လျစ်လျူရှုခံရသော အလင်းတန်း
Vol. 36 Ch. 503
နောက်ဆုံးနေရာတွင် ရှိနေသော လင်းယင်က သူတို့နောက်မှ ရုတ်ရုတ်သဲသဲဖြစ်ခြင်းကို ပထမဆုံး အာရုံခံမိသွားလေ၏။ "ဂ...ရု...စိုက်...ကြ...ဟေ့..." သူက အလန့်တကြား အော်ဟစ်လိုက်၏။ "ငါ...တို့...နောက်...မှာ...စစ်...မှန်...နတ်...ဆိုး...နှစ်...ကောင်...ရှိ...တယ်..."
ထိုသည်ကို ကြားပြီးနောက် လူတိုင်းက လှည့်ကြည့်လိုက်လေ၏။ ထို့နောက် သူတို့က မြေပြင်ပေါ်တွင် ခေါင်းစိုက်နေကြသော နတ်ဆိုးနှစ်ကောင်ကို တွေ့လိုက်ကြ၏။
ထိုရင်းနှီးသာ မြင်ကွင်းကို တွေ့လိုက်ပြီးနောက် သူတို့အားလုံးမှာ ပြောစရာမဲ့နေကြလေ၏။ အမှန်တကယ်မှာ သူတို့က မယုံနိုင်စွာနှင့် ကောင်းကင်သို့ မော့်ကြည့်ချင်တာဖြစ်၏။
အန်လင်းက မျက်နှာ ရှုံ့မဲ့သွားလေ၏။ အဲ့စစ်မှန်နတ်ဆိုးနှစ်ကောင်က ငါ့ကို အလေးပြုနေတာလား။
ခပ်မြန်မြန်ကြည့်လိုက်ပြီးနောက် သူတို့က နယ်မြေအဆီအနှစ် သလင်းကျောက်များဆီသို့ ပြန်ကာ အာရုံစိုက်သွားကြလေ၏။ သူတို့က ရေှ့သို့ ဆက်လက်ပြေးနေကြလေသည်။
မှန်ပါ၏။ မည်သူက သူတို့က စစ်မှန်နတ်ဆိုးများဖြစ်သည်ကို ဂရုစိုက်ပေမည်နည်း။
ဤနယ်မြေအတွင်း၌ သူတို့က စစ်မှန်နတ်ဆိုးလား နတ်ဆိုးအတုများလားဆိုသည်က နည်းနည်းပင် အရေးမပါပါပေ။ နယ်မြေအဆီအနှစ် သလင်းကျောက်ကို ရယူနိုင်သည့် တစ်ခုတည်းသောနည်းမှာ မြန်မြန်ပြေးဖို့ပင် ဖြစ်၏။
မြေပြင်ပေါ်သို့ လဲကျသွားသော နတ်ဆိုးနှစ်ကောင်ကလည်း မတွေးတတ်အောင်ဖြစ်နေပေ၏။ သူတို့နှစ်ဦးအား တစ်ချက်မျှ ကြည့်ရှုပြီးနောက် သူတို့၏ ရန်သူများက တစ်ခွန်းမှပင် မပြောကြပါပေ။ သူတို့က ဘာမှမဖြစ်ခဲ့သလို လှည့်သွားကာ ဆက်လက်ပြေးနေပေ၏။
"ငါ...တို့...ကို...လျစ်...လျူ...ရှု...သွား...ကြ...တယ်..." ခုန်းကောက နှေးကွေးစွာ ပြောလိုက်လေ၏။
"စိတ်မပူပါနဲ့ ငါတို့က သူတို့ကို ခဏလေးနဲ့ မှီသွားမှာ။ စစ်မှန်နတ်ဆိုးတစ်ယောက်ရဲ့ ကိုယ်ခန္ဓာက အရမ်းကို ထူးခြားပြီး အထင်ကြီးစရာကောင်းတာ။" ကျောင်းလီရှင်းက ယုံကြည်ချက်များ ပြည့်နှက်နေကာ မရေမတ္က်နိုင်သော တိုက်ပွဲဆန္ဒများက သူ့ခန္ဓာကိုယ်မှ ထိုးထွက်လာပေ၏။
သည်လိုနှင့်ပင် သူတို့နှစ်ဦးက မြေပြင်ပေါ်မှ ပြန်ထရန်အတွက် မိနစ်အနည်းငယ် သုံးလိုက်ရပေ၏။
သူတို့နှင့် ရန်သူများကြားမှ အကွာအဝေးမှာ မီတာပေါင်းများစွာ ကျယ်ပြန့်လာလေ၏...။
ကျောင်းလီရှင်းက အရှုံးပေးရန် ဆန္ဒမရှိပါပေ။ သူက သူ့၏ ခွန်အားများအားလုံးကို စုစည်းလိုက်ကာ ပြေးလိုက်လေ၏။
သို့သော် အလွန်နှေးကွေးလှသော ခံစားချက်က သူ့ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံလာလေ၏။ ထိုသည်က နှေးကွေးခြင်းမှာ ဤဆန်းကြယ်နယ်မြေ၏ စစ်မှန်ဆန္ဒတစ်ခုကဲ့သို့ပင်။ အရာရာတိုင်းက ဖယ်ရှားခံလိုက်ရပြီး နှေးကွေးလာလေ၏။
ကျောင်လီရှင်းနှင့် ခုန်းကောတို့၏ အစွမ်းထက်လှသော ခန္ဓာကိုယ်များ၏ အားသာချက်က လုံးဝပင် ဖိနှိပ်ခံလိုက်ရပုံ ရပေ၏။ သူတို့နှင့် အန်လင်းကြားမှ အကွာအဝေးမှာ အနည်းငယ်မျှပင် နီးကပ်မလာပါပေ။
သို့သော် သူတို့နှင့် ရေခူကြားမှ အကွာအဝေးမှာ နည်းနည်းချင်းနီးကပ်လာသည်မို့ စိတ်သက်သာရာ ရပေ၏...။
တစ်နာရီအကြာတွင် သူတို့က နောက်ဆုံးတွင် ရေခူကို ကျော်လုနီးနီး ဖြစ်လာလေ၏။
"ဟမ့်... မင်းတို့တွေရဲ့ အရှိန်က အရမ်း-အရမ်း..."
သို့သော် ကျောင်းလီရှင်းနှင့် ခုန်းကောတို့က ရေခူကို ကျော်လုဆဲဆဲတွင် ထိုအရာ၏ လက်တံများက ရုတ်တရက် သူတို့ခန္ဓာကိုယ်တွင် ရစ်ပတ်လာလေ၏။
ထို"ရုတ်တရက်" အမှန်တကယ်တော့ အလွန်နှေးကွေးလှပေ၏။ သို့သော် စစ်မှန်နတ်ဆိုးများ ရွေ့လျားနေသော အရှိန်က ထိုလက်တံများကို မရှောင်နိုင်ခဲ့ပါပေ။
ခုန်းကောက အလန့်တကြား ရှုံ့မဲ့သွားလေ၏။
ကျောင်းလီရှင်း : "..."
"ဘာလဲဟ။ နင်က ဒီမှာ ငါတို့နဲ့ တိုက်ချင်သေးတယ်ပေါ့။" ကျောင်းလီရှင်းက အံ့ဩ စိတ်ရှုပ်နေပေ၏။
သူက ရေခူမှာ ကိုယ်ကျိုးကို စတေးပြီး တိုက်ပွဲအလယ်တွင် သူတို့ကို ဆွဲထားကာ ရှေ့က လူများကို ကူညီလိမ့်မည်ဟု မထင်ထားခဲ့ပါပေ။
"ကျေးဇူးပြုပြီး ငါ့ကိုပါ သယ်သွားစမ်းပါ။" လင်းယီက တောင်းပန်လိုက်၏။ "ငါက ရှေ့ကလူတွေကို မမီနိုင်ဘူး။"
"ငါက ဘယ်လို လမ်းလျှောက်ရမလဲမသိဘူး။ ပြီးတော့ ငါ့ရဲ့ လက်တံတွေကလဲ ကောင်းကောင်း မဆန့်နိုင်ဘူး...။" လင်းယင်က ဆက်ပြောလာ၏။ "နင်တို့က ကျော်သွားနိုင်တယ်။ အဲ့တော့ ငါနင်တို့အပေါ်ကို ကပ်ပြီးလိုက်လို့ရတယ်... ငါ့ကို ပေးစီးပါ ကျေးဇူးပြုပြီး။"
ကျောင်းလီရှင်း : "..."
"အဲဒါဆိုလဲ ဒီမှာမကပ်နဲ့။ တခြားနေရာမှာ ကပ်ပြီးလိုက်။" ခုန်းကော၏ ရင်ဘတ်မှာ အတော်ပင် အထင်ကြီးစရာဖြစ်ကာ လက်တံများက သူတို့နှင့် နီးနီးကပ်ကပ်တွင် ရစ်ပတ်ထားလေ၏။ ထိုသည်က သူမ၏ မျက်နှာကို ရှက်သွေးဖြာစေ၏။
"ဟုတ်ပြီ။" လင်းယင်က အလွန်ပင် ပူးပေါင်းဆောင်ရွက်နေပြီး နာနာခံခံနှင့် သူမ၏ လက်တံများကို ခုန်ကော၏ ခါးသွယ်သွယ်ဆီသို့ ရွေ့လျားလိုက်လေ၏။
ကျောင်းလီရှင်းက သူ့ခါးတွင် ပတ်နေသော လက်တံများကို ဆွဲနုတ်လိုက်သော်လည်း သူတို့က အံ့ဩလောက်စွာ မြဲမြံနေသည်ကို တွေ့လိုက်ရလေ၏။ ထို့အပြင် သူတို့က ရူးလောက်အောင် သန်မာပြီး နည်းနည်းလေးမှပင် ကြွမလာပါပေ။ သူ့၏ ချွန်ထက်လှသော လက်သည်းများကပင် ခြစ်ရာတစ်ခု ချန်မထားခဲ့နိုင်ပါပေ။
ဒီစောက်ကျိုးနည်း ဆန်းကြယ်နယ်မြေ... ဤသဘာဝ နိယာမကြောင့်သာ မဟုတ်ပါက...
ကျောင်းလီရှင်းမှာ တိတ်ဆိတ်နေ၏။ သူက လင်းယင်ကို လျစ်လျူရှုကာ ရှေ့ဆက်ပြေးနေလေ၏။
သူ့၏ ပန်းတိုင်မှာ နယ်မြေအဆီအနှစ် သလင်းကျောက်များကို ရရှိရန် ဖြစ်ပေ၏။ ဤကိစ္စက နောက်မှ ဖြေရှင်း၍ ရနိုင်ပေ၏။
သည်လိုနှင့်ပင် စစ်မှန်နတ်ဆိုးနှစ်ကောင်က လင်းယင်ကို ဆွဲကာ ပြေးနေကြသော "တွန်းလှည္းများ" ဖြစ်လာပေ၏။
လင်းယင်မှာ လုံးဝပင် တက်ကြွနေပေ၏။ သူမက အလွန်ကြာအောင် လက်တံများဖြင့် တွားသွားပြီးနောက် ပျို့အန်လုဆဲဆဲဖြစ်နေလေ၏။
ဤခံစားချက်မှာ အများကြီး ပိုကောင်းပေ၏။ ယခုတွင် သူမကို ရှေ့သို့ခေါ်သွားပေးသော သူများ ရှိနေ၏။ ထိုသည်က သူမက ပျံနေသည်ဟု ခံစားရပေ၏။
ဦးဆောင်နေဆဲ ဖြစ်သော ဟုန်ဒူမှာ နယ်မြေအဆီအနှစ်သလင်းကျောက်လယ်ကွင်းနှင့် မီတာ၂၀၀သာ ဝေးပေတော့သည်။
သူက အရင်က ဤမျှအထိ ဖြစ်မြောက်သွားသည်ဟု တစ်ခါမှ မခံစားရပါပေ။
သူ့ထက် အဆင့်မြင့်ကာ အစွမ်းထက်သော ဂိုဏ်းတူ အစ်မ လင်းယင်အင်ဖြစ်စေ ထူးထူးဆန်းဆန်း သန်မာနေသော အန်လင်းပင်ဖြစ်စေ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ လွှမ်းမိုးနိုင်သော စစ်မှန်နတ်ဆိုးများ ဖြစ်စေ သူတို့အားလုံးမှာ သူ့နောက်မှ ပြေးလိုက်နေကြရ၏။
ယခုအချိန်တွင် သူတို့အားလုံးက အဘိုးဒူ၏ ခွန်အားကြီးသော ပုံရိပ်ကို ငေးကြည့်နေရပေ၏။
ထိုသည်က အလွန်ကောင်းမွန်သော ခံစားချက်ပင်...
သူက သူ့တပ်များအတွက် လမ်းကြောင်းကို ဦးဆောင်နေသည့် ဗိုလ်ချုပ်ကြီးတစ်ယောက်ကဲ့သို့ပင်။ သူသည် ဤအဖွဲ့တွင် အထင်ကြီးစရာအကောင်းဆုံးနှင့် မျက်လုံးထဲတွင် အထင်းဆုံး ပုဂ္ဂိုလ်ဖြစ်နေပေ၏။
သူကပိုပြေးလေလေ ပို၍ပျော်လာလေလေဖြစ်နေပေ၏။ သူ့ရင်ဘတ်မှ အနီရောင်မီးတောက်များက အရင်တုန်းကထက် ပိုလင်းနေပြီး သူ့၏ ဂုဏ်ယူဝင့်ကြွားရယ်သံကိုပင် ထိန်းမထားနိုင်ပါပေ။
မထင်မှတ်ထားစွာဖြင့် မြေပြင်က ရုတ်တရက် စတင် တုန်လှုပ်လာပေ၏။
လူတိုင်းက တုန်လှုပ်သွားလေ၏။ ငလျှင်မှာ သူတို့ကဲ့သို့ မနှေးကွေးပါပေ။ မြေပြင်ကြီးက အရှိန်ပြင်းပြင်းဖြင့် တုန်ခါနေပေ၏။ ဤရုတ်တရက် ပြင်းထန်သော တုန်လှုပ်မှု ကြောင့် ဖြည်းညှင်းစွာ ပြေးလွှားနေသော လူများကို ခြေထောက်ပေါ်မှ ပြုတ်ကျလုနီးပါး ဖြစ်သွားစေသည်။
အဖြူရောင် မြေပြင်ကျယ်ကြီးက ဖောင်းကြွကာ အက်ကွဲစပြုလာလေ၏...။
နိမိတ်ပြသော ခံစားချက်တစ်ခု သူတို့စိတ်ထဲသို့ တိုးဝင်လာလေ၏။ အကယ်၍ ယခုအချိန်တွင် ကံမကောင်းမှု တစ်စုံတစ်ရာ ဖြစ်ခဲ့ပါက သူတို့ပ ကိုယ့်ကိုယ်ကို ခုခံကာကွယ်နိုင်မည်လား။
မီးခိုးနှင့် ဖုန့်မှုန်များက နယ်မြေအဆီအနှစ်သလင်းကျောက် လယ်ကွင်းမှ မီတာတစ်ရာ အဝေးမှ မြေကွက်တစ်ခုဆီမှ ထွက်နေလေ၏။ ထို့နောက် ချက်ချင်းပင် အရိုးစု သတ္တဝါများ ရာကျော်က မြေကြီးပေါ်မှ တွားသွားထွက်လာကြ၏။ သူတို့က လူသား အရိုးစုများ၊ သားရဲ အရိုးစုများ...
"ငါရဲ့ ဘေးမဲ့တောကို ကျူးကျော်လာတဲ့ ဘယ်သူမဆို သေစေရမယ်။"
အရိုးစု သတ္တဝါများက ဟုန်ဒူကို အာရုံခံမိကာ ကြက်သွေးရောင်မီးတောက်ဘောလုံးများက သူတို့၏ မဲနက်ကာ ဗလာကျင်းနေသော မျက်လုံးအခွက်များမှ ထွက်ပေါ်လာလေ၏။ သူတို့က ဒေါသတကြီး အော်ဟစ်ကာ သူ့ဆီသို့ ကြောက်မက်ဖွယ်အရှိန်ဖြင့် တိုးဝင်လာလေ၏။
သူတို့က သာမန်လူသားများထက် အနည်းငယ်သာ ပိုမြန်သော်လည်း သူတို့၏ အရှိန်မှာ ဟုန်ဒူ၏ မျက်လုံးထဲတွင် ကြောက်မက်ဖွယ်ပင်ဖြစ်နေလေ၏။ ဤဆန်းကျယ်နယ်မြေ၏ ထူးဆန်းသော စွမ်းအားမှာ ထိုအရိုးစု သရဲများအပေါ်တွင် မသက်ရောက်ပါပေ။
ဟုန်ဒူက ကြမ်းတမ်းသော အရိုးစုများက သူ့ဆီသို့ ပြေးလာနေကြသည်ကို မြင်သောအခါ အလန့်တကြားဖြင့် ဘောင်းဘီထဲတွင် သေးပေါက်ချမိတော့မလိုပင် ဖြစ်သွားလေ၏။ သူ့မျက်လုံးများက အကြောက်တရားနှင့် နောင်တများ ပြည့်နေလေ၏။
သူက အဘယ်ကြောင့် ရှေ့က ပြေးရမည်နည်း။ အဘယ်ကြောင့် သူက ပထမဆုံး ဓားစာခံ ဖြစ်လာရမည်နည်း။
အရိုးစုသရဲများက ဟုန်ဒူဆီသို့ ခုန်အုပ်ကာ သူ့အားစတင် ရိုက်နှက်ကာ ကန်ကျောက်လာလေ၏။
ဟုန်ဒူက သူတို့ကို လက်သီးနဲ့ ထိုးသတ်ပစ်ချင်သော်လည်း သူ့၏လက်သီးမှာ ပိန်လိန်နေကာ တစ်စက္ကန့်လျှင် ငါးမီတာနှုန်းနဲ့ သွားနေပေ၏။ သူက မည်သည့်အရိုးကိုမျှ မထိနိုင်ခဲ့ပါပေ။
မကြာခင်မှာပင် ဟုန်ဒူမှာ မြေပြင်ပေါ် တွန်းချပြီး ပြင်းပြင်းထန်ထန် ရိုက်နှက်မှုရဲ့ အဆုံးသတ်ကို ခံလိုက်ရလေ၏။
ကံကောင်းသည်မှာ ဤအရိုးစုများမှာ အလွန်အစွမ်းမထက်လှပါပေ။ သူတို့၏ ခွန်အားမှာလည်း တာအိုခန္ဓာ အဆင့် ၅ သို့မဟုတ် အဆင့် ၆ ခန့်သာ ရှိပေ၏။
ဟုန်ဒူမှာ သက်ရှိစွမ်းအင်၏ စွမ်းအား သို့မဟုတ် သူ့ခန္ဓာကိုယ်၏ စွမ်းအားကို ထုတ်သုံး၍ မရသော်လည်း သူ့၏ တုတ်ခိုင်ပြီး ထူထည်းသော ခန္ဓာကိုယ်တစ်ခုတည်းကပင် ထိုအရိုးစုများ၏ တိုက်ခိုက်မှုကို တားဆီးရန် လုံလောက်ပေ၏။ သူက ဒဏ်ရာရမည့် မည်သည့် အန္တရာယ်မှ မရှိပါပေ။
သို့သော် ဒဏ်ရာမရသည်က အဓိက ပြသနာမဟုတ်ပါပေ။ ယခုတွင် သူက အသုံးမဝင်သော အရိုးစုတပ်၏ ထိုးနှက်ခြင်းကို ခံလိုက်ရပေ၏။ ထိုသည်က သိက္ခာချခံရခြင်း တစ်မျိုးပင် ဖြစ်ပေ၏။
"ထွက်...သွား..." ဟုန်ဒူက ဒေါသတကြီး ကြိမ်းဝါးလိုက်၏။ သူက အရိုးစုတပ်ကို အစွမ်းကုန် ခါထုတ်လိုက်သော်လည်း သူ့၏ ကြိုးစားမှုက အရာမထင်ပါပေ။ သူ့၏ တိုက်ခိုက်မှုများ အားလုံးက လွယ်လွယ်ကူကူ ရှောင်၍ရနေပေ၏...။
အရိုးစု သရဲရာကျော်ထဲမှ တစ်ဝက်က ဟုန်ဒူကို ကျော်သွားကာ အန်လင်းနှင့် တခြားသူများဆီသို့ ပြေးဝင်သွားလေ၏။
ထို့နောက် အန်လင်း၊ လျှိုချူးချူး၊ လင်းယင်၊ ကျောင်းလီရှင်းနှင့် ခုန်းကောတို့အားလုံးမှာ အရိုစုသရဲများ၏ ဖျက်ဆီးခြင်းခံရသော ကံကြမ္မာဆိုးကို ခံစားလိုက်ရပေ၏။
သူတို့အားလုံးမှာ အရိုသေခံ လေးစာကြည်ညိုထိုက်သော ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများဖြစ်ကြ၏။ သို့သော် ယခုတွင် သူတို့မှာ အားနည်းသော အရိုးစုတစ်သိုက်၏ အနိုင်ကျင့်ခြင်းကို ခံနေရပေ၏။ အရှက်ရခြင်းနှင့် နှိမ့်ချခံရသော ခံစားချက်တစ်ခုက သူတို့၏ နှလုံးသားထဲတွင် ဖြစ်တည်လာလေ၏။
"ရွံစရာကောင်းလိုက်တာ... ရွံစရာကောင်းလိုက်တာ... ဒါက အရမ်းလွန်သွားပြီ..." ကျောင်းလီရှင်း၏ မျက်နှာထက်တွင် နာကျင်ပြီး စိုးရိမ်ကြောင့်ကြသော သွင်ပြင်တစ်ခုပေါ်လာလေ၏။ ကြီးမားသော ဝံပုလွေ အရိုးစုကြီးက သူ့အပေါ်သို့ ခုန်အုပ်ကာ သူ့ခေါင်းပေါ်မှ ဂြိုလ်တစ်စုံကို စတင်ကိုက်ဝါးနေလေတော့သည်။
"အား... ရပ်ကြပါတော့..." လျှိုချူးချူးက စပါးအုံးမြွေအရိုးစုတစ်ခု၏ ရစ်ပတ်ခြင်းခံရပြီး ချော်လဲကာ မြေပြင်ပေါ်သို့ ကျသွားလေ၏။ သူမက အနီးနားမှ နယ်မြေအဆီအနှစ် သလင်းကျောက်လယ်ကွင်းကို ငေးကြည့်ကာ သူမ၏ နူးညံ့သော မျက်နှာထက်တွင် ပူဆွေးနေသော ဟန်ပန် ရှိနေပေ၏။
အန်လင်းမှာ ကြီးမားလှသော အရိုးစုဆင်ကြီးကြောင့် ပျံတက်သွားလေ၏။ ထို့နောက် သူက လူသားအရိုးစုများအပေါ်သို့ ပြုတ်ကျသွားလေ၏။
ဟုန်ကောမှာ သူမအား ထပ်ခါထပ်ခါ ထိုးသုတ်နေသော အရိုးစုငှက်မှား၏ ဝန်းရံခြင်းကို ခံနေရပြီး တဖြည်းဖြည်းနှင့် မြေပြင်ပေါ်သို့ လဲကျသွားလေ၏။
လင်းယင်မှာ အရိုးစု ခွေးများက သူမ၏ လက်တံများကို ကိုက်နေ၍ ထူးဆန်းသော အော်သံတစ်ခုကို ပြုလုပ်နေလေ၏။
ခဏအကြာတွင် လျှိုချူးချူး၏ အမူအရာက အေးစက်သွားလေ၏။ ထိုသည်မှာ သူမက ခက်ခဲနက်နဲသော တစ်စုံတစ်ခုကို မြင်လိုကိရသကဲ့သို့ပင်။
သူတို့အားလုံး လျစ်လျူရှုခဲ့သော ပုံရိပ်တစ်ခုက လက်ရှိတွင် နယ်မြေအဆီအနှစ် သလင်းကျောက်လယ်ကွင်းဆီသို့ ပြေးနေလေ၏။
သူမက အလွန်သေးငယ်ပေ၏...။
သို့သော် လျှိုချူးချူး၏ မျက်လုံးထဲတွင် သူမက လျစ်လျူရှုခြင်းခံရသော အလင်းတန်းလေးတစ်ခုပင်။ သူမက အောင်မြင်မှုဆီသို့ ထွန်းလင်းနေသော အလင်းတန်းလေးတစ်ခုဖြစ်၏။
အဖြူရောင် ဝတ်စုံနှင့် ချစ်စဖွယ် နတ်သမီးလေးက လေထဲတွင် တစ်ဖြတ်ဖြတ်ခတ်နေကာ နောက်ဆုံး မျဉ်းဆီသို့ လျှောက်လှမ်းသွားလေ၏။
၂စင်တီမီတာသာ ရှည်လျားသော သူမ၏ ခန္ဒာကိုယ်က သေးငယ်ပေ၏။ ဖြစ်နိုင်သည်မှာ... အရိုးစု သရဲများ၏ လျစ်လျူရှုခြင်းခံရသည်မှာ သူမ၏ သေးငယ်လှသော အရပ်ကြောင့် ဖြစ်နိုင်ပေ၏။ သူမက ဟုန်ဒူကို ကျော်ဖြတ်ကာ ပထမနေရာသို့ တိုးဝင်သွားလေ၏။
-----------