ထောင်ချောက်တစ်ခုဖြစ်ကြောင်း သိရှိလိုက်ရခြင်း
Vol. 10 Ch. 124
ပိုင်လင်းပြောသော ဆရာကြီးများ၏ နယ်ပယ်ဟူသည်ကို ကြားလိုက်ရသည့် အခါတွင် အန်လင်းသည် ရှုံ့မဲ့သွားပြန်သည်။
ကံကောင်းသည်မှာ ဒိုင်မေးရှင်းများ အတွင်း သွားလာသည့် လုပ်ဆောင်ချက် ရှိမနေခြင်းပင်။ မဟုတ်လျှင် အန်လင်းအနေဖြင့် မတော်တဆ ဆိုသလို နတ်ဘုရား အကြီးအကဲတစ်ပါး၏ နယ်ပယ်အတွင်းသို့ ဝင်ရောက်သွားနိုင်သည် မဟုတ်ပါလား။
“ဆရာကြီးများ နယ်ပယ်၏ အလင်းသည် သင်တို့အပေါ်တွင် ထွန်းလင်း လာပါလိမ့်မည်”
“အမွေအနှစ်ကို ရရှိရန် သေချာသည့် အခွင့်အလမ်း ရှိသော်လည်း သင်တို့အားလုံး၏ ကံတရား အပေါ်တွင်သာ မူတည် နေပေလိမ့်မည်” ပိုင်လင်းသည် ထိုစကားအား သူမမျက်နှာပေါ်တွင် အပြုံးဖျော့ဖျော့တစ်ခု တပ်ဆင်ကာဖြင့် ပြောလိုက်ခြင်း ဖြစ်သည်။
အနက်ရောင် ဖန်လုံးထံမှ အလင်းတန်းများ ထွက်ပေါ်လာပြီး အလင်းတန်းများသည် လူတစ်ယောက်ချင်းစီအား လွှမ်းခြုံသွားသည်။
စွန်းရှန့်လျန်သည် မျက်ခုံးများ တွန့်ကွေးကာဖြင့် မျက်လုံးများအား တင်းကျပ်စွာ ပိတ်လိုက်သည်။
သူတို့အားလုံးတို့သည် အနည်းငယ် စိတ်ရှုပ်ထွေးနေပုံ ရသည်။
တစ်ဦးကိုယ်တစ်ဦး ကြည့်လိုက် ကြပြီးနောက် မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေး နေသည့် အမူအရာများ ရေးထိုးထားလျက် ရှိနေကြသည်။
“သတ္တု အမွေအနှစ်အား အောင်မြင်စွာဖြင့် လက်ခံရရှိသည့် အတွက် ဂုဏ်ယူပါတယ်” ပိုင်လင်းသည် စွန်းရှန့်လျန်အား ညွှန်ပြကာ ပြုံးလျက် ကြေညာလိုက်သည်။
“ကျုပ်တို့ကကော” ဒဏ်ရာများနှင့် ပြည့်နေသည့် လောင်ကျိပင်သည် ပိုင်လင်း၏ စကားကို ကြားသည့်အခါတွင် အနည်းငယ် မကျေမနပ် ဖြစ်မိသည်။
“သင်တို့ကတော့ ကျရှုံးပါတယ်” ပိုင်လင်းသည် ပခုံးတွန့်လျက် ပြန်ဖြေသည်။
လူတိုင်း၏ မျက်နှာတွင် မကျေနပ်မှုများ ပေါ်လာကြသည်။ ဒီအမွေအနှစ် လွှဲပြောင်းပေးတဲ့ နည်းလမ်းက ...
တိုက်ခိုက်ဖို့ရန် အတွက် ကောင်းမွန်သည့် ခံစားချက် မဟုတ်သော်လည်းပဲ အမွေအနှစ် ရရှိရန်အတွက် ကံစမ်းခဲ့ကြရသည် မဟုတ်ပါလား။
အလင်းတန်း နောက်တစ်ခု ပေါ်လာပြီးနောက်တွင် လူတိုင်းသည် မူလစမ်းသပ်ရာ မြေပြင်သို့ ပြန်လည် ရောက်ရှိလာကြသည်။ စွန်းရှန့်လျန်၏ တောက်ပသည့် မျက်လုံးများ သည်လည်း ပြန်ပွင့်လာပြီးနောက် သူမ၏ အမူအရာသည် ပျော်ရွှင် ဝမ်းမြောက်လျက် ရှိနေသည်။
“ကျောင်းသူ စွန်းက ဘယ်လို အမွေအနှစ်တွေ ရရှိလိုက်တာလဲ” အန်လင်းသည် စူးစမ်းသည့် အနေဖြင့် မေးလိုက်သည်။
“ဟမ် ဘယ်လို ပြောရပါ့မလဲ။ ခရမ်းကြယ်စင် မျိုးနွယ်စုရဲ့ သတ္တုဒြပ်စင်အပေါ် နားလည်မှု အစိတ်အပိုင်း တစ်ခုပါပဲ”
“သွေးမျိုးဆက် စွမ်းအားကြောင့် ဖြစ်ရမယ်။ ငါ့အနေနဲ့ အများကြီး နားလည် သဘောပေါက်လိုက် ရတာကြောင့် နောက်ပိုင်းမှာ ဓားအပေါ် နားလည်မှုကို ပိုပြီး အထောက်အကူ ပေးနိုင်တယ်”
စွန်းရှန့်လျန်၏ အေးစက်စက်နှင့် အမူအရာ ကင်းမဲ့သည့် မျက်နှာပြင်တွင် တောက်ပသည့် အပြုံးတစ်ခု ဖြစ်ထွန်းလာသည်။
သူမ၏ အမူအရာအရ ထိုအမွေအနှစ်မှ အကျိုးကျေးဇူးများစွာ ရရှိသည် ဖြစ်ကြောင်း သိသာလှပေသည်။
အရမ်းကို မနာလိုစရာ ကောင်းလိုက်တာ။ ဘာများ လုပ်နိုင်ပါ့မလဲ။
“အဟမ်း ဟမ်း … ဆက်သွားကြတာပေါ့” အန်လင်း ပြောလိုက်သည်။
မုန့်ထျန်းနှင့် အခြားသူများသည်လည်း လက်များမြှောက်ကာ သဘောတူကြောင်း ပြကြသည်။
ထို့နောက်တွင် သူတို့သည် သုတေသန ပြုလုပ်သည့် ပစ္စည်းများဖြင့် ပြည့်နေသည့် အခန်းများ အတွင်းသို့ ရောက်ရှိလာကြသည်။ ထိုပစ္စည်းများသည် မည်သည့်အတွက် အသုံးပြုသည်ကို နားမလည်ကြသဖြင့် ထိပင် မကြည့်ကြတောချေ။ ပြတိုက်တစ်ခု အတွင်း လျှောက်ပတ် ကြည့်သည်နှင့်ပင် တူညီနေသေးသည်။
သူတို့သည် အခြားလိုဏ်ဂူ တစ်ခုအတွင်း ရောက်ကာနီးတွင် ပြဿနာတစ်ရပ် ပေါ်လာပြန်သည်။
ပိုင်လင်းသည် တင့်တယ်လှသည့် ဝတ်စုံဖြူဖြင့် နောက်တစ်ဖန် ပေါ်လာပြန်ပြီးနောက် ခပ်ပါးပါး ပြုံးကာဖြင့် လူတိုင်းအား လက်ပြနေလေသည်။
“သွေးမျိုးဆက် စမ်းသပ်မှုမှ ကြိုဆိုပါတယ်။ ဒီစမ်းသပ်မှုရဲ့ ရှင်သန်နိုင်ခွင့်က ရာခိုင်နှုန်း ၃၀ ဖြစ်ပါတယ်။ ပြုလုပ်ရမှာကတော့ ဒီနေရာမှာ ရှိနေတဲ့ လူသဏ္ဌာန် ပြုပြင် ပြောင်းလဲထားသော အရာများကို သတ်ဖြတ်ရမှာပါ”
“ဒီစမ်းသပ်မှုကို ဖြတ်ကျော် နိုင်သူများက သုတေသနခန်းမှာ ရှိတဲ့ သွေးမျိုးဆက် အမွေအနှစ်ကို ရရှိနိုင်မဲ့ အခွင့်အရေး ရရှိမှာပဲ ဖြစ်ပါတယ်” ပိုင်လင်းမှ ရှင်းပြလေသည်။
သုတေသနခန်းရဲ့ သွေးမျိုးဆက် အမွေအနှစ်တဲ့လား။
ရုတ်တရက်ဆိုသလို အန်လင်း၏ နှလုံးသားထဲတွင် ထူးဆန်းသည့် ခံစားချက်များ ဖြစ်ပေါ်လာသည်။ “ခဏလေး။ ခုနက သွေးမျိုးဆက် အမွေအနှစ်လို့ ပြောသွားတယ်လေ။ ဘယ်လို သွေးမျိုးဆက် အမွေအနှစ်မျိုးကို ပြောတာလဲ”
ပိုင်လင်းသည် ပြုံးလျက်နှင့်ပင် “ဒီသုတေသနခန်းမှာ ဖန်တီးထားတဲ့ သွေးမျိုးဆက် အမွေအနှစ်ကို ဆိုလိုတာပါ။ ခရမ်းကြယ်စင် မျိုးနွယ်စုရဲ့ ထုတ်ကုန်တစ်ခုလေ။ အရမ်းကို သဘာဝကျတယ်။ ဒီထုတ်ကုန်က အရည်အသွေး အမြင့်ဆုံးမှာ ရှိတယ်”
အန်လင်း “…”
သူမက ဘယ်လိုဖြစ်ပြီး အရောင်းစာရေးမ လေသံ ဖြစ်သွားရတာတုံး။
“သွေးမျိုးစပ် သုတေသနခန်းက ဖန်ပေါင်းချောင်ထဲမှာ ရှိတဲ့ အကောင်ကြီးတွေက ခင်ဗျားပြောတဲ့ သွေးမျိုးဆက် အမွေအနှစ်နဲ့ ဆက်စပ်မှုရှိလား” ကျုံးရုံရန်သည် ရုတ်တရက်ဆိုသလို ထိုနှစ်ခုအား ချိတ်ဆက်လိုက်သည်။
“အိုး … အဲဒါတွေက သွေးမျိုးဆက် အမွေအနှစ် စမ်းသပ်မှု မအောင်မြင်တာတွေလေ။ စိတ်မပူပါနဲ့။ အခု ကျွန်မပြောတဲ့ အမွေအနှစ်ဆိုတာက ပြီးပြည့်စုံတဲ့ ထုတ်ကုန်တစ်ခုပါ” ပိုင်လင်းသည် အမူအရာ ကင်းမဲ့စွာဖြင့် ပြန်ဖြေသည်။
ထိုစကားအား ကြားသည့်အခါတွင် လူတိုင်း၏ နှလုံးသားထဲတွင် စိတ်မသက်မသာ ဖြစ်သည့် ခံစားချက်များ ဖြစ်ပေါ်လာသည်။ သူတို့အား လူသားစမ်းသပ်ခံ အဖြစ် ပြုလုပ်ရန် တွန်းအားပေးနေခြင်း ဖြစ်ပြီး ဆုလာဘ်မှာလည်း ထိုက်တန်မှု မရှိပေ။
“တခြားအခန်းကိုပဲ သွားကြရအောင် အစ်ကိုကြီးအန်” မုန့်ထျန်းသည် စိတ်မသက်သာစွာဖြင့် အကြံပြုလိုက်သည်။
အန်လင်းသည်လည်း ခေါင်းညိတ်လိုက်သည်။ ဤနေရာသည် ကြီးမားလှသည့် အတွက် အခြားနေရာများကိုလည်း ရှာဖွေသင့်ပေသည်။
“ဒီစမ်းသပ်မှုကို ပါဝင်ဖို့အတွက် ငြင်းပယ်ပါတယ်” အန်လင်းသည် ပိုင်လင်းအား ပြောလိုက်သည်။
“စမ်းသပ်မှုကို လက်ခံတာလား။ ကောင်းတယ်။ စမ်းသပ်မှုက အခုပဲ စတင်ပါပြီ။ မင်းတို့အားလုံး ကံကောင်းပါစေ” ပိုင်လင်းသည် ထိုသို့ ပြောပြီးနောက်တွင် နေရာတွင်ပင် ပျောက်ကွယ်သွားသည်။
အန်လင်း “…”
လူတိုင်းသည် ဆွံ့အ သွားကြသည်။
ငလူး သူမက နားထိုင်းနေတာလား။
ငါတို့က ရှင်းရှင်း လင်းလင်းကြီးကို ငြင်းပယ် လိုက်တာလေ။
“ဖာ့ခ် … ငါတို့တော့ လှည့်စားခံရပြီ” လောင်ကျိပင်မှ ပြောသည်။
လူတိုင်းသည်လည်း ထိုအခါမှ နားလည်သွားကြပြီး သူတို့၏ မျက်နှာများတွင် ဒေါသတကြီး အမူအရာများ ဖြစ်လာကြသည်။
အဆိုပါ ပိုင်လင်းသည် မသင်္ကာဖွယ်ရာပင်။
မဟုတ်။ ဤအပျက်အစီးပုံကြီး တစ်ခုလုံးသည် မသင်္ကာဖွယ်ရာ ဖြစ်သည်။
ထိုအချိန်မှာပင် မြေပြင်မှ အပေါက်တစ်ခု ဖြည်းညင်းစွာ ပွင့်ဟလာသည်။
ယင်းအပေါက်မှနေ အနီရောင်အရည်များ ဖြည့်ထားသော ဒုရှည်သဏ္ဌာန်ရှိ ဖန်ပေါင်းချောင်တစ်ခု ဖြည်းဖြည်းချင်း မြင့်တက်လာသည်။
ဖန်းပေါင်းချောင်ပေါ်ရှိ တံခါးတစ်ချပ် ပွင့်သွားပြီးနောက်တွင် အတွင်းထဲရှိ အရည်များ ပန်းထွက်လာသည်။
“အားလုံးပဲ ဂရုစိုက်ကြ” အန်လင်းသည် လူတိုင်းအား လေးနက်မှု အပြည့်ဖြင့် သတိပေးလိုက်သည်။
အလွန်အမင်း စွမ်းအားကြီးသည့် တည်ရှိမှုတစ်ခုသည် ဖန်ပေါင်းချောင် အတွင်းမှ ပေါ်ထွက်လာသည်။
ဖန်ပေါင်းချောင် အတွင်းမှ လူတစ်ဦး လမ်းလျှောက် ထွက်လာသည်။ ထိုသူသည် အသက်ရှိုက်၍ ရှူနေပြီး ငရဲသားတစ်ဦးနှင့်ပင် ဆင်နေသေးသည်။
သူ၏ မျက်လုံးနှစ်လုံးမှာ နီရဲနေပြီး လက်များမှာလည်း နဂါးလက်သည်းများ အဖြစ်သို့ ပြောင်းလဲသွားပြီး ဖြစ်သည်။
ထိုသူသည် နဂါးလက်သည်းအား ဆန့်ထုတ် လိုက်ပြီးနောက် အရိုးတုတ်တစ်ခု ပေါ်ထွက်လာပြီး လူတိုင်းအား သွေးဆာနေသည့် အပြုံးတစ်ခု ပေးလိုက်လေသည်။
သူ၏အပြုံးမှာ အလွန်တရာ အေးစက်လှပြီး အရိုးတုတ်များ ထိအောင် ခိုက်ခိုက် တုန်လာစေသည်။
ထိုသူမှာ ရုတ်တရက် ဆိုသလို စတင် လှုပ်ရှားလာလေသည်။ ကြောက်မက်ဖွယ် အရှိန်ဖြင့် အရှေ့သို့ တက်လာပြီး သူ့ခန္ဓာကိုယ်မှာလည်း အနက်ရောင် မျဉ်းတစ်ခုအသွင်သို့ ပြောင်းလဲသွားသည်။
“လူစုခွဲ”
အန်လင်းသည် အော်ဟစ် လိုက်ပြီးနောက် ပြေးလာနေသည့် လူသားအသွင် သတ္တဝါအား တောင်ခွင်းလက်သီး အသုံးပြုလိုက်သည်။
ဘုန်း ...
စိတ်ဝိညာဉ် ပျိုးထောင်ခြင်း ကနဦးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည့်အတွက် အန်လင်း၏ တောင်ခွင်းလက်သီးမှာ ပိုမို စွမ်းအားပြင်းလာပြီ ဖြစ်သည်။ သန်မာ အားကောင်းသည့် ရွှေရောင် အလင်းတန်းသည် စမ်းသပ်မြေပြင် တစ်ခုလုံးအား ထွန်းလင်းသွားစေသည်။
အန်လင်း၏ ညွှန်ကြားချက် အတိုင်း လူစုခွဲလိုက် ကြပြီးနောက် အန်လင်းနှင့် ရှောင်ချိုးတို့အား တိုက်ပွဲရင်ဆိုင်ရန် နေရာဖယ်ပေး လိုက်ကြသည်။
ထိုသူသည် အန်လင်း၏ ရွှေလက်သီးအား သူ၏အရိုးတုတ်ဖြင့် ကာလိုက်ပြီး အနက်ရောင် ခုတ်ချက်တစ်ခု ဖန်တီးကာဖြင့် ချက်ချင်းဆိုသလိုပင် တောင်ခွင်းလက်သီးအား အခက်အခဲမရှိ ဖြိုခွဲလိုက်နိုင်သည်။ သူ၏အဟုန်ကိုမူ တားဆီးနိုင်ခြင်း မရှိချေ။
အန်လင်း၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားကြသည်။ တစ်ဖက်လူသည် သူ၏ အားအကောင်းဆုံးသော တိုက်ကွက်အား အလွန်လွယ်ကူစွာ ခုခံနိုင်မည်ဟု မျှော်လင့်မထားခဲ့ပေ။
ရှောင်ချိုးသည် အော်ဟစ်ကာဖြင့် သူ၏ ငွေသံတုတ်အား ထိုသူထံသို့ လွှဲရိုက်လိုက်သည်။
ရှောင်ချိုး၏ ငွေသံတုတ်နှင့် ထိုသူ၏ အရိုးတုတ် တွေ့ဆုံရာမှာ နားစည်များပင် ကွဲထွက်နိုင်စေသည့် အသံတစ်ခု ထွက်ပေါ်လာပြီး နေရာအနှံ့တွင် မီးပွားများ လွင့်စဉ်လာသည်။ ကြောက်မက်ဖွယ်ရာ ပေါက်ကွဲမှုကြောင့် ရှောင်ချိုးသည် ချက်ချင်းဆိုသလိုပင် အဝတ်စ တစ်ခုအသွင် လေထဲသို့ လွင့်ပါသွားသည်။
မဟုတ်ချေ။ ယခုအချိန်သည့် တုံ့ဆိုင်းနေရမည့်အချိန် မဟုတ်ချေ။
အန်လင်းသည် သိုလှောင်လက်စွပ် အတွင်းမှ ဝိညာဉ်ပျိုးထောင်ခြင်း အဆင့် ဓားအဆောင်လက်ဖွဲ့ တစ်ခုအား ထုတ်ယူ လိုက်ပြီးနောက် ချက်ချင်းဆိုသလိုပင် သူ၏ ချီစွမ်းအင်များ စီးဆင်းစေလိုက်သည်။
“ဖိအားမဲ့နှင်းခဲဓား”
အော်ဟစ် လိုက်ပြီးနောက်တွင် ချီစွမ်းအင်များအား အဆောင်လက်ဖွဲ့ အတွင်း စီးဆင်းစေလိုက်သည်။
ထို့နောက်တွင် အဆောင်လက်ဖွဲ့၌ မည်သည့်တုံ့ပြန်မှုမျှ မရှိ။
ဒီဖေ အလုပ်မလုပ်တဲ့ အဆောင်လက်ဖွဲ့လားဟ ...
အခြေအနေများ ပြောင်းလဲ သွားခြင်းကြောင့် အန်လင်းသည် တုန်လှုပ် သွားမိသော်လည်း အဆောင်လက်ဖွဲ့ နောက်တစ်ခုအား ပြောင်းလဲ အသုံးပြုရန် ရှိနေဆဲဖြစ်သည်။
သို့သော်လည်း ချက်ချင်းဆိုသလိုပင် မမြင်နိုင်သည့် စွမ်းအားတစ်ခုသည် အဆောင်လက်ဖွဲ့အား အသက်မသွင်းနိုင်ရန် ပြုလုပ်နေသည်ဟု ခံစားရသည်။
ထိုသူသည် အရိုးတုတ်အား ဝှေ့ယမ်းကာဖြင့် အန်လင်းထံသို့ ကြီးမားသည့် အလျင်ဖြင့် လာနေခြင်း ဖြစ်သည်။
ရုတ်တရက် ဆိုသလိုပင် ဘီးပျံတစ်ခုသည် ထိုသူထံသို့ ပျံသန်းလာသည်။
ထိုသူသည် အရိုးတုတ်အား ဝှေ့ယမ်း လိုက်ပြီးနောက် ဘီးပျံအား ချက်ချင်းဆိုသလို အဝေးသို့ ပုတ်ထုတ်လိုက်သည်။
သို့သော်လည်း သူအာရုံပြောင်းသွားသည့် အခိုက်အတန့်မှာပင် များပြားလှစွာသော ဓားခုတ်ချက်များနှင့် လေဓားသွားများသည် သူ့အား ဝန်းရံထားပြီး ဖြစ်သည်။
ဘုန်း ...
တိုက်ခိုက်မှုများတွင် ပါရှိသည့် စွမ်းအင်များသည် လျင်မြန်စွာပင် ဆက်တိုက် ပေါက်ကွဲသွားကြပြီး အလင်းတန်းများ ထွက်ပေါ်လာကြသည်။
ထိုအချိန်မှာ အန်လင်းသည် သူ၏ မိစ္ဆာရှင်းဓားအား ဆင့်ခေါ်လိုက်သည်။
ထိုသူသည် ပေါက်ကွဲမှုနယ်မြေမှ ထွက်ပေါ်လာပြီး သူ၏ အရိုးတုတ်တုတ်နှင့် ရိုက်ခတ်လိုက်သည်။
အလွန်ပင် မြန်ဆန်လှသည်။
သို့သော်လည်း အန်လင်းသည် နတ်ဘုရား စစ်ဆေးခြင်း နည်းစနစ်အား အသက်သွင်းပြီး ဖြစ်ကာ သူ၏ မျက်လုံးများသည် အဖြူရောင်သို့ ပြောင်းလဲနေပြီး တစ်ဖက်လူခံစစ်၏ အားနည်းချက်အား မိစ္ဆာရှင်းဓားဖြင့် လျင်မြန်စွာ ခုတ်လွှဲလျက် ရှိနေသည်။
ထိုသူ၏ အမူအရာသည် တောင့်တင်း သွားပြီးနောက် သူ၏ အလျင်အား ချက်ချင်းဆိုသလို ရပ်တန့်လိုက်သည်။ ထို့နောက်တွင် သူ၏ခန္ဓာကိုယ်အား မြွေတစ်ကောင်ကဲ့သို့ လိမ်လိုက်ပြီးနောက် အန်လင်း၏ ဓားခုတ်ချက်များအား ရှောင်တိမ်းလျက် ရှိသည်။
မြန်ဆန်လွန်းတဲ့ တုံ့ပြန်မှု။
အန်လင်းမှာ အတော်လေး ထိတ်လန့်မိလေသည်။ နတ်ဘုရားစစ်ဆေးမှု နည်းစနစ်၏ ပြစ်ချက် စစ်ဆေးခြင်းအား အသုံးပြုပြီး သေချာစွာ တွက်ချက်ပြီးမှု တိုက်ခိုက်ခြင်း ဖြစ်သော်လည်း တစ်ဖက်လူသည် ရှောင်ရှားနိုင်ဆဲပင် ဖြစ်သည်။ တိုက်ပွဲတွင် ထိုသို့သော အနေအထားမျိုးအား ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်းပင်။
အန်လင်း၏ တိုက်ခိုက်မှုအား ရှောင်ရှားပြီးသည့် နောက်တွင် ထိုလူသည် ချက်ချင်းဆိုသလို ပြန်လည် တိုက်ခိုက်လာသည်။ သူ၏ အရိုးတုတ်အား အန်လင်းထံသို့ လွှဲယမ်းလိုက်ပြီး များပြားလှစွာသော အနက်ရောင် တုတ်ချက်များအား ဖန်တီးလိုက်သည်။
အန်လင်းသည် ဆုတ်ခွာရန် ဖိအားပေး ခံလိုက်ရလေသည်။
နတ်ဘုရားစစ်ဆေးမှု နည်းစနစ်အား အသက်သွင်းကာဖြင့် တန်ပြန်တိုက်ခိုက်ခြင်း ရှောင်လွှဲခြင်းများ ပြုလုပ်သော်ငြား တစ်ဖက်လူ၏ ကြောက်မက်ဖွယ် အလျင်နှင့် အဖျက်အဆီး စွမ်းအားကို လိုက်မီနိုင်စွမ်း မရှိသေးချေ။ ထိုခဏမှာပင် အန်လင်း၏ ခန္ဓာကိုယ်တွင် ထိခိုက်ဒဏ်ရာ အများအပြား ပေါ်လာတော့သည်။
ထိုအချိန်တွင် ရှောင်ချိုးသည်သည် ပြန်လည် သက်သာလာပြီး ဖြစ်သည့်အတွက် သူ၏ ငွေသံတုတ်အား ဝှေ့ယမ်းကာဖြင့် တိုက်ပွဲအတွင်း ပြန်လည် ဝင်ရောက်လာခဲ့သည်။
သို့သော်လည်း ရှောင်ချိုးသည် အခြေအနေအား များစွာ အထောက်အကူ ပြုနိုင်စွမ်း မရှိချေ။ အန်လင်း၏ ပြိုင်ဘက်မှာ သူ့အား အထက်စီးမှနေ တိုက်ခိုက်နေဆဲ ဖြစ်သည်။
ဤသို့ဖြင့် အန်လင်း၏ ခန္ဓာကိုယ်တွင် ဒဏ်ရာများ ဆက်လက် တိုးပွားလျက် ရှိနေပြီး သွေးအများအပြား ဆုံးရှုံးရမှုကြောင့် သေဆုံးသွားနိုင်လေသည်။
“ရှောင်ချိုးရေ ဝှက်ဖဲတစ်ခုခုသုံးပြီး ငါ့အတွက် အချိန်ဆွဲပေးစမ်းပါကွာ။ ခဏလောက်ဆိုလည်း လုံလောက်တယ်”
အန်လင်းမှ အော်ဟစ်လိုက်သည်။
ရှောင်ချိုးသည် ရှုံ့မဲ့ကာဖြင့် “ငါ့မှာ ဝှက်ဖဲတစ်ခုမှ မရှိဘူးကွ”
အန်လင်း : “…”
***