နှေးကွေးစွာ လှုပ်ရှားနေသော ဆန်းကြယ်နယ်မြေ
Vol. 36 Ch. 501
အပြာရောင် အလင်းပြားကို ဖြတ်သန်းပြီးနောက် အန်လင်း၊ လျှိုချူးချူးနှင့် လင်းယင်တို့က အဝါဖျော့ဖျော့ကောင်းကင်တစ်ခု ရှိနေသော နယ်မြေတစ်ခုကို ရောက်လာကြ၏။ ထို့နောက် သူတို့က သူတို့ မျက်စီရှေ့တွင် ရှိနေသောမြင်ကွင်းကြောင့် ကြောင်အသွားလေတော့သည်။
အန်လင်း၏ မျက်လုံးများက ပြူးကျယ်သွားပြီး
အသက်ပြင်းပြင်း ရှုလိုက်လေ၏။ "ငလူး..."
လျှိုချူးချူး၏ ပါးစပ်လေးက အနည်းငယ်ပွင့်သွားကာ သူမက ထစ်ထစ်အအဆိုလာ၏။ "ဘုရားရေ..."
လင်းယင်မှာ အံ့အားသင့်လွန့်နေ၍ သူမ၏ အဖြူရောင် လက်တံများအားလုံးက လေထဲတွင် အေးခဲသွားလေ၏။ သူမ၏ အပြာရောင် မျက်လုံးများက ပြူးထွက်လာလေတော့သည်။
တီနာက လက်ဖြင့် သူမပါးစပ်ကို ပိတ်ထားလိုက်၏။ "မြင့်မြတ် စိတ်ဝိညာဉ် မျှော်စင်တွေ အများကြီးပဲ..." သူမက ငေးငိုင်စွာ ရေရွတ်လိုက်၏။ "ထင်ထားတဲ့အတိုင်းပဲ... မြင့်မြတ် စိတ်ဝိညာဉ် မျှော်စင်တွေက ပန်ဂူးချန်ထားခဲ့တယ်လို့ ပြောတဲ့ ဒဏ္ဍာရီတွေ အားလုံးက အကုန် အလိမ်တွေပဲ..."
အန်လင်းက မျက်လုံးလှန်လိုက်၏။ "ဒါတွေက နယ်မြေအဆီအနှစ် ကျောက်တုံးတွေလို့ခေါ်တယ်။ ကျေးဇူးပြုပြီး မြင့်မြတ်စိတ်ဝိညာဉ် မျှော်စင်တွေလို့ ခေါ်နေတာ ရပ်ပါတော့။ အဲဒါက အတော်လေး ထူးဆန်းနေတယ်။"
သူပြောတာက မှန်တာပဲ။ သူတို့ရှေ့တွင် ရှိနေသည်မှာ နယ်မြေအဆီအနှစ် သလင်းကျောက် ကွင်းကြီးတစ်ခုပင် ဖြစ်လေ၏။
သူတို့နှင့် မီတာရာပေါင်းများစွာ အဝေးထိရှိသော အဖြူရောင် မြေပြင်ကျယ်ကြီးပေါ်တွင် မရေမတွက်နိုင်သော နယ်မြေအဆီအနှစ် သလင်းကျောက်များက မြေပြင်မှ အပင်များကဲ့သို့ ထိုးထွက်နေလေ၏။ သူတို့က ယပ်တောင်ပုံံရှိကာ ပေပေါငါးသောင်းချီရှည်လျားသော အနက်ရောင်တိုင်ကြီး၏ ပတ်လည်တွင် ပေါက်နေလေ၏။
တစ်ချက်ကြည့်ရုံဖြင့် အနည်းဆုံး နယ်မြေအဆီအနှစ် သလင်းကျောင်အဖြူက ၃၀၀ခန့်၊ နယ်မြေအဆီအနှစ် သလင်းကျောက် အစိမ်းက ဒါဇင်အနည်းငယ်၊ နယ်မြေအဆီအနှစ် သလင်းကျောက် အပြာက ၂၀ကျော် ရှိလေ၏။ အပြည့်အဝပွင့်လန်းနေသော ပန်းပွင့်ကဲ့သို့ တောက်ပနေသော နယ်မြေအဆီအနှစ် သလင်းကျောက် အနီရောင် ၉ခုလဲ ရှိသေး၏။ ထို့အပြင် ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက် သုံးခုပင် ရှိသေး၏။ ထိုရွှေရောင် နယ်မြေအဆီအနှစ် သလင်းကျောက်များက အနက်ရောင်တိုင်ကြီး၏ အစွန်းတွင် ရှိနေပြီး ရွှေရောင် အလင်းများ ဖြာထွက်နေလေ၏။
အန်လင်း၏ မျက်လုံးများက ရွှေရောင် နယ်မြေအဆီအနှစ်သလင်းကျောက်တွင်သာ မြဲမြဲမြံမြံ ရှိနေလေ၏။ သူက အဲဒါတွေ ရမှ ဖြစ်မယ်။
"ဟမ်...။ ဟိုကို ကြည့်လိုက်ကြစမ်း။ ဟုန်ဒူရဲ့ အခြေအနေက နည်းနည်းထူးခြားနေတယ်မလား။" လင်းယင်က ရုတ်တရက် ပြောလိုက်၏။
သူတို့က ထိုသည်ကို ကြားပြီးနောက် ရှေ့ကို ကြည့်လိုက်ကြ၏။ ဟုန်ဒူမှာ သူတို့ရှေ့တွင် တစ်ချိန်လုံး ရှိနေခဲ့သည်ဖြစ်သော်လည်း သူတို့၏ မျက်လုံးများက နယ်မြေအဆီအနှစ် သလင်းကျောက်လယ်ကွင်းဆီသို့သာ နစ်မြုပ်နေကြပြီး သူ့၏ တည်ရှိမှုကို သဘာဝအလျောက်ပင် လျစ်လျူရှုလိုက်ကြ၏။
ယခုတွင် သူတို့က သူ့အပေါ်ကို အာရုံစိုက်မိသွားပြီး ဟုန်ဒူက သူတို့ရှေ့ မီတာအနည်းငယ်တွင် ရှိနေသည်ကို သဘောပေါက်သွားလေ၏။ သူက သူတို့အား ကျောပေးထားပြီး ပြေးနေလေ၏။ သူက နယ်မြေအဆီအနှစ် သလင်းကျောက်များဆီသို့ စိတ်လှုပ်ရှားစွာ ပြေးနေသကဲ့သို့ပင်။ သို့သော် ဟုန်ဒူ၏ 'ပြေးနေခြင်း'မှာ သူတို့မျက်လုံးထဲတွင် အလွန်နှေးနေလေ၏။ သူ့၏ လှုပ်ရှားမှုများက အဆတစ်ထောင်ခန့် နှေးကွေးသွားသကဲ့သို့ပင်...။
အန်လင်းက မျက်နှာမဲ့လိုက်လေ၏။ "ဟုန်ဒူ မင်းဘာတွေ ဆော့နေတာလဲ။" သူက အော်ဟစ်လိုက်၏။
သူ့၏ သန်မာပြီး ထွားကြိုင်းသော ခန္ဓာကိုယ်က တုန်ယင် သွား၏။ ထို့နောက် သူက ခေါင်းကို ခက်ခက်ခဲခဲလှည့်လိုက်ကာ ပြောလိုက်လေ၏။ "ဒီ...နယ်...မြေ...က...တစ်...ခု...ခု...မှား...နေ...တယ်။"
ဟုန်ဒူက အဓိပ္ပာယ်မရှိသည်များကို ပြောဆိုနေကာ သူတို့၏ အချိန်တစ်မိနစ်ကို ဖြုန်းတီးလိုက်လေ၏။
အန်လင်း၊ လျှိုချူးချူးနှင့် တခြားသူများက ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်ကြ၏။ တဖြည်းဖြည်းနှင့် သူတို့က သူတို့ရှေ့တစ်မီတာခန့်တွင် တည်ရှိနေသော ရွှေရောင်ဖျော့ဖျော့မျဉ်းကြောင်းတစ်ခုအပေါ်သို့ စိုက်ကြည့်လိုက်ကြ၏။ ထိုရွှေရောင်မျဉ်းကြောင်းမှာ လုံးဝပင် မတူညီသော နယ်မြေနှစ်ခုကြားမှ အပိုင်းအခြားတစ်ခု ဖြစ်ပုံရပေ၏။
အန်လင်းက သူ့လက်ကို ရွှေရောင်မျဉ်းကြောင်းပေါ်သို့ ဆန့်တန်းလိုက်ရာ သူက ချက်ချင်းပင် နှေးကွေးသွားသည်ဟု ခံစားလိုက်ရ၏။ ဤခံစားချက်က အလွန်ပင် မနှစ်မြို့ဖွယ် ဖြစ်နေလေ၏။ သူ့၏ စိတ်က မနှေးကွေးသေးပါပေ။ သို့သော် သူနှင့်ပတ်သတ်သမျှ အရာအားလုံးက နှေးကွေးလာပေ၏။
ထိုသည်က ဖိအားတစ်ခုခုကြောင့် ဖြစ်ပွားလာခြင်းရော ခန္ဓာကိုယ်၏ သဘာဝ တုန့်ပြန်မှုကြောင့်ရော မဟုတ်ပါပေ။ ဤနှေးကွေးမှုက မွေးကတည်းက တပ်ဆင်ပေးလိုက်သော တစ်စုံတစ်ခုဟု ခံစားရပေ၏။
"ဒီနယ်မြေက ထူးဆန်းပေမဲ့ ငါတို့အတွက် အန္တရာယ်ရှိတဲ့ပုံတော့ မပေါ်ပါဘူး။" လင်းယင်က ထပ်ပေါင်းပြောလိုက်လေ၏။ "အဲဒါအပြင် ရှေးဟောင် ထိုက်ချူကုန်းမြေကြီးရဲ့ သတ္တတွေဆီက ခြိမ်းခြောက်မှုလဲ မရှိဘူး။"
သည်လိုနှင့်ပင် လူတိုင်းက တစ်ယောက်ကိုယ်တစ်ယောက် ထပ်မံ ကြည့်ရှုလိုက်လေ၏။ ထို့နောက် သူတို့က တူညီသည့် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ကြလေ၏။
ဝင်ကြမယ်...။
နယ်မြေအဆီအနှစ်သလင်းကျောက်လယ်ကွင်းက သူတို့ကို အလွန်ဆွဲဆောင်နေပေ၏။ သူတို့က ဟုန်ဒူတစ်ယောက်တည်း အကုန်ရသွားမည်ကို ခွင့်မပြုနိုင်ပါပေ။
အချိန်က အရေးအပါဆုံးဖြစ်ကာ သူတို့က နောက်ကျနေ၍ မဖြစ်ပါချေ။
နောက်ထပ်တုံ့ဆိုင်းမနေတော့ပဲ သူတို့အားလုံးက ရွှေရောင် မျဉ်းကြောင်းဆီသို့ တတ်နိုင်သမျှ မြန်မြန်တိုးဝင်သွားလေ၏။
အန်လင်းက အပြင်ဘက်မှ သူ့၏ အစွမ်းအထက်ဆုံး အရှိန်ကို အသုံးပြုလိုက်လေ၏။ ထိုသည်က လေတောင်ပံနှင့် ဝါဟောဓားပင်။ သူက သူ့၏ အရှိန်က သူ့အား ၁၀မီတာကျော် ရှေ့ရောက်နေသော ဟုန်ဒူကိုကျော်ပြီး သယ်သွားရန်မျှော်လင့်နေပေ၏။
သို့သော် သူက အလွန်မိုက်မဲ လွန်ခဲ့သည်ဖြစ်၏။ သူက ရွှေရောင်မျဉ်းကြောင်းကို ကျော်လိုက်သည်နှင့် အရာရာက နှေးကွေးလွန်းသွား၍ သူက မည်သို့ ပျံသန်းရမည်ကိုပင် မေ့သွားလေ၏...။
ဘုတ်...
သူ့မျက်နှာက မြေပြင်ပေါ်သို့ ထိုးကျသွားရာ လေးမိတာထိရှည်သော တွင်းကြီးတစ်ခု ဖြစ်သွားလေ၏။
လျှိုချူးချူး : "..."
တီနာက အန်လင်း၏ ဆံပင်ကို ဆွဲကိုင်ကာ သူမသည်လည်း မည်သို့ ပျံရမည်ကို မေ့သွားလေ၏။ သူမ၏ တောင်ပံများက မူမမှန်စွာ တစ်ဖြတ်ဖြတ်ခတ်နေပြီး သူတို့က ဖြစ်ပွလာသော အားအင်မှာ မခန်းမှန်းနိုင်သည်အထိ အတက်အကျများနေပေ၏။ ထိုသည်က အရာရာမှာ မူမမှန်ကာ ဖရိုဖရဲ ဖြစ်လာသကဲ့သို့ပင်။
ဤသည်များ အားလုံးက... အလွန်ပင် ကသိကအောက်ဖြစ်စေ၏။
ဤသည်မှာ အထူးသဖြင့် လင်းယင်ဖြစ်လေ၏။ လေထုအလယ်တွင် မျောနေသည်ကို အကျင့်ဖြစ်နေသော ရေခူတစ်ကောင်အနေဖြင့် သူမက မြေပြင်ပေါ်တွင် သူမ၏ လက်တံများကို အသုံးပြုကာ တွားသွားနေရပေ၏။ သူမက ဤကဲ့သို့ တစ်ခါမှ တွားမသွားဖူးသည်ကို သိထားရပေမည်။
သို့ဖြစ်၍ သူမက သူတို့အထဲတွင် "ခြေထောက်" အများဆုံးရှိသော်လည်း ဆန်းကြယ်နယ်မြေထဲသို့ ဝင်ရောက်လိုက်သည်နှင့် နောက်ဆုံးနေရာသို့ ရောက်ရှိသွားပေ၏။
"နာ...လေး..ငါ့...ကို...ရွှေ...ရောင်...တွေ...ရ...အောင်...ကူ...ညီ...ပေး..."
အန်လင်းက ထိုအမိန့်ကို ပြောပြရန် အတန်ပင် ကြိုစားလိုက်ရ၏။ ထိုအချိန်၌ တီနာက သူ့ပုခုံးပေါ်မှ ခုန်ဆင်းကာ ရွှေရောင်နယ်မြေအဆီအနှစ်များဆီသို့ တစ်ဟုန်ထိုး ပြေးသွားလေ၏။
သူက လူတိုင်းထက် မီတာအနည်းငယ် ရှေ့ရောက်နေသော်လည်း ပြန်ထရန်အတွက် အချိန်အတော်များများ လိုအပ်ပေ၏။ တဖြည်းဖြည်းနှင့် သူ့ကို လျှိုချူးချူးက ကျော်သွားလေ၏။
"ဟုန်...ဒူ...ငါ့...ကို...စောင့်...အုံး..."
အန်လင်းက သူ"ပြေး"နေရင်းနှင့် အသည်းအသန် အော်လိုက်လေ၏။
ဟုန်ဒူက လှည့်မကြည့်ခဲ့ပါပေ။ "ဟက်...ဟက်..." သူက လှောင်ပြုံးလိုက်ပေ၏။
ထိုသည်က အလွန်ထူးခြားသော ခံစားချက်ဖြစ်၏။ သူတို့အားလုံးက လွတ်လပ်ပေါ့ပါးကာ အပူအပင်မဲ့သော ကလေးဘဝသို့ ပြန်ရောက်သွားသည်ဟု ခံစားရ၏။ သူတို့က ဤနယ်မြေထဲတွင် ပြေးနေရင်း အရာရာတိုင်းက သဘာဝကျလွန်းကာ အပန်းဖြေသည်ဟု ခံစားရ၏။
သူတို့က အရာရာကို ဘေးဖယ်ထားလိုက်လေ၏။ အမှန်တကယ်တော့ သူတို့က အင်မော်တယ် မန္တန်များမည်သို့ ရွတ်ဆိုရသည်နှင့် သက်ရှိစွမ်းအင်ကို မည်သို့ လည်ပတ်ရမည်ကို မေ့သွားခဲ့ပြီး ဖြစ်၏။
"ဟား...ဟား...ငါက...ပျော်...နေ...တဲ့...နတ်...သ...မီး...လေး...ပဲ..." တီနာက ပြေးနေရင်း စိတ်လှုပ်ရှားစွာ အော်ရယ်နေလေ၏။
"ငါ...တ...ကယ်...ဒီ...လို...ပြေး..ရ...တာ...ကို...ကြိုက်...လာ...ပြီ..." လျှိုချူးချူး၏ မျက်လုံးများက အပြုံးတစ်ခုအဖြစ် ကွေးသွားလေ၏။ သူမ မျက်နှာထက်တွင် ပျော်မွေ့နေဟန် ရှိလေ၏။
သူတို့မသိလိုက်ခင်မှာပင် အချိန်၁၀မိနစ်က ကုန်ဆုံးသွားလေပြီ။ အန်လင်းမှာ အစွမ်းကုန်ပြေးနေဆဲ ဖြစ်သော်လည်း သူနှင့် ဟုန်ဒူကြားမှ အကွာအဝေးကို မလျော့နိုင်ပဲ ရှိနေလေ၏။ ဤသို့ဆက်ဖြစ်နေပါက သူ့၏ နယ်မြေအဆီအနှစ်သလင်းကျောက်များက လုယူခံရနိုင်သည့် အန္တရာယ် ရှိနေလေ၏...။
တီနာက ဒုတိယနေရာတွင်ဖြစ်ကာ သူမက ဟုန်ဒူထက် ၁၀မီတာသာ နောက်ကျနေ၏။ သူမ၏ ခြေလှမ်းများက သေးငယ်ပါသော်လည်း သူလျှောက်နိုင်သော ခြေလှမ်းအရေအတွက်မှာ သူတို့အားလုံးထက် များလေ၏။
အတိုချုန်းဆိုရသော် သူမက ဟုန်ဒူထက် အနည်းငယ် လျှင်မြန်စွာ ရွှေ့လျားနေလေ၏။ သို့သော် သူမက ဟုန်ဒူက ရွှေရောင် နယ်မြေအဆီအနှစ် သလင်းကျောက်ဆီသို့ မရောက်ခင်၌ သူ့ကို ကျော်သွားမည်လားဆိုသည်မှာတော့ မရှင်းလင်းသေးပါပေ။
လျှိုချူးချူးက တတိယနေရာတွင် ဖြစ်ပြီး သူမက တီနာထက် ၅မီတာသာ နောက်ကျနေပေ၏။
အန်လင်းက စတုတ္ထနေရာတွင်ဖြစ်ကာ သူမက လျှိုချူးချူးထက် ၆သို့မဟုတ် ၇မီတာခန့် နောက်ကျနေလေ၏။
လင်းယင်မှာ နံပါတ်၅နေရာတွင်ဖြစ်ပြီး သူမက အန်လင်းထက် ၁၀မီတာကျော် နောက်ကျနေပေ၏...။
မည်သို့ဆိုဆို လင်းယင်မှာ စိတ်ပျက်နေပြီ ဖြစ်၏။ သူမက ရိုးရိုးရှင်းရှင်း နယ်မြေအဆီအနှစ် သလင်းကျောက်ဖြူများကိုသာ ရိတ်သိမ်းရန် ဆုံးဖြတ်ထားပြီး ဖြစ်လေ၏။
...
ထိုအခိုက်အတန့်တွင် အပြာရောင်အလင်းက လှိုင်းများထကာ မရင်းနှီးသော ပုံရိပ်နှစ်ခုက နယ်မြေထဲတွင် ပေါ်လာလေ၏။
ဂြိုလ်တစ်စုံနှင့် ကြက်သွေးရောင် မျက်လုံးတစ်စုံရှိသော အမျိုးသမီးတစ်ဦးက သူမမြင်လိုက်ရသည့်အရာကြောင့် ထိပ်လန့်သွားလေ၏။ "ဘုရားရေ... ကျောင်းလီရှင်း၊ ငါအိပ်မက်မက်နေတာလား။ နယ်မြေအဆီအနှစ် သလင်းကျောက်တွေ အများကြီးပဲ။"
"ကုန်ကော၊ အရမ်းကြီး အပင်ပန်းမခံနေနဲ့။ ဒီလိုနေရာမျိုးမှာ သတိလက်လွတ်မဖြစ်စေနဲ့။ အဝေးက လူတွေကို တွေ့လား။ ဒီနယ်မြေက တစ်ခုခု ထူးဆန်းတယ်။" ကျောင်းလီရှင်း၏ မျက်လုံးများတွင် အန္တရာယ်အငွေ့အသက်များ ရှိနေလေ၏။
သူ့၏ တုန့်ပြန်မှုက ကြောက်လန့်တကြား မြန်ဆန်ကာ သူ့လက်တစ်ဖက်ကို ခေါင်းပေါ်မြှောက်လိုက်ရာ သက်ရှိစွမ်းအင်က လည်ပတ်နေလေ၏။ ကြောက်မက်ဖွယ်စွမ်းအင် ပါဝင်နေသော အနက်ရောင် အလုံးတစ်ခုက လေထုအလယ်တွင် ပေါ်လာလေ၏။ ထို့နောက် ထိုသည်က အန်လင်းနှင့် တခြားသူများကို ဒေါသတကြီး ပစ်လွှတ်လိုက်လေ၏။
မည်သို့ဆိုဆို လုပ်ဆောင်ချက် ပြုလုပ်လိုက်ခြင်းက အဓိပ္ပာယ်မရှိသည်များ ပြောခြင်းထက် ပို၍ အကျိုးရှိပေ၏။
ကျောင်းလီရှင်းက အန်လင်းနှင့် တခြားသူများက ထူးဆန်းသည့်အခြေအနေတစ်ချို့တွင် ပိတ်မိနေသည်ကို သိပေ၏။ သို့ဖြစ်၍ သူက ထိုအခွင့်အရေးကို တုံ့ဆိုင်းခြင်းမရှိ အမိအရယူကာ လက်ဦးမှုကို ယူလိုက်လေ၏။ ထိုသည်က အစွမ်းထက် စစ်မှန်နတ်ဆိုးတစ်ဦးက မည်သို့ ပြုမူသင့်သည် ဖြစ်ပေ၏။
သို့သော် နောက်ထပ်ဖြစ်သွားသည်က သူ့အား အံ့ဩသွားစေ၏။ အနက်ရောင် အလုံးက နယ်မြေတစ်ချို့ကို ကျော်ဖြတ်သွားရာ ထိုအရာ၏စွမ်းအင်က လျော့နည်းလာပြီး လုံးဝပျောက်ကွယ်သွားလေ၏။
"ဒီဟာက... ငါတို့ပါ ဝင်သွားရမှာလား။" ခုန်းကောမှာ ထိုမြင်ကွင်းကြောင့် ကြောင်သွားလေ၏။
ကျောင်းလီရှင်းက နယ်မြေအဆီအနှစ်သလင်းကျောက် လယ်ကွင်းကြီးကို ငေးကြည့်ရင်း အတွေးလွန်နေလေ၏။ ခတ္တကြာပြီးနောက် သူက အံတင်းတင်းကြိတ်ကာ ဆိုလိုက်၏။ "ငါတို့ ဝင်ကြမယ်။ ဘာလို့ မဝင်ရမှာလဲ။ အဲဒါက မန္တန်နည်းစနစ် အသုံးပြုမှုကို တားဆီးထားတဲ့ နှေးကွေးနေတဲ့ ဆန်းကြယ်နယ်မြေနဲ့ တူတယ်။ ဒါပေမဲ့ ငါတို့မှာ တခြားအားသာချက်ရှိသေးတယ်လေ။ အဲဒါက ငါတို့က အခု ဒီဆန်းကြယ်နယ်မြေရဲ့ အကျိုးသက်ရောက်မှုတွေကို သိပြီလေ။ ငါတို့အပြင်ကနေ အဟုန်ယူပြီးတော့ သူတို့ကို ကျော်သွားအောင် အရှိန်ကို အသုံးချလို့ရတာပဲ။"
ခုန်းကော၏ မျက်လုံးများက လင်းလက်သွား၏။ "အဲဒါက အကြံကောင်းပဲ။"ယ
သည်လိုနှင့်ပင် သူတို့က သူတို့၏ အရှိန်ကို ပြင်ပမှ တည်ဆောက်လိုက်ကြလေ၏။ ထို့နောက် သူတို့က ရွှေရောင်မျဉ်းကြောင်းကို ဖြတ်ကျော်ကာ ဆန်းကြယ်နယ်မြေထဲသို့ ပျံသန်းသွားလေ၏။
အရာရာမှာ ထူးဆန်းလာပေ၏။ စစ်မှန်နတ်ဆိုးနှစ်ကောင်မှာ သူတို့ပတ်ဝန်းကျင်မှ အရာရာက နှေးကွေးသွားကာ သူတို့က မည်သို့ ပျံသန်းရမည်ကို မေ့သွားသည်ဟု ခံစားလို့်ရ၏။
ဘုတ်...
စစ်မှန်နတ်ဆိုးနှစ်ကောင်၏ မျက်နှာက မြေပြင်သို့ စိုက်ကျသွားပြီး လေးမီတာရှိသော တွင်းကြီးတစ်ခု ဖြစ်ပေါ်လာလေ၏။
----------