← Chapters

တီနာ၏ ခွန်အားပြသခြင်း

Vol. 36 Ch. 503

တီနာ၏ ခွန်အားပြသခြင်း

Vol. 36 Ch. 503

လျှိုချူးချူးမှာ တီနာ၏ သေးငယ်သော ပုံရိပ်ကို ပထမဆုံး သတိပြုမိသူဖြစ်၏။ သို့သော် အရိုးစုများ သူမကို ရှာတွေ့သွားသည်ကို ကာကွယ်ရန် သူမက တိတ်တိတ်နေလိုက်ပေ၏။

ခဏအကြာတွင် အရိုးစု အုပ်ကြီး၏ အရိုက်ခံနေရသော အန်လင်းသည်လည်း တီနာ၏ ပြေးနေသော ပုံရိပ်ကို သတိပြုမိသွားလေ၏။ သူမက အလွန်သေးသော်လည်း မျက်စိထဲတွင် ထင်းနေလေ၏။

ဤတွေ့ရှိမှုက သူ့အား အံ့ဩသွားစေပြီး ပျော်ရွှင်မှုက သူ့စိတ်ထဲသို့ တိုးဝင်လာလေ၏။

အန်လင်းက တုန့်ဆိုင်းသွားပြီး ပျော်ရွှင်မှုမျက်ရည်များက သူ့၏ မျက်ရည်ဝိုင်းနေသော မျက်လုံးများမှ ထွက်လာလေ၏။ သူက စိတ်ထဲ တီနာကို လက်မတစ်သောင်းထောင်ပြလိုက်လေ၏။

သွားထား တီနာ။ ငါပိုင်ဆိုင်တဲ့ ဂုဏ်သရေနဲ့ ဘုန်းတံခိုးကို ပြန်ယူလာခဲ့။

နယ်မြေ အဆီအနှစ် သလင်းကျောက်တွေအကုန်လုံးကို ယူလာခဲ့။ ဘာပဲဖြစ်ဖြစ် ဟီးဟီးဟီး... တီနာရဲ့ ပိုင်ဆိုင်မှုတွေက ငါ့ရဲ့ ပိုင်ဆိုင်မှုတွေပဲ။

အန်လင်းက အရိုးစု၏ လက်သီးက သူ့မျက်နှာအား ထိုးချလိုက်သည်ကို ကြည့်ကာ ပြုံးဖြဲဖြဲနှင့် ရယ်မောနေလေ၏။ ထိုအခိုက်အတန့်၌ အရိုးစုသရဲ၏ လက်သီးများကပင် နူးညံ့ကာ ညင်သာပုံ ပေါ်နေလေ၏။

တီနာမှာ နယ်မြေအဆီအနှစ်သလင်းကျောက်လယ်ကွင်းရှေ့သို့ ရောက်သောအခါ ခေတ္တမျှ ကြောင်အနေလေ၏။ သူတို့၏ တောက်ပနေသော အရောင်များက သူမ၏ မျက်လုံးထဲတွင် လင်းလက်နေပေ၏။ သို့သော် သူမက သူမကိုယ်သူမ လျင်မြန်စွာပင် စုစည်းလိုက်ပြီး ရွှေရောင် နယ်မြေအဆီအနှစ် သလင်းကျောက်ဆီသို့ တစ်ဟုန်ထိုး ပြေးသွားလေ၏။

သူမက အန်လင်း ပြောခဲ့သည်အား မမေ့ပါပေ။ ထိုရွှေရောင်နယ်မြေအဆီအနှစ် သုံးခုကို ရိတ်သိမ်းခြင်းက အရေးအကြီးဆုံး ဖြစ်ပေ၏။

အလွန်ကြာရှည်စွာ ပြေးလွှားပြီးနောက် နောက်ဆုံးတွင် သူမက ရွှေရောင် နယ်မြေအဆီအနှစ် သုံးခု၏ ရှေ့သို့ ရောက်လာလေပြီ။ အောင်နိုင်သူအပြုံးတစ်ခုက သူမ မျက်နှာထက်တွင် ဖြန့်ကျက်သွားပြီး နယ်မြအဆီအနှစ်သလင်းကျောက်များကို ငေးကြည့်နေလေ၏။

သူမက အကွာအဝေးအိတ်ကို ထုတ်လိုက်ကာ ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက်များကို ထိုအိတ်ထဲသို့ ထည့်ရန် ကြိုးစားလိုက်၏။

သို့သော် ထို့နောက် သူမက နယ်မြေအဆီအနှစ် သလင်းကျောက်များကို ကြည့်အား အတွေးထဲတွင် နစ်မြောသွားလေ၏။

သူမက ကြမ်းတမ်းလှသော အမှန်တရားတစ်ခုကို ရှာတွေ့သွားလေ၏။

ထိုသည်မှာ သူမက ယခုတွင် သူမ၏ သက်ရှိစွမ်းအင်ကို မထုတ်ယူနိုင်ကာ သူမခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များကို အသုံးမပြုနိုင်ပါပေ...။

သူမရှေ့မှ နယ်မြေအဆီအနှစ် သလင်းကျောက်များက ကြီးမားလှပြီး သူမက ထိုသည်များကို တစ်ယောက်တည်း မသယ်နိုင်ပါပေ။

တီနာက သူမအရပ်ထက် အဆပေါင်းများစွာရှိသော ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက်များကို စိုက်ကြည့်ကာ အနည်းငယ် မတွေးတတ်တော့ပါပေ။ သူမက လုံးဝပင် အကြံထုတ်၍ မရတော့ပါပေ။

ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် မည်သို့ဆိုဆို သူမက လျှောက်သွားရန် ဆုံးဖြတ်လိုက်၏။ သူမက နယ်မြေအဆီအနှစ်သလင်းကျောက်ကို တင်းတင်းဖက်ကာ ထိုသည်ကို မရန် ကြိုးစားလိုက်၏။

ထို့နောက် သူမ၏ ခွန်အားက ဤလုပ်ငန်းစဉ်ကို ပြီးမြောက်နိုင်ရန် အားနည်းလွန်းနေသည်ကို သဘောပေါက်သွားလေ၏။ နယ်မြေအဆီအနှစ် သလင်း​ကျောက်မှာ သူမအတွက် မရန် ကြီးမားလွန်းနေပေ၏...။

အန်လင်းသည်လည်း ထိုပြဿနာကို သတိပြုမိပြီး သူ့နှလုံးသားမှာ ချက်ချင်းပင် နစ်မြုပ်သွားလေ၏။

ကူကယ်ရာမဲ့နေသော တီနာကို မှင်သက်စွာ စိုက်ကြည့်ရင်း သူ့ရင်ထဲ၌ ဝမ်းနည်းပြီး စိတ်ပျက်အားငယ်နေသည့် ခံစားချက်တစ်ခု ပေါ်လာလေ၏။ထိုအခိုက်အတန့်တွင် အရိုးစုများ၏ ပျော့ပျောင်းပြီး အစွမ်းမရှိသော လက်သီးများကပင် လေးလံပြီး နာကျင်သည်ဟု ခံစားလာရ၏။

တီနာက လက်မလျှော့ခဲ့ပါပေ။ ထိုအစား သူမက နယ်မြေအဆီအနှစ် သလင်းကျောက်ပေါ်ကို ဖြည်းဖြည်းချင်း တက်လိုက်၏။ နယ်မြေအဆီအနှစ် သလင်းကျောက်များ၏ မျက်နှာပြင်များသည် အနည်းငယ် စေးကပ်နေကြောင်း သူမတွေ့ရှိခဲ့ပြီး ဆိုလိုသည်မှာ သူမက ထိုအချက်ကို အပေါ်တက်ရန် အသုံးပြုနိုင်ပေ၏။

ထိပ်သို့ရောက်ပြီးနောက် သူမက အကွာအဝေးအိတ်ကို ဖွင့်လိုက်ပြီး ထိုသည်ကို နယ်မြေအဆီအနှစ် သလင်းကျောက်၏ ထိပ်ပေါ်သို့ စွပ်လိုက်လေ၏။

ဝှစ်...

အကွာအဝေး အိတ်မှာ ဆာလောင်နေသည့် တွင်းနက်ကြီးတစ်ခုကဲ့သို့ပင် နယ်မြေအဆီအနှစ်သလင်းကျောက်ကို အဆက်အပြတ် ဝါးမြိုပစ်လိုက်လေ၏။ အချိန်တိုအတွင်းမှာပင် ထိုသည်က ရွှေရောင် နယ်မြေအဆီအနှစ်သလင်းကျောက်တစ်ခုကို အောင်မြင်စွာ စားသုံးပစ်လိုက်၏။

"ဟူး..." အန်လင်းမှာ တီနာ၏ လုပ်ဆောင်ချက်များကို တစ်ချိန်လုံး သေချာ ဂရုစိုက်နေပြီး ထိုသည်ကို မြင်ပြီးနောက် ပျော်ရွှင်စွာ အော်ဟစ်မိတော့မလိုပင် ဖြစ်သွား၏။ သို့သော် သူက သူ့ကိုယ်သူ ထိန်းရန်ကြိုးစားလိုက်နိုင်ပြီး အောင်နိုင်သောအပြုံးတစ်ခုက သူ့မျက်နှာပေါ်တွင် ပေါ်လာလေ၏။

အရိုးစုသရဲများ၏ အဆုံးမရှိသော ထိုးချက်များက တစ်ဖန်ပြန်၍ ညင်သာကာ နူးညံလာပြန်၏။

တီနာ၏ ဖြတ်ထိုးဉာဏ် နှင့် စိတ်ပိုင်းဖြတ်ထားမှုတို့က သူ့အား လွန်စွာ စိတ်လှုပ်ရှားသွာစေ၏။ သူက နှလုံးသားထဲတွင် သူမအတွက် ကျယ်လောင်စွာ အားပေးနေလေ၏။

၁၀ မိနစ်နီးပါး ကြာပြီးနောက် ရွှေရောင် နယ်မြေအဆီအနှစ် သုံးခုလုံးကို တီနာ၏ အကွာအဝေးအိတ်က စားသုံးပြီးသွားလေပြီ။

ယခုမှာ တီနာက သူမစိတ်ရှိသလို လုပ်ရန် အချိန်ဖြစ်ပေ၏။ မည်သို့ဆိုဆို ယုတ္တိအရှိဆုံး နည်းလမ်းမှာ သူမ၏ လက်ရှိပတ်ဝန်းကျင်မှ စကာ အပြင်သို့ တဖြည်းဖြည်းထွက်ရန် လုပ်ဆောင်သင့်သည်မှာ ထင်ရှားလှပေ၏။

ခက်ခက်ခဲခဲ ရုန်းကန်ပြီးနောက် ဟုန်ဒူက နောက်ဆုံးတွင် သူတင်တင်ပါးပေါ်တွင် ထိုင်နိုင်သွားပြီး ထို့နောက် သူက အရိုးစုများမှ တိုက်ခိုက်မှုများကို ဆက်လက် သည်းခံရင်းဖြင့် တဖြည်းဖြည်း မတ်တပ်ရပ်လိုက်လေ၏။ သူက ထွားကြိုင်းကာ ရွေ့မရ​ေသာ ​ေတာင်ကြီးတစ်ခုကဲ့သို့ပင်။

မှန်လှပေ၏။ သူက ထိုကဲ့သို့ ကြမ်းကြမ်းတမ်းတမ်းတိုက်ခိုက်မှုများကို ရင်ဆိုင်နေစဉ်တွင် သူ့၏ မျှခြေကို ထိန်းထားနိုင်ရန် သင်ယူပြီးပြီ ဖြစ်၏။

ထိုအခိုက်အတန့်မှာပင် ကြီးမားလှသော ပလွှားမှုက သူ့နှလုံးသားထဲတွင် ဖြစ်တည်လာလေသည်။  သူ၏ စိတ်အားထက်သန်သော အကြည့်များက အဝေးမှ အဆီအနှစ် သလင်းကျောက်များဆီသို့ ရွေ့လျားသွားကာ သူက ဟက်ဟက်ပက်အက် ရယ်မောလာလေ၏။  "ဟားဟား... ဒီအရိုးစုတွေက ငါ့လို ခွန်အားကြီးတဲ့သူကို ဘယ်လိုအနိုင်ယူနိုင်မှာလဲ။ နယ်မြေအဆီအနှစ် သလင်းကျောက်တွေအကုန်လုံးက ငါ့ဟာပဲ။”

သို့သော် သူက နယ်မြေအဆီအနှစ် သလင်းကျောက်လယ်ကွင်းဆီသို့ ကြည့်လိုက်သောအခါ သူ့၏ အပြုံးက တဖြည်းဖြည်း ပျောက်ကွယ်သွားလေ၏။

"ဘယ်လိုလုပ်ပြီး... ငါ့ရဲ့ ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက်တွေ ဘယ်ရောက်သွားလဲ။"

"ဘယ်လိုလုပ်ပြီး အကုန်လုံး ပျောက်သွားရတာလဲ။ စောက်ကျိုးနည်းပဲဟ..."

ဟုန်ဒူ၏ မျက်နှာထက်တွင် မယုံနိုင်မှုနှင့် လက်မခံနိုင်မှုတို့၏ ပြရုပ်ဖြစ်လာလေ၏။ သူက အရိုးစုများ သူ့ကို ရိုက်နှက်ခြင်းက သူ့အား ထင်ယောင်ထင်မှာ ဖြစ်စေသည်ဟု သံသယဝင်ကာ မျက်လုံးများကို ပွတ်လိုက်လေ၏။

သိုသော် ထိုအခိုက်အတန့်မှာပင် အနီရောင် နယ်မြေအဆီအနှစ်သလင်းကျောက်တစ်ခုက မှေးမှိန်ကာ ပျောက်ကွယ်သွားလေ၏။

တန်ဖိုးအရဆိုလျှင် အနီရောင်နယ်မြေအဆီအနှစ် သလင်းကျောက်များက ရွှေရောင်နယ်မြေအဆီအနှစ်သလင်းကျောက်များ၏ နောက်တွင် ဖြစ်၏။ သူတို့က အရွက်ထူထူပယ်လယ်၏အလယ်တွင် တောက်ပနေသော အနီရောင် အလှတရားများ ကဲ့သို့ပင်။ ထိုကဲ့သို့ အနီရောင်နယ်မြေအဆီအနှစ်သလင်းကျောက်၏ ပျောက်ကွယ်သွားမှုက ဟုန်ဒူ၏ အာရုံစိုက်မှုမှ မလွတ်မြောက်နိုင်ပါပေ။

ထို့နောက် သူက တစ်ချိန်လုံး ကျော်ကြည့်ခဲ့သော ခန္ဓာကိုယ်သေးသေးလေးတစ်ခုကို သတိထားမိသွား၏။

သူက အသက်ပြင်းပြင်း ရှုလိုက်လေ၏။ "နင်ပဲ..." သူက အံ့ဩတကြီး ဆိုလိုက်၏။ "တကယ်တော့ နင်ပဲ..."

အမှန်တကယ်တော့... သူက လူတစ်ဦး၏ ကျော်တက်ခြင်းကို ခံလိုက်ရသည်ပေါ့။ ထိုလူမှာ နယ်မြေအဆီအနှစ်သလင်းကျောက်များဆီသို့ ပထမဆုံး ရောက်ရှိသွားပြီး အကြီးဆုံး အောင်နိုင်သူဖြစ်လာကြ၏။

သူက အလွန်တုံးအလွန်းပေ၏။ မတ်တပ်ရပ်ရန်အတွက် အစွမ်းကုန် ရုန်းကန်ပြီးနောက် သူက ထိုကဲ့သို့ ရက်စက်လွန်သည့် မြင်ကွင်းနှင့် မိတ်ဆက်ခံရမည်ဟု မမျှော်လင့်ခဲ့ပါပေ။

ထိုအခိုက်အတန့်၌ ဟုန်ဒူ၏ ရင်ဘတ်တွင် လောင်ကျွမ်းနေသော မီးတောက်များမှာ မှိန်မှိန်လာပုံရလေ၏...။

ဟုတ်ပေ၏...။ ဤသည်က ပြိုင်ပွဲတစ်ခုပင် ဖြစ်သည်။ အကောင်းဆုံး ကြိုးစားနေသရွေ့ လူတိုင်းက သူတို့၏ အခက်အခဲများကို ကျော်လွှားနိုင်ရန် အခွင့်အရေးရှိ၏။ အကောင်းဆုံး ကြိုးစားနေသရွေ့ သူတို့က နိုင်ရန်အခွင့်အရေးရှိပေ၏။ သို့သော် တစ်ချို့သူများမှာ အခက်အခဲများကြောင့် နောက်မကျကျန်ပါပေ။ ထိုသို့သော လူများနှင့် မည်သို့ ယှဉ္ပြိုင်ရမည်နည်း။

ဟုန်ဒူ၏ နာနာကျင်ကျင် အော်သံကို ကြားပြီးနောက် စစ်မှန်နတ်ဆိုး နှစ်ကောင်သည်လည်း သူတို့ရှေ့ရှိ နယ်မြေအဆီအနှစ် သလင်းကျောက်များကို ကြည့်လိုက်ကြ၏။ ထို့နောက် သူတို့၏ မျက်နှာများက ဖြူဖျော့သွားကာ အထိတ်တလန့် ဖြစ်ခြင်းက သူတို့၏ နှလုံးသားများကို တင်းကြပ်သွားစေ၏။

"အဲ့ နတ်သမီးတစ်ယောက်က အားလုံးကို အနိုင်ရမည်လို့ ဘယ်သူက ထင်မှာလဲ။" ကျောင်းလီရှင်းက ခက်ခက်ခဲခဲ ရုန်းကန်ပြီးနောက် တွားသွားလိုက်ပြီး သူ့အမူအရာများက မှောင်မိုက်မသွားခင်တွင် အပြုံးတစ်ခုက သူ့မျက်နှာတွင် ခက်ခက်ခဲခဲ ပေါ်လာလေ၏။

"ရွှေရောင် နယ်မြေအဆီအနှစ် သလင်းကျောက်တွေအကုန်လုံး ပျောက်သွားပြီ..." ခုန်းကော၏ မျက်နှာထက်တွင် နာကျင်လှသော အမူအရာက ပျံ့နှံ့သွားလေ၏။

"စိတ်မပူပါနဲ့ ငါတို့က တခြားနယ်မြေအဆီအနှစ် သလင်းကျောက်တွေကို ယူလို့ရသေးတာပဲ။" စကားပြောနေရင်း ကျောင်းလီရှင်းက စိတ်ပိုင်းဖြတ်ထားပုံရပေ၏။

သူက အရိုးစု သရဲများ၏ တိုက်ခိုက်မှုများကို ပြန်ခုခံမည်ဟု စီစဉ်နေစဉ်မှာပင် ရုတ်တရက်  တစ်ခုခုက သူ့ခါးကို ဆွဲလိုက်သည်ကို ခံစားလိုက်ရ၏။ ထိုသည်က တစ်ခုခု၏ တွယ်ကပ်ခြင်းခံလိုက်ရသည်ဟု ခံစားလိုက်ရ၏။

ကျောင်းလီရှင်းက ငုံ့ကြည့်လိုက်ရာ သူ့ခါးတွင် ဖောက်မြင်နိုင်သော အဖြူရောင် လက်တံများက ရစ်ပတ်နေသည်ကို တွေ့လိုက်ရ၏။

"နင်က ဘာလို့ ငါ့ဆီမှာ လာကပ်နေတုန်းလဲ..."

ယခုအချိန်တွင် လင်းယင်းက ဒေါသကြီးနေသော အရိုးစုခွေးများ၏ ကိုက်ဝါးခြင်းကို ခံထားရပြီး ဖြစ်လေ၏။ "ငါက အရမ်းနှေးတယ်။ ကျေးဇူးပြုပြီး ငါ့ကို ဆွဲခေါ်သွားပါ...။" သူက ခက်ခက်ခဲခဲ ပြောလိုက်လေ၏။

ကျောင်းလီရှင်းက အံတင်းတင်းကြိတ်ကာ ရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်သွားလေ၏။ သို့သော် သူ့နောက်မှ ခုခံမှုများ သူအစက မှန်းထားသည်ထက်ပင် အများကြီး ပိုကြီးနေလေ၏။ သူက လင်းယင်းတစ်ယောက်တည်းကို ဆွဲခေါ်သွားရသည်မဟုတ်ပဲ သူမကို သွားများဖြင့် ကိုက်ထားသော အရိုးစုခွေးအုပ်ကိုပါ ဆွဲခေါ်သွားရလေ၏...။

"ငါတစ်ယောက်ယောက်ကို ကျိန်ဆဲပစ်ချင်တယ်..." ကျောင်းလီရှင်းက သူ့၏ ဒေါသကို ထပ်ပြီး ထိန်းမထားနိုင်ပါပေ။

ဒီအတိုင်းဆက်သွားပါက သူက နယ်မြေအဆီအနှစ် သလင်းကျောက်များကို မည်သို့ ကောက်ယူရမည်နည်း။

လင်းယင်းက သူမ၏ လက်တံများကို ခါယမ်းလိုက်၏။ "လုပ်လေ။ ငါကိုသာ ဆဲလိုက်။ ဘာပဲဖြစ်ဖြစ် ငါက ရေခူတစ်ကောင်ပဲလေ။"

ကျောင်းလီရှင်း : "..."

လင်းယင် : "..."

ခုန်းကောမှာ ခေတ္တမျှ ငေးမှိုင်နေလေ၏။ သူမက လင်းယင်ကို ခပ်စိမ်းစိမ်းစိုက်ကြည့်ကာ အမှန်ပြင်ပေးလိုက်၏။ "နင်က ရေခူမဟုတ်ဘူး။"

ထိုသည်က တစ်စုံတစ်ဦးက ဆဲရေခြင်းလား။ မဟုတ်နိုင်ပါပေ။ ရေခူကို ဆဲရေးခြင်းဟုလည်း မသတ်မှတ်နိုင်ပါပေ။

ကျောင်းလီရှင်းက ထိုဒေါသတရားက ခုန်းကော၏ ဉီးနှောက်ကို အနှောက်အယှက်ဖြစ်စေသည်ဟု ခံစားလိုက်ရ၏။ စကားလုံးများထက် လုပ်ဆောင်ချက်များကိုသာ ယုံကြည်သော တစ်စုံတစ်ဦးအနေဖြင့် သူက အော်ပင် မဆဲချင်တော့ပါပေ။ ဒီရေခူကို အပိုင်းပိုင်းဖြဲခြင်းကို ဤနယ်မြေကျော်သွားသည်အထိ မစောင့်နိုင်တော့ပါပေ။

သည်လိုနှင့်ပင် စစ်မှန်နတ်ဆိုး နှစ်ကောင်က အရိုးစုသရဲများဆီမှ တိုက်ခိုက်မှုကို သည်းခံကာ ရှေ့သို့ တ​ြဖည်းဖြည်းတိုးသွားလိုက်လေ၏။ ကြီးမားသော ရေခူကြီးတစ်ကောင် သူတို့နောက်မှ တရွတ်တိုက်ပါလာလေသည်။

ဤခက်ခက်ခဲခဲ ရုန်းကန်မှုက သူတို့အား စိတ်ပျက်အားငယ်မှုနှင့် မျှော်လင့်ချက်ကင်းမဲ့မှုများသာ ချန်ရစ်ထားခဲ့ပေ၏...။

အန်လင်းနှင့် လျှိုချူးချူးတို့နှစ်ဦးစလုံးက အခဲအခဲကို ကျော်ဖြတ်ကာ ပြန်ရပ်နိုင်သွားလေပြီ။ သူတို့၏ ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့် ခန္ဓာကိုယ်များကို မီှခိုကာ သူတို့က အရိုးစုများ၏ တိုက်ခိုက်မှုထဲသို့ လျှောက်ဝင်သွားကာ သူရှေ့လျှောက်သွားရင်း သူတို့၏ မျှခြေကို ထိန်းနိုင်ရန် အကောင်းဆုံးကြိုးစားထားလေ၏။

ထိုအချိန်၌ တီနာက ရွှေရောင်နှင့် အနီရောင် နယ်မြေအဆီအနှစ်သလင်းကျောက်များအားလုံးကို ရိတ်သိမ်းပြီးသွားလေပြီ...

ဟုန်ဒူက ဒေါသတကြီး အော်ဟစ်နေကာ ရှေ့သို့ ခက်ခက်ခဲခဲတိုးသွားလေ၏။ သူ့၏ ပူဆွေးမှုနှင့် စိုးရိမ်ကြောင့်ကြမှုက တိုက်ခိုက်လိုစိတ်အဖြစ် ပြောင်းသွားပြီး သူ့ရင်ဘတ်မှ မီးတောက်က ပြင်းပြင်းထန်ထန် လောင်ကျွမ်းလာလေ၏။

--------------

All Chapters