဂူအတွင်းတစ်နေရာတွင် လေးလံသော ကျောက်တုံးတစ်လုံးကို သယ်ဆောင်လာကာ မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီး အစောပိုင်းကကဲ့သို့ ကျယ်လောင်သောအသံတစ်ခုကို ထပ်မံ၍ ဖန်တီးလိုက်လေသည်။
“မင်း တော်တယ်”
အာရန်သည် သူ၏ လက်တစ်ဖက်ကို ဆန့်တန်းလိုက်ပြီး ထိုသွေးကိုယ်ပွားအား သွေးစက်ငယ်တစ်ခုအဖြစ် အသွင်ပြန်ပြောင်းသွားစေကာ သူ၏ ခန္ဓာကိုယ်နှင့်ပေါင်းစပ်ရန် ပြန်ဆင့်ခေါ်လိုက်၏။
ထို့နောက်အာရန်သည် စနစ်သိုလှောင်ခန်းအတွင်း၌ သိမ်းဆည်းထားသော ပေါက်ကွဲပစ္စည်း အနည်းငယ်ကို ထုတ်ယူလိုက်ပြီးနောက် ထိုဂူတစ်ခုလုံးတွင် နေရာချထားကာ ထိုနေရာမှ ထွက်လာခဲ့လေသည်။
အာရန်သည် အစောပိုင်း ဖြစ်ရပ်များအပါအဝင် သူ၏ခြေရာလက်ရာအားလုံးကို လုံးဝ ဖျက်ဆီးလိုနေခဲ့ကာ နစ်ခရိုမန်ဆာ မျှော်စင်မှ ပေါက်ကွဲပစ္စည်းများဖြင့် ဤနေရာတစ်ခုလုံးကို ပြန်လည်မြေမြှုပ်ပစ်ရန် စီစဥ်လိုက်သည်။
“သူတို့ရဲ့ သူငယ်ချင်းက သေဆုံးနေပြီသားဆိုတာကို သူတို့ ဘယ်အချိန်လောက် သတိထားမိသွားလောက်မလဲ”
အာရန်သည် ထိုလျှို့ဝှက်ဂူ၏ အဆုံးတစ်ဖက်ဘက်သို့ ပြန်ရောက်သွားသောအခါ တိုးတိုးလေး ရေရွတ်လိုက်မိသည်။
“သူတို့ မသိရင် ပိုကောင်းလိမ့်မယ်။ သူတို့သာရောက်ရောက်ချင်းသိပြီး သူ့ကိုယ်ထဲထည့်ထားတဲ့ ငါ့ရဲ့ ဝိညာဉ် အစိတ်အပိုင်းငယ်လေးကို ဖျက်ဆီးလိုက်ကြရင် တကယ့်ကို နှမျောစရာကြီး ဖြစ်သွားလိမ့်မယ်။”
ထို့နောက် အာရန်သည် ထိုမြေအောက်လှိုင်ဂူအတွင်းမှ ထွက်ခွာသွားတော့၏။
ဤသို့ဖြင့် အာရန်တစ်ယောက် လုံလောက်သော အကွာအဝေးတစ်ခုသို့ ရောက်သောအခါ မြို့တစ်ခုလုံးကိုပါ တုန်ခါစေသည့် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပွားတော့သည။
မူလကြယ်များသည်လည်း ထိုပေါက်ကွဲမှုဖြစ်ရာ နေရာဆီသို့ အပြေးအလွှား ထွက်ခွာသွားကြသည်။
ဤကဲ့သို့ လူတိုင်း အာရုံပျံ့လွင့်နေကြစဉ် အာရန်မှာမူ သူ၏ ကိုယ်ပွား တည်ရှိရာ လေလံဌာနသို့ ပြန်သွားရန် သူ၏ အမြန်နှုန်းအား တိုးမြှင့်လိုက်၏။
အာရန်သည် လေလံဌာန ဝင်ပေါက်ဝသို့ အချိန်မှီ ပြန်ရောက်နိုင်ခဲ့သော်လည်း အထဲသို့ ဝင်မည် ပြုလိုက်သည့် အချိန်တွင် သူ့ရှေ့တွင် တစ်စုံတစ်ဦးပိတ်ရပ်နေသည်အား တွေ့လိုက်ရသည်။
“မင်း ဘယ်တွေလျှောက်သွားနေတာလဲ ငါ့ရဲ့ ရွှေသားမက်လေး” ဟု ပြောလိုက်သောအသံကို ကြားလိုက်ရသောအခါ အာရန်တစ်ယောက် ထအော်မိမတတ်ပင် ဖြစ်သွားခဲ့ရ၏။
“သခင် လိုက်ဆန်ဒါ”
အာရန်သည် အရိပ်အတွင်းမှ ထွက်လာခဲ့ကာ ပေါက်ကွဲမှုဖြစ်ပွားရာနေရာသို့ သွားရောက်စပ်စုရန်ပင် မကျိုးစားပဲ ဤနေရာတွင်ကျန်နေခဲ့သည့် ပထမ မူလကြယ်၏ ရှည်လျားသော ခန္ဓာကိုယ်အား မော့ကြည့်မိလိုက်သည်။
#Catfoot