← Chapters

အခန်း (၁၅၄၆)

Vol. 111 Ch. 1546

အခန်း (၁၅၄၆)

Vol. 111 Ch. 1546

ကမ္ဘာဦးရှေးဟောင်းအပျက်အစီးနယ်မြေကို တိုက်ခိုက်ရန် ဆန္ဒရှိသူသည် စာလိပ်ထဲမှာ ဖော်ပြထားသည့် ညွှန်ကြားချက်အတိုင်း သတ်မှတ်နေရာတွင် စုဝေးကြရလိမ့်မည်။ ထို့နောက် သူတို့က ရှေးဦးအပျက်အစီးကုန်းမြေအပေါ် ပုန်ကန်သူများ ဖြစ်လာကြလိမ့်မည်။

စာချုပ်မှာ လက်မှတ်ရေးထိုးမည်ဆိုလျှင် ရှေးဦးအပျက်အစီးကုန်းမြေကို ချိုးဖြတ်နိုင်လိမ့်မည်။ ထို့ပြင် တစ်စုံတစ်ယောက်က အပျက်အစီးနယ်မြေများထဲမှ ထွက်ခွာနိုင်ရန် မူလအသွင်ပြောင်းလဲခြင်းနည်းလမ်းကိုလည်း အသုံးပြုနိုင်လိမ့်မည်။ ထို့နောက် သူတို့က နတ်ဘုရားကမ္ဘာဆီသို့ သွားရောက်၍ ကျင့်ကြံနိုင်ကြလိမ့်မည်။

“ အဲ့ဒါက နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်ရဲ့ စစ်မှုထမ်းဖိတ်ခေါ်စာပါ… ရှေးဦးအပျက်အစီးကုန်းမြေထဲက နတ်သားရဲအများကြီးက အဲ့ဒီကို သွားနေကြပါပြီ… သူတို့ကိုယ်တိုင် အဲ့ဒါကို အတည်ပြုပြီးကြပါပြီ… အဲ့ဒါက အလိမ်အညာ မဟုတ်ပါဘူး ”

“ ဒီတစ်ကြိမ်မှာ နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်က နှစ်တစ်သန်းမှာ တစ်ကြိမ်သာ ပေါ်ပေါက်တဲ့ ကောင်းကင်ရင်းမြစ်စုဝေးပွဲကို အသုံးချပြီး ကမ္ဘာဦးရှေးဟောင်းအပျက်အစီးနယ်မြေဆီ ဝင်ရောက်နိုင်ဖို့ ရှေးဦးအပျက်အစီးကုန်းမြေထဲမှာ မဟာစစ်တပ်တစ်တပ် စုစည်းဖို့ ကြံရွယ်နေပါတယ် ”

ကျူးလီမြို့တော်မှ အကြီးအကဲက ဟန်မူယဲ့ကို လေးလေးနက်နက် ကြည့်လိုက်ပြီး ပြောသည်။

“ ဆရာဟန်… ခင်ဗျားက နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်ရဲ့ အလိုရှိစာရင်းထဲက လူတစ်ယောက်မဟုတ်လား… ခင်ဗျားက သူတို့ကို အထူးဆန့်ကျင်နေတာမလား ”

အကြီးအကဲက ပြုံးလိုက်ပြီး ပြောသည်။

ဟန်မူယဲ့က အကြီးအကဲထံသို့ လှမ်းကြည့်လိုက်သည်။ သူ၏ ဝိညာဉ်စွမ်းအားက ဖျတ်ခနဲ အသက်ဝင်သွားသည်။ ထို့နောက် သူက ခေါင်းညိတ်လိုက်သည်။

သူ့အရှေ့မှ အကြီးအကဲက သူ့ကဲ့သို့ ကမ္ဘာဦးရှေးဟောင်းအပျက်အစီးနယ်မြေ၏ အပြင်ဘက်မှ ရောက်လာသူ ဖြစ်သည်။

ကမ္ဘာဦးရှေးဟောင်းအပျက်အစီးနယ်မြေထဲသို့ ဝင်ရောက်နိုင်သူသည် အနိမ့်ဆုံး အင်မော်တယ်ဘုရင်အဆင့်မှာ ရှိရမည်။ သို့သော်လည်း အထဲသို့ ဝင်ရောက်သွားသည့်အခါ သူတို့၏ စွမ်းအားက ကြီးကြီးမားမား ဖိနှိပ်ခံရလိမ့်မည်။ သူတို့၏ ဘဝက ဤနေရာမှာ အမှန်တကယ် ခက်ခဲကြမ်းတမ်းပေသည်။

ရှေးဦးအပျက်အစီးတောအုပ်၏ ကုန်းတွင်းပိုင်းထဲမှ ထိုလူသားမြို့တော်များကို ကမ္ဘာဦးရှေးဟောင်းအပျက်အစီးနယ်မြေ၏ အပြင်ဘက်မှ ရောက်ရှိလာကြသော လူသားများက တည်ဆောက်ခဲ့ကြခြင်း ဖြစ်သည်။

သို့တိုင် နတ်သားရဲများကြီးစိုးသော ဤနေရာတွင် လူသားများ၏ ခွန်အားက အလွန်နိမ့်ကျနေဆဲပင်။

သူ့အရှေ့မှ ထိုအကြီးအကဲက အင်မော်တယ်ဘုရင်တစ်ပါးဖြစ်သော်လည်း ရှေးဦးအပျက်အစီးကုန်းမြေထဲတွင် သူက အဆင့်နိမ့်နတ်သားရဲတစ်ကောင်ကိုသာ ရင်ဆိုင်နိုင်ပေသည်။

အထူးသဖြင့် ယခု မိုးမြေစွမ်းအားက ပိုပြီးသိပ်သည်းလာသည့်အခါ ဖိနှိပ်မှုက ပိုပြီးအားကောင်းလာသည်။

“ ဆရာဟန်နဲ့ လျောင်ယွမ်မြို့တော်ရဲ့ ကျေးဇူးကြောင့်ပဲ ကျုပ်နဲ့ ကျုပ်ရဲ့ မိတ်ဆွေတွေက သိသိသာသာ အင်အားတိုးပွားလာကြပါတယ် ”

အကြီးအကဲက ဟန်မူယဲ့၏ အတွေးကို သတိပြုမိသည့်အလား ပြုံးလိုက်သည်။ ထို့နောက် သူက ဓားမော့ရှည်တစ်လက်ကို ထုတ်လိုက်သည်။

ယင်းက လျောင်ယွမ်မြို့တော်၏ အဓိကလက်နက်တစ်ခုဖြစ်ပြီး ရှေးဦးအပျက်အစီးကုန်းမြေထဲတွင် ရောင်းအားအကောင်းဆုံး ပစ္စည်းလည်း ဖြစ်၏။ နေ့စဉ်နေ့တိုင်း ဓားမော့ရှည်အလက်တစ်သောင်းကို ရောင်းချနိုင်ပေသည်။

သို့သော်လည်း ထိုအကြီးအကဲ၏ လက်ထဲမှ ဓားမော့က ရိုးရိုးဓားမော့ရှည် မဟုတ်ပေ။ ယင်းပေါ်မှ နတ်ဘုရားအင်းသင်္ကေတများကို ဟန်မူယဲ့ကိုယ်တိုင် ရေးထွင်းပေးခဲ့ခြင်း ဖြစ်သည်။

ရှေးဦးအပျက်အစီးကုန်းမြေ၏ အပြင်ဘက်တွင် ထိုဓားမော့က ထိပ်တန်းရတနာတစ်ခုအဖြစ် သတ်မှတ်ခံရလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ထိုထဲမှာ ပြီးပြည့်စုံသော မူလစွမ်းအား ပါဝင်နေသည်။

ပြီးပြည့်စုံသော မူလစွမ်းအားကို အခြေခံအုတ်မြစ်ထား၍ နတ်ဘုရားအင်းသင်္ကေတများကို ရေးထွင်းထားသောကြောင့် ထိုဓားမော့က အလွန်သန်မာသည်။

“ ကျုပ်ကျူးလျန်က လွန်ခဲ့တဲ့ ဆယ့်ကိုးကြိမ်မြောက် စကြာဝဠာကပ်ဘေးမှာ အင်မော်တယ်ဘုရင်အဆင့်အတန်းကို ရရှိခဲ့ပါတယ်… ကျုပ်က ကောင်းကင်စက်ဝန်းစစ်မြေပြင်က အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးကို ဆန့်ကျင်ခဲ့မိတာကြောင့် ကမ္ဘာဦးရှေးဟောင်းအပျက်အစီးနယ်မြေဆီ ထွက်ပြေးလာခဲ့ရပါတယ် ”

“ ဒီနှစ်တွေမှာ ကမ္ဘာဦးရှေးဟောင်းအပျက်အစီးနယ်မြေဆီ ရောက်လာကြတဲ့ ကျင့်ကြံသူအများစုဟာ ကောင်းကင်စက်ဝန်းစစ်မြေပြင်နဲ့ နတ်ဘုရားကမ္ဘာမှာ နောက်ထပ် မရပ်တည်နိုင်ကြတော့တဲ့ လူတွေ ဖြစ်ပါတယ် ”

ကျူးလျန်အင်မော်တယ်ဘုရင်က စိတ်ခံစားချက်ဖြင့် ပြောသည်။

ရှေးဦးအပျက်အစီးကုန်းမြေက အံ့ဖွယ်ကောင်းသည်။ ဤနေရာသို့ ရောက်ရှိလာသူများက ပြန်ထွက်သွားရန် ခဲယဉ်းသည်။ ထို့ပြင် ဤနေရာမှ မိုးမြေစွမ်းအား၏ ဖိနှိပ်မှုကြောင့် အင်မော်တယ်ဘုရင်တစ်ပါးသည်ပင် အသက်ရှင်နေထိုင်ရန် ခက်ခက်ခဲခဲ ရုန်းကန်ရသည်။

ဟန်မူယဲ့က ကျူးလျန်အင်မော်တယ်ဘုရင်၏ လက်ထဲမှ ဓားမော့ရှည်ကို လှမ်းယူလိုက်ပြီး ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။ မှိန်ဖျော့သော ဝိညာဉ်အလင်းက ဓားမော့၏ မျက်နှာပြင်ပေါ်မှာ တိတ်တဆိတ် ရွေ့လျားသွားသည်။

“ ဒီဓားမော့ကို ကျုပ်ကိုယ်တိုင်သန့်စင်ခဲ့တာ အမှန်ပဲ… အင်မော်တယ်ဘုရင်တစ်ပါးက ဒီဓားမော့နဲ့ဆိုရင် နတ်သားရဲတွေကို ရင်ဆိုင်တိုက်ခိုက်နိုင်လိမ့်မယ် ”

“ ကြည့်ရတာ ခင်ဗျားက ခွန်ပန်ရဲ့ မဟာမိတ်ဖြစ်ပုံပဲ ”

ဟန်မူယဲ့က ဓားမော့ရှည်ကို ပြန်ပေးလိုက်ပြီး ကျူးလျန်အင်မော်တယ်ဘုရင်ကို ကြည့်လိုက်သည်။

သူ့စကားက ကျူးလျန်အင်မော်တယ်ဘုရင်၏ ခန္ဓာကိုယ်ကို တောင့်တင်းသွားစေသည်။ ထို့နောက် သူက ခါးသီးစွာ ပြုံးလိုက်သည်။

“ ကျုပ်တို့က ခွန်ပန်ရဲ့ မဟာမိတ်ဖြစ်ဖို့ အရည်အချင်းမပြည့်မီပါဘူး ”

ထိုသို့ပြောပြီးနောက် ကျူးလျန်အင်မော်တယ်ဘုရင်က ဟန်မူယဲ့ကို ကြည့်လိုက်သည်။ တောက်ပသော အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ ဒီငယ်သားက သံသယဖြစ်မိပါတယ်… ခင်ဗျားက တကယ်ပဲ ဘယ်သူပါလဲ… ခွန်ပန်ကတောင် ခင်ဗျားကို မဟာမိတ်အဖြစ် သတ်မှတ်ထားရတယ် ”

“ ပြီးတော့… ရှေးဦးအပျက်အစီးတောအုပ်ရဲ့ အပြောင်းအလဲတွေ… ဒီငယ်သားက အဲ့ဒါတွေကို အရင်က တစ်ခါမှ မမြင်ခဲ့ဖူးပါဘူး ”

ယင်းတို့ကို တစ်ခါမှ မမြင်ဖူးခြင်းက သာမန်ဖြစ်သည်။

ကျူးလျန်အင်မော်တယ်ဘုရင်က ဆယ့်ကိုးကြိမ်မြောက် စကြာဝဠာကပ်ဘေးမတိုင်မီ အင်မော်တယ်ဘုရင်တစ်ပါးဖြစ်လာခဲ့သည်။ ထို့နောက် သူက ကမ္ဘာဦးရှေးဟောင်းအပျက်အစီးနယ်မြေထဲသို့ ဝင်ရောက်သွားခဲ့သည်။ သို့ဖြစ်၍ သူက အပြင်လောကမှ လက်နက်သန့်စင်ခြင်းပညာနှင့် အာခီမီပညာကို သိခွင့်မရခဲ့ပေ။

“ တကယ်လို့ အင်မော်တယ်ဘုရင်က အပျက်အစီးနယ်မြေကနေ ထွက်သွားနိုင်မယ်ဆိုရင် ဟန်မူယဲ့ဆိုတဲ့ နာမည်ကို ကြားရပါလိမ့်မယ် ”

ဟန်မူယဲ့က တည်ငြိမ်သော အမူအရာဖြင့် ပြောသည်။

“ ပြီးတော့… ဘာလို့ နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်က ကျုပ်ကို ထိပ်တိုက် ရင်မဆိုင်ရဲတာလဲဆိုတာ ခင်ဗျား နားလည်သွားပါလိမ့်မယ် ”

နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်က ထိပ်တိုက် ရင်မဆိုင်ဝံ့ဘူး… ။

ထိုစကားက ကျူးလျန်အင်မော်တယ်ဘုရင်ကို အကြီးအကျယ် ထိတ်လန့်သွားစေသည်။

တစ်ဖက်လူက နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်၏ လိုက်ဖမ်းခံရခြင်း၊ တွန်းအားပေးခံရခြင်းကြောင့် ကမ္ဘာဦးရှေးဟောင်းအပျက်အစီးနယ်မြေဆီသို့ ဝင်ရောက်လာခဲ့ခြင်း မဟုတ်ပေ။ ယင်းအစား နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်သည်ပင် သူ့ကို ထိပ်တိုက် မရင်ဆိုင်ဝံ့ပေ။

အပျက်အစီးနယ်မြေများ၏ အပြင်ဘက်မှာ ထိုသို့ပုဂ္ဂိုလ်တစ်ယောက် အမှန်တကယ် ပေါ်ထွန်းလာပြီလော။

“ ခင်ဗျားက ကျုပ်အကြောင်းကို စူးစမ်းချင်လို့ ဒီကို ရောက်လာတာလား ”

ဟန်မူယဲ့က လက်နောက်ပစ်လျက် တည်ငြိမ်စွာ မေးသည်။

အပျက်အစီးနယ်မြေများ၏ အပြင်ဘက်မှ ကိစ္စများသည် အပျက်အစီးနယ်မြေများနှင့် ဘာမှမသက်ဆိုင်ပေ။

အပျက်အစီးနယ်မြေများထဲမှ ကိစ္စများကို အပျက်အစီးနယ်မြေများထဲမှာသာ ဆွေးနွေးနိုင်သည်။

“ ဒါပေါ့… အဲ့ဒီကိစ္စကြောင့် ရောက်လာတာ မဟုတ်ပါဘူး ”

ကျူးလျန်အင်မော်တယ်ဘုရင်က ခေါင်းယမ်းလိုက်ပြီး ဟန်မူယဲ့ ပြန်ပေးသော ဓားမော့ကို သိမ်းဆည်းလိုက်သည်။

“ ကျုပ်တို့က လျောင်ယွမ်မြို့တော်နဲ့ မဟာမိတ်ဖွဲ့ဖို့ ရောက်လာတာပါ ”

မဟာမိတ်လား… ။

ကျူးရုန်က ဟန်မူယဲ့ကို ကြည့်လိုက်သည်။

ကျူးလီမြို့တော်သည် ရှေးဦးအပျက်အစီးတောအုပ်၏ ကုန်းတွင်းပိုင်းထဲတွင် လူသားမျိုးနွယ်၏ မြို့တော်ကြီးများအနက် တစ်ခုအပါအဝင်ဖြစ်ပြီး စုစုပေါင်းလူဦးရေ သုံးဘီလီယံရှိသည်။

အကယ်၍ ထိုသို့မြို့တော်သာ စွန့်ပစ်ကုန်းမြေနှင့် မဟာမိတ်ဖွဲ့မည်ဆိုလျှင် စွန့်ပစ်ကုန်းမြေမှ လူသားမျိုးနွယ်က ရှေးဦးအပျက်အစီးတောအုပ်၏ ကုန်းတွင်းပိုင်းဆီသို့ အလွယ်တကူ ဝင်ရောက်နိုင်သွားလိမ့်မည်။

“ အဲ့ဒီအတွက် ကျုပ်တို့က ခင်ဗျားကို ဘာပြန်ပေးရမလဲ ”

ဟန်မူယဲ့က မဟာမိတ်ဖွဲ့ခြင်းကို အရေးမစိုက်ဟန် ရသည်။ သူစကားပြောလိုက်သည့်အခါ သူ၏ အမူအရာက အနည်းငယ် အေးစက်သွားသည်။

ကျူးလျန်အင်မော်တယ်ဘုရင်က ထိုအခြေအနေကို မျှော်လင့်ထားပြီးသား ဖြစ်သည်။ ထို့ကြောင့် သူက ခေါင်းညိတ်လိုက်သည်။

“ ရိုးရှင်းပါတယ်… လျောင်ယွမ်မြို့တော်က ကောင်းကင်ရင်းမြစ်စုဝေးပွဲမှာ ကျူးလီမြို့တော်ကို အုပ်ချုပ်သူတစ်ပါး ပေါ်ထွန်းနိုင်အောင် ကူညီပေးပါ ”

အတိတ်မှ ကောင်းကင်ရင်းမြစ်စုဝေးပွဲတိုင်းမှာ အများဆုံး အုပ်ချုပ်သူခုနစ်ယောက် ရှစ်ယောက်ခန့် ပေါ်ထွန်းခဲ့ကြသည်။ သူတို့တစ်ယောက်စီ၏ အနောက်မှာ အင်အားကြီးမားသော မျိုးနွယ်စုများ ရှိကြသည်။

လူသားမျိုးနွယ်စုသည် ကောင်းကင်ရင်းမြစ်စုဝေးပွဲမှာ တစ်ခါမှ အုပ်ချုပ်သူအဆင့်အတန်းကို မရရှိခဲ့ဖူးပေ။

ကျူးလျန်က စကားဆုံးသည်နှင့် ဟန်မူယဲ့ကို မော့ကြည့်လိုက်သည်။

ကျူးရုန်၏ မျက်နှာပေါ်မှာ စိတ်အားထက်သန်သော အမူအရာ ထွက်ပေါ်လာသည်။

“ ဆရာဟန်… ”

ဟန်မူယဲ့က လက်ယမ်းပြလိုက်သည်။ ထို့နောက် သူက အရှေ့သို့ မျှော်ကြည့်လိုက်ပြီး ပြောသည်။

“ စွန့်ပစ်ကုန်းမြေက ကျုပ်ရဲ့ လူသားမျိုးနွယ်စုက ကောင်းကင်ရင်းမြစ်စုဝေးပွဲမှာ ပါဝင်လိမ့်မယ်… ကျုပ်တို့က လူသားမျိုးနွယ်နဲ့ ချုံးယွင်ကလန်ကို ဒီတစ်ကြိမ် ကောင်းကင်ရင်းမြစ်စုဝေးပွဲမှာ အကူအညီပေးလိမ့်မယ် ”

“ ဒါပေမဲ့ ခင်ဗျားတို့ သိထားရမှာက လျောင်ယွမ်မြို့တော်မှာ မဟာမိတ်တွေ အများကြီး ရှိတယ်… နောက်ဆုံးမှာ ဘယ်သူက အုပ်ချုပ်သူဖြစ်လာမလဲဆိုတာ ခင်ဗျားတို့ရဲ့ ကိုယ်ပိုင်ကြိုးစားအားထုတ်မှုပေါ်မှာပဲ မူတည်တယ် ”

မဟာမိတ်တွေ အများကြီး ရှိတယ်… ။

ဟန်မူယဲ့၏ စကားကို ကြားသောအခါ စိတ်ပျက်အားငယ်မှုက ကျူးလျန်အင်မော်တယ်ဘုရင်၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

သို့သော်လည်း ချုံးယွင်ကောင်မလေးက တစ်စုံတစ်ခုကို နားလည်ထားသည့်အလား ခေါင်းညိတ်လိုက်သည်။

ဟန်မူယဲ့ထိန်းချုပ်ထားသော အင်အားက မည်မျှကြီးမားကြောင်း သူသိသည်။ ရှေးဦးအပျက်အစီးတောအုပ်ထဲမှ နတ်ငှက်အားလုံးနီးပါးနှင့် နတ်သားရဲများက လျောင်ယွမ်မြို့တော်၏ မဟာမိတ်များ ဖြစ်ကြသည်။

“ ကောင်းပါပြီ… လျောင်ယွမ်မြို့တော်က ကောင်းကင်ရင်းမြစ်စုဝေးပွဲမှာ ပါဝင်မယ်ဆိုရင် ကျုပ်ရဲ့ ကျူးလီမြို့တော်က လျောင်ယွမ်မြို့တော်နဲ့ မဟာမိတ်ဖွဲ့ဖို့ ဆန္ဒရှိပါတယ် ”

ကျူးလျန်အင်မော်တယ်ဘုရင်က မထွက်သွားခင် ထိုသို့ပြောခဲ့သည်။

ကျူးရုန်က သူတို့နှစ်ယောက်ကို လိုက်ပို့ပေးပြီးနောက် ဟန်မူယဲ့ဆီသို့ ပြန်လာသည်။

“ ဆရာဟန်… ဒီဟာက ကျုပ်တို့ရဲ့ လူသားမျိုးနွယ်စု မြင့်တတ်ဖို့ မဟာအခွင့်အရေးကြီးပဲ ”

ကျူးရုန်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး တည်ကြည်လေးနက်စွာ ပြောသည်။

အကယ်၍ အုပ်ချုပ်သူတစ်ပါး သို့မဟုတ် နှစ်ပါးက သူတို့ဆီမှာ ထွက်ပေါ်လာမည်ဆိုလျှင် ရှေးဦးအပျက်အစီးတောအုပ်ထဲမှ လူသားမျိုးနွယ်၏ အဆင့်အတန်းက ကြီးမားစွာ ပြောင်းလဲသွားလိမ့်မည်။

ကျူးရုန်က ရှေးဦးအပျက်အစီးတောအုပ်ထဲမှာ မွေးဖွားလာခဲ့လေရာ ဤနေရာမှ စည်းမျဉ်းများကို ကောင်းမွန်စွာ နားလည်ထားသည်။

ဤနေရာမှာ ခွန်အားက ဥပဒေဖြစ်သည်။

အုပ်ချုပ်သူတစ်ပါးရှိသော မျိုးနွယ်စုက တခြားမျိုးနွယ်စုများ၏ ရိုသေလေးစားခြင်းခံရသည်။

“ ကျူးလီမြို့တော်က လျောင်ယွမ်မြို့တော်နဲ့ တကယ် မဟာမိတ်ဖွဲ့ချင်တာလို့ မင်းထင်နေတာလား ”

ဟန်မူယဲ့က ခေါင်းခါလိုက်သည်။

သူက ထိုဓားမော့မှတဆင့် ပုံရိပ်တချို့ကို မြင်ခဲ့ရပြီးပြီ။

“ သူတို့က ငါတို့ရဲ့ ရန်သူတွေ… ”

ကျူးလီမြို့တော်က လူတွေက ရန်သူလား… ။

ဟန်မူယဲ့၏ စကားက ကျူးရုန်ကို အံ့ဩသွားစေသည်။

လူသားမျိုးနွယ်က သူ၏ ရန်သူဖြစ်လာမည်ဟု တစ်ခါမှ သူမစဉ်းစားဖူးပေ။

သူ၏ မသိစိတ်ထဲမှာ လူသားမျိုးနွယ်စုအားလုံးကို လျောင်ယွမ်မြို့တော်၏ မဟာမိတ်ဟု အမြဲသတ်မှတ်ထားသည်။

သူ၏ အမူအရာကို သတိထားမိသောအခါ ဟန်မူယဲ့က ခေါင်းခါလိုက်သည်။

ကျူးလျန်အင်မော်တယ်ဘုရင်ကို သူသံသယဖြစ်မိသောကြောင့် တစ်ဖက်လူအသုံးပြုခဲ့သော ဓားမော့၏ မှတ်ဉာဏ်များကို တမင်သူစစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ရလဒ်က သူမျှော်လင့်ထားသလိုပင်။

ကျူးလီမြို့တော်မှ လူများက နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်၏ အုပ်ချုပ်မှုအောက်မှာ ရှိကြသည်။

သူတို့က ဤကောင်းကင်ရင်းမြစ်စုဝေးပွဲကို အသုံးပြု၍ စွန့်ပစ်ကုန်းမြေမှ လူသားမျိုးနွယ်ကို မျိုးတုန်းသတ်ဖြတ်ရန် ကြံစည်နေကြသည်။

ချုံးယွင်မျိုးနွယ်စု၏ လှုပ်ရှားမှုသည်ပင် သူတို့၏ တွက်ချက်မှုအတွင်းမှာသာ ရှိ၏။

ဤတစ်ကြိမ်တွင် နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်နှင့် ပူးပေါင်းထားကြသော အုပ်ချုပ်သူအဆင့် အစွမ်းထက်ပညာရှင်ဆယ်ယောက်ခန့်က ကမ္ဘာဦးရှေးဟောင်းအပျက်အစီးနယ်မြေထဲမှ ထွက်သွားရန် အခွင့်အလမ်းရှာဖွေကြလိမ့်မည်။

အကယ်၍ သူတို့ထွက်ခွာသွားကြမည်ဆိုလျှင် ကမ္ဘာဦးရှေးဟောင်းအပျက်အစီးနယ်မြေ၏ အင်အားက ကြီးမားစွာ လျော့နည်းသွားလိမ့်မည်။

ထိုသို့လုပ်ရပ်က မိုးမြေကို သေချာပေါက် ဒေါသထွက်စေလိမ့်မည်။

ကျူးလျန်အင်မော်တယ်ဘုရင်မသိခဲ့သည်မှာ လျောင်ယွမ်မြို့တော်ဆီသို့ သူရောက်လာသည့်အချိန်မှာ မိုးမြေက ဟန်မူယဲ့ကို သဲလွန်စတချို့ ပေးခဲ့သည်။

ဤကမ္ဘာဦးလောကထဲမှာ သူ့ကဲ့သို့ မိုးမြေနှင့် ရင်းနှီးကျွမ်းဝင်သောလူ နောက်တစ်ယောက် ထပ်မရှိနိုင်ပေ။

“ ဆရာဟန်… သူတို့က ကျုပ်တို့ရဲ့ ရန်သူဆိုရင် ကျုပ်တို့ ဘာလုပ်ကြမလဲ… ဒီကောင်းကင်ရင်းမြစ်စုဝေးပွဲမှာ ကျုပ်တို့ပါဝင်ဦးမှာလား ”

ကျူးရုန်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး တည်ကြည်လေးနက်စွာ ပြောသည်။

သွေးချီအနှစ်သာရက သူ၏ ခန္ဓာကိုယ်ပေါ်မှာ စုဝေးသွားနေသည်။

ကျူးရုန်သည် မီးတောက်မူလစွမ်းအားကို ပိုင်ဆိုင်ထားသည့်အလျောက် သူ၏ အကျင့်စရိုက်က ယခင်ထက် ပိုပြီးကြမ်းကြုတ်လာသည်။

ယင်းက ကောင်းကျိုးဆိုးကျိုး နှစ်မျိုးစလုံး ဒွန်တွဲနေသောအရာ ဖြစ်သည်။

ဆိုးကျိုးအနေဖြင့် သူက တချို့ကိစ္စရပ်များတွင် စိတ်တည်ငြိမ်စွာ မဆုံးဖြတ်နိုင်တော့ပေ။

သို့သော်လည်း ကောင်းကျိုးအနေဖြင့် သူ၏ အကျင့်စရိုက်က မီးတောက်၏ သဘာဝနှင့် ပိုပြီးလိုက်လျောညီထွေဖြစ်လာလေရာ သူ၏ တိုက်ပွဲစွမ်းအားက အဆပေါင်းများစွာ ပိုပြီးမြင့်တတ်သွားသည်။

ဟန်မူယဲ့က ကျူးရုန်အပေါ်မှာ လျှို့ဝှက်အတတ်ပညာတစ်ရပ်ကို အသုံးပြုထားသောကြောင့် ကျူးရုန်က အုပ်ချုပ်သူတစ်ပါးဖြစ်ပြီးနေကြောင်း မည်သူမှ မသိကြချေ။

ဟန်မူယဲ့ကို ဘေးဖယ်ထားလျှင် ကျူးရုန်က ရှေးဦးအပျက်အစီးတောအုပ်ထဲမှ လူသားမျိုးနွယ်၏ ပထမဆုံး အုပ်ချုပ်သူဖြစ်သည်။

ထို့ကြောင့် ကျူးရုန်က သူ့ကိုယ်သူ ယုံကြည်မှုရှိသည်။

“ ကျူးရုန်… ရှေးဦးအပျက်အစီးတောအုပ်ကို လူသားမျိုးနွယ်က ဦးဆောင်ရလိမ့်မယ်… စည်းလုံးညီညွတ်ဖို့ ဆန္ဒမရှိတဲ့ နတ်သားရဲတွေက အတိတ်မှာ ကျန်နေခဲ့လိမ့်မယ် ”

ဟန်မူယဲ့က ခေါင်းလှည့်လိုက်ပြီး သူ၏ အရှေ့မှ ကျူးရုန်ကို ကြည့်လိုက်သည်။

“ ပြီးတော့… တစ်နေ့ကျရင် ငါက ရှေးဦးအပျက်အစီးတောအုပ်ကနေ ထွက်သွားလိမ့်မယ်… ဒါကြောင့် လျောင်ယွမ်မြို့တော်၊ စွန့်ပစ်ကုန်းမြေ၊ လူသားအားလုံးက စည်းလုံးညီညွတ်ဖို့ လိုအပ်တယ် ”

ဟန်မူယဲ့က ကျူးရုန်၏ ပခုံးကို ပုတ်လိုက်ပြီး ပြုံးလိုက်သည်။

“ ဒီတစ်ကြိမ်တော့… စွန့်ပစ်ကုန်းမြေက လူသားမျိုးနွယ်ကို အထွတ်အထိပ်ထိရောက်အောင် မင်းဦးဆောင်ပေးရလိမ့်မယ် ”

“ ငါတို့အရှေ့မှာ ပိတ်နေတဲ့ ရန်သူအားလုံးကို ချေမှုန်းပစ်ရမယ် ”

ကျူးရုန်က စိတ်ဓာတ်ပြတ်သားသော အမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။

သူ၏ ကျင့်ကြံခြင်းစွမ်းအားက ပိုပြီးသန်မာလာလေ ရှေးဦးအပျက်အစီးတောအုပ်ထဲမှ ကိစ္စများကို ပိုပြီး သူနားလည်လာလေပင်။

ဟန်မူယဲ့ပြောခဲ့သည့်အတိုင်း အနာဂတ်မှာ သူက ထွက်သွားလိမ့်မည်။

“ ဆရာဟန်… ခင်ဗျားကရော… ”

ဟန်မူယဲ့က လက်ယမ်းပြလိုက်သည်။ သူက အဝေးမှ ကောင်းကင်ကို လှမ်းကြည့်လိုက်ပြီး ပြောသည်။

“ မင်းမှာ မင်းရဲ့ ရန်သူတွေရှိသလို ငါ့မှာလည်း ငါ့ရဲ့ ရန်သူတွေရှိတယ် ”

“ ရှေးဦးအပျက်အစီးတောအုပ်က အဲ့ဒါကြောင့်ပဲ ပျော်စရာကောင်းလာတော့မယ် ”

…..

All Chapters