← Chapters

အခန်း (၁၅၅၂)

Vol. 111 Ch. 1552

အခန်း (၁၅၅၂)

Vol. 111 Ch. 1552

“ ဘာပဲဖြစ်ဖြစ် မင်းက ပါရမီရှင်တစ်ယောက်ပဲ… မင်းဆီမှာ ဝှက်ဖဲတချို့ ချန်ထားတာက ဖြစ်သင့်ပါတယ် ”

“ ဒါပေမဲ့ မင်းကို မရုန်းကန်ဖို့ ငါအကြံပေးချင်တယ်… မင်းရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ်ကို ဒီအင်မော်တယ်ဘုရင် ဝါးမျိုမှာကို အသာတကြည် ခွင့်ပြုလိုက်ပါ… မင်းကို မဟာပန်သွန်ဘုံဆီ ငါခေါ်သွားပေးမယ်… အဲ့ဒါက ထိပ်တန်းဘုံတစ်ခုပဲ… မဟာပန်သွန်ဘုံက ဒီရှေးဦးအပျက်အစီးကုန်းမြေထက် အဆပေါင်းအများကြီး ပိုသန်မာတယ် ”

ခုနစ်ရောင်ခြယ်အလင်းက ဓားဝိညာဉ်များကို ထိုးဖောက်သွားသည့်အခါ ဓားသုံးလက်က စတင်ပြိုကွဲသွားသည်။ ဤသည်မှာ ယင်းတို့က ဖြည်းဖြည်းချင်း အရည်ပျော်သွားနေသည့်အလားပင်။

ထိုအခိုက်အတန့်မှာ ဟန်မူယဲ့က ခြေတစ်လှမ်းဖြင့် မိုင်တစ်ထောင်အကွာအဝေးကို ဖြတ်ကျော်သွားပြီး ဘီလူး၏ အရှေ့သို့ ရောက်ရှိသွားသည်။

ဘီလူးက ဖြည်းညင်းစွာ မတ်တတ်ထထိုင်လိုက်ပြီး ဟန်မူယဲ့ကို ငုံ့ကြည့်လိုက်သည်။

“ သေးငယ်တဲ့ ပုရွက်ဆိတ်ကများ ဒီအင်မော်တယ်ဘုရင်ကို ဉာဏ်များချင်နေတယ် ”

ကျယ်လောင်သော အော်သံက မိုးခြိမ်းသံပမာ ပဲ့တင်ထပ်သွားသည်။

ဘီလူးက သူ၏ လက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်ပြီး ဟန်မူယဲ့ကို ဖိချရန် ပြင်လိုက်သည်။

ဘီလူးက နှစ်ပေါင်းများစွာ အိပ်မောကျနေခဲ့ပြီး အပြည့်အဝ ပြန်မနိုးလာသေးပေ။ ထို့ပြင် ဘီလူး၏ ဝိညာဉ်က ဟန်မူယဲ့၏ စိတ်နယ်ပယ်ထဲသို့ ဝင်ရောက်သွားခဲ့ပြီးပြီ ဖြစ်၏။ သို့တိုင် သူ့ဆီမှာ ပင်ကိုယ်ဗီဇတုံ့ပြန်မှု ကျန်ရှိနေဆဲပင်။

ဟန်မူယဲ့သည်လည်း သူ၏ လက်ကို မြှောက်တင်လိုက်သည်။

သူ၏ လက်ဖဝါးပေါ်တွင် ကြေးနီမီးပြင်းဖိုတစ်လုံး ထွက်ပေါ်လာသည်။

ခရမ်းနေမင်းမီးပြင်းဖို… ။

“ ဝှီး ”

ခရမ်းနေမင်းမီးပြင်းဖိုက တုန်ယင်သွားပြီး အရွယ်အစား ကြီးမားလာသည်။ မျက်စိတစ်မှိတ်အတွင်းမှာ မီးပြင်းဖိုက မိုးမြေကို ဖုံးလွှမ်းသွားပြီး ဘီလူး၏ ခန္ဓာကိုယ်ကိုသာမက ဘေးပတ်ဝန်းကျင်မှ ရေကိုလည်း တိုက်ရိုက် ဝါးမျိုလိုက်သည်။

ဘီလူး၏ ခန္ဓာကိုယ်က ခရမ်းနေမင်းမီးပြင်းဖိုထဲသို့ ဆွဲသွင်းခံလိုက်ရသောအခါ အစောနက သူအိပ်စက်နေခဲ့သော နေရာတွင် ဝဲကတော့တစ်ခု ချက်ချင်း ထွက်ပေါ်လာသည်။

ဝဲကတော့၏ အောက်ဘက်တွင် အက်ကွဲနေသော ကျောက်စိမ်းယဇ်ပလ္လင်တစ်ခု ရှိသည်။

ထိုယဇ်ပလ္လင်က ပေတစ်ထောင်ကျယ်ပြောပြီး ယဇ်ပလ္လင်တစ်ခုလုံးကို အက်ကွဲနေသော သားရဲအရိုးများဖြင့် ဖုံးအုပ်ထားသည်။

“ မိုးပြာရောင်နဂါး ”

“ ရွှေရောင်ဖီးနစ် ”

“ ဇာမဏီငှက် ”

“ ရွှမ်ဝူလိပ် ”

ဟန်မူယဲ့က ထိုအရိုးစုများကို မှတ်မိသည်။ ၎င်းတို့က ရှေးဦးအပျက်အစီးကုန်းမြေ၏ အထွတ်အမြတ် ကမ္ဘာဦးအုပ်ချုပ်သူများ ဖြစ်ကြသည်။

၎င်းတို့က ရှေးဦးအပျက်အစီးကုန်းမြေ၏ သာမန်အုပ်ချုပ်သူများ မဟုတ်ကြချေ။ ၎င်းတို့က ရှေးဦးအပျက်အစီးကုန်းမြေ၏ အသန်မာဆုံး သွေးမျိုးဆက်များကို ပိုင်ဆိုင်ထားကြသော မူလအုပ်ချုပ်သူများ ဖြစ်ကြသည်။

၎င်းတို့က ရှေးဦးအပျက်အစီးကုန်းမြေတစ်ခုလုံးကို အမိန့်ပေးနိုင်စွမ်းရှိကြသည်။

၎င်းတို့ထဲမှ မည်သူမဆို နဂါးမီကျောင်းကဲ့သို့ ကမ္ဘာဦးအုပ်ချုပ်သူတစ်ပါးကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်ကြသည်။

ဟန်မူယဲ့၏ အကြည့်က ယဇ်ပလ္လင်ပေါ်သို့ ကျရောက်သွားသည်။

ယဇ်ပလ္လင်ပေါ်မှာ နက်နဲရှုပ်ထွေးသော မှော်သင်္ကေတများကို ရေးထွင်းထားသည်။

ထိုအချိန်မှာ သူ၏ စိတ်နယ်ပယ်ထဲမှ ခုနစ်ရောင်ခြယ်အလင်းက နတ်ဝိညာဉ်ဓားသုံးလက်ကို ဖျက်ဆီးပစ်လိုက်ပြီ ဖြစ်၏။

အကယ်၍ သူသာ အမြန်မလှုပ်ရှားလျှင် သူ၏ ဝိညာဉ်က ထိုဘီလူး၏ သန့်စင်ခံရလိမ့်မည်။

“ ဝီး ”

မီးပြင်းဖိုထဲမှ စူးရှသောမြည်သံ ထွက်ပေါ်လာသည်။

“ မင်းက ဒီအင်မော်တယ်ဘုရင်မသိအောင် နည်းလမ်းတချို့ကို ဖုံးကွယ်ထားနိုင်တယ်လား ”

“ မင်းဆီမှာ အံ့ဩစရာတွေ အများကြီးရှိတာပဲ ”

ခုနစ်ရောင်ခြယ်နတ်ဘုရားအလင်းက အပြင်းအထန် တုန်ယင်သွားပြီး ဟန်မူယဲ့၏ စိတ်နယ်ပယ်ကို အပြည့်အဝ ထိန်းချုပ်ရန် အားစိုက်ထုတ်လိုက်သည်။

ဟန်မူယဲ့က အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ၏ လုပ်နိုင်စွမ်းကို နောက်ထပ် မဖုံးကွယ်တော့ပေ။ သူက လက်မြှောက်လိုက်ပြီး သူ့အရှေ့မှ မီးပြင်းဖိုပေါ်သို့ ရိုက်ချလိုက်သည်။

မီးပြင်းဖိုတစ်ခုလုံး တုန်ယင်သွားသည့်အခါ ပမာဏများပြားသော ရွှေကျီးကန်းနတ်ဘုရားမီးတောက်များက တစ်ဟုန်ထိုး ထွက်ပေါ်လာကြသည်။

မီးတောက်များက အပြန်အလှန် ယှက်ထွေသွားကြပြီး ဘီလူး၏ ခန္ဓာကိုယ်ကို ချုပ်နှောင်လိုက်ကြသည်။

ဤအခိုက်အတန့်မှာ ဘီလူး၏ ခန္ဓာကိုယ်ကို မီးတောက်များက ချုပ်နှောင်လိုက်သည့်အခါ ဟန်မူယဲ့၏ စိတ်နယ်ပယ်ထဲမှ ခုနစ်ရောင်ခြယ်အလင်းက တုန်ယင်သွားပြီး ပျောက်ကွယ်လုနီးပါး မှေးမှိန်သွားသည်။

“ မင်းက ဘယ်လိုတောင် အတင့်ရဲလို့ ငါ့ရဲ့ မူလခန္ဓာကိုယ်ကို သန့်စင်ရဲတာလဲ ”

ဒေါသတကြီး ဟိန်းသံက ခုနစ်ရောင်ခြယ်အလင်းထဲမှ ထွက်ပေါ်လာသည်။ ထို့နောက် ကြယ်ပင်လယ်တစ်စင်းက ခုနစ်ရောင်ခြယ်အလင်းထဲမှ ထွက်ပေါ်လာပြီး ရူးသွပ်စွာ လှည့်ပတ်သွားသည်။ ကြယ်ပင်လယ်၏ အရူးအမူး လှည့်ပတ်မှုက ဝိညာဉ်ဝါးမျိုသည့် အမြန်နှုန်းကို တိုးမြှင့်ပေးလိုက်သည်။

ဟန်မူယဲ့၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် သွေးချီအရှိန်အဝါက ပေါ်လျှိုးလာသည်။ သူ၏ မျက်လုံးထဲမှာ တိုက်ပွဲစိတ်ဆန္ဒအရိပ်အယောင် ထွက်ပေါ်လာသည်။

“ ကောင်းတယ်… ဘယ်သူက ပိုမြန်မလဲ ကြည့်ကြည့်ရအောင် ”

သူက လက်ဟန်သင်္ကေတတချို့ကို ဖွဲ့စည်းလိုက်သည်။ ထိုအခါ ခရမ်းနေမင်းမီးပြင်းဖိုထဲမှ ရွှေကျီးကန်းနတ်ဘုရားမီးတောက်အားလုံးက အသက်ဝင်လာကြသည်။

မီးတောက်မူလစွမ်းအားက ခရမ်းနေမင်းမီးပြင်းဖိုထဲသို့ ဝင်ရောက်သွားသည့်အခါ ဘီလူး၏ ခန္ဓာကိုယ်ကို ချုပ်နှောင်ထားသော နတ်ဘုရားမီးတောက်များက ၎င်း၏ ခန္ဓာကိုယ်အတွင်းထဲထိ ထိုးဖောက်သွားကြသည်။

လက်နက်သန့်စင်ခြင်း… ။

သူက ဘီလူး၏ ခန္ဓာကိုယ်ကို လက်နက်တစ်ခုဟု သဘောထား၍ သန့်စင်နေသည်။

ကြယ်စင်စုစကြာဝဠာတွင် အန္တိမလက်နက်သန့်စင်ခြင်းနည်းလမ်းက ခန္ဓာကိုယ်ကို တိုက်ပွဲရုပ်သေးရုပ်ဖြင့် အစားထိုးခြင်း မဟုတ်ပါလော။

ယင်းက ဤအခိုက်အတန့်မှာ ဘီလူး၏ ခန္ဓာကိုယ်ကို သန့်စင်နေသော ဟန်မူယဲ့၏ လုပ်ဆောင်မှုနှင့် အနည်းငယ် တူညီပေသည်။

ဘီလူး၏ ဧရာမခန္ဓာကိုယ်ပေါ်တွင် အဆုံးမဲ့သော နတ်ဘုရားအလင်းက ပေါ်လျှိုးလာသည်။ ထို့ပြင် မရေမတွက်နိုင်သော ရွှေရောင်နတ်ဘုရားအင်းသင်္ကေတများက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာကြသည်။

မဟာပန်သွန်ဘုံက ဘယ်လောက် သန်မာလိုက်လဲ… ။

ထိုဘီလူးက နတ်ဘုရားအင်းသင်္ကေတများကို သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ရေးထွင်းထားသည်အထိ အလွန်သန်မာသည်။

သူက ကမ္ဘာဦးနတ်သားရဲများနှင့် ကမ္ဘာဦးအုပ်ချုပ်သူများကို လက်ဗလာဖြင့် ဆုတ်ဖြဲပစ်နိုင်ခြင်းက မထူးဆန်းတော့ပေ။

ဟန်မူယဲ့က သူ၏ လက်ဖဝါးကို ဖွင့်လိုက်ပြီး ခရမ်းနေမင်းမီးပြင်းဖိုပေါ်သို့ ဖိချလိုက်သည်။

“ ဘန်း ”

ခရမ်းနေမင်းမီးပြင်းဖိုမှတဆင့် ဘီလူး၏ ခန္ဓာကိုယ်ထဲမှ လျှို့ဝှက်ချက်အားလုံးက ထုတ်ဖော်ခံလိုက်ရသည်။ တစ်ချိန်တည်းမှာ ဘီလူး၏ မှတ်ဉာဏ်များက ဟန်မူယဲ့၏ အသိစိတ်ထဲသို့ ဒီရေသဖွယ် တိုးဝင်လာသည်။

လျှပ်တစ်ပြက်အတွင်းမှာ သွေးက ဟန်မူယဲ့၏ ဒွါရခုနစ်ပေါက်မှ စီးကျလာသည်။ သူ၏ မျက်လုံးသည်လည်း သွေးရောင်လွှမ်းသွားသည်။

သူ၏ စိတ်နယ်ပယ်ထဲမှ ခုနစ်ရောင်ခြယ်အလင်းက တုန်ယင်သွားပြီး တိုက်ရိုက် ပြိုကွဲသွားသည်။

“ မင်း… မင်းက ငါ့ရဲ့ မှတ်ဉာဏ်တွေကို မြင်နိုင်တယ်လား ”

“ မင်းဘယ်လိုလုပ်လိုက်တာလဲ ”

“ အစောနက မင်းရဲ့ ဝိညာဉ်ထဲမှာ လက်နက်သန့်စင်ခြင်းပညာကို ဘာလို့ ငါမမြင်ခဲ့တာလဲ ”

ခုနစ်ရောင်ခြယ်အလင်းက တုန်ယင်သွားပြီး နာကျင်စွာ အော်ဟစ်ညည်းညူလိုက်သည်။

သူက ဟန်မူယဲ့၏ မှတ်ဉာဏ်အားလုံးကို မြင်ခဲ့ပြီး ဟန်မူယဲ့၏ ဝိညာဉ်ကို လွယ်ကူစွာ ဝါးမျိုနိုင်လိမ့်မည်ဟု တွေးထင်ခဲ့သည်။ အခြေအနေအားလုံးက သူ၏ လက်ခုပ်ထဲမှာရှိသည်ဟု သူယုံကြည်ခဲ့သည်။

သို့သော်လည်း ဟန်မူယဲ့၏ ဝိညာဉ်ထဲမှာ တစ်ဖက်လူ ခွင့်ပြုထားသော အရာကိုသာ သူမြင်နိုင်ကြောင်း ထိုဘီလူး မသိခဲ့ပေ။ ယင်းက မယုံကြည်နိုင်စရာကောင်း၏။

ထိုလူက မည်သို့ကြောင့် ထိုသို့လုပ်ဆောင်နိုင်ရသနည်း။

အဲ့ဒါ ဘယ်လိုနည်းစနစ်လဲ… ။

ထိုအခိုက်အတန့်မှာ ဟန်မူယဲ့က အံကြိတ်လိုက်သည်။ မှတ်ဉာဏ်ရေလှိုင်းများက သူ၏ စိတ်ထဲမှာ ပရမ်းပတာ လှုပ်ခတ်နေသည်။

“ မဟာပန်သွန်ဘုံ… သန်စွမ်းတဲ့ ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်းနဲ့ ဓားတာအိုကို အခြေခံတယ် ”

“ မရေမတွက်နိုင်တဲ့ ဘုံတွေဆီ ကျူးကျော်ဝင်ရောက်ကြတယ်… တခြားဘုံတွေဆီ ဝင်ရောက်တဲ့အခါ သူတို့က ဧရာမဘီလူးတွေအဖြစ် တိုက်ရိုက် အသွင်ပြောင်းလဲနိုင်ကြတယ် ”

“ မူလစွမ်းအားကို သယ်ယူပို့ဆောင်တယ်… ဘုံတွေမှာ ကျူးကျော်နေထိုင်တယ်… ဘုံတွေကို ဝါးမျိုတယ် ”

“ မဟာပန်သွန်ဘုံထဲမှာ တိုက်ပွဲအကျိုးပြုမှုအမှတ်ကို မူလစွမ်းအားနဲ့ တိုင်းတာတယ် ”

…..

မရေမတွက်နိုင်သော မှတ်ဉာဏ်များထဲတွင် ဟန်မူယဲ့က သူ၏ စိတ်ကူးယဉ်နိုင်စွမ်းထက် ကျော်လွန်နေသော ဘုံတစ်ခုကို မြင်တွေ့သွားသည်။

ထိုဘုံ၏ မူလစွမ်းအားက အလွန်သိပ်သည်းလေရာ ၎င်းက မရေမတွက်နိုင်သော မိုးမြေဘုံများကို တိုက်ရိုက် ချေမှုန်းပစ်နိုင်သည်။

မပျက်စီးနိုင်သော ကမ္ဘာဦးဘုံသည်ပင် မဟာပန်သွန်ဘုံ၏ အရှေ့မှာ ဦးညွတ်ရလိမ့်မည်။

မဟာပန်သွန်ဘုံမှ ကျင့်ကြံသူများ အပြင်သို့ ထွက်လာသည့်အခါ ဘုံ၏ ဖိနှိပ်မှုစွမ်းအားက တစ်ဟုန်ထိုး မြင့်တတ်သွားလိမ့်မည်။ ယင်းက သူတို့ကို တခြားဘုံများဆီသို့ ကျူးကျော်ဝင်ရောက်နိုင်စေမည်။

ဆန့်ကျင်ဘက်အနေဖြင့် တခြားဘုံများမှ ကျင့်ကြံသူများက မဟာပန်သွန်ဘုံဆီသို့ မဝင်ရောက်နိုင်ကြချေ။ အဘယ့်ကြောင့်ဆိုသော် သူတို့၏ ကျင့်ကြံခြင်းစွမ်းအားနှင့် ရုပ်ခန္ဓာကိုယ်က မဟာပန်သွန်ဘုံ၏ ဖိနှိပ်မှုကို မခုခံနိုင်သောကြောင့် ဖြစ်သည်။

မဟာပန်သွန်ဘုံသို့ ဝင်ရောက်လိုက်သည်နှင့် သူတို့၏ ခန္ဓာကိုယ်က ပြိုကွဲသွားလိမ့်မည်။

အသူရာကောင်းကင်ဘုံ၏ အထက်ဘုံက မဟာပန်သွန်ဘုံဖြစ်သည်။

အောက်ဘက်မှ ယဇ်ပလ္လင်က ဘုံအမှတ်အသားဖြစ်သည်။

ထိုဘုံအမှတ်အသားကို မဟာပန်သွန်ဘုံမှ ရောက်လာသော အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးက ချန်ထားခဲ့ခြင်း ဖြစ်သည်။ ထိုအစွမ်းထက်ပုဂ္ဂိုလ်က ကမ္ဘာဦးလောက၏ မူလစွမ်းအားကို ဝါးမျိုရန် ရောက်လာခဲ့ခြင်း ဖြစ်သည်။

ထိုယဇ်ပလ္လင်ကို ချိပ်ပိတ်ရန်အလို့ငှာ ရှေးခေတ်မှ မရေမတွက်နိုင်သော အုပ်ချုပ်သူနတ်သားရဲများက အသက်စတေးခဲ့ကြသည်။

သို့တိုင် ၎င်းတို့၏ စွမ်းအားက ထိုယဇ်ပလ္လင်ကို ဖျက်ဆီးပစ်ရန် မလုံလောက်ခဲ့ပေ။

နောက်ဆုံးမှာတော့ မဟာပန်သွန်ဘုံက ကမ္ဘာဦးလောက၏ မူလစွမ်းအားအများကြီးကို ဝါးမျိုနိုင်သွားခဲ့သည်။ ထို့ကြောင့် ကမ္ဘာဦးလောကက ပြိုကွဲပျက်စီးသွားခဲ့သည်။

ယင်းက ကမ္ဘာဦးလောက ပြိုကွဲပျက်စီးသွားခဲ့သည့် အဓိကအကြောင်းအရင်း ဖြစ်သည်။

ကမ္ဘာဦးလောကထဲမှ အစွမ်းထက်ပုဂ္ဂိုလ်အများကြီးက တိုက်ပွဲမှာ သေဆုံးသွားခဲ့ကြလေရာ ကမ္ဘာဦးလောကက အပျက်အစီးနယ်မြေများအဖြစ် ပြောင်းလဲသွားသည်။

“ မဟာပန်သွန်ဘုံ… သန်စွမ်းတဲ့ ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်းနဲ့ ဓားတာအိုကို အခြေခံတယ် ”

ဟန်မူယဲ့က အံကြိတ်လိုက်ပြီး ရေရွတ်လိုက်သည့်အခါ သွေးက သူ၏ ပါးစပ်ထဲမှ စီးကျလာသည်။

အလွန်အားကောင်းသော သွေးချီစွမ်းအားက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

နတ်ဘုရားအင်းသင်္ကေတများက သူ၏ ရုပ်ခန္ဓာကိုယ်ပေါ်မှာ ပျံ့နှံ့သွားကြသည်။

“ ဘယ်… ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ… မင်းက ငါ့ရဲ့ ပန်သွန်ဘုံက ခန္ဓာကိုယ်ကျင့်ကြံခြင်းနည်းစနစ်ကို ဘယ်လိုတတ်မြောက်သွားတာလဲ ”

“ မင်းဘယ်လိုလုပ်လိုက်တာလဲ ”

မယုံကြည်နိုင်သော အော်သံက စိတ်နယ်ပယ်ထဲမှ ထွက်ပေါ်လာသည်။

ဟန်မူယဲ့၏ ဝိညာဉ်ကို အမြန်ဝါးမျိုရန် ကြိုးစားနေသော ခုနစ်ရောင်ခြယ်အလင်းက ရုတ်တရက် ရပ်တန့်သွားသည်။

“ ဝီး ”

ဟန်မူယဲ့၏ ဘေးပတ်ဝန်းကျင်တွင် ပိုမိုများပြားသော နတ်ဘုရားအင်းသင်္ကေတများ ထွက်ပေါ်လာကြသည်။ တစ်ချိန်တည်းမှာ သူ၏ ခန္ဓာကိုယ်ထဲတွင် သွေးအနှစ်သာရက အကြမ်းပတမ်း စတင်လှည့်ပတ်သွားသည်။

ယခင်က သူမချေဖျက်နိုင်ခဲ့သော နဂါးမီကျောင်းစွမ်းအားက ယခု တိုက်ရိုက် ပြိုကွဲသွားပြီး ဟန်မူယဲ့၏ သွေးချီစွမ်းအားအဖြစ် ပြောင်းလဲသွားသည်။

ထိုမျှသာ မဟုတ်ပေ။ သူ၏ ဘေးပတ်ဝန်းကျင်မှ လေဟာနယ်ထဲတွင် မူလစွမ်းအားက တိုက်ရိုက် စုဝေးခံလိုက်ရပြီး သန့်စင်ခံလိုက်ရသည်။

ရွှေရောင်ဝဲကတော့များက ထွက်ပေါ်လာကြသည်။ ထိုဝဲကတော့များ၏ စုပ်ယူမှုအောက်မှာ နတ်သားရဲအရိုးစုများက ပျက်စီးအက်ကွဲသွားကြပြီး မူလစွမ်းအားအဖြစ် ပြောင်းလဲသွားကာ ဟန်မူယဲ့၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားသည်။

ထိုစွမ်းအားက အလွန်အားကောင်းလေရာ အချင်းမိုင်သန်းကိုးဆယ် ကျယ်ပြောသော သွမ့်ဟူရေကန်တစ်ခုလုံးက လှိုင်းထသွားသည်။

ဟန်မူယဲ့၏ ခန္ဓာကိုယ်ပေါ်တွင် မရေမတွက်နိုင်သော နတ်ဘုရားအင်းသင်္ကေတများက စတင်ပျံ့နှံ့သွားကြသည်။

ယင်းတို့က မိုးပြာရောင်နဂါးကလန်၏ နတ်ဘုရားအင်းသင်္ကေတများ၊ ဖီးနစ်ကလန်၏ နတ်ဘုရားအင်းသင်္ကေတများ၊ ကျားဖြူကလန်၏ နတ်ဘုရားအင်းသင်္ကေတများ၊ ဇာမနီငှက်ကလန်၏ နတ်ဘုရားအင်းသင်္ကေတများနှင့် ရွှမ်ဝူလိပ်ကလန်၏ နတ်ဘုရားအင်းသင်္ကေတများ ဖြစ်ကြသည်။

ရှေးခေတ်မှ ကမ္ဘာဦးနတ်သားရဲများ၏ မူလစွမ်းအားများက ဟန်မူယဲ့၏ ခန္ဓာကိုယ်ပေါ်မှာ စုဝေးသွားကြသည်။

ထို့ပြင် ဝိညာဉ်စွမ်းအားစီးကြောင်းများက သူ၏ ခန္ဓာကိုယ်ထဲသို့ ဒလဟော တိုးဝင်လာကြသည်။ ထို့နောက် ဝိညာဉ်စွမ်းအားက သူ၏ စိတ်နယ်ပယ်ထဲသို့ ဝင်ရောက်သွားသည်။

“ ဟား ဟား… ကောင်လေး… မင်းက သတ္တိရှိသားပဲ… မဟာပန်သွန်ဘုံက အစွမ်းထက်ပုဂ္ဂိုလ်ကိုတောင် ဝါးမျိုရဲတယ် ”

မိုးပြာရောင်နဂါးပုံရိပ်တစ်ခုက ဟန်မူယဲ့၏ စိတ်နယ်ပယ်ထဲမှာ ထွက်ပေါ်လာပြီး ကျယ်လောင်စွာ အော်ရယ်လိုက်သည်။

ထို့နောက် မိုးပြာရောင်နဂါးက ခေါင်းခါလိုက်ပြီး ၎င်း၏ အမြှီးရှည်ကို ဝှေ့ယမ်းလိုက်ကာ ခုနစ်ရောင်ခြယ်အလင်းကို ရိုက်ချလိုက်သည်။

သို့သော်လည်း ၎င်း၏ ခန္ဓာကိုယ်က ခုနစ်ရောင်ခြယ်အလင်းကဲ့သို့ မသန်မာသောကြောင့် ရိုက်ချပြီးသည်နှင့်ချက်ချင်း ၎င်း၏ ပုံရိပ်က အက်ကွဲသွားသည်။

အခြားတစ်ဖက်တွင် ရွှေရောင်ဖီးနစ်၊ ကျားဖြူနှင့် တခြားအုပ်ချုပ်သူနတ်သားရဲများက ဟန်မူယဲ့၏ စိတ်နယ်ပယ်ထဲမှာ ထွက်ပေါ်လာကြသည်။ ၎င်းတို့က ထွက်ပေါ်လာသည်နှင့်ချက်ချင်း ခုနစ်ရောင်ခြယ်အလင်းကို စုပေါင်းတိုက်ခိုက်လိုက်ကြသည်။

ခုနစ်ရောင်ခြယ်အလင်းက လှုပ်ခါသွားပြီး ထိုဝိညာဉ်အားလုံးကို ဖျက်ဆီးပစ်လိုက်သည်။

စိတ်နယ်ပယ်က အနည်းငယ် တုန်ယင်သွားသည်။ ထို့နောက် ရွှေရောင်အလင်းက ပေါ်လျှိုးလာပြီး ထိုဝိညာဉ်များ၏ ပုံရိပ်ကို ပြန်ဖွဲ့စည်းပေးလိုက်သည်။

ဤနေရာက ဟန်မူယဲ့၏ စိတ်နယ်ပယ်ဖြစ်လေရာ သူ့ဆီမှာ ထိုဝိညာဉ်များကို ပြန်ဖွဲ့စည်းပေးနိုင်သော စွမ်းရည်ရှိသည်။

“ မဆိုးဘူး ကောင်လေး… မင်းမှာ အစွမ်းအစတချို့ ရှိသားပဲ ”

“ ဒီနေ့ ငါဘုရင်က အဲ့ဒီကျူးကျော်သူကို သတ်ဖို့ မင်းကို ကူညီပေးမယ် ”

ဧရာမရွှမ်ဝူလိပ်က ၎င်း၏ ခေါင်းနှင့် အမြှီးကို လှုပ်ယမ်းလိုက်ပြီး ခုနစ်ရောင်ခြယ်အလင်းဆီသို့ တန်းမတ်စွာ ပြေးသွားသည်။

တခြားအုပ်ချုပ်သူနတ်သားရဲများသည်လည်း ခန္ဓာကိုယ်ဖွဲ့စည်းပြီးသည်နှင့်ချက်ချင်း ခုနစ်ရောင်ခြယ်အလင်းဆီသို့ ပြေးသွားကြသည်။

All Chapters