← Chapters

အခန်း (၁၅၅၀)

Vol. 111 Ch. 1550

အခန်း (၁၅၅၀)

Vol. 111 Ch. 1550

နတ်ဘုရားအဆင့် လက်နက်သန့်စင်ခြင်းပညာ… သက်ရှိဖန်တီးခြင်း…

ယင်းတို့က ဟန်မူယဲ့၏ အားကိုးအားထား ဖြစ်သည်။

ကမ္ဘာဦးလောကသည်ပင် သူ့ကို ရိုသေလေးစားရမည်။

ကမ္ဘာဦးလောကဖြစ်စေ သို့မဟုတ် အုပ်ချုပ်သူအဆင့် နတ်သားရဲများဖြစ်စေ မည်သူမှ မူလအုပ်ချုပ်သူတစ်ပါးကို မဖန်တီးနိုင်ကြချေ။

သို့သော်လည်း ဟန်မူယဲ့က စွမ်းဆောင်နိုင်ပေသည်။

သူက လက်တစ်ဖက်မြှောက်ရုံဖြင့် ကမ္ဘာဦးအုပ်ချုပ်သူတစ်ပါးကို မူလအုပ်ချုပ်သူတစ်ပါးဖြစ်လာရန် အစွမ်းတိုးမြှင့်ပေးနိုင်သည်။

မူလအုပ်ချုပ်သူတစ်ပါးသည် အလွန်သန်မာရုံသာမက မိုးမြေ၏ မူလဇစ်မြစ်နှင့်လည်း ပေါင်းစပ်နိုင်သည်။

မိုးမြေစွမ်းအားကို ဆင့်ခေါ်လိုက်မည်ဆိုလျှင် သူတို့၏ ကိုယ်ပိုင်စွမ်းအားက တစ်ဟုန်ထိုး တိုးမြှင့်သွားလိမ့်မည်။

အဓိကသော့ချက်မှာ မိုးမြေစွမ်းအားက မူလအုပ်ချုပ်သူတစ်ပါး၏ စွမ်းအားနှင့် ပေါင်းစပ်သွားသည့်အခါ ကမ္ဘာဦးလောကတစ်ခုလုံးမှ စွမ်းအားမှန်သမျှက ဖိနှိပ်ခံကြရလိမ့်မည်။

…..

ခေတ္တအနားယူပြီးနောက် လျောင်ယွမ်မြို့တော်စစ်တပ်က မိုးတိမ်မြို့တော်မှ ထွက်ခွာသွားသည်။

မည်သည့်မြို့တော်မှ လျောင်ယွမ်မြို့တော်စစ်တပ်ကို မတားဆီးဝံ့ကြတော့ချေ။

အများဆုံး သူတို့က ခွန်အားစမ်းသပ်သည့်သဘောဖြင့် စစ်တပ်ငယ်များကို စေလွှတ်ကြလိမ့်မည်။ ထို့နောက် သူတို့က ချက်ချင်း အညံ့ခံကြလိမ့်မည်။

အညံ့မခံသည့်လူများအတွက်တော့ သူတို့၏ မြို့တော်က ဖုန်မှုန့်ဖြစ်သည်အထိ ဖျက်ဆီးခံရလိမ့်မည်။

ရွှေရောင်စစ်ဗိုလ်ချုပ်က လှံထိုးလွှတ်လိုက်သည့်အခါတိုင်း မည်သည့်မြို့တံတိုင်းမဆို ပြိုကျအက်ကွဲသွားလိမ့်မည်။

စစ်သည်တော်သန်းပေါင်းများစွာ၏ ကြုံးဝါးသံများက အချင်းမိုင်တစ်သောင်းအတွင်း ပဲ့တင်ထပ်သွားသည်။

ကောင်းကင်ပေါ်တွင် ပုံရိပ်တစ်ခုက ဟန်မူယဲ့နှင့် ပခုံးချင်းယှဉ်၍ မတ်တတ်ရပ်နေသည်။

“ မင်းကို အနှစ်တစ်ရာ အချိန်ပေးရလိမ့်မယ်လို့ ငါထင်ခဲ့တာ ”

ခွန်ပန်က မြေပြင်ပေါ်မှ စစ်တပ်ကို ကြည့်လိုက်သည်။ ထို့နောက် သူက ဟန်မူယဲ့ထံသို့ ခေါင်းလှည့်လိုက်လေရာ စိတ်ခံစားချက်အရိပ်အယောင်က သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

“ မင်းက ငါတို့ရဲ့ စိတ်ကူးယဉ်နိုင်စွမ်းထက် လုံးဝ ကျော်လွန်နေတာပဲ ”

“ မိုးပြာရောင်နဂါး၊ ဖီးနစ်၊ ပီရှူး၊ ပါရှား၊ ကျားဖြူအပါအဝင် ငါတို့မှာ မဟာမိတ်တွေအများကြီး ရှိတယ်… ဒါပေမဲ့ ငါတို့ရဲ့ ရန်သူက အရေအတွက်ပိုများတယ် ”

“ ခန်းလန်၊ ယန်းလုံ၊ ယင်ကျောက်နဲ့ မြွေမျိုးနွယ်တောင် ရှေးဦးအပျက်အစီးတောအုပ်နဲ့ အဆက်အသွယ်ဖြတ်လိုက်ကြပြီ ”

“ မင်းရဲ့ အကူအညီမပါရင် ရှေးဦးအပျက်အစီးတောအုပ်ရဲ့ ကောင်းကင်ဘုံတာအိုက အဲ့ဒီဆုံးရှုံးမှုကို တောင့်ခံနိုင်မှာ မဟုတ်ဘူး ”

ရှေးခေတ်နတ်သားရဲများသည် မည်သည့်အခါကမှ စည်းလုံးမညီညွတ်ခဲ့ပေ။

ထို့ပြင် လက်ရှိအခြေအနေအရ စကြာဝဠာကပ်ဘေးက ရှေးဦးအပျက်အစီးတောအုပ်ထဲမှာ ပျံ့နှံ့တော့မည်။

နတ်ဘုရားကမ္ဘာမှ နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်နှင့် ပူးပေါင်းလိုက်ကြသော ထိုနတ်သားရဲမျိုးနွယ်စုများက ရှေးဦးအပျက်အစီးတောအုပ်အပေါ် သစ္စာဖောက်ရန် ဆန္ဒရှိကြသည်။

“ ငါတို့က သူတို့ကို ရှေးဦးအပျက်အစီးတောအုပ်ကို အပြည့်အဝ မသိမ်းပိုက်နိုင်စေဖို့ တားဆီးထားတယ်… အဲ့ဒါမှ သူတို့က ရှေးဦးအပျက်အစီးတောအုပ်ကနေ မထွက်သွားနိုင်ကြမှာ ”

ခွန်ပန်က ဆက်ပြောသည်။

“ တကယ်တော့ ကမ္ဘာဦးလောကရဲ့ ကောင်းကင်ဘုံတာအိုကလည်း မတည်မငြိမ်ဖြစ်နေတယ် ”

ဟန်မူယဲ့က ခွန်ပန်ပြောသော အဓိပ္ပာယ်ကို နားလည်သည်။

ကမ္ဘာဦးလောက၏ ကောင်းကင်ဘုံတာအိုသည် ကမ္ဘာဦးရှေးဟောင်းအပျက်အစီးနယ်မြေကို ဝါးမျိုပြီးနောက် ရရှိလာမည့် ကမ္ဘာဦးစွမ်းအားကို မျက်စိကျနေသည်။

ကိုယ့်ဘာသာ ပြီးပြည့်စုံအောင် ပြုလုပ်မည်လော သို့မဟုတ် ရှေးဦးအပျက်အစီးကုန်းမြေကို ဝါးမျိုမည်လော။

အကယ်၍ ဟန်မူယဲ့သာ ရှေးဦးအပျက်အစီးတောအုပ်ထဲမှ လူသားမျိုးနွယ်ကို အစွမ်းမတိုးမြှင့်ပေးခဲ့လျှင် သို့မဟုတ် လျှပ်စီးပင်လယ်ကို ကမ္ဘာဦးလောကဆီသို့ ယဇ်မပူဇော်ခဲ့လျှင် ကမ္ဘာဦးကောင်းကင်ဘုံတာအိုက ဆက်ပြီး တုံ့ဆိုင်းနေလိမ့်မည်။ ၎င်းက ရွေးချယ်မှုတစ်ခုကို စိတ်ဓာတ်ပြတ်သားစွာ လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ချေ။

သို့ဖြစ်၍ ရှေးဦးအပျက်အစီးတောအုပ်ထဲမှ ကလန်အများစုက သစ္စာဖောက်သွားကြောင်း ၎င်းသိထားသည့်တိုင် သူတို့ကို တားဆီးခြင်းမပြုခဲ့ပေ။

ဟန်မူယဲ့က ရှေးဦးအပျက်အစီးတောအုပ်၏ လူသားမျိုးနွယ်ကို အသုံးပြု၍ မိုးမြေကို လှုံ့ဆော်ခဲ့သည့်အခိုက်၊ လျှပ်စီးပင်လယ်ကို ကမ္ဘာဦးလောကဆီသို့ ယဇ်ပူဇော်လိုက်သည့်အခိုက်၊ နတ်ဘုရားသုတ်သင်ခြင်းလှံထဲမှ နတ်သားရဲဝိညာဉ်တစ်သန်း ရှေးဦးအပျက်အစီးတောအုပ်ဆီသို့ ပြန်ရောက်လာကြသည့်အခိုက်မှသာ ကမ္ဘာဦးကောင်းကင်ဘုံတာအိုက ရွေးချယ်မှုတစ်ခု ပြုလုပ်နိုင်သွားသည်။

ထိုကိစ္စများက ၎င်း၏ တုံ့ဆိုင်းမှုကို ဖျက်ဆီးလိုက်သည်။

နောက်ဆုံးမှာတော့ ကမ္ဘာဦးကောင်းကင်ဘုံတာအိုက လူသားမျိုးနွယ်၏ တိုးတတ်မှုကို ကူညီပေးရန် ရွေးချယ်လိုက်ပြီး ခွန်ပန်နှင့် မဟာမိတ်ဖွဲ့လိုက်သည်။ ၎င်းက မူလအုပ်ချုပ်သူတစ်ပါး၏ စွမ်းအားဖြင့် ရှေးဦးအပျက်အစီးတောအုပ်တစ်ခုလုံးကို အစွမ်းတိုးမြှင့်ပေးရန် ဆုံးဖြတ်လိုက်သည်။

ရှေးဦးအပျက်အစီးတောအုပ်ကို သစ္စာဖောက်သွားခဲ့ကြသော နတ်သားရဲများသည်လည်း ကမ္ဘာဦးကောင်းကင်ဘုံတာအိုက ၎င်းတို့ကို စွန့်ပစ်သွားကြောင်း အာရုံခံမိကြသည်။

ထို့ကြောင့် ဤကောင်းကင်ရင်းမြစ်စုဝေးပွဲက ကမ္ဘာဦးလောကနှင့် ၎င်းတို့ကြားမှ နောက်ဆုံးအဆက်ဖြတ်မှု ဖြစ်သည်။

ယင်းကို ခွန်ပန်က ရှင်းပြသည်။

ခွန်ပန်၏ အစွမ်းကြောင့် သူက ထိုကိစ္စအားလုံးကို သိထားသည်။

“ ဒီတော့… ဒီတစ်ကြိမ်မှာ ရှေးဦးအပျက်အစီးကုန်းမြေထဲက နတ်သားရဲတွေကြားမှာ မဟာတိုက်ပွဲတစ်ခု ရှိလာတော့မှာလား ”

ဟန်မူယဲ့က ခွန်ပန်ကို ကြည့်လိုက်သည်။ လေးနက်မှုက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

“ ခင်ဗျားက ကျုပ်ကို ကောင်းကင်ရင်းမြစ်စုဝေးပွဲမတိုင်ခင် ခင်ဗျားဘက်က မဟာမိတ်တွေရဲ့ အင်အားကို တိုးမြှင့်ပေးစေချင်တာလား ”

ခွန်ပန်က ရယ်လိုက်ပြီး ခေါင်းခါလိုက်သည်။

“ မဟုတ်ဘူး ”

“ သူတို့က ငတုံးတွေ မဟုတ်ဘူး… မင်း ရေမူလစွမ်းအားကို အသုံးပြုပြီး ကုန်းကုန်းကို ဖန်တီးလိုက်တာက အဲ့ဒီကောင်တွေကို ကြောက်လန့်သွားစေတယ် ”

“ တကယ်လို့ မူလအုပ်ချုပ်သူနောက်တစ်ပါး ထွက်ပေါ်လာမယ်ဆိုရင် အဲ့ဒီနတ်သားရဲမျိုးနွယ်စုတွေက ရှေးဦးအပျက်အစီးကုန်းမြေကနေ တိုက်ရိုက် ထွက်ပြေးသွားကြလိမ့်မယ် ”

“ နတ်သားရဲမျိုးနွယ်စုတွေ အစုလိုက်အပြုံလိုက် ထွက်ပြေးသွားကြမယ်ဆိုရင် ရှေးဦးအပျက်အစီးကုန်းမြေက ချက်ချင်း အင်အားယုတ်လျော့သွားလိမ့်မယ် ”

“ ကမ္ဘာဦးကောင်းကင်ဘုံတာအိုက အဲ့ဒီလိုဖြစ်လာမှာကို မမြင်ချင်ဘူး ”

သို့ဖြစ်၍ ကမ္ဘာဦးကောင်းကင်ဘုံတာအို၏ ဆန္ဒက ဟန်မူယဲ့ကို အရှေ့ထွက်စေပြီး မူလအုပ်ချုပ်သူတစ်ပါးပေါ်ထွန်းစေနိုင်မည့် အနှစ်သာရကို ဖန်တီးပေးရန် ဖြစ်သည်။

ယခင်ကောင်းကင်ရင်းမြစ်စုဝေးပွဲသည် အဆင့်မြင့်နတ်သားရဲများ၏ စိတ်အာရုံကို ဖမ်းစားနိုင်ရန် လုံလောက်သည်။ ခွန်အားလုံလောက်သော မည်သူမဆို ကမ္ဘာဦးအုပ်ချုပ်သူတစ်ပါး ဖြစ်လာနိုင်မည့် အခွင့်အရေးအတွက် ယှဉ်ပြိုင်နိုင်ကြသည်။

သို့သော် ကမ္ဘာဦးအုပ်ချုပ်သူအဆင့်သို့ ရောက်ထားပြီးသော နတ်သားရဲများက ကောင်းကင်ရင်းမြစ်စုဝေးပွဲကို စိတ်မဝင်စားကြချေ။

၎င်းတို့၏ မျိုးနွယ်စု အကူအညီလိုအပ်မှသာလျှင် ၎င်းတို့က ပါဝင်ကြလိမ့်မည်။ သို့ဖြစ်၍ ကောင်းကင်ရင်းမြစ်စုဝေးပွဲတွင် ကမ္ဘာဦးအုပ်ချုပ်သူနတ်သားရဲများက အရေအတွက်အနည်းငယ်သာ ရှိကြသည်။

သို့သော်လည်း အကယ်၍ ဟန်မူယဲ့က မူလအုပ်ချုပ်သူတစ်ပါးကို ဖန်တီးပေးမည်ဆိုလျှင် အရာအားလုံးက ပြောင်းလဲသွားလိမ့်မည်။

ရှေးဦးအပျက်အစီးကုန်းမြေထဲမှ ကမ္ဘာဦးအုပ်ချုပ်သူအားလုံးက ဆွဲဆောင်ခံကြရလိမ့်မည်။

“ မူလအုပ်ချုပ်သူတစ်ပါးကို ဖန်တီးဖို့လား ”

နက်နဲသိမ်မွေ့သော အလင်းတန်းက ဟန်မူယဲ့၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ လိုအပ်မယ့် အရင်းအမြစ်က အရမ်းကြီးမားလိမ့်မယ် ”

ဟန်မူယဲ့၏ စကားကို ကြားသောအခါ ခွန်ပန်က ပြုံးလိုက်သည်။

သူက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး တဟားဟား အော်ရယ်လိုက်သည်။

“ အရင်းအမြစ်က မကြီးမားဘူးဆိုရင် အဲ့ဒါကို မူလအုပ်ချုပ်သူလို့ ဘယ်ခေါ်ထိုက်ပါတော့မလဲ ”

“ မူလအုပ်ချုပ်သူတစ်ပါးက အလွယ်တကူ ဖြစ်လာနိုင်တယ်လို့ မင်းပြောရင် သူတို့က အဲ့ဒါကို ယုံကြည်မယ်လို့ ထင်လား ”

မခန့်မှန်းနိုင်အောင် များပြားလှသော အရင်းအမြစ်များကို လိုအပ်လိမ့်မည်။

သို့မှသာ မူလအုပ်ချုပ်သူတစ်ပါးကို ဖန်တီးနိုင်လိမ့်မည်။

ထိုသတင်းပျံ့နှံ့သွားသည့်အခါ ရှေးဦးအပျက်အစီးကုန်းမြေတစ်ခုလုံး တုန်ယင်သွားသည်။

လျောင်ယွမ်မြို့တော်၏ နတ်ဘုရားအင်းသင်္ကေတပညာရှင် ဟန်မူယဲ့က မူလအုပ်ချုပ်သူသုံးပါးအတွက် ခန္ဓာကိုယ်များကို ဖန်တီးပေးတော့မည်။

ထိုထဲမှ ခန္ဓာကိုယ်တစ်ခုကို ရရှိသွားသည့်မည်သူမဆို မျိုးဆက်စွမ်းအားကို ဆင့်ခေါ်ပြီး ခန္ဓာကိုယ်ဖြင့် ပေါင်းစပ်ရုံဖြင့် ကမ္ဘာဦးမူလအုပ်ချုပ်သူတစ်ပါး၏ အဆင့်အတန်းကို ပိုင်ဆိုင်နိုင်လိမ့်မည်။

မှန်ပေသည်။ ထိုအခွင့်အရေးကို ကမ္ဘာဦးအုပ်ချုပ်သူအဆင့် အစွမ်းထက်ပုဂ္ဂိုလ်များသာ ရရှိနိုင်ပေသည်။ အုပ်ချုပ်သူအဆင့်အောက်မှ သက်ရှိများအတွက်တော့ ယင်းက စိတ်ကူးယဉ်မှုတစ်ခုသာ ဖြစ်သည်။

မူလအုပ်ချုပ်သူသုံးပါး… ။

ယင်း၏ သွေးဆောင်မှုကို ရှေးဦးအပျက်အစီးကုန်းမြေထဲမှ မည်သည့်အုပ်ချုပ်သူမှ မလွန်ဆန်နိုင်ပေ။

ထိုထဲမှာ လှည့်စားမှုတချို့ရှိကြောင်း သူတို့သိထားကြသည့်တိုင်အောင်ပင်။

…..

သွမ့်ဟူရေကန်…။

ရှေးဦးအပျက်အစီးကုန်းမြေထဲတွင် ယင်းကို မြင့်မြတ်ရေကန်ဟုလည်း လူသိကြသည်။

ရေကန်က အချင်းမိုင်သန်းကိုးဆယ် ကျယ်ပြောသည်။ ယင်းက ရှေးဦးအပျက်အစီးကုန်းမြေ၏ ပင်လယ်လေးစင်းကဲ့သို့ ကြီးမားသည်။

သွမ့်ဟူရေကန်က ရှေးဦးအပျက်အစီးကုန်းမြေထဲမှ သက်ရှိအားလုံးကို ပျိုးထောင်ပေးခဲ့သော မူလဇစ်မြစ်ဖြစ်သည်ဟုလည်း ဆိုကြသည်။

ရှေးဦးအပျက်အစီးကုန်းမြေထဲမှ ရှားပါးရတနာအများစုကို သွမ့်ဟူရေကန်ထဲမှာ မြင်တွေ့နိုင်သည်။

မိုးပြာရောင်နဂါးကလန်၊ ယွင်နဂါးကလန်၊ မီးနဂါးကလန်၊ ခွန်ပန်ကလန်နှင့် ရေဒြပ်စင်နတ်သားရဲမျိုးနွယ်စုများက သွမ့်ဟူရေကန်ထဲမှာ နေထိုင်ကြသည်။

ယခု သွမ့်ဟူရေကန်ထဲမှာ နတ်သားရဲများ မရှိကြတော့ချေ။

လွန်ခဲ့သော နှစ်တစ်ထောင်တွင် သွမ့်ဟူရေကန်က ရှေးဦးအပျက်အစီးကုန်းမြေ၏ နောက်ဆုံးခံတပ်ဖြစ်ခဲ့သည်။ မဟာတိုက်ပွဲအတွက် မရေမတွက်နိုင်သော နတ်သားရဲများက သွမ့်ဟူရေကန်မှာ စုဝေးခဲ့ကြသည်။

နောက်ဆုံးရလဒ်အနေဖြင့် နတ်သားရဲများက မိုးရေစက်များသဖွယ် ကျဆုံးသွားကြသည်။ ရှေးဦးအပျက်အစီးကုန်းမြေသည်လည်း ပြိုကွဲပျက်စီးသွားပြီး ကမ္ဘာဦးရှေးဟောင်းအပျက်အစီးနယ်မြေအဖြစ် ပြောင်းလဲသွားသည်။

ထို့ကြောင့် သွမ့်ဟူရေကန်က ကမ္ဘာဦးရှေးဟောင်းအပျက်အစီးနယ်မြေထဲတွင် နတ်ဘုရားသုသာန်ကုန်းမြေ ဖြစ်လာသည်။

ဤအခိုက်အတန့်မှာ သွမ့်ဟူရေကန်ဘေးတွင် ဟန်မူယဲ့က တိတ်ဆိတ်စွာ မတ်တတ်ရပ်နေသည်။

သူ့အနောက်တွင် မရေမတွက်နိုင်သော လူသားမျိုးနွယ်စစ်သည်တော်များက ညီညာစွာ စီတန်းရပ်နေကြသည်။

သူတို့ထဲမှ တချို့စစ်သည်တော်များက သံချပ်ကာကို ချွတ်၍ သွမ့်ဟူရေကန်ထဲသို့ ဆင်းသွားကြပြီး အဖြူရောင်အရိုးစုများကို ဆယ်ယူနေကြသည်။

ထိုအရိုးစုများကို ကမ်းစပ်ပေါ်တွင် နေရာချထား၍ စင်မြင့်တစ်ခုကို ဆောက်လုပ်ကြသည်။ စင်မြင့်က ပေတစ်ထောင်ရှည်လျားသည်။

ကျောက်စိမ်းအရိုးဖြူများက အလင်းရောင် ထွန်းလင်းလာသည့်အခါ ဘေးပတ်ဝန်းကျင်မှ မိုးမြေက တုန်ယင်သွားသည်။

“ မင်းတို့က ဒီနေရာမှာ စင်မြင့်ဆောက်လုပ်ကြပါ… ငါက ရေကန်ထဲ တစ်ချက်သွားကြည့်လိုက်ဦးမယ် ”

ဟန်မူယဲ့က ခေါင်းလှည့်လိုက်ပြီး ဘေးပတ်ဝန်းကျင်မှ စစ်သည်တော်များကို ကြည့်လိုက်သည်။ ထို့နောက် သူက တခြားစစ်သည်တော်များကို ဦးဆောင်၍ ရေကန်ထဲသို့ ဝင်ရောက်သွားသည်။

ရေကန်ထဲသို့ သူဝင်သွားသည်နှင့် ကွဲပြားခြားနားမှုကို ခံစားမိသွားသည်။

သွမ့်ဟူရေကန်ထဲမှ ရေက ဝိညာဉ်စွမ်းအားဖြင့် လှည့်ပတ်နေသည်။

ယင်းက လွန်ခဲ့သော နှစ်တစ်ထောင်တွင် ကျဆုံးသွားခဲ့ကြသော နတ်သားရဲများထံမှ ဝိညာဉ်စွမ်းအားဖြစ်သည်။ နှစ်ပေါင်းများစွာကြာပြီးနောက် ထိုဝိညာဉ်စွမ်းအားက ရေကန်ထဲမှာ ထူးဆန်းသော လောကတစ်ခုကို ဖွဲ့စည်းသွားသည်။

အရှေ့သို့ တစ်လှမ်းချင်း သူလျှောက်သွားနေစဉ် ဟန်မူယဲ့က မရေမတွက်နိုင်သော ကျောက်စိမ်းအရိုးဖြူများအောက်မှာ ပျံဝဲနေသော ဝိညာဉ်ပုံသဏ္ဍာန်အမျိုးမျိုးကို မြင်တွေ့သွားသည်။

ထိုဝိညာဉ်များသည် အသိစိတ်မရှိကြတော့ချေ။ ၎င်းတို့က ပင်ကိုယ်ဗီဇတုံ့ပြန်မှုကိုသာ အမှီပြု၍ လျှောက်သွားနေကြသည်။

ဟန်မူယဲ့ ရောက်လာသည့်အခါ ပျံဝဲနေကြသော ဝိညာဉ်များက သူ့ဆီသို့ လှည့်ကြည့်လိုက်ကြသည်။

“ ဝေါင်း ”

ပုံရိပ်တစ်ခုက ဟန်မူယဲ့ဆီသို့ ခုန်အုပ်လိုက်သည်။

၎င်းက ပေတစ်ထောင်ရှည်လျားသော ကျားဖြူဖြစ်ပြီး ရွှေရောင်အလင်းက ၎င်း၏ ခန္ဓာကိုယ်ပေါ်မှာ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသည်။

ကျားဖြူက ခုန်အုပ်လိုက်သော်လည်း ရေက လှိုင်းထမသွားပေ။ ၎င်းက ဟန်မူယဲ့၏ အရှေ့သို့ တိုက်ရိုက် ရောက်ရှိလာပြီး ၎င်း၏ လက်ဖဝါးဖြင့် ရိုက်ချလိုက်သည်။

“ ဗုန်း ”

ဝိညာဉ်စွမ်းအားက ဒလဟော ပေါ်လျှိုးလာပြီး ဟန်မူယဲ့၏ စိတ်နယ်ပယ်ထဲသို့ တိုက်ရိုက် တိုးဝင်သွားသည်။

ထိုဝိညာဉ်က ဟန်မူယဲ့၏ စိတ်နယ်ပယ်ထဲသို့ ဝင်ရောက်သွားသည်နှင့်ချက်ချင်း အေးခဲသွားသည်။

အဆုံးမဲ့သော မိုးမြေကြားတွင် စိတ်ဝိညာဉ်အလင်းက အဆုံးမဲ့စွာ လွင့်မျောနေပြီး ကမ္မအရှိန်အဝါကို ထုတ်လွှတ်နေသည်။

မိုးမြေကြားတွင် သုံးပေရှည်လျားသော ဓားသုံးလက်က တိတ်တဆိတ် မျောလွင့်နေကြသည်။

ဓားဝိညာဉ်… ။

ထိုဓားသုံးလက်က စိတ်နယ်ပယ်တစ်ခုလုံးကို ခိုင်မြဲစွာ ဖိနှိပ်ထားလေရာ မည်သည့်စွမ်းအားမှ မလှုပ်ရှားနိုင်ပေ။

“ ဝီး ”

ဝိညာဉ်အလင်းတန်းတစ်ခုက ဓားရှည်တစ်လက်ထံမှ ထွက်ပေါ်လာသည်။

ကျားဖြူနတ်သားရဲ၏ ဝိညာဉ်ပုံရိပ်က ချက်ချင်း ပြိုကွဲသွားသည်။

ဟန်မူယဲ့၏ စိတ်ထဲတွင် မြင်ကွင်းတချို့ ထွက်ပေါ်လာသည်။

ယင်းတို့က ကျားဖြူနတ်သားရဲ၏ မှတ်ဉာဏ်များဖြစ်ကြသည်။

၎င်းက လွန်ခဲ့သော နှစ်တစ်ထောင်တွင် ရှေးဦးအပျက်အစီးကုန်းမြေကို ကာကွယ်ပေးရန် အသက်စတေးခဲ့သော နတ်သားရဲတစ်ကောင်ဖြစ်သည်။

လွန်ခဲ့သော နှစ်တစ်ထောင်တွင် မိုးမြေထဲမှာ လွတ်လပ်သော စိတ်ခံစားမှုဖြင့် ပြည့်နှက်နေသည်။

နတ်သားရဲတစ်ကောင်က ကုန်းမြေထဲမှာ လွတ်လပ်စွာ ရှင်သန်နေထိုင်နေသည်။ တစ်ခါတစ်ရံ ၎င်းက တခြားနတ်သားရဲများနှင့် ပျော်ရွှင်စွာ ဆော့ကစားလေ့ရှိသည်။

…..

ထိုသို့လှပသော လောကကို ကာကွယ်ရန် မည်သို့ကြောင့် ၎င်းတို့က ဆန္ဒမရှိရမည်နည်း။

နတ်သားရဲအားလုံးနီးပါးက ထိုသို့တွေးခဲ့ကြသည်။

မူလစကြာဝဠာဆီသို့ ကျူးကျော်ဝင်လာသော ရန်သူများက ကမ္ဘာဦးအုပ်ချုပ်သူနတ်သားရဲတစ်ကောင်ကို တစ်ချက်တည်းဖြင့် ဆုတ်ဖြဲပစ်နိုင်သော်လည်း ထိုနတ်သားရဲများက ကြောက်ရွံ့မနေသလို တုံ့ဆိုင်းမနေကြပေ။

မရေမတွက်နိုင်သော နတ်သားရဲများက တစ်ကောင်ပြီးတစ်ကောင် အရှေ့သို့ ချီတတ်သွားကြပြီး ထိုကျူးကျော်သူများကို တိုက်ခိုက်ခဲ့ကြသည်။

မူလစကြာဝဠာဆီသို့ ကျူးကျော်ဝင်လာခဲ့ကြသော ထိုလူများက မည်သို့ပုံသဏ္ဍာန်ရှိကြောင်း နောက်ဆုံးမှာ ဟန်မူယဲ့ မြင်သွားသည်။

ထိုလူများက အတိတ်မှာ သူတွေးခဲ့ဖူးသော အသူရာကောင်းကင်ဘုံမှ လူများ မဟုတ်ကြချေ။ သို့သော်လည်း အနည်းဆုံးတော့ သူ၏ အတွေးက အပြည့်အဝ မမှားခဲ့ပေ။

ထိုကျူးကျော်သူများက ပေတစ်သောင်းရှည်လျားသော ဘီလူးများ၊ အတောင်ပံပါသော လူသားများနှင့် အသူရာကောင်းကင်ဘုံမှ ကျင့်ကြံသူများ ဖြစ်ကြသည်။

တစ်နည်းဆိုရသော် ယင်းက စုပေါင်းကျူးကျော်မှု ဖြစ်သည်။

သူတို့ထဲမှာ အစွမ်းထက်ဆုံးက ပေတစ်သောင်းရှည်လျားသော ဘီလူးများ ဖြစ်ကြသည်။ ၎င်းတို့က လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရုံဖြင့် နတ်သားရဲတစ်ကောင်၏ ခန္ဓာကိုယ်ကို အပိုင်းပိုင်းအစစ ဆုတ်ဖြဲပစ်နိုင်ကြသည်။

All Chapters