← Chapters

နယ်မြေအဆီအနှစ် သလင်းကျောက်အတွက် တိုက်ပွဲ

Vol. 36 Ch. 504

နယ်မြေအဆီအနှစ် သလင်းကျောက်အတွက် တိုက်ပွဲ

Vol. 36 Ch. 504

"ဟားဟားဟား... စွမ်းအားက ငါ့ရဲ့ သွေးကြောတွေကိုဖြတ်ပြီး စီးဆင်းနေတာကို ခံစားမိတယ်ကွ"

"ထင်ထားတဲ့ အတိုင်းပဲ ငါက အထူးပုဂ္ဂိုလ်ပဲ။ ငါက ရွေးချယ်ခံထားရတဲ့ သူပဲ။"

ဟုန်ဒူက အော်ဟစ်ရယ်မောလိုက်ကာ တောက်လောင်နေသော မီးတောက်များက သူ့ရင်ဘတ်မှ ရုတ်တရက်မြောက်တက်လာလေ၏။ စွမ်းအင်တစ်ခုက သူ့ခန္ဓာကိုယ်တစ်လျှောက်စီးဆင်းသွားလေ၏။ ထိုသည်က အားနည်းသော်လည်း ယခင်က ကိုင်ဆောင်နိုင်သည်ထက် ပိုပြီးသန်မှာနေဆဲပင်ဖြစ်၏။

"ငါ့လမ်းက ဖယ်ကြစမ်း..." သူက သူ့၏ လက်သီးကို အရိုးစုကျားတစ်ကောင်ဆီသို့ လွှဲယမ်းလိုက်လေ၏။ သူ့၏ လက်သီးက နှေးကွေးသော်လည်း အရိုးစုကျားမှာ ခုန်လွှားလိုက်ပြီးဖြစ်ကာ သူ့၏ တိုက်ခိုက်မှုကို မရှောင်လိုက်နိုင်ပါပေ။

ဘုန်း...

ကျယ်လောင်လှသော အသံကြီး၏ နောက်တွင် အရိုစုကျား၏ အရိုးများက အက်ကွဲသွားလေတော့၏။ လက်သီး၏ ကြီးမားလှသော အားအင်က သူက ပျံထွက်သွားစေ၏။

အရိုးများ ကျိုးသွားသည့်အသံက ကြားရသည်မှာ အလွန်နာပျော်ဖွယ်ရှိလှ၏။

သူ့စွမ်းအား အနည်းငယ်ကို ပြန်ရရန် ခွင့်ပြုသည်မှာ ဟုန်ဒူ၏ မယိမ်းယိုင်သော စိတ်ပိုင်းဖြတ်မှု ဖြစ်ပေ၏။ ထိုအခိုက်၌ သူ့စွမ်းအားက ပြိုင်ဘက်ကင်းပင်။

ဟုန်ဒူက မကျော်လွှားနိုင်ဟု ခံစားလိုက်ရ၏။ သူက ပတ်ဝန်းကျင်ကို ဝင့်ကြွားစွာ ကြည့်လိုက်ပြီးနောက် စိတ်ဓာတ်မြင့်မားလာလေ၏။

ထိုသည်မှာ သူက "ငါ့ကိုကြည့်ကြစမ်း။ ငါ့လက်သီးကို တွေ့လိုက်လား။ ငါ့ရဲ့ကြီးမားတဲ့ ပုံရိပ်ကြီးကို တွေ့လား။" ဟု ပြောနေသကဲ့သို့ပင်။

တဖြည်းဖြည်းနှင့် သူက ရှေ့သို့ ကြည့်လိုက်လေ၏။ သူတွေ့လိုက်သည့်အရာက သူ့အား အလွန်ကြောက်လန့်သွားစေ၏။

ထိုသည်က နတ်သမီးလေးက တောင်ပံများကိုခတ်ကာ စတင်ပျံသန်းလာလေ၏။ သူမလက်ထဲမှ အကွာအဝေးအိတ်က မရေမတွက်နိုင်သော နယ်မြေအဆီအနှစ် သလင်းကျောက်များဆီသို့ တစ်ခုပြီးတစ်ခု စွပ်လိုက်လေ၏။ လုပ်ဆောင်ချက်တစ်ခုစီတိုင်းတွင် နယ်မြေအဆီအနှစ်သလင်းကျောက်တစ်ခုစီက ပျောက်ကွယ်သွားလေ၏။

ဟုန်ဒူမှာ မတွေးတတ်အောင်ပင် ဖြစ်နေလေ၏။ ကြောက်လန့်ဖွယ် ထင်မြင်ချက်တစ်ခုက သူ့စိတ်ထဲသို့ ဝင်ရောက်လာလေ၏။ နောက်သို့လှည့်ကြည့်လိုက်ရာ အန်လင်းက သူ့ရှေ့မှ အရိုစုများကို မောင်ထုတ်ရန်အတွွက် သူ့၏မီးတောက်ကို အသုံးပြုနေနိုင်ပြီး ဖြစ်သည်ကို တွေ့လိုက်ရ၏။ ထို့အပြင် လျှိုချူးချူးသည်လည်း သူမကို နှောက်ယှက်နေသော အရိုးစု ဧရာမစပါးအုံးမြွေကြီးအား ဖယ်ရှားရန် သူမ၏ လေးတံကို အသုံးပြုနေလေ၏။

သို့ဖြစ်၍ ထိုသည်က... သူတို့အားလုံးက အတူတူပဲ ဖြစ်သည်ပေါ့...။

မဟုတ်ဘူး။ ငါတို့က ခြားနားတယ်။

ဟုန်ဒူက ရုတ်တရက် သတိပြန်ဝင်လာလေ၏။ သူက သူတို့ရှေ့မှာ ရှိနေသော အားသာချက် ရှိနေသေးပေ၏။

တီနာမှလွဲ၍ သူက နယ်မြေအဆီအနှစ် သလင်းကျောက်များနှင့် အနီးဆုံး ဖြစ်လေ၏။

ထိုသည်ကို စိတ်တွင်တွေးကာ သူက နယ်မြေအဆီအနှစ်သလင်းကျောက် အပြာ ၂၀နီးပါးဆီသို့ အကြည့်ပို့လိုက်လေ၏။ မည်သို့ဆိုဆို ရွှေရောင်နှင့် အနီရောင် နယ်မြေအဆီအနှစ်သလင်းကျောက်များက တီနာ ရသွားပြီဖြစ်၏။ ယခုတွင် အပြာရောင် နယ်မြေအဆီအနှစ် သလင်းကျောက်များက ကျန်ရစ်သော သလင်းကျောက်များတွင် တန်ဖိုးအရှိဆုံးဖြစ်ပေ၏။

ဟုန်ဒူက အော်ဟစ်ကာ နယ်မြေအဆီအနှစ် သလင်းကျောက် အပြာများဆီသို့ ပြေးဝင်သွားလေ၏။

သူ့၏ စွမ်းအား အနည်းငယ်ကို ပြန်လည် ရရှိပြီးနောက် သူက အရိုးစုများ၏ တိုက်ခိုက်မှုကို လုံးဝစိတ်ပူစရာမလိုတော့ပါပေ။ သူလုပ်စရာလိုသည်မှာ သူ့၏ မျှခြေကိုထိန်းကာ ရှေ့ဆက် ပြေးနေရန်သာဖြစ်ပေ၏။

အန်လင်းသည်လည်း ပြေးသွားလိုက်၏။ ယခုတွင် သူက သက်ရှိစွမ်းအင်ပမာဏအနည်းငယ်ကို စီးဆင်းနိုင်ပြီး ဖြစ်လေ၏။

သူတို့က အဘယ့်ကြောင့် ရုတ်တရက် စွမ်းအင်အနည်းငဟ် ပြန်လည်ရရှိလာသနည်း ဆိုသည်မှာတော့ သူက နယ်မြေအဆီအနှစ် သလင်းကျောက်များကို သူမ၏ အကွာအဝေးအိတ်ထဲသို့ အဆက်မပြတ်ထည့်နေသော တီနာကို ငေးကြည့်ရင်း ထင်မြင်ချက်တစ်ခု သူ့စိတ်ထဲတွင်ပေါ်လာလေ၏။

အမှန်တကယ်တော့ ဤလုပ်ငန်းစဉ်မှာ တီနာက နယ်မြေအဆီအနှစ် သလင်းကျောက်ပထမဆုံးတစ်ခုကို စတင်သိမ်းယူလိုက်ကတည်း စတင်သည်ဖြစ်၏။ ပြောရမည်ဆိုပါက ဤနယ်မြေထဲရှိ ပြောင်းလဲမှုမှာ နယ်မြေအဆီအနှစ် သလင်းကျောက်အရေအတွက်များ ကျဆင်းလာခြင်းကြောင့် ဖြစ်နိုင်ပေ၏။

နယ်မြေအဆီအနှစ် သလင်းကျောက်များတွင် နေရာလပ်ကို စေးကပ်စေကာ နှေးကွေးစေသော  အထူးဂုဏ်သတ္တိရှိပေ၏။ သူတို့၏ တည်ရှိမူက ပမာဏတစ်ခုအထိ ရောက်သွားပြီး သူတို့ကို အထူးအစီအစဉ္ဖြင့် ထားထားသောအခါ သူတို့လက်ရှိ တွေ့ကြုံနေရသော သဘာဝ နိယာမကို ဖြစ်လာနိုင်စေသည်လား။

အန်လင်းက သူ့၏ စွမ်းအင်မှာ တဖြည်းဖြည်း ပြန်ရလာသည်ကို ခံစားမိလေ၏။ ထိုသည်ကာ ဆက်တိုက်ဖြစ်ကာ သိသာပေ၏။ ထို့အပြင် ဤဖြစ်စဉ်မှာ တဖြည်းဖြည်း သူ့၏ ထင်မြင်ချက်ကို အတည်ပြုပေးနေလေ၏။

ဟုန်ဒူက နောက်ဆုံးတွင် နယ်မြေအဆီအနှစ်သလင်းကျောက်လယ်ကွင်းရှေ့သို့ ရောက်သွားပြီဖြစ်လေသည်။ သူက သလင်းကျောက်များကို အငမ်းမရ စတင် ကောက်နေလေ၏။

အဖြူရောင် သလင်းကျောက်များ၊ အစိမ်းရောင် သလင်းကျောက်များ၊ အပြာရောင် သလင်းကျောက်များ... သူက လက်လှမ်းမီသမျှ သလင်းကျောက်များကို ရိတ်သိမ်းနေပေ၏။

ဟုန်ဒူနောက်မှ နီးကပ်စွာ လိုက်လာသော လျှိုချူးချူးမှာ နောက်ကျမကျန်ခဲ့ချင်ပါပေ။ သူမက ဟုန်ဒူနှင့် ဆန့်ကျင်ဘက်တွင် ရိတ်သိမ်းလိုက်လေ၏။

အန်လင်းက အတန်ကြာ တွေးတောနေလိုက်၏။ ထို့နောက် သူက ဟုန်ဒူလမ်းကြောင်း၏ ဘယ်ဘက်တွင်ရှိသောသလင်းကျောက်များကို ရိတ်သိမ်းလိုက်လေ၏။

သည်လိုနှင့်ပင် သူတို့က မတူညီသော ဦးတည်ချက် သုံးခုနှင့် အနက်ရောင် တိုင်ကြီဆီသို့ ရိတ်သိမ်းသွားလိုက်လေ၏။

ကျောင်းလီရှင်းနှင့် ခုန်းကော၏ မျက်လုံးများမှာ နယ်မြေအဆီအနှစ်သလင်းကျောက်များကို ရိတ်သိမ်းနေသော သူများကိုကြည့်ကာ မနာလိုမှုဖြင့် ဖောင်းကာလာလေ၏။

"နင်... ထွက်သွားစမ်း။" သူ့၏ ခွန်အားပြန်ရလာသည်ကို ခံစားမိ၍ ကျောင်းလီရှင်းက ချက်ချင်းပင် သူ့၏ သိုလှောင်လက်စွပ်ထဲမှ ဓားမော့တစ်ခုကို ထုတ်လိုက်ပြီး သူ့၏ ခါးပတ်လည်မှ လက်တံများကို ခုတ်ချလိုက်လေ၏။

လင်းယင်က သူမ၏ လက်တံများကို အလန့်တကြား ပြန်ဆွဲလိုက်ပြီးနောက် ကောင်းကင်သို့ ရွှေ့သွားလိုက်လေ၏။

မှန်ပေ၏။ နောက်ဆုံးတွင် ယခု သူမက ပျံနိုင်နေပြီ။

လေထုအလယ်တွင် မြောနေရသော ခံစားချက်မှာ သူမကို အလွန်ပင် စိတ်လှုပ်ရှားသွားစေ၏။ သူမက နတ်ဆိုးနှစ်ကောင်ကို အလိုမရှိတော့သည်မို့ ချက်ချင်းပင် နယ်မြေအဆီအနှစ် သလင်းကျောက်များဆီသို့ ပျံသန်းသွားလေ၏။

ကျောင်းလီရှင်းနှင့် ခုန်ကောတို့က အကြည့်တချက် ဖလှယ်လိုက်၏။ ယခုက ရန်ဖြစ်ရန် အချိန်မဟုတ်သည်ကို သူတို့သိလေ၏။ ယခုလောလောဆယ်တွင် နယ်မြေအဆီအနှစ် သလင်းကျောက်များမှာ အရေးအကြီးဆုံး လုပ်ငန်းဆောင်တာဖြစ်ပေ၏။ သို့ဖြစ်၍ သူတို့က ရှေ့သို့ စတင် ပြေးလိုက်လေတော့သည်။

ဤအခိုက်အတန့်တွင် စစ်မှန်နတ်ဆိုးများ၏ ရုပ်ပိုင်းဆိုင်ရာ အားသာချက်က စတင်ပြသလာလေပြီ။ သာမန် အရိုးစုများက သူတို့၏ တိုးဝင်လာခြင်းကို မတားဆီးနိုင်ပဲ သူတို့၏ ကြံခိုင်ထွားကြိုင်းသော ခန္ဓာကိုယ်ကြောင့် လွင့်ထွက်ကုန်ကလေ၏။

သူ့နောက်မှ ပုံရိပ်များ နီးကပ်လာသည်ကိုတွေ့သည်နှင့် အန်လင်းက သူ့ရှေ့ရှိ နယ်မြေအဆီအနှစ် သလင်းကျောက်များအားလုံးကို မရိတ်သိမ်းနိုင်သည်ကို သိလိုက်၏။ သို့ဖြစ်၍ သူက မည်သည့် သလင်းကျောက်ကို ရိတ်သိမ်းရမည်ကို စတင်ကာ ရွေးချယ်လိုက်လေ၏။ သူက အစိမ်းရောင်နှင့် အပြာရောင် နယ်မြေအဆီအနှစ် သလင်းကျောက်များကို အရင်ဆုံး ရိတ်သိမ်းရန် ဆုံးဖြတ်လိုက်လေ၏။ အဖြူရောင် နယ်မြေအဆီအနှစ် သလင်းကျောက်များမှာမူ သူ့တို့၏ တန်ဖိုးအရှိဆုံး ဝမ်းကွဲညီအစ်ကိုများကို ရိတ်သိမ်းပြီးမှ ပြန်လာနိုင်ပေ၏။

"ခုန်းကော... ဂရုစိုက်။ ရုတ်တရက် တိုက်ခိုက်မှုတွေကို ကြည့်ထားအုံး။" သူ့ဓားကို လွှဲကာ ကျောင်းလီရှင်းက သူ့ဆီတို့ဝင်လာသော အရိုးစုများစွာကို ကြေမွသွားစေ၏။ ထို့နောက် သူက နယ်မြေအဆီအနှစ်သလင်းကျောက်များ ရိတ်သိမ်းနေသော အုပ်စုထဲသို့ ဝင်ရောက်ပါဝင်လိုက်လေ၏။

"ဟုတ်ပြီ..." ခုန်းကောက ခေါင်းငြိမ့်ကာ သူမမျက်စိရှေ့တွင် တောက်ပနေသော အဖြူရောင် နယ်မြေအဆီအနှစ် သလင်းကျောက်ဆီသို့ ရောက်သွားလေ၏။

သို့သော် ထိုအချိန်မှာပင် လက်တံတစ်ခုက သူမကို ကျော်တက်သွားကာ နယ်မြေအဆီအနှစ်သလင်းကျောက်အဖြူတစ်ခုကို ဆွဲယူလိုက်လေ၏။ ထို့နောက် လက်တံ၏ ပိုင်ရှင်က အဝေးသို့ ထွက်ပြေးသွားလေ၏။

"နင်... နင်လွန်သွားပြီ။"

ခုန်းကော၏ ကြက်သွေးရောင် မျက်လုံးများတွင် ဒေါသမီးတောက်များ တောက်လောင်နေကာ ပျံသန်းနေသောလင်းယင်ဆီသို့ အော်ဟစ်လိုက်လေ၏။

လင်းယင်က သူတို့အား အရေးမစိုက်ပဲ သူမပတ်ဝန်းကျင်ရှိ နယ်မြေအဆီအနှစ်သလင်းကျောက်များကို ရိတ်သိမ်းနေလေ၏။ ယခုလောလောဆယ်တွင် လက်တံများစွာရှိခြင်းက ခံစားချက်အလွန်ကောင်းနေပေ၏။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူမက နယ်မြေအဆီအနှစ်သလင်းကျောက်အကွက်သေးလေးကို ရိတ်သိမ်းပြီးသွားလေ၏။ ဤပျော်ရွှင်ဖွယ် ခံစားချက်မှာ သာမန်လူများ ကြုံတွေ့နိုင်သောအရာမဟုတ်ပါပေ။

ယခုတွင် ခုန်းကောမှာ သူမ၏ မန္တန်နည်းစနစ်အမျိုးမျိုးကို ဖန်တီး၍ မရသေးပါပေ။ သို့ဖြစ်၍ သူမက ဒေါသကို မျိုချရန်သာ တတ်နိုင်ပေ၏။ သူမက အံတင်းတင်းကြိတ်ကာ သူမ၏ လက်ဗလာဖြင့် တစ်ခြားတစ်ဖက်ရှိ နယ်မြေ အဆီအနှစ် သလင်းကျောက်များကို ရိတ်သိမ်းနေလေ၏။

ခဏအကြာတွင် တီနာက လမ်းကြောင်းများကို ဖြတ်ကာ ဟုန်ဒူ၊ လျှိုချူးချူး၊ အန်လင်းတို့နှင့် နေရာတစ်ခုတွင် ဆုံလိုက်ကြလေ၏။

သူမက အတွင်းပိုင်းမှ နယ်မြေအဆီအနှစ်သလင်းကျောက်များကို စတင်ရိတ်သိမ်းနေ၍ သူမ၏ ရလာဒ်မှာ အကောင်းဆုံးဖြစ်လေ၏။ အတွင်းပိုင်းထဲရှိ နယ်မြေအဆီအနှစ် သလင်းကျောက်များက သူမကြောင့် ရှင်းသွားပြီ ဖြစ်၏။ သူမက အသားကို စားပြီးဖြစ်ကာ အန်လင်း၊ ဟုန်ဒူနှင့် လျှိုချူးချူးတို့က အသားပြုတ်ရည်ကို သောက်သုံးပြီး ဖြစ်လေ၏။ မပြောပဲ နားလည်ထားသကဲ့သို့ပင် သူတို့အားလုံးက ပိုတန်ဖိုးရှိသည့် သလင်းကျောက်များကို အရင်ရိတ်သိမ်းဖို့ ရွေးချယ်ခဲ့ကြ၏။ ရလဒ်အနေဖြင့် သူတို့အားလုံးသည် အစိမ်းရောင်နှင့် အပြာရောင် နယ်မြေအဆီအနှစ်သလင်းကျောက်များ အများအပြားရရှိခဲ့လေ၏။

ပြောရမည်ဆိုပါက ကျန်ရစ်နေသည်များမှာ အရေးမကြီးသော အဖြူရောင် နယ်မြေအဆီအနှစ် သလင်းကျောက်များသာ ကျန်ပါတော့၏...။

သူတို့၏ မျက်လုံးများထဲတွင် စိတ်အားထက်သန်သော တောက်ပမှုတစ်ခု ရှိနေ၏။ မည်သို့ဆိုဆို နယ်မြေအဆီအနှစ် သလင်းကျောက် ဖြူများမှာလည်း တန်ဖိုးရှိသော ရတနာများ ဖြစ်နေသေးပေ၏။ သူတို့က အလွယ်တကူ လက်မလျော့နိုင်ပါပေ။

သူတို့လေးဦးက အတွင်းဆုံး အပိုင်းမှ အပြင်ဘက်သို့ ရိတ်သိမ်းလာကြလေ၏။

စစ်မှန်နတ်ဆိုး နှစ်ယောက်က အန်လင်းနှင့် တခြားသူများက သူတို့ဆီသို့ ပြန်လှည့်လာသည်ကို တွေ့သောအခါ ချက်ချင်းပင် သူတို့အပေါ်သို့ဝန်ထုပ်ကြီးတစ်ခုက ပိလာလေ၏။ စုစုပေါင်း သူတို့နှစ်ယောက်က နယ်မြေအဆီအနှစ်သလင်းကျောက်အဖြူရောင် တစ်ရာနီးပါး ရိတ်သိမ်းပြီးပြီ ဖြစ်လေ၏။ ဒီအတိုင်း ထားလို့်ပါက သူတို့က အလွန်နစ်နာကာ စိတ်ပျက်ရမည်ဖြစ်ပေ၏...။

"မြွေနက် တစ်ရာ..." ကျောင်းလီရှင်းက သူ့လက်ချောင်းများကို ဆန့်တန်းလိုက်သော်လည်း မြေနက် ၆ကောင်သာ ထွက်လာလေ၏။ ဟမ်... သူက နောက်ဆုံးတွင် မန္တန်နည်းစနစ်များကို အသုံးပြုသွားလို့ရပြီဖြစ်သော်လည်း အခက်အခဲတစ်ချို့တော့ ရှိနေသေးပေ၏...။

မြေနက် ခြောက်ကောင်မှ သလင်းကျောက်ခြောက်ခုဆီသို့ တွန့်လိမ်ကာ သွားလိုက်ပြီး ထိုသည်များကို မြေပြင်မှ ဆွဲနုတ်လိုက်လေ၏။ ထို့နောက် သူတို့က ကျောင်းလီရှင်းဆီသို့ အလျင်အမြန် ပျံသန်းလာလေ၏။

သို့သော် ထိုအချိန်မှာပင် အပြာရောင် လျှပ်စီးကြောင်းခြောက်ခုက ရုတ်တရက် ကောင်းကင်မှ ကျဆင်းလာလေ၏။ လျှပ်စီးများက မျက်စိကြိမ်းလောက်အောက် တောက်ပလာသည်မို့ မြွေနက် ခြောက်ကောင်မှာ အနက်ရောင် မြူခိုးများအဖြစ် ပြောင်းသွားပြီး လေထဲသို့ ပျောက်ကွယ်သွားလေ၏...။

ခုန်းကောက အေးစက်စွာ ချောင်းဟန့်လိုက်၏။ သူမက လေထဲတွင် မြောနေသော သလင်းကျောက်၆ခုစီသို့ ဆွဲယူနေသော လှုပ်ရှားမှုတစ်ခု ပြုလုပ်လိုက်လေ၏။

သို့သော် ထိုအချိန်မှာပင် တစ်ဝက်တစ်ပျက်မြင်နိုင်သော လက်တံတစ်ခုက လေထုကို ဖြတ်သန်းကာ သလင်းကျောက်၆ခုကို အဝေးသို့ ရိုက်ထုတ်လိုက်လေ၏။

"နင်ပဲလား။" ခုန်းကောမှာ သူမ၏ ဒေါသများကို မထိန်းနိုင်တော့ပါပေ။ တံစဉ်းကွေးတစ်ခုက သူမကိုယ်ရှေ့တွင် ပေါ်လာပြီး လင်းယင်ဆီသို့ ခုန်အုပ်လိုက်လေ၏။ သူမ၏ မျက်လုံးများထဲတွင် လူသတ်လိုသည့် အရိပ်အယောင်တစ်ခု ရှိနေလေ၏။ "ငါဒီနေ့ နင့်ရဲ့ လက်တံတွေ အကုန်လုံးကို ဖြတ်ပစ်မယ်။"

လျှိုချူးချူးက သူမ၏ လေးတံကို ဆွဲကာ ကျောင်းလီရှင်းဆီသို့ ချိန်လိုက်လေ၏။ သူမ၏ မျက်နှာထက်တွင် မဖော်ပြတတ်သော စိတ်လှုပ်ရှားမှုများ ရှိနေလေ၏။ "နင့်ရဲ့ သိုလှောင်လက်စွပ်ကို ထားခဲ့ပြီး ထွက်သွားမလား ဒါမှမဟုတ် ခေါင်းကို ထားခဲ့မလား။"

မှန်ပါ၏။ သူမက ယခင်အလုပ်အကိုင်ဆီသို့ ပြန်သွားရသည်ကို အလွန်ပျော်နေပေ၏။

ထိုအခိုက်တွင် အန်လင်းက သူတို့အုပ်စု၏ ပုံရိပ်ကို  တစ်ခုခုကို မြင်လိုက်လေ၏။ သူကချက်ချင်းပင် ခြေတစ်ချောင်းကို မြှောက်ကာ နယ်မြေအဆီအနှစ် သလင်းကျောက်အဖြူများကို လောဘတကြီး ကောက်နေသော ကျောက်ဘီလူးကြီးကို ကန်ချလိုက်လေ၏။

ဘုန်း...

ဟုန်ဒူမှာ သတိလက်လွတ်ဖြစ်သွားကာ အန်လင်း၏ ကန်ချက်ကြောင့် လွင့်ထွက်သွားလေ၏။

"ရူးနေလား။ ဘာလို့ ငါ့ကို လာကန်တာလဲ။" ဟုန်ဒူက ဒေါသတကြီး ဆိုလိုက်၏။

"ဟမ့်... ငါတို့က ရန်သူတွေနဲ့ တိုက်ခိုက်နေတာကို မင်းက ချီးထုတ်လုပ်ပြီး နယ်မြေအဆီအနှစ် သလင်းကျောက်တွေ ဆက်ပြီး ခိုးကောက်နေတယ်။" အန်လင်းက လှောင်ပြောင်လိုက်။ "မင်းက ငါ့ကို ပြန်ပြီး မေးခွန်းထုတ်ဖို့ မျက်နှာရှိသေးတယ်လား။"

ဟုန်ဒူ၏ မျက်နှာက ရှက်ရွံ့မှုကြောင့် နီရဲသွား၏။ "အဓိပ္ပာယ်မရှိလိုက်တာ။" သူက ညင်သာစွာ ပြန်ခံပြောလိုက်၏။ "ငါက ပေါ်တင်ကောက်နေတာပါ။ 'ခိုးကောက်တယ်'ဆိုတာက ဘာကိုဆိုလိုတာလဲ...။ ပြောစမ်း ငါက ဒီသလင်းကျောက်တွေကို စစ်မှန်နတ်ဆိုးတွေခိုးသွားတာကနေ ကာကွယ်လို့ရအောင် ငါက စုပေးနေတာ မဟုတ်ဘူးလား။ ငါက အဲဒါတွေကို ဂရုစိုက်ပေးနေတာဟ...။"

မည်သို့ဆိုဆို ဟုန်ဒူက နယ်မြေအဆီအနှစ် သလင်းကျောက်များ ရိတ်သိမ်းခြင်းကို ရပ်လိုက်ပြီး နောက်ဆုံးတွင် သူတို့ရှေ့မှ စစ်မှန်နတ်ဆိုးများကို အာရုံစိုက်လိုက်လေ၏။

-----------

All Chapters