← Chapters

ဟုန်ဒူ၏ ကူညီမှု

Vol. 36 Ch. 497

ဟုန်ဒူ၏ ကူညီမှု

Vol. 36 Ch. 497

တီနာက အန်လင်း၏ ပခုံးပေါ်တွင် ရပ်ကာ အန်လင်း၏ ဆံပင်များကို လက်သေးသေးလေးများဖြင့် ကြောက်လန့်တကြား ဆုတ်ကိုင်လိုက်လေ၏။ "အဲ့နဂါးကြီးက ဘာမကောင်းဆိုးဝါးမျိုးကြီးလဲ။ အဲဒါက ငါ့ရဲ့ မြင့်မြတ်အလင်းစွမ်းအင်ကိုတောင် ချိတ်ပိတ်နိုင်တယ်။"

"ဝါး... ငါက ငါ့ရဲ့ မြင့်မြတ်အလင်းတောင် မရှိတော့ဘူး။ ငါက ဘယ်လို နတ်သမီးမျိုးလဲ။"

တီနာက သူမ၏ သနားစရာ အ​ခြေအနေကို တွေးမိသောအခါ မျက်ရည် ရွဲလဲ ဖြစ်နေလေ၏။

အန်လင်းက ခိုးကိုးရာမဲ့ သက်ပြင်းတစ်ခု ချလိုက်ပြီး "စိတ်လျော့ပါ နတ်သမီးလေး။ ငါ့ရဲ့ အထူး လျှပ်စီး ကြိုးကိုင်ခြင်း နည်းစနစ်လဲ အခိုးခံလိုက်ရတယ်။ ဒါပေမဲ့ ငါညီးညူနေတာ နင်မြင်လို့လား။"

သူတို့က တစ်ယောက်နှင့်တစ်ယောက် စကားပြောနေစဉ်မှာပင် မျက်လုံးတစ်ထောင် နတ်ဆိုးနဂါးလေးများအားလုံးက မြင့်မြတ်အလင်းဖြင့် တောက်ပလာကာ သူတို့၏ ခန္ဓာကိုယ်မှ အလွန်အမင်း အစွမ်းထက် အော်ရာများ ထုတ်လွတ်နေပေတော့၏။

အန်လင်း : "..."

"ငါတို့ တိုက်နေရတုန်းလား။" လျှိုချူးချူးက အဝေးမှ သူမ၏ အသံကိုကူးပြောင်းပို့လာလေ၏။

"ဟုတ်တယ်။ သူတို့က ငါတို့ရဲ့ မန္တန်နည်းစနစ်တွေကို ခိုးသွားပြီ။ ငါတို့ သူတို့ကို လွတ်ထားလို့မရတော့ဘူး။" အန်လင်းက အံတင်းတင်း ကြိတ်လိုက်လေ၏။

လျှိုချူးချူး : "ဟုတ်ပြီ။"

တုံးအလှသည့် ဂမ်ဒမ်များက အန်လင်း၏ အမိန့်တွင် သူတို့၏ အလင်းဓားများကို သိမ်းကာ မီးတောက်များကို အစားထိုး အသုံးပြုလိုက်လေ၏။

အန်လင်း၏ လျှပ်စီးခြယ်လှယ်ခြင်း နည်းစနစ်ကို ခိုးယူသွားသော မျက်လုံးတစ်ထောင် နတ်ဆိုး နဂါးမှာ ခန္ဓာကိုယ်တစ်ခုလုံးတွင် လျှပ်စီးများ လက်နေသော မျက်လုံးတစ်ထောင်န။ နတ်ဆိုးနဂါးလေးများ၏ ရှေ့တွင် စစ်တပ်ကို ဦးဆောင်နေသော ဗိုလ်ချုပ်ကဲ့သို့ ရပ်နေလေ၏။

ကံမကောင်းစွာဖြင့် စစ်တပ်တစ်ခုလုံးကို ချေမှုန်းရန်အတွက် ဗိုလ်ချုပ်ကို အရင်ဆုံး အမှုန့်ခြေရမည်ဟူသာ နည်းလမ်းက အလုပ်မဖြစ်လောက်ပါပေ။ အဘယ်ကြောင့်ဆိုသော် သူတို့က ကျန်ရစ်သော နဂါးလေးများ၏ ဝါးမြိုခြင်းကို ခံရနိုင်ပေ၏။ သို့ဖြစ်၍ အန်လင်းလုပ်နိုင်သည်မှာ သူတို့အားလုံးကို အသေမီးရှို့ပစ်ရန်သာ ဖြစ်ပေ၏။

ထိုအခိုက်မှာပင် နဂါးစစ်တပ်၏ ရှေ့ဆုံးမှ မျက်လုံးတစ်ထောင်နတ်ဆိုးနဂါးက ယခင်ကပိတ်ထားသော သူ့ခန္ဓာကိုယ်ပေါ်ရှိ ကြက်သွေးရောင် မျက်လုံးများ အားလုံးကို ရုတ်တရက် ဖွင့်လိုက်လေ၏။ ထိုအရာ၏ ကြက်သွေးရောင် မျက်လုံးများက ပြောင်းလဲခြင်းတစ်ခုခု ပြီးမြောက်သွားသကဲ့သို့ ပိုပြီး တောက်ပလာပုံရလေ၏။

ဖြတ်...

သူ့ခန္ဓာကိုယ်တွင် လည်ပတ်နေသော လျှပ်စီးက ကြက်သွေးရောင် ဖြစ်လာကာ နဂါးကိုယ်တိုင်သည်လည်း ပိုမို ကြောက်မက်ဖွယ် ဖျက်ဆီးခြင်း အင်အားများကို ထုတ်လွှတ်နေပေ၏။

အန်လင်း၏ မျက်ဆံများက ကြုံ့သွားလေ၏။ "အဲဒါက တိုးတက်လာတာလား။"

ခုဏလေးတင်ကမှ နဂါးကြိုးကိုင်နေသော အပြာရောင် လျှပ်စီးမှာ လျှပ်စီး ကြိုးကိုင်ခြင်းနည်းစနစ်၏ သာမန်ပုံစံဖြစ်သည်ကို သူသိပေ၏။ သို့သော် ဤကြက်သွေး​ေရာင် လျှပ်စီးမှာမူ နဂါးကိုယ်တိုင်၏ စွမ်းအားကို ထုတ်ယူကာ ပိုပြီးအစွမ်းထက်လာစေခြင်းဖြစ်လေ၏။

အန်လင်းက မနေနိုင်တော့ပဲ တပ်ကို ဦးဆောင်နေသော နဂါးကြီး၏ နောက်မှ နဂါးလေးများကို ကြည့်လိုက်လေ၏။ သူတို့၏ မျက်လုံးများ အားလုံးသည်လည်း တီနာ၏  မြင့်မြတ်အလင်းစွမ်းအင်ကို စုတ်ယူပြီးနောက် ပိတ်နေခြင်းဖြစ်၏။ သူတို့က မျက်လုံးများပြန်ဖွင့်လာပါက ပိုပြီး အစွမ်းထက်လာမည်ဟု ဆိုလိုသည်လား။

"ငါတို့ အချိန်အများကြီး မရှိတော့ဘူး။ သူတို့ကို အခုတိုက်ခိုက်ရမယ်။"

အန်လင်းက အံ့ဖွယ်မီးတောက်ပုတီးကို သူ့လက်ထဲတွင်ကိုင်ကာ နဂါးငယ်လေးများဆီသို့ အရင်ဆုံး တိုးဝင်သွားလိုက်လေ၏။

စစ်တပ်၏ ရှေ့ရှိ ပိုကြီးသော နဂါးက ချက်ချင်းပင် ကြက်သွေးရောင် လျှပ်စီးကြောင်းတစ်ခုကို ဆင့်ခေါ်လိုက်ကာ အန်လင်းပေါ်သို့ ပစ်ချလိုက်လေ၏။

အန်လင်းက အလေ့အကျင့်၏ တွန်းအားပေးမှုကြောင့် သူ့၏ လျှပ်စီး ကြိုးကိုင်ခြင်း နည်းစနစ်ကို အသုံးပြုလိုက်ပြီးနောက် ချက်ချင်းပင် သူ၌ ထိုစွမ်းရည်မရှိတော့သည်ကို သဘောပေါက်သွားလေ၏။

သူက ဘေးသို့ အလျင်အမြန် ရှောင်လိုက်သော်လည်း လျှပ်စီး၏ အရှိန်မှာ သူအလွယ်တကူရှောင်နိုင်သော အရာတစ်ခု မဟုတ်ခဲ့ပါပေ။ သူ့၏ တုံ့ပြန်မှုများက အလွန်နောက်ကျနေခဲ့ပြီး ကြက်သွေးရောင် လျှပ်စီးက ချက်ချင်းပင် သူ့၏ ပခုံးဆီသို့ ထိုးဖောက်သွားလေ၏။

စူးရှသော နာကျင်မှုနှင့်အတူ ထုံကျင်သော ခံစားမှုက သူ့တစ်ကိုယ်လုံး ပျံ့နှံ့သွားပြီး ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွားစေသည်။

ဤခံစားချက်... ထိုသည်က အလွန် အံ့ဩဖွယ် ​ကောင်းလှပေ၏။

သူက ဤကဲ့သို့ လျှပ်စီးပစ်မခံရသည်မှာ အလွန်ကြာနေပြီဖြစ်ကာ မရင်းနှီးသော ရင်ဖိုစရာနာကျင်မှုက သူ့အတွက် ပျော်ရွှင်ဖွယ် အထိအတွေ့တစ်ခု ဖြစ်လုနီးနီးပင်။

ထိုအချိန်၌ မျက်လုံးတစ်ထောင်နတ်ဆိုးနဂါးလေးများအားလုံးက သူတို့၏ ပါးစပ်များကို တစ်ပြိုင်တည်း ဖွင့်လိုက်ပြီး ကြောက်မက်ဖွယ် မြင့်မြတ်အလင်းက သူတို့ခန္ဓာကိုယ်ပတ်လည်တွင် ကျယ်ပြန့်လာလေ၏။

ဘုန်း ဘုန်း ဘုန်း...

နဂါးများအားလုံးက သူတို့၏ ပါးစပ်များမှ မြင့်မြတ်အလင်းကို အန်လင်းနှင့် တခြားသူများဆီသို့ ထုတ်လွှတ်လိုက်လေ၏။

မြင့်မြတ်အလင်းပေါက်ကွဲမှုတိုင်းက ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ ခွန်အားပြည့် တိုက်ခိုက်မှုတစ်ခုနှင့် ညီမျှပေ၏။ ဤများပြားလှသည့် တစ်ပြိုင်တည်း အလင်းပေါက်ကွဲမှုများက လူတိုင်းကို စိတ်မအေးမှုဖြင့် လွှမ်းခြုံထားနိုင်သော ခံစားချက်ကို ပေးလေ၏။

တီနာက အန်လင်းနောက်တွင် တုန်တုန်ယင်ယင်ဖြင့် ပုန်းနေရာ သူက ချက်ချင်းပင် သူ့၏ အနက်ရောင် အုတ်ခဲကို ဒိုင်းအဖြစ် အသုံးပြုလိုက်လေ၏။

မြင့်မြတ်အလင်းအတားအဆီးကြီးက တစ်ကီလိုမီတာ အချင်းဝက်အတွင်းရှိ ဧရိယာကို လွှမ်းခြုံထားလေ၏။ သနားစရာ ဂမ်ဒမ်များက ရှောင်ရန်ပင် အချိန်မရလိုက်ပဲ မြင့်မြတ်အလင်း၏ ပစ်ခတ်ခြင်းဖြင့် အပြည့်အဝ ဝါးမြိုခြင်းကို ခံလိုက်ရပေ၏။

"သူတို့က အရမ်းကို အစွမ်းထက်တာပဲ ဘီလူးအန်လင်း။ ငါတို့က သူတို့နားတောင် ကပ်လို့မရဘူး။" တီနာက ကြောက်ရွံ့စွာနှင့် အန်လင်း၏ ပခုံးပေါ်တွင် မတ်တပ်ရပ်နေပေ၏။

မြင့်မြတ်အလင်းအတားအဆီးမှာ အညှာအတာကင်းမဲ့ကာ ပေါက်ကွဲမှုတိုင်းက အန်လင်းနှင့်အတူ အုတ်ခဲနက်ကြီးကို အဝေးသို့ ဆုတ်သွားစေ၏။

အန်လင်းမှာလည်း မျက်လုံးတစ်ထောင်နတ်ဆိုးနဂါးများ၏ စွမ်းအားကြောင့် အနည်းငယ် ပြောစရာစကား မဲ့နေလေ၏။ သူတို့၏ စွမ်းအင်မှာ ရှင်းပြ၍ မရနိုင်ပါပေ။ မကြာသေးမီကမှ အကျိုးသက်ရောက်မှုများ ပြန်လည်ကောင်းမွန်လာခဲ့သော်လည်း သူက မြေအောက်ကမ္ဘာ၏ မူလစွမ်းအင်ကို ထပ်မံအသုံးပြုရတော့မည်လား။

အန်လင်းက အစီအစဉ္တစ်ခုကို အသည်းအသန်တွေးတောနေစဉ်မှာပင် ဟက်ဟက်ပက်ပင်ရယ်သံတစ်ခုက လေထဲမှ ထွက်လာလေ၏။

"ဟားဟားဟားဟား... မင်းက အရင်လိုပဲ စောက်သုံးမကျတုန်းပဲနော် အန်လင်း။ အစွမ်းထက် ဟုန်ဒူက မင်းကို ကယ်ပေးမယ်။"

ထွားထွားကြိုင်းကြိုင်း ပုံရိပ်တစ်ခုက မီးတောက်တိမ်တိုက်တစ်ခု၏ အပေါ်မှ အံ့အားသင့်ဖွယ် စွမ်းအားဖြင့် ကောင်းကင်မှ ဆင်းလာလေ၏။

အန်လင်းက ကျောက်ဘီလူးကြီးကို မြင်သောအခါ အနည်းငယ် ပါးစပ်အဟောင်းသားဖြစ်သွားလေ၏။

ဟုန်ဒု၏ ထွားထွားကြိုင်းကြိုင်း မာမာတောင့်တောင့် ခန္ဓာကိုယ်မှာ ကြက်သွေးရောင် မီးတောက်များဖြင့် အနည်းငယ် တောက်ပနေကာ သူ့အား ​အလွန်ကြောက်မက်ဖွယ် ပုံရိပ်ကို ပေးနေပြီး အကြီးဆုံးနဂါးဆီသို့ ပြေးဝင်သွားလေ၏။ "လင်းယင် ငါဒီအသေးလေးတွေကို မင်းအတွက် ချန်ထားလိုက်မယ်။"

"လွယ်ပါတယ်။"

တစ်ဝက်ဖောက်မြင်နိုင်သော ရေခူတစ်ကောင်က လေထုကိုဖြတ်သန်းကာ လေပြည်ကဲ့သို့ ပျံသန်းလာလေ၏။ သူမက ထိုမျှမြန်ဆန်သည်ဟု မထင်ရသော်လည်း နဂါးလေးများ၏ အပေါ်၌ မျက်တောင်တစ်ခတ်အတွင်းမှာပင် ပေါ်လာခဲ့လေ၏။ သူမက လက်တံများကို ဖြန့်ကျက်ကာ အချင်းဝက် တစ်ကီလိုမီတာခန့်ရှိသော ပိုက်ကွန်တစ်ခုပေါ်လာစေပြီး ချက်ချင်းပင် အောက်ဘက်မှ နဂါးအငယ်စားလေးများ အားလုံးကို ဖုံးအုပ်ပစ်လိုက်လေ၏။

"အံ့ဖွယ် လျှပ်စီး ရေကန်..."

သူမ၏ လက်တံများမှ အဖြူရောင် အံ့ဖွယ်လျှပ်စီး ပေါ်ထွက်လာပြီး မရေမတွက်နိုင်သော လျှပ်စီးကြောင်းများ ဖြစ်ပေါ်လာစေကာ လျှပ်စီးရေအိုင်တစ်ခုကို ဖန်တီးလိုက်လေ၏။ သို့ဖြစ်၍ သူမအောက်မှ နဂါးများအားလုံးကို ဝါးမြိုပစ်လိုက်လေ၏။

"ဟားဟား... သေစမ်း စောက်ကောင်လေးတွေ။ ပါးပါး ဟုန်ဒူက သင်ခန်းစာတစ်ခု သင်ပေးမယ်။"

ဟုန်ဒူက အကြီးဆုံးနဂါး၏ ရှေ့တွင် ပေါ်လာပြီး ကြောက်မက်ဖွယ် တိုက်ခိုက်မှုတစ်ခုကို ထုတ်လွတ်လိုက်လေ၏။

ဘုန်း...

အချင်းဝက် မီတာပေါင်းများစွာကို ဖုံးအုပ်နိုင်သော ကြောက်မက်ဖွယ် လှိုင်းလုံးကြီးတစ်ခုက ပေါက်ကွဲထွက်လာလေ၏။

နဂါးက ကောင်းကင်မှ အမြှောက်ဆံတစ်ခုကဲ့သို့ ပြုတ်ကျလာကာ မြေပြင်ပေါ်တွင် တွင်းကြီးတစ်ခုကို ချန်ထားခဲ့ပေ၏။

"ဟားဟားဟား... ပါးပါး ဟုန်ဒူရဲ့ လက်သီးအရသာကို ကြိုက်ရဲ့လား။ မင်းတို့ကို ဗိုက်ပြည့်အောင်ကျွေးမယ်။" ဟုန်ဒူက အာရဝမ်းသာ ရယ်မောကာ အောက်ဘက်မှ နဂါးဆီသို့ လက်သီးမိုးများ သွန်းဖြိုးလိုက်ပြီး မြေပြင်ကို ငလျင်အငယ်စားလေးများ ဖြစ်ပေါ်လာစေ၏။

ထိုအချိန်မှာပင် ရေခူက ရုတ်တရက် နာနာကျင်ကျင် အော်ဟစ်လိုက်လေ၏။

"အဆင်ပြေရဲ့လား လင်းယင်။" ဟုန်ဒူက ရေခူဆီသို့ စိုးရိမ်တကြီး ကြည့်လိုက်လေ၏။

ထိုနောက်သူက အဖြူရောင် အံ့ဖွယ်လျှပ်စီးများက ကောင်းကင်မှ ရေခူဆီသို့ ဦးတည်လာသည်ကို တွေ့လိုက်ရ၏။

ဂျိမ်း...

ရေခူမှာ သူမ၏ ကိုယ်ပိုင်လျှပ်စီးဖြင့် သတိလစ်အောင် တိုက်ခိုက်ခြင်းကို ခံလိုက်ရလေပြီ။ သူ့၏ လျှပ်စီး ကြိုးကိုင်ခြင်းနည်းစနစ်က ထိုအတွက် တရားခံဖြစ်ပေ၏။

ထိုအချိန်မှာပင် ဟုန်ဒူ မြေပြင်ပေါ်သို့ ထိုးလိုက်သော နဂါးက ထိုသည်ကို အခွင့်ကောင်းယူကာ သူ့၏ နက်စွေးစွေး မျက်လုံးများမှ ထူးဆန်းသော လှိုင်းငယ်များကို ထုတ်လွတ်ရန်အတွက် ဟုန်ဒူ၏ ရှေ့တွင်ပေါ်လာလေ၏။

"အဓမ္မလုယူခြင်း..."

ထိုစက္ကန့်ပိုင်းလေးအတွင်း တစ်စုံတစ်ခုကို ပျောက်ဆုံးသွားပြီဟု ဟုန်ဒူက ရုတ်တရက် ခံစားလိုက်ရ၏။

သူက အလွန်ပင် စိတ်မအေးပဲ ရှိနေသော်လည်း သူရှေ့မှ နဂါးကြီးဆီသို့ လက်သီးဖြင့် ထိုးနှက်လိုက်နိုင်ဆဲဖြစ်၏။

နဂါးကြီးက သူ့၏ တိုက်ခိုက်မှုကို ကြိုတွက်ထားပြီး ဖြစ်ပုံရကာ သူခန္ဓာကိုယ်ပေါ်မှ မျက်လုံးများအားလုံးကို ပိတ်ကာ မြန်ဆန်လှသော အရှိန်ဖြင့် နောက်ဆုတ်သွားလေ၏။ မျက်လုံးများက တစ်စုံတစ်ခုကို ချေဖြတ်နေသကဲ့သို့ပင်။ တစ်ချိန်တည်းမှာပင် ထိုအရာ၏ ခန္ဓာကိုယ်တစ်ခုလုံးက ကြက်သွေးရောင် ပူပြင်းမီးတောက်များဖြင့် လွှမ်းခြုံခံလိုက်ရပြီး သူ့ခန္ဓာကိုယ်မှ အပူလှိုင်းများက ဖြာထွက်လာပေ၏။

ဟုန်ဒူကို နဂါးကို အံ့ဩတကြီး စိုက်ကြည့်လိုက်လေ၏။ ဤရင်းနှီးနေသော စွမ်းအင်... ထိုသည်က သူဂုဏ်ယူဝင့်ကြွားရသော စွမ္းအင်ပင်ဖြစ်၏...။

သူက သူ့၏ ရင်ဘတ်ကို ငုံ့ကြည့်လိုက်ရာ ကျောက်သားပြင်ကြီးမှ လွဲ၍ ဘာမှ မရှိတော့သည်ကို တွေ့လိုက်ရ၏...။

"ငါ့ရဲ့... ငါ့ရဲ့ စိတ်ဝိညာဉ် မီးတောက် မရှိတော့ဘူး..."

ဟုန်ဒူက ပါးစပ်အဟောင်းသားဖြင့် သူ့၏ ရင်ဘတ်ကို ​မျက်လုံသေများဖြင့် ငုံ့ကြည့်နေသည်မှာ သူ့၏ မျှော်လင့်ချက်များနှင့် အိပ်မက်များအားလုံးကို ဆုံးရှုံးလိုက်ရသော ကျောက်တုံးတစ်ခုကဲ့သို့ပင်။

ဘန်း...

ဟုန်ဒူ၏ နဂါးရန်သူက သူ့၏ အဖြူရောင် လက်သည်းများကို ဟုန်ဒူအပေါ်သို့ ကြောက်မက်ဖွယ်စွမ်းအားဖြင့် ခုတ်ပိုင်းပစ်လိုက်ပြီး ချက်ချင်းပင် ဟုန်ဒူကို မြေပြင်ပေါ်သို့ ပြုတ်ကျသွားစေတော့၏။

ထို့နောက် ထိုအရာ၏ လက်သည်းများက လက်သီးအဖြစ်တင်းတင်းဆုတ်လိုက်ပြီး မရေမတွက်နိုင်သော မီးတောက်လက်သီးအလင်းတန်းများကို ဟုန်ဒူအပေါ်သို့ ပစ်လွတ်လိုက်လေ၏။ မီးတောက်များက ကမ္ဘာပေါ်သို့ ထိုးကျလာပြီး မြေပြင်က လှုပ်ရမ်းတုန်ခါနေကာ ဟုန်ဒူက ကိုယ်ဖော်တဲ့ ဆေးကို ပြန်အရသာ ခံနေရလေပြီ...။

ဟုန်ဒူက မြေပြင်ပေါ်တွင် လဲနေကာ ခံစစ်တစ်ခုပြန်လည် ပြုလုပ်ရန်ပင် စိတ်ပျက်အားငယ်နေလေတော့သည်။

သူဂုဏ်ယူခဲ့ရသော စွမ်းအင်မှာ မရှိတော့ပါပေ။ ခုခံခြင်း၏ ရည်ရွယ်ချက်က မည်သည်နည်း။ သူက အသုံးမကျသည့် ကျောက်တုံးတစ်တံုးအဖြစ် ကံတရားကို လက်ခံသင့်သည်လား...။

---------------------------

All Chapters