← Chapters

ဗာမီလီယမ်ငှက် ကြေးမုံ၏ ခွန်အား

Vol. 36 Ch. 498

ဗာမီလီယမ်ငှက် ကြေးမုံ၏ ခွန်အား

Vol. 36 Ch. 498

လင်းယင်အမည်ရသော ရေခူက နောက်ဆုတ်ရန် ပြင်ဆင်နေစဉ်မှာပင် ဟုန်ဒူမှာမူ သူ့ဖြစ်တည်မှု၏ ရည်ရွယ်ချက်ကိုပင် သံသယဝင်စပြုလာလေပြီ။

ရွှေရောင် မြှားတစ်စင်းက အမှောင်ထုကို ဖြတ်သန်းလာသော အာရုဏ်ဦး အလင်းကဲ့သို့ လေထုကို ဖြတ်သန်းသွားကာ ရွှေရောင်အား ကောင်းကင်နှင့် မြေကြီးအကြားတွင် ထူးခြားလှသော အရောင်ဖြစ်သွားစေ၏။

အံ့ဖွယ် နည်းစနစ်-အံ့ဖွယ် နတ်ဆိုး ခြေမှုန်းမြှား...

ရွှေရောင် မြှားက နဂါးလေးများဆီသို့ ပျံသန်းသွားကာ ၁၀ခုကွဲသွားပြီးနောက် အခုတစ်ရာ ထို့နောက် အခုတစ်ထောင် ဖြစ်လာကာ နောက်ဆုံးတွင် ရွှေရောင်မြှားတံများ အဆုံးမရှိ ဖန်တီးကာ အောက်ဘက်မြေကြီးပေါ်သို့ ကျဆင်းလာတော့ပေ၏။

ဘုန်း...

မြှားများအားလုံးက ကြောက်မက်ဖွယ် ချိတ်စည်း စွမ်းအင်ဖြင့် ပြည့်နှက်နေပြီး မျက်လုံးတစ်ထောင်နတ်ဆိုးများက ထိုသည်များနှင့် မကြာမီပင် ရင်ဆိုင်လိုက်ရလေ၏။ အန်လင်းနှင့် တီနာတို့က ထိုသည်ကို အခွင့်ကောင်းယူကာ နဂါးလေးများဆီသို့ ခုန်ဝင်လိုက်လေ၏။

လျှိုချူးချူးက သူတို့အတွက် မြင့်မြတ်အလင်း၏ စွမ်းအင်ကို ပိုင်ဆိုင်ကာ အန်လင်းနှင့် တခြားသူများအတွက် အကြီးဆုံး ခြိမ်းခြောက်မှုကြီးဖြစ်သော ထိုနဂါးလေးများကို အမြစ်​ြပတ်သုတ်သင်ရန် အလွန်ကောင်းမွန်သော အခွင့်အရေးတစ်ခုကို ဖန်တီးပေးခဲ့၏။

တီနာက ညင်သာသော ကြွေးကြော်သံတစ်ခု ထုတ်လွတ်လိုက်ကာ သူမ၏ အော်ရာက ပြင်းထန်စွာ ထိုးတက်သွားပြီး သူမ၏ ကြာပွင့် နှလုံးသား ရေခဲဓားကို လေထုထဲသို့ ဖြတ်သန်းကာ ခုတ်ပိုင်းလိုက်လေ၏။ အပြာရောင် လှုိင်းတစ်ခုက သူမ၏ ဓားမှ အချင်းဝက် တစ်ကီလိုမီတာ ကျော်သည်အထိ ထွက်ပေါ်လာပြီး အောက်ဘက်မှ မြေကြီးကို အေးခဲစေကာ ရေခဲပြာရောင် ကြာပန်းများကို ချန်ရစ်ထားခဲ့လေ၏။

နဂါးအငယ်စားလေးများ အားလုံးက သူတို့၏ မြင့်မြတ်အလင်းကို ထုတ်လွှတ်လိုက်ကာ ရွှေရောင်မြှားများ၏ ချိတ်ပိတ်ခြင်းစွမ်းအင်မှ လွတ်မြောက်ရန် ကြိုးစားလိုက်ကြ၏။ သို့သော် အပြာရောင် ရေခဲကြာပန်းများက ခြေထောက်အောက်တွင် ပေါ်လာပြီး ချက်ချင်း အေးခဲသွားစေနိုင်သော အထူးမြူနှင်း၏ စွမ်းအားကို ထုတ်လွတ်လိုက်လေ၏။

အံ့ဖွယ် မီးတောက်ပုတီးက အန်လင်းဘေးတွင် ပေါလောပေါ်နေကာ သူ့၏ အံ့ဖွယ်မီးတောက်စွမ်းအင် လေးခုကို အများဆုံးအထိ အသက်သွင်းလိုက်လေ၏။

မြင့်မြတ်သန့်စင် မီးတောက်... ပေါ်လာစေ။

နေမင်း အသေးစားလေးတစ်ခုက မျက်လုံးတစ်ထောင်နတ်ဆိုးနဂါး အငယ်လေးများ၏ အပေါ်တွင် ပေါ်လာလေ၏။

ကြယ်မိစ္ဆာမီးတောက်... ပေါ်လာစေ။

ကောင်းကင်မှာ တဖြတ်ဖြတ်လင်းနေသော ကြယ်များနှင့် ပြည့်နေသော ခရမ်းရောင် ပင်လယ်ပြင်အဖြစ်သို့ ပြောင်းသွားကာ ထိုသည်များအားလုံးက ​အလွန်ကြောက်မက်ဖွယ် စွမ်းအင်များနှင့် ပြည့်နှက်နေလေတော့၏။

လရောင်ရှုခင်း မီးတောက်... ကောင်းကင်ဘုံ ဟာလာပြင် မီးတောက်...။

အပြာရောင်မီးတောက်များက မျက်လုံးတစ်ထောင် နတ်ဆိုးနဂါးများဆီသို့ တစ်ချိန်တည်းမှာပင် ပူပြင်းလောင်ကျွမ်းကာ အေးခဲစေသော ဖျက်ဆီးစေတတ်သည့် လှိုင်းများဖြင့် တိုးဝင်သွားလေ၏။ ထိုအခိုက်၌ မမြင်နိုင်သော မီးတောက်တစ်ခုက နဂါးငယ်လေးများ၏ နေရာလပ်တစ်ခုလုံးကို ဝါးမြိုပစ်လိုက်ပြီး သူတို့အား အကုန်လုံး ဖျက်ဆီးပစ်မည့် စွမ်းအင်ဖြင့် ဝန်းရံလိုက်တော့၏။

"အံ့ဖွယ် မီးတောက်ပင်လယ်...။ အသက်ဝင်စေ။"

ကြက်သွေးရောင် သင်္ကေတများက အန်လင်းလက်များ၏ အနောက်ဘက်တွင် ပေါ်လာပြီး အံ့ဖွယ် မီးတောက်ပုတီးက လည်ပတ်နေရင်းဖြင့် တောက်တောက်ပပ လင်းလက်နေလေတော့သည်။

မှိတ်တုတ်မှိတ်တုတ် အဖြူ​ေရာင် ကြယ်ပွင့်များ မြှုပ်နှံထားသော ခရမ်းရောင် မီးတောက်များက ဉက္ကာခဲများကဲ့သို့ ကျဆင်းလာလေ၏။ ကောင်းကင်ပေါ်ရှိ နေမင်းအသေးစားလေးဆီမှ မြေပြင်ပေါ်ရှိ သက်ရှိများအားလုံးကို အဆုံးသတ်ပစ်နိုင်သော အဆုံးမရှိ ရွှေရောင်မီးတောက်များ ကျဆင်းလာလေ၏။ အပြာရောင်မီးတောက်များက မရပ်တန့်နိုင်သော ဆူနာမီတစ်ခုကဲ့သို့ တိုးဝင်လာသည့် ကြီးမားသော လှိုင်းကြီးတစ်ခုဖြစ်ပေါ်လာစေ၏။ မမြင်နိုင်သော မီးတောက်များက ကောင်းကင်နှင့် ​မြေကြီးကြားတွင် နေရာအနှံ့ပျံ့နှံ့နေကာ နတ်ဆိုးနဂါး၏ အရေပြားတိုင်းကို လောင်ကျွမ်းသွားစေလေ၏။

ကောင်းကင်ဘုံနှင့် မြေကြီးတစ်ခုလုံးက မြည်ဟီးနေသော မီးတောက်များအဖြစ် ပြောင်းသွားကာ မျက်လုံးတစ်ထောင်နတ်ဆိုးနဂါးတို့မှာ လွတ်မြောက်ရန်အခွင့်အရေး လုံးဝ မရှိတော့ပါပေ။

အံ့ဖွယ်မီးတောက်ပုတီးက လေထဲရှိ မရေမတွက်နိုင်သော စွမ်းအင်ကို တုန့်ပြန်ပြီး ရွှေရောင်မီးတောက်နဂါးတစ်ကောင်က အထဲမှ ထိုးထွက်လာကာ မီးပင်လယ်ထဲသို့ ခုန်ဆင်းသွားလေ၏။ ရွှေရောင်မီးတောက်နဂါးက မျက်လုံးတစ်ထောင်နတ်ဆိုးနဂါးများကို ထူးထူးကဲကဲ ဝါးမြိုပစ်သည်မှာ မီးတောက်များ၏ အရှင်သခင်တစ်ပါး ကဲ့သို့ပင်။

အပြင်းအထန် ဒဏ်ရာရနေကာ အဝေးသို့ ပြေးနေသော ရေခူက နောက်လှည့်ကြည့်ပြီး သူမနောက်မှ အံ့ဖွယ်မီးတောက်ပင်လယ်ကို တွေ့သောအခါ အံ့ဩတကြီး ဖြစ်နေလေ၏။

"ဒီမန္တန်နည်းစနစ်က အန်လင်းထုတ်လွှတ်လိုက်တာလား။ စောက်ကျိုးနည်း... အစွမ်းထက်လိုက်တာ။"

ပြင်းထန်လှသော မီးတောက်စွမ်းအင်က အောက်ဘက်မှ မြေကြီးကို အချင်းဝက် ကီလိုမီတာပေါင်းများစွာ ကျယ်သော ဧရာမ ချော်ရည်အိုင်ကြီးတစ်ခုအဖြစ် လျော့ချလိုက်လေ၏။ မြင့်မြတ်အလင်း၏ အကာအကွယ်နှင့်တောင်မှ မျက်လုံးတစ်​ေထာင်နတ်ဆိုးနဂါးလေးများက မီးတောက်များ၏ ကြောက်မက်ဖွယ် အဖျက်စွမ်းအင်ကို တောင့်မခံနိုင်ပဲ သူတို့၏ ခန္ဓာကိုယ်များက မီးတောက်များ၏ လွှမ်းမိုး ခံလိုက်ရသောကြောင့် မျက်လုံးများ ပြုတ်ကျလာလေ၏...။

မီးတောက်များက မကြာခင်မှာ ပျောက်ကွယ်စပြုလာလေပြီ။

မျက်လုံးတစ်ထောင်နတ်ဆိုးနဂါးများ၏ အရိပ်အယောင်လုံးဝ မရှိတော့ပဲ သူတို့က ကြောက်မက်ဖွယ် မီးတောက်များကြောင့် ဗဟာအဖြစ်သို့ ရောက်ရှိသွားလေပြီ။

အန်လင်းက မြေပြင်ပေါ်သို့ ဒူးထောက်ကျကာ သူ့မျက်နှာမှ ချွေးများ ထွက်နေလေတော့သည်။

သူက အံ့ဖွယ် မီးတောက် ပင်လယ်ကို အစွမ်းကုန် အသက်သွင်းခဲ့ရာ သူ့ခန္ဓာကိုယ်အတွင်း၌ သက်ရှိစွမ်းအင်လုံးဝ မကျန်ရှိတော့ပါပေ။

"ဘီလူး အန်လင်း၊ ငါ့ရဲ့ မြင့်မြတ်အလင်း စွမ်းအင် ပြန်ရလာတာကို ခံစားမိတယ်။" တီနာက အန်လင်းဆီသို့ စိတ်လှုပ်ရှားစွာ ပျံသန်းလာပြီး အဖြူရောင် အလင်းဖြင့် တောက်ပနေသော သူမ၏ လက်များကို ပြသလိုက်၏။

အန်လင်းက ထိုသည်ကို ကြားပြီးနောက် သက်ပျင်းတစ်ခုချလိုက်ပြီး နောက်ဆုံးကျန်နေသော နဂါးဆီသို့ ကြည့်လိုက်လေ၏။ "အဲဒါဆို အခုကတော့... ငါ့ရဲ့ လျှပ်စီးကြိုးကိုင်ခြင်း နည်းစနစ်ကို ပြန်ယူဖို့ အချိန်ပဲ။"

မျက်လုံးတစ်ထောင် နတ်ဆိုးနဂါးက တစ်ခုခုမှားယွင်းနေသည်ကို သဘောပေါက်သွားပုံရကာ ဟုန်ဒူကို တိုက်ခိုက်နေခြင်းအား ရုတ်တရက် ရပ်တန့်လိုက်လေ၏။

ဟုန်ဒူက မြေပြင်ပေါ်ရှိ တွင်းကြီးတစ်ခုတွင် လဲနေပြီး သေလုမြောပါပင် ဖြစ်နေလေပြီ။ ကြက်သွေးရောင် ချော်ရည်များက သူ့ခန္ဓာကိုယ်မှ စီးကျနေသော်လည်း ချော်ရည်၏ တောက်လောင်နေသော အပူက သူ့၏ အေးစက်အထီးကျန်နေသော နှလုံးသားကို နွေးထွေးစေရန် ဘာမှ မလုပ်နိုင်ပါချေ။

မျက်လုံးတစ်ထောင်နတ်ဆိုးနဂါးက အန်လင်းကို လှည့်ကြည့်ကာ ခါးသီးမှုအပြည့်နှင့် ကြမ်းရှသောအသံဖြင့် ပြောလိုက်လေ၏။ "ငါ့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ဖျက်ဆီးလိုက်တာအတွက် မင်းက အသက်နဲ့ ပြန်ပေးဆပ်ရမယ်။"

ကြက်သွေးရောင် လျှပ်စီးက  လင်းလက်လာပြီးမျက်လုံးတစ်ထောင် နတ်ဆိုးနဂါးက အန်လင်းဆီသို့ အရှိန်ပြင်းပြင်းနှင့် တိုးဝင်လာလေ၏။

အန်လင်းက သူ့၏ အံ့ဖွယ်မီးတောက်ပင်လယ်ကို ထုတ်လွှတ်လိုက်ပြီး ဖြစ်ကာ သူ့ခန္ဓာကိုယ်တစ်ခုလုံးက သက်ရှိစွမ်းအင် ကင်းမဲ့နေပေ၏။ သူက သွေးစိတ်ဝိညာဉ် ဆေးတောင့်တစ်တောင့်ကို သောက်သုံးလိုက်သော်လည်း အခုထိ အစွမ်းမပြသေးပေ။ သို့ဖြစ်၍ သူက နီးကပ်လာသော မျက်လုံးတစ်ထောင် နတ်ဆိုးနဂါးကို မြင်သောအခါ အတော်လေး လန့်သွားရ၏။

တီနာက ချက်ချင်းပင် အန်လင်းရှေ့၌ နေရာယူလိုက်ကာ အဖြူရောင် မြူခိုးများ ချန်ရစ်ထားခဲ့ကြသော မျက်လုံးတစ်ထောင် နတ်ဆိုးဆီသို့ တိုးဝင်သွားသည့် အစွမ်းထက် အထူးမြူနှင်းဓားအလင်းတန်းများ ထုတ်လွတ်လိုက်လေ၏။

သူမအံ့ဩသွားရသည်မှာ မျက်လုံးတစ်ထောင် နတ်ဆိုး နဂါးက သူမ၏တိုက်ခိုက်မှုကို မရှောင်ခဲ့ပါချေ။ ထိုအစား ဖြူစွတ်စွတ်ခန္ဓာကိုယ်ပေါ်မှ အက်ကြောင်းများက ရုတ်တရက် ကွဲထွက်သွားကာ ကြက်သွေးရောင် မျက်လုံးများ အစုအပြုံလိုက်ကို ဖော်ပြလိုက်လေ၏။ တစ်ချိန်တည်းမှာပင် အပူချိန်များ မြင့်မားစွာ ထုတ်လွှတ်နေသော ကြက်သွေးရောင် သံချပ်ကာတစ်စုံက သူ့ခန္ဓာကိုယ်ပတ်လည်တွင် ဖြစ်ပေါ်လာလေ၏။

တီနာ ခုတ်ပိုင်း ပစ်လိုက်သော ဓားအလင်းတန်းများက ကြက်သွေးရောင် သံချပ်ကာနှင့် မထိရခင်မှာပင် တွန့်လိမ်၍ အရည်ပျော်စပြုလာလေတော့သည်။ သို့ဖြစ်၍ သံချပ်ကာမှ အလွန်မြင့်မားလှသော အပူချိန်များ ထုတ်လွတ်နေကြောင်း ဖော်ပြနေလေ၏။

ဓားအလင်းတန်းများက ကြက်သွေးရောင် သံချပ်ကာကို ထိခတ်သွားပြီး မီးနှင့် ရေခဲတို့၏ ပေါက်ကွဲခြင်းတစ်ခု ဖြစ်လာကာ ကောင်းကင်နှင့် မြေကြီးတစ်ခွင်လုံးကို ကြက်သွေးရောင်နှင့် အပြာရောင် အလင်းပြပွဲတစ်ခုအဖြစ် ပြောင်းသွားစေတော့သည်။

ကြက်သွေးရောင် လျှပ်စီးများက ပေါက်ကွဲခြင်းကို ဖြတ်ကာ ရုတ်တရက် တီနာဆီသို့ ထိုးဖောက်လာလေ၏။

တီနာက တိုက်ခိုက်မှုကြောင့် သတိလက်လွတ်ဖြစ်သွားကာ သူမ၏ ဓားရှည်ကိုသာ ရှေ့တွင် ထားပြီး ကာကွယ်လိုက်နိုင်လေ၏။ ထို့နောက် သူမက သူမ၏ခန္ဓာကိုယ်အား အပိုင်းပိုင်းပြတ်​ေစနိုင်သည်အထိ ခြိမ်းခြောက်နေသည့် အလွန်အမင်း အစွမ်းထက်လှသော လျှပ်စီးဖြင့် ပစ်ခံလိုက်ရလေ၏။

သူမ၏ ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ ထိုးစိုက်သွားရာ နာနာကျင်ကျင် ငိုကြွေးလိုက်လေ၏။

နဂါးက ချက်ချင်းပင် တီနာကို အဝေးသို့ ပစ်လွတ်လိုက်ပြီး အန်လင်းရှေ့တွင် လောဘကြီးပြီး သွေးဆာနေသော မျက်လုံးများဖြင့် ပေါ်လာလေ၏။

"အဓမ္မလုယူစေ..."

ကြောက်မမက်ဖွယ် လှိုင်းလုံးကြီးတစ်ခုက သူ့၏ နက်စွေးစွေး မျက်လုံးမှ ထွက်ပေါ်လာလေ၏။

သို့သော် အန်လင်း၏ နှုတ်ခမ်းထောင့်က လှောင်ပြုံးတစ်ခုအဖြစ် ကွေးတက်သွားပြီး ဗာမီလီယမ်ငှက်ကြေးမုံက သူ့လက်ထဲတွင် ပေါ်လာလေ၏။

ဗာမီလီယမ်ငှက် ကြေးမုံမှာ အားအပြည့် သွင်းပြီးနောက်တွင် ရန်သူ၏ တိုက်ခိုက်မှုကို တန်ပြန်နိုင်သည့် အကျိုးကျေးဇူး ရှိလေ၏။

လှိုင်းထနေသော အတားအဆီးတစ်ခုက အန်လင်း၏ ခန္ဓာကိုယ်အား လွှမ်းခြုံလိုက်ကာ တစ်ဝက်တစ်ပျက် မြင်နိုင်သော ကြေးမုံအဖြစ်သို့ တဖြည်းဖြည်း ပြောင်းသွားလေ၏။

မျက်လုံးတစ်ထောင် နတ်ဆိုးနဂါးက ကြေးမုံပေါ်မှ သူ့၏ပုံရိပ်ကို မြင်သောအခါ အနည်းငယ် တုန့်ဆိုင်းသွားလေ၏။

ထိုအခိုက်အတန့်၌ သူ့မျက်လုံးများမှ စီးဆင်းလာသည့် ဆန်းကြယ်လှသော လှိုင်းငယ်လေးများက ကြေးမုံကို ထိမှန်ကာ ရုတ်တရက် ပြန်ကန်ထွက်လာလေတော့သည်...

ဝှစ်...

အန်လင်းက ရုတ်တရက် အလွန်ထူးဆန်းသော ခံစားချက်တစ်ခုကို ခံစားလိုက်ရ၏။ သူက အလွန်ကွဲပြားသော စွမ်းအင်အမျိုးအစားများကို ခံစားနိုင်ပေ၏။ တစ်ခုမှာ သန့်စင်သော ယင်၏ ခွန်အားနှင့် ပြည့်နေပြီး တစ်ခြားတစ်ခုမှာ မီးကဲ့သို့ ပြောင်းလဲတတ်ပြီး တစ်ခြားတစ်ခုကမူ အသက်ရှင်မှုနှင့် ပြန်လည်ထုတ်လုပ်နိုင်သော အားအင်ဖြင့် ပြည့်နေသော စွမ်းအားတစ်ခုဖြစ်ပြီး နောက်ဆုံး စွမ်းအားအမျိုးအစားက လောဘနှင့် ဝါးမျိုမှု၏ စွမ်းအားနှင့် ပြည့်နေသော တွင်းနက်တစ်ခုကို သတိရစေလေ၏။

သူက ပထမဆုံးသော စွမ်းအင် အမျိုးအစားမှာ သူ့၏ ကိုယ်ပိုင် လျှပ်စီး ကြိုးကိုင်ခြင်း နည်းစနစ်ဖြစ်ပြီး၊ ဒုတိယက ဟုန်ဒူ၏ စွမ်းအားဖြစ်နိုင်ပြီး တတိယမှာ မျက်လုံးတစ်ထောင်နတ်ဆိုး၏ အဆုံးမရှိ အသစ်ပြန်လည် ဖြစ်နိုင်ခြင်း စွမ်းအင်နှင့် တူလှပြီး စတုတ္ထမြောက်မှာမူ... အဓမ္မလုယူခြင်း၏ စွမ်းအား ဖြစ်နိုင်သည်လား။

သူက အစပိုင်းတွင် သူ့၏ လျှပ်စီးကြိုးကိုင်ခြင်း နည်းစနစ်ကို ပြန်လည် ခိုးယူရန် ကြံစည်ထားခဲ့သော်လည်း ထို မတူညီသည့် စွမ်းအားလေးခုကို ကြုံတွေ့လိုက်ရသောအခါ ချက်ခြင်းပင် တတိယ နည်းလမ်းကို ရွေးချယ်လိုက်လေ၏။

မျက်လုံးတစ်ထောင်နတ်ဆိုး၏ စွမ်းအင်ကို တန်ပြန်သက်ရောက်ကာ သူ့၏ "အဓမ္မ လုယူခြင်း"စွမ်းရည်ကို လုယူခြင်း...

အကြောင်းကြောင်းကြောင့် ထိုသည်က တကယ်ပင် မိုက်သည်ဟု ခံစားရ၏။

အန်လင်းက စက္ကန့်ပိုင်းဆုံးဖြတ်ချက်တစ်ခုကို ပြုလုပ်လိုက်ပြီး ချက်ချင်းပင် မျက်လုံးတစ်ထောင်နတ်ဆိုးနဂါး၏ အဓမ္မလုယူခြင်း စွမ်းအင်ကို သူ့အပေါ်တွင် ပြန်သက်ရောက်စေလိုက်၏။

မျက်လုံးတစ်ထောင် နတ်ဆိုးနဂါး၏ မျက်နှာထက်တွင် ကြောင်အနေသော အမူအရာတစ်ခု ပေါ်လာသည်မှာ ထိုသည်က တစ်ခုခုကို ဆုံးရှုံးသွားသည်ဟု ခံစားလိုက်ရသကဲ့သို့ပင်။

တင်းတောင်...

"လက်ခံသူက ပြိုကျနေသော ထိုက်ချူနယ်မြေအဆီအနှစ်၏ သရုပ်သကန်နှင့် ထိတွေ့မိသည်ဟု ထောက်လှမ်းမိပါသည်။ ယခုတွင် အောက်ပါ မစ်ရှင်ကို ပေးအပ်လိုက်သည် : ပြိုကျနေသော ထိုက်ချူနယ်မြေအဆီအနှစ်၏ သရုပ်သကန်ကို အပြည့်အဝ ဖျက်ဆီးပါ။"

"မစ်ရှင် အောင်မြင်ပါက : အံ့ဖွယ်နည်းစနစ် အတွဲများမှ အံ့ဖွယ် အဓမ္မလုယူခြင်း နည်းစနစ်ကို ရရှိမည်။"

"မစ်ရှင် ကျဆုံးပါက : အကျိုးဆက်မရှိပါပေ။"

လှိုင်းထနေသော ကြေးမုံက အက်ကွဲသွားသည့်အခါ မျက်လုံးတစ်ထောင် နတ်ဆိုးနဂါးက အန်လင်းက သူ့အား နတ်ဆုံးအပြုံးတစ်ခုနှင့် ကြည့်နေသည့် မြင်ကွင်းနှင့် မိတ်ဆက်ခြင်းခံလိုက်ရ၏။

အန်လင်း၏ ခေါင်းပေါ်တွင် မျက်လုံးပုံစံ ရွှေရောင် ပုံရိပ်တစ်ခုက ရုတ်တရက် ပေါ်လာပြီး ထို့နောက် ချက်ချင်းပင် ကောင်းကင်နှင့် မြေကြီး၏ ကြီးမြတ်တာအို၏ စွမ်းအားနှင့် ပြည့်နေသော မမြင်နိုင်သည့် လှိုင်းများက လေထုကို ထိုးဖောက်စပြုလာလေ၏။

"အဓမ္မလုယူခြင်း..."

----------------

All Chapters