အခန်း (၁၅၄၁)
Vol. 111 Ch. 1541
လှံရှည်က အသံမြည်သွားပြီး လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်မျိုးက ပဲ့တင်ပြန်လာသည်။
ယင်းက မရေမတွက်နိုင်သော နတ်သားရဲများကို ပြန်ရောက်လာစေရန် လှုံ့ဆော်သော ပဲ့တင်ပြန်မှုဖြစ်သည်။
နတ်ဘုရားသုတ်သင်ခြင်းလှံထဲမှ နတ်သားရဲများ၏ စိတ်အာရုံများ ထုတ်လွှတ်ခံလိုက်ရသည့်အခါ ကမ္ဘာဦးလောကတစ်ခုလုံး တုန်ယင်သွားသည်။
“ အဲ့ဒါ ဘယ်လိုနတ်သားရဲစွမ်းအားလဲ ”
“ ငါ့အမျိုးအနွယ်ရဲ့ စွမ်းအားကို ငါအာရုံခံမိတယ် ”
“ အဲ့ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… ငါတို့အမျိုးအနွယ်ထဲက ကမ္ဘာဦးအုပ်ချုပ်သူအဆင့် သက်ရှိတစ်ကောင်က ပြန်ရောက်လာတာလား ”
မရေမတွက်နိုင်သော အာမေဋိတ်သံများက ကမ္ဘာဦးလောက၏ နေရာတိုင်းမှ ထွက်ပေါ်လာကြသည်။
ဟန်မူယဲ့သည် လှံရှည်ကို ဆုပ်ကိုင်ထားသော သူ့လက်ကို ဖြည်းဖြည်းချင်း ဖြေလွှတ်လိုက်သည်။
နတ်ဘုရားအလင်းက လှံ၏ ထိပ်ဖျားမှ ထွက်ပေါ်လာသည်။
“ မြန်မြန်… အဲ့ဒီလူကို အမြန်သတ် ”
“ တခြားလူတွေကို မေ့ထားလိုက်… အဲ့ဒီလူက ထူးခြားတယ် ”
အဆင့်မြင့်နတ်သားရဲများသည် ဟန်မူယဲ့၏ နတ်ဘုရားသုတ်သင်ခြင်းလှံမှ ခြိမ်းခြောက်မှုကို အာရုံခံမိသွားကြသည့်အလား ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ကြပြီး သူ့ဆီသို့ တစ်ဟုန်ထိုး ဦးတည်သွားကြသည်။
ရတနာငါးပါးတောင်ပေါ်မှ ကျောက်တုံးစင်မြင့်ပေါ်တွင် ရွှေရောင်ဝက်ဝံကို ဆင့်ခေါ်ထားသော အကြီးအကဲက ဘေးဘီကို ကြည့်လိုက်သည်။ သူ၏ မျက်နှာက ဖော်မပြနိုင်အောင် တည်ကြည်လေးနက်နေသည်။
“ ရှောက်စန်း… သူတို့က လျောင်ယွမ်မျိုးနွယ်စုက ရိုးရာနတ်ဆရာနဲ့ ငါတို့အားလုံးကို သတ်ချင်နေကြတယ် ”
“ မင်းသွားတော့… ဒီကိစ္စကို ငါတို့ဘာသာ ဖြေရှင်းလိုက်မယ် ”
အကြီးအကဲက ရွှေရောင်ဝက်ဝံ၏ ခြေထောက်ကို ပုတ်လိုက်ပြီး နူးညံ့စွာ ပြောသည်။
ရွှေရောင်ဝက်ဝံက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး အဝေးမှ ပြေးလာနေကြသော အဆင့်မြင့်နတ်သားရဲများဆီသို့ ဦးတည်သွားကြသည်။
ဖိနှိပ်ထားသော စွမ်းအားက ၎င်း၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာလေရာ ရွှေရောင်ဝက်ဝံက အဆင့်မြင့်နတ်သားရဲအဆင့်သို့ မြင့်တတ်သွားသည်။
စင်မြင့်ပေါ်မှာ စုဝေးနေကြသော နတ်သားရဲများထဲတွင် တချို့က အဝေးသို့ ထွက်ပြေးသွားကြပြီး တချို့က စောင့်ကြည့်နေကြသည်။ တချို့သည်တော့ ၎င်းတို့ကို ဆင့်ခေါ်ထားသော ရိုးရာနတ်ဆရာများ၏ ဘေးမှာ ရှိနေကြသည်။
နတ်သားရဲအားလုံးက လူသားမျိုးနွယ်အပေါ် အထင်မသေးကြချေ။
နတ်သားရဲအားလုံးဆီမှာ လူသားမျိုးအပေါ် မနာလိုမုန်းထားစိတ် မရှိကြပေ။
ဟန်မူယဲ့၏ အကြည့်က ၎င်းတို့အပေါ်သို့ ကျရောက်သွားသည်။ သူ၏ အမူအရာက တည်ငြိမ်နေသည်။
ကမ္ဘာဦးလောကမှာဖြစ်စေ သို့မဟုတ် တခြားနယ်မြေမှာဖြစ်စေ ခွန်အားသည် အရာရာကို အဆုံးအဖြတ်ပေးနိုင်သည်။ ရှေးဦးအပျက်အစီးတောအုပ်ထဲမှ လူသားမျိုးနွယ်ဆီမှာ ကိုယ်ပိုင်အခွင့်အရေး မရှိပေ။
သို့သော်လည်း ယနေ့ပြီးနောက် အရာအားလုံးက ကွဲပြားခြားနားသွားလိမ့်မည်။
ဟန်မူယဲ့၏ ခန္ဓာကိုယ်ထဲမှာ အလွန်အားကောင်းသော သွေးချီစွမ်းအားက ပေါက်ကွဲထွက်လာသည်။
သူက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး အဝေးမှ ပြေးလာနေသော နတ်သားရဲတစ်ကောင်ကို လက်သီးဖြင့် ထိုးလိုက်သည်။
အရှေ့ဆုံးမှ ဦးဆောင်လာနေသော ဦးချိုတစ်ချောင်းကြံ့က ခေါင်းမော့လိုက်ပြီး ၎င်း၏ ဦးချိုဖြင့် ဟန်မူယဲ့၏ လက်သီးကို တိုက်ခိုက်လိုက်သည်။
၎င်းက ကမ္ဘာဦးတောင်ကြံ့ဖြစ်ပြီး တောင်တန်းများကို ၎င်း၏ ဦးချိုဖြင့် ဖျက်ဆီးပစ်နိုင်သော အစွမ်းထက်နတ်သားရဲတစ်ကောင် ဖြစ်သည်။
ဟန်မူယဲ့၏ လက်သီးက ကမ္ဘာဦးတောင်ကြံ့၏ ဦးချိုဖြင့် တွေ့ဆုံသွားသည့်အခါ ဘေးပတ်ဝန်းကျင်မှ မိုးမြေက ချက်ချင်း အေးခဲသွားပြီး ပုံရိပ်ယောင်သဖွယ် ဝေဝါးသွားသည်။
“ ဘန်း ”
ပေသုံးဆယ်ရှည်လျားသော ဧရာမတောင်ကြံ့က အပိုင်းပိုင်းအစစ ပေါက်ကွဲထွက်သွားသည်။
အဆင့်မြင့်နတ်သားရဲတစ်ကောင်က လက်သီးတစ်ချက်ဖြင့် ပေါက်ကွဲသွားသည်လော။
၎င်းက လူသားမျိုးနွယ်ဝင်တစ်ယောက်ကြောင့် အပိုင်းပိုင်းအစစ ပေါက်ကွဲသွားသည်လော။
ထိုအခိုက်အတန့်မှာ ရတနာငါးပါးတောင်၏ အချင်းမိုင်တစ်သောင်းအတွင်းမှ သက်ရှိအားလုံးက မိန်းမောဆွံ့အသွားကြသည်။
လူသားမျိုးနွယ်ဆီမှာ အဲ့လိုလူတစ်ယောက် ရှိတာလား… ။
ဒီနေရာက ကမ္ဘာဦးလောကမှ ဟုတ်ရဲ့လား… ။
ဟန်မူယဲ့သည် တခြားလူများ၏ အတွေးကို ဂရုမစိုက်ပေ။ သူ၏ ပုံရိပ်က အဆင့်မြင့်နတ်သားရဲများဆီသို့ တစ်ဟုန်ထိုး ပြေးသွားသည်။
သူလက်သီးထိုးလိုက်သည့်အခါ သွေးချီစွမ်းအားက သွေးနီရောင်နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။
သွေးနဂါးက ခန္ဓာကိုယ်လှုပ်ယမ်းလိုက်ပြီး အကြေးခွံနက်မြွေတစ်ကောင်ကို ရစ်ပတ်လိုက်သည်။
“ ခရက် ”
သွေးနဂါးက ဖျစ်ညှစ်လိုက်လေရာ အကြေးခွံနက်မြွေ၏ ခန္ဓာကိုယ်က အပိုင်းပိုင်း ကွဲထွက်သွားသည်။
“ လေဝိညာဉ်မြွေရဲ့ ခန္ဓာကိုယ်တောင် အပိုင်းပိုင်း ကွဲထွက်သွားတယ်လား ”
“ အရူးပဲ… အဲ့ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ”
အရေအတွက်များပြားသော နတ်သားရဲများက မယုံကြည်နိုင်စွာ အံ့ဩသွားကြသည်။
ထိုမြင်ကွင်းက လူတိုင်းကို ဆွံ့အမင်သက်သွားစေသည်။
နတ်သားရဲအားလုံးက တကွဲတပြား ပြန့်ကျဲသွားကြသည်။
ဟန်မူယဲ့ ထုတ်ပြခဲ့သော ခွန်အားက နတ်သားရဲအားလုံး၏ စိတ်ကူးယဉ်နိုင်စွမ်းထက် ကျော်လွန်နေသည်။
“ သတ် ”
ဟန်မူယဲ့၏ ခန္ဓာကိုယ်အပြင်ဘက်တွင် ရွှေရောင်ချပ်ဝတ်ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
နောက်ဆုံးမှာတော့ သွေးနဂါးမီကျောင်း၏ ပုံရိပ်က သက်ရှိအားလုံး၏ မျက်လုံးထဲမှာ ထင်ရှားစွာ ထွက်ပေါ်လာသည်။
“ ကမ္ဘာဦးနဂါးမီကျောင်း ”
“ ကမ္ဘာဦးအုပ်ချုပ်သူ ”
အာမေဋိတ်သံများက ပဲ့တင်ထပ်သွားသည်။
ကမ္ဘာဦးအုပ်ချုပ်သူတစ်ပါး၏ စွမ်းအားက အချင်းမိုင်တစ်ထောင်အတွင်းမှ မိုးမြေကို တုန်လှုပ်သွားစေသည်။ ကမ္ဘာဦးအုပ်ချုပ်သူအဆင့်အောက်မှ သက်ရှိအားလုံးက ဤအခိုက်အတန့်မှာ အပြင်းအထန် တုန်ယင်သွားကြသည်။
ဤသည်မှာ ဟန်မူယဲ့က ကမ္ဘာဦးအုပ်ချုပ်သူအဆင့် တိုက်ပွဲစွမ်းအားကို ကမ္ဘာဦးလောကထဲမှာ ပထမဆုံးအကြိမ် ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။
သူက နောက်ထပ် မဖုံးကွယ်တော့ပေ။ ကမ္ဘာဦးအုပ်ချုပ်သူအဆင့် ထိုနတ်သားရဲများက သူ၏ လျှို့ဝှက်ချက်များကို စူးစမ်းရန် ကြိုးစားနေကြခြင်း မဟုတ်ပါလော။
ယနေ့ သူ၏ လုပ်နိုင်စွမ်းကို ပြသတော့မည်။
“ ဂရောင်း ”
ကျယ်လောင်သော မြည်ဟိန်းသံက ကောင်းကင်ဘုံကို ဖောက်ထွင်းသွားသည်။ သွေးနီရောင်နဂါးမီကျောင်း၏ သွေးချီစွမ်းအားက ကမ္ဘာဦးလောက၏ ရှေးဦးအပျက်အစီးတောအုပ်တစ်ခုလုံးသို့ ပျံ့လွင့်သွားသည်။ ၎င်း၏ အမြှီးတစ်ချက်ယမ်းမှုက အနားသို့ ချဉ်းကပ်လာကြသော အဆင့်မြင့်နတ်သားရဲများကို မိုင်တစ်ထောင်အဝေးသို့ လွင့်စင်သွားစေသည်။
“ လာစမ်း… တိုက်ကြမယ် ”
ဟန်မူယဲ့က ခေါင်းမော့လိုက်သည်။ သူ၏ အကြည့်က အဝေးမှ ကောင်းကင်ဆီသို့ ကျရောက်သွားသည်။
ယခု သူက အသင့်ဖြစ်နေသည်။
“ ဗုန်း ”
နတ်ဘုရားသုတ်သင်ခြင်းလှံထဲမှ ပထမဆုံး နတ်ဝိညာဉ်က အပြင်သို့ ထွက်လာသည်။
ထိုနတ်ဝိညာဉ်ထွက်ပေါ်လာသည်နှင့် နတ်ဝိညာဉ်တစ်သောင်းက ဒီရေသဖွယ် ပြောင်းလဲသွားသည်။
နတ်သားရဲများ… ။
ထိုဝိညာဉ်အားလုံးက နတ်သားရဲများ ဖြစ်ကြသည်။
အဆင့်နိမ့်၊ အလယ်အလတ်အဆင့်၊ အဆင့်မြင့်အဆင့်၊ ခြေလှမ်းဝက်အုပ်ချုပ်သူအဆင့်၊ ကမ္ဘာဦးအုပ်ချုပ်သူအဆင့်…
အစရှိသော နတ်သားရဲများက နတ်ဘုရားသုတ်သင်ခြင်းလှံထဲမှ ဒလဟော ထွက်ပေါ်လာကြသည်။
အတိတ်၌ ကမ္ဘာဦးလောကထဲမှ ပျောက်ကွယ်သွားခဲ့ကြသော နတ်ဝိညာဉ်များက ယခု ပြန်ထွက်ပေါ်လာကြပြီး မိုးကောင်းကင်တစ်ဝက်ကို ဖုံးအုပ်လိုက်ကြသည်။
“ အဲ့ဒါ ကမ္ဘာဦးလောကပဲ… ”
“ ကမ္ဘာဦးလောက… ကမ္ဘာဦးလောကဆီ ငါပြန်နိုင်ပြီ ”
“ ဟား ဟား… ကမ္ဘာဦးလောက ဆက်ရှိနေသေးတယ်ဆိုရင် ငါတို့သေသွားတာ အလဟဿမဖြစ်ခဲ့ဘူး ”
မရေမတွက်နိုင်သော ဟိန်းသံများနှင့် အော်မြည်သံများ ထွက်ပေါ်လာကြသည်။
မိုးမြေကြားတွင် မူလစွမ်းအားက ယာယီ ရပ်တန့်သွားသည်။
သို့သော်လည်း နောက်အခိုက်အတန့်မှာ ကမ္ဘာဦးလောကတစ်ခုလုံး ပွက်ပွက်ဆူသွားသည်။
ယင်းကို ကြည့်ခြင်းအားဖြင့် ပြန်ရောက်လာကြသည့် နတ်ဝိညာဉ်များကို ကြိုဆိုရန် ကမ္ဘာဦးလောကက မည်မျှစိတ်လှုပ်ရှားနေကြောင်း ထင်ရှားပေသည်။
ထိုနတ်ဝိညာဉ်များဆီမှာ ကမ္ဘာဦးလောကမှ လစ်ဟနေသော မူလစွမ်းအား ရှိသည်။
နတ်ဝိညာဉ်များ ပြန်ရောက်လာပြီး ကမ္ဘာဦးလောက၏ မူလစွမ်းအားက ပြန်အားပြည့်သွားသည်နှင့်အမျှ မိုးမြေစွမ်းအားက အလျှင်အမြန် တိုးပွားလာသည်။
မိုးမြေကြားထဲမှ ကောင်းကင်ဘုံတာအို၏ ဖိနှိပ်မှုက ချက်ချင်း နှစ်ဆတိုးသွားသည်။ ထို့နောက် နောက်ထပ်နှစ်ဆ တိုးသွားပြန်သည်။
နတ်သားရဲတစ်သန်းက ပြန်ရောက်လာကြသည်။
ဤအခိုက်အတန့်မှာ ကမ္ဘာဦးလောကထဲမှ နတ်သားရဲများဖြစ်စေ သို့မဟုတ် ကမ္ဘာဦးလောက၏ အပြင်ဘက်၌ ပုန်းအောင်းနေကြသော ကမ္ဘာဦးအုပ်ချုပ်သူများဖြစ်စေ ၎င်းတို့အားလုံးက တိတ်ဆိတ်ငြိမ်သက်သွားကြသည်။
“ ဂါး ”
ဟန်မူယဲ့၏ အနောက်မှ ဧရာမနဂါးမီကျောင်းပုံရိပ်က ကောင်းကင်ကို မော့ကြည့်၍ ဟိန်းဟောက်လိုက်သည်။ သို့သော်လည်း ကမ္ဘာဦးအုပ်ချုပ်သူအဆင့် မည်သည့်နတ်သားရဲမှ ဆင်းမလာကြချေ။
သူတို့က မည်သို့ကြောင့် ထွက်လာဝံ့မည်နည်း။
ဤအခိုက်အတန့်မှာ ကမ္ဘာဦးလောက၏ အနက်ရှိုင်းဆုံး စိတ်ဆန္ဒက ဟန်မူယဲ့၏ ခန္ဓာကိုယ်ပေါ်မှာ စုဝေးသွားနေသည်။ အကယ်၍ သူတို့သာ ဟန်မူယဲ့ကို တိုက်ခိုက်မည်ဆိုလျှင် ကမ္ဘာဦးလောကတစ်ခုလုံးက သူတို့ကို ရန်သူဟု သတ်မှတ်လိုက်လိမ့်မည်။
ဟန်မူယဲ့၏ ဦးခေါင်းပေါ်တွင် အဆုံးမဲ့သော နတ်ဘုရားအလင်းတန်းများ ထွက်ပေါ်လာကြသည်။ ထို့နောက် အလင်းတန်းများက ရွှေရောင်သရဖူပုံရိပ်အဖြစ် စုဝေးသွားကြသည်။
ယင်းက မိုးမြေ၏ မျက်နှာသာပေးမှု ဖြစ်သည်။ ယင်းက သူ၏ တိုက်ပွဲစွမ်းအားကို တိုးမြှင့်ပေးနိုင်သည်။
ယင်းက နတ်ဝိညာဉ်တစ်သန်းကို ပြန်ခေါ်ဆောင်ပေးသည့်အတွက် ဟန်မူယဲ့အပေါ် ကမ္ဘာဦးလောက၏ ကျေးဇူးတုံ့ပြန်မှု ဖြစ်သည်။
ကောင်းကင်ထက်မှ အက်ကွဲကြောင်းက ဖွင့်လှစ်သွားပြီး ခွန်ပန်က အပြင်သို့ ပျံသန်းထွက်လာသည်။
ခွန်ပန်က အတောင်ပံဖြန့်ကားလိုက်ပြီး အသွင်ပြောင်းလဲလိုက်သည်။ ၎င်းက ရွှေရောင်မျက်လုံးနှင့် ရွှေရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသော အမျိုးသားတစ်ယောက်အဖြစ် အသွင်ပြောင်းလဲသွားပြီး ဟန်မူယဲ့၏ ဘေးမှာ ဆင်းသက်လိုက်သည်။
“ နဂါးမီကျောင်းရဲ့ အမွေဆက်ခံသူလား… မင်းက ရှေးဟောင်းနဂါးမီကျောင်းထက် ပိုပြီးစိတ်ထိန်းချုပ်နိုင်တယ် ”
သူက အကဲခတ်ကြည့်ရင်း ပြောသည်။
ထို့နောက် သူ၏ အကြည့်က ဘေးပတ်ဝန်းကျင်ဆီသို့ ကျရောက်သွားသည့်အခါ လေးနက်တည်ကြည်သော အရိပ်အယောင်က သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
“ တကယ်လို့ ရှေးဟောင်းနဂါးမီကျောင်းရဲ့ လက်ထဲမှာ အခုလို နတ်ဝိညာဉ်တွေအများကြီး ရှိနေမယ်ဆိုရင် သူက နေရာတိုင်းမှာ သတ်ဖြတ်ပွဲတော်ကြီးကို ကျင်းပလိမ့်မယ် ”
နတ်ဝိညာဉ်တစ်သန်းက နောက်ဆုံးမှာ နတ်ဘုရားသုတ်သင်ခြင်းလှံ၏ အပြင်သို့ ရောက်ရှိသွားကြသည်။
ကမ္ဘာဦးအုပ်ချုပ်သူအဆင့် နတ်ဝိညာဉ်တစ်ရာက မိုးမြေကို ပဲ့တင်ပြန်မည့် အားလှိုင်းဂယက်များကို ထုတ်လွှတ်လိုက်ကြသည်။
“ အဲ့ဒါ… အဲ့ဒါ ကမ္ဘာဦးလောကပဲ… ”
ဤနေရာက ရှေးဦးအပျက်အစီးတောအုပ်ဖြစ်သည်။
ဤနေရာမှာ အမှတ်တရများက မည်မျှနစ်မြုပ်နေကြောင်း မည်သူမှ မသိကြချေ။
နတ်ဘုရားသုတ်သင်ခြင်းလှံထဲမှ နတ်သားရဲဝိညာဉ်တစ်သန်းက အပြင်သို့ ရောက်ရှိလာသည့်အခါ ၎င်းတို့က ၎င်းတို့၏ အရှေ့မှ ကမ္ဘာဦးလောကကို မော့ကြည့်လိုက်ကြသည်။ မိုးမြေကြားထဲမှာ တသွင်သွင် စီးဆင်းနေသော မူလစွမ်းအားကြောင့် ရှေးဦးအပျက်အစီးတောအုပ်တစ်ခုလုံးက ကမောက်ကမာဖြစ်သွားသည်။
“ အဲ့ဒါဖန်တီးမှုပဲ ”
ဟန်မူယဲ့က တီးတိုးရေရွတ်လိုက်သည်။
အဲ့ဒါက ဝိညာဉ်သက်ရှိရဲ့ အဓိပ္ပာယ်ပဲ… ။
အဘယ့်ကြောင့်ဆိုသော် သူတို့ဆီမှာ ဝိညာဉ်၊ စိတ်ခံစားချက်များနှင့် အတွေးများ ရှိကြသည်။
ထိုနတ်သားရဲများက စကြာဝဠာထဲမှာ နှစ်ပေါင်းမရေမတွက်နိုင်အောင် လှည့်ပတ်သွားလာခဲ့ကြသည်။ ယခု ၎င်းတို့ဆီမှာ ဝိညာဉ်သာ ကျန်ရှိတော့သည့်တိုင် ၎င်းတို့က ရှေးဦးအပျက်အစီးတောအုပ်ကို တွယ်တာနေကြဆဲပင်။
“ ဗုန်း ”
ကောင်းကင်နှင့် မြေပြင်ကြားတွင် ရွှေရောင်အလင်းတန်းများ ဆင်းသက်လာကြသည်။
ထိုရွှေရောင်အလင်းတန်းများကို မြင်သွားသောအခါ နတ်သားရဲဝိညာဉ်အားလုံးက စိတ်ရှုပ်ထွေးသွားကြသည်။
“ မိုးမြေစွမ်းအား ”
“ မူလစွမ်းအားရဲ့ ကောင်းချီးပေးမှုလား ”
“ ဒီလောကက ငါတို့ရဲ့ ရုပ်ခန္ဓာကိုယ်ကို ပြန်တည်ဆောက်ပေးတော့မှာလား ”
မိုးမြေစွမ်းအားက ရှေးဦးအပျက်အစီးတောအုပ်ထဲမှ နှစ်ပေါင်းများစွာကြာအောင် ပျောက်ကွယ်သွားခဲ့သော ထိုဝိညာဉ်များအတွက် ရုပ်ခန္ဓာကိုယ်ကို အမှန်တကယ် ပြန်တည်ဆောက်ပေးတော့မည်။
ဟန်မူယဲ့၏ အမူအရာက ပြောင်းလဲသွားသည်။
အဲ့ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… ။
ရုပ်ခန္ဓာကိုယ်ကို ပြန်တည်ဆောက်ပေးရန် လိုအပ်သော မူလစွမ်းအားပမာဏက ခန္ဓာကိုယ်ကြီးထွားရန် လိုအပ်သော မူလစွမ်းအားထက် ဆယ်ဆပိုများပြားသည်။
လက်ရှိ ကမ္ဘာဦးရှေးဟောင်းအပျက်အစီးနယ်မြေမှ မူလစွမ်းအားက နတ်သားရဲဝိညာဉ်တစ်သန်းအတွက် ရုပ်ခန္ဓာကိုယ်ကို ပြန်တည်ဆောက်ပေးရန် မလုံလောက်ပေ။
ရလဒ်အနေဖြင့် ရုပ်ခန္ဓာကိုယ် ပြန်တည်ဆောက်ပေးခြင်း မပြီးဆုံးမီ လောကတစ်ခုလုံး ပြိုကွဲပျက်စီးသွားလိမ့်မည်။
ဤအခိုက်အတန့်မှာ မိုးမြေကြားထဲမှ အစွမ်းထက်သက်ရှိအားလုံးက တုန်လှုပ်ချောက်ချားသွားကြသည်။
ကမ္ဘာဦးလောကက ရူးသွပ်သွားပြီလား… ။
“ ဟား ဟား… ခန္ဓာကိုယ်ကို ပြန်တည်ဆောက်ပေးဖို့လား… မလိုပါဘူး… အခြေအနေကို ငါနားလည်ပါတယ် ”
လေထဲမှ မိုးပြာရောင်နဂါးပုံရိပ်က ၎င်း၏ ခန္ဓာကိုယ်ကို လှုပ်ယမ်းလိုက်ပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“ ဆရာဟန်… နတ်ဘုရားသုတ်သင်ခြင်းလှံရဲ့ စာချုပ်အရ ခင်ဗျားကို ကျုပ်အမှုထမ်းရလိမ့်မယ်… အခု ကျုပ်က ကျုပ်ရဲ့ ကိုယ်ပိုင်မူလစွမ်းအားကို ပေးလှူလိုက်ပြီး ဝိညာဉ်အမှတ်အသားကို လူသားမျိုးနွယ်ဆီမှာ ပြန်မွေးဖွားဖို့ ချန်ထားခဲ့ပါမယ်… အတိတ်ဘဝက မှတ်ဉာဏ်တွေကို ကျူပ်ပြန်ရနိုင်မလား မသေချာပေမဲ့ လူသားမျိုးနွယ်အတွက် ကျုပ်ကိုယ်ကျုပ် ပေးဆပ်ပါ့မယ်… ဆရာဟန် ဘယ်လိုသဘောရပါသလဲ ”
မိုးပြာရောင်နဂါးက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး နူးညံ့စွာ ပြောသည်။
စာချုပ်အရ ၎င်းတို့က လွတ်လပ်မှုပြန်မရခင် နတ်ဘုရားသုတ်သင်ခြင်းလှံ၏ ပိုင်ရှင်ကို တစ်ခါကူညီပေးရမည်။
သို့သော်လည်း ယခု ကမ္ဘာဦးလောကက နတ်သားရဲများ၏ ရုပ်ခန္ဓာကိုယ်ကို ပြန်တည်ဆောက်ပေးရန် ဆန္ဒရှိနေသည်။
မည်သူကမှ ကမ္ဘာဦးလောကကို မပျက်စီးစေချင်ပေ။
သို့ဖြစ်၍ တစ်ခုတည်းသော ရွေးချယ်စရာက မူလစွမ်းအားကို ကမ္ဘာဦးလောကဆီသို့ ပြန်ပေးပြီး ပြန်လည်မွေးဖွားရန် ဝိညာဉ်အမှတ်အသားကို ချန်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ထိုသို့လုပ်ဆောင်မည်ဆိုလျှင် ယင်းက နတ်ဘုရားသုတ်သင်ခြင်းလှံ၏ စာချုပ်ကို ချိုးဖောက်ရာရောက်လိမ့်မည်။
ထို့ကြောင့် မိုးပြာရောင်နဂါးက လူသားမျိုးနွယ်ဆီမှာ ပြန်မွေးဖွားလိမ့်မည်ဟု ပြောခြင်း ဖြစ်သည်။
အစွမ်းထက်နတ်သားရဲများအနေဖြင့် ၎င်းတို့က ပြန်မွေးဖွားပြီးလျှင် အတိတ်ဘဝမှ ၎င်းတို့၏ မှတ်ဉာဏ်များကို အလွယ်တကူ ပြန်နိုးထနိုင်လိမ့်မည်။
၎င်းတို့၏ အတိတ်မှတ်ဉာဏ်များကို ပြန်ရရှိသွားမည်ဆိုလျှင် ၎င်းတို့၏ စွမ်းအားက တစ်ဟုန်ထိုး တိုးမြှင့်သွားလိမ့်မည်။
အကယ်၍ လူသားမျိုးနွယ်ထဲမှာ ထိုသို့အစွမ်းထက်ပုဂ္ဂိုလ်များ ရှိနေမည်ဆိုလျှင် လူသားမျိုးနွယ်က လျှင်မြန်စွာ အင်အားကြီးမားသွားလိမ့်မည်။