← Chapters

အခန်း (၁၅၄၅)

Vol. 111 Ch. 1545

အခန်း (၁၅၄၅)

Vol. 111 Ch. 1545

မြို့တည်ဆောက်ရန် အနှစ်နှစ်ဆယ် ကြာမြင့်ခဲ့သည်။

ထိုအနှစ်နှစ်ဆယ်အတွင်းမှာ အရေအတွက်တစ်ထောင်ကျော်သော မြို့အသေးလေးများက စွန့်ပစ်ကုန်းမြေထဲမှာ ထွက်ပေါ်လာကြသည်။

ဤအနှစ်နှစ်ဆယ်အတွင်းမှာ စွန့်ပစ်ကုန်းမြေမှ လူသားမျိုးနွယ်၏ လူဦးရေက အဆပေါင်းများစွာ တိုးပွားလာခဲ့သည်။ ယခု လူသားမျိုးနွယ်က အရေအတွက် သန်းသုံးရာကျော်သွားသည်။ သူတို့က အမဲလိုက်ခြင်းနှင့် သားရဲထိန်းကျောင်းခြင်းကို အဓိကလုပ်ဆောင်ကြသည်။

နတ်သားရဲဝိညာဉ်များမှ ပြန်မွေးဖွားလာကြသော လူသားငါးသောင်းသည် သူတို့၏ အတိတ်ဘဝမှ မှတ်ဉာဏ်များကို ပြန်နိုးထနိုင်သွားပြီး တစ်ဟုန်ထိုး အစွမ်းမြင့်တတ်သွားကြသည်။ ယခု သူတို့က ယခင်ဘဝမှ စွမ်းအားကို ပိုင်ဆိုင်လုနီးပါး အားကောင်းလာကြသည်။

သို့တိုင် ထိုစွမ်းအားက လက်ရှိ တိုက်ပွဲဝင်္ကပါများ၏ အရှေ့မှာ ဘာမှမဟုတ်တော့ပေ။

နတ်သားရဲတစ်ကောင်က လူအယောက်တစ်ထောင်ဖြင့် ဖွဲ့စည်းထားသော တိုက်ပွဲဝင်္ကပါကို ခုခံနိုင်လိမ့်မည်လော။

အဆင့်မြင့်နတ်သားရဲများသည်ပင် ထိုသို့မလုပ်နိုင်ပေ။

အနက်ရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး တိုက်ပွဲလက်နက်များ ကိုင်ဆွဲထားကြသော မိစ္ဆာသားရဲစစ်သည်တော်များက တိုက်ပွဲဝင်္ကပါများကို ဖွဲ့စည်းလိုက်ကြသည့်အခါ ပြိုင်ဘက်ကင်းသွားသည်။

ယခု သူတို့ကို လျောင်ယွမ်ကောင်းကင်စစ်သည်တော်များဟု ခေါ်ဆိုကြသည်။

လျောင်ယွမ်ကောင်းကင်စစ်သည်တော်များသည် အနက်ရောင်ချပ်ဝတ်ကို ဝတ်ဆင်ထား၍ တိုက်ပွဲလက်နက်များ ကိုင်ဆွဲထားကြပြီး တိုက်ပွဲဝင်္ကပါများကို ဖွဲ့စည်းထားကြသည်။ အလွန်အားကောင်းသော သွေးချီအရှိန်အဝါက သူတို့တစ်ယောက်ချင်းစီမှ ထွက်ပေါ်နေသည်။ စစ်သည်တော်တစ်ထောင်ပါဝင်သော တပ်ဖွဲ့တစ်ဖွဲ့က တိုက်ပွဲဝင်္ကပါတစ်ခုစီကို ဖွဲ့စည်းထားကြသည်။

တိုက်ပွဲဝင်္ကပါများ၏ အင်အားက အလွန်ကြောက်စရာကောင်းလေရာ အချင်းမိုင်တစ်ထောင်အတွင်းမှ အရာအားလုံးကို လွှမ်းမိုးဖိနှိပ်နိုင်သည်။

သူတို့ဝတ်ဆင်ထားသော ချပ်ဝတ်များက နတ်သားရဲများ၏ တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိပြီး သူတို့၏ တိုက်ပွဲလက်နက်များက နတ်သားရဲများကို ထိခိုက်ဒဏ်ရာရအောင် ပြုလုပ်နိုင်သည်။

စစ်သည်တော်တစ်ဦးက နတ်သားရဲတစ်ကောင်၏ ပြိုင်ဘက်မဟုတ်သော်လည်း စစ်သည်တော်တစ်ထောင်က တိုက်ပွဲဝင်္ကပါကို ဖွဲ့စည်းလိုက်မည်ဆိုလျှင် အဆင့်မြင့်နတ်သားရဲများသည်ပင် ထွက်ပြေးသွားကြရလိမ့်မည်။

လျောင်ယွမ်မြို့တော်ထဲမှာ ထိုသို့တိုက်ပွဲဝင်္ကပါများက စုစုပေါင်းတစ်ထောင်ရှိသည်။

ယင်းက အနှစ်နှစ်ဆယ်ကြာ ကြိုးစားအားထုတ်မှု၏ အသီးအပွင့် ဖြစ်သည်။ ထိုအတောအတွင်းမှာ ဟန်မူယဲ့က စွန့်ပစ်ကုန်းမြေမှ နတ်ဘုရားအင်းသင်္ကေတပညာရှင်အားလုံးကို စုဝေးလိုက်ပြီး လျောင်ယွမ်ကောင်းကင်စစ်သည်တော်များအတွက် စစ်ချပ်ဝတ်များနှင့် တိုက်ပွဲလက်နက်များကို သန့်စင်စေခဲ့သည်။

ထို့ကြောင့် ယခုကဲ့သို့ အစွမ်းထက်စစ်တပ်တစ်တပ် ပေါ်ထွန်းလာခြင်း ဖြစ်သည်။

လျောင်ယွမ်ကောင်းကင်စစ်သည်တော်တစ်သန်းက လျောင်ယွမ်မြို့တော်၏ အသန်မာဆုံး အင်အားစု ဖြစ်သည်။

ထိုကောင်းကင်စစ်သည်တော်တစ်သန်းအပြင် အခြားစစ်သည်တော်များက စုစုပေါင်း သန်းရှစ်ဆယ်ကျော် ရှိသည်။ ထိုစစ်သည်တော်သန်းရှစ်ဆယ်က လျောင်ယွမ်မျိုးနွယ်စု၏ စစ်တပ်စခန်းများထဲမှာ အခြေချနေထိုင်ကြသည်။

စစ်တပ်စခန်းတစ်ခုစီမှာ အစွမ်းထက် စစ်သည်တော်တစ်သန်း နေထိုင်ကြသည်။ သူတို့က နတ်သားရဲများနှင့် အစွမ်းထက်မိစ္ဆာသားရဲများကို စီးတော်သားရဲများအဖြစ် ထိန်းကျောင်းကြသည်။

စွန့်ပစ်ကုန်းမြေမှ လူသားမျိုးနွယ်စု၏ လူဦးရေသည် သုံးဆယ်ဘီလီယံရှိပြီး သူတို့က စစ်သည်တော်သန်းရှစ်ဆယ်ကို အပြည့်အဝ ထောက်ပံ့ပေးကြသည်။ သို့ဖြစ်၍ စစ်တပ်စခန်းများကို စွန့်ပစ်ကုန်းမြေတစ်ခုလုံး၌ ဖြန့်ကြက်ထားနိုင်ကြသည်။

မှန်ပေ၏။ စွန့်ပစ်ကုန်းမြေတစ်ခုတည်းမှ အရင်းအမြစ်များက ထိုလူအားလုံးကို ထောက်ပံ့ပေးရန် မလုံလောက်ပေ။

လွန်ခဲ့သော ဆယ်နှစ်တွင် ပုထိုင်းတောင်ထဲမှာ ဥမင်လမ်းကြောင်းတစ်ခုကို ဖွင့်လှစ်ခဲ့သည်။

ဥမင်လှိုဏ်ခေါင်းက ပေတစ်ရာကျယ်ပြောပြီး မိုင်တစ်သိန်းရှည်လျားသည်။ လှိုဏ်ခေါင်းက တောင်တန်းဒါဇင်ခန့်ကို ဖောက်ထွင်းခဲ့သည်။

ထိုဥမင်လှိုဏ်ခေါင်းက စွန့်ပစ်ကုန်းမြေ၏ အပြင်ဘက်၊ ရှေးဦးအပျက်အစီးတောအုပ်၏ ကုန်းတွင်းပိုင်းဆီသို့ ထိုးပေါက်သည်။

ယင်းက လူတိုင်းကို ဝမ်းသာပျော်ရွှင်စေသည်။

သို့သော်လည်း နောက်အခိုက်အတန့်မှာ သူတို့က စွန့်ပစ်ကုန်းမြေအပြင်ဘက်မှ လူသားမျိုးနွယ်စုများနှင့် နတ်သားရဲများ၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို တွေ့ကြုံလိုက်ကြရသည်။

ထို့ကြောင့် ကျူးရုန်သည် ရွေးချယ်စရာမရှိသည့်အဆုံး စစ်တပ်ကို ကိုယ်တိုင်ဦးဆောင်၍ ဥမင်လှိုဏ်ခေါင်း၏ အခြားတစ်ဖက်ဆီသို့ ချီတတ်သွားခဲ့သည်။ လမ်းတစ်လျှောက်တွင် သူက အဆင့်မြင့်နတ်သားရဲဆယ်ကောင်ကို တစ်ယောက်တည်းစွမ်းအားဖြင့် သုတ်သင်ရှင်းလင်းခဲ့ပြီး နတ်သားရဲများ၏ သွေးဖြင့် ဥမင်လှိုဏ်ခေါင်းကို လမ်းဖောက်ပေးခဲ့သည်။

ထိုတိုက်ပွဲက မိုးမြေကို အက်ကွဲစေခဲ့သည်။ စွန့်ပစ်ကုန်းမြေမှ စစ်တပ်များက ပုထိုင်းတောင်၏ အပြင်ဘက်မှာ စုဝေးလိုက်ကြပြီး မိုင်သုံးသောင်းအတွင်းမှ သက်ရှိအားလုံးကို သတ်ဖြတ်ခဲ့ကြကာ မြေပြင်ကို သွေးဖြင့် ဆေးကြောခဲ့ကြသည်။

နောက်ဆုံးမှာတော့ ရှေးခေတ်မှ အဆင့်မြင့်နတ်သားရဲဒါဇင်ခန့်က ကြားဝင်စွက်ဖက်လာကြပြီး လူသားစစ်သည်တော်တစ်သန်းက ပုထိုင်းတောင် အပြင်ဘက်မှာ တပ်ဆွဲခဲ့ကြသည်။

သို့သော်လည်း လျောင်ယွမ်မျိုးနွယ်စုသည် ပုထိုင်းတောင်နှင့် ကမ္ဘာဦးအုပ်ချုပ်သူအဆင့် မိုးကောင်းကင်သစ်ပင်၏ အထောက်အပံ့ကို ရရှိထားသည်။ ထို့ကြောင့် အပြင်ဘက်မှ နတ်သားရဲများနှင့် လူသားမဟာမိတ်စစ်တပ်သည် ပုထိုင်းတောင်ဆီသို့ မကျူးကျော်ဝံ့ကြချေ။

နောက်ပိုင်းတွင် အင်အားစုအသီးသီးက ဆွေးနွေးညှိနှိုင်းပြီး သဘောတူညီမှုတစ်ခုကို ပြုလုပ်ခဲ့ကြသည်။ ထိုသဘောတူညီမှုမှာ စွန့်ပစ်ကုန်းမြေမှ စစ်တပ်များက အချင်းမိုင်တစ်သိန်းထက် ပိုပြီးမကျူးကျော်လာရန် ဖြစ်သည်။

အချင်းမိုင်တစ်သိန်းဟူသော ဧရိယာက ထိုအချိန်၌ စွန့်ပစ်ကုန်းမြေမှ လူသားမျိုးနွယ်အတွက် လုံလောက်ပေသည်။

စွန့်ပစ်ကုန်းမြေမှ ထုတ်ကုန်ပစ္စည်းများကို အချင်းမိုင်တစ်သိန်းအတွင်းမှ နေရာများဆီသို့ တင်ပို့ခဲ့ကြသည်။ တစ်ချိန်တည်းမှာ သူတို့က နေရာတိုင်းတွင် ကုန်သွယ်ရေးဌာနများကို တည်ဆောက်ခဲ့ကြသည်။

ပေါ့ပါးသော ပစ္စည်းများ၊ သန့်စင်ပြီးသား လက်နက်များ၊ ဓားများ၊ ချပ်ဝတ်များနှင့် အိမ်အသုံးအဆောင်ပစ္စည်းများကို ကုန်သွယ်ရေးဌာနများတွင် တင်သွင်းခဲ့ကြသည်။ ထိုထဲမှ ပစ္စည်းအများစုကိုတော့ နတ်ဘုရားအင်းသင်္ကေတများဖြင့် ထွင်းထုထားကြသည်။

ဥပမာ မီးတောက်နတ်ဘုရားအင်းသင်္ကေတရှိသော ဓားတစ်လက်က မီးတောက်ကို ချက်ချင်း ဖန်တီးပေးနိုင်သည်။

ရေနတ်ဘုရားအင်းသင်္ကေတရှိသော ဓားတစ်လက်က သန့်စင်သော ရေကို ချက်ချင်း ဆင့်ခေါ်နိုင်သည်။

တစ်စုံတစ်ယောက်က တိမ်ရေနတ်ဘုရားအင်းသင်္ကေတပါဝင်သော ဖိနပ်ကို ဝတ်ဆင်ထားမည်ဆိုလျှင် မြစ်ပေါ်မှာ လမ်းလျှောက်နိုင်လိမ့်မည်။

…..

ထိုသို့ပစ္စည်းများက ရှေးဦးအပျက်အစီးတောအုပ်ထဲမှ လူသားမျိုးနွယ်၏ ဘဝနေထိုင်မှုပုံစံကို ပြောင်းလဲစေခဲ့သည်။ ထိုပစ္စည်းများကို စွန့်ပစ်ကုန်းမြေမှ တခြားမျိုးနွယ်စုများထံသို့လည်း ဖြန့်ဝေခဲ့ကြသည်။

မည်သည့်မျိုးနွယ်စုမှ အသုံးပြုရန် ရိုးရှင်းလွယ်ကူသော ထိုသို့ပစ္စည်းများကို မလိုချင်ဘဲ မနေနိုင်ပေ။

အရေးကြီးဆုံးမှာ သူတို့က ထိုပစ္စည်းများကို တန်ဖိုးသိပ်မကြီးသော ဝိညာဉ်သတ္ထုများဖြင့် လဲလှယ်နိုင်ကြသည်။

သို့ဖြစ်၍ ဆယ်နှစ်အတွင်းမှာ စွန့်ပစ်ကုန်းမြေတစ်ခုတည်း မဟုတ်တော့ဘဲ ကမ္ဘာဦးလောကတစ်ခုလုံးမှ လူသားမျိုးနွယ်စုအားလုံးက ပုံစံပြောင်းသွားကြသည်။ နတ်သားရဲမျိုးနွယ်စုတချို့သည်ပင် ၎င်းတို့၏ နေထိုင်မှုပုံစံက ပြောင်းလဲသွားကြသည်။

ဥပမာ အတိတ်၌ လူသားများသည် သူတို့၏ ရဲစွမ်းသတ္တိကို ဖော်ပြရန် သားရဲအရေပြားနှင့် သားရဲအစွယ်များကို ဝတ်ဆင်ခဲ့ကြသော်လည်း ယခု သူတို့က လေးလံသော ချပ်ဝတ်များနှင့် အစွမ်းထက် သတ္ထုလက်နက်များကို ပြောင်းလဲအသုံးပြုလာကြသည်။

သူတို့က အတိတ်မှာ အဝတ်အစားများနှင့် အစားအစာများကို သိပ်အလေးမထားခဲ့ကြသော်လည်း ယခု သူတို့က အဝတ်အစားကောင်းများနှင့် အရသာရှိသော အစားအစာများကို ပိုပြီးနှစ်သက်လာကြသည်။ သူတို့က အတိတ်မှာ ကျောက်တုံးအိမ်များတွင် နေထိုင်ခဲ့ကြသော်လည်း ယခု သူတို့က အိမ်ကြီးများနှင့် နန်းတော်များတွင် ပြောင်းလဲနေထိုင်လာကြသည်။

ကူးသန်းသွားလာရေးတွင် သူတို့က နတ်ဘုရားအင်းသင်္ကေတယာဉ်များအပြင် မိစ္ဆာသားရဲများကိုလည်း ထိန်းကျောင်းအသုံးပြုလာကြသည်။

သေချာလေ့ကျင့်ပေးခြင်းခံထားရသော မိစ္ဆာသားရဲများကို ရှေးဦးအပျက်အစီးတောအုပ်၏ ကုန်းတွင်းပိုင်းထဲမှာ ကျယ်ပြန့်စွာ ရောင်းဝယ်ကြသည်။ ကုန်သွယ်ရေးအဖွဲ့များသည် ထိုသို့မိစ္ဆာသားရဲများကို ဝယ်ယူခြင်း၊ ငှားယူခြင်းဖြင့် အဝေးသို့ ခရီးထွက်ကြသည်။

ထို့ကြောင့် ဆယ်နှစ်ကြာပြီးနောက်ပိုင်းတွင် စွန့်ပစ်ကုန်းမြေနှင့် ရှေးဦးအပျက်အစီးတောအုပ်၏ ကုန်းတွင်းပိုင်းကြားမှ အချင်းမိုင်တစ်သိန်းထက်မကျော်ရဟူသော သဘောတူညီမှုက ပျောက်ကွယ်သွားသည်။

မည်သူမှ ထိုကိစ္စကို အလေးမထားကြတော့ချေ။

စွန့်ပစ်ကုန်းမြေအပြင်ဘက်မှ လူသားမျိုးနွယ်စုများနှင့် နတ်သားရဲများ၏ အမြင်တွင် ယင်းက စွန့်ပစ်ကုန်းမြေမှ လူသားမျိုးနွယ်စုအပေါ် သူတို့၏ လက်ခံမှုဖြစ်သည်။

တစ်ဖက်မှာတော့ စွန့်ပစ်ကုန်းမြေထဲတွင် လျောင်ယွမ်မြို့တော်က ပမာဏများပြားသော အရင်းအမြစ်များကို နေ့စဉ်နေ့တိုင်း သူတို့၏ ကိုယ်ပိုင်အင်အားအတွက် အသုံးပြုနေသည်။ သို့ဖြစ်၍ သူတို့ဆီမှာ ထိုကိစ္စကို စဉ်းစားရန် အချိန်မရှိကြပေ။

စွန့်ပစ်ကုန်းမြေအပြင်ဘက်မှ ပို့ဆောင်လာသော သားရဲအမြူတေများ၊ သတ္ထုပစ္စည်းများ၊ အစားအစာများနှင့် အသုံးအဆောင်ပစ္စည်းများကို အရည်အသွေးမြင့် အထည်အလိပ်များအဖြစ် ရက်လုပ်ခြင်း၊ ဝိညာဉ်သတ္ထုများအဖြစ် သန့်စင်ခြင်း၊ အရသာရှိသော အစားအစာများအဖြစ် ဖန်တီးခြင်း အစရှိသည်တို့ကို လုပ်ဆောင်ကြသည်။ ထို့နောက် သူတို့က ယင်းတို့ကို တခြားမြို့အသီးသီးဆီသို့ ဖြန့်ဖြူးကြသည်။

မြို့အသေးလေးများနှင့် ဘေးပတ်ဝန်းကျင်မှ လူသားမျိုးနွယ်စုများသည် အနက်ရောင်ချပ်ဝတ်များ၊ တိုက်ပွဲလက်နက်များကို သန့်စင်ခြင်းနှင့် အဝတ်အစားများ ချုပ်လုပ်ခြင်းကို စတင်လုပ်ဆောင်လာကြသည်။ ထို့နောက် သူတို့က နောက်ဆုံးထုတ်ကုန်များကို လျောင်ယွမ်မြို့တော်ဆီ ပို့ဆောင်ပေးကြလိမ့်မည်။

စွန့်ပစ်ကုန်းမြေသည် ယခုအချိန်မှာ အမြဲမပြတ် လည်ပတ်နေသော စက်ယန္တရားအဖြစ် ပြောင်းလဲသွားသည်။

ဆယ်နှစ်အတွင်းမှာ ကမ္ဘာဦးလောကတစ်ခုလုံးက ပြောင်းလဲသွားသည်။

မှန်ပေသည်။ ဆယ်နှစ်အတွင်း ပြောင်းလဲမှုများထဲမှာ နတ်သားရဲမျိုးနွယ်စုများလည်း ပါဝင်ကြသည်။

လွန်ခဲ့သော အနှစ်နှစ်ဆယ်တွင် ဟန်မူယဲ့က လျှပ်စီးပင်လယ်ကို ယဇ်ပူဇော်ခဲ့သောကြောင့် ရှေးဟောင်းနတ်သားရဲများက အဆင့်တတ်လှမ်းရန် မိုးကြိုးကပ်ဘေးကို ဆွဲဆောင်ခဲ့ကြသည်။

ထို့ပြင် နတ်ဘုရားသုတ်သင်ခြင်းလှံမှ နတ်သားရဲဝိညာဉ်တစ်သန်းက ၎င်းတို့၏ မူလစွမ်းအားကို ကမ္ဘာဦးလောကဆီသို့ ပြန်ပေးအပ်ခဲ့သောကြောင့် မိုးမြေစွမ်းအားက ယခင်ကထက် ပိုပြီးသိပ်သည်းလာသည်။

ထိုအချိန်မှစ၍ ကမ္ဘာဦးလောက၏ မူလစွမ်းအားက စိတ်ကူးမယဉ်နိုင်အောင် သန့်စင်လာပြီး ပြီးပြည့်စုံလာသည်။

ဤအနှစ်နှစ်ဆယ်အတွင်းမှာ မရေမတွက်နိုင်သော နတ်သားရဲများက လျှပ်စီးပင်လယ်ထဲမှ လျှပ်စီးတန်းများကို လှုံ့ဆော်၍ ကပ်ဘေးအမျိုးမျိုးကို ဖြတ်ကျော်ခဲ့ကြသည်။

ကပ်ဘေးတစ်ခုစီက မူလစွမ်းအား၏ ဒြပ်ထည်ပုံစံဖြစ်ပြီး နတ်သားရဲများနှင့် မိစ္ဆာသားရဲများ၏ မူလစွမ်းအားကို သန့်စင်ပေးကာ အဆင့်မြှင့်တင်ပေးနိုင်သည်။ ကမ္ဘာဦးလောကအတွက်တော့ ယင်းက မူလစွမ်းအားစုဝေးမှုတစ်ခု ဖြစ်သည်။

နတ်သားရဲများနှင့် မိစ္ဆာသားရဲများ၏ မူလစွမ်းအားကို သန့်စင်ပေးသည့် လုပ်ငန်းစဉ်အတွင်း ကြီးမားသော စွမ်းအင်ပမာဏက ကမ္ဘာဦးလောက၏ စုပ်ယူခံရလိမ့်မည်။

ထို့ပြင် ကပ်ဘေးကျော်လွှားခြင်းက အလွန်အန္တရာယ်များသည်။

မိုးကြိုးကပ်ဘေးကြောင့် သေဆုံးသွားကြသော မိစ္ဆာသားရဲများနှင့် နတ်သားရဲများက ကမ္ဘာဦးလောကအတွက် အာဟာရဓာတ်များ ဖြစ်လာကြလိမ့်မည်။

အလုံးစုံခြုံပြောရသော် မျက်မှောက်ခေတ်တွင် ကမ္ဘာဦးလောကက အကြီးအကျယ် ပြောင်းလဲသွားသည်။

…..

လျောင်ယွမ်မြို့တော်…

နန်းတော်သဖွယ် ကြီးကျယ်ခမ်းနားသော အဆောက်အဦးတစ်ခုထဲတွင် လူစည်ကားနေသော ခန်းမတစ်ခု တည်ရှိသည်။

ထိုခန်းမထဲမှ လူတိုင်းက နတ်ဘုရားအင်းသင်္ကေတပညာရှင်များနှင့် ရိုးရာနတ်ဆရာများ ဖြစ်ကြပြီး သူတို့က အမျိုးမျိုးသော နတ်ဘုရားအင်းသင်္ကေတများကို တတ်ကျွမ်းကြသည်။ အထူးသဖြင့် လက်နက်များနှင့် ချပ်ဝတ်များ ဖန်တီးခြင်းအပိုင်းတွင် ဖြစ်သည်။

ထိုနေရာက လျောင်ယွမ်မြို့တော်၏ အဓိကနှလုံးသား ဖြစ်သည်။

နေ့စဉ်နေ့တိုင်း မရေမတွက်နိုင်သော အနက်ရောင်ချပ်ဝတ်များနှင့် တိုက်ပွဲလက်နက်များကို ထိုနေရာမှာ သန့်စင်ကြသည်။

ဤအခိုက်အတန့်မှာ ခန်းမ၏ အနက်ရှိုင်းဆုံးအပိုင်း၌ ဟန်မူယဲ့နေထိုင်သော အခန်းထဲဝယ် ကျူးရုန်က မျက်နှာချင်းဆိုင်ဘက်ခြမ်းမှာ ထိုင်နေသည်။ သူ၏ အောက်ဘက်တွင် ပုံရိပ်နှစ်ခုက ထိုင်နေကြသည်။

သူတို့ထဲမှ တစ်ယောက်က ချုံးယွင်မီးငှက်မှ အသွင်ပြောင်းလဲထားသော ကလေးမလေးဖြစ်ပြီး တခြားတစ်ယောက်က မီးခိုးရောင်ဝတ်စုံ ဝတ်ဆင်ထားသော မုတ်ဆိတ်ဖြူအကြီးအကဲတစ်ယောက် ဖြစ်သည်။

“ ဆရာဟန်… ချုံးယွင်ကလန်နဲ့ ကျူးလီလူသားကလန်က ရိုးရာနတ်ဆရာက ရှေးဦးအပျက်အစီးတောအုပ်ရဲ့ ကုန်းတွင်းပိုင်းက ကောင်းကင်ရင်းမြစ်စုဝေးပွဲအတွက် ရောက်လာကြပါတယ် ”

ကျူးရုန်က ဟန်မူယဲ့ကို ကြည့်လိုက်သည်။ သူ၏ မျက်နှာက တည်ကြည်လေးနက်နေသည်။

“ ကောင်းကင်ရင်းမြစ်စုဝေးပွဲက နှစ်တစ်သန်းကြာသွားတိုင်း အုပ်ချုပ်သူတစ်ပါး ပေါ်ထွက်လာတတ်တဲ့နေရာ မဟုတ်လား ”

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး အောက်ဘက်မှ နှစ်ယောက်ကို ကြည့်လိုက်သည်။

“ ဒီတော့… ချုံးယွင်ကလန်က ဒီတစ်ကြိမ် နောက်ထပ် အုပ်ချုပ်သူတစ်ပါး မွေးထုတ်ပေးဖို့ ရည်ရွယ်နေတာလား ”

ချုံးယွင်ကလန်သည် နတ်ငှက်မျိုးနွယ်စုများထဲတွင် မသန်မာပေ။ သို့သော်လည်း အုပ်ချုပ်သူနှစ်ပါး၏ တည်ရှိမှုကြောင့် ချုံးယွင်ကလန်ကို ရှေးဦးအပျက်အစီးကုန်းမြေတွင် အစွမ်းထက်အင်အားစုတစ်ခုအဖြစ် သတ်မှတ်နိုင်ပေသည်။

အကယ်၍ သူတို့သာ ဤတစ်ကြိမ် နောက်ထပ် အုပ်ချုပ်သူတစ်ပါးကို မွေးထုတ်ပေးနိုင်မည်ဆိုလျှင် ချုံးယွင်ကလန်က သေချာပေါက် ရွှေခေတ်သို့ ရောက်ရှိသွားလိမ့်မည်။

သို့သော်လည်း သူတို့မျိုးနွယ်စု၏ အင်အားကြောင့် ကောင်းကင်ရင်းမြစ်စုဝေးပွဲထဲမှာ အုပ်ချုပ်သူအဆင့်အတန်းကို ရရှိရန် အခွင့်အရေးအလွန်နည်းပါးသည်။

ထို့ကြောင့် ချုံးယွင်ကလန်က ဤနေရာသို့ ရောက်လာခြင်း ဖြစ်သည်။

“ ဆရာဟန်… ကျွန်မကို ယွင်လန်လို့ ခေါ်နိုင်ပါတယ် ”

ထိုအခိုက်အတန့်မှာ ချုံးယွင်ကလန်မှ အုပ်ချုပ်သူဖြစ်သော မိန်းကလေးက ပြောသည်။ သူက အတိတ်မှာ ပုထိုင်းတောင်ပေါ်တွင် ဟန်မူယဲ့နှင့် တိုက်ခိုက်ခဲ့သူလည်း ဟုတ်သည်။ သို့သော် ယခု သူက ဟန်မူယဲ့ကို အလွန်ရိုကျိုးစွာ ဆက်ဆံနေသည်။

ယင်းက ခွန်အားကြီးမားသူအပေါ် သူ၏ ရိုသေလေးစားမှု ဖြစ်သည်။

ယခုအချိန်မှာ ဟန်မူယဲ့ဖြစ်စေ သို့မဟုတ် ကျူးရုန်ဖြစ်စေ၊ စွန့်ပစ်ကုန်းမြေတစ်ခုလုံးမှ လူသားမျိုးနွယ်သည်ပင် သူတို့လျော့တွက်နိုင်သောအရာ မဟုတ်တော့ပေ။ သူတို့ဆီမှာ နတ်သားရဲမျိုးနွယ်စုများကို ခြိမ်းခြောက်နိုင်သော အင်အားရှိကြသည်။

“ ကျွန်မရဲ့ ချုံးယွင်ကလန်က လျောင်ယွမ်မြို့တော်နဲ့ မဟာမိတ်ဖွဲ့ဖို့ ဆန္ဒရှိပါတယ် ”

ယွင်လန်က ကျူးရုန်ကို ကြည့်လိုက်သည်။ ထို့နောက် သူက ဟန်မူယဲ့ကို ပြန်ကြည့်လိုက်သည်။

“ လျောင်ယွမ်မြို့တော်က ဒီတစ်ကြိမ် ကောင်းကင်ရင်းမြစ်စုဝေးပွဲမှာ ပါဝင်လိမ့်မယ်လို့ ကျွန်မမျှော်လင့်ပါတယ် ”

ယွင်လန်၏ စကားကို ကြားသောအခါ ကျူးရုန်က မျက်လုံးဝင်းလက်သွားသည်။

ကောင်းကင်ရင်းမြစ်စုဝေးပွဲ၏ ရည်ရွယ်ချက်က မိုးမြေ၏ မူလစွမ်းအားကို ပိုင်ဆိုင်နိုင်စေပြီး အုပ်ချုပ်သူအဆင့်သို့ တတ်လှမ်းနိုင်စေရန် ဖြစ်သည်။ ထိုသို့အထွတ်အမြတ်ပွဲတော်ကို ရှေးဦးအပျက်အစီးကုန်းမြေထဲတွင် နှစ်တစ်သန်းကြာပြီးမှ တစ်ကြိမ်သာလျှင် ကြုံတွေ့နိုင်သည်။

အတိတ်မှာ စွန့်ပစ်ကုန်းမြေမှ လူသားမျိုးနွယ်သည် ထိုသို့အခွင့်အရေးကို တစ်ခါမှ မရရှိခဲ့ဖူးပေ။

အကယ်၍ သူသာ စွန့်ပစ်ကုန်းမြေမှ လူသားမျိုးနွယ်ကို ဦးဆောင်ပြီး ထိုသို့အထွတ်အမြတ်ပွဲတော်ထဲမှာ ပါဝင်နိုင်မည်ဆိုလျှင် ယင်းက သူ့ကို အလွန်ဂုဏ်ရှိစေလိမ့်မည်။

ကျူးရုန်က ခေါင်းလှည့်လိုက်ပြီး ဟန်မူယဲ့ကို ကြည့်လိုက်သည်။

ဟန်မူယဲ့၏ အမူအရာက မပြောင်းလဲသွားချေ။ သူက ကျူးလီမြို့တော်မှ အကြီးအကဲကို တစ်ချက်ကြည့်လိုက်သည်။

“ ကျူးလီမြို့တော်ရဲ့ သံတမန်ရောက်လာတာက ကောင်းကင်ရင်းမြစ်စုဝေးပွဲကြောင့်ပဲလား ”

ဟန်မူယဲ့၏ မေးခွန်းကို ကြားသောအခါ မုတ်ဆိတ်ဖြူအကြီးအကဲက ခေါင်းညိတ်လိုက်သည်။ သူက ပြုံးလိုက်ပြီး ရွှေရောင်စာလိပ်တစ်ခုကို ဟန်မူယဲ့ဆီသို့ ပေးကမ်းလိုက်သည်။

ဟန်မူယဲ့က စာလိပ်ကို လက်ခံလိုက်ပြီး ဖတ်ရှုလိုက်သည့်အခါ ဆင်ခြင်သုံးသပ်သော အကြည့်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

ယင်းက နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်ထံမှ စာလိပ်ဖြစ်သည်။

စာလိပ်ပေါ်တွင် နတ်ဘုရားအင်းသင်္ကေတများကို ရေးသားထားပြီး အဓိကအကြောင်းအရာသည် ရှေးဦးအပျက်အစီးကုန်းမြေကို တိုက်ခိုက်ရန် ဆင့်ခေါ်သော စစ်မှုထမ်းအမိန့်တော် ဖြစ်သည်။

All Chapters