← Chapters

အခန်း (၁၅၄၂)

Vol. 111 Ch. 1542

အခန်း (၁၅၄၂)

Vol. 111 Ch. 1542

ဟန်မူယဲ့က ခေါင်းမော့လိုက်ပြီး ကောင်းကင်ကို ကြည့်လိုက်သည်။

ဤအခိုက်အတန့်မှာ ဟင်းလင်းပြင်ထဲမှာ ပုန်းအောင်းနေကြသော ကမ္ဘာဦးအုပ်ချုပ်သူများနှင့် အဝေး၌ ပြန့်ကျဲနေကြသော နတ်သားရဲများက ဤနေရာမှ ကိစ္စအားလုံးကို အာရုံစိုက်နေကြသည်။

နတ်ဝိညာဉ်တစ်သန်းနှင့် ကမ္ဘာဦးအုပ်ချုပ်သူနတ်ဝိညာဉ်တစ်ရာသည် သာမန်အင်အားစုမဟုတ်ပေ။ ၎င်းတို့က ဝိညာဉ်သာ ကျန်ရှိတော့သော်လည်း အံ့ဖွယ်ခွန်အားကို ပိုင်ဆိုင်ထားကြဆဲပင်။

“ ကောင်းတယ် ”

ဟန်မူယဲ့က ကျယ်လောင်စွာ ပြောသည်။

မိုးပြာရောင်နဂါး၏ ရည်ရွယ်ချက်ကို သူနားလည်သည်။

ရှေးဦးအပျက်အစီးတောအုပ်ဆီသို့ ပြန်ရောက်လာကြသော နတ်ဝိညာဉ်များသည် ၎င်းတို့ကြောင့် ကမ္ဘဦးလောကပျက်စီးသွားသည်ကို မလိုချင်ကြပေ။

နတ်ဘုရားသုတ်သင်ခြင်းလှံနှင့် ၎င်းတို့ကြားမှ စာချုပ်က ကြီးမားသော ကမ္မဖြစ်သည်။

ထိုသို့ကမ္မကို မည်သူမှ မလွန်ဆန်နိုင်ပေ။

သို့သော်လည်း ၎င်းတို့က ဟန်မူယဲ့ကြောင့် ရှေးဦးအပျက်အစီးတောအုပ်ထဲမှ နတ်သားရဲများကို မတိုက်ခိုက်ချင်ကြပေ။

မည်သို့ဖြစ်ပါစေ ရှေးဦးအပျက်အစီးတောအုပ်ထဲမှာ ၎င်းတို့၏ ကိုယ်ပိုင်အမျိုးအနွယ်များ ရှိနေကြဆဲပင်။

ထိုသို့ဆိုမှတော့ မူလစွမ်းအားကို ပြန်ပေးပြီး လူသားမျိုးနွယ်ဆီမှာ ပြန်မွေးဖွားခြင်းက ပိုပြီးကောင်းမွန်လိမ့်မည်။

စာချုပ်ကို ဖြည့်ဆည်းပေးသည့်အနေဖြင့် ၎င်းတို့က လူသားများ ဖြစ်လာကြလိမ့်မည်။

ဤရွေးချယ်မှုအရ ရှေးဦးအပျက်အစီးတောအုပ်က မူလစွမ်းအားကို ပြန်ရသွားလိမ့်မည်။ ထို့ပြင် ၎င်းတို့က ရှေးဦးအပျက်အစီးတောအုပ်ထဲမှ နတ်သားရဲများကို တိုက်ရိုက် တိုက်ခိုက်ကြရတော့မည် မဟုတ်ချေ။ အရေးကြီးမှာဆုံး ၎င်းတို့က နတ်ဘုရားသုတ်သင်ခြင်းလှံ၏ စာချုပ်ကိုလည်း ဖြည့်ဆည်းပေးနိုင်လိမ့်မည်။

ယင်းက အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်။

ဟန်မူယဲ့က ထိုထက် ပိုကောင်းမွန်သော ဖြေရှင်းနည်းကို ရှာမတွေ့သောကြောင့် ယင်းကို လက်ခံလိုက်ရသည်။

“ ဝီး ”

မိုးပြာရောင်နဂါးပုံရိပ်က ဖြည်းညင်းစွာ ပျောက်ကွယ်သွားသည့်အခါ ဝုန်းခနဲ မြည်သံက ကောင်းကင်နှင့် မြေပြင်ကြားထဲမှာ ထွက်ပေါ်လာသည်။

ယင်းက ကမ္ဘာဦးလောက၏ မူလစွမ်းအား သိပ်သည်းမှု ဖြစ်သည်။

လောကက တုန်ယင်သွားသည့်အခါ မရေမတွက်နိုင်သော အလင်းတန်းများက ပြန့်ကျဲသွားကြသည်။

မူလစွမ်းအားက ရှေးဦးအပျက်အစီးတောအုပ်ထံ ပြန်ရောက်လာသည်။

ကမ္ဘာဦးလောကက ပျော်ရွှင်သွားသည်။ သို့သော်လည်း ၎င်း၏ အပျော်ထဲမှာ ဝမ်းနည်းမှုတစ်စွန်းတစ်စ ကိန်းအောင်းနေသည်။

ကမ္ဘာဦးရှေးဟောင်းအပျက်အစီးနယ်မြေက မူလစွမ်းအား၏ ပြန်အားဖြည့်ပေးမှုကို ခံစားမိသွားသည်။

“ ဗုန်း ”

နတ်သားရဲတစ်သန်း၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်လိုက်သော မူလစွမ်းအားဒီရေက မူလစွမ်းအားကုန်ခမ်းလုနီးပါးဖြစ်နေသော ကမ္ဘာဦးလောကကို တုန်ယင်သွားစေသည်။ မိုးမြေကြားတွင် သဘာဝလွန်ဖြစ်စဉ်များ ထွက်ပေါ်လာသည်။

မိုးမြေ ပြောင်းပြန်လှန်ခြင်း… ပုံရိပ်ယောင်က အစစ်အမှန်ဖြစ်လာခြင်း…

ယင်းက ယုတ္တိမရှိပေ။ သို့သော်လည်း ကမ္ဘာဦးလောကက အမှန်တကယ် ဒြပ်ထည်ရှိလာနေသည်။

ဟန်မူယဲ့က ကောင်းကင်အလွန်ကို စိုက်ကြည့်လိုက်သည့်အခါ သူ၏ မျက်နှာပေါ်မှာ အပြုံးတစ်ခု ထွက်ပေါ်လာသည်။

အပြင်လောကမှာ ပုန်းအောင်းနေကြသော ကမ္ဘာဦးအုပ်ချုပ်သူအဆင့် နတ်သားရဲများက ယခု ရွေးချယ်မှုတစ်ခုကို ပြုလုပ်ကြရတော့မည်။

အကယ်၍ ယခု ၎င်းတို့က ရှေးဦးအပျက်အစီးတောအုပ်ထဲသို့ ဝင်မလာဘူးဆိုလျှင် နောက်ပိုင်း ၎င်းတို့ဝင်ရောက်သည့်အခါ ၎င်းတို့၏ တိုက်ပွဲစွမ်းအားက ကြီးကြီးမားမား ဖိနှိပ်ခံရလိမ့်မည်။

အရေးကြီးအခိုက်အတန့်မှာ ကမ္ဘာဦးလောက၏ မူလစွမ်းအားသည်ပင် ၎င်းတို့ကို ငြင်းဆန်လိမ့်မည်။

“ ဝီး ”

မိုးမြေက တုန်ယင်သွားသည့်အခါ ဝဲကတော့တစ်ခုက ဟင်းလင်းပြင်ထဲမှာ ထွက်ပေါ်လာသည်။ မြွေခန္ဓာကိုယ်နှင့် ကျားဦးခေါင်းရှိသော ကမ္ဘာဦးအုပ်ချုပ်သူနတ်သားရဲတစ်ကောင်က ရှေးဦးအပျက်အစီးတောအုပ်ထဲသို့ ဝင်ရောက်လာသည်။

အစစ်အမှန် အုပ်ချုပ်သူတစ်ပါး ဝင်ရောက်လာသည့်အခါ မိုးမြေ၏ မူလစွမ်းအားက ပရမ်းပတာ တုန်လှုပ်သွားသည်။

အပြင်လောကမှာ လှည့်ပတ်နေကြသော ကမ္ဘာဦးအုပ်ချုပ်သူနတ်သားရဲများသည် ရွေးချယ်စရာမရှိသည့်အဆုံး ပြန်လာရန် ဆုံးဖြတ်လိုက်ကြသည်။

“ မျိုးနွယ်စုခေါင်းဆောင် ”

“ အဲ့ဒါ ကမ္ဘာဦးအုပ်ချုပ်သူ လီဟုန်နဂါးပဲ ”

“ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… ပိုင်ကျဲကလန်မှာ အုပ်ချုပ်သူတစ်ပါး တကယ်ရှိတာလား ”

“ ပိုင်ကျဲကလန်… အို ဘုရားရေ… ပိုင်ကျဲကလန်မှာ အုပ်ချုပ်သူတစ်ပါးရှိတယ် ”

နတ်သားရဲမျိုးနွယ်စုအသီးသီးက အထိတ်တလန့် အော်ပြောလိုက်ကြသည်။

မျိုးတုန်းသွားပြီဟု သတ်မှတ်ခံထားရသော ကမ္ဘာဦးအုပ်ချုပ်သူက ပြန်ရောက်လာလိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားကြချေ။

မျက်မှောက်ခေတ်၏ ရှေးဦးအပျက်အစီးတောအုပ်ထဲမှာ ကမ္ဘာဦးအုပ်ချုပ်သူအများကြီး ကျန်ရှိနေဦးလိမ့်မည်ဟု မည်သူမှ မတွေးဝံ့ကြချေ။

ကမ္ဘာဦးအုပ်ချုပ်သူတစ်ရာနီးပါးက ပြန်ရောက်လာကြပြီး ဤလောကနှင့် တိတ်တဆိတ် ပေါင်းစည်းသွားကြသည်။

ဤအခိုက်အတန့်မှာ ကမ္ဘာဦးလောကတစ်ခုလုံးက အဆပေါင်းများစွာ ပိုပြီးအခြေခိုင်မာလာသည်။ ယခု ကမ္ဘာဦးလောကကို အပျက်အစီးနယ်မြေဟု မသတ်မှတ်နိုင်တော့ပေ။

မူလစွမ်းအား ပြန်ရောက်လာသည့်အခါ ယင်းက အပျက်အစီးနယ်မြေတစ်ခု ဟုတ်သည်မဟုတ်သည်က အရေးကြီးမတော့ပေ။

အပျက်အစီးနယ်မြေတစ်ခုနှင့် အစစ်အမှန်လောကတစ်ခုကြားမှ ကွာခြားချက်က မည်သည်နည်း။

“ ဗုန်း ”

ရတနာငါးပါးတောင်ထိပ်ပေါ်တွင် မရေမတွက်နိုင်သော လျှပ်စီးတန်းများ ဆင်းသက်လာကြသည်။

လျှပ်စီးတန်းအများစုက ဟန်မူယဲ့နှင့် သူ့ဘေးမှ ခွန်ပန်ကို ထိမှန်သွားကြသည်။

ထိုလျှပ်စီးတန်းများက မိုးကြိုးသွားများ မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ယင်းတို့က မိုးမြေ၏ မူလစွမ်းအားကောင်းချီးပေးမှု ဖြစ်သည်။

လျှပ်စီးတန်းများက ဟန်မူယဲ့ကို ရစ်ပတ်သွားသည့်အခါ မူလစွမ်းအားအားလုံး၏ ရှေးအကျဆုံးပုံစံကို သူခံစားမိသွားသည်။

သိမ်မွေ့သော လေပြေ၊ ထူထဲသော မြေကြီး၊ ကြမ်းကြုတ်သော မီးတောက်များ…

မူလစွမ်းအားသည် သက်ရှိအားလုံးနှင့် အလှမ်းဝေးသော မျဉ်းကြောင်းတစ်ခုမျှသာ ဖြစ်၏။

မူလစွမ်းအားသည် ဤလောကထဲမှ သက်ရှိအားလုံး၏ အခြေခံအုတ်မြစ် ဖြစ်သည်။

ပြီးပြည့်စုံသော မူလစွမ်းအားကို ပိုင်ဆိုင်ထားသည့် ဟန်မူယဲ့သည် ယခုအချိန်မှာ မိုးမြေစွမ်းအား၏ သိမ်မွေ့သော အပြောင်းအလဲကို အာရုံခံမိသွားသည်။

“ ဘုံစွမ်းအားလား ”

ဤမတိုင်ခင် ရှေးဦးအပျက်အစီးတောအုပ်က အပျက်အစီးနယ်မြေတစ်ခုမျှသာ ဖြစ်၏။ အတိတ်မှာ ရှေးဦးအပျက်အစီးတောအုပ်က ပြီးပြည့်စုံသော မူလစွမ်းအားကို ပိုင်ဆိုင်ခဲ့သော်လည်း ယင်းက လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ပြိုကွဲပျက်စီးသွားခဲ့ပြီ ဖြစ်၏။

ယခု နတ်သားရဲဝိညာဉ်တစ်သန်း ပြန်ရောက်လာသည့်အခါ မူလစွမ်းအားက ဤလောကဆီသို့ ပြန်ရောက်သွားသည်။ ယခု ကမ္ဘာဦးလောကက အတိတ်မှာ ဆုံးရှုံးသွားခဲ့သော မူလစွမ်းအားကို ပြန်ပိုင်ဆိုင်သွားသည်။

မည်သူမှ သတိမထားမိခင်မှာ ဤရှေးဦးအပျက်အစီးတောအုပ်က ဘုံအဆင့်သို့ ပြောင်းလဲသွားနေသည်။

ဤနေရာက ဘုံတစ်ခုဖြစ်လာတော့မည်လား။

စူးရှတောက်ပသော အလင်းတန်းက ဟန်မူယဲ့၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

ထိုသို့အာရုံခံစားမှုကို အဆင့်မြင့်ပုဂ္ဂိုလ်များမှလွဲ၍ တခြားသက်ရှိများက အာရုံခံနိုင်ကြလိမ့်မည် မဟုတ်ချေ။

အတိတ်မှာ အသူရာကောင်းကင်ဘုံဆီသို့ ရောက်ခဲ့ဖူးသော သူ၏ အတွေ့အကြုံများနှင့် ပြီးပြည့်စုံသော သူ၏ ဝိညာဉ်ကြောင့်မဟုတ်လျှင် ယင်းကို သူသည်လည်း အာရုံခံနိုင်လိမ့်မည် မဟုတ်ချေ။

ကမ္ဘာဦးရှေးဟောင်းအပျက်အစီးနယ်မြေက တစ်ကြိမ်တည်းနှင့် ဘုံအဆင့်သို့ မြင့်တတ်သွားရန် စကြာဝဠာကပ်ဘေးကို လုယက်ချင်နေသည်လော။

လူတိုင်းမှာ အကြံကိုယ်စီရှိကြသည်။

တချို့က စကြာဝဠာကပ်ဘေးကို အရှိန်မြှင့်ချင်နေကြပြီး တချို့က ယင်းကို တိတ်တဆိတ် ရှောင်ရှားနေကြသည်။

ကမ္ဘာဦးရှေးဟောင်းအပျက်အစီးနယ်မြေသည်ပင် ဘုံတစ်ခုအဖြစ်သို့ ပြောင်းလဲနိုင်ရန် အကြံအစည်ရှိနေသည်။

မှန်ပေသည်။ စစ်မှန်သော ယှဉ်ပြိုင်မှုက အင်အားစုကြီးများကြားမှာသာ ဖြစ်သည်။

သူက ထိုကိစ္စတွင် အရေးကြီးနေရာတစ်နေရာမှ ပါဝင်နေသည်ဟု ခံစားမိသည်။ တစ်ချိန်တည်းမှာ သူက နယ်ရုပ်တစ်ရုပ်အဖြစ် အသုံးချခံနေရသည်။

အထွတ်အမြတ်ရတနာခုနစ်ပါးက တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေကြသည်။

အံ့ဖွယ်ကိုးပါးတောင်သခင်က ယင်းကို ဟိုးယခင်ကတည်းက ကြံစည်ခဲ့ခြင်းလော။

“ ဗုန်း ”

မိုးမြေကြားထဲတွင် နတ်ဘုရားအလင်းက ထိန်ထိန်လင်းစွာ တောက်ပနေသည်။ ဤသည်မှာ မရေမတွက်နိုင်သော နတ်သားရဲများနှင့် မိစ္ဆာသားရဲများက လောက၏ အစွမ်းတိုးမြှင့်ပေးမှုကို အာရုံခံမိသွားကြသည့်အလားပင်။

ယခုအချိန်မှာ ဤလောကက နောက်ထပ် မဖုံးကွယ်နေတော့ပေ။

အမျိုးမျိုးသော မူလစွမ်းအားများက သက်ရှိအားလုံးအပေါ်သို့ တိုက်ရိုက် ကျဆင်းလာကြသည်။

သို့သော်လည်း သက်ရှိအားလုံးက မူလစွမ်းအား၏ အားဖြည့်ပေးမှုကို မရရှိကြချေ။ နတ်သားရဲအများစုသည် မူလစွမ်းအား၏ ကောင်းချီးပေးမှုကို မရရှိကြသည့်အပြင် ကြီးမားသော ဖိနှိပ်မှုနှင့် အကျဉ်းချမှုကိုပင် ခံစားလိုက်ကြရသည်။

ထိုနတ်သားရဲများက ဤလောကကို သစ္စာဖောက်ခဲ့ကြသူများ ဖြစ်သည်။

ရှေးဦးအပျက်အစီးတောအုပ်၏ စိတ်သဘောထားကို ဟန်မူယဲ့အာရုံခံမိသည်။

အဝေးသို့ သူလှမ်းကြည့်လိုက်သည့်အခါ အပြုံးတစ်ခုက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

ရှေးဦးအပျက်အစီးတောအုပ်နှင့် ပူးပေါင်းပြီး သစ္စာဖောက်များကို ရှင်းလင်းရမည်လော။

ထိုသစ္စာဖောက်များက သူ၏ ရန်သူများ ဖြစ်ကြသည်။

“ ရှေးဦးအပျက်အစီးတောအုပ်ရဲ့ စိတ်သဘောထားကို မင်းအာရုံခံမိလား ”

ဘေးမှ ခွန်ပန်က ဟန်မူယဲ့ကို လှည့်ကြည့်လိုက်ပြီး မေးသည်။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်သည်။

“ ကောင်းတယ်… မင်းရဲ့ လူသားမျိုးနွယ်ကို နှစ်ပေါင်းတစ်ရာ ငါစောင့်ရှောက်ပေးမယ်… နှစ်ပေါင်းတစ်ရာကြာပြီးရင် မင်းက ရှေးဦးအပျက်အစီးတောအုပ်ရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမယ့် တိုက်ပွဲကြီးထဲမှာ ပါဝင်ရလိမ့်မယ် ”

ထိုသို့ပြောပြီးနောက် ခွန်ပန်နတ်သားရဲက ကျယ်လောင်သော အော်မြည်သံကို ထုတ်လွှတ်လိုက်ပြီး ဧရာမငှက်တစ်ကောင်အဖြစ် အသွင်ပြောင်းလဲလိုက်ကာ ကောင်းကင်ပေါ်သို့ ပျံသန်းသွားသည်။

ကောင်းကင်ပေါ်မှ အက်ကွဲကြောင်းထဲတွင် မရေမတွက်နိုင်သော ငှက်များက အပြင်သို့ ပျံသန်းထွက်လာကြသည်။

“ ဗုန်း ”

အဝေးမှ မိုးမြေကြားထဲတွင် လျှပ်စီးတန်းများ ဆင်းသက်လာကြသည်။

ခွန်ပန်နတ်သားရဲက ၎င်း၏ ချွန်ထက်သော လက်သည်းဖြင့် အဆင့်မြင့်နတ်သားရဲတစ်ကောင်ကို ကုတ်ဆွဲလိုက်ပြီး ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။

ကောင်းကင်ယံတွင် နတ်ငှက်များဖြင့် ပြည့်နှက်သွားသည်။ စောစောက ပျောက်ကွယ်သွားခဲ့သော နတ်ဝိညာဉ်များထံမှ မူလစွမ်းအားက ဤလောကဆီသို့ ပြန်ရောက်သွားသည့်အခါ မိုးမြေက ပရမ်းပတာ တုန်လှုပ်သွားသည်။

ဤအခိုက်အတန့်မှာ ရတနာငါးပါးတောင်ပေါ်မှ လူတိုင်းက မတူညီသော စိတ်ခံစားချက်များကို ခံစားမိသွားကြသည်။ သူတို့၏ အမူအရာက အချိန်တိုင်း ပြောင်းလဲသွားနေသည်။

လက်စသတ်တော့ နတ်သားရဲတွေက ငါတို့ထင်ထားသလောက် အစွမ်းမထက်ဘူးကို…

လက်စသတ်တော့ နတ်သားရဲတွေကို လူသားတွေလည်း အနိုင်ယူနိုင်တယ်…

အဆင့်မြင့်နတ်သားရဲများက ဟန်မူယဲ့၏ လက်သီးအောက်မှာ သွေးမျိုးဆက်ကျောက်တုံးများအဖြစ် ပြိုကွဲသွားခဲ့ကြောင်း သူတို့မြင်ခဲ့ရသည် မဟုတ်ပါလော။

“ လူကြီးမင်းများနဲ့ အမျိုးသမီးများခင်ဗျာ… ဒီနေ့ပြီးသွားရင် ကျုပ်ရဲ့ လျောင်ယွမ်မျိုးနွယ်စုက စွန့်ပစ်ကုန်းမြေက လူသားမျိုးနွယ်အားလုံးကို တစ်ပေါင်းတစ်စည်းတည်း ပေါင်းစည်းပါမယ် ”

ဟန်မူယဲ့က ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်လေရာ အဆုံးမဲ့သော သွေးချီစွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။

သွေးနီရောင်နဂါးမီကျောင်းပုံရိပ် ထွက်ပေါ်လာသည့်အခါ ကောင်းကင်က တုန်လှုပ်သွားသည်။

ဤအခိုက်အတန့်မှာ မည်သူမှ သူ့အား တိုက်ရိုက် မကြည့်ဝံ့ကြချေ။ နတ်သားရဲများသည်ပင် ချွင်းချက်မဟုတ်ပေ။

ယင်းက ကမ္ဘာဦးအုပ်ချုပ်သူစွမ်းအား ဖြစ်သည်။

“ တကယ်လို့ ခင်ဗျားက ကျုပ်ရဲ့ လျောင်ယွမ်မျိုးနွယ်စုနဲ့ ပူးပေါင်းဖို့ ဆန္ဒရှိတယ်ဆိုရင် ရတနာငါးပါးတောင်ပေါ်က ကျောက်ဆောင်ပေါ်မှာ ခင်ဗျားမျိုးနွယ်စုရဲ့ အမှတ်အသားကို ရေးထွင်းလိုက်ပါ ”

“ တကယ်လို့ ခင်ဗျားက ပူးပေါင်းဖို့ ဆန္ဒမရှိဘူးဆိုရင်တော့… ”

ဖိနှိပ်ထားသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ဟန်မူယဲ့၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။

“ ကျုပ်ရဲ့ လျောင်ယွမ်မျိုးနွယ်စုစစ်တပ်က ခင်ဗျားရဲ့ မျိုးနွယ်စုကို အမှုန့်ချေပစ်လိမ့်မယ် ”

ဤအခိုက်အတန့်မှာ ဟန်မူယဲ့က သူ၏ ဆန္ဒကို မဖုံးကွယ်ထားတော့ပေ။ သူက ရှေးဦးအပျက်အစီးတောအုပ်ကို ပြောင်းလဲပစ်ရန် ရောက်လာခဲ့ခြင်း ဖြစ်သည်။

ယခု ရှေးဦးအပျက်အစီးတောအုပ်ထဲမှ လူသားမျိုးနွယ်က အထွတ်အထိပ်သို့ တတ်လှမ်းရန် အခွင့်အရေးတစ်ခု ရရှိလာချေ၏။ ထုံးစံအားဖြင့် ဟန်မူယဲ့က ထိုအခွင့်အရေးကို လက်လွှတ်ခံလိမ့်မည် မဟုတ်ချေ။

မည်သူက သူ့အား တားဆီးပါစေ သူ၏ ရန်သူအဖြစ် သတ်မှတ်ခံရလိမ့်မည်။

“ ဂျိန်း ”

သူ၏ စကားက မိုးမြေစွမ်းအားနှင့် ပေါင်းစည်းသွားသည့်အလား ဤအခိုက်အတန့်မှာ ကျယ်လောင်သော မိုးခြိမ်းသံက မြည်ဟိန်းသွားသည်။ မိုးကြိုးတိမ်တိုက်များ ကင်းစင်သွားသည့်အခါ ကြည်လင်သော မိုးကောင်းကင်က ပြန်ထွက်ပေါ်လာသည်။

ဟန်မူယဲ့က ကောင်းကင်ပေါ်သို့ ပျံတတ်သွားပြီး ထွက်သွားသည်။

နတ်ဘုရားအင်းသင်္ကေတပညာရှင်များ၊ ရိုးရာနတ်ဆရာများကြားမှ ယှဉ်ပြိုင်ပွဲသည် ယခု အရေးမကြီးတော့ပေ။

ယနေ့ ပြီးဆုံးသွားလျှင် ရှေးဦးအပျက်အစီးတောအုပ်ထဲမှ လူသားမျိုးနွယ်စုအားလုံးက ရွေးချယ်စရာနှစ်ခုဖြင့် တွေ့ကြုံရတော့မည်။ ယင်းမှာ လျောင်ယွမ်မျိုးနွယ်စုနှင့် ပူးပေါင်းမည်လော သို့မဟုတ် မျိုးနွယ်စု ဖျက်ဆီးခံမည်လော။

“ လျောင်ယွမ်မျိုးနွယ်စု… ”

“ အနိုင်ရရမယ် ”

ဟန်မူယဲ့ ပြန်သွားသည့်အခါ လျောင်ယွမ်မျိုးနွယ်စုမှ နတ်ဘုရားအင်းသင်္ကေတပညာရှင်များနှင့် ရိုးရာနတ်ဆရာများက ကောင်းကင်ကို မော့ကြည့်၍ ကျယ်လောင်စွာ ကြုံးဝါးလိုက်ကြသည်။

မျိုးနွယ်စုခေါင်းဆောင်ကျူးရုန်ကဲ့သို့ပင် သူတို့က စွန့်ပစ်ကုန်းမြေကို စစ်တပ်အင်အားဖြင့် သိမ်းယူရန် ဟိုးယခင်ကတည်းက ဆန္ဒရှိခဲ့ကြသည်။

ယခု ဟန်မူယဲ့က နောက်ဆုံးမှာ သူတို့ကြားချင်နေသော စကားကို ထုတ်ပြောလိုက်သည်။

လျောင်ယွမ်မျိုးနွယ်စုစစ်တပ် ပြန်ထွက်သွားသည်ကို ငေးကြည့်နေစဉ် ရတနာငါးပါးတောင်က တဖြည်းဖြည်း တိတ်ဆိတ်ငြိမ်သက်သွားသည်။

မျိုးနွယ်စုခေါင်းဆောင်များက အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သူတို့၏ မျက်နှာက ဤအခိုက်အတန့်မှာ အလွန်တည်ကြည်နေသည်။

ယခု သူတို့မျိုးနွယ်စု၏ အနာဂတ်ကို ဆုံးဖြတ်ရတော့မည်။

သူတို့က လျောင်ယွမ်မျိုးနွယ်စု၏ မဟာမိတ်ဖြစ်လာရန် ရွေးချယ်မည်လော သို့မဟုတ် ရန်သူဖြစ်လာရန် ရွေးချယ်မည်လော။

“ ဟား ဟား… တကယ်ပဲ ကျုပ်တို့မှာ ရွေးချယ်စရာ ရှိသေးလို့လား… အဲ့ဒီနတ်သားရဲတွေက နောက်ပြန်ဆုတ်သွားကြပြီ ”

ခေါင်းဖြူအကြီးအကဲတစ်ယောက်က တဟားဟား အော်ရယ်လိုက်သည်။ ထို့နောက် သူက အဝေးမှ ကျောက်နံရံဆီသို့ တည်ငြိမ်စွာ လျှောက်သွားပြီး သူ၏ လက်ဖြင့် အမှတ်အသားတစ်ခုကို ထွင်းထုလိုက်သည်။

အစောနက ထိုနတ်သားရဲများသည် ရတနာငါးပါးတောင်ကို ဝိုင်းရံ၍ လူတိုင်းကို သတ်ပစ်ရန် ကြံစည်ခဲ့ကြသည်။ သို့သော်လည်း ၎င်းတို့၏ အကြံအစည်က မအောင်မြင်ခဲ့ပေ။ ဤနေရာမှာ ရှိနေကြသော လူသားအားလုံးကို မျိုးတုန်းသတ်ဖြတ်ရန် ဆန္ဒရှိခဲ့သော ထိုနတ်သားရဲများက လျောင်ယွမ်မျိုးနွယ်စုကို မဆန့်ကျင်နိုင်ခဲ့ကြပေ။ သို့ဖြစ်လေရာ သူတို့၏ မျိုးနွယ်စုက မည်သို့ကြောင့် လျောင်ယွမ်မျိုးနွယ်စုကို ခုခံနိုင်လိမ့်မည်နည်း။

မျိုးနွယ်စုထဲမှ ရိုးရာနတ်ဆရာများနှင့် နတ်ဘုရားအင်းသင်္ကေတပညာရှင်များက ကျောက်နံရံပေါ်မှာ သူတို့၏ အမှတ်အသားများကို ထွင်းထုလိုက်ကြသည်။

တမူထူးခြားသော အဓိပ္ပာယ်ရှိသည့် ထိုအမှတ်အသားများကို ထွင်းထုနေစဉ် ရတနာငါးပါးတောင်တစ်ခုလုံး တုန်ယင်သွားသည်။

…..

All Chapters