အခန်း (၁၅၄၉)
Vol. 111 Ch. 1549
ကမ္ဘာဦးရှေးဟောင်းအပျက်အစီးနယ်မြေထဲမှာ ပုန်းအောင်းနေသော ကန်အန်းမျိုးနွယ်ဝင်များသည် ရှိန်လောက်ဖွယ်ကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထားကြသည်။ ၎င်းတို့ထဲမှ မည်သူမဆို နတ်သားရဲတစ်ကောင်ကို ရင်ဆိုင်နိုင်စွမ်းရှိသည်။
သို့သော်လည်း ၎င်းတို့က ကျူးရုန်ဦးဆောင်သော စစ်တပ်ကို မရပ်တန့်နိုင်ပေ။ ၎င်းတို့က ကီရင်နတ်သားရဲမျိုးနွယ်စုအတွက် ခေတ္တခဏ အချိန်ဆွဲပေးရန်သာ ဆန္ဒရှိကြသည်။
အကယ်၍ အုပ်ချုပ်သူကီရင်သားရဲက ဟန်မူယဲ့ကို အနိုင်ယူနိုင်မည်ဆိုလျှင် ၎င်းက ကျူးရုန်၏ စစ်တပ်ကို တိုက်ခိုက်ရန် အမြန်ရောက်လာလိမ့်မည်။
ဤအခိုက်အတန့်မှာ တိုက်ပွဲ၏ အဖြေက ဟန်မူယဲ့၏ လက်ထဲမှာ မူတည်သွားသည်။
နတ်သားရဲအားလုံး၏ စိတ်အာရုံများက ဟန်မူယဲ့နှင့် အုပ်ချုပ်သူကီရင်သားရဲပေါ်မှာ စုဝေးသွားကြသည်။
ယင်းက အုပ်ချုပ်သူနှစ်ပါးကြားမှ တိုက်ပွဲဖြစ်သည်။ ထို့ပြင် ယင်းက ရေမူလစွမ်းအားချင်း အားပြိုင်မှုဖြစ်သည်။
ထိုသို့တိုက်ပွဲမျိုးက ကမ္ဘာဦးလောကထဲမှာ အလွန်ရှားပါးသည်။
ဟန်မူယဲ့၏ အရှေ့တွင် ရေနဂါးများက အောက်သို့ ဆင်းသက်လာကြသည်။
အုပ်ချုပ်သူကီရင်သားရဲက ဤတိုက်ပွဲမှာ အသာစီးရထားပုံပေါ်သည်။
ဟန်မူယဲ့က ယခုအချိန်မှ တိုက်ပွဲကို ပြောင်းပြန်လှန်နိုင်လိမ့်မည်ဟု အုပ်ချုပ်သူကီရင်သားရဲက မယုံကြည်ပေ။
တခြားနတ်သားရဲများသည်လည်း ဟန်မူယဲ့မှာ အနိုင်ရရန် အခွင့်အရေးမရှိတော့ကြောင်း ခံစားမိကြသည်။ ၎င်းတို့၏ အမြင်မှာ ဟန်မူယဲ့က ထွက်ပြေးရန်ပင် မလွယ်ကူပေ။
ယင်းက မူလစွမ်းအားချင်း အားပြိုင်မှုဖြစ်လေရာ တိုက်ပွဲက မပြင်းထန်ပုံပေါ်သည်။ သို့သော်လည်း အမှန်မှာ ယင်းက အလွန်အန္တရာယ်များသည်။ တိုက်ပွဲမှာ ရှုံးနိမ့်သွားသည့်လူက သူ၏ အသက်ကို ဆုံးရှုံးသွားလိမ့်မည်။
“ ကမ္ဘာဦးလောကက တကယ်ပဲ မာနကြီးလွန်းတယ်… ”
ဟန်မူယဲ့က တီးတိုးရေရွတ်လိုက်ပြီး သူ၏ လက်ကို ရုတ်တရက် မြှောက်လိုက်သည်။
သူ၏ လက်ထဲတွင် မည်သည့်စွမ်းအားမှ မရှိပေ။ ဤသည်မှာ သူက ရေနဂါးများကို တားဆီးရန် သူ့ကိုယ်ပိုင်လက်ကို အသုံးပြုနေသည့်အလားပင်။
သို့သော် ထိုသို့မဟုတ်ချေ။
သူ့အရှေ့တွင် ရေနဂါးအကောင်တစ်ထောင်က ဖြည်းဖြည်းချင်း ရပ်တန့်သွားကြသည်။
အုပ်ချုပ်သူကီရင်သားရဲ၏ နတ်ဘုရားစွမ်းအား၊ မူလစွမ်းအားက ထိန်းချုပ်ခံလိုက်ရသည်။
အုပ်ချုပ်သူကီရင်သားရဲက မျက်လုံးပြူးကျယ်သွားပြီး တီးတိုးရေရွတ်လိုက်သည်။
“ အဲ့ဒါ… အဲ့ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ”
မဖြစ်နိုင်တာ… ။
ငါက ငါ့ရဲ့ ကိုယ်ပိုင်စွမ်းအားကိုတောင် မထိန်းချုပ်နိုင်တော့ဘူးလား… ။
“ ဒီဟာက မင်းရဲ့ စွမ်းအားလို့ ယုံကြည်နေတာလား ”
ဟန်မူယဲ့က တည်ငြိမ်စွာ ပြောသည်။
“ ဒီမူလစွမ်းအားကို မင်းစိတ်တိုင်းကျ ထိန်းချုပ်နိုင်တယ်လို့ ထင်နေတာလား ”
ဟန်မူယဲ့က သူ့လက်ကို ဖြည်းဖြည်းချင်း လက်သီးဆုပ်လိုက်သည်။
ထိုအခါ ရေနဂါးအကောင်တစ်ထောင်က ပေါင်းစည်းသွားကြပြီး မိုင်တစ်သောင်းကျယ်ပြောသော ဧရိယာကို ဖုံးလွှမ်းသွားမည့် ဧရာမနဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းလဲသွားသည်။
“ ရေဒြပ်စင်နတ်သားရဲ ”
“ အဲ့ဒါ ရေဒြပ်စင်နတ်သားရဲအသစ်လား ”
“ သူဘယ်လို လုပ်လိုက်တာလဲ ”
ဘေးပတ်ဝန်းကျင်မှ နတ်သားရဲများက အံ့ဩထိတ်လန့်စွာ တီးတိုးရေရွတ်လိုက်ကြသည်။
အဝေးမှ မြို့တော်များထဲမှ အစွမ်းထက်ပုဂ္ဂိုလ်များက ခေါင်းမော့လိုက်ကြသည်။
“ ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ… အဲ့ဒါ သက်ရှိဖန်တီးခြင်းမဟုတ်ဘူးလား ”
“ နတ်ဘုရားတားမြစ်နယ်ပယ်… ဒဏ္ဍာရီထဲမှာ ပြောထားတာက လက်နက်သန့်စင်ခြင်းရဲ့ မူလဇစ်မြစ်ကပဲ သက်ရှိတွေကို ဖန်တီးနိုင်တယ်တဲ့ ”
ထိုရေဒြပ်စင်နတ်သားရဲကို လက်နက်သန့်စင်ခြင်းနည်းလမ်းများမှတဆင့် ဖန်တီးခဲ့ကြောင်း ထင်ရှားသည်။ ယခု ၎င်းက ကမ္ဘာဦးလောကထဲမှာ ယခင်က တစ်ခါမှ မရှိခဲ့ဖူးသော ရေဒြပ်စင်နတ်သားရဲတစ်ကောင် ဖြစ်လာသည်။
“ ဝီး ”
ဟင်းလင်းပြင်ထဲတွင် အဆုံးမဲ့သော လျှပ်စီးတန်းများ ကျဆင်းလာကြသည်။
လျှပ်စီးပင်လယ်က အုပ်ချုပ်သူကီရင်သားရဲကို ဖုံးလွှမ်းသွားသည်။ ထိုအခါမှသာ ဟန်မူယဲ့က လျှပ်စီးပင်လယ်ကို ၎င်းတို့အတွက် ဆင့်ခေါ်ခဲ့ခြင်းမဟုတ်ကြောင်း အုပ်ချုပ်သူကီရင်သားရဲက နားလည်သွားသည်။
လျှပ်စီးပင်လယ်က အသစ်မွေးဖွားလာသော ရေဒြပ်စင်နတ်သားရဲအတွက် ဖြစ်သည်။
အဆုံးမဲ့သော လျှပ်စီးတန်းများက ဧရာမရေနဂါး၏ ခန္ဓာကိုယ်ကို ဝိုင်းရံလိုက်ကြပြီး အဆက်မပြတ် ထိုးနှက်လိုက်ကြသည်။
လျှပ်စီးတန်းများ၏ သန့်စင်ပေးမှုအောက်မှာ ဧရာမရေနဂါး၏ ခန္ဓာကိုယ်က ပိုပြီးဒြပ်ထည်ရှိလာပြီး ပိုပြီးစစ်မှန်လာသည်။ ၎င်း၏ ခန္ဓာကိုယ်ပေါ်မှ ကိုယ်ရောင်ကိုယ်ဝါသည်လည်း ပိုပြီးထွန်းလင်းလာသည်။
နောက်ဆုံးမှာတော့ မိုင်တစ်သောင်းရှည်လျားသော ဧရာမခန္ဓာကိုယ်က ပေတစ်ထောင်အရွယ်အစားသို့ ကျုံ့သွားသည်။ ၎င်း၏ နဂါးအကြေးခွံများပေါ်တွင် အပြာရောင်အလင်း ထွက်ပေါ်လာသည်။
“ ဂရောင်း ”
နဂါးဟိန်းသံက ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွားသည့်အခါ ရေနဂါးက အပြာရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်တစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။
“ တပည့်ကုန်းကုန်းက ဆရာဟန်ကို အရိုအသေပေးပါတယ် ”
ယင်းက ရေမူလစွမ်းအားကို စုဝေး၍ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို ဖန်တီးသန့်စင်ခြင်း ဖြစ်၏။
၎င်းက မိုးမြေကြားထဲမှာ မွေးဖွားလာသော ရေဒြပ်စင်နတ်သားရဲတစ်ကောင် ဖြစ်သည်။
၎င်းက လူသားအသွင်သို့ ပြောင်းလဲသွားသော်လည်း နဂါးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားဆဲပင်။ ၎င်းက နတ်သားရဲများနှင့် လူသားမျိုးနွယ်၏ ပေါင်းစပ်မှုဖြစ်သည်။
“ ကုန်းကုန်း… အခုကစပြီး မင်းက ကမ္ဘာဦးလောကရဲ့ ရေဒြပ်စင်မျိုးဆက်ကို ထိန်းချုပ်သူ ဖြစ်သွားပြီ ”
ဟန်မူယဲ့က သူ့အရှေ့မှ ကုန်းကုန်းကို ကြည့်လိုက်ပြီး နူးညံ့စွာ ပြောသည်။
ဤအခိုက်အတန့်မှာ ကမ္ဘာဦးကီရင်သားရဲသော်လည်းကောင်း အဝေးမှ နတ်သားရဲများသော်လည်းကောင်း ၎င်းတို့က လုံးဝ ဆွံ့အသွားကြသည်။
ဟန်မူယဲ့၏ နည်းလမ်းက ၎င်းတို့၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည်။
မူလစွမ်းအားကို ထိန်းချုပ်နိုင်ခြင်းက အထွတ်အထိပ်ဖြစ်သည်ဟု ထိုနတ်သားရဲများက တွေးထင်ခဲ့ကြသည်။
ကမ္ဘာဦးလောကထဲတွင် မူလစွမ်းအားက ပြိုင်ဘက်ကင်းအရာဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ခဲ့ကြသည်။
သို့သော်လည်း ၎င်းတို့၏ အမြင်က ကမ္ဘာဦးလောကထဲမှာသာ ကန့်သတ်ခံထားရကြောင်း ၎င်းတို့ နားမလည်ကြချေ။
ကမ္ဘာဦးလောက၏ အပြင်ဘက်တွင် ထူးခြားဆန်းကြယ်သော နည်းလမ်းအများကြီး တည်ရှိနေကြောင်း ၎င်းတို့မသိကြချေ။
ဥပမာ တစ်စုံတစ်ယောက်က လက်နက်သန့်စင်ခြင်းအတတ်ပညာကို အသုံးပြု၍ မူလစွမ်းအားကို သက်ရှိတစ်ယောက်အဖြစ် ဖန်တီးလိုက်ခြင်း ဖြစ်သည်။
ကုန်းကုန်းက ဘေးဘီကို ကြည့်လိုက်သည်။ ထို့နောက် သူက အဝေးမှ အုပ်ချုပ်သူကီရင်သားရဲကို ကြည့်လိုက်သည်။
သူက ခန္ဓာကိုယ်ရွေ့လျားလိုက်ပြီး ပျံသန်းသွားသည်။
ရွှေရောင်အလင်းတန်းများ ပေါ်လျှိုးလာသည့်အခါ ရေမူလစွမ်းအားက လှံတစ်ချောင်းအဖြစ် အသွင်ပြောင်းလဲသွားသည်။ လှံရှည်ကို အရှေ့သို့ သူထိုးစိုက်လိုက်သည့်အခါ မီးတောက်များ ထွက်ပေါ်လာသည်။
ရေမှ မီးသို့ ပြောင်းလဲခြင်း… ။
မူလစွမ်းအား၏ ဇစ်မြစ်မှာ ဒြပ်စင်မရှိပေ။ သို့ဖြစ်၍ ဒြပ်စင်များကို ပြောင်းလဲပစ်နိုင်သည်။
မီးတောက်များ ပေါက်ကွဲသွားသည့်အခါ ကီရဲနတ်သားရဲအားလုံးက အဝေးသို့ လွင့်စင်သွားကြသည်။
“ မင်းတို့ ခုခံဖို့ ကြိုးစားနိုင်တယ်… လောလောဆယ် မူလစွမ်းအားအများကြီးကို ငါလိုအပ်နေတယ် ”
မူလစွမ်းအားကို မလိုအပ်သည့်လူ မည်သူရှိမည်နည်း။
ငတုံးများသာ မူလစွမ်းအားကို မလိုချင်ကြလိမ့်မည်။
ကီရင်နတ်သားရဲအားလုံးက ကုန်းကုန်းကို စူးစိုက်ကြည့်လိုက်ကြသည်။
၎င်းတို့မှာ ခုခံရန် အရည်အချင်းရှိပါသလော။
ကုန်းကုန်း၏ မူလစွမ်းအားက အဆုံးစွန်ထိ သန့်စင်ခံထားရပြီးသား ဖြစ်သည်။ ယင်းက မိုးမြေစွမ်းအားမှ စုဝေးသွားသောအရာဖြစ်သည်။
သို့ဖြစ်၍ ကုန်းကုန်း၏ အရှေ့တွင် ရေဒြပ်စင်နတ်သားရဲအားလုံးက ဖိနှိပ်ခံကြရလိမ့်မည်။
အုပ်ချုပ်သူကီရင်သားရဲက ကုန်းကုန်းကို ဇဝေဇဝါဖြစ်သော အမူအရာဖြင့် ကြည့်လိုက်သည်။
အကယ်၍ ၎င်း၏ လောဘကြီးမှုနှင့် မောက်မာထောင်လွှားမှုကြောင့်မဟုတ်လျှင် ထိုရေဒြပ်စင်နတ်သားရဲက ၎င်းတို့၏ အရှေ့မှာ မည်သို့မွေးဖွားလာမည်နည်း။ ယခု ၎င်းတို့က ကုန်းကုန်း၏ အရှေ့မှာ ဖိနှိပ်ခံလိုက်ကြရသည်။
ကုန်းကုန်း၏ အရှေ့တွင် ကီရင်နတ်သားရဲအားလုံးက အညံ့ခံသည့်သဘောဖြင့် ခေါင်းငုံ့လိုက်ကြသည်။
ကမ္ဘာဦးအုပ်ချုပ်သူအဆင့် ကီရင်နတ်သားရဲသုံးကောင်သည် ဆန္ဒမရှိကြပေ။ သို့သော်လည်း ၎င်းတို့မှာ အညံ့ခံရုံမှတပါး တခြားရွေးချယ်စရာ မရှိပေ။
အဘယ့်ကြောင့်ဆိုသော် ၎င်းတို့၏ ရေမူလစွမ်းအားက ကုန်းကုန်းထက် နိမ့်ကျသည်။
“ မိုးမြေရဲ့ မူလစွမ်းအား… ပြင်ပအကူအညီနဲ့ဆိုရင် အုပ်ချုပ်သူတစ်ပါးတောင် ထပ်ပြီး အစွမ်းတိုးပွားလာနိုင်တယ်… လူကြီးမင်းတို့ထဲမှာ စိတ်ဝင်စားတဲ့လူရှိရင် ကျုပ်နဲ့ လာဆွေးနွေးနိုင်တယ် ”
ဟန်မူယဲ့က ကောင်းကင်ကို မော့ကြည့်လိုက်ပြီး မထူးမခြားနား ပြောသည်။
မိုးမြေစွမ်းအားကို လက်နက်သန့်စင်ခြင်းပညာရပ်ဖြင့် ပေါင်းစပ်လိုက်သည့်အခါ သက်ရှိထိန်းချုပ်သူတစ်ယောက်ကို ဖန်တီးနိုင်လိမ့်မည်။
အုပ်ချုပ်သူတစ်ပါးသည်ပင် ထပ်မံ အစွမ်းမြှင့်တင်နိုင်လိမ့်မည်။
ဟန်မူယဲ့၏ စကားက ဘေးပတ်ဝန်းကျင်မှ တည်ရှိမှုအားလုံးကို တုန်ယင်သွားစေသည်။
ကမ္ဘာဦးအုပ်ချုပ်သူအဆင့်မှာ နောက်ထပ် အစွမ်းမြှင့်တင်နိုင်သေးသည်လော။ အတိတ်မှာ ယင်းကို မည်သူမှ မတွေးဝံ့ကြချေ။
“ အုပ်ချုပ်သူရဲ့ အထက်မှာ စကြာဝဠာအုပ်ချုပ်သူဆိုတာ ရှိတယ်… ဒါပေမဲ့ မူလအုပ်ချုပ်သူက အဲ့ဒီနှစ်ခုကြားထဲမှာ ရှိတယ် ”
ဟင်းလင်းပြင်ထဲတွင် နတ်ဘုရားစိတ်အာရုံတစ်ခု ပေါ်လျှိုးလာသည်။
“ မူလအုပ်ချုပ်သူတွေက မျိုးဆက်တစ်ခုရဲ့ မူလဇစ်မြစ်ကို ထိန်းချုပ်နိုင်ကြတယ်… သူတို့က မူလစွမ်းအားကို ထိန်းချုပ်နိုင်ရုံတင်မကဘူး နတ်သားရဲတွေရဲ့ သွေးမျိုးဆက်ကိုလည်း ဖိနှိပ်နိုင်ကြတယ် ”
နတ်သားရဲတစ်ကောင်က စိတ်လှုပ်ရှားစွာ ပြောသည်။
မျိုးဆက်တစ်ခုမှာ နတ်သားရဲများက မည်မျှပေါများလိုက်သနည်း။
မျိုးဆက်စွမ်းအားကို ထိန်းချုပ်ခြင်းဖြင့် တစ်စုံတစ်ယောက်က ထိုမျိုးဆက်၏ အုပ်ချုပ်သူဖြစ်လာလိမ့်မည်။
ကီရဲနတ်သားရဲကလန်မှ အုပ်ချုပ်သူသည် မျိုးနွယ်စုတစ်ခု၏ အုပ်ချုပ်သူသာ ဖြစ်သည်။ ၎င်းက မျိုးဆက်တစ်ခု၏ မူလဇစ်မြစ်ကို ထိန်းချုပ်နိုင်သော အုပ်ချုပ်သူ မဟုတ်ပေ။
“ ဆရာဟန်… ကျုပ်ရဲ့ လေရူးဝံပုလွေကလန်က လျောင်ယွမ်မြို့တော်နဲ့ မဟာမိတ်ဖွဲ့ဖို့ ဆန္ဒရှိပါတယ် ”
အဝေးမှ မိုးမြေကြားတွင် အသံတစ်သံ ပဲ့တင်ထပ်လာသည်။
လေရူးဝံပုလွေကလန်သည် ရှေးဦးအပျက်အစီးတောအုပ်၏ အစွမ်းထက်မျိုးနွယ်စုတစ်စု ဖြစ်သည်။ ၎င်းတို့က အလွန်သန်မာပြီး လေမူလစွမ်းအားကို ထိန်းချုပ်နိုင်ကြသည်။
“ ဟား ဟား… ကျုပ်ရဲ့ ဟန်ဘမိစ္ဆာကလန်က လျောင်ယွမ်မြို့တော်နဲ့ မဟာမိတ်ဖွဲ့ဖို့ ဆန္ဒရှိပါတယ်… ကျုပ်တို့ရဲ့ ဟန်ဘမိစ္ဆာကလန်က မီးမျိုးဆက်ရဲ့ မူလဇစ်မြစ်ကို ထိန်းချုပ်နိုင်ဖို့ မတောင်းဆိုပါဘူး… ကျုပ်တို့ရဲ့ မျိုးဆက်ထဲမှာ အုပ်ချုပ်သူတစ်ပါး ထွက်ပေါ်လာရင်ပဲ ကျေနပ်ပါပြီ ”
ဟန်ဘမိစ္ဆာကလန်သည် ကမ္ဘာဦးလောက၏ မီးဒြပ်စင်အထူးပြု နတ်သားရဲများထဲမှာ ထိပ်တန်းစာရင်းဝင်သည်။ ၎င်းတို့က ရှေးခေတ်နတ်သားရဲမျိုးနွယ်စုများထဲမှာပင် ထိပ်တန်းအဆင့်ရှိသည်။
ဟင်းလင်းပြင်ထဲတွင် စိတ်လှုပ်ရှားသော အော်သံများ ပဲ့တင်ထပ်သွားသည်။
မည်သူက မျိုးဆက်တစ်ခု၏ မူလဇစ်မြစ်ကို ထိန်းချုပ်နိုင်သော အုပ်ချုပ်သူတစ်ပါး မဖြစ်ချင်ဘဲ နေမည်နည်း။ ယင်းက ၎င်းတို့၏ ကိုယ်ပိုင်သွေးမျိုးဆက်ကို အဆင့်မြှင့်တင်ပေးနိုင်လိမ့်မည်။
ဟန်မူယဲ့ အသုံးပြုသွားခဲ့သော နည်းလမ်းများက သူတို့၏ စိတ်ကူးယဉ်နိုင်စွမ်းထက် ကျော်လွန်သည်။
ဟန်မူယဲ့က ပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက နေရာမှ ပျောက်ကွယ်သွားသည်။
ပါးစပ်မှပြောသော ကတိတစ်ခုက ဘာမှအသုံးမဝင်ပေ။
အကယ်၍ သူတို့မှာ မဟာမိတ်ဖွဲ့ရန် တကယ်ဆန္ဒရှိသည်ဆိုလျှင် သူတို့က လျောင်ယွမ်မြို့တော်အတွက် အကျိုးအမြတ်တစ်စုံတစ်ရာ ပေးအပ်ရလိမ့်မည်။
ကုန်းကုန်းက ဟန်မူယဲ့ထွက်သွားသည်ကို ကြည့်လိုက်သည်။ သူလက်ဝှေ့ယမ်းလိုက်သည့်အခါ ကီရင်နတ်သားရဲအားလုံးက အနောက်မှ လိုက်သွားကြသည်။
ထို့နောက် မိုးတိမ်မြို့တော်မှ တိုက်ပွဲရလဒ်က ခန့်မှန်းထားသည့်အတိုင်း ထွက်ပေါ်လာသည်။
အစွမ်းထက် ကန်အန်းမျိုးနွယ်ဝင်များဆီမှာ မျက်လုံးသုံးလုံးနှင့် လက်လေးဖက်ရှိသော်လည်း ၎င်းတို့က ကျူးရုန်ဦးဆောင်သော စစ်တပ်၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းကို မတားဆီးနိုင်ခဲ့ပေ။ ၎င်းတို့က စတင်အနောက်ဆုတ်သွားကြသည်။
စစ်သည်တော်သန်းသုံးဆယ်ရှိသော စစ်တပ်က လျောင်ယွမ်မြို့တော်စစ်တပ်၏ အရှေ့မှာ မည်သည့်အင်အားမှ မပြနိုင်ခဲ့ချေ။
မည်သည့်ရန်သူမှ လျောင်ယွမ်မြို့တော်စစ်တပ်၏ တိုက်ပွဲဝင်္ကပါများကို မခုခံနိုင်ကြချေ။
အရှေ့သို့ ချီတတ်လာသော စစ်တပ်က မိုးတိမ်မြို့တော်၏ မြို့တံတိုင်းများကို တိုက်ရိုက် ဖျက်ဆီးပစ်လိုက်သည်။ ပေတစ်သောင်းရှည်လျားသော ရွှေရောင်စစ်ဗိုလ်ချုပ်ပုံရိပ်များက မြို့တော်ထဲမှ အရာအားလုံးကို နင်းခြေဖျက်ဆီးလိုက်ကြသည်။
မိုးတိမ်မြို့တစ်ခုလုံး အပျက်အစီးပုံအဖြစ် ပြောင်းလဲသွားသည်။
အစွမ်းထက် ကန်အန်းမျိုးနွယ်ဝင်များသည်လည်း အသတ်ခံလိုက်ကြရပြီး ၎င်းတို့၏ ဝိညာဉ်ကို မိုးမြေက ဝါးမျိုလိုက်သည်။
တစ်စုံတစ်ယောက်က ကမ္ဘာဦးရှေးဟောင်းအပျက်အစီးနယ်မြေထဲသို့ ရုပ်ခန္ဓာကိုယ်ဖြင့် ဝင်ရောက်လာသည့်အခါ ပြန်ထွက်ရန် မလွယ်ကူချေ။ အကယ်၍ သူတို့၏ ရုပ်ခန္ဓာကိုယ်က ဖျက်ဆီးခံလိုက်ရမည်ဆိုလျှင် ဝိညာဉ်က မိုးမြေ၏ ဝါးမျိုခံရလိမ့်မည်။
မရေမတွက်နိုင်သော နတ်ဘုရားအလင်းတန်းများက လေဟာနယ်ကို ဖုံးလွှမ်းသွားသည့်အခါ မူလစွမ်းအားက မိုးမြေကြားထဲမှာ တဖန် ပေါ်လျှိုးလာသည်။
သုံးရက်ကြာပြီးနောက် မိုးတိမ်မြို့တော်က တိတ်ဆိတ်ငြိမ်သက်သွားသည်။
ထိုတိုက်ပွဲက ရှေးဦးအပျက်အစီးတောအုပ်ထဲမှ တခြားသက်ရှိများနှင့် ကလန်များကို လျောင်ယွမ်မြို့တော်စစ်တပ်၏ စွမ်းအားအကြောင်း ကောင်းမွန်စွာ နားလည်သဘောပေါက်သွားစေသည်။
သို့သော် ဟန်မူယဲ့၏ စွမ်းအားနှင့် နှိုင်းယှဉ်လျှင် လျောင်ယွမ်မြို့တော်စစ်တပ်က ထင်သလောက် အစွမ်းမထက်တော့ပေ။
ကမ္ဘာဦးအုပ်ချုပ်သူနတ်သားရဲ သုံးဆယ်ကျော်နှင့် အဆင့်မြင့်နတ်သားရဲ သုံးထောင်ကျော်က လျောင်ယွမ်မြို့တော်နှင့် မဟာမိတ်ဖွဲ့ရန် အမြန်ရောက်လာကြသည်။
သူတို့၏ တောင်းဆိုမှုက ရိုးရှင်းသည်။ ဟန်မူယဲ့က သူတို့ကို မူလအုပ်ချုပ်သူများဖြစ်လာရန် ကူညီပေးရမည်။
ဟန်မူယဲ့က သဘောတူသည်ဟု မပြောသလို ငြင်းဆန်ခြင်းလည်း မပြုချေ။
အုပ်ချုပ်သူတစ်ပါးဖြစ်လာရန် သို့မဟုတ် မူလအုပ်ချုပ်သူတစ်ပါးဖြစ်လာရန် အရင်ဆုံး တစ်စုံတစ်ယောက်ဆီမှာ လုံလောက်သော အရည်အချင်းများရှိရမည်။
“ ကောင်းကင်ရင်းမြစ်စုဝေးပွဲမှာ ခင်ဗျားတို့ရဲ့ အစွမ်းအစကို ကျုပ်မြင်ချင်တယ် ”
“ ကျုပ်က အားနည်းတဲ့လူတွေနဲ့ မပူးပေါင်းဘူး ”
ရှေးဦးအပျက်အစီးတောအုပ်ထဲမှာ ခွန်အားကြီးမားသူများက ရိုသေလေးစားခံရမည်။
သို့ဖြစ်၍ ဟန်မူယဲ့၏ သဘောထားက ထူးဆန်းသောအရာ မဟုတ်ပေ။
မူလအုပ်ချုပ်သူတစ်ပါးကို မွေးထုတ်ပေးနိုင်သော နည်းလမ်းကို ပိုင်ဆိုင်ထားသည့် ဟန်မူယဲ့အနေဖြင့် သူ့မှာ ထိုသို့ပြောပိုင်ခွင့်ရှိ၏။