အံ့ဖွယ် အဓမ္မလုယူခြင်း နည်းစနစ်ကို အောင်မြင်စွာ ဆည်းပူးနိုင်ခြင်း
Vol. 36 Ch. 499
ရွှေရောင် လှိုင်းငယ်လေးများက တဟုန်ထိုးတိုးပွားစ ပြုလာပြီး မျက်လုံးတစ်ထောင်နတ်ဆိုးနဂါးအား ချက်ချင်းပင် ဝါးမျိုပစ်လိုက်လေ၏။
ဤစွမ်းအင်မှာ မျက်လုံးတစ်ထောင် နတ်ဆိုးနဂါးအတွက် အလွန်ပင် ရင်းနှီးနေသော်လည်း လှိုင်းလေးများက ရွှေရောင် ဖြစ်နေသည်မို့ အနည်းငယ် ကွဲပြားနေသည်ကို တွေ့လိုက်ရ၏။
ထို့နောက် ထိုသည်က တစ်ခုခု ဆုံးရှုံးသွားသည်ကို ရုတ်တရက် ခံစားလိုက်ရ၏...။
အံ့ဩထိတ်လန့်သော အမူအရာတစ်ခုက ထိုအရာ၏ မျက်နှာပေါ်တွင် ပထမဆုံးအကြိမ်ပေါ်လာပြီး အော်ဟစ်ကာ နောက်ဆုတ်သွားတော့၏။
အန်လင်းမှာ သူ့၏ အံ့ဖွယ်အဓမ္မလုယူခြင်း နည်းစနစ်ကို သုံးကာ မျက်လုံးတစ်ထောင်နတ်ဆိုး၏ ထုတ်လုပ်ခြင်းနှင့် အသစ်ပြန်ထွက်ခြင်း စွမ်းရည်ကို ချိတ်ပိတ်လိုက်၏။
သူက မိစ္ဆာရှင်းဓားကို ထပ်မံ ဆွဲထုတ်လိုက်ပြီး နတ်ဆိုးအပြုံးတစ်ခုက သူ့မျက်နှာထက်တွင် ကျယ်ပြန့်လာ၏။ "ကဲအဲဒါဆို... မင်းက နောက်ထပ် နှစ်ပိုင်းခွဲနိုင်သေးလား ကြည့်ကြတာပေါ့...။"
လေတောင်ပံ....။
ဝါယောဓား...။
မန္တန်နည်းစနစ် နှစ်ခုပေါင်းခြင်း၏ အောက်တွင် အန်လင်း၏ အရှိန်မှာ သိသိသာသာ တိုးလာပြီး သူက မျက်လုံးတစ်ထောင် နတ်ဆိုးနဂါးအား မျက်တောင်တစ်ခတ်အတွင်းမှာပင် လိုက်ဖမ်းလိုက်လေ၏။
"ဒါပဲရမယ် ရွံစရာ သားရဲကောင်..."
အန်လင်းက သူ့၏ မိစ္ဆာရှင်းဓားကို လေထဲသို့ မြှောက်လိုက်ပြီး ဓားသွားတစ်လျှောက်တွင် လေများ တိုက်ခတ်နေပြီး မျက်လုံးတစ်ထောင်နတ်ဆိုးနဂါးဆီသို့ အလွန်ထက်လှစွာ ခုတ်ပိုင်းပစ်လိုက်၏။
RIP
မျက်လုံးတစ်ထောင်နတ်ဆိုးနဂါးက နှစ်ပိုင်း ပြတ်သွားပြီး ထိုခန္ဓာကိုယ်နှစ်ပိုင်းလုံးက မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားလေ၏။
ထိုအရာ၏ ခန္ဓာကိုယ်မှ သွေးတော့ ထွက်မလာပါပေ။ ထိုသည်က ဆန်လုံးကြီးတစ်ခုကို လှီးလိုက်ရသကဲ့သို့ပင်။
နဂါး၏ ခန္ဓာကိုယ် နှစ်ပိုင်းက ပြန်လည် အသစ်ဖြစ်ရန် ကြိုးစားသော်လည်း မည်မျှ ကြိုးစားကြိုးစား အင်္ဂါအသစ်များ ဖြစ်မလာတော့ပါပေ။
မျက်လုံးတစ်ထောင်နတ်ဆိုးနဂါးက အန်လင်းကို အံ့ဩ မယုံကြည့်နိုင်စွာ ကြည့်လိုက်လေ၏။
အဓမ္မလုယူခြင်း၏ စွမ်းအင်မှာ သူ့ကိုယ်တိုင်အတွက် ထူးခြားလွန်းသည့် အခြေခံ စွမ်းအင်တစ်ခုဖြစ်၏။ ဤအမျိုးသားက ထိုသည်ကို ချိတ်ပိတ်နိုင်ကာ ခိုးယူအသုံးပြုနိုင်လောက်သည်အထိ မည်သည့် မကောင်းဆိုးဝါ ဖြစ်ပါသနည်း။
အန်လင်းက လှောင်ပြုံးတစ်ခုဖြင့် မျက်လုံးတစ်ထောင်နတ်ဆိုးဆီသို့ လျှောက်သွားလိုက်ပြီး ရုတ်တရက် သူ့၏ အံ့ဖွယ်မီးတောက်လေးခုကို ထုတ်လွှတ်ကာ ထိုအရာ၏ ခန္ဓာကိုယ်အား လောင်းကျွမ်းစေလိုက်သည်။
မျက်လုံးတစ်ထောင် နတ်ဆိုးနဂါးက နာနာကျင်ကျင် ငိုကြွေးလိုက်ပြီး သူ့၏ ကြက်သွေးရောင် မျက်လုံးများက တဖြည်းဖြည်း ပြိုကျလာကာ ခန္ဓာကိုယ်က မထိန်းချုပ်နိုင်စွာ တုန်ယင်လာလေ၏။
အံ့ဖွယ် မီးတောက်များက အန်လင်းခန္ဓာကိုယ်တွင်းမှ သက်ရှိ စွမ်းအင်များ ကုန်ဆုံးသည်အထိ တောက်လောင်နေပေ၏။
မျက်လုံးတစ်ထောင်နတ်ဆိုးနဂါးက ပြန်လည် အသစ်ဖြစ်နိုင်ခြေ သုညဖြင့် ကြွပ်ကြွပ်ကြော်ခံလိုက်ရလေပြီ။
မမြင်နိုင်သော လှိုင်းငယ်လေးများက ဖြာထွက်လာကာ အန်လင်းက သူ့၏ လျှပ်စီးကြိုးကိုင်ခြင်း နည်းစနစ်က သူ့ဆီသို့ ပြန်လာသည်ကို ခံစားရ၏။ သို့သော် မျက်လုံးတစ်ထောင်နတ်ဆိုးနဂါးဆီမှ သူလုယူခဲ့သော ပြန်လည် ထုတ်လုပ်ကာ အသစ်ဖြစ်နိုင်သည့် စွမ်းပင်မှာ တဖြည်းဖြည်း ပျောက်ကွယ်သွားလေ၏။ ဟုန်ဒူ၏ ရင်ဘတ်တွင် ကြက်သွေးရောင် မီးတောက်များက ပြန်လည် လင်းလက်လာပြီး သူကိုယ်တစ်လျှောက် အသက်ရှင်မှုက ပြန်လည် လည်ပတ်သွားလေ၏။
တင်းတောင်...
"မစ်ရှင် ပြီးမြောက်ခြင်းအတွက် ဂုဏ်ယူပါတယ်။ ယခု သင်က အံ့ဖွယ် အဓမ္မလုယူခြင်း နည်းစနစ်ကို ရယူနိုင်ပါပြီ။"
အန်လင်း၏ နဖူးပေါ်ရှိ ရွှေရောင် ပုံရိပ်က လင်းလိုက်၊ မှိန်လိုက် အကြိမ်ပေါင်းများစွာ ဖြစ်ပြီးနောက် သူ့၏ အရေပြားထဲသို့ ပျောက်ကွယ်သွားလေ၏။
သူက အသက်ပြင်းပြင်းရှုလိုက်ပြီး သူ့၏ အတောက်တောက်ပပ မျက်လုံးများကို ကျေနပ်မှုအပြည့်ဖြင့် ဖွင့်လိုက်လေ၏။
အံ့ဖွယ်နည်းစနစ် အတွဲအတွင်းမှ နည်းစနစ်များအားလုံးက အလွန်အမင်း ကြမ်းလှကာ အံဖွယ် အဓမ္မလုယူခြင်း နည်းစနစ်က ခြွင်းချက်မရှိပါပေ။ နည်းစနစ်မှာ မျက်လုံးတစ်ထောင် နတ်ဆိုးနဂါး၏ စွမ်းရည်နှင့် အလွန်ဆင်တူလှပြီး ထိုထဲတွင် ထိုသည်က ပစ်မှတ်က အသုံးပြုသူနှင့် မီတာတစ်ရာအတွင်း၌ ရှိနေကာ အသုံးပြုသူက ပစ်မှတ်၏ မျက်လုံးကိုကြည့်နေသ၍ ပစ်မှတ်၏ မန္တန်နည်းစနစ်ကို လုယူနိုင်လေ၏။ အချိန်ကန့်သတ်ချက်မှာ ၁၀မိနစ်ဖြစ်ပြီး ထိုနည်းစနစ်က တစ်ချိန်တည်းမှာပင် အများဆုံး မတူညီသည့် မန္တန်သုံးခုကို သိမ်းယူနိုင်ပေ၏။
"ငါ့... ငါ့ရဲ့ စိတ်ဝိညာဉ် မီးတောက် ပြန်ရောက်လာပြီ။" ဟုန်ဒူက သူရှိနေသော တွင်းကြီးထဲမှ တစ်ကိုယ်တည်း ရေရွတ်နေလေ၏။
သူက တွင်းကြီးထဲမှ လေးဘက်ထောက်ထွက်လာလိုက်ရာ သူတို့ကို ကျောပေးထားသော အဖြူရောင်ဝတ်ရုံနှင့် ခမ်းနားလှသည့် ပုဂ္ဂိုလ်တစ်ဦးကို တွေ့လိုက်ရ၏။ ထိုပုဂ္ဂိုလ်က အနက်ရောင် ဓားရှည်တစ်ချောင်းကို ကိုင်ဆောင်ထားကာ နေရောင်အောက်တွင် အထူးကြီးမားကာ အားကိုးရသည့်ပုံ ပေါ်လေ၏။
"စီ... စီနီယာ၊ ကျွန်တော့ကို ကယ်တင်ပေးတာ အစ်ကိုလား။"
ဟုန်ဒူ၏ မျက်ရည်အပြည့်နှင့် မျက်လုံးများက ကျေးဇူးတင်ခြင်း၊ ရိုသေခြင်းများနှင့် ပြည့်နှက်နေလေ၏။
ထိုပုဂ္ဂိုလ်က ဟုန်ဒူကို ကြည့်ရန်လှည့်လိုက်ပြီး မျက်တောင်ခတ်ကာ အော်ဟစ်ရယ်မောလာလေ၏။ "အိုး... မတွေ့ဘူးလား ဂျူနီယာ ဟုန်ဒူ။ ငါကမှ တကယ့် မင်းရဲ့ကယ်တင်ရှင်ပဲ။ ငါ့ကို မင်းက ဘာပြန်ပြီး ပေးမှာလဲ။"
ဟုန်ဒူမှာ သူ့ရှေ့တွင် ရပ်နေသော အမျိုးသား၏ သွင်ပြင်များကို မြင်သောအခါ ပြောစရာစကားမဲ့နေလေ၏။
"စောက်ကျိုးနည်း...။ အဲဒါ မင်းလား။"
သူက အော်ဟစ်လိုက်သည်မှာ သိုးပေါင်းတစ်သောင်းက သူ့နှလုံးသားထဲတွင် ခြေသံပြင်းပြင်းနှင့် လျှောက်သွားနေသကဲ့သို့ပင်။
သူ့ကို အန်လင်းက ကယ်လိုက်တယ်...။ သူက ကယ်တင်ရှင်ဆိုတဲ့ ဇာတ်ဆောင်နေရာမှာ ဝင်ပါရမှာ မဟုတ်ဘူးလား။
ဤသည်မှာ မမှန်ကန်ပါပေ။
ပန်းရောင် ဝတ်ရုံနှင့် အမျိုးသမီးက မျက်မှောင်ကြုတ်ပြီး လေထုကို ဖြတ်ကာ အန်လင်း၏ ဘေးတွင် ခပ်ဖွဖွ ဆင်းသက်လိုက်လေ၏။ "အဲ့နဂါးက အစွမ်းထက်လိုက်တာ။ အဲဒါက ဘာလို့ ဘာမှ မကျန်ခဲ့တာလဲ။"
အန်လင်းက လက်နက်ချဟန်ဖြင့် ပုခုံးတွန့်လိုက်လေ၏။ "အဲ့သတ္တဝါက အတော်လေး ထူးခြားတယ်။ အဲဒါမို့ ငါက နောက်ထပ် ကံခေမှုတွေ ဖြစ်လာမှာစိုးလို့ အပြီးထိ အဆုံးစီရင်ပေးလိုက်တာ။ ငါလဲ သူသေရင် သူ့ခန္ဓာကိုယ်ကနေ နယ်မြေအဆီအနှစ်သလင်းကျောက်တွေများ ထွက်လာမလားလို့ မျှော်လင့်နေတာ။ ဒါပေမဲ့ ငါရဲ့ မျှော်လင့်ချက်တွေက အရမ်းမြင့်သွားပုံပဲ။"
လျှိုချူးချူးက မကျေမနပ် နှုတ်ခမ်းဆူကာ ဆိုလိုက်၏။ "ငါတို့က လူသတ်ပြီး ဓားပြတိုက်တာပဲ ဆက်လုပ်နေသင့်တာ..."
အန်လင်း : "..."
သူမက မှန်ကန်ပေ၏။ ဤကြမ်းတမ်းလှသော တိုက်ပွဲအတွင်း၌ နောက်ဆုံးဤရှေးဟောင်းBOSSကို အနိုင်မရခင်အထိ သူတို့က သေဆုံးလုနီးနီးပင် ဖြစ်ခဲ့ရပြီး ထိုBOSSက မည်သည့်ပစ္စည်း သို့မဟုတ် ရွှေလေးပင် ချန်မထားခဲ့သည်ကို တွေ့လိုက်၏။ ထိုသို့ဆိုလျှင် ဤမျှအထိ ကြိုးစားရခြင်းများက မည်သည့်အတွက်နည်း။ ထိုသည်က ကြုံတွေ့ရသမျှ လူတိုင်းအတွက် အတော်ပင် စိတ်နာစရာ အခြေအနေပင်ဖြစ်၏။
သို့သော် အန်လင်းမှာ ထိုမျှအထိ စိတ်မနာပါပေ။ မည်သို့ဆိုဆို သူက သူ့၏ စွမ်းရည်အသစ်ကို လက်ခံရခြင်းကြောင့် အတော်လေး ကျေနပ်နေပေ၏။ သို့သော် လျှိုချူးချူးက ယခုထက် ပိုမိုကာ စိတ်အခြေအနေဆိုးသွားမည်စိုး၍ သူ၏ခံစားချက်များကို ထုတ်ဖော်၍မရပါပေ။ သူက အရမ်းပင် တွေးပေးတတ်သော အမျိုးသားတစ်ယောက် ဖြစ်လေ၏။
တစ်ယောက်က ဝမ်းနည်းနေစဉ်တွင် တစ်စုံတစ်ယောက်က ပျော်မြူးနေခြင်းထက် မပျော်ရွှင်မှုကို အတူတကွ မျှဝေရသည်က ပိုကောင်းပေ၏...။
ထိုအချိန်၌ ကောင်းကင်တွင် မျောနေသော ရေခူက အန်လင်းဘေးသို့ တဖြည်းဖြည်း ဆင်းလာကာ အသံတိုးတိုးဖြင့် ကိုယ့်ကိုကိုယ် မိတ်ဆက်လိုက်လေ၏။ "နှုတ်ဆက်ပါတယ် အဖွဲ့ဝင်ကျင့်ကြံသူများ။ ငါက လင်းယင်ပါ။ ဖန်တီးခြင်း နယ်မြေထဲက ဖန်တီးခြင်း ခန်းမက လင်းယင်ပါ။"
အန်လင်းက ခေါင်းငြိမ့်ကာ သူ့လက်သီးကို လက်ဖြင့်ဆုတ်ကိုင်ပြီး ပြန်ဖြေလိုက်၏။ "မင်္ဂလာပါ လင်းယင်။ ကျွန်တော်က ကိုးပြည်ထောင်စုနိုင်ငံတော်ထဲက ကောင်းကင်ဘုံခုံရုံးက အန်လင်းပါ။"
လျှိုချူးချူးသည်လည်း ကိုင်တိုင်မိတ်ဆက်ခြင်း တစ်ခု ပြုလုပ်လိုက်၏။ "မင်္ဂလာပါ။ ငါက ကိုးပြည်ထောင်စု နိုင်ငံတော်ထဲက ကောင်းကင်ဘုံခုံရုံးက လျှိုချူးချူးပါ။"
"ငါက ဗဟိုမြို့တော်က တီနာပါ။" တီနာက ပြုံးကာ သူမ၏ တောင်ပံများကို ခတ်နေလေ၏။
ဟုန်ဒူက ပြန်လည်လန်းဆန်းစေသော ဆေးတောင့်တစ်တောင့်ကို သောက်သုံးကာ လူတိုင်းဆီသို့ ထော့နဲ့ထော့နဲ့ လျှောက်လာလေ၏။ သူက အန်လင်းဆီသို့ ခါးခါးသီးသီးလှည့်လိုက်ကာ နှုတ်ခမ်းတင်းတင်းစေ့ထားလိုက်၏။ ထို့နောက် သူက လျှိုချူးချူးဆီသို့ လှည့်လိုက်၏။ "ငါက ဖန်တီးခြင်း နယ်မြေထဲမှ ဖန်တီးခြင်းခန်းမက ဟုန်ဒူပါ။"
ထိုသည်ကို ကြားပြီးနောက် လျှိုချူးချူး၏ မျက်လုံးများက အရောင်တောက်လာလေ၏။ ဆိုတော့ကာ ဤသည်က စတုတ္ထစံပြအမျိုးသားဟု လူသိများသော ဟုန်ဒူပေါ့။
အန်လင်းက ဟုန်ဒူနှင့် လင်းယင်ကို ကျေးဇူးတင်စွာ ခပ်ဖွဖွ အရိုအသေပေးလိုက်၏။ "ငါတို့အချိန်လိုနေတဲ့အတွင်းမှာ ဝင်ကူပြီး အချိန်ဆွဲပေးတဲ့အတွက် မင်းတို့နှစ်ယောက်လုံးကို စိတ်ရင်းနဲ့ ကျေးဇူးတင်ပါတယ်။"
ကိစ္စများ မည်သို့ဖြစ်လာပါစေ သူတို့ သေလုနီးပါးအခြေအနေတွက် ဟုန်ဒူနှင့် လင်ယင်းတို့က ကူညီပေးခဲ့သည်ဟူသော အချက်မှာ အရေးပါလှပြီး အန်လင်းက ထိုအတွက် အလွန်ကျေးဇူးတင်ပါ၏။
"ဟားဟား... ကျေးဇူးတင်စရာမလိုပါဘူး သခင်လေး အန်လင်း။ ငါတို့က တကယ်တော့ အဲ့လောက်လဲ မကူညီလိုက်ရပါဘူး။" လင်းယင်က သူမ၏ တစ်ဝက်မြင်နိုင်သော လက်တံများကို လေထဲတွင် ဝှေ့ယမ်းကာ ဆိုလိုက်၏။
အန်လင်းက ကျေးဇူးတင်ကြောင်း ပြလိုက်သည်မို့ ဟုန်ဒူက အနည်းငယ် ရှက်သွားပြီး ချောင်းဟမ့်ကာ အကြည့်လွှဲသွားလေ၏။
နှုတ်ဆက်ခြင်းများ ပြီးနောက် လင်းယင်က လုံးဝ ခန်းခြောက်သွားပြီဖြစ်သော ရေကန်ဖြူ၏ ဗဟိုသို့ တဖြည်းဖြည်း ပျံသန်းသွားလိုက်၏။
"မင်းတို့ အခုထိ စိတ်မပျက်သင့်သေးဘူးထင်တယ်။ ရေကန်ဖြူရဲ့ ရေကန်ကြမ်းခင်းအောက်မှာ ထူးခြားတာ တစ်ခုခု ရှိမယ်လို့ ငါခံစားရတယ်။"
လင်းယင်က ရေခူတစ်ကောင်ဖြစ်ကာ ထို့ကြောင့်ပင် သူမက ရေနှင့်ပတ်သတ်လာလျှင် အထူးသိမြင်လွယ်ပြီး တခြားသူများ မထောက်လှမ်းနိုင်သော တစ်စုံတစ်ခုကို ခံစားရလေ၏။
ထိုသည်ကို ကြားပြီးနောက် လူတိုင်း၏ မျက်လုံးများက အရောင်တောက်လာကာ ရေကန်ဖြူ၏ ဗဟိုသို့ လင်းယင်နောက်မှ လိုက်လာကြလေ၏။
"ငါနဲ့လိုက်ခဲ့။ ဒီအောက်မှာ ဆန်းကြယ်နယ်မြေတစ်ခု ရှိနေတယ်လို့ ငါခံစားရတယ်။ ပြီးတော့ အဲ့နတ်ဆိုးနဂါးက နယ်မြေအစောင့် ဖြစ်ပုံရတယ်။" လင်းယင်က ပြောကာ ရေကန်ကြမ်းပြင်ဆီသို့ ဦးဆောင်သွားလိုက်လေ၏။
အကြောင်းကြောင်းကြောင့် အန်လင်းက တိမ်တိုက်ဖြူရေကန် အပျက်အစီး၏ အစောင့်အရှောက် ကျန်းအန်လန်ကို ရုတ်တရက် တွေးမိသွား၏။ ကျန်းအန်လန်မှာလည်း နဂါးတစ်ကောင်ဖြစ်ကာ ခရမ်းကြယ်စင် သုတေသန အဖွဲ့အစည်း၏ အပျက်အစီးများကို စောင့်ရှောက်ရန် တာဝန်ယူရ၏။ ထိုသည်က မျက်လုံးတစ်ထောင် နတ်ဆိုးနဂါးသည်လည်း ကျန်းအန်လန်နှင့် ဆင်တူသော သတ္တဝါတစ်ကောင်ဟု ဆိုလိုသည်လား။
ထို့ကြောင့် သူတို့ အစောက လုပ်လိုက်သည်မှာ အပျက်အစီးထဲသို့ မဝင်ရောက်မီ ကျန်းအန်လန်ကို သတ်ပစ်လိုက်သည်နှင့် ညီမျှသည်ပေါ့...။
မျက်လုံးတစ်ထောင် နတ်ဆိုးနဂါးအား ယာဇ်ကောင်တစ်ခုအနေနှင့် သူတို့ ပေးလို့ရသည့် သက်တန့်ရောင်နွားကဲ့သို့ တစ်စုံတစ်ခုက ဤအနီးတစ်ဝိုက်တွင် ရှိနေသည်လား။ ထိုသို့ဆိုလျှင် သူတို့က တိုက်ပွဲကို ရှောင်၍ ရနိုင်ပေ၏...။
အန်လင်းက တစ်ဦးတည်း အတွေးလွန်နေစဉ်မှာပင် လင်းယင်က ရေကန်ကြမ်းပြင်သို့ ဆင္းလိုက်၏။
ရေကန်၏ အောက်ခြေက အလွန်မှောင်သော်လည်း ကြီးမြတ်ပေါက်ကွဲရေး ဖွဲ့စည်းခြင်း၏ ပေါက်ကွဲမှုမှ ကျန်ရစ်သော တွင်းကြီးတစ်ခုကို တွေ့နိုင်ပေ၏။
လင်းယင်၏ လက်တံများက လေထုကို ဖြတ်သန်းကာ ပျံသန်းနေပြီး ရေကန် ကြမ်းပြင်သို့ ထူးဆန်းသည့် တောက်တောက်ပပ သင်္ကေတများ ပြုလုပ်လိုက်လေ၏။
သင်္ကေတများက လင်းလက်သွားကာ စွမ်းအင်များ အပြင်ဘက်သို့ ဖြာထွက်လာလေ၏။ ရူးသွပ်ဖွယ် စုပ်ယူနိုင်စွမ်းဖြင့် ရေဝဲကြီးတစ်ခုက ရုတ်တရက် ရေကန်ကြမ်းပြင်၏ တစ်နေရာတွင် ပေါ်ပေါက်လာလေ၏။
"ဒါက ဆန်းကြယ်နယ်မြေရဲ့ဝင်ပေါက်ပဲ။ ငါနဲ့လိုက်ခဲ့ကြ။" လင်းယင်က သူမ၏ လက်တံများနှင့် ရေဝဲဆီသို့ စိတ်လှုပ်ရှားစွာ ဝေ့ယမ်းလိုက်၏။
အန်လင်းနှင့် တခြားသူများက ရေဝဲကြီးအတွင်းရှိ အထူးနေရာလပ် တစ်ခုကို အာရုံခံမိပြီး တဖြည်းဖြည်း လင်းယင်နောက်သို့လိုက်ကာ ရေဝဲထဲသို့ ဝင်လိုက်ကြလေ၏။
------------------