← Chapters

ဟုန်ဒူ၏ အရေးနိမ့်ကြောင်း ဝန်မခံခြင်း

Vol. 36 Ch. 500

ဟုန်ဒူ၏ အရေးနိမ့်ကြောင်း ဝန်မခံခြင်း

Vol. 36 Ch. 500

ရေကန်ဖြူ နယ်မြေအတွင်းရှိ တောင်တစ်လုံး၏ ထိပ်တွင် အနက်ရောင် ပုံရိပ်နှစ်ခုက လေထဲတွင် လွင့်မြောနေလေ၏။

သူတို့နှစ်ဦးစလုံးက အနက်ရောင် မျက်လုံးများ၊ အနက်ရောင် ဂြိုလ်များရှိကြပြီး အဆုံးအစမဲ့ အော်ရာက သူတို့ခန္ဓာကိုယ်များမှ ဖြာထွက်နေလေ၏။ နှစ်ဦးစလုံးမှာ နတ်ဆိုးနယ်မြေမှ အစွမ်းထက် ကျင့်ကြံသူများ ဖြစ်ကြလေ၏။

"နင် ဘယ်လိုထင်လဲ ကျောင်းလီရှင်း။ သူတို့နောက်ကို လိုက်သင့်လား။" အလွန်အမင်း စွဲမက်ဖွယ်ကောင်းလှသည့် ခန္ဓာကိုယ်နှင့် သူမ၏ ကျောပြင်ဖြူဖြူကို လှစ်ဟပြသထားသော အနက်ရောင်ဝတ်စုံနှင့် စစ်မှန် နတ်ဆိုးမတစ်ဦးက ညင်သာသော အသံဖြင့် မေးလိုက်လေ၏။

အလွန်ထွားကြိုင်းသော စစ်မှန်နတ်ဆိုးထီးက သူမ၏ အကြံပေးချက်ကို ခေါင်းငြိမ့်ပြလိုက်၏။ "ရေကန်ရဲ့ အောက်ခြေမှာ ရှိတဲ့ ဆန်းကြယ်နယ်မြေက ဒီလောက်အစွမ်းထက်တဲ့ အစောင့်သားရဲရှိနေလောက်အောင် အရမ်းတန်ဖိုးရှိတဲ့ ရတနာတွေ ရှိနေရမယ်။ ဒီလိုအခွင့်အရေးမျိုးကို လွဲသွားလို့ ဘယ်ဖြစ်မလဲ။"

"ဒါပေမဲ့... ငါတို့က နှစ်ယောက်တည်း ရှိတာလေ..." စစ်မှန် နတ်ဆိုးမက အနည်းငယ် တုံ့ဆိုင်းနေလေ၏။

အခုလေးတင် ပြီးဆုံးသွားသည့် ကမ္ဘာမြေ အက်ကွဲစေလောက်သည့် အဖြစ်အပျက်က သူတို့အား ဤနေရာသို့ ဆွဲခေါ်လာခြင်းပင်။

ထိုလူသားများက မည်မျှအစွမ်းထက်သည်ကို သူတို့ မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရသည်မှာ ဤအကွယ်နေရာလေးဖြစ်ပေ၏။ စစ်မှန် နတ်ဆိုး နှစ်ဦးစလုံးက ဝိညာဉ် ဖွဲ့စည်းခြင်း အထွတ်အထိပ်ဖြစ်သော်လည်း သူတို့က ဆန်းကြယ်နယ်မြေထဲသို့ ဝင်သွားကြသော သူများကို အနိုင်တိုက်နိုင်မည်ဟု ယုံကြည်ချက်မရှိပါပေ။

ကျောင်းလီရှင်း၏ မျက်နှာထက်တွင် အပြုံးခပ်ဖွဖွ ပေါ်လာလေ၏။ "ငါတို့က သူတို့နဲ့ တိုက်ရိုက်သွားပြီး တိုက်မယ်လို့ ဘယ်သူကပြောလဲဟင် ခုန်းကော။ ငါတို့ရဲ့ ပစ်မှတ်က အဲ့ဆန်းကြယ်နယ်မြေထဲမှာ ရှိနေမဲ့ ဘာရတနာပဲ ဖြစ်ဖြစ်လေ။ ဒီဆန်းကြယ်နယ်မြေက အတော်လေး ကြီးလောက်မယ်။ ငါတို့က ရတနာတစ်ချို့ကို ဆွဲယူပြီး ပြေးလို့ရပါတယ်...။ ငါတို့ ရဲ့ပစ္စည်းရတာနဲ့ ငါတို့က သူတို့ကို မနိုင်ဘူးဆိုရင်တောင် လွတ်အောင် ပြေးနိုင်လောက်မှာ။"

ခုန်းကောက ထိုသည်များကို ကြားပြီးနောက် ခေါင်းငြိမ့်လိုက်လေ၏။ ကျင့်ကြံရေး လမ်းကြောင်းပေါ်မှ လူတိုင်းက အခွင့်အရေးများအတွက် အပြင်းအထန် ကြိုးစားနေသည်ဖြစ်ရာ သူတို့၏ အသက်အတွက် စွန့်စားချက်မများသည်ကို သိနေပါက ဤအခွင့်အရေးကို ကျော်သွားစရာ အကြောင်းမရှိပါပေ။

သို့ဖြစ်၍ စစ်မှန်နတ်ဆိုးနှစ်ကောင်မှာ အနက်ရောင် မြူခိုးသဖွယ် ပြောင်းသွားကာ ရေကန်ဖြူအလယ်သို့ ပျံသန်းသွားကြ၏။

အန်လင်းက ရေဝဲကို ကျော်ဖြတ်ပြီးနောက် သူ့ပတ်လည်မှ နေရာလပ်က တွန့်လိမ်လာကာ ထပ်မံတည်ငြိမ်သွားတော့သည်။

အဖြူရောင်အလင်း ခပ်မှိန်မှိန်က သူ့မျက်လုံးထဲသို့ ဝင်ရောက်လာပြီး ဆန်းကြယ်နယ်မြေကို လှည့်ပတ်ကြည့်လိုက်ရာ သူက ပေတစ်ရာကျော် ကျယ်သော ကျောက်ခန်းမကြီးထဲတွင် ရှိနေသည်ကို တွေ့လိုက်ရ၏။ နံရံထဲတွင် မီးလင်းအဏုမြူအလုံးကြီး လေးခုက မြုပ်နေပြီး တစ်ခုစီတိုင်းက ဘောလုံးတစ်လုံးအရွယ်အစားခန့်ရှိပေ၏။ မီးလင်းအဏုမြူ အလုံးများက ခပ်ဖျော့ဖျော့လင်းနေကာ အခန်းတစ်ခုလုံးကို အလင်းပေးနေလေ၏။

လျှိုချူးချူးက ချက်ချင်းပင် ဓားတစ်ချောင်းကို ထုတ်ကာ မီးလင်းအဏုမြူလုံးများကို နံရံမှ ကော်ထုတ်ရန် ကြိုးစားလေတော့သည်။

"ဒီမီးလင်းအဏုမြူလုံး လှလှတွေ အကုန်လုံးက ငါ့ဟာပဲ။ ငါ့လို ကောင်မလေးတစ်ယောက်နဲ့ အဲဒါတွေကို လာမလုကြနဲ့နော်။" သူမက အနီးနားရှိ လူများကို သတိပေးစကားဆိုကာ အလုပ်ဆက်လုပ်နေတော့သည်။

သူတို့က လျှိုချူးချူးလုပ်နေသည့်အရာကို မြင်ပြီးနောက် ပြောစရာမဲ့နေလေ၏။ သူမက ဆန်းကြယ်နယ်မြေထဲမှာ တကယ်ပဲ မီးလင်းအဏုမြူလုံးတွေနောက်ကို လိုက်နေတာလား။ သူမက ဘယ်လောက်တောင် ဆင်းရဲနေတာလဲ။

အန်လင်းက လက်နက်ချသည့်ဟန်ဖြင့် သက်ပြင်းတစ်ခုကို ချလိုက်၏။ ဤမျှအထိကြီးသော မီးလင်းအဏုမြူလုံးများက အတော်လေးရှားပါသည်။ သို့သော် ဆန်းကြယ်နယ်မြေ၏ နံရံမှ မီးလင်းအဏုမြူလုံးများကို ကော်ထုတ်ရန် ကြိုးစားသော လူများက ပို၍ပင် ရှားပေ၏။

သူမက ဆန်းကြယ်နယ်မြေက စိတ်ဆိုးသွားမည်ကို စိတ်မပူဘူးလား။

ဆန်ကြယ်နယ်မြေက ဒေါသထွက်ကာ သူတို့စမ်းသပ်မှုများ၏ ခက်ခဲခြင်းကို တိုးမြှင့်လိုက်ပါက မည်သို့လုပ်မည်နည်း။

အန်လင်းထိုသို့ တွေးတောခြင်းကို မည်သူမှ အပစ်တင်၍ မရပါပေ။ မည်သို့ဆိုဆို သူက ခရမ်းကြယ်စင် အပျက်အစီးနှင့် ရှောင်ယန်သင်္ဂျိုင်းဂူနှစ်ခုစလုံးကို ရှာဖွေခဲ့ပြီးဖြစ်ကာ ဆန်းကြယ်နယ်မြေများကို ပျော်အောင်ထားရန်က မည်မျှအရေးကြီးသည်ကို သူသိပေ၏။

မည်သို့ဆိုဆို လျှိုချူးချူးက နံရံမှ မီးလင်းအဏုမြူလုံးများကို သေချာပေါက်ပင် ကော်ထုတ်ရန် ဆုံးဖြတ်ထားပြီး နောက်ဆုံးတွင် အောင်မြင်သွားကာ အလုံးများကို သူမ၏ သိုလှာင်လက်စွပ်ထဲသို့ သိမ်းလိုက်၏။ အခန်းတစ်ခုလုံးက အမှောင်ထုထဲသို့ ကျရောက်သွားလေ၏။

သူတို့၏ ပတ်ဝန်းကျင်ကို အလင်း​ပေးရန် ဟုန်ဒူက စိတ်ပျက်ဟန်ဖြင့် သူ့ရင်ဘတ်မှ မီးတောက်၏ အလင်းကို တိုးလိုက်လေ၏။

"ပြီးပြီ။ ဆက်သွားကြစို့။"

လျှိုချူးချူး၏ မျက်နှာထက်တွင် ချစ်စဖွယ် အပြုံးလေးတစ်ခု ပေါ်လာကာ လူတိုင်းကို လှည့်ပတ်ကြည့်လိုက်လေ၏။

ကျောက်ခန်းမကြီးထဲတွင် ဖြတ်လမ်းတစ်ခုရှိပြီး ထိုသည်က တခြားကမ္ဘာတစ်ခုကို ခေါ်ဆောင်သွားမည့်ပုံပင်။ ဖြတ်လမ်းမှာ အလွန်ကျယ်ပြီး ရှည်လျားကာ လူတိုင်းက ကံခေမှုတစ်ခုခု ဖြစ်လာမည်စိုးသောကြောင့် ရှေ့သို့ တဖြည်းဖြည်းတိုးသွားလိုက်၏။

အချိန်အတန်ကြာ လမ်းလျှောက်ပြီးနောက် သူတို့က ဖြတ်လမ်း၏ အဆုံးတွင် အပြာရောင်အလင်း တဖြတ်ဖြတ်လင်းနေသော အပြားတစ်ခုကို တွေ့လိုက်လေ၏။

အလင်းပြား၏ အထက်တွင် စာလုံးတစ်ချို့ ထွင်းထားသော အနက်ရောင် ကျောက်ပြားတစ်ချက်ရှိနေ၏။

"ဟင်... အဲဒါက ဘာတဲ့လဲ။" လျှိုချူးချူးက စာလုံးများကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်၏။ ပုံစံမှာ အတော်လေး မရင်းနှီးသော်လည်း ထိုသည်က အတော်လေးရှေးကျသော စာလုံးများဖြစ်သည်ကိုတော့ အာရုံခံမိလေ၏။

"ပြည်မ နဂါးတောင်ကြား ဘေးမဲ့တော..." အန်လင်းနှင့် တီနာ နှစ်ဦးစလုံးက တစ်ချိန်တည်းမှာ စာလုံးများကို အသံထွက် ဖတ်လိုက်လေ၏။

သူတို့နှစ်ဦးလုံးက တစ်ယောက်ကိုတစ်ယောက် အံ့ဩစွာကြည့်လိုက်လေ၏။

"ဒီစာလုံးတွေက ရှေးဟောင်းလူသား ဘာသာစကားကပဲ။" အန်လင်းက လူတိုင်းကို ရှင်းပြလိုက်၏။

လျှိုချူးချူး၊ ဟုန်ဒူနှင့် လင်းယင်တို့က ထိုသည်ကို ကြားပြီးနောက် ခေါင်းငြိမ့်ပြလိုက်သော်လည်း သူတို့၏ အမူအရာများက အနည်းငယ် ထူးဆန်းနေ၏။

"အဲဒါဆို သတ္တဝါကြီးက ရတနာတွေကို စောင့်ရှောက်နေတာမဟုတ်ပဲ အဲ့အစား ဘေးမဲ့တောကို စောင့်ရှောက်နေတာပေါ့။" ဟုန်ဒူက မယုံနိုင်စွာဖြင့် မေးလိုက်၏။

"အဲဒါဆို ဒီပြိုကျနေတဲ့ ကုန်းမြေကြီးပေါ်မှာ သာမန်သတ္တဝါတွေ ရှိသေးတယ်ပေါ့။" လင်းယင်က အလန့်တကြား ဆိုလိုက်၏။

"ဒါပေါ့။ ငါက သာမန် သတ္တဝါပဲ​လေ။" တီနာက ဒေါသကို ဖော်ပြသည့်အနေဖြင့် သူမ၏ လက်သီးလေးကို ဝှေ့ယမ်းပြလိုက်လေ၏။

"ဘာ။ နင်က ဒီရှေးဟောင်းထိုက်ချူ နယ်မြေကလား။" ဟုန်ဒူက ထိုသည်ကိုကြားပြီး အတော်လေး တုန်လှုပ်သွားလေ၏။

လင်းယင်သည်လည်း သူမ၏ လက်တံများကို စိတ်လှုပ်ရှားစွာ ဝှေ့ယမ်းလာ၏။ "ငါက နင့်ကို ထိုက်ချူကုန်းမြေကြီးက ထင်နေတာ။ ဒါပေမဲ့ နင်က တကယ်တော့ ရှေးဟောင်းထိုက်ချူ ကုန်းမြေကြီးကကို...။ နင်က ဘယ်ကလာတာလဲ။"

"မပြောပြပါဘူး။" တီနာက သူမအား ခွဲခြားဆက်ဆံနေသည်ဟု ခံစားရကာ နှုတ်ခမ်းတင်းတင်းစေ့ပြီး အန်လင်း၏ နားထဲသို့ တိုးဝင်သွားတော့၏။

"ဟုတ်ပြီ။ ဒီစကားဝိုင်းကို နောက်တစ်ခါအတွက် ချန်ထားကြတာပေါ့။ ငါတို့ ရှေ့ဆက်သွားကြရအောင်။" အန်လင်းက အကြံပြုလာ၏။

ဤဘေးမဲ့တောကြီး၏ တည်ရှိမှုက အမှန်တကယ်တော့ အတော်လေးပင် နားလည်ရလွယ်ပေ၏။ ကမ္ဘာတစ်ခုက နေထိုင်၍မရဖြစ်လာသည့်အခါ တစ်ချို့သော ခွန်အားကြီး ပုဂ္ဂိုလ်များက တခြားသော သတ္တဝါများ နေထိုင်ရန် နေရာသစ်တစ်ခုကို ဖန်တီးပေလိမ့်မည်။ ရှေးဟောင်း ထိုက်ချူနယ်မြေမှာ ပြိုကျနေသော ကုန်းမြေကြီးဖြစ်၍ ထိုသည်က ဤကုန်းမြေကြီး၏ မူရင်းနေထိုင်သူများကို ဤပြည်မ နဂါးတောင်ကြား ဘေးမဲ့တောတွင် တွေ့လာရနိုင်ပေ၏။

ထိုသည်ကို တွေးမိသောအခါ လူတိုင်းက အနည်းငယ် စိတ်လှုပ်ရှားလာတော့သည်။

ဤဘေးမဲ့တောအတွင်း၌ အမှန်တကယ်ပင် ကုန်းမြေကြီး၏ မူရင်းနေထိုင်သူများ ရှိနေပါက သူတို့မှာ ဂြိုလ်သားများအဖြစ် သတ်မှတ်ခံရလောက်ပြီး တိုက်ခိုက်ခံရနိုင်ချေ များပေ၏...။

"ဟုန်ဒူ မင်းက အတော်လေး ထွားကြိုင်းတဲ့ ပံုပေါ်တယ်။ မင်းရှေ့ဆုံးကနေ သွားသင့်တယ်။" အန်လင်းက အကြံပြုလိုက်၏။

ဟုန်ဒူ၏ ရင်ဘတ်မှ မီးတောက်များက တောက်ပလာကာ ဒေါသတကြီး ပြန်ပြောလိုက်၏။ "ငါ့ကို ဒီလိုမျိုး ပြဿနာတက်အောင် လုပ်ဖို့ တွေးတောင်မတွေးနဲ့ အန်လင်း။ ဒီထဲမှာ မင်းက အသန်မာဆုံးပဲ။ အဲ့တော့ မင်းအရင်သွားသင့်တယ်။"

"ဟီးဟီး... ငါက ဒီမှာ အစွမ်းအထက်ဆုံးဆိုတာကို မင်းက ဝန်ခံလိုက်တာလား။ အဲ့တော့ ဘာပဲဖြစ်ဖြစ် မင်းက ကိုယ့်နေရာကိုယ် သိပုံပဲ..."

"ဟွန့်... ငါ့ကို တိုက်တွန်းဖို့ မကြိုးစားနဲ့။ ငါက အဲ့လိုနဲ့ အရူးလုပ်ခံမှာမဟုတ်ဘူး။ ငါက မင်းထက် နည်းနည်းလေးတော့ အားနည်းတာ ဝန်ခံပါတယ်။ အဲ့တော့ရော ဘာဖြစ်သေးလဲ။" ဟုန်ဒူက အေးစက်စွာ ဆိုလိုက်၏။

တီနာက အန်လင်း၏ နားထဲမှ ထွက်လာကာ ပြန်ပြောလိုက်၏။ "နည်းနည်းလေး ဟုတ်လား။ အဲ့လိုပြောရတာ မရှက်ဘူးလား။ နင်က အန်လင်းထက် မိုင်ပေါင်းများစွာ နောက်ကျနေတာ အသိသာကြီးကို။ နင်က အားနည်းတာတင်မကသေးဘူး သူရဲဘောလဲ ကြောင်သေးတယ်။ နင်က အားသာချက်ဆိုလို့ ခံနိုင်ရည်ရှိတာပဲ ရှိတဲ့ အသုံးမကျတဲ့ ကျောက်တုံးကြီးလေ။ နင်က အဲဒါကို အကျိုးရှိအောင်တောင် အသုံးမချဖို့ စိတ်ကူးမရှိဘူး။ နင်က တကယ့်ကို အပေးမရှိတဲ့ သတ္တဝါပဲ။"

တီနာ၏ ထိုက်ချူဘာသာစကားမှာ ပိုပို၍ တိုးတက်လာပြီး သူမ၏ ပြောဆိုမှုက ဟုန်ဒူအား သူ့၏ ကိုယ်တိုင် ဖြစ်တည်မှုကိုပင် သံသယဝင်လာစေ၏။

သူက နေရာတွင် ကြောင်ရပ်နေပြီး သူက နတ်သမီးငယ်လေးထံမှ အထင်သေးခြင်းခံရသည့်အချက်မှာ သူက သူ့ဖြစ်တည်မှု၏ ရည်ရွယ်ချက်ကို အသည်းအသန်ပင် သိချင်စပြုလာသည်အထိပင်။

သူက တကယ်ပဲ... အသုံးမဝင်တဲ့ ကျောက်တုံးတစ်ခုလား။

သူက မျက်လုံးတစ်ထောင် နတ်ဆိုးနဂါးနှင့် တိုက်ပွဲအတွင်း သူက အန်လင်းကို ကြွားရန် ကြိုးစားခဲ့သော်လည်း နောက်တော့ ပြန်အကယ်ခံလိုက်ရသည်ကို တွေးမိသွားလေ၏။

ပြီးတော့ ယခုလဲ သူက ဆန်းကြယ်နယ်မြေ၏ ဝင်ပေါက်၌ ရပ်နေသော်လည်း ရှေ့သို့ တစ်လှမ်းတိုးရန်ပင် ကြောက်ရွံ့နေပေ၏...။

သူက လူတိုင်းနဲ့ ယှဉ္ရင် တကယ်ပဲ အသုံမကျတဲ့ ​ကျောက်တုံးတစ်တုံးလား။

မဟုတ်ဘူး။ ငါက ကြီးမြတ်တဲ့ ဟုန်ဒူပဲ လူတိုင်းကို ရှုံးနိမ့်မှာ မဟုတ်ဘူး။

အနည်းငယ် စိတ်အတက်အကျများ ဖြစ်ပြီးနောက် သူ့ရင်ဘတ်မှ မီးတောက်များက စိတ်ပိုင်းဖြတ်မှုအသစ်များနှင့် ပြန်လည်တောက်ပလာပေ၏။

"ဟွန့်... ငကြောက်တွေ တကယ့်စစ်သည်တော်ဆိုတာဘာလဲ မင်းတို့ကို ပြရသေးတာပေါ့။ ပါးပါးဟုန်ဒူနောက်က လိုက်ခဲ့ကြ။" ဟုန်ဒူက အံတင်းတင်းကြိတ်ကာ အပြာရောင်အလင်းပြားကို ဖြတ်သွားလိုက်၏။

စောင့်ကြည့်နေလိုက်စမ်းပါ။ ကြီးမြတ်ဟုန်ဒူက လမ်းပြပေးမယ်။

ဟုန်ဒူ၏ သတ္တိရှိသော အပြုအမူများက လူတိုင်းကို အံ့ဩ လေးစားသွားစေ၏။

"တော်တယ်..." အန်လင်းက အသံကူးပြောင်းကာ ချီးကျူးလိုက်၏။

"အဲဒါက အရမ်းကောင်းတယ်။" တီနာကပြန်ဖြေလိုက်၏။

တစ်မိနစ်အကြာတွင် လင်းယင်က ဟုန်ဒူ၏ တည်ရှိမှု အစီအရင်ကို ထုတ်လိုက်၏။ "ဟုတ်ဒူက အသက်ရှင်နေသေးတယ်။ အဲ့တော့ ငါတို့လဲ ဝင်ဖို့ ဘေးကင်းလောက်တယ်။"

လူတိုင်းက သက်ပြင်းချလိုက်ကာ ဝင်ပေါက်ကို ဖြတ်ကာ တစ်ယောက်ချင်း ဝင်လာလိုက်တော့သည်။

---------------------------

All Chapters