← Chapters

အခန်း (၁၅၄၄)

Vol. 111 Ch. 1544

အခန်း (၁၅၄၄)

Vol. 111 Ch. 1544

ဟန်မူယဲ့၏ အရှေ့မှာ မတ်တတ်ရပ်နေသော ကလေးမလေးက ဒေါသထွက်စွာ အံကြိတ်လိုက်ပြီး ပြောသည်။

“ ငါ့ဒေါ်လေးချင်းသာ ဒဏ်ရာရသွားမယ်ဆိုရင် ငါ့ရဲ့ ချုံးယွင်ကလန်က ရှင့်ရဲ့ လူသားမျိုးနွယ်ကို တိုက်ခိုက်ပစ်လိမ့်မယ် ”

ကောင်မလေးက စကားဆုံးသည်နှင့် ခန္ဓာကိုယ်ကို ရွေ့လျားလိုက်သည်။ သူက ငှက်တစ်ကောင်အသွင်သို့ ပြန်ပြောင်းလဲသွားပြီး ပုကျိုးတောင်ထိပ်ဆီသို့ ဦးတည်သွားသည်။

ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး သူ၏ လက်ဖဝါးကို မြှောက်လိုက်သည်။

သူ၏ လက်ဖဝါးပေါ်တွင် ခွန်ပန်ဆင့်ခေါ်ခြင်း နတ်ဘုရားအင်းသင်္ကေတက အနည်းငယ် တုန်ယင်သွားပြီး ရွှေရောင်အလင်းတစ်ခု ပေါ်လျှိုးလာသည်။

ထိုနတ်ဘုရားအင်းသင်္ကေတ ထွက်ပေါ်လာသည့်အခိုက် ချုံးယွင်မီးငှက်က လေထဲမှာ အကျဉ်းချခံလိုက်ရသည်။

“ ဝီး ”

မူလက ဆယ်ပေခန့်သာရှိသော ချုံးယွင်မီးငှက်က လေဟာနယ်၏ ချုပ်နှောင်မှုအောက်မှာ တဖြည်းဖြည်း အရွယ်အစား ကြီးမားလာသည်။

ကြီးကျယ်မြင့်မြတ်သော အနီရောင်အတောင်ပံများကို ပိုင်ဆိုင်ထားပြီး ပေပေါင်းတစ်ရာရှည်လျားသော ဧရာမငှက်တစ်ကောင်က လေထဲမှာ ထွက်ပေါ်လာသည်။

၎င်းက ချုံးယွင်မီးငှက်၏ စစ်မှန်သော အသွင်သဏ္ဍာန် ဖြစ်သည်။

“ ဘန်း ”

၎င်းက ဟန်မူယဲ့ကို စူးစိုက်ကြည့်လိုက်ပြီး အနီရောင်အတောင်ပံကြီးများကို တဖျပ်ဖျပ်လှုပ်ခါလိုက်သည်။

ထိုသို့လုပ်ဆောင်လိုက်သည့်အခါ အချင်းမိုင်တစ်ရာအတွင်းမှ ဧရိယာက အနီရောင်မီးတောက်နယ်မြေအဖြစ် ချက်ချင်း ပြောင်းလဲသွားသည်။

မီးတောက်မူလစွမ်းအား ပေါ်လျှိုးလာသည့်အခါ ယင်းက လေထဲမှာ စုဝေးသွားပြီး ဧရာမတင်းပုတ်တစ်လက်အဖြစ် ပြောင်းလဲသွားသည်။ မီးတောက်တင်းပုတ်က ဟန်မူယဲ့၏ ဦးတည်ရာဆီသို့ တိုက်ရိုက် ကျဆင်းလာသည်။

ယင်းက ကမ္ဘာဦးအုပ်ချုပ်သူတစ်ပါး၏ အစစ်အမှန်စွမ်းအား ဖြစ်သည်။

ကမ္ဘာဦးလောကက အခြေခံအုတ်မြစ် ခိုင်မာသွားပြီဖြစ်သော်လည်း ၎င်းက မိုးမြေစွမ်းအားကို ဆင့်ခေါ်ပြီး ဟင်းလင်းပြင်ကို တုန်ယင်သွားစေမည့် တိုက်ခိုက်မှုကို ထုတ်လွှတ်နိုင်နေဆဲပင်။

“ တကယ်လို့ ဒီနေရာက ကမ္ဘာဦးလောကမဟုတ်ဘဲ စကြာဝဠာထဲက တခြားတစ်နေရာမှာသာဆိုရင် အဲ့ဒီအတောင်ပံခတ်မှုက ကြယ်စင်စုတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်တယ် ”

ဟန်မူယဲ့က သူ့ခေါင်းပေါ်သို့ ကျဆင်းလာနေသော မီးတောက်တင်းပုတ်ကို ကြည့်လိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။

ယင်းက မီးတောက်မူလစွမ်းအားနှင့် လေမူလစွမ်းအား၏ ပေါင်းစပ်မှု ဖြစ်သည်။ မူလစွမ်းအား မလုံလောက်သူများက ထိုတိုက်ခိုက်မှုကို တားဆီးနိုင်ကြလိမ့်မည် မဟုတ်ချေ။ အကယ်၍ တစ်စုံတစ်ယောက်က မီးတောက်တင်းပုတ်ဖြင့် တိုက်ရိုက် အထုခံလိုက်ရမည်ဆိုလျှင် သူတို့၏ ခန္ဓာကိုယ်က ချက်ချင်း အက်ကွဲသွားလိမ့်မည်။

ကံကောင်းစွာဖြင့် ဟန်မူယဲ့အတွက်တော့ မီးတောက်မူလစွမ်းအားက သူမရင်းနှီးသောအရာ မဟုတ်ပေ။

သူလက်မြှောက်လိုက်သည့်အခါ ရွှေရောင်မီးတောက်က သူ၏ လက်ဖဝါးထဲမှာ ထွက်ပေါ်လာသည်။

ရွှေရောင်မီးတောက်က မီးစက်ကွင်းတစ်ခုအဖြစ် အသွင်ပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားကာ အပေါ်မှ ကျဆင်းလာနေသော တင်းပုတ်ကို ခုခံကာကွယ်လိုက်သည်။

“ ဝီး ”

တင်းပုတ်က တုန်ယင်သွားပြီး ဟန်မူယဲ့၏ ဦးခေါင်းနှင့် ဆယ်ပေအကွာမှာ ရပ်တန့်သွားသည်။ တင်းပုတ်က အရှေ့သို့ နောက်ထပ် တစ်လက်မပင် မတိုးဝင်နိုင်တော့ပေ။ ယင်းက ဘေးပတ်ဝန်းကျင်မှ မိုးမြေစွမ်းအားကို ထပ်မံ စုဝေးလိုက်သော်လည်း အချည်းနှီးသာ ဖြစ်၏။

ဧရာမငှက်ကြီးက အတောင်ပံဖြန့်ကား၍ ကျယ်လောင်စွာ အော်မြည်လိုက်သည်။ ၎င်းက ပိုမိုများပြားသော စွမ်းအားကို စုဝေးရန် ကြိုးစားလိုက်သည်။

ဟန်မူယဲ့က သူ၏ လက်ကို ဖြည်းညင်းစွာ မြှောက်လိုက်သည်။

“ ဝီး ”

ခရမ်းရွှေရောင်မီးပြင်းဖိုတစ်လုံး ထွက်ပေါ်လာသည်။

ယင်းက အချိန်အတော်ကြာအောင် သူအသုံးမပြုခဲ့သော ခရမ်းနေမင်းမီးပြင်းဖို ဖြစ်သည်။

ခရမ်းနေမင်းမီးပြင်းဖို ထွက်ပေါ်လာသည့်အခိုက် ချုံးယွင်မီးငှက်က အပြင်းအထန် တုန်ယင်သွားသည်။ ၎င်းက မီးတောက်ထိန်းချုပ်နိုင်စွမ်းကို ဆုံးရှုံးသွားသည်။

“ ဗုန်း ”

တင်းပုတ်က အက်ကွဲသွားပြီး ရွှေရောင်မီးတောက်အဖြစ် ပြောင်းလဲသွားသည်။ နောက်အခိုက်အတန့်မှာ မီးတောက်များက ခရမ်းနေမင်းမီးပြင်းဖို၏ စုပ်ယူခံလိုက်ရသည်။

နတ်ဘုရားမီးတောက်အသစ်က ခရမ်းနေမင်းမီးပြင်းဖိုထဲသို့ ဝင်ရောက်သွားသည်။

ချုံးယွင်မီးငှက်က တုန်ယင်သွားသည်။ ၎င်းက အတောင်ပံဖြန့်၍ ထွက်ပြေးရန် ကြိုးစားလိုက်သည်။ သို့သော်လည်း ခရမ်းနေမင်းမီးပြင်းဖိုက ရွှေရောင်အလင်းကွန်ချာတစ်ခုကို ထုတ်လွှတ်လိုက်ပြီး ချုံးယွင်မီးငှက်ကို ချုပ်နှောင်လိုက်သည်။

၎င်းက မည်မျှရုန်းကန်ပါစေ မလွတ်မြောက်နိုင်ပေ။

“ မင်းကို မီးပြင်းဖိုထဲ ဆွဲသွင်းပြီး နတ်ဘုရားမီးတောက်အတွက် လောင်စာဖြစ်အောင် ငါလုပ်နိုင်တယ် ”

ဟန်မူယဲ့က သူ၏ လက်နှစ်ဖက်ကို အနောက်ပို့လျက် ချုံးယွင်မီးငှက်ကို စိုက်ကြည့်လိုက်သည်။

ချုံးယွင်မီးငှက်က ရုန်းကန်လိုက်သည်။ သို့သော်လည်း ၎င်းရုန်းကန်လေ အလင်းကွန်ချာက ပိုပြီးတင်းကျပ်လာလေပင်။

ကမ္ဘာဦးအုပ်ချုပ်သူတစ်ပါးက အဖမ်းခံလိုက်ရပြီး မလွတ်မြောက်နိုင်တော့ပေ။

ယင်းက အထွတ်အမြတ်ရတနာခုနစ်ပါး၏ လုပ်ဆောင်နိုင်စွမ်း ဖြစ်သည်။

ထို့ပြင် ယင်းက ဟန်မူယဲ့၏ တိုက်ပွဲစွမ်းအားလည်း ဟုတ်သည်။ သာမန်ကမ္ဘာဦးအုပ်ချုပ်သူများက သူ့အရှေ့မှာ ပုရွက်ဆိတ်များနှင့် မခြားပေ။

“ ဗုန်း ”

သူ့အနောက်တွင် ပုကျိုးတောင်ထိပ်တစ်ဝက်က ရုတ်တရက် ပြိုကျပျက်စီးသွားသည်။

အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော ဒေါ်လေးချင်းက ဖရိုဖရဲအသွင်ဖြင့် ဟန်မူယဲ့၏ အရှေ့သို့ ပစ်ချခံလိုက်ရသည်။

“ ကျွန်မ… ကျွန်မ အညံ့ခံပါတယ်… ကျေးဇူးပြုပြီး ရှောင်ယွင်ကို အသက်ချမ်းသာပေးပါ ”

သူက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး တောင်းပန်တိုးလျှိုး ပြောသည်။

ပုထိုင်းတောင်၏ အရှင်သခင်ဖြစ်သော ကမ္ဘာဦးအုပ်ချုပ်သူက အညံ့ခံရန် ပြောလာသည်။

ဟန်မူယဲ့က မည်သည့်စကားမှ မတုံ့ပြန်ပေ။ ယင်းအစား သူက ကျူးရုန်ကို ကြည့်လိုက်သည်။ ဤအခိုက်အတန့်မှာ ကျူးရုန်က မီးတောက်များဖြင့် ဖုံးလွှမ်းခံထားရပြီး အလွန်အားကောင်းသော တိုက်ပွဲစိတ်ဆန္ဒကို ထုတ်လွှတ်နေသည်။ သူက အစိမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးကို ကြည့်လိုက်ပြီး ပြုံးလိုက်သည်။

“ မင်း တကယ်အညံ့ခံချင်တာ ဟုတ်မဟုတ် အရေးမကြီးဘူး… တစ်နေ့ကျရင် မင်းငါ့ကို တကယ် အညံ့ခံလာစေရမယ် ”

ကျူးရုန်က ကမ္ဘာဦးအုပ်ချုပ်သူအဆင့် မိုးကောင်းကင်သစ်ပင်ကို အနိုင်ယူရန် ဆန္ဒပြင်းပြနေကြောင်း မြင်သောအခါ ဟန်မူယဲ့က ခေါင်းခါလိုက်သည်။

မိစ္ဆာသားရဲစစ်တပ်၏ တိုက်ပွဲဝင်္ကပါအစွမ်းကြောင့် မဟုတ်လျှင် ကျူးရုန်က အုပ်ချုပ်သူတစ်ပါးကို သူ့ကိုယ်ပိုင်စွမ်းအားဖြင့် အနိုင်ယူနိုင်လိမ့်မည် မဟုတ်ချေ။ ထိုအတွက် သူက အဝေးကြီး လျှောက်လှမ်းရဦးလိမ့်မည်။

ဟန်မူယဲ့က အလင်းကွန်ချာကို ပြန်ရုပ်သိမ်းလိုက်သည့်အခါ ချုံးယွင်မီးငှက်က ကလေးမလေးအဖြစ် ပြန်ပြောင်းလဲသွားပြီး ဒေါ်လေးချင်း၏ ဘေးမှာ ရပ်လိုက်သည်။

“ ဒေါ်လေးချင်း အဆင်ပြေရဲ့လား… ငါနဲ့ လိုက်ခဲ့ပါ… ဒေါ်လေးကို ချုံးယွင်ကလန်ဆီ ငါခေါ်သွားပေးမယ် ”

ချုံးယွင်မီးငှက်က ဒေါ်လေးချင်း၏ တွဲထူလိုက်ပြီး နူးညံ့စွာ ပြောသည်။

ဒေါ်လေးချင်းက ခေါင်းခါလိုက်ပြီး ဘေးဘီကို ကြည့်လိုက်သည်။

“ ဒီနေရာက ငါ့ရဲ့ ဇာတိမြေ… ပုထိုင်းတောင်ကနေ ငါမထွက်သွားနိုင်ဘူး ”

သူက ပြောသည်။

“ လူသားမျိုးနွယ်က ပုထိုင်းတောင်ပေါ်က နတ်သားရဲတွေကို ထိခိုက်အောင် မလုပ်ဘူးလို့ ကတိပေးမယ်ဆိုရင် လူသားမျိုးနွယ် ဒီနေရာမှာ နေထိုင်နိုင်ဖို့ ကျွန်မကူညီပေးမယ် ”

ဒေါ်လေးချင်းက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ပြောသည်။

ယင်းက ကောင်းမွန်သော အကြံပြုချက် ဖြစ်သည်။

ဒေါ်လေးချင်းက ကမ္ဘာဦးအုပ်ချုပ်သူအဆင့်သို့ ပုထိုင်းတောင်ပေါ်မှာ တတ်လှမ်းခဲ့ကြောင်း ဟန်မူယဲ့ သိသည်။ အကယ်၍ သူသာ ပုထိုင်းတောင်ပေါ်မှ ထွက်ခွာမည်ဆိုလျှင် သူ၏ စွမ်းအားက ကြီးကြီးမားမား လျော့ကျသွားလိမ့်မည်။

ထို့ကြောင့် သူက ပုထိုင်းတောင်မှ မစွန့်ခွာချင်ပေ။

“ ကောင်းပြီ… ပုထိုင်းတောင်က မင်းရဲ့ အုပ်ချုပ်မှုအောက်မှာ ဆက်ရှိနေမယ်… ဒါပေမဲ့ ငါတို့လူသားမျိုးနွယ်က ပုထိုင်းတောင်ကို ဖြတ်ပြီး ရှေးဦးအပျက်အစီးတောအုပ်ရဲ့ ကုန်းတွင်းပိုင်းဆီ လမ်းဖောက်ချင်တယ် ”

ဟန်မူယဲ့က အရှေ့သို့ လှမ်းကြည့်လိုက်ပြီး တည်ကြည်လေးနက်စွာ ပြောသည်။

အကယ်၍ သူတို့သာ ပုထိုင်းတောင်ကို ဖြတ်ကျော်နိုင်မည်ဆိုလျှင် စွန့်ပစ်ကုန်းမြေမှ လူသားမျိုးနွယ်က ရှေးဦးအပျက်အစီးတောအုပ်ထဲမှ အစွမ်းထက်မျိုးနွယ်စုများနှင့် အမှန်တကယ် ဆက်သွယ်နိုင်သွားလိမ့်မည်။

ဒေါ်လေးချင်းက စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။

ယနေ့ပြီးသွားလျှင် ပုထိုင်းတောင်၏ အရှင်သခင်က နတ်သားရဲများ ဆက်ပြီး ဟုတ်တော့မည် မဟုတ်ချေ။

ယခုအချိန်မှစ၍ ပုထိုင်းတောင်၏ စစ်မှန်သော အရှင်သခင်က လူသားမျိုးနွယ် ဖြစ်သွားလိမ့်မည်။

ရှေးဦးအပျက်အစီးတောအုပ်ထဲမှာ အားအနည်းဆုံးဖြစ်သော လူသားမျိုးနွယ်က ပုထိုင်းတောင်၏ အရှင်သခင်ဖြစ်လာလိမ့်မည်ဟု မည်သူမျှော်လင့်ထားမည်နည်း။

သူ့အရှေ့မှ ဟန်မူယဲ့ကို မော့ကြည့်လိုက်သည့်အခါ ချုံးယွင်မီးငှက်၏ မျက်လုံးထဲတွင် အကြောက်တရားများ ထွက်ပေါ်လာသည်။

အစောနက ထိုလူသား ထုတ်ဖော်ပြခဲ့သော စွမ်းအားက အလွန်ကြောက်စရာကောင်းသည်။ ထိုလူသားက သူ့ကို အနိုင်ယူရန် ပင်ပန်းစွာ အားစိုက်ထုတ်ခဲ့ရပုံမပေါ်ချေ။

“ ရှေးဦးအပျက်အစီးတောအုပ်က တကယ် ပြောင်းလဲတော့မယ် ”

…..

ပုထိုင်းတောင်ကို သိမ်းပိုက်ခြင်းက စွန့်ပစ်ကုန်းမြေမှ လူသားမျိုးနွယ်၏ ပထမခြေလှမ်း ဖြစ်သည်။

ကျူးရုန်နှင့် ဟန်မူယဲ့က မိစ္ဆာသားရဲစစ်တပ်ဖြင့် ပြန်ရောက်လာပြီး ပုထိုင်းတောင်ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ကြေညာလိုက်သည့်အခါ လျောင်ယွမ်မျိုးနွယ်ဝင်အားလုံးက အော်ဟစ်ချီးမြှောက်လိုက်ကြသည်။

ကျူးရုန်က ဝမ်းသာပျော်ရွှင်နေကြသော လူအုပ်ကြီးကို ဝေ့ဝိုက်ကြည့်လိုက်သည်။ ထို့နောက် သူက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ပြောသည်။

“ ဆရာဟန်… နောက်တစ်ဆင့်အနေနဲ့ ကျုပ်တို့ ဘာလုပ်ရမလဲ ”

သူ၏ စကားက လျောင်ယွမ်မျိုးနွယ်စုထဲမှ အစွမ်းထက်ပုဂ္ဂိုလ်အားလုံးကို ခေါင်းထောင်သွားစေသည်။

စွန့်ပစ်ကုန်းမြေနှင့် ပုထိုင်းတောင်က သူတို့၏ လက်အောက်သို့ ကျရောက်သွားပြီဆိုလျှင် ယခုအချိန်က စွန့်ပစ်ကုန်းမြေ၏ အပြင်ဘက်သို့ စွန့်စားသွားလာရမည့်အချိန် မဟုတ်ပေဘူးလား။

စွန့်ပစ်ကုန်းမြေ၏ အပြင်ဘက်က ရှေးဦးအပျက်အစီးတောအုပ်၏ အဓိကနယ်မြေ ဖြစ်သည်ဟု ဆိုကြသည်။

စွန့်ပစ်ကုန်းမြေ၏ အပြင်ဘက်တွင် အစွမ်းထက်နတ်သားရဲမျိုးနွယ်စုများသာမက လူသားမျိုးနွယ်စုကြီးများလည်း တည်ရှိကြသည်ဟု သူတို့ကြားဖူးကြသည်။ ထိုလူသားမျိုးနွယ်စုကြီးများက အလွန်အားကောင်းလေရာ နတ်သားရဲများကို ဖိနှိပ်ထားနိုင်ပြီး မြို့ကြီးများကို တည်ဆောက်နိုင်ကြသည်။

လျောင်ယွမ်မျိုးနွယ်စုမှ ကုန်သွယ်ရေးယာဉ်တန်းတချို့သည် စွန့်ပစ်ကုန်းမြေနှင့် ပုထိုင်းတောင်ကို ဖြတ်သန်း၍ ရှေးဦးအပျက်အစီးတောအုပ်၏ ကုန်းတွင်းပိုင်းဆီသို့ သွားရောက်ဖူးကြသည်။

သူတို့ပြန်ရောက်လာသည့်အခါ စွန့်ပစ်ကုန်းမြေ၏ အပြင်ဘက်က မည်မျှဖွံ့ဖြိုးတိုးတတ်ကြောင်း ပြန်ပြောကြသည်။ ရှေးဦးအပျက်အစီးတောအုပ်မှ ကုန်းတွင်းပိုင်းက စွန့်ပစ်ကုန်းမြေ နှိုင်းယှဉ်နိုင်သောအရာ မဟုတ်ပေ။ ထိုနှစ်ခုက ကောင်းကင်နှင့် မြေကြီးပမာ ကွာခြားသည်။

စွန့်ပစ်ကုန်းမြေဆီသို့ သူတို့ပြန်ယူလာသော လက်နက်များသည်ပင် ရွက်ကြမ်းရေကျိုအဆင့်မှာသာရှိပြီး ယင်းတို့၏ နတ်ဘုရားအင်းသင်္ကေတများက သာမန်ဖြစ်သော်လည်း ယင်းတို့၏ ဝိညာဉ်သတ္ထုအရည်အသွေးက စွန့်ပစ်ကုန်းမြေတွင် မြင်တွေ့နိုင်သောအရာ မဟုတ်ပေ။

စွန့်ပစ်ကုန်းမြေတွင် မြင်တွေ့ရခဲသော ဝိညာဉ်သတ္ထုများကို စွန့်ပစ်ကုန်းမြေ၏ အပြင်ဘက်တွင် နေရာတိုင်းမှာ ပေါပေါများများ အသုံးပြုနေကြသည်။

စွန့်ပစ်ကုန်းမြေမှ ထိပ်တန်းလက်နက်များကို ထိုမျိုးနွယ်စုကြီးများထံမှ သာမညောင်ည ဝိညာဉ်သတ္ထုတချို့ဖြင့်သာ လဲလှယ်နိုင်သည်။

သို့သော်လည်း ထိုသာမညောင်ည ဝိညာဉ်သတ္ထုများသည် စွန့်ပစ်ကုန်းမြေတွင် အလွန်တန်ဖိုးကြီးမားကြသည်။

ယင်းက အရင်းအမြစ်များကြားမှ ကွာခြားမှု ဖြစ်သည်။

အကယ်၍ သူတို့က ပုထိုင်းတောင်ကို ဖြတ်ကျော်နိုင်မည်ဆိုလျှင် စွန့်ပစ်ကုန်းမြေ၏ စစ်တပ်က ရှေးဦးအပျက်အစီးတောအုပ်၏ ကုန်းတွင်းပိုင်းထဲသို့ ဝင်ရောက်နိုင်သွားလိမ့်မည်။ ထိုအခါကျလျှင် သူတို့က ဝိညာဉ်သတ္ထုတွင်းအများအပြားကို သိမ်းယူနိုင်ကြလိမ့်မည်။

လူတိုင်းက ဟန်မူယဲ့ကို မျှော်လင့်သော မျက်လုံးဖြင့် ကြည့်လိုက်ကြသည်။

ဟန်မူယဲ့က ခေါင်းခါလိုက်သည်။

“ ငါတို့ရဲ့ အင်အားက မလုံလောက်သေးဘူး ”

လျောင်ယွမ်မျိုးနွယ်စုက စွန့်ပစ်ကုန်းမြေမှ ထွက်သွားချင်ကြောင်း သူသိသည်။ သို့သော်လည်း စွန့်ပစ်ကုန်းမြေ၏ အပြင်ဘက်က နတ်သားရဲမျိုးနွယ်စုများ၏ ပိုင်နက်ဖြစ်သည်။

ယခင်တစ်ခေါက်က ရတနာငါးပါးတောင်ပေါ်တွင် သူက ထိုနတ်သားရဲများကို မောင်းထုတ်ရန် နတ်ဘုရားသတ်ဖြတ်ခြင်းလှံမှ နတ်သားရဲဝိညာဉ်တစ်သန်းကို အားကိုးခဲ့ရသည်။

အကယ်၍ ယခု သူတို့က ပုထိုင်းတောင်ကို ဖြတ်ကျော်ပြီး စွန့်ပစ်ကုန်းမြေ၏ အပြင်ဘက်သို့ သွားရောက်မည်ဆိုလျှင် မရေမတွက်နိုင်သော နတ်သားရဲမျိုးနွယ်စုများနှင့် ရင်ဆိုင်ကြရလိမ့်မည်။ ထို့ပြင် လူသားမျိုးနွယ်စုကြီးများ၏ စစ်တပ်များလည်း ရှိသေးသည်။

“ မြို့တစ်မြို့ တည်ဆောက်ရအောင် ”

ဟန်မူယဲ့က ပုထိုင်းတောင်ကို လှမ်းကြည့်လိုက်ပြီး ပြောသည်။

“ ငါတို့ လမ်းဖွင့်ကြမယ်… ပုထိုင်းတောင်ပေါ်က ကျောက်တုံးတွေက မြို့တည်ဆောက်ဖို့ အကောင်းဆုံးပဲ ”

“ စွန့်ပစ်ကုန်းမြေထဲမှာ လူသားမြို့တော်တစ်ခု ရှိသင့်တယ် ”

မျိုးနွယ်စုများသည် စွန့်ပစ်ကုန်းမြေမှ လူသားမျိုးနွယ်အတွက် နေထိုင်ရန် မသင့်တော်တော့ချေ။

ဟန်မူယဲ့က စွန့်ပစ်ကုန်းမြေမှ လူသားများအပေါ် လက်နက်သန့်စင်ခြင်းပညာ၊ အာခီမီပညာနှင့် ကျင့်ကြံခြင်းအတွက် အထောက်အပံ့ဖြစ်စေနိုင်သော ပညာရပ်အမျိုးမျိုးကို သင်ကြားပေးသည်။

ထို့ပြင် နတ်သားရဲဝိညာဉ်တစ်သန်း၏ မူလစွမ်းအားက မိုးမြေဆီသို့ ပြန်ရောက်သွားပြီး ၎င်းတို့၏ ဝိညာဉ်အမှတ်အသားများက စွန့်ပစ်ကုန်းမြေမှ လူသားမျိုးနွယ်ဆီမှာ ပြန်လည်မွေးဖွားလာကြလိမ့်မည်။

သူတို့ကို အချိန်အနည်းငယ် ပေးလိုက်မည်ဆိုလျှင် အတိတ်ဘဝမှ မှတ်ဉာဏ်များကို ပြန်ရရှိသွားကြလိမ့်မည်။

ထိုနည်းဖြင့်ဆိုလျှင် ရှေးဦးအပျက်အစီးကုန်းမြေထဲမှ လူသားမျိုးနွယ်က လျှင်မြန်စွာ အင်အားကြီးမားလာလိမ့်မည်။

လျောင်ယွမ်မျိုးနွယ်စုက ပုထိုင်းတောင်ကို ဖြတ်ကျော်ပြီး အပြင်ဘက်မှာ အခြေချရန် အချိန်တစ်ခုသာ လိုအပ်သည်။

“ မြို့တစ်မြို့ တည်ဆောက်ရမှာလား ”

ကျူးရုန်က ဘေးဘီကို ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။

“ ဟုတ်တယ်… အခုချိန်က ငါတို့ကိုယ်ပိုင်မြို့ကို တည်ဆောက်ရမယ့်အချိန်ပဲ ”

…..

လျောင်ယွမ်မြို့တော်… ။

ယင်းက စွန့်ပစ်ကုန်းမြေထဲမှ ပထမဆုံးမြို့တော်လည်း ဟုတ်သည်။

လျောင်ယွမ်မျိုးနွယ်စုထဲတွင် သန်စွမ်းကြံ့ခိုင်သော လူသားသန်းသုံးဆယ် ရှိသည်။ သူတို့က မြို့တော်ကို တည်ဆောက်ရင်း တိုက်ပွဲဝင်္ကပါများကို လေ့ကျင့်နေကြသည်။

သူတို့က ပုထိုင်းတောင်ပေါ်သို့ ချီတတ်သွားကြပြီး ကျောက်တုံးကြီးများကို လိုက်လံစုဆောင်းကြသည်။ ထို့နောက် သူတို့က ထိုကျောက်တုံးကြီးများကို မိုင်တစ်သောင်းအဝေးဆီသို့ သယ်ယူပို့ဆောင်ကြသည်။

ပေတစ်ရာကျယ်ဝန်းသော လမ်းက အကြိမ်ကြိမ် နင်းခြေခံလိုက်ရသည်။

ကျောက်တုံးနံရံကြီးများက ပေသုံးဆယ်အထိ မြင့်တတ်သွားကြသည်။

မြို့တံတိုင်းများက မိုင်သုံးရာကျယ်ပြောပြီး မြို့ထဲတွင် လမ်းသွယ်များနှင့် လမ်းမများ ရှိကြသည်။

သာမန်မျိုးနွယ်ဝင်များက ထိုလမ်းများပေါ်မှာ မနေထိုင်ကြချေ။

နတ်ဘုရားအင်းသင်္ကေတပညာရှင်များ၊ ရိုးရာနတ်ဆရာများနှင့် အစွမ်းထက် မိစ္ဆာသားရဲစစ်သည်တော်များသည်သာ လျောင်ယွမ်မြို့ထဲမှ ထိုလမ်းများပေါ်မှာ နေထိုင်ခွင့်ရကြသည်။

မြို့ထဲမှ ကျောက်တုံးအားလုံးပေါ်မှာ နတ်ဘုရားအင်းသင်္ကေတများကို ရေးထွင်းထားကြသည်။

တချို့နတ်ဘုရားအင်းသင်္ကေတများက ရိုးရာနတ်ဆရာများနှင့် နတ်ဘုရားအင်းသင်္ကေတပညာရှင်များ၏ ကိုယ်ပိုင်ဉာဏ်အလင်းများကို ကိုယ်စားပြုပြီး အများစုက ဟန်မူယဲ့ သင်ကြားပေးထားသော မိုးမြေနတ်ဘုရားအင်းသင်္ကေတများထံမှ ဆင်းသက်လာကြခြင်း ဖြစ်သည်။

ထိုမိုးမြေနတ်ဘုရားအင်းသင်္ကေတများက မြို့၏ အခြေခံအုတ်မြစ်ကို ပိုပြီးတောင့်တင်းခိုင်မာစေသည်။ ထို့ကြောင့် ကမ္ဘာဦးအုပ်ချုပ်သူအဆင့် နတ်သားရဲများသည်ပင် မြို့ကို အလွယ်တကူ မဖျက်ဆီးနိုင်ပေ။

All Chapters