ကြောက်မက်ဖွယ် မျက်လုံးတစ်ထောင် နတ်ဆိုးနဂါး
Vol. 36 Ch. 495
ကြောက်မက်ဖွယ် မျက်လုံးတစ်ထောင်၏ စိုက်ကြည့်ခြင်းကို ခံရသည်က ဘာနှင့်တူပါသနည်း။
အန်လင်းက မရည်ရွယ်ပါဘဲ ထိုမျက်လုံးများကို ကြည့်လိုက်သောအခါ ချက်ချင်းပင် မူးဝေခြင်း လှိုင်းလုံးကြီးတစ်ခု၏ ပုတ်ခတ်ခြင်းကို ခံလိုက်ရပြီး သူခန္ဓာကိုယ်တစ်ခုလုံး အပေါ်တွင် တစ်ပြိုင်နက်တည်း အပ်ထောင်ပေါင်းများစွာနှင့် ထိုးခံလိုက်ရသည်ဟု ခံစားလိုက်ရ၏။
သို့သော် သူက သွေးပိတ်လှောင်ရေး ဖွဲ့စည်းခြင်းဆီသို့ အချိန်မီ ရောက်နိုင်သေးသည်ဖြစ်ပြီး ဖွဲ့စည်းခြင်းကို သူ့၏ သက်ရှိစွမ်းအင်ဖြင့် အသက်သွင်းလိုက်လေ၏။
မျက်လုံးတစ်ထောင် နတ်ဆိုး နဂါးကြီးက လေထုကို ဖြတ်သန်းကာ ကြောက်မက်ဖွယ်အရှိန်ဖြင့် နောက်ဆက်တွဲ ပုံရိပ်များ ချန်ရစ်ထားခဲ့လေ၏။
"သွေးပိတ်လှောင်ရေး ဖွဲ့စည်းခြင်း : အသက်ဝင်စေ...။"
အန်လင်းက မန္တန်ဖွဲ့စည်းခြင်းကို အသက်သွင်းရန် သူ့၏ ခြေထောက်ကို ဆောင့်နင်းလိုက်လေ၏။
သက်ရှိ စွမ်းအင်များ တိုးဝှေ့လာကာ ဖွဲ့စည်းခြင်းအထဲတွင် ရာချီသော ကြက်သွေးရောင်လက်များက ဖြစ်ပေါ်လာပြီး မျက်လုံးတစ်ထောင် နတ်ဆိုးနဂါးဆီသို့ အရှိန်အဟုန်ဖြင့် စုစည်းလာကြလေ၏။
မျက်လုံးတစ်ထောင် နတ်ဆိုး နဂါးကြီး၏ လှုပ်ရှားမှုနည်းစနစ်များမှာ အလွန်ခန့်မှန်း၍ ခက်လှသော်လည်း လက်အများကြီးကို ရှောင်ရန်မှာ အလွန်များလှသည်ဖြစ်ရာ ထိုအရာ၏ ခန္ဓာကိုယ်က မကြာမီပင် ကြက်သွေးရောင် လက်မောင်းပင်လယ်ထဲတွင် ပိတ်မိသွားကာ မလှုပ်ရှားနိုင်တော့ပါပေ။
အန်လင်း၏ မျက်လုံးများက ထိုမြင်ကွင်း၌ အရောင်တောက်လာလေ၏။ အနည်းဆုံးတွင် ဤမန္တန်ဖွဲ့စည်းခြင်းက သူ့အလုပ်သူ လုပ်ပေးခဲ့၏။
သူက အချိန်မဖြုန်းတော့ပဲ ချက်ချင်းပင် တတိယ မန္တန်ဖွဲ့စည်းခြင်းဆီသို့ ပျံသန်းသွားလိုက်ကာ သက်ရှိစွမ်းအင်များ လောင်းချလိုက်၏။
"စိတ်ဝိညာဉ် ဖြိုဖျက်ရေး ဖွဲ့စည်းခြင်း ; အသက်ဝင်စေ..."
ခြေထောက်အောက်မှ မန္တန်ဖွဲ့စည်းခြင်းက အရှိန်ပြင်းပြင်း စတင်လည်ပတ်လာပြီး အနီရောင်အလင်းက တောက်တောက်ပပ ထွန်းလင်းလာပြန်၏။
ထို့နောက် ချက်ချင်းပင် အနီရောင် ဝတ်ရုံနှင့် အံ့ဖွယ် စိတ်ဝိညာဉ်တစ်ခု၏ ပုံရိပ်မှာ အန်လင်းနောက်တွင် ပေါ်လာလေ၏။ ပုံရိပ်က သူ့လက်ဖြင့် ထူးဆန်းသော ချိတ်ပိတ်မှုတစ်ခုကို ပြုလုပ်လိုက်ရာ ပြင်းထန်သော စိတ်ဝိညာဉ်စွမ်းအားက ထိုအရာ၏ လက်ဆီသို့ ပြင်းပြင်းထန်ထန် စုဆုံလာလေ၏။
အန်လင်းက သူ့နောက်မှ အံ့ဖွယ်စိတ်ဝိညာဉ်ကို ကြည့်လိုက်၏။ ထိုသည်က သွေးမျိုးနွယ်စု၏ အံဖွယ်စိတ်ဝိညာဉ် ဖြစ်ကြောင်းကို ပြောနိုင်ရန်အတွက် ဒုံးကျဉ် သိပ္ပံ ပညာရှင်တစ်ယောက်မလိုအပ်ပါပေ။ သွေးမျိုးနွယ်စု၏ စွမ်းအားကို အသုံးပြုပြီး BOSSတစ်ယောက်ကို သတ်ရသည်မှာ အနည်းငယ်တော့ ထူးဆန်းသည်ဟု ခံစားရ၏။
သို့သော် ယခုအချိန်တွင် ရပ်တန့်ခြင်းက ရွေးချယ်စရာမဟုတ်၍ သူက ရှေ့ဆက်ရန်သာ ရှိပါတော့သည်။
"စိတ်ဝိညာဉ် ဖြိုဖျက်ရေး ချိတ်စည်း..."
ခွန်အားနှင့် ဂုဏ်သရေအပြည့်ဖြင့် ရှေးဟောင်းအသံတစ်ခုက သူ့နောက်မှ ထွက်ပေါ်လာ၏။
အနီရောင် ဝတ်ရုံဝတ် အံ့ဖွယ် စိတ်ဝိညာဉ်က သူ့လက်များဖြင့် နောက်ဆုံး ချိတ်စည်းကို ပြုလုပ်ကာ သူ့၏ လက်ဝါးများကို မျက်လုံးတစ်ထောင် နတ်ဆိုး နဂါးဆီသို့ ဆန့်တန်းလိုက်ပေ၏။
ရှေးဟောင်းကြက်သွေရောင် ချိတ်စည်းက အရွယ်အစား ကျယ်ပြန့်လာကာ တစ်စုံတစ်ယောက်၏ အသိစိတ်ကို ဖျက်ဆီးပစ်နိုင်ဟန်ရှိသော ထူးဆန်းလှသည့် စွမ်းအားဖြင့် မျက်လုံးတစ်ထောင်နတ်ဆိုးနဂါးထံသို့ တိုးဝင်သွားလေသည်။
ဘုန်း...
ရှေးဟောင်းချိတ်စည်းက မျက်လုံးတစ်ထောင်နတ်ဆိုးနဂါးကို လေထဲတွင် ပေါက်ကွဲသွားသော ထူးဆန်းလှသည့် ကြက်သွေးရောင် စွမ်းအင်ဖြင့် လွှမ်းခြုံလိုက်လေ၏။
ချက်ချင်းပင် ကြောက်မက်ဖွယ် ကြက်သွေးရောင် ထူးခြား စွမ်းအင်တစ်ခုက ရေကန်ထဲမှ ရေများကို အငွေ့ပျံသွားစေ၏။ စွမ်းအင်များက လေထုကိုဖြတ်ကာ ပြင်းပြင်းထန်ထန် တိုးဝှေ့လာပြီး မျက်လုံးတစ်ထောင် နတ်ဆိုးနဂါး၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာအများအပြားပေါ်လာသည်မှာ စိတ်ဝိညာဉ် ချိုးဖျက်ရေး စွမ်းအင်က ထိုအရာ၏ သတိတရားကို ချိုးဖောက်ဖျက်ဆီးပစ်လိုက်သကဲ့သို့ပင်။
မျက်လုံးတစ်ထောင်နတ်ဆိုးနဂါးက ခြေလက်များကို နောက်ဆုတ်ကာ ခန္ဓာကိုယ်ကို ဘောလုံးတစ်လုံးကဲ့သို့ လုံးလိုက်ပြီး ကျုံ့ထားလိုက်လေ၏...။
အန်လင်းက မျက်လုံးတစ်ထောင် နတ်ဆိုး နဂါး ဘာလုပ်နေသည်ဆိုခြင်းအား မသိပါပေ။
ဘာတွေ ဖြစ်နေသလဲဆိုသည်အား သူမသိရသေးခင်မှာပင် အဖြူရောင်ဘောလုံးက ပေါက်ထွက် တော့မည့်ဟန်ဖြင့် ကျယ်ပြန့်လာလေ၏။
ဘုန်း...
ကမ္ဘာမြေ အက်ကွဲစေလောက်သည့် အသံတစ်ခုက ထွက်ပေါ်လာလေ၏။
ကြက်သွေးရောင် စွမ်းအင်နှင့် ကြက်သွေရောင် လက်များအားလုံးက ချက်ချင်းပင် ပေါက်ကွဲထွက်လာသည့် စွမ်းအားကြောင့် အမှုန့်ကြေသွားလေ၏။
အဖြူရောင် နဂါးတစ်ကောင်က အန်လင်း၏ မျက်စိရှေ့တွင် ပေါ်လာပြီး နှင်းကဲ့သို့ ဖြူစွတ်သောတောင်ပံကိုဖြန့်ကာ လေထဲတွင် ဝဲနေလေ၏။
ထိုသည်က အရွယ်အစား ပေ၂၀ခန့်သာရှိသော်လည်း ကြောက်မက်ဖွယ်အော်ရာက အန်လင်း၏ နှလုံးသားကို တုန်လှုပ်စေရန် လုံလောက်ပေ၏။
နဂါး၏ ဖြူစွတ်စွတ်ခန္ဓာကိုယ်အနှံ့တွင် မရေမတွက်နိုင်သော အက်ကြောင်းများပေါ်လာပြီး ထိုသည်များ အားလုံးက ကြက်သွေးရောင်မျက်လုံးများ ဖြစ်ပေါ်လာလေ၏။ ထိုမျက်လုံးများအားလုံးက ချက်ချင်းပင် အန်လင်းကို ဦးတည်ကြည့်လာရာ အနည်ငယ် တုန်ယင်သွားကာ အလွန်အမင်းကြောက်မက်ဖွယ် မြင်ကွင်းကို ဖြစ်ပေါ်လာစေ၏။
အန်လင်းသည် အလွန်မနှစ်မြို့ဖွယ် ဖြစ်နေသော စွမ်းအင်က နဂါး၏ ခန္ဓာကိုယ်မှ ထိုးထွက်လာသည်ကို အာရုံခံမိ၏။ စွမ်းအင်မှာ လွှမ်းခြုံနိုင်လောက်သည်အထိ အစွမ်းထက်သော်လည်း မည်သည့် ကျင့်ကြံခြင်း အခြေခံကိုမှ မညွှန်ပြနေပါပေ။ ထိုသည်က အန်လင်းကို မနှစ်မြို့ခြင်း စက်ဆုပ်ခြင်းများနှင့် ပြည့်နှက်နေစေသော နူးညံ့သည့် စွမ်းအားတစ်ခု ဖြစ်ပေ၏။
ထိုသည်က မျက်လုံးတစ်ထောင် နတ်ဆိုး၏ ဒုတိယ ပုံစံဖြစ်နိုင်ပေရာ သွေးမျိုးနွယ်စု၏ သတင်းအချက်အလက်က အနည်းငယ်တော့ ယုံကြည်ရပေ၏။
သို့သော်... သွေးမျိုးနွယ်စုက ဤမန္တန်ဖွဲ့စည်းခြင်း သုံးခုနှင့် မျက်လုံးတစ်ထောင်နတ်ဆိုးနဂါးကို သတ်နိုင်မည်ဟု ထင်နေသည်ကိုတော့ အန်လင်း တကယ်ပင် နားမလည်နိုင်ပါချေ။ သူတို့လုပ်သည်မှာ မျက်လုံးတစ်ထောင်နတ်ဆိုးနဂါးကို ဒုတိယပုံစံ ပြောင်းရန်သာဖြစ်၏။ အဲဒါပြီးတော့ သူက စောက်ကျိုးနည်း ဘာဆက်လုပ်ရမှာလဲ။
သွေးမျိုးနွယ်စုက နည်းနည်းလေးပိုပြီး စိတ်ချရလို့ မဖြစ်ဘူးလား။ သူတို့က မျက်လုံးတစ်ထောင် နတ်ဆိုး နဂါးကို သူတို့၏ အစွမ်းထက်လှသော အသက်စွမ်းအားကြောင့် သတ်ဖြတ်နိုင်သည်ဟု ထင်နေခဲ့သည် မဟုတ်မှာတော့ သေချာလှ၏။
မျက်လုံးတစ်ထောင် နတ်ဆိုးနဂါးက ခေါင်းကို အနည်းငယ် ငုံ့လိုက်ရာ ကြောက်မက်ဖွယ်စွမ်းအင်က သူ့ခန္ဓာကိုယ်ထဲတွင် စုစည်းလာလေ၏။ ထိုသည်က တန်ပြန်တိုက်ခိုက်မှုတစ်ခု ထုတ်လွှတ်တော့မည်မှာ သိသာလှပေ၏။
ထိုအခိုက်အတန့်မှာပင် ပန်းရောင်းအလင်းတန်းတစ်ခုက လေထုကို ဖြတ်သန်းကာ မျက်လုံးတစ်ထောင် နတ်ဆိုးနဂါးဆီသို့ အဆုံးမရှိ သတ်ဖြတ်ခြင်း ဆန္ဒဖြင့် ထိုးစိုက်သွားလေ၏။
ထိုသည်မှာ လျှိုချူးချူးက ထိုးစစ်ဆင်ရန် ပြင်ဆင်ထားသော သေချာပေါက် သတ်ဖြတ်ခြင်း မြှားဖြစ်ပေ၏။
မြှားက ကြောက်မက်ဖွယ်စွမ်းအင်ဖြင့် မျက်လုံးတစ်ထောင် နတ်ဆိုးနဂါးအပေါ်သို့ ကျဆင်းလာပြီး ထိုသည်က တုံ့ပြန်ရန်အခွင့်အရေးမရလိုက်ခင်မှာပင် ထိုအရာ၏ ခန္ဓာကိုယ်ကိုနှစ်ပိုင်းပိုင်းလိုက်လေ၏။
"Insta-killလား" အန်လင်းက အံ့ဩတကြီး ရေရွတ်လိုက်လေ၏။
သို့သော် မျက်လုံးတစ်ထောင်နတ်ဆိုးကြီးမှာ လေထဲတွင်တွန့်လိမ်သွားပြီး နဂိုထက် အရွဟ်အစား တစ်ဝက်စီရှိသော မျက်လုံးတစ်ထောင် နတ်ဆိုးနှင်ကောင်အဖြစ်သို့ ပြောင်းလဲသွားရာ အန်လင်းမှာ ချက်ချင်းပင် ဆဲလ်ကွဲပွားခြင်းနှင့် မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရ၏...။
ဒီစွမ်းအားက... တကယ်ကို အတော်လေး ရွံစရာကောင်းတာပဲ...
ဝှစ်...
မျက်လုံးတစ်ထောင်နတ်ဆိုးနဂါးက အန်လင်းဆီသို့ ခုန်ဝင်လာကာ နောက်ဆက်တွဲ ပုံရိပ်များ ချန်ရစ်ထားခဲ့လေ၏။
တီနာက တိုက်ပွဲအတွင်းသို့ဝင်ရောက်လာကာ ချိုမြိန်သော ကြွေးကြော်သံတစ်ခုကို ထုတ်လွှတ်လိုက်လေ၏။ သူမက သူမ၏ ကြာပွင့်နှလုံးသား ရေခဲဓားကို လေထုထဲသို့ ခုတ်ပိုင်းလိုက်ရာ အချင်းဝက် ပေတစ်ထောင်အတွင်းရှိ အပူချိန်က ချက်ချင်းပင် သိသိသာသာ ကျဆင်းသွားလေ၏။ အထူးမြူနှင်း စွမ်းအားက မျက်လုံးတစ်ထောင်နတ်ဆိုးဆီသို့ တိုးဝင်သွားကာ သူတို့၏ ခန္ဓာကိုယ်နှင့် တိုက်မိသွားလေ၏။
သူတို့ပတ်ဝန်းကျင်မှ လေထုက အေးခဲသွားရာ မျက်လုံတစ်ထောင် နတ်ဆိုးနဂါးနှစ်ကောင်က လေထဲတွင် အနည်းငယ် ရပ်တန့်သွားပြီး မိစ္ဆာရှင်းဓား၏ ပတ်လည်တွင် လေများစီးဆင်းနေ၍ အန်လင်းက ဤအခွင့်အရေးကို အမိအရယူကာ မျက်လုံးတစ်ထောင် နတ်ဆိုးနဂါးတစ်ကောင်ဆီသို့ အံ့အားသင့်ဖွယ် အရှိန်ဖြင့် တိုးဝင်လာလေ၏။
မျက်လုံးတစ်ထောင် နတ်ဆိုးနဂါး၏ ခန္ဓာကိုယ်က ချက်ချင်းပင် နှစ်ပိုင်းအဖြတ်ခံလိုက်ရသော်လည်း သွေးတစ်စက်ပင် ကျမလာပါချေ။
အန်လင်းက ဒဏ်ရာ၏ ကန့်လန့်ဖြတ် နေရာမှ အဖြူရောင် တွန့်လိမ်နေသော အသားစများကိုသာ မြင်ရလေ၏။ သတ္တဝါကြီးက မည်သည့် အတွင်းအင်္ဂါများ၊ အရိုးများမှ မရှိပါချေ။ ထိုသည်က စွမ်းအင်အလုံးကြီးတစ်ခုသာဖြစ်ပြီး ထိုစွမ်းအင်အလုံးကြီးက အလွန်အမင်း အစွမ်းထက်နေကာ သူ့ကို တိုက်ခိုက်နိုင်စွမ်းရှိနေသည်မှာတော့ ခြွင်းချက်ပင်ဖြစ်၏...။
ငလူး... သူက ဒါကြီးကို ဘယ်လို တိုက်ရတော့မှာလဲ။
မျှော်လင့်ထားသည့်အတိုင်းပင် တစ်ဝက်ထပ်မံ အပိုင်းခံလိုက်ရသော မျက်လုံးတစ်ထောင် နတ်ဆိုးနဂါးကြီးက ပိုမိုသေးငယ်သော မျက်လုံးတစ်ထောင် နတ်ဆိုးနဂါးကြီး နှစ်ခုအဖြစ် ထပ်မံ ကွဲထွက်သွားလေ၏။
သို့ဖြစ်၍ အန်လင်းက နဂါးအသေး တစ်ကောင်နှင့် ပို၍သေးသော နှစ်ဂါးနှစ်ကောင်တို့နှင့် ထပ်မံရင်ဆိုင်ရပြန်၏။ ထိုသည်မှာ သူက စုစုပေါင်း ရန်သူသုံးယောက်နှင့် ရင်ဆိုင်ရမည်ဟု ဆိုလိုခြင်းပင်...
တီနာက နဂါးသုံးကောင်းအထဲမှ အကြီးဆုံး ရန်သူနှင့် တိုက်ခိုက်ကာ အန်လင်း၏ ခုတ်ပိုင်းခြင်းခံရပြီးနောက် မျက်လုံးတစ်ထောင် နတ်ဆိုးနဂါးက နှစ်ပိုင်းအပိုင်းခံလိုက်ရသည်ကို မြင်ပြီး သူမက ချက်ချင်းပင် သူမ၏ ရန်သူကို ရေခဲကြာပွင်နှလုံးသားဓားဖြင့် ခုတ်ပိုင်းခြင်းမှ ရှောင်ရှားလိုက်ပေ၏။ ထိုအစား သူမက ထိုအရာကြီးကို ဓားမှ ထွက်လာသော အထူးမြူနှင်း၏ စွမ်းအားဖြင့် တားဆီးရန် အစွမ်းကုန် ကြိုးစားပြီး အန်လင်းကို ကူညီရန် လှည့်လိုက်လေ၏။
အန်လင်း၏ နှစ်ပိုင်းအပိုင်းခံလိုက်ရသည်ပင်လျှင်တောင်မှ သူတိုက်ခိုက်နေရသော ပိုသေးသည့်နဂါးနှစ်ကောင်က တီနာတိုက်ခိုက်နေသော နဂါးကြီးကဲ့သို့ စွမ်းအင်နှင့် အရှိန်များ ပိုင်ဆိုင်နေဆဲ ဖြစ်လေ၏။ ဤကဲ့သို့ ဆက်ဖြစ်နေပါက သူတို့က တဖြည်းဖြည်းနှင့် လက်ပန်းကျလာမည် ဖြစ်ပေ၏။
လျှိုချူးချူးက သူမ၏ အကွယ်နေရာမှ တိုက်ပွဲကို ကြည့်ရှုနေသော်လည်း သူမ လုပ်နိုင်သောအရာ မရှိပါပေ။ သူမက မတွေးတောပဲ တိုက်ခိုက်လိုက်ပါက အန်လင်းနှင့် တီနာအတွက် တိုက်ပွဲကို ပိုမိုခက်ခဲအောင်သာ ပြုလုပ်နိုင်ပေလိမ့်မည်။
သူမက ဝင်ရောက်မတိုက်ခိုက်မီ အစီအစဉ္ကို အရင်ချရပေမည်...။
အန်လင်း၏ ဓားနည်းစနစ်များမှာ အစွမ်းထက်လှသော်လည်း သူက သူ့အတွက် ရန်သူများ ပိုမို ပြုလုပ်မိမည် စိုးရိမ်သောကြောင့် ထိုသည်များကို အသုံးမပြုရဲပါပေ...။
"ထွက်သွားစမ်း..."
သူက သူတိုက်ခိုက်နေသော နဂါးနှစ်ကောင်မှ တစ်ကောင်ဆီသို့ တောင်ခွင်း လျှပ်စစ်လက်သီးတစ်ချက်ကို ထိုးချလိုက်၏။
သို့သော် တခြားနဂါးက ရုတ်တရက် သူရှေ့တွင် ပေါ်လာပြီး သူ့၏ နက်စွေးစေွး မျက်လုံးများက မနှစ်မြို့ဖွယ် အလင်းတစ်ခုဖြင့် တောက်ပနေလေ၏။
"အဓမ္မလုယူခြင်း..."
ငရဲ၏ နက်ရှိုင်းမှုများမှ အစပြုလာသော အသံတစ်ခုက အန်လင်းရှေ့တွင် ပေါ်လာလေ၏။
မမြင်နိုင်သော စွမ်းအင် အတက်အကျတစ်ခုက အန်လင်း၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားလေ၏။
သူ့ရှေ့မှ နဂါးကြီးက ရုတ်တရက် သူ့ခန္ဓာကိုယ်ပေါ်ရှိ ကြက်သွေးရောင် မျက်လုံးများအားလုံးကို မှိတ်လိုက်သည်မှာ ထိုသည်က အိပ်မောကျသွားသကဲ့သို့ပင်။
ဤသည်မှာ အန်လင်းက တစ်စုံတစ်ခု ဆုံးရှုံးသွားပြီဟု ခံစားလိုက်ရသော အခိုက်အတန့် အတိအကျပင် ဖြစ်လေ၏။
သူက ဤခံစားချက်ကြောင့် အထူးပင် စိတ်အနှောက်အယှက် ဖြစ်သွားပြီး သူ့ရှေ့မှ နဂါးထံသို့ တောင်ခွင်း လျှပ်စီးလက်သီးတစ်ခုကို ထပ်မံ ထုတ်လွှတ်လိုက်လေ၏။
သူက သူ့၏ ဘယ်လက်ဖြင့် လျှပ်စီးကို ကြိုးကိုင်ကာ သူ့ညာလက်ပေါ်တွင် ရွှေရောင် အလင်းတစ်ခုက ထွန်းလင်းနေလေ၏။
ရွှေရောင် လက်သီးအလင်းတန်းတစ်ခုက ထိုးထွက်လာသော်လည်း မျက်လုံးတစ်ထောင် နတ်ဆိုးနဂါးကြီးက လျှပ်စီးအလင်းတန်းကို ရှောင်ရန်အတွက် မြန်ဆန်လှသော အရှိန်ဖြင့် နောက်ဆုတ်ကာ နောက်ဆက်တွဲပုံရိပ်များ ချန်ထားခဲ့လေ၏။
အန်လင်းက နေရာတွင် လုံးဝ ကြောင်ရပ်နေလေ၏။ သူက မျက်လုံးတစ်ထောင် နတ်ဆိုးနဂါး၏ အရှိန်ကြောင့် အံ့အားသင့်နေခြင်း မဟုတ်ပါပေ။ ထိုအစား သူက သူကိုယ်တိုင်ကို အံ့အားသင့်နေခြင်းပင်။
ငါ့ရဲ့ စောက်ကျိုးနည်း လျှပ်စီးကြိုးကိုင်ခြင်းနည်းစနစ်က ဘယ်ရောက်သွားလဲ။
"လျှပ်စီး ကြိုးကိုင်ခြင်း နည်းစနစ်..."
သူက သူ့၏ ကျင့်ကြံခြင်း နည်းလမ်းကို အသက်သွင်းလိုက်ပြီး အော်ဟစ်ကာ ကောင်းကင်သို့ လက်ချောင်းတစ်ခု ညွှန်ပြလိုက်၏။
သို့သော် ဘာမှ ဖြစ်မလာပါချေ...
တစ်ချိန်တည်းမှာပင် မျက်လုံးတစ်ထောင်နတ်ဆိုး နဂါးက အန်လင်းဆီသို့ ချည်းကပ်လာကာ ရုတ်တရက် လေထဲသို့ ပျံသန်းလာလေ၏။
လျှပ်စီးများက အထက်ရှိလေထဲတွင် တိုးဝှေ့လာပြီး ဆိုးယုတ်ကြမ်းတမ်းလှသော နဂါး၏ ဟိန်းသံကို ကြားနိုင်ပေ၏။
ထိုသည်ကို မြင်သောအခါ အန်လင်းက ပါးစပ်အဟောင်းသားဖြစ်သွားလေ၏။
သူက နောက်ဆုံးတွင် နဂါးကြီးက "အဓမ္မလုယူခြင်း..."ဟု ဆိုလိုက်သောအခါ မည်သည်ကို ဆိုလိုသည်အား သဘောပေါက်သွားလေပြီ။ ထိုသည်က စောက်ကျိုးနည်း သူ့၏ မန္တန်နည်းစနစ်ကို အဓမ္မလုယူလိုက်ခြင်းပင် ဖြစ်လေ၏။
ဒီဟာက ဘယ်လိုစောက်ကျိုးနည်း ဖြတ်လမ်းနည်းမျိုးလဲ။ ဒီမျက်လုံးတစ်ထောင် နတ်ဆိုးနဂါးဆိုတာကြီးကိုက ဘာကြီးလဲဟ။
--------------------