သူငယ်ချင်းများ ပြန်လည်တွေ့ဆုံခြင်း
Vol. 36 Ch. 496
အထက် ကောင်းကင်ယံတွင် လျှပ်စီးက အန်လင်းအပေါ်သို့ မရေမတွက်နိုင်သော အပြာရောင် မြွေများကဲ့သို့ ကျဆင်းလာလေ၏။
အန်လင်းက သူ့၏ လေတောင်ပံကို ဖြန့်ကားလိုက်ပြီး သူ့ခန္ဓာကိုယ်က လျှပ်စီးကြောင်းများကို အလွန်မြန်ဆန်လှသည့်အရှိန်ဖြင့် ဖြတ်သွားလိုက်လေ၏။
လျှပ်စီးကြောင်းတစ်ခုစီတိုင်းက အလွန်ပင် အစွမ်းထက်လှကာ မြေပြင်ပေါ်တွင် ကြီးမားသော ချိုင့်ကြီးတစ်ခု ချန်ရစ်ထားခဲ့၏။ ကံကောင်းလှစွာဖြင့် ထိုသည်များက ရွှေရောင် ပျက်ပြယ်ခြင်း လျှပ်စီးအဆင့်သို့ မရောက်သေးပါချေ။ ထိုသို့မဟုတ်ပါက အန်လင်းမှာ အမှန်တကယ်ပင် ကောင်းကောင်းကြီး ဒုက္ခရောက်ပြီ ဖြစ်၏။
နဂါးတစ်ကောင်က လျှပ်စီးကြိုးကိုင်ရန် လေထဲတွင် ကျန်နေပြီး တစ်ခြားတစ်ကောင်မှာတော့ မြေပြင်ပေါ်တွင် အန်လင်းနောက်ကို လိုက်နေလေ၏။ ထိုအရာ၏ အဖြူရောင် လက်သည်းများက အလွန်ချွန်ထက်လှသော လမ်းကြောင်းများဖြင့် လေထုကို ဖြတ်သန်းကာ လေထဲတွင် ငိုကြွေးနေသော နတ်ဆိုး စိတ်ဝိညာဉ္များနှင့် တူလှပေ၏။
မျက်လုံးတစ်ထောင် နတ်ဆိုးနဂါးနှစ်ကောင်က အလိုက်တသင့် အတူတကွ လုပ်ကိုင်ကာ အန်လင်းမှာ အလွန်အမင်း ခြိမ်းခြောက်ခံနေရပေ၏။
"အံ့ဖွယ် နည်းစနစ်- လေပြင်းပေါက်ကွဲခြင်း မြှား။"
အဝေးတွင် အဖြူရောင် မြှားတစ်စင်းက လေထုကို ဖြတ်သန်းကာ ပျံသန်းလာပြီး အလွန်အမင်း အစွမ်းထက်သော လေဖိအားဖြင့် ထူထည်းလှသော အဖြူရောင် အလင်းတိုင်ကြီးအဖြစ် ပြောင်းသွားကာ လေထဲတွင် လျှပ်စီးကြိုးကိုင်နေသော မျက်လုံးတစ်ထောင် နတ်ဆိုးနဂါးကြီးကို ထိမှန်သွားလေ၏။
ပေါက်ကွဲသံ အကျယ်ကြီး တစ်ခုဖြင့် လေဖိအား၏ ပေါက်ကွဲစေသည့် အင်အားက မျက်လုံးတစ်ထောင် နတ်ဆိုးနဂါးကြီး၏ ခန္ဓာကိုယ်ကို ပြားချပ်သွားစေကာ မီတာပေါင်းများစွာသို့ လွင့်ထွက်သွားစေပြီး အောက်မြေပြင်ပေါ်သို့ လိမ့်ကျသွားစေလေ၏။
အန်လင်းက ရုတ်တရက် သဘောပေါက်သွားလေ၏။ သူက ထိုမျက်လုံးတစ်ထောင် နတ်ဆိုးနဂါးများကို ခုတ်ပိုင်းရန်အတွက် ချွန်ထက်သော လက်နက်များကို အသုံးပြု၍ မရပါက ထိုအရာကြီးကို တစ်ချက်တည်းနှင့်သတ်နိုင်ရန်အတွက် မျက်လုံးတစ်ထောင်နတ်ဆိုးနဂါး၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်နိုင်သော စွမ်းအင် အမျိုးအစားတစ်ခုကို အသုံးပြု၍ ရနိုင်ပေသည်လား။
ထိုဖြစ်နိုင်ခြေကို စဉ္းစားမိသည်နှင့် အံ့ဖွယ် မီးတောက် ပုတီးစေ့က ရုတ်တရက် သူ့လက်ထဲတွင် ပေါ်လာလေ၏။ ရွှေရောင် မီးတောက် နဂါးအတန်းလိုက်က ပုတီးပတ်လည်တွင် လည်ပတ်နေကာ ပူလောင်လှသည့် မီးတောက်စွမ်းအားကို ထုတ်လွတ်နေပေ၏။
ထိုအချိန်၌ လေပေါက်ကွဲမြှားမှန်သွားသော နဂါးမှာ မြေပြင်ပေါ်တွင် တွားသွားနေပြီဖြစ်လေ၏။ သို့သော် ထိုသည်က အန်လင်းကို ကြည့်မနေတော့ပါချေ ထိုအစား ခန္ဓာကိုယ်မှ ဒေါသတကြီး အော်ရာများကို ထုတ်လွှတ်နေရင်း အဝေးမှ နေရာတစ်ခုကို ကြည့်နေလေတော့၏။
ထိုသည်ကို မြင်သောအခါ အန်လင်း၏ နှလုံးသားမှာ အနည်းငယ် တုန်ယင်သွားလေ၏။ သူတို့က လျှိုချူးချူးဆီသို့ အာရုံရောက်သွားပြီ ဖြစ်သည်ကို သူသိပေ၏။
ထိုအချိန်မှာပင် အန်လင်းတိုက်ခိုက်နေသော နဂါးနှစ်ကောင်မှာ လျှိုချူးချူးဆီသို့ ပျံသန်းသွားလေပြီ။
"အား..."
တီနာ၏ အော်သံက အဝေးမှ ထွက်ပေါ်လာပြီး အန်လင်းက မျက်လုံးတစ်ထောင် နတ်ဆိုးနဂါးကြီးက သူ့ခန္ဓာကိုယ်မှ မမြင်နိုင်သော စွမ်းအင်အတက်အကျများ ထုတ်လွှတ်ရင်း တီနာဆီသို့ ချဉ္းကပ်လာသည်ကို မြင်လိုက်ရ၏။
"အဓမ္မလုယူခြင်း..."
ထိုသည်ကို မြင်ကာ အန်လင်းမှာ ချက်ချင်းပင် ဂမ်ဒမ်နှစ်ကောင်ကို လွှတ်လိုက်ပြီး အမိန့်တစ်ခုပေးလိုက်၏။ "တီနာကို သွားကူလိုက်။"
ထို့နောက် သူက သူ့၏ လေတောင်ပံများကို ဖြန့်ကာ လျှိုချူးချူးဆီသို့ ပျံသန်းသွားသော နဂါးနှစ်ကောင်နောက်သို့ လိုက်လိုက်လေ၏။
လျှိုချူးချူးမှာ နဂါးနှစ်ကောင်၏ ထိုးစစ်အား အလွန်လျင်မြန်စွာ တုံ့ပြန်ပြီး ဖြစ်၏။ သူမက နဂါးများကို သူမနဲ့အတူ ယှဉ်တိုက်ရန် ခွင့်ပြုလိုက်ပါက သူမက သေဆုံးခြင်း အနေအထားသို့ ကျရောက်သွားမည်ကို သိထားပေ၏။ သို့ဖြစ်၍ သူမက ရန်သူများဆီသို့ ရေနဂါးကြီးများကို ထုတ်လွတ်လိုက်ပြီး တပ်ဆုတ်လိုက်လေတော့သည်။ ရေနဂါးများမှာ အချိန်ဆွဲရန်သာ ဖြစ်ပြီး မျက်လုံးတစ်ထောင် နတ်ဆိုးနဂါးများကို သတ်ရန်အထိ မဟုတ်ပါချေ။
စက္ကန့်အနည်းငယ်အကြာ နောက်ဆုံးတွင် အန်လင်းက နဂါးတစ်ကောင်ကို မီသွားပြီး အဆုံးမရှိ ရွှေရောင်နှင့် အဖြူရောင် မီးတောက်များက သူ့၏ အံ့ဖွယ် မီးတောက်ပုတီးစေ့မှ ထွက်ပေါ်လာကာ နဂါးကြီး၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားလေ၏။
အဆင့်မြင့် အင်မော်တယ် လက်နက် အံ့ဖွယ် မီးတောက်ပုတီးစေ့၏ အကူအညီဖြင့် သူက သူ့၏ အံ့ဖွယ်မီးတောက်များကို အပြည့်ဝဆုံးအထိ အသက်သွင်းနိုင်ပေ၏။
ဘုန်း...
ရွှေရောင်နှင့် အဖြူရောင် မီးတောက်များက အချင်းဝက် ပေတစ်သောင်းကျော်ရှိသော ဧရိယာကို ဖုံးအုပ်သွားပြီး အရာအားလုံးကို အရည်ပျော်ကာ အဆုံးစီရင် ပစ်လိုက်လေတော့၏။ အဝေးမှဆိုလျှင် ထိုသည်က အဆုံးမရှိ အလင်းနှင့် အပူကို ထုတ်လွှတ်ပေးနေသာ မြေပြင်ပေါ်မှ နေမင်းငယ်လေးတစ်ခုကဲ့သို့ပင်။
"ဝေါင်း..."
မျက်လုံးတစ်ထောင်နတ်ဆိုးနဂါးက နာနာကျင်ကျင် အော်ဟစ်ကာ မီးတောက်များ လွှမ်းခြုံနေသော ဧရိယာမှ ထွက်ပြေးရန် ကြိုးစားလိုက်၏။
ထိုသည်ကို မြင်သောအခါ အန်လင်း၏ မျက်လုံးများက ချက်ချင်းပင် အရောင်တောက်သွားလေ၏။ သူ၏ တိုက်ခိုက်မှုများက အကျိုးရှိသည်ကို သိပြီး သူက ဤနဂါးကို လွတ်မြောက်ခွင့် ပေးမည်မဟုတ်ပါချေ။
သို့သော် ထိုအချိန်မှာပင် အဝေးမှ တီနာ၏ အော်သံက ထွက်လာလေ၏။
အန်လင်းက ချက်ချင်းပင် သူမရှိရာသို့ လှည့်ကာ အခြေအနေကို အကဲခတ်လိုက်လေ၏။
သူက... တီနာက ဂမ်ဒမ်နှစ်ကောင်ကို အလန့်တကြားကြည့်နေပြီး ဘာဆက်လုပ်ရမလဲဆိုသည်ကို လမ်းပျောက်နေသည့် မြင်ကွင်းနှင့် မိတ်ဆက်ခံလိုက်ရလေ၏။
သူက နားဝေတိမ်တောင်ဖြင့် မျက်တောင်ခတ်လိုက်ပြီး ဂမ်ဒမ်နှစ်ကောင်ကို ကြည့်ကာ ချက်ချင်းပင် အသက်ပြင်းပြင်းရှုလိုက်မိ၏။
ဂမ်ဒမ် ၁ နှင့် ဂမ်ဒမ် ၂မှာ သူတို့လက်ထဲတွင် အလင်းဓားနှစ်ချောင်းကို ကိုင်ထားပြီး တီနာ၏ ရှေ့တွင် ရဲရဲဝင့်ဝင့်ရပ်နေလေ၏။
သူတို့ရှေ့တွင်မူ မျက်လုံးတစ်ထောင် နတ်ဆိုးနဂါး၏ ခန္ဓာကိုယ်က မွစာကြဲနေလေ၏...။
မျက်လုံးတစ်ထောင် နတ်ဆိုးနဂါးမှာ အပိုင်းပိုင်း လှီးခံလိုက်ရပြီးဖြစ်၏။
အန်လင်းက ထိုမြင်ကွင်းကို မျက်နှာမဲ့လိုက်လေ၏။ သူက ဂမ်ဒမ်နှစ်ကောင်၏ ဓားသိုင်းကို ချီးကျူးသင့်သည်လား...။
ဘုရားရေ...။ ဂမ်ဒမ်များက မျက်လုံးတစ်ထောင် နတ်ဆိုးကို ထိုမျှအထိ ထိခိုက်စေရန် အစွမ်းမထက်သည်မှာ ရှင်းလင်းလှပေ၏။ ထိုသည်က မျက်လုံးတစ်ထောင်နတ်ဆိုးက ရည်ရွယ်ချက်ရှိရှိဖြင့် အပိုင်းပိုင်းလှီးခွင့်ပြုလိုက်သည်မှာ အသိသာကြီးပင်။
အန်လင်းက သူမျက်နှာသူ ရိုက်လိုက်မိလေ၏။ သူက ဂမ်ဒမ်နှစ်ကောင်ကို ချွန်ထက်သော လက်နက်များ အသုံးပြုခြင်းမှ တားမြစ်လိုက်သင့်၏။ သို့သော် ယခုတွင် အရမ်းနောက်ကျသွားပြီ ဖြစ်သည်...။
မျှော်လင့်ထားသည့်အတိုင်းပင် မျက်လုံးတစ်ထောင် နတ်ဆိုး နဂါး၏ အပိုင်းအစများက မြေပြင်ပေါ်တွင် စတင် တွန့်ကွေးလာလေ၏။ သူတို့က ပထမတွင် အဖြူရောင် ဘောလုံးများအဖြစ်ပြောင်းသွားကာ တဖြည်းဖြည်းနှင့် မျက်လုံးတစ်ထောင် နတ်ဆိုးနဂါး အသေးလေးများအဖြစ်သို့ ပုံစံယူလာကြလေ၏...။
"ကြီးမြတ် သန့်စင် မီးတောက်၊ ကြယ်မိစ္ဆာ မီးတောက်၊ လရောင်ရှုခင်း မီးတောက်၊ ကောင်းကင်ဘုံ ဟာလာပြင် မီးတောက်..." အန်လင်းက ချက်ချင်းပင် နဂါးအငယ်စားများပေါ်သို့ သူ့၏ အံ့ဖွယ် မီးတောက် ပုတီးစေံ၏ အကူအညီဖြင့် မီးတောက်များ ထုတ်လွှတ်လိုက်လေ၏။
အံ့ဖွယ် မီးတောက် လေးခုက မီးတောက် နဂါးလေးကောင် ဖြစ်ပေါ်လာစေကာ အော်ဟစ်ပြီး မျက်လုံးတစ်ထောင် နတ်ဆိုးနဂါးများဆီသို့ ကြောက်မက်ဖွယ် အပူချိန်မြင့်မြင့်နှင့် ဆင်းသက်လာပြီး ပေတစ်သောင် နီးပါရှိသော သူတို့ပတ်လည်မှ လေထုကို ထူးဆန်းကာ တွန့်ကွေးသွားစေလေ၏။
မီးတောက် နဂါးလေးကောင်က မျက်လုံးတစ်ထောင် နတ်ဆိုးနဂါး အသေးစားလေးများဆီသို့ တိုးဝင်လာလုဆဲဆဲတွင် လျှိုချူးချူးနောက်သို့ လိုက်နေသော နဂါးမှာ ရုတ်တရက် အသေးစားအပိုင်းလေးများရှိရာ အရှေ့သို့ နောက်ကြောင်းပြန်လှည့်လာလေ၏။ ထိုအရာ၏ ခန္ဓာကိုယ်ပေါ်ရှိ ကြက်သွေးရောင် မျက်လုံးများ အားလုံးက ရုတ်တရက် ပွင့်လာကာ ထို့နောက် ချက်ချင်းပင် အနီရောင် အလင်း အတားအဆီးတစ်ခုက ပေရာပေါင်းများစွာရှိ ဧရိယာကို လွှမ်းခြုံသွားလေ၏။
ဘုန်း...
မီးတောက်များ ပေါက်ကွဲခြင်းက လှိုင်းများကို ဖန်တီးကာ မြေြပင်များကို အက်ကွဲစေပြီး တောင်များကို ပြိုကျသွားစေ၏။
သို့သော် အနီရောင်အလင်းအတားအဆီးက မရေမတွက်နိုင်သော မီးတောက်ပင်လယ်များအကြားတွင် မပျက်မစီးပဲ ကျန်ရစ်နေပြီး မီးတောက်များကို လုံးဝ ငြိမ်းသက်စေနိုင်သည့် အလွန်အမင်း အစွမ်းထက်လှသော စွမ်းအင်များကို ထုတ်လွတ်နေလေ၏။
တီနာက အန်လင်း၏ ဘေးသို့ ရောက်နေပြီဖြစ်ကာ ဂမ်ဒမ်နှစ်ကောင်မှာတော့ လက်ရှိအနေအထားတွင် နောင်ဆုတ်ရန် ပြင်ဆင်နေဆဲ ဖြစ်လေ၏။
ကြက်သွေးရောင် မျက်လုံးများအားလုံးပွင့်နေသော နဂါးမှာမူ အသက်ကုန်ဆုံးသွားလေပြီ။ ထို့နောက် ထိုသည်က မြေပြင်တွင် အဖြူရောင် ရေအိုင်တစ်ခုအဖြစ် ပြောင်းသွားလေ၏။
အန်လင်းက ထိုသည်ကို မြင်ကာ နောက်ထပ်တစ်ခုကို သဘောပေါက်သွားလေ၏။ "အဲ့တော့ မျက်လုံးတွေ ပွင့်လာပြီးရင် အသက်မရှင်နိုင်တော့ဘူးပေါ့။ အဲဒါဆို မျက်လုံးတွေကပဲ မျက်လုံးတစ်ထောင် နတ်ဆိုးနဂါးရဲ့ ခန္ဓာကိုယ် ဖြစ်လာစေတာလား။"
သူ့၏ နှလုံးသားက အနည်းငယ် တုန်ယင်သွားပြီး တခြားအတွေးတစ်ခု ဝင်လာလေ၏။ "အဲဒါက အနောက်က နဂါးလေးတွေကို ကာကွယ်ဖို့ မျက်လုံးလေးပုံတစ်ပုံကို စတေးဖို့ ဆန္ဒရှိတယ်ပေါ့..."
အန်လင်းက သူ့ကိုယ်သူ မှန်းဆနေစဉ်မှာပင် အဖြူရောင် ဘောလုံးများက သူတို့၏ မျက်လုံးတစ်ထောင် နတ်ဆိုးနဂါးများအဖြစ်သို့ ပြောင်းလဲခြင်းက ပြီးဆုံးသွားကာ စုစုပေါင်း ၅၀ သို့မဟုတ် ၆၀ခန့် ရှိပေ၏။
အန်လင်း၏ နှလုံးသားကို တုန်လှုပ်စေသော ကြောက်မက်ဖွယ် စွမ်းအင်က အပြင်ဘက်သို့ ဖြာထွက်လာပြီး ထိုကြက်သွေးရောင် မျက်လုံးများ အားလုံးက မြင်မြင်သမျှကို ဝါးမျိုပစ်တော့မည်ဟုပင် ထင်ရလေ၏။
အန်လင်းက ဤကဲ့သို့ ဆဲလ်ကွဲပွားခြင်း အမျိုးအစားက စွမ်းအင် တည်မြဲမှု နိယာမကို လုံးဝ ဆန့်ကျင်နေသည်ဟု ခံစားလိုက်ရ၏။ သတ္တဝါတစ်ကောင်က သူ့ကိုယ်သူ နှစ်ပိုင်းခွဲပစ်နိုင်သော စွမ်းအင် ရှိပါလျှင်တောင် ထိုနှစ်ပိုင်းမှာ မူရင်းတစ်ခုလုံးထက် အနည်းဆုံးတော့ သိသိသာသာ အားနည်းသင့်ပါ၏။ သို့သော် ဤနဂါးမှာ သူ့ကိုယ်သူ အကြိမ်ပေါင်းများစွာ အပိုင်းပိုင်းခွဲလိုက်သော်လည်း နဂါးအသေးစားတစ်ခုစီတိုင်းက မူရင်းတစ်ခုလုံးထက် ၇၀ရာခိုင်နှုန်းခန့်တော့ စွမ်းအား ကျန်ရစ်နေပေသေး၏။ သို့ဖြစ်၍ ထိုများလှစွာသော နဂါးများ၏ စုပေါင်းစွမ်းအားမှာ ကြောက်မက်ဖွယ် ကောင်းလှပေ၏...။
ထိုအခိုက်၌ ရေကန်ဖြူနယ်မြေ၏ အစွန်ရှိ ကြီးမားလှသော ကျောက်တုံးကြီး၏ နောက်တွင်...
သက်ရှိနှစ်ယောက်က သူတို့၏ အော်ရာများကို ဖျောက်ဖျက်ကာ ရေကန်ဖြူအနီးတွင် ဖြစ်ပွားသွားသော တိုက်ပွဲကို စူးစိုက်ကြည့်နေလေ၏။
သူတို့ထဲမှ တစ်ယောက်မှာ တစ်ဝက်တစ်ပျက်မြင်နိုင်သော အရွယ်ရောက်ပြီး လူကြီးတစ်ယောက်၏ အရွယ်ခန့်ရှိသည့် ရေခူတစ်ကောင်ဖြစ်၏။ ထိုသည်က လေထဲတွင် မြောနေကာ လျှပ်စီးများက သူ့လက်တံများပတ်လည်တွင် လင်းလက်နေကာ မေးလိုက်လေ၏။ "ဟုန်ဒူ... အဲဒါ နင်ပြောတဲ့ အန်လင်းလား။"
ရင်ဘတ်တွင် မီးတောက်များ လောက်ကျွမ်းနေသော ထွားကြိုင်းလှသည့် ကျောက်ဘီဘူးကြီးတစ်ကောင်က အံ့အားသင့်နေဟန်ဖြင့် ခေါင်းငြိမ့်ပြလိုက်လေ၏။ "သူ့ကို မှားစရာမရှိဘူး။ အဲဒါက သေချာပေါက် အန်လင်းပဲ။ သူက ရှေးဟောင်းထိုက်ချူနယ်မြေထဲမှာလို့ ဘယ်သူက ထင်မှာလဲ။ ပြီးတော့ အင်အားကြီးလေးရပ်တာအို ဖလှယ်ပွဲညီလာခံပြီးကတည်းကဆို တစ်နှစ်ကျော်လေးပဲ ရှိသေးတာ။ ဒီအချိန်အတွင်းမှာ ဝိညာဉ် ဖွဲ့စည်းခြင်း အလယ်အလတ်အဆင့်ကို တိုးတက်နိုင်တယ်ဆိုတော့ သူက တကယ့်ကို အထူးပါရမီရှိတဲ့ အကျော်အမော်တစ်ယောက်ပဲ။"
"ဟီးဟီး... ဒါပေမဲ့ အဲ့အထူးပါရမီရှိတဲ့ အကျော်အမော်က အခုတော့ အခြေအနေ တော်တော်လေး ကောင်းနေပြီ..." ရေခူက ရယ်မောက ပြောလိုက်၏။ "ကောင်းကင်ဘုံ ခုံရုံးရဲ့ ကိုယ်စားလှယ်တွေက ငါတို့ရဲ့ မဟာမိတ်တွေလို့ ယူဆလို့ရတာပဲ။ အဲ့တော့ မင်း ဘာပြောအုံးလဲ။ သူ့တို့ကို ကူညီကြမလား။"
ဟုန်ဒူက မီးတောက်မျက်လုံးများကို ခတ်လိုက်၏။ သူက အတိတ်တွင် အန်လင်း သူ့ကို အနိုင်ကျင့်ခဲ့သည့် အချိန်များကို ပြန်သတိရကာ ရုတ်တရက် ရယ်မောလိုက်လေ၏။ "ဟုတ်တယ်။ ဘာပဲဖြစ်ဖြစ် ငါတို့က သူငယ်ချင်းတွေပဲ။ သူတို့ကို ဒီအတိုင်းထားခဲ့တာကတော့ မကောင်းလောက်ပါဘူးလေ။"
"ဟီးဟီး... ငါတို့ ဝင်မကူခင် သူတို့အပြတ်အသတ်ရှုံးလုနီးပါးအထိ စောင့်ကြတာပေါ့။ ပြီးရင် ငါတို့ကို ရိုရိုသေသေဆက်ဆံလာအောင် သူတို့ရဲ့ ကယ်တင်ရှင်တွေ လုပ်ကြမယ်လေ။ ငါ့ရဲ့ ကြီးမြတ်တဲ့ပုံရိပ်က သူတို့ရဲ့ စိတ်ထဲမှာ စွဲစွဲမြဲမြဲ ထင်ကျန်နေစေရမယ်။"
သည်လိုနှင့်ပင် မျှော်လင့်တကြီး အပြုံးတစ်ခုက ဟုန်ဒူ၏ မျက်နှာထက်တွင် ပေါ်လာလေ၏။
------------