← Chapters

ကြီးမြတ်သူအဆင့်လက်နက်များကို ထုတ်ယူခြင်း....

Vol. 46 Ch. 689

ကြီးမြတ်သူအဆင့်လက်နက်များကို ထုတ်ယူခြင်း....

Vol. 46 Ch. 689

စစ်မြေပြင်၏ အခြားတစ်နေရာတွင် လင်းယွမ်က သူ၏ ညာလက်ကို ဆန့်ထုတ်လိုက်ရာ ကောင်းကင်မြစ်ကဲ့သို့ အချိန်လေဟာနယ်က လှိုင်းထန်သွားပြီး တောင်ပံနှစ်ဆယ်ရှိသော လှပသည့် အမျိုးသမီးတစ်ယောက် ထွက်ပေါ်လာသည်။

" မင်းကို တွေ့ပြီ။ " လင်းယွမ်၏ အတွေးများက လှုပ်ရှားသွားပြီး အချိန်လေဟာနယ်က စုစည်းလာသည်။

" မကောင်းတော့ဘူး။ " ထျန်းယုမန်၏ အမူအရာက ပြောင်းလဲသွားပြီး သန့်ရှင်းသော အလင်းရောင်များ ထုတ်လွှတ်နေသည့် အပြစ်ကင်းစင်ခြင်းသရဖူက အချိန်လေဟာနယ်ကို ထိုးဖောက်သွားသည်။ အလွှာဆယ့်နှစ် စွမ်းအားများ စုစည်းလာပြီး လေဟာနယ်ချုပ်နှောင်မှုမှ လွတ်မြောက်ကာ အဝေးသို့ ထွက်ပြေးသွားသည်။

" သူမက ထွက်ပြေးသွားပြန်ပြီ။ " လင်းယွမ်က သက်ပြင်းချလိုက်သည်။

အသန်မာဆုံး အလွှာဆယ့်တစ် အင်အားပြီးသူများက သူ၏ သူ၏ လက်မှ အကြိမ်ကြိမ် လွတ်မြောက်နိုင်ခြင်းမှာ သူတို့၏ ကိုယ်ပိုင်စွမ်းအားကြောင့်မဟုတ်ဘဲ မျိုးနွယ်ကာကွယ်ရေးလက်နက်များ၏ စွမ်းအားကြောင့် ဖြစ်သည်။

" ငါ့ရဲ့ လက်ရှိခွန်အားနဲ့ အထွတ်အထိပ်မျိုးနွယ်တွေရဲ့ မျိုးနွယ်ကာကွယ်ရေးလက်နက်တွေကို ကိုင်တွယ်ဖို့ တကယ် အားထုတ်မှ ရမယ်ထင်တယ်။ " လင်းယွမ်က တိတ်ဆိတ်စွာ တွေးလိုက်သည်။

သူက ထွတ်ပြေးသွားသော အလွှာဆယ့်တစ် အင်အားကြီးသူများကို လိုက်ဖမ်းခြင်းမှာ သာမန်ကြိုးစားမှုတစ်ခုသာဖြစ်သည်။ အနည်းငယ် သတ်နိုင်လျှင် ကောင်းပြီး မသတ်နိုင်လည်း အရေးမကြီးပေ။

" ကြီးမြတ်သူရှချင်က ငါ့ကို ရှာနေတာလား။ " လင်းယွမ်၏ အတွေးနှင့်အတူ နဂါးငွေ့တန်းပင်မကြယ်ပေါ်မှ မူလခန္ဓာကိုယ်က စိတ်အသိတစ်ခု ခွဲထုတ်ပြီး VR ကမ္ဘာနှင့် ချိတ်ဆက်လိုက်သည်။

ခမ်းနားသော မျှော်စင်တစ်ခုတွင် ကြီးမြတ်သူရှချင်က ပလ္လင်ပေါ်တွင် ထိုင်နေပြီး လင်းယွမ်က အောက်တွင် ပေါ်လာသည်။

" ကြီးမြတ်သူ။ " လင်းယွမ်က ကြီးမြတ်သူရှချင်ကို အနည်းငယ် ဦးညွှတ်လိုက်သည်။

" လင်းယွမ် " ကြီးမြတ်သူရှချင်က လင်းယွမ်ကို ကြည့်လိုက်သည်။

သူ ပထမဆုံးအကြိမ် လင်းယွမ်ကို ခေါ်ယူခဲ့ချိန်တွင် လင်းယွမ်က အဋ္ဌမအလွှာသို့ တက်လှမ်းပြီးခါစ ဖြစ်သည်။ ထိုအချိန်မှ လင်းယွမ်က ဤအဆင့်ထိ တိုးတက်လာရန် အချိန်မည်မျှကုန်လွန်ခဲ့တာလဲ။

လင်းယွမ်က အလွှာဆယ့်တစ် အင်အားကြီးသူတစ်သောင်းကျော်ကို သတ်နိုင်ခြင်းမှာ ပြင်ပစွမ်းအားဖြစ်သည်ဟု ကြီးမြတ်သူများက ယူဆခဲ့ကြသော်လည်း ထိုပြင်ပစွမ်းအားကို အသက်သွင်းရန် ခွန်အားလိုအပ်သည်။

ဥပမာ ကြီးမြတ်သူအဆင့် လက်နက်ကို သန့်စင်ရန်အတွက် အချိန်လေဟာနယ်ပေါင်းစပ်နိယာမတွင် ပဉ္စမအဆင့်သို့ ရောက်ရှိရန် လိုအပ်သည်။ ထိုနားလည်မှုမရှိလျှင် ကြီးမြတ်သူအဆင့် လက်နက်က မျက်စိရှေ့တွင် ရှိနေလျှင်တောင် အသက်သွင်းနိုင်မည်မဟုတ်ပေ။

" ကြီးမြတ်သူ ကျွန်တော်...." လင်းယွမ်က ခဏစဉ်းစားလိုက်ပြီး သူပြင်ဆင်ထားသော အကြောင်းပြချက်ကို ပြောရန် ပြင်လိုက်သည်။

" ငါ့ကို ရှင်းပြဖို့မလိုဘူး။ " ကြီးမြတ်သူရှချင်က သူ၏ လက်ကို ဝှေ့ရမ်းပြီး ပြောလိုက်သည်။

လူသားမျိုးနွယ်က ကိုယ်ပိုင်လွတ်လပ်မှုကို အလေးထားပြီး ကြီးမြတ်သူများပင် ခြွင်းချက်မရှိဘဲ အခြားသူများ၏ လျို့ဝှက်ချက်များကို မစပ်စုကြပေ။ လင်းယွမ်က ကံကောင်းပြီး အခွင့်အလမ်းများ ရရှိခဲ့သည်ဟု သိရလျှင် လုံလောက်ပြီဖြစ်သည်။

" စစ်မြေပြင်က အလွှာဆယ့်တစ် မျိုးနွယ်ခြားတွေ အားလုံးနီးပါး သေဆုံးသွားခဲ့ပေမယ့် စစ်ပွဲက မပြီးသေးဘူး။ မင်း အခုကစပြီး ပိုသတိထားဖို့လိုတယ်။ " ကြီးမြတ်သူရှချင်က အနည်းငယ် လေးနက်စွာ ပြောလိုက်သည်။

" စစ်ပွဲက မပြီးသေးဘူးလား။ " လင်းယွမ်ကလည်း လေးနက်သွား၏။

လက်ရှိတွင် အထွတ်အထိပ်မျိုးနွယ်များမှ အသန်မာဆုံး အလွှာဆယ့်တစ် အင်အားကြီးသူများက အသက်ရှင်ကျန်ရစ်နေဆဲ ဖြစ်သည်။ သူတို့က လင်းယွမ်၏ လက်ချက်ဖြင့် သေဆုံးခဲ့လျှင်တောင် အထွတ်အထိပ်မျိုးနွယ်များက အလွှာဆယ့်တစ် အင်အားကြီးသူများကို စစ်မြေပြင်သို့ စေလွှတ်နိုင်သေးသည်။

" ကြီးမြတ်သူအဆင့် လက်နက်တွေနဲ့ ရတနာတွေ အများကြီး မင်းလက်ထဲ ရောက်သွားတာ အဘိုးကြီးတွေတော့ စိတ်ပျက်နေတော့မှာပဲ။ " ကြီးမြတ်သူရှချင်က ပြုံးပြီး လင်းယွမ်ကို ပြောလိုက်သည်။ " မဟာစစ်မြေပြင်ရဲ့ စည်းမျဉ်းတွေအရ စစ်ပွဲစတင်ပြီး နှစ်တစ်ရာအတွင်း ဝင်ခွင့်ရှိပေမယ့် ထွက်ခွင့်တော့ မရှိဘူး။ "

" နားလည်ပါပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

ဆိုလိုသည်မှာ သူက ကြီးမြတ်သူအဆင့် လက်နက်များစွာ ရရှိခဲ့လျှင်တောင် နှစ်တစ်ရာအတွင်း လင်းယွမ်၏ ထိုက်ယန်မူလစိတ်ဝိညာဉ်က စစ်မြေပြင်တွင် သေဆုံးသွားလျှင် ထိုကြီးမြတ်သူအဆင့် လက်နက်များအားလုံးကလည်း အထွတ်အထိပ် မျိုးနွယ်များ၏ လက်ထဲသို့ ပြန်လည်ကျရောက်သွားပေလိမ့်မည်။

" အခုအချိန်မှာ ငါတို့က ဟိုအဘိုးကြီးတွေရဲ့ စောင့်ကြည့်မှုအောက်မှာ ရှိနေလို့ မင်းကို အဲ့ဒီကြီးမြတ်သူအဆင့် လက်နက်တွေ ရွှေ့ပြောင်းပေးဖို့ မကူညီနိုင်သေးဘူး။ " ကြီးမြတ်သူရှချင်က သက်ပြင်းချလိုက်သည်။

ထိုမျှ များပြားလှသော ရတနာများနှင့် လက်နက်များက ကြီးမြတ်သူရှချင်ကိုပင် မနာလိုဖြစ်စေနိုင်သည်။ ၎င်းတို့ကို စစ်မြေပြင်မှ ထုတ်ယူနိုင်ခဲ့လျှင် အထွတ်အထိပ်မျိုးနွယ်များအတွက် ကြီးမားသော ဆုံးရှုံးမှုဖြစ်စေပေလိမ့်မည်။

ထို့အပြင် ရတနာများနှင့် လက်နက်များအားလုံးက လင်းယွမ်၏ လက်ထဲတွင် ဖြစ်သောကြောင့် လူသားမျိုးနွယ်၏ အခြေခံကိုလည်း မြှင့်တင်ပေးပေလိမ့်မည်။ ကံမကောင်းသည်မှာ လူသားမျိုးနွယ်၏ ကြီးမြတ်သူများက စစ်မြေပြင်ရှိ လင်းယွမ်၏ လက်ထဲမှ ကြီးမြတ်သူအဆင့် လက်နက်များအား ရွှေ့ပြောင်းမည်ကို စိုးရိမ်နေကြသောကြောင့် အခြားအထွတ်အထိပ်မျိုးနွယ်များက သတိထားစောင့်ကြည့်နေကြသည်။

မဟာစစ်မြေပြင်၏ အတွင်းနှင့်အပြင်က ခွဲခြားထားပြီး အလွှာဆယ့်နှစ် ကြီးမြတ်သူများပင် ဝင်ရောက်စွက်ဖက်၍ မရနိုင်ပေ။ ထို့အပြင် အခြားကြီးမြတ်သူများ၏ စောင့်ကြည့်မှုအောက်တွင် လူသားမျိုးနွယ်၏ ကြီးမြတ်သူများက လျို့ဝှက်နည်းစနစ်များကို အသုံးပြုရန် မဖြစ်နိုင်ပေ။

" အဲ့ဒီ ကြီးမြတ်သူအဆင့် လက်နက်တွေနဲ့ ရတနာတွေကို သိပ်မက်မနေနဲ့။ မင်းမကာကွယ်နိုင်ဘူးထင်ရင် လက်လွှတ်လိုက်ပါ။ " ကြီးမြတ်သူရှချင်က အကြံပေးလိုက်သည်။

မဟာစစ်မြေပြင်တွင် လင်းယွမ်က လူသားမျိုးနွယ်မဟာမိတ်၏ စစ်စခန်းသို့ ပြန်လာခဲ့သည်။

" ကြီးမြတ်သူအဆင့်လက်နက် ၆၂၃ခု။ " လင်းယွမ်၏ စိတ်အသိက အတွင်းကမ္ဘာထဲသို့ ဆင်းသက်လာပြီး ကြောက်စရာကောင်းသော အော်ရာများ ထုတ်လွှတ်နေသည့် လက်နက်များကို ကြည့်လိုက်သည်။

ဒိုင်မန်းရှင်းနှစ်ခုကမ္ဘာမှ လင်းယွမ်က ကြီးမြတ်သူအဆင့်လက်နက် သုံးဆယ်ကျော်သာ ရရှိခဲ့သော်လည်း ယခု ခြောက်ရာကျော်အထိ ရရှိခဲ့သည်။

" ကြီးမြတ်သူအဆင့် လက်နက် ဒီလောက်အများကြီးကို ငါက လက်လွှတ်ရမှာလား။ " လင်းယွမ်က ကျင့်ကြံခြင်းအတွက် အဖိုးတန်အရင်းအမြစ်များကို လက်လွှတ်ရန် ဆန္ဒမရှိပေ။

သူကိုယ်တိုင် အသုံးမပြုနိုင်လျှင်တောင် ရတနာများနှင့် လဲလှယ်နိုင်သေးသည်။ ကြယ်စကြာဝဠာထဲမှ အထွတ်အထိပ်မျိုးနွယ်များကြားတွင် ကြီးမြတ်သူအဆင့် လက်နက်များက မည်သည့်အရင်းအမြစ်နှင့်မဆို လဲလှယ်နိုင်သည်။

လူသားမျိုးနွယ်၏ ကြီးမြတ်သူကိုးယောက်က လင်းယွမ်အတွက် ထိုကြီးမြတ်သူအဆင့် လက်နက်များကို ရွှေ့ပြောင်းပေးရန် မတတ်နိုင်ခဲ့ပေ။ မဟာစစ်မြေပြင်က အခြားအထွတ်အထိပ်မျိုးနွယ်များမှ ကြီးမြတ်သူများ၏ စောင့်ကြည့်မှုအောက်တွင် ရှိနေပြီး လူသားမျိုးနွယ်၏ ကြီးမြတ်သူများ လှုပ်ရှားလျှင် အခြားကြီးမြတ်သူများကလည်း သိနိုင်ပေလိမ့်မည်။

လူသားမျိုးနွယ်၏ ကြီးမြတ်သူများကို အားမကိုးဘဲ နဂါးငွေ့တန်းကြယ်သခင်ကဲ့သို့ အချိန်မြစ်ထဲမှ သက်ရှိတစ်ယောက်က ၎င်းတို့ကို ရွှေ့ပြောင်းရန် ပို၍ပင် မဖြစ်နိုင်ပေ။ မဟာစစ်မြေပြင်၏ အချိန်လေဟာနယ်က သီးခြားဖြစ်နေပြီး သတ်မှတ်ထားသော အချိန်များမှ လွဲ၍ အတွင်းရှိ သက်ရှိများက အပြင်သို့ လုံးဝမထွက်နိုင်ပေ။

သို့သော် ကြီးမြတ်သူများ မလုပ်နိုင်သော အရာကို လင်းယွမ် မလုပ်နိုင်ဟု မဆိုလိုပေ။

လူသားမျိုးနွယ်မဟာမိတ် စစ်စခန်း၏ ထိန်းချုပ်ရေးအခန်းတွင် လင်းယွမ်၏ အတွေးများက လှုပ်ရှားသွားပြီး ကိုယ်ပွားတစ်ခုကို ဖန်တီးလိုက်သည်။ ထိုကိုယ်ပွားက သူ၏ စိတ်အသိမျှင်တစ်ခုကို ပိုင်ဆိုင်ထားပြီး အလွှာဆယ့်တစ် တတိယအဆင့်မှ စတုတ္ထအဆင့် ခွန်အားကို အသုံးပြုနိုင်သည်။

လင်းယွမ်က သူ၏ ရှေ့မှ ကိုယ်ပွားကို ကြည့်ပြီး သိုလှောင်လက်ပတ်တစ်ခုကို ထုတ်ယူလိုက်သည်။ ထိုအထဲတွင် ကြီးမြတ်သူအဆင့် လက်နက်ခြောက်ရာကျော်နှင့် ရတနာများ ပါဝင်သည်။

ကိုယ်ပွားက သိုလှောင်လက်ပတ်ကို ယူပြီး လင်းယွမ်၏ ရှေ့မှ ပျောက်ကွယ်သွားသည်။

ရွှမ်ဟွမ်လျို့ဝှက်နယ်မြေအတွင်း လင်းယွမ်၏ ကိုယ်ပွားက ရုတ်တရက် ပေါ်လာခဲ့သည်။

" ဟားဟား မဟာစစ်မြေပြင်ကတောင် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေကို အလွယ်တကူ ဝင်လို့ရတာပဲ။ " လင်းယွမ်က ပြုံးလိုက်သည်။

အလွှာဆယ့်နှစ် ကြီးမြတ်သူများပင် မဟာစစ်မြေပြင်မှ ထွက်ခွာလျှင် ပြင်းထန်သော အချိန်လေဟာနယ်လှိုင်းများကို ဖြစ်ပေါ်စေလိမ့်မည်။ သို့သော် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ သခင်ဖြစ်သော လင်းယွမ်အနေဖြင့် ရွှမ်ဟွမ်တံဆိပ်ကို အသက်သွင်းလိုက်ရုံနှင့် မည်သည့်နေရာတွင်မဆို ရွှမ်ဟွမ်လျို့ဝှက်နယ်မြေသို့ ဆင်းသက်နိုင်သည်။

မဟာစစ်မြေပြင်၏ အချိန်လေဟာနယ်က သီးခြားဖြစ်နေသော်လည်း ၎င်းက စကြာဝဠာအတွင်းရှိနေဆဲ ဖြစ်သည်။ ထိုကြောင့် လင်းယွမ်က ရွှမ်ဟွမ်လျို့ဝှက်နယ်မြေသို့ အလွယ်တကူ ဆင်းသက်နိုင်လေသည်။

ထို့အပြင် မဟာစစ်မြေပြင်မှ ထွက်ခွာချိန်တွင် အချိန်လေဟာနယ်လှိုင်းများ ဖြစ်ပေါ်ခဲ့ခြင်းမရှိပေ။ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက ဧကရာဇ်ရွှမ်ဟွမ် ဖန်တီးခဲ့ခြင်းဖြစ်သည်။

ဧကရာဇ်ရွှမ်ဟွမ်က ဖရိုဖရဲအဆင့်တွင် တည်ရှိပြီး အချိန်လေဟာနယ်ပေါင်းစပ်နိယာမတွင်လည်း ကြီးမြတ်သူများထက် ကျော်လွန်ပြီး နဝမအဆင့်သို့ ရောက်နေခဲ့သည်။

လင်းယွမ်၏ ကိုယ်ပွားက ကြီးမြတ်သူအဆင့် လက်နက်အားလုံးကို သယ်ဆောင်ပြီး ရွှမ်ဟွမ်လျို့ဝှက်နယ်မြေသို့ ဆင်းသက်ခဲ့သည်။ အရာအားလုံးက အစီအစဉ်အတိုင်း ဖြစ်နေခဲ့သည်။

ထိုက်ယန်မူလစိတ်ဝိညာဉ်က မဟာစစ်မြေပြင်တွင် ကျဆုံးခဲ့လျှင်တောင် ထိုကြီးမြတ်သူအဆင့် လက်နက်အားလုံးကို သူပိုင်ဆိုင်ပြီဖြစ်ပြီး အလွှာဆယ့်နှစ် ကြီးမြတ်သူများပင် ၎င်းတို့ကို လုယူနိုင်ခြင်းမရှိတော့ပေ။

All Chapters