← Chapters

အဆီအနှစ် သလင်းကျောက် သူဌေးကြီး

Vol. 36 Ch. 505

အဆီအနှစ် သလင်းကျောက် သူဌေးကြီး

Vol. 36 Ch. 505

လူစုနှစ်စုဆုံသည်ကို မြင်သောအခါ တပ်ဆုပ်ရန် အတွေးများက ကျောင်းလီရှင်း၏ စိတ်ထဲသို့ ဝင်လာလေ၏။

"ခုန်းကော... မလောနဲ့။ တပ်ဆုပ်ကြစို့။"

ထိုသို့ အော်ပြီးနောက် သူက ရုတ်တရက် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်လေ၏။ အနက်ရောင်မြူခိုးတိမ်တိုက်များက သူ့လက်မှထွက်လာကာ နေရာလပ်တစ်ခုလုံးကို ဖုံးအုပ်သွားလေ၏။

ထိုအနက်ရောင်မြူခိုးများက အမြင်အာရုံကို ပိတ်လှောင်နိုင်ယုံသာမက အံ့ဖွယ်အာရုံ၏ ရှာဖွေနိုင်စွမ်းကိုလည်း တားဆီးပေးနိုင်၏။

လင်းယင်၏ တုံ့ပြန်မှုမှာ ရူးလောက်အောင် မြန်လှ၏။ သူမ၏ လက်တံများက အနက်ရောင် မြူခိုးများ ပေါ်လာသည့်အချိန်တွင် သဲသဲမဲမဲဆန့်ထုတ်လိုက်ပြီး အဖြူရောင် လျှပ်စီး အလင်းတန်းများက သူတို့ဆီမှ ထွက်ပေါ်လာလေ၏။ သူမ၏ လက်တံများက အချင်းဝက် ပေတစ်ထောင်အကျယ်ရှိ ဧရိယာကို ဖုံးအုပ်ထားပြီး လျှပ်စီးလှောင်ချိုင့်နှင့်တူသော ဒေသတစ်ခုကို ဖန်တီးလိုက်လေ၏။

"ဟမ့်... အဲ့လို နိမ့်ကျတဲ့ မြူခိုးနက်နဲ့များ ငါ့ရဲ့ အမြင်အာရုံကို ဖုံးကွယ်ချင်သေးတယ်။" လျိုချူးချူး၏ နူးညံ့လှသော နှုတ်ခမ်းထောင့်များက အပြုံးတစ်ခုအဖြစ် ကွေးတက်သွားလေ၏။ သူမက ကွန်ပန်၏ မျက်လုံးများဟု အမည်ရသော စွမ်းဆောင်ရည်တစ်ခုကို ပိုင်ဆိုင်ထားလေ၏။ သူမ၏ အဝါရောင်မျက်ဆံများမှ စူးရှသော ရွှေရောင်အလင်းတစ်ခုက လင်းလက်သွားပြီး ထိုသည်က အတားအဆီးနည်းစနစ်များကို ဖြတ်သန်းကာ မြင်နိုင်သော စွမ်းအင်တစ်ခုကို ပေး၏။

သူမ၏ လေးကိုင်းပေါ်တွင် ပန်းရောင် စွမ်းအင်မြှားတစ်ခု ဖြစ်ပေါ်လာ၏။ ထိုစွမ်းအင်မြှား၏ အလယ်တွင် တခြားသော ကြက်သွေးရောင် မြှားအသေးလေးတစ်ခု ပေါ်လာလေ၏။ မြှားနှစ်ခုက ပေါင်းစပ်ကာ တစ်ခုတည်းဖြစ်လာပြီး မြှားထိပ်က ကြောက်မက်ဖွယ် အနီရောင်အလင်းဖြင့် တောက်ပနေလေ၏။

"အံ့ဖွယ်နည်းစနစ်-သွေးမျိုးဆက် ခြေရာခံနတ်ဆိုးမြှား..."

လျှိုချူးချူး၏ ခပ်တိုးတိုး အော်သံနောက်တွင် မြှားတံက လေထုကိုဖြတ်ကာ ပျံသန်းသွားလေ၏။

ကြက်သွေးရောင်အလင်းတောက်ပနေသော ပန်းရောင်မြှားက လေထုကို ကြောက်မက်ဖွယ်အရှိန်ဖြင့် ဖြတ်သန်းကာ ကျောင်းလီရှင်း၏ ဦးခေါင်းဆီသို့ ပျံသွားလေ၏။

ထိုသည်က ဟာလာပြင်ကို ဖြတ်တောက်နိုင်ပြီး ပစ်မှတ်၏ ရွှေ့လျားမှုအလိုက် လမ်းကြောင်းပြောင်းနိုင်သော မြှားတစ်ခုဖြစ်လေ၏။ လျှိုချူးချူးက ထိုကဲ့သို့ မြှားမျိုးကို သိပ်မကြာခင်ကပင် အသုံးပြုခဲ့ပြီး ထိုသည်က ရှေးဟောင်း အစွမ်းထက် ရေနဂါးနတ်ဆိုးကို ချက်ချင်း သတ်ပစ်ခဲ့ပေ၏။

အန်လင်းသည်လည်း တိုက်ခိုက်မှုတစ်ခု ပြုလုပ်လိုက်၏။ သူက တောင်ခွင်းလျှပ်စီးလက်သီးကို ထွက်ပေါက်ဆီသို့ ပစ်လွတ်လိုက်လေ၏။

သူက စစ်မှန်နတ်ဆိုးများကို တည်နေရာရှာ၍ မရပါချေ။ သို့သော် ထွက်ပေါက်မှာ တစ်ခုတည်းသာ ရှိပေ၏။ သို့ဖြစ်၍ ဤတိုက်ခိုက်မှုက မှားနိုင်ခြေမရှိပါပေ။

သူမ၏ အစွမ်းများအားလုံးကို ထုတ်ကာ တီနာသည်လည်း တစ်နေရာတည်းသို့ မြင့်မြတ်အလင်းတန်းဖြင့် ပစ်လွှတ်လိုက်လေ၏။

သူမသည်လည်း စစ်မှန်နတ်ဆိုးနှစ်ယောက်က မည်သည့်နေရာတွင်ဆိုသည်ကို မသိပါပေ။ သို့သော် ဘီလူးအန်လင်းနှင့် ဦးတည်ချက်တူရာသို့ သူမ၏ တိုက်ခိုက်မှုကို ပစ်လိုက်ပါက အဆင်ပြေပေလိမ့်မည်ဖြစ်သည်။ ဘီလူးအန်လင်းနောက် လိုက်သည်မှာ သေချာပေါက် မှန်ကန်ပေ၏။

ထိုအခိုက်တွင် ဟုန်ဒူက သူတို့၏ အပြုအမူများကြောင့် ကြောင်အနေလေ၏။

စိတ်ပျက်လက်ပျက်ဖြစ်သော ခံစားချက်တစ်ခုက သူ့နှလုံးသားထဲတွင် ဖြစ်တည်လာကာ အစွမ်းထက် တိုက်ခိုက်မှုများ အဆက်မပြတ်ထုတ်လွှတ်နေသော လူများဆီသို့ ကြောင်ငေးနေလိုက်လေ၏။

သူတို့အားလုံးက ရန်သူဘယ်နားမှာဆိုတာ ဘာလို့ သိနေတာလဲ။ ငါကကျ သူတို့ကို ဘာလို့ လုံးဝကို အာရုံခံမရတာလဲ။

အဲ့တော့... သူတို့၏ စွမ်းဆောင်ရည်များကြားက ကွာခြားချက်မှာ ထိုမျှအထိ ကြီးသည်လား။

ငါ့ရဲ့ အမြင်အာရုံနဲ့ အံ့ဖွယ်အာရုံက ငါအရမ်းပဲ အားနည်းနေလို့ တာဆီးခြင်း ခံရတာလား။

သူက မိမိကိုယ်ကိုယ် သံသယဖြစ်ခြင်းအဆင့်သို့ မကျရောက်ပဲ မနေနိုင်တော့ပါချေ။

အဲ့တော့...

ငါက တစ်ချိန်လုံး အသုံးမကျတဲ့ ကျောက်တုံးကြီး ဖြစ်နေခဲ့တာပေါ့...

ထွက်ပေါက်၏ အနီးတွင် ကျောင်းလီရှင်းနှင့် ခုန်ကောတို့နှစ်ဦးမှာ သူတို့က သေခြင်းအန္တရာယ်နှင့် လွှမ်းခြုံခံထားရသည်ဟု ခံစားလိုက်ရ၏။

မဆိုင်းမတွပင် ကျောင်းလီရှင်းက အနက်ရောင် လက်ဖဝါးအရွယ် ရှေးဟောင်းအိုးတစ်လုံးကို သူ့သိုလှောင်လက်စွပ်မှ ပြန်လည်ရယူလိုက်၏။ ထို့နောက် သူ၏စွမ်းအားအားလုံးကို ထိုထဲသို့ သွင်းလိုက်လေသည်။

ဘုန်း...

အနက်ရောင် အဝိုင်းပုံစံ ပစ္စည်းတစ်ခုက ကျောင်းလီရှင်းနှင့် ခုန်းကောတို့၏ ခန္ဓာကိုယ်များကို ကာဆီးပစ်လိုက်၏။

အမှောင်ထု ဝါးမြိုခြင်း အံ့ဖွယ် နတ်ဆိုးအိုး...။

ထိုသည်မှာ မန္တန်နည်းစနစ်အမျိုးအစားအားလုံးကို အချိန်ခဏ ဝါးမြိုနိုင်သည့် အဆင့်မြင့် အင်မော်တယ် လက်နက်တစ်ခုဖြစ်လေ၏။ ထို့အပြင် ထိုသည်က အသက်ဝင်နေစဉ်တွင် ကိုင်ဆောင်သူ၏အရှိန်မှာ သိသိသာသာတိုးမြှင့်လာပေ၏။ ကျောင်းလီရှင်းက အန်လင်းနှင့် တခြားသူများရှေ့တွင် နယ်မြေအဆီအနှစ် သလင်းကျောက်များကို ရိတ်သိမ်းရဲသည်မှာ ဤထူးခြားလှသည့် အင်မော်တယ်လက်နက်ကို ပိုင်ဆိုင်ထားခြင်းကြောင့်ပင်။

ကြောက်မက်ဖွယ်ပန်းရောင်မြှားမှာ လေထုကို ဖြတ်သန်းကာ အနက်ရောင်အလုံးအတွင်းသို့ ထိုးဖောက်သွားလေ၏။ ထို့နောက် ထိုသည်က အနက်ရောင်အလုံး၏ မျက်နှာပြင်ထဲသို့ လုံးဝ ​ပျောက်ကွယ်သွားသည်မှာ ဘလက်ဟိုးတစ်ခု၏ ဝါးမြိုခြင်း ခံလိုက်ရသကဲ့သို့ပင်။

"ဟမ်... အဲဒါက အဲ့လောက်တောင် အစွမ်းထက်တယ်လား။" လျှိုချူးချူးက မျက်မှောင်ကြုတ်လိုက်ကာ အနီးနားမှ အနက်ရောင်အလုံးကို မရေမရာကြည့်လိုက်လေ၏။

တောင်ခွင်းလျှပ်စီးလက်သီးနှင့် မြင့်မြတ်အလင်းတိုက်ခိုက်မှုသည်လည်း အနက်ရောင်အလုံး၏ မျက်နှာပြင်သို့ ထိမှန်သွားလေ၏။ ထို့နောက် ဘလက်ဟိုးတစ်ခုထဲသို့ ဝင်ရောက်သကဲ့သို့ သူတို့သည်လည်း အနက်ရောင်အလုံးကြီး၏ ဝါးမြိုခြင်းကို ခံလိုက်ရလေ၏။

စက္ကန့်ပိုင်းအကြာတွင် ခုန်းကောနှင့် ကျောင်းလီရှင်းကို သယ်ထားသော အနက်ရောင် အလုံးမှာ လင်းယီ၏ လျှပ်စီး လှောင်ချိုင့်ကို ဖြတ်သန်းသွားလေ၏။ လင်းယင်၏ လက်တံတစ်ချို့မှာ အနက်ရောင်အလုံးကြီး၏ ဝါးမြိုခြင်း ခံရသော်လည်း ထိုသည်က အပြာရောင် အကွာအဝေးအလင်းပြားကို ဖြတ်သန်းကာ ဤနယ်မြေထဲမှ ပျောက်ကွယ်သွားလေတော့၏...။

"အား... နာလိုက်တာ..." သူမ၏ လက်တံအနည်းငယ်ကို ဆုံးရှုံးပြီးနောက် လင်းယင်က နာကျင်စွာ အော်ဟစ်လိုက်လေ၏။

"လွတ်သွားတာလား။" အန်လင်းက စိတ်ရှုပ်ထွေးနေလေ၏။

သူက တောင်ခွင်းလျှပ်စီးလက်သီးကို ထုတ်လွှတ်သော်လည်း ပေါက်ကွဲသံမကြားပါပေ။ ထိုသည်က သူ့၏ တိုက်ခိုက်မှုက လေဟာနယ်ကို တိုက်မိသကဲ့သို့ပင်။ ထိုသည်က သူ့အား အလွန် စိတ်ရှုပ်ထွေးစေ၏။

"သူတို့ လွတ်သွားတာ။ သူတို့က သူတို့ကို ကာကွယ်ပေးနိုင်တဲ့အတော်ကို ထူးဆန်းတဲ့ အနက်ရောင်အိုးတစ်ခုကို သုံးသွားတာ။ အဲ့အနက်ရောင်အိုးက သူတို့ကို တိုက်ခိုက်တဲ့ မန္တန်နည်းစနစ်တွေကို ဝါးမြိုနိုင်တယ်။ ငါတို့ရဲ့ တိုက်ခိုက်မှုတွေကို အဲ့အနက်ရောင်အလုံးက ဝါးမြိုသွားတာ..." လျှိုချူးချူးက စိတ်ပျက်လက်ပျက်သက်ပြင်းချကာ ထိုသည်ကို ရှင်းပြလိုက်၏။

အနက်ရောင်မြူခိုးများက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီ ဖြစ်၏။ လင်းယင်က သူမ၏ လက်တံများ ပြန်ပေါက်လာနိုင်သော ဆေးများသောက်လိုက်ပြီး လေထဲတွင်မြောနေရင်း နေမကောင်းကာ စိတ်မကောင်းဖွယ် အခြေအနေဖြစ်နေလေ၏။

ဟုန်ဒူမှာ မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်ချကာ သူ့မျက်လုံးများက ရှေ့သို့စိုက်ကြည့်ကာ ငေးငိုင်နေလေ၏။ ထိုသည်က သူ့ဘဝမှာ အဓိပ္ပာယ်အားလုံး ပျောက်ဆုံးသွား သကဲ့သို့ပင်။

အန်လင်းက ကျန်နေသော နယ်မြေအဆီအနှစ် သလင်းကျောက်ဖြူ ရာကျော်ကိုကြည့်လိုက်ပြီး "စစ်မှန်နတ်ဆိုးတွေက ထွက်ပြေးသွားပြီ။ ဒီနယ်မြေအဆီအနှစ် သလင်းကျောက်တွေကို အညီအမျှ ခွဲယူရအောင်။"

"မင်းတို့ ခွဲလိုက်ကြ။ ငါက ဒီမှာ အပိုလိုက်လာတာလို့ပဲ ခံစားရတယ်။ ငါက အဲ့နယ်မြေအဆီအနှစ် သလင်းကျောက်တွေ ပိုင်ဖို့တောင် မတန်ပါဘူး။" ဟုန်ဒူမှာ အမူအရာမဲ့ဖြင့် ရေရွတ်လိုက်လေ၏။

အန်လင်း : "..."

လူတိုင်း : "..."

အန်လင်းက အလွန်အံ့အားသင့်သွားလေ၏။ "ဟုန်ဒူ... ဘာဖြစ်လို့လဲ။ ရုတ်တရက်ကြီး ဉာဏ်အလင်းရသွားတာလား။ မင်းက ဘယ်တုန်းကစပြီး ဒီလောက်ထိ ကိုယ့်ကိုယ်ကို နားလည်သွားတာလဲ။"

ဟုန်ဒူ၏ ရင်ဘတ်ထဲတွင် ကြိုးထုံးတစ်ခုပေါ်လာလေ၏။ "မင်း ဘိုးဘေးတွေကို -ိုးလိုက်။" သူက ဒေါသတကြီးအော်လိုက်၏။ "နယ်မြေအဆီအနှစ် သလင်းကျောက်တွေက  ငါ့ဟာပဲ။"

သည်လိုနှင့်ပင် အန်လင်း၊ လျှိုချူးချူး၊ တီနာ၊ ဟုန်ဒူနှင့် လင်းယင်တို့က တစ်ယောက်လျှင် နယ်မြေအဆီအနှစ် သလင်းကျောက် ၃၀ကျော် ရရှိလေ၏။

"ဘီလူး အန်လင်း ကြည့်လိုက်။ ဒီဟာတွေက ငါစုထားတဲ့ နယ်မြေအဆီအနှစ် သလင်းကျောက်တွေ။" တီနာ၏ မျက်နှာထက်တွင် ဂုဏ်ယူဝင့်ကြွားသော အပြုံးတစ်ခု ရှိနေပြီး သူမက အကွာအဝေးအိတ်ကို ထုတ်ကာ အန်လင်းကို ပေးလိုက်လေ၏။ ချီးကျူးမှုကို စောင့်မျှော်နေသော ကလေးငယ်တစ်ယောက်ကဲ့သို့ သူမကက အနည်းငယ် စိတ်လှုပ်ရှားကာ ပျော်ရွှင်နေလေ၏။

အန်လင်းက အသက်ပြင်းပြင်းရှုကာ အကွာအဝေးအိတ်ထဲမှ နယ်မြေအဆီအနှစ်သလင်းကျောက်များကို ယူလိုက်လေ၏။

တခြားသူများကလည်း ထိတ်လန့်ကာ အံ့ဩနေကြလေ၏။ သူတို့က သူတို့တွေ့လိုက်သော အရာကြောင့် မျက်စိပင် ကန်းသွားတော့မလိုဖြစ်သွား၏။

ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက် ၃ခု၊ အနီ​ေရာင် နယ်မြေအဆီအနှစ် သလင်းကျောက် ၉ခု၊ အပြာရောင် နယ်မြေအဆီအနှစ် သလင်းကျောက်၅ ခု၊ အစိမ်းရောင် နယ်မြေအဆီအနှစ် သလင်းကျောက် ၂၀ခုနှင့် အဖြူရောင် နယ်မြေအဆီအနှစ် သလင်းကျောက် ၃၅ခု...

တန်ဖိုးအရဆိုလျှင် သူမ ရရှိခဲ့သော နယ်မြေအဆီအနှစ်သလင်းကျောက်များမှာ နယ်မြေအဆီအနှစ်သလင်းကျောက် စုစုပေါင်း၏ တန်ဖိုးတစ်ဝက်ထက်ပင် ပိုတန်လေ၏။

ဟုန်ဒူမှာ သူရရှိသည်က ဒုတိယအများဆုံးဟု ယုံထားသည်ဖြစ်၏။ သို့သော် သူက သူ့၏ သိုလှောင်လက်စွပ်ထဲရှိ အပြာရောင် နယ်မြေအဆီအနှစ် သလင်းကျောက် လေးခု၊ အစိမ်းရောင် နယ်မြေအဆီအနှစ် သလင်းကျောက် ၁၂ခုနှင့် အဖြူရောင်နယ်မြေအဆီအနှစ် သလင်းကျောက် ၄၀ကို ငေးကြည့်ကာ အတွေးထဲတွင် နစ်မြုပ်သွားလေ၏။

လင်းယင်၏ ရလာဒ်မှာ ပို၍ပင် သနားစဖွယ် ဖြစ်၏။ သူမတွင် လက်တံ အများအပြား ရှိသော်လည်း သူမက အလွန် နောက်ကျသွားခဲ့၏။ ရလာဒ်အနေဖြင့် သူမက အဖြူရောင် နယ်မြေအဆီအနှစ် သလင်းကျောက် ၆၂ခုသာ ရရှိခဲ့ပေ၏...။

အန်လင်းက ပြုံကာ တီနာ၏ ခေါင်းလေးကို သူ့လက်ဖြင့် ပုတ်ပေးလိုက်၏။ "နာလေးက အကောင်းဆုံးပဲ။" သူက ချီးကျူလိုက်လေ၏။ "ငါက အရင်ဆုံး ဒီနယ်မြေအဆီအနှစ် သလင်းကျောက်တွေကို သိမ်းထားပေးမယ်။ နင်က ငယ်သေးတော့ နင်ကြီးလာမှ ပြန်ပေးမယ်နော်။"

တခြားသူများက ထိုသည်ကို ကြားပြီး သွေးအန်တော့မတတ်ပင် ဖြစ်သွားလေ၏။

သူမကြီးလာရင် ပြန်ပေးမယ်ဆိုတာ ဘာကို ပြောတာလဲ။ သူမက ထပ်ပြီး ကြီးနိုင်သေးလို့လား။ ဒီဟာက အဏုကြမ်းစီးတာပဲ။

တီနာက အန်လင်း၏ ပတ်လည်တွင် ပျော်ရွှင်စွာ ပျံသန်းနေကာ ပြုံးပြီး ပြောလိုက်လေ၏။ "ဟုတ်ပြီ"

သညိလိုနှင့်ပင် အန်လင်းက သူမ၏ နယ်မြေအဆီအနှစ် သလင်းကျောက်များကို ရရှိသွားလေ၏။

သူက သူ့၏ သိုလှောင်လက်စွပ်ထဲမှ နယ်မြေအဆီအနှစ် သလင်းကျောက်များကို ရေတွက်လိုက်လေ၏။

စုစုပေါင်း အဖြူရောင် နယ်မြေအဆီအနှစ် သလင်းကျောက် ၁၅၂ခု၊ အစိမ်းရောင် နယ်မြေအဆီအနှစ်သလင်းကျောက် အခု ၃၀၊ အပြာရောင် နယ်မြေအဆီအနှစ် သလင်းကျောက် ၁၁ခု၊ အနီရောင်နယ်မြေအဆီအနှစ် သလင်းကျောက် ၉ခုနှင့် ရွှေရောင် နယ်မြေအဆီအနှစ် သလင်းကျောက် ၃ခု ရှိလေ၏။

ကျွတ် ကျွတ် ကျွတ်... သူက ချက်ချင်းပင် နယ်မြေအဆီအနှစ် သလင်းကျောက် သူဌေးကြီး ဖြစ်လာလေ၏။

သူက ရွှေရောင် နယ်မြေအဆီအနှစ် သလင်းကျောက် ၄ခုကို ဝါးမျိုပြီးဖြစ်ကာ သူ့၏ သိုလှောင်လက်စွပ်ထဲတွင် နောက်ထပ် ၃ခုရှိနေလေ၏။ တစ်နည်းဆိုရသော် သူက သူ့၏ မစ်ရှင် ပြီးမြောက်ပြီး စစ်နတ်ဘုရား ခန္ဓာကိုယ်၏ အစပျိုးမှုကို ရရှိရန်အတွက် ရွှေရောင် နယ်​​မြေအဆီအနှစ် သလင်းကျောက် ၃ခုသာ ထပ်လိုတော့လေ၏။

စစ်နတ်ဘုရား၏ ခန္ဓာကိုယ်က မည်သို့ဖြစ်သနည်း။ မည်သို့ဆိုဆို ထိုသည်က သေချာပေါက်ပင် အလွန်အစွမ်းထက်မည်ဖြစ်၏။ ထိုသည်က Super Saiyan ကဲ့သို့ ဖြစ်မည်လား။ ငါက ရွှေရောင်ဆံပင်တွေ ပေါက်လာပြီးတော့ ရွှေရောင်အော်ရာတွေနဲ့ လွှမ်းခြုံခံရမည်လား။

အန်လင်းက ရိုင်းစိုင်းသော စိတ်ကူးယဉ္ အတွေးများထဲတွင် လမ်းမပျောက်ပဲ မနေနိုင်တော့ပါပေ။ သူမျက်နှာထပ်တွင် ရူးနှမ်းနှမ်းအပြုံးတစ်ခု ပျံ့နှံ့သွားလေ၏။

တခြားသူများက အန်လင်း၏ အပြုံးကို မြင်သောအခါ ဒေါသတကြီး အံကြိတ်ထားလေ၏။ သို့သော် သူ့အား စိုက်ကြည့်ခြင်းမှ လွဲ၍ တခြားလဲ သူတို့မလုပ်နိုင်ပါပေ။ မည်သို့ဆိုဆို သူ့၌ သူမက အမြတ်ခံနေရမှန်းကို မသိသော ငတုံးနတ်သမီးတစ်ယောက်ရှိလေ၏...။

...

နယ်မြေအဆီအနှစ်သလင်းကျောက်မျာူအားလုံးက ရိတ်သိမ်းကာ သိမ်းဆည်းပြီးသွားလေပြီ။

သူတို့မသိလိုက်ခင်မှာပင် ဤနယ်မြေ၏ နှေးကွေးစွာ လှုပ်ရှားနေသော ခံစားချက်က ပျောက်ကွယ်သွားလေ၏။

အရာရာတိုင်းက သာမန်ပြန်ဖြစ်သွားလေပြီ။

ဂျွတ်...

အက်ကွဲသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာလေ၏။

သူတို့အားလုံးက နောက်သို့ တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြ၏။ လေထဲတွင် ပေတစ်ထောင်ထိ ရှည်လျားနေသော အနက်ရောင်တိုင်ကြီးပေါ်တွင် အက်ကြောင်းများ ပေါ်လာလေ၏။

------------------

All Chapters